Myanmar New Waves

  • Home
  • Myanmar New Waves

Myanmar New Waves Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar New Waves, Pandan Cahaya, .

26/01/2024

The truth will reveal to us in the end.

26/01/2024
24/01/2024
24/01/2024

လိုင်လင်းပီတွင် MDF တိုက်ခိုက်လို့ CNA တပ်ကြပ် ၁ဦး နဲ့ CDF-Mara တပ်ခွဲမှူးကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိ
=================
၂၄၊ ဇန်နဝါရီ ၊ ၂၀၂၄
Zalen
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီ မြို့ပေါ်တွင် လုံခြုံရေး ယူနေတဲ့ CDF-Mara နဲ့ ချင်းအမျိုးသား တပ်မတော် ( CNA) ကို MDF (Maraland Defense Force) က ယနေ့ ဇန်နဝါရီ ၂၄ ရက်တွင် တိုက်ခိုက်တာကြောင့် ၂ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်နေကြတဲ့ CDF -Mara နဲ့ CNA ကို MDF ဘက်က တိုက်ခိုက်တာကြောင့် ချင်းအမျိုးသားတပ်မတော် ( CNA) မှ တပ်ကြပ်၁ ဦး နဲ့CDF-Mara မှ တပ်ခွဲမှူး ၁ဦးတို့ ကျဆုံးသွားပြီး CDF-Mara မှ တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပါတယ်။

" MDFနဲ့ ဆွေးနွေးဖို့က IMC ( ကြားကာလမရာနယ်ကောင်စီ) အနေဖြင့် ကျတော် တို့ပြောထားပေမယ့် သူတို့ဘက်ကလည်းသဘောတူထားတယ်။ ကျတော်အဆင်ပြေပြီထင်နေတာ ေအးဆေးနေတဲ့အချိန် ဒီမနက် လာတိုက်သွားလို့ ၂ ဦးကျသွားပြီးတော့ ကျတော်ဘက်ကလည်း ပြန်လည်တိုက်ခိုက်သွားမယ်" လို့ CDF-Mara ပြန်ကြားရေးဌာန က Zalen ကိုပြောပါတယ်။

လိုင်လင်းပီ မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် CNA နဲ့ CDF-Mara ပူးပေါင်းတပ်တို့ကသိမ်းပိုက်ထားပြီး ​မြို့ပေါ်နဲ့ မရာ နယ်အချို့ကို CDF-Mara ဘက်က ပြည်သူ့အုပ်ချုပ်ရေးနဲ့အခြားကဏ္ဍအသီးသီးကိုတာဝန်ယူဖွဲ့စည်းထားပါတယ်။

အရင်ပတ်ကလည်း MDF အဖွဲ့က CDF -Mara မှ ဗျူဟာ မှူး အပါအဝင် ( ၆) ဦး ဖမ်းဆီးချုပ်နှောင်ထားပြီး ယနေ့အထိ ပြန်လည်မလွှတ်ပေးကာ လိုင်လင်းပီမြို့ပေါ် အဝင်အထွက်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်လို့သိရပါတယ်။

သတင်း = RaJU

ပုံစာ- ကျဆုံးသွားတဲ့ CDF-Mara တပ်ခွဲမှူး

22/01/2024
19/01/2024

နှလုံးသား​ရေးရာ

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အပေါ် ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံအရင်းခံစနစ်ရှုထောင့်မှ ပဏာမသုံးသပ်ချက်...
19/01/2024

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အပေါ် ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံအရင်းခံစနစ်ရှုထောင့်မှ ပဏာမသုံးသပ်ချက်ကို တင်ဆက်လိုက်ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများစုပေါင်း၍ တော်လှန်ရေးကာလ၌ အသုံးပြုမည့် ချင်းပြည်ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၂၃) အား ညီလာခံတရပ် ခေါ်ယူကျင်းပအတည်ပြု ပြဌာန်းနိုင်ခဲ့သည်။ ယင်းသို့ အတည်ပြုပြဌာန်းနိုင်ခြင်းသည် သမိုင်းမှတ်ကျောက်တင် ရမည့် နိုင်ငံရေး အရွေ့တခုဖြစ်ပြီး၊ တော်လှန်ရေးကာလ၌ ချင်းပြည်အနေဖြင့် ဥပဒေစိုးမိုးရေး အခြေခံများကို ချမှတ်ဖော်ဆောင်နိုင်ရန် ကြုးပမ်းသည့် ဆောင်ရွက်ချက်တရပ်ဖြစ်၍ အသိအမှတ်ပြုကြိုဆိုပါသည်။
နိဒါန်းတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်ဟု ရှင်းလင်းစွာ ဖော်ပြထားသောကြောင့် သီးခြားနိုင်ငံအဖြစ်သော်လည်းကောင်း၊ ဗဟိုကွပ်ကဲမှု လုံးဝနီးပါးကင်းမဲ့သော ကွန်ဖက်ဒရေးရှင်းအနေဖြင့်လည်းကောင်း၊ ပုံဖော်သွားမည်မဟုတ်ကြောင်း နားလည်တန်ဘိုးထားအပ်ပါသည်။ ပဏာမ သုံးသပ်ချက် အသေးစိတ်ကို ပူးတွဲဖိုင်တွင် လေ့လာနိုင်ပါသည်။

