MHC Publishing House

  • Home
  • MHC Publishing House

MHC Publishing House ပြင်းထန်သောဆန္ဒနှင့် ယုတ္တိရှိသောကြိုးစားမှုက ဘဝကို ဆုံးဖြတ်ပါလိမ့်မည်။

သပြေညို ➖သူ့ခေါင်းမှာတဲ့ သပြေညိုငါ့ခေါင်းမှာတဲ့ သပြေညို။တို့‌ပြေမှာ တို့မေကမ်းပါတဲ့သပြေညို ရွှေဘိုပန်းဟာကလန်းလျက်ပါကို။ဘ...
11/11/2023

သပြေညို


သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့‌ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုက အသွေး။

လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

(ဆရာကြီး မင်းသုဝဏ်)

တခါကအမှတ်တရ
28/09/2023

တခါကအမှတ်တရ

28/09/2023
28/09/2023

အထိဆုံး၊အကြွေဆုံးက ညိုလတ်သီချင်းဆိုတဲ့အခန်းပါ၊ စာဖတ်ပြတဲ့အမောင်နွားကျောင်းသားနဲ့
ညီမနိုနိုက စာဖတ်ပြနေရင်း သီချင်းကို music လေးပါထည့်ပြီးဆိုပြသွားတာဖြစ်ပါတယ်။
မူရင်းကောင်းတဲ့အခါကျတော့ copy ပါကောင်းလွန်းတယ်ပြောရမယ်။"စွန့်ခွာရသည့်နွေညများ (အပိုင်း ၅ ) YouTube မှာနားဆင်ပြီးရင်
မြန်မာ့အသံသီချင်းကြီးကို ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်တဲ့နွားကျောင်းသားအကြောင်းလေးဒီမှာလာ​ေပြောကြရအောင်လေ ၊နားဆင်သူနဲ့ဖတ်ပြသူစကားဝိုင်းလေးလိုပေါ့။

မနက်ဖြန်ကျရင် ကျနော်ဟင်းတခွက်ချက်ပြဦးမှာမို့ ၊ဒီကနေ့တော့
အမောင်နွားကျောင်းသားရဲ့ အေးချမ်းတည်ကြည်တဲ့အသံလေးကို
Mahar Cho - မဟာချို channel မှာသွားရောက်နားဆင်ထားလို့ရပါပြီနော်။

မဟာချို

စာအုပ်မရောင်းရမှာစိုးရိမ်လို့ မပြောပြခဲ့
21/08/2023

စာအုပ်မရောင်းရမှာစိုးရိမ်လို့ မပြောပြခဲ့

အနေအထားကောင်းသွားလို့ စကားပြော မှားသွားတဲ့ Anonimus
21/08/2023

အနေအထားကောင်းသွားလို့ စကားပြော မှားသွားတဲ့ Anonimus

တချို့ခံယူချက်တွေက နှလုံးသားနဲ့ခံစားတတ်မှ နားလည်တာမျိုးပဲ...။
16/08/2023

တချို့ခံယူချက်တွေက နှလုံးသားနဲ့
ခံစားတတ်မှ နားလည်တာမျိုးပဲ...။

စစ်ကြီးပြီးရင် အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်ချစ်သူများသာ အဓွန့်ရှည်ပါစေ ။- ကြည်ဇော်အေးPhoto -မူရင်းဖန်တီးသူကို cred...
15/08/2023

စစ်ကြီးပြီးရင် အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်
ချစ်သူများသာ အဓွန့်ရှည်ပါစေ ။

- ကြည်ဇော်အေး

Photo -
မူရင်းဖန်တီးသူကို credit ပေးပါတယ်။

အိမ်မှာနေရဲကြသူများ------------------------ခင်ဗျားတို့ အိမ်မှာနေရဲကြပါသလား။လူတွေအားလုံးက လုံခြုံစိတ်ချရတဲ့အိမ်မှာဆိုရင်န...
14/08/2023

အိမ်မှာနေရဲကြသူများ
------------------------
ခင်ဗျားတို့ အိမ်မှာနေရဲကြပါသလား။

လူတွေအားလုံးက လုံခြုံစိတ်ချရတဲ့အိမ်မှာဆိုရင်
နေရဲကြသူတွေချည်းပါပဲ။
ဒါပေမယ့်ကျနော်ပြောပြချင်တဲ့ အိမ်မှာတော့
ခင်ဗျားတို့ကြာကြာနေရဲကြလိမ့်မယ်မထင်ပါဘူး။

