Laukkaing Thar

  • Home
  • Laukkaing Thar

Laukkaing Thar လောက်ကိုင်မြို့နှင့် ရှမ်းပြည်နယ်​​ မြင်ကွင်း​သတင်းစုံ

24/06/2020

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဖမ်းဆီးရမိ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များဖျက်ဆီး


ယနေ့နံနက် ၉နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အေးရှားဝေါလ်တိုးဂိတ်အနီး ကွင်းပြင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID 19 ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော် အေးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကွတ်ခိုင်မြို့နယ်မြေခံတပ်မှ စစ်ဗျူဟာမှူးနှင့် တပ်မတော်သားများ၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသည့် ဧည့်သည်တော်များမှ ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးကြပြီးနောက် ဖမ်းဆီးရမိ ဓာတု ပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား စက်ယန္တရားများအသုံးပြု၍ ဖျက်ဆီးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများသည် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင် တပ်မတော်စစ်ကြောင်းများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အထူး စစ်ဆင်ရေး ပြုလုပ်သိမ်းဆည်းရမိသော ဓာတုပစ္စည်း ၄၇ မျိုးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၅၀ မျိုး တန်ဖိုးကျပ်သန်းပေါင်း ၃၃၇၉ သန်းခန့် (အမေရိကန် ဒေါ်လာ ၂.၃ သန်းကျော်) အား ဖျက်ဆီးခြင်းဖြစ်ကြောင်းနှင့် ဇွန် ၂၆ ရက်နေ့တွင်လည်း ဆက်လက် ဖျက်ဆီး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

24/06/2020

လောက်ကိုင်မြို့နယ်၊ ချာလူချိုင်းရွာပျက်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ချာလူချိုင်းရွာပျက်နေရာ အနီးရှိ အဆောက်အဦး ဟောင်း တစ်လုံးအား မသင်္ကာသဖြင့်စစ်ဆေးရှာဖွေရာ မြေကျင်းတူးပြီး ကြွအိုးတစ်လုံးဖြင့် မြှုပ်နှံထားသည့် ၈၈/၁ စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ ပြား၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားနှင့် ဘိန်းဖြူ ၅၀ ဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

21/06/2020

မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်/ ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ဝန်းကျင်တစ်ဝိုက်၌ လက်နက်ကိုင်သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာခံများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး တရားမဝင်လက်နက်ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ သိုဝှက်သယ်ဆောင်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရှာဖွေ ဖော်ထုတ် လျက်ရှိရာ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ပန်လုံမိုင်ရပ်ရှိ နေအိမ်တစ်လုံးအား ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ အိမ်ငှားနေထိုင်သူများဖြစ်သည့် လွယ်ဂျယ်မြို့၊ ဂျာယိန်ယန်ရွာမှ ယောဟန် (ဘ) ဦးလဗျအောင်နှင့် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်မှ ထွန်းလင်းအောင် (ဘ) ဦးမြင့်ဇော်တို့ ၂ ဦးအား တွေ့ရှိရပြီး ထွန်းလင်းအောင်၏ အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ပစ္စတိုသေနတ် ၃ လက်၊ ၎င်းကျည် ၉ တောင့်၊ ၆ ဒသမ ၃၅ ကျည် ၅၄ တောင့်၊ ကတ်တမင်းအဖြူရောင်အမှုန့် ၃ ထုပ်(၆၅ ဂရမ်)ကို လည်းကောင်း၊ နေအိမ်မျက်နှာကျက်အတွင်းမှ အမ် ၂၂ သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ၎င်းကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ ICE အဖြူရောင် ပုံဆောင်ခဲ ၁ ကီလိုပါ ၁၂ ထုပ် (စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျပ်)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ လက်နက်/ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူဆယ်မြို့မူးယစ်တပ်ဖွဲ့ စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

20/06/2020
20/06/2020
20/06/2020
16/06/2020

MNDAA အဖွဲ့မှ နယ်မြေစည်းရုံးရေးတာဝန်ခံ အဆင့်ရှိသူတစ်ဦးအပါအဝင် အဖွဲ့ဝင် ၂ ဦး ဥပဒေ ဘောင်အတွင်းဝင်ရောက်

၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၁ရက် နံနက်ပိုင်းတွင် MNDAA လက်နက်ကိုင် အဖွဲ့မှ နယ်မြေစည်းရုံး ရေးတာဝန်ခံအဆင့်ရှိသော ချာကွီးဖျင်နှင့် တပ်သားအဆင့်ရှိ ရန်ဖေးတို့ နှစ်ဦးသည် ဥပဒေဘောင် အတွင်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း အလင်းဝင်ရောက်လာကြောင်း သိရှိရပါသည်။၁၉၉၇ ခုနှစ်တွင် ကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် MNDAA အဖွဲ့အတွင်း မဖြစ်မနေ ဝင်ရောက် ရသဖြင့် ဝင်ရောက်ခဲ့ရကြောင်း၊ သင်တန်း ၃ လ တက်ရောက်ခဲ့ကာ စည်းရုံးရေး တာဝန် ခံအဖြစ် တာဝန်ထမ်းဆောင်ရကြောင်း၊ ချာကွီးဖျင်မှ ပြောပြသည်။ရန်ဖေးမှလည်း ၂၀၁၇ခုနှစ်၊ မေလတွင် ၎င်း၏ကျေးရွာသို့ MNDAA လက်နက်ကိုင် အဖွဲ့ရောက်ရှိလာပြီး လူသစ်စုဆောင်းသဖြင့် ရွှေရင်စည်ကျေးရွာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ နိုဝင် ဘာလတွင် ၎င်း၏ မိခင်ဖြစ်သူအား ခြိမ်းခြောက် သဖြင့် MNDAA လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက် ခဲ့ရပြီး ချာကွီးဖျင်၏ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရကြောင်း ပြောပြသည်။
၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း အေးအေးဆေးဆေးနေထိုင်လိုခြင်း၊ ငြိမ်းချမ်း ရေးလမ်းစဉ် များကို ကြားသိရပြီး ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ ချာကွီးဖျင်မှ ၎င်းတာဝန် ထမ်းဆောင်စဉ် ကိုင်ဆောင်ခဲ့သော လက်နက်ခဲယမ်းများအား သိုဝှက်ထား ခဲ့ကြောင်း ပြောပြသဖြင့် ရွှေယင်စီးကျေးရွာရှိ နေအိမ်သို့သွားရောက်ရှာဖွေရာ နေအိမ်မျက်နှာကြက် ထပ်ခိုး အတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် M-၁၆ မောင်ပြန်ရိုင်ဖယ် ၁လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၃ တောင့်၊ အမ်-၂၀ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၉ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

16/06/2020

ဒေသခံတွေဆီက ဆက်ကြေးလိုက်လံကောက်ခံနေတဲ့ AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦး ဖမ်းဆီး ရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇွန် ၁ဝ ရက် ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေပြည်သစ် ခရီးသည်တင် ယာဉ်ပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏အမာခံ ၁ ဦးကို အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိသူများမှာ မောင်ဇော်ဌေး အသက် ၂၁ နှစ်(ဘ) ဦးလှရွှေမောင် ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏သင်တန်းသို့ တက်ရောက်ခဲ့ပြီး မြေပုံမြို့နယ်၊ ဒဂုံ ကျေးရွာတွင် နေထိုင်ကာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွက် ရိက္ခာများ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လတွင် ဒါးလက်ရွာဟောင်း အနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူ စခန်းသို့ သွားရောက်နေထိုင်ခဲ့ရပြီး နေထိုင်စဉ် ပင်ပန်းဆင်းရဲမှုဒဏ်အား မခံနိုင်သဖြင့် ထွက်ပြေး လာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏အမာခံ ၁ ဦးအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

16/06/2020
15/06/2020
14/06/2020
13/06/2020

Covid-19 ကာလ မှာ သောင်းကျန်းသူတွေ ရဲ့ အနိုင်ကျင့်မူတွေနဲ့ အခက်အခဲကြုံနေရကြရသော ဒေသခံများ