လေးစားစွာဖြင့်
ဥပဒေအထောက်အကူပြုကွန်ရက်
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်

အသေးစိတ်ကို အောက်ပါလင့်ခ်တွင် Download ရယူနိုင်ပါသည်။
https://drive.google.com/file/d/1EQz1LvJuglFHRr9uim0j3dVGL6MtsR5q/view?usp=drive_link

17/01/2024

The new school term has begun with 2,038 students this year!

Almost 900 of our students rely on the busses that we rent daily to bring them to school and back home.

Without the busses, these students (especially those below the ages of 13 years old), will not be able to come to school.

With just RM 120, you can help a child's monthly transportation fee.

👉Donate online: bit.ly/dignitybacktoschool

👉Direct bank transfer:
Bank Name: Public Bank Berhad
Account Name: Dignity for Children Foundation
Account Number: 3-9804775-36
Remarks: bus

16/01/2024
14/01/2024
14/01/2024

လူတိုင်းမှာ ပါရမီဖြည့်ဖက်ဆိုတာရှိတတ်စမြဲပါ

13/01/2024
တရုတ်ဖိအားနှင့် အပစ်ရပ်ဘယ်​လောက်ခိုင်မလဲ၊ တရုတ်အကူအညီ​ကြောင့် ဒီ​လောက်ခရီး​ရောက်ခဲ့တာ
13/01/2024

တရုတ်ဖိအားနှင့် အပစ်ရပ်ဘယ်​လောက်ခိုင်မလဲ၊ တရုတ်အကူအညီ​ကြောင့် ဒီ​လောက်ခရီး​ရောက်ခဲ့တာ

'' တရုတ်ဖိအားကြောင့်ပဲယာယီအပစ်ရပ်ဖြစ်သွားတာပေါ့။ အပစ်ရပ်ကာလသတ်မှတ်ချက်မပါဘူး။ သဘောတူညီချက်တွေချိုး‌ဖောက....

12/01/2024
12/01/2024

အောက်တန်းစားစိတ်ဓာတ်
==================
သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။

သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။

ကိုယ့်ထက်သာသူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။

မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။

အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖို့ကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်။

Credit....Original writer


#ခိုင်ရွှေညှာ

Page👇👇👇
https://www.facebook.com/profile.php?id=100077450802364

ဗမာစစ်တပ်၏ ထိန်းချူပ်​မှုညွှန်ပြ​မြေပုံ
11/01/2024

ဗမာစစ်တပ်၏ ထိန်းချူပ်​မှုညွှန်ပြ​မြေပုံ

It is very important to move forward for The Kokang the Three Brotherhold Alliance members to liberation the whole Burma with current momentum. If you stop here, you will never find peace as long as institution exists.

Give NO CHANCE to regroup !

Disintegration/annihilation of extremely important for the people of Burma.

အပစ်ရပ်​ရေးထိုးတဲ့အဖွဲ့​တွေကို အာရှကိုယ်​စလှယ်​တွေ​တွေ့ဆုံ
11/01/2024

အပစ်ရပ်​ရေးထိုးတဲ့အဖွဲ့​တွေကို အာရှကိုယ်​စလှယ်​တွေ​တွေ့ဆုံ

09/01/2024
09/01/2024
09/01/2024

အိုးနဲ့တူတဲ့လူသုံးမျိုး

(၁)မပြည့်တဲ့အိုး။

"မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။

ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

(၂)ပြည့်နေပြီလို့ ထင်နေတဲ့အိုး။

အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။

ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။

စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

(၃) ဘာဆို ဘာမှမရှိသေးတဲ့အိုး။ -

အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။

သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။

ဒီအိုးလို သူမျိုးကသာ.. ပညာပြည့်၀ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