ခင်ဗျားတို့ဆီကိုသတင်းစကားပါးမလို့ ကျနော်ဒီစာအုပ်ကလေးကို ထုတ်ဝေလိုက်တာပါ။
ခင်ဗျားတို့ဒီစာအုပ်ကလေးကို ပိုင်ဆိုင်ခွင့်ရတဲ့အချိန်မှာ မြင့်မြတ်စွာကျဆုံးသွားရတဲ့
ကျနော့် ရဲဘော်တချို့ရဲ့
ဆန္ဒလည်း ပြည့်ဝသွားပြီပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်က ဘယ်ကဗျာရေးသူမဆို သူတို့ရင်နှင့်သည်းခြားဖန်တီးထုဆစ်ထားရတဲ့ ကဗျာကလေးတွေ
ကို ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ဆီကို ပို့ပေး
ချင်ကြမှာပဲဖြစ်တယ်။
ကျနော်တို့ဒီကဗျာတွေကို
မိုးတွေရွာတဲ့ နေ့တုန်းကရေးခဲ့ကြတာပါ။
တောင်ပေါ်မှာ ရေတွေကြီးတုန်းက မျှစ်တွေချိုးစားရင်း ရေးခဲ့ကြရတာပါ။ လူတို့ရဲ့မတော်လောဘတွေ၊
အမှောင့်ပယောဂါတွေ၊အတွင်းလှိုက်ပုတ်ပွမှုဒဏ်တွေကို အံ့ကြိတ်တွန်းလှန်နေမယ့်အစား
စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ကျနော်ဖန်တီးပေးခဲ့တဲ့နံရံကပ်ကဗျာစာစဥ်လေးမှာ သူတို့လာရေးခဲ့ကြတာပါ။

တစ်ယောက်ရေးတဲ့ အာဟာရတွေကိုတစ်ယောက်ကမှီဝဲရင်း တစ်ယောက်ယောက်ရဲ့
မျက်ရည်တွေကို တစ်ယောက်ယောက်က
စာပန်းချီဖွဲ့ရင်း
တစ်ယောက်ရဲ့လွဲချော်မှုကိုတစ်ယောက်က
ထောင့်ချင့်နှိုင်းယှဥ်ပြရင်း အပြန်အလှန်ချိုမြိန်ခဲ့ရတဲ့
အချိန်ကာလ ယန္တယားတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ဒီစာအုပ်က
ကဗျာတွေချည်း ရေးထည့်ထားတာမဟုတ်ပါဘူး။
မပျော်ပိုက်ခြင်း နှလုံးသားတွေအကြောင်း
မြင့်မြတ်ခြင်း နှလုံးသားတွေအကြောင်း
အစရှိသဖြင့်
သာတူညီမျှ ခံစားနာယူလွယ်စေတဲ့
အိမ်ကလေးတွေ ရေးဆွဲထည့်ပေးထားတာပါ။
ဒီအထဲမှာမှ
ရဲဘော်ဂန္ဓမာရဲ့ နှလုံးအိမ်ကလေးကိုတွေ့ရင် ပြတိုက်အနေနဲ့ပဲ ဝင်ကြည့်ကြဖို့ သတိပေးချင်ပါတယ်။
အနုပညာသမားသပ်သပ်ကနေ တော်လှန်ရေးရဲဘော်ဖြစ်လာတဲ့အခါကျတော့
ငိုမယ့်မျက်ဝန်းတွေကို စိတ်မှတ်နဲ့ ထိမ်းထားရဖူးပါတယ်။
ကျနော်ကိုယ့်တစ်ကိုယ်ရည် ခံစားချက်ကို
သောက်ရမ်းကြီးကျယ် ပြလိုက်တာမဟုတ်ပါဘူး။
ကျနော်တို့ကို အမှတ်တရစာတမ်းတွေ ရွတ်ပြပေးပြီးတော့ သူ ကျဆုံးသွားပါတယ်။
သူက ကျနော်တို့ဆီက
ပထမဦးဆုံး ထွက်ခွာသွားတော့ ကျနော်တို့
မျက်ရည်စက်လက်နဲ့ ဝမ်းနည်းမဆုံးဖြစ်ခဲ့ရပါတယ်။
ကျနော်သိပါတယ်။ လက်နက်တွေပြပြီး
အတင်းလုပ်ယူမှ နေရာရကြတာထက်တော့ပိုမြင့်မြတ်ပါတယ်။
ရိုးသားဖြောင့်မတ်ပြီး ရဲရင့်ခြင်းအနုပညာက
ဂုဏ်သတင်းဆန်ဆန်
နှလုံးသားမှာ နေရာရခဲ့တာပါ။

