Wuntho Covid.19 Update News

  • Home
  • Wuntho Covid.19 Update News

Wuntho Covid.19 Update News media

31/07/2021
29/07/2021
23/07/2021
21/07/2021

ပြည်သူသို့ အသိပေးပန်ကြားချက် (၁၆ - ၇ - ၂၀၂၁)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူတို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တွင် ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆိုပါလုပ်ငန်းများသည် အချိန်တိုအတွင်း ထိ ရောက်အောင်မြင်၍ယခုဖြစ်ပေါ်လျက်ရှိသောရောဂါတတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့်ကျော်ဖြတ် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါအချက်များကို အားလုံးကိုယ်စီလိုက်နာဆောင်ရွက်၍ ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက်ပေးကြပါရန် အသိပေးပန်ကြားအပ်ပါသည်-
(၁) တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ အိမ်တွင်နေထိုင်ခြင်းသည် မိမိကိုယ်တိုင်နှင့်အတူနေ မိသားစုဝင်တို့အားရောဂါကူးစက်မှုအန္တရာယ်မှကာကွယ်ပေးခြင်း၊ ရောဂါကွင်းဆက်များကိုအချိန် တိုအတွင်း ပြတ်တောက်စေခြင်းနှင့် ဒေသတွင်း ရောဂါကိုအမြန်ဆုံးထိန်းချုပ်နိုင်ခြင်းရလဒ်တို့ကို ရရှိစေပါသည်၊
(၂) အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝ မပြုပါနှင့်၊
(၃) မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းည်း(Mask) ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကို အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊
(၄) လူစုလူဝေး လုံးဝ ရှောင်ကြဉ်ပါ၊
(၅) ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ စျေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းသူများထံမှ စျေးမဝယ်ပါနှင့်၊
(၆) အပြင်ထွက်ရာမှအိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများသယ်ဆောင်လာခြင်းမရှိ စေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ/ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သား များနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊
(၇) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

16/07/2021

ဇူလိုင် ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀၈၃ ဦးတွေ့ရှိ၁၄၅ ဦး ထပ်မံသေဆုံးwww.mohs.go...
14/07/2021

ဇူလိုင် ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀၈၃ ဦးတွေ့ရှိ
၁၄၅ ဦး ထပ်မံသေဆုံး

www.mohs.gov.mm
#မြန်မာဒစ်ဂျစ်တယ်သတင်းများ

13/07/2021
12/07/2021

အသိပေးကြေညာချက်

၁၁/၇/၂၀၂၁

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိန်နှစ်တစ်ပြေးညီခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ လက်တလော Covid 19 ကုသရေးတွင် လိုအပ်နေသည် Oxygen Concentrator များ တင်သွင်းမှုအတွက် FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျောက်ထားရန်မလိုအပ်သည့်အပြင် အကာက်ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

၃။ ယခုအခါ မသမာသူ အချို့မှ ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းမှုအား ပိတ်ပင်သည့် ရုံးစာ အတုပြုလုပ်၍ စျေးကွက်တွင်စျေးနှုန်းများကြီးမြင့် လာစေရန်နှင့် ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှု ဖြစ်စေရန် Social Media တွင် ရေးသားဖော်ပြလာခြင်းအားစိစစ်တွေ့ရှိရပါသည်။

၄။ အဆိုပါ ရုံးစာသည် Fake News(အတု)သာဖြစ်ပြီး သတင်းအချက် အလက်အတုအပ ပြုလုပ် ဖြန့်ဝေသူများအား ဖော်ထုတ်ပြီး တည်ဆဲဥပဒေများ အရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်လိုအပ်သည့် ဆေးဝါးနှင့်ဆက်စပ်စက်ပစ္စည်းများ တင်သွင်းမှုအား ဖြေလျှော့၍ အချိန်နှင့် တစ်ပြေးညီခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

09/07/2021

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) မိမိကစ၍ ကာကွယ်ပါ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (8-7-2021, 8:00 PM)စစ်ဆေးသူ 14,927 ဦး (စစ်ဆေးသူအမျ...
08/07/2021

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(8-7-2021, 8:00 PM)

စစ်ဆေးသူ 14,927 ဦး (စစ်ဆေးသူအများဆုံး)

ပိုးတွေ့သူ 4,132 ဦး (ပိုးတွေ့သူအများဆုံး)

ပိုးတွေ့နှုန်း 27.68 %

ပိုးတွေ့သူစုစုပေါင်း 180,055 ဦး

ဆေးရုံဆင်းသူ 1,054 ဦး (ဆေးရုံဆင်းသူအများဆုံး)

ပြန်ကောင်း 79%

ဆေးရုံဆင်းသူစုစုပေါင်း 142,309 ဦး

သေဆုံးသူ 51 ဦး

သေဆုံးနှုန်း 2.01%

သေဆုံးသူစုစုပေါင်း 3,621 ဦး

ဇူလိုင် ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၆၉ ဦးတွေ့ရှိ၄၂ ဦး ထပ်မံသေဆုံး😥
05/07/2021

ဇူလိုင် ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၆၉ ဦးတွေ့ရှိ
၄၂ ဦး ထပ်မံသေဆုံး
😥

ယနေ့ ဇူလှိုင်လ ၄ရက်ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၁၈ )ဦး(၃၅)ဦး သေဆုံး
04/07/2021

ယနေ့ ဇူလှိုင်လ ၄ရက်
ဓာတ်ခွဲအတည်ပြုလူနာသစ်
(၂၃၁၈ )ဦး
(၃၅)ဦး သေဆုံး

03/07/2021

Stay at Home မြို့နယ်
၂၃ မြို့နယ်ရှိပြီ
*********************************
သက်ဆိုင်ရာက #ဟုမ္မလင်း၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တို့ကို.၃. ၇. ၂၁ နံနက်မှစ၍ Stay at Home သတ်မှတ်လိုက်ရာ ယခုအခါ Stay at Home ၂၃ မြို့နယ် ရှိသွားပြီ
ဖြစ်ပါသည်။

Stay at Home တွင် အကျုံးဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

#ချင်းပြည်နယ်
၁။ တွန်းဇံ
၂။ တီးတိန်
၃။ ဖလမ်း
၄။ ထန်တလန်
၅။ ဟားခါး
#စစ်ကိုင်းတိုင်းဒေသကြီး
၆။ တမူး
၇။ ကလေး
၈။ ဟုမ္မလင်း
#ပဲခူးတိုင်းဒေသကြီး
၉။ လက်ပံတန်း
၁၀။ ဖြူး
၁၁။ သာယာဝတီ
၁၂။ မင်းလှ
#ရှမ်းပြည်နယ်
၁၃။ လားရှိုး
၁၄။ လောက်ကိုင်
၁၅။ နောင်ချို
#မန္တလေးတိုင်းဒေသကြီး
၁၆။ ချမ်းမြသာစည်
၁၇။ ချမ်းအေးသာစံ
၁၈။ ပြည်ကြီးတံခွန်
၁၉။ မဟာအောင်မြေ
၂၀။ အောင်မြေသာစံ
၂၁။ ပုသိမ်ကြီး
၂၂။ အမရပူရ
၂၃။ ပြင်ဦးလွင်

Source: MOHS.

Address

Website

Alerts

Be the first to know and let us send you an email when Wuntho Covid.19 Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share