သင်ကော ဘယ်လို အိုးမျိုးဖြစ်နေပါလဲ ?😊

credit:

08/01/2024

မြန်မာ့ နိုင်ငံရေးတည်ငြိမ်မှသာ နေရပ်ပြန်ပို့မည်ဟု မီဇိုရမ်ဝန်ကြီးချုပ် ပြော

ပါခွီး

(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိမချင်း စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလားသုအောမ်မာ က ဇန်နဝါရီလ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ ကျွန်တော် ဗဟိုအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး မြန်မာစစ်ဘေးရှောင်များကို တိုင်းပြည် မတည်မငြိမ်မချင်း ပြန်မပို့ဖို့ အာမခံချက်ရခဲ့ပါတယ်။ တတ်နိုင်သလောက် အကူအညီပေးရေးများကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ရွေးကောက်ခံရပြီးနောက် နယူးဒေလီမြို့ရှိ ဗဟိုအစိုးရ ဝန်ကြီးချုပ် ၊ ပြည်ထဲရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဇန်နဝါရီလ ၄ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုများအတွင်း စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူခြင်း နှင့် နယ်စပ် နယ်နမိတ် ခြံစည်းရိုးခတ်ခြင်းအကြောင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် များကောက်ယူရန် လုပ်ဆောင်မှုသည် မြန်မာစစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည်ပို့ ဆောင်ရန်အတွက်မဟုတ်၍ စိုးရိမ်မှုမရှိကြောင်း ၎င်းကပြောသည်။ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားမှန်သမျှ ထိုသို့ ပြုလုပ်ရမည်ဖြစ်သောကြောင်း ၎င်းတို့အနေဖြင့် ငြင်းဆိုရန် မလွယ်ကြောင်းဆိုသည်။

“ကျွန်တော်တို့အနေနဲ့တော့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေကို လက်ခံပါတယ် ။ သူများ နိုင်ငံမှာ လာရောက်ခိုလှုံတဲ့အချိန်မှာ သူတို့ရဲ့ စည်းကမ်းကို လိုက်နာဖို့လိုအပ်ပါတယ်။ ပြန်ပို့ဖို့ လုပ်ဆောင်တာမဟုတ်ဘူးဆိုရင် အခုလို အချက်အလက်ကောက်ခြင်းအားဖြင့် စစ်ဘေးရှောင်များအတွက် အကျိုး ယုတ်စရာရှိမယ် မထင်ပါဘူး ။ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်” ဟု စစ်ဘေးရှောင်များ ကူညီပေးနေသည့် NGO ခေါင်းဆောင် တဦးက မဇ္စျိမ ကိုပြောသည်။

စရင်းပေးသွင်းထားသည့် စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာမရှိဘဲ မူးယစ်ဆေးဝါး နှင့် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်မှု တားဆီးရန် နှင့် တရားဥပဒေ စိုးမိုးမှုများအတွက် ဝိုင်းဝန်ကူညီကြရန် လိုအပ်ကြောင်း ဆိုသည်။

ဗဟိုအစိုးရက အိန္ဒိယနှင့် မြန်မာနယ်နမိတ်ခြံစည်းရိုးကာမည့်အခြေအနေနှင့် ပတ်သက်ပြီး မီဇိုနှင့် ချင်းလူမျိုးများသည် သွေးချင်းညီအကိုများဖြစ်သောကြောင့် ကူးလူး ဆံဆက်မှု တားမြစ်စေသည့် လုပ်ရပ်မျိုးကို လက်မခံကန့်ကွက်ခဲ့ပြီး ယင်းကိစ္စဖျက် သိမ်းသွားနိုင်ရန်မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းနှင့် ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ စာချုပ်ကို လက်မှတ်ထိုးမထားသောကြောင့် မြန်မာစစ်ဘေးရှောင်များကို ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ်မပြုနိုင်သော်လည်း ဗဟိုအစိုးရနှင့်ပူးပေါင်းပြီး အတတ်နိုင်ဆုံး အကူအညီပေးရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းပြည်နယ် နှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ဦးရေ ၆၀,၀၀၀ကျော် ခိုလှုံလျက် ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ပုံအညွှန်း - မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲ မြင်ကွင်း

Website Link >>> https://bur.mizzima.com/2024/01/08/11559
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

အခါ​တော်​ပေး
05/01/2024

အခါ​တော်​ပေး

05/01/2024

Address

Pandan Cahaya

68000

Alerts

Be the first to know and let us send you an email when Myanmar New Waves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share