တချို့က
ကျဆုံးရဲဘော်ကလေးရမ်ချိုအကြောင်းလည်းရေးထားကြပါသေးတယ်။
အပြုံးချိုချို ၊ အမုန်းတိုတိုနဲ့ လူ့လောကကြီးက
ထွက်ခွာသွားခဲ့ရတဲ့ ရဲဘော်ကလေး ။
ရုတ်တရက်မယုံနိုင်လောက်အောင်မြန်ဆန်
လွန်းလို့ အံ့အားသင့်ခဲ့ရပေမယ့်
လူငယ်တစ်ယောက်ရဲ့ တရားမျှတလိုမှုအားမာန်က
အခုထိ ခက်ထန် ဝဲပျံ အမှတ်ရစရာကောင်းနေဆဲပါပဲ။

ဆရာသစ်သွင်မှူးရေးထားတဲ့ ဂန္ဓာမာအတွက်ကဗျာကိုတော့ ခင်ဗျားတို့
စိတ်အေးလက်အေးဖြစ်မှပဲဖတ်စေချင်ပါတယ်။

ဒီလောက်ပါပဲ
ကျနော်တို့ရဲ့နှလုံးအိမ်ကလေးတွေက အချစ်များပြီး
အထားခံတာကလွဲရင်
မက်မောစရာတော့ သိပ်မရှိပါဘူး။
အရသာကတော့ ဖတ်ကြည့်ပြီးရင်
ဘယ်လိုမျိုးရှိလဲ သိလာပါလိမ့်မယ်။ဒီအခါကျရင်
မကောင်းရင်ကျနော့်ကိုအပြစ်ပြောပါ။ကောင်းရင်တော့ ပါတ်ဝန်းကျင်ကိုလက်တို့လိုက်ပါ။

ကျနော် စ ခဲ့တဲ့ မေးခွန်းကို
ပြန်ဆက်ရရင်
ခင်ဗျားတို့ အိမ်မှာနေရဲကြပါသလားပေါ့ ၊
ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးအိမ်ထဲမှာပေါ့ ၊
အထူးသဖြင့်
ပြည်သူလူထုရဲ့ နှလုံးအိမ်ထဲမှာပေါ့ ။

#မဟာချို
၁၄/ဧပြီ/၂၀၂၂

လှပသော အိမ် 😍
13/08/2023

လှပသော အိမ် 😍

ဒေါင်း ဖြစ်ပါတယ် ၊ရုပ်ရှင်သရုပ်ဆောင်၊မော်ဒယ်တွေကို စာအုပ်တွေနဲ့ တွေ့ရခဲတာမို့ ငေးမောနေမိတာပါ ။
12/08/2023

ဒေါင်း ဖြစ်ပါတယ် ၊
ရုပ်ရှင်သရုပ်ဆောင်၊မော်ဒယ်တွေကို
စာအုပ်တွေနဲ့ တွေ့ရခဲတာမို့ ငေးမောနေမိတာပါ ။


လူတစ်ယောက်က လူအများရဲ့နှလုံးသားထဲမှာအမြဲသတိတရရှိနေဖို့မလွယ်ပါဘူး။ဒီစာအုပ်လေးထဲမှာ ပါဝင်ရေးသားခဲ့ကြသူတွေကလည်း သူတို့အမှတ်...
11/08/2023

လူတစ်ယောက်က လူအများရဲ့နှလုံးသားထဲမှာအမြဲသတိတရရှိနေဖို့
မလွယ်ပါဘူး။

ဒီစာအုပ်လေးထဲမှာ ပါဝင်ရေးသားခဲ့ကြသူတွေကလည်း
သူတို့အမှတ်တရစာ၊ကဗျာလေးတွေကို ပုံနှိပ်စာအုပ်လေးအဖြစ်မြင်ရလိမ့်မယ်လို့ စိတ်ကူးတောင်
မယဥ်ခဲ့ကြပါဘူး။

အားလုံးက မတူညီတဲ့နယ်ပယ်အသီးသီးကလာကြတာတော့ မတူညီတဲ့ခံစားချက်မျိုးစုံ၊အမြင်မျိုးစုံရှိကြပါတယ်၊တစ်ခုပဲ အားလုံးက ရည်မှန်းချက်ပန်းတိုင်းတစ်ခုတည်းဆီ
သွားနေကြတာတော့ တူပါတယ်။

ဝမ်းနည်းရပါတယ်ချစ်သောတို့ရေ ...
ဒီစာအုပ်လေးထဲမှာ ပါဝင်ခဲ့တဲ့ကဗျာတချို့ရဲ့ကလောင်ရှင်လေးနှစ်ယောက်က
ကျနော်တို့လူ့လောကထဲက စောလျင်စွာထွက်ခွာသွားခဲ့ရပါတယ်။

ဒါဟာ ...
နှလုံးသားတွေနေတဲ့အိမ်ကလေးထဲက
တကယ်ဖြစ်ရပ်မှန်ကိစ္စတွေပါပဲ ...
ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းနေပါစေတော့ ညီအကိုတို့ရေ...

ဟုတ်ပါ့မလားလို့ မေးလာရင်ဆက်ပြီးစကားမပြောချင်တော့ပါဘူးကိုယ့်ပြောစကားအပေါ်သံသယရှိနေသူက ကိုယ့်ကိုလေးစားဖို့ဖြစ်နိုင်ပါ့မလား...
11/08/2023

ဟုတ်ပါ့မလားလို့ မေးလာရင်
ဆက်ပြီးစကားမပြောချင်တော့ပါဘူး
ကိုယ့်ပြောစကားအပေါ်
သံသယရှိနေသူက ကိုယ့်ကိုလေးစားဖို့ဖြစ်နိုင်ပါ့မလား။

#နှလုံးသားတွေနေတဲ့အိမ်

မိမိတို့နေ့စဥ်ဘဝထဲကမိတ်ဆွေ ဆက်ဆံရေးဆိုတာ ငါးမျှားချိတ်က အစာလိုပါပဲ မိမိအောင်မြင်မှုကို မျှားနေချိန်မိတ်ဆွေတွေက ငါးစာ အဖြ...
09/08/2023

မိမိတို့နေ့စဥ်ဘဝထဲက
မိတ်ဆွေ ဆက်ဆံရေးဆိုတာ ငါးမျှားချိတ်က အစာလိုပါပဲ

မိမိအောင်မြင်မှုကို မျှားနေချိန်မိတ်ဆွေတွေက
ငါးစာ အဖြစ်ရှိနေပေးနိုင်ရင်

မိတ်ဆွေတွေရဲ့ ငါးမျှားချိန်မှာ
မိမိက ငါးစာ အဖြစ် ရှိပေးနိုင်ရမှာပေါ့။

08/08/2023

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ
အခက်ကြားက ထုတ်ဝေနေတဲ့ စာအုပ်လေးတွေရေရှည်ရပ်တည်နိုင်ဖို့
အသဲအသန် ကြိုးစားနေရပါတယ်။
ဒီ page အသစ်လေးကနေ
စာအုပ်တွေ အကြောင်းအဓိကပြောမှာဆိုပေမယ့်
ကျနော်တို့ရရှိငွေတွေဟာ အားလုံးသိတဲ့အတိုင်းပဲ ပြန်လည်းမျှဝေအသုံးပြုနေပါတယ်။

Page က အသစ်
ထူထောင်ရဆဲ ဖြစ်နေတာမို့
page လေးကို Follow လုပ်ပြီး ပိုစ့်ကိုလည်း like & Share လုပ်ခြင်းဖြင့် ကူညီပေးကြပါ ခင်ဗျာ။

Social Media ပေါ်က influencer အစ်ကို အစ်မများ၊ Fundraiser ညီအစ်ကို မောင်နှမများ၊ ရဲဘော်များ ၊ တပ်ရင်းများ ကိုလည်း ဒီနေရာကနေပဲ မေတ္တာရပ်ခံ အကူအညီ တောင်းပါတယ်။ Page အသစ်လေးဖြစ်တာမို့ ဝိုင်းဝန်း ကူညီ ကြေညာပေးပါ ခင်ဗျာ 🙏

Fb ပေါ်မှာ မရှိတဲ့ကာလမှာလည်း
နေ့စဉ်နေ့တိုင်း မပြတ် ဝင်ပေးနေတဲ့ ကလစ်ကာများကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

ဘယ်လိုပဲ ပြန်စရပါစေ ... အဆုံးအထိ သွားမယ်ခင်ဗျာ ✊🏻

လူသားအယောက် ၃၀၀ ကျော်ဟာတစ်နေရာတည်းမှာ စုဝေးနေထိုင်ပြီးတူညီတဲ့ သစ္စာအဓိဌာန်တွေကို ဟစ်အော်ခဲ့ကြတယ် အဲ့တာဟာ နှလုံးသားတွေနေတ...
08/08/2023

လူသားအယောက် ၃၀၀ ကျော်ဟာ
တစ်နေရာတည်းမှာ စုဝေးနေထိုင်ပြီး
တူညီတဲ့ သစ္စာအဓိဌာန်တွေကို ဟစ်အော်ခဲ့ကြတယ်
အဲ့တာဟာ
နှလုံးသားတွေနေတဲ့အိမ်မှာ
မဟာချိုစာပေရဲ့ စတင်မြစ်ဖျားခံရာ...

မင်္ဂလာပါ🙏🙏MHC Publishing House ကို မြန်မာနိုင်ငံရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်များ ၊အောက်ခြေလူထုနဲ့ နိုင်ငံအုပ်...
08/08/2023

မင်္ဂလာပါ🙏🙏

MHC Publishing House ကို မြန်မာနိုင်ငံရဲ့
ကိုယ်တွေ့ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်များ ၊
အောက်ခြေလူထုနဲ့ နိုင်ငံအုပ်ချုပ် မင်း လုပ်မယ့်ပုဂ္ဂိုလ်တို့ရဲ့ အပြန်အလှန်သိစေချင်သောသတင်းစကားများ၊
နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် အဓိကကျသော လက်တွေ့သဘောတရားများ ၊ အထူးသဖြင့် ပြည်သူလူထုအားကိုယ်စားပြုသော နိုင်ငံတော်အကျိုးပြု စာအုပ်စာပေများထုတ်လုပ်ဖြန့်ချိနေသော မဟာချိုစာပေ၏
သတင်းနှင့်ပြန်ကြားရေးစာမျက်နှာတစ်ခုဖြစ်
၈ရက် ၊ ၈ လ၊၂၀၂၃ ခုနှစ်၌ စတင်လိုက်ပါသည်။
ယခုစာမျက်နှာတွင် စာအုပ်များရောင်းဝယ်ခြင်း
မပြုလုပ်ဘဲ ၊ မဟာချိုစာပေမှ
ထုတ်ဝေပြီးသောစာအုပ်များ၊ မဟာချိုစာပေနှင့်ပတ်သတ်ခဲ့သောစာအုပ်များ၊ မဟာချိုစာပေဆက်လက်ထုတ်ဝေမည့်စာအုပ်များ ၊ မဟာချိုစာပေမှဆက်လက်ထုတ်ဝေချင်သော စာအုပ်၊စာပေများ၏
သတင်းအချက်အလက်များနှင့် မဟာချိုစာပေမှနှစ်သက်သော စာပေလက်ရာတချို့ကို
အလေးအနက်ထားဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့်မဟာချိုစာပေကို သိကျွမ်းပြီးသော ပရိသတ်များအနေနှင့် တခြားသူများလည်းသိမြင်ကြစေရန်
MHC PUBLISHING HOUSE စာမျက်နှာအား
FOLLOW လုပ်ပြီး SHARE ပေးခြင်းဖြင့် ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံပါသည်။

လေးစားလျက်
MHC Publishing House

Address


Website

Alerts

Be the first to know and let us send you an email when MHC Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share