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများဟာ သောင်းကျန်းသူတွေရဲ့ ဆက်ကြေးကောက်ခံမူတွေ အပြင် ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် စားဝတ်နေရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်ကြုံ တွေ့နေရပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ ကြာရှည် လာတာနဲ့အမျှ အသွားအလာကန့်သတ်မှုတွေ၊ အလုပ်အကိုင်ရှားပါး မှုတွေကြုံတွေ့နေရပြီး သောင်း ကျန်း သူ တွေရဲ့ ညှာတာမူမရှိ ဒေသခံတွေအပေါ်မှာ အဓမ္မဆက်ကြေး ကောက်ခံတာတွေ ၊ လူသစ်စုဆောင်းတာတွေကြောင့် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းကြည့်တဲ့အခါ မှာ တော့ "အလုပ်အကိုင်ပိုင်းကျတော့ တစ်ခြားနေရာမှာ မသွားရဲဘူး၊ခုလော လောဆယ် အိမ်ကအ လုပ်ဘဲ လုပ်တယ် ၊အပြင်မှာထွက်လုပ်လို့မရဘူး၊ ကလေးတွေ ကျောင်းတတ် ရတော့မယ်ဆိုတော့ ငွေကြေး လည်းခက်ခဲ တယ်၊တစ်ချို့ ကတောင်ယာတွေလုပ်တယ်၊ တောင်ပေါ်မှာ လုပ်ရတယ်၊ အရမ်းဝေးတော့ အဆင်မပြေဘူး၊ သောင်းကျန်းသူတွေကိုလဲ ကြောက်နေရတော့ သူတို့တောင်းရမ်းတဲ့ ဆက်ကြေးတွေ ကို လဲ ပေးနေရတာပါပဲ”လို့ ပြောဆိုပါတယ်။
အရင်ကဆို တောင်ယာတွေစိုက်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရပေမဲ့ လက်ရှိအချိန်မှာ ကပ် ရောဂါ အခြေအနေကြောင့်နဲ့ သောင်းကျန်းသူတွေရဲ့ ဆက်ကြေးကောက်ခံတာတွေ ကြောင့် လုပ်ကိုင် စားသောက်ဖို့ ရန်အခက်ခဲရှိနေပြီး ကျောင်းတက်မဲ့ကလေးတွေအတွက်လည်း ငွေရေးကြေး ရေး မှာအခက်ခဲရှိလာနိုင်တယ်လို့သိရပါတယ်။

13/06/2020

covid 19 update

13/06/2020

AA အကြမ်းဖက်သောင်းကျန်းသူများ ဖြိုချဖျက်ဆီးခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ် ပလက်ဝမြို့၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တာဝါတိုင်အား မေ ၇ ရက် ည ၁၀ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချဖျက်ဆီးခဲ့သည့်အတွက် ပျက်စီးမှုများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ၎င်းစက်ရုံမှ ဝန်ထမ်းများက ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် စက်ရုံတည်ရှိရာ မှန်ပြတောင်ပေါ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးတွေ့ရှိချက်များအရ ပလက်ဝ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ လွှင့်စက်ခန်း အဆောက်အဉီမှာ ခေါင်မိုးများ၊ နံရံများ၊ မျက်နှာကြက်များပျက်စီးခဲ့ပြီး မီးစက်အဆောက်အဉီမှာ ခေါင်မိုးသွပ်ပြားများ ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း၊ ထို့ပြင် စက်ခန်းအတွင်းတပ်ဆင်ထားသော 500 Watt TV Transmitter နှစ်လုံး အပါအဝင် စက်ပစ္စည်းလေးမျိုး လောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ မီးစက်အဆောက်အဉီအတွင်းရှိ 7.5 KVA မီးစက်တစ်လုံးနှင့် 5.0 KVA မီးစက်တစ်လုံး စုစုပေါင်း မီးစက်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် ရုံးသုံးပရိဘောဂ လေးမျိုးလည်း ပျက်စီးသွားခဲ့ကြောင်း။
တာဝါတိုင်မှာ အရှေ့တောင်ဘက်သို့ လဲပြိုကျနေသည်ကို တွေ့ရှိရကြောင်းနှင့် ရုပ်သံဖမ်းယူသည့် စလောင်း (TVRO) မှာလည်း မူလအနေအထားအတိုင်း မရှိဘဲ ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း။
အဆိုပါ ပလက်ဝရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ၁၉၉၈ ခုနှစ် မတ် ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

13/06/2020

TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ တုန့်ဟုန်းကျေးရွာရှိ လင်မယားနှစ်ဦးကို ကိုဖမ်းဆီး ရိုက်နှက်

TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ နမ့်ခမ်းမြို့နယ် ၊ မိုင်းဝီးကျေးရွာအုပ်စု ၊ တုန့်ဟုန်းကျေးရွာရှိ လင်မယားနှစ်ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ မသင်္ကာသဖြင့် မီးသွေးကျဉ်းတောထဲသို့ သွားရောက် စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေကနေတစ်ဆင့်သိရပါတယ်။
တုန့်ဟုန်းကျေးရွာနေ ဦးအညဲမ်ဘေဲမ်းနှင့်ဒေါ်ယာမာအီကွဲတို့လင်းမယားနှစ်ဦးဟာဝါယော့ကျေး ရွာ အောက် မီးသွေးဖုတ်တဲ့တောထဲကို ည၁ဝနာရီ အချိန်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ သွားရောက်ဖမ်းဆီးရိုက်နှပ်မူတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရိုက်နှက်ခံရတဲ့ ဒေသခံတွေ အနေနဲ့ "သူတို့က ကျမနဲ့ရှိတဲ့နေရာကိုလာပြီး မူးယစ်ဆေးဝါးရောင်းတယ်ဆိုပြီး လာရောက် စစ်ဆေး တယ်။ စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်လိုက်နဲ့ ကျမကသူတို့ကိုပြောတာ ကျမမှာဘာမူးယစ် ဆေးဝါးမှ မရှိဘူး။ တစ်နာရီလောက်စစ်ဆေးပြီးတော့ သူတို့ဘာမှမမိတော့ ကျမတို့နှစ်ယောက်ကို ရိုက်လိုက်တာ ကျမတောင်သတိလစ်သွားတယ်။ သူတို့ အားလုံး ၁၆ယောက်ရှိတယ်။ ကျမတို့ကိုရိုက်တာက ၅ယောက် မျက်နှာဖုံးတပ်ပြီး ရိုက်တယ်။"လို့ ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါ်အီမာကွဲရဲ့အမျိုးသားနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက "သူတို့ နှစ် ယောက် တောထဲမှာမီးသွေးသွားဖုတ်တယ်။ ည ၁ဝနာရီမှာ သူတို့အဖွဲ့တွေသွားပြီး သူတို့နှစ်ယောက်ကို သွားရိုက်တယ်။ သူတို့နှစ်ယောက်မူးယစ်ဆေးဝါးရောင်းတယ်လို့ပြောတဲ့သူရှိလို့ဆိုပြီး သူတို့နှစ်ယောက် ဆီကို မူးယစ်ဆေးသွားရောက်စစ်ဆေးတာ စစ်ဆေးမေးမြန်းပြီး မတွေ့တော့ သူတို့ နှစ်ယောက် ကိုရိုက်လိုက်တာ သူတို့မပြောမချင်းမမိမချင်းသူတို့က စစ်ဆေးမေးမြန်းတယ်။ သူတို့မှာလည်း တကယ် မရှိဘူး။"လို့ ပြောခဲ့ပါတယ်။
ဒေါ်မာအီကွဲရဲ့အမျိုးသားကို မေလ ၂၆ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်းသိရပြီး ဒေါ်မာအီကွဲဟာလည်းရိုက်ထားခံရတဲ့ဒဏ်ရာတွေကြောင်း မိုင်းဝီး ဆေးရုံ သို့ တစ်ပတ်ကြာ ဆေးကုသခံယူခဲ့ရတယ်လို့သိရပါတယ်။

12/06/2020

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ-၂ အား အမည်မသိ အမျိုးသား ၄ ဦးက ငွေများ လာရောက် လုယက် ထွက်ပြေး



ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ အကောက်ခွန်လမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲ-၂ အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ် ခန့်တွင် Hijet အမျိုးအစား မော်တော်ယာဉ် အမှတ်၊ BGO-6L /6181 အဖြူရောင်ယာဉ် ၁ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦး ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ်အတွင်း၌ ရောက်ရှိနေသူများအား အသင့်ယူဆောင်လာသည့် ဓားများဖြင့် ခြိမ်းခြောက်၍ ကောင်တာပေါ်ရှိ ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်အား ယူဆောင်သွားကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်နှင့်အတူ အမျိုး သား ၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာ ငွေကျပ် သိန်းပေါင်း ၁၈၀၀ ခန့်နှင့်အတူ ထွက်ပြေး နေဆဲဖြစ်သည်။ ထိုသို့လွတ်မြောက်သွားသူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

10/06/2020

ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်ရဲစခန်းအနီး မိုင်းတစ်လုံးပေါက်ကွဲ



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ရဲစခန်းအနီး၌ ဇွန် ၈ ရက် ညပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်ရဲစခန်း၏ အရှေ့ဘက် မျက်နှာစာ အုတ်တံ တိုင်းနှင့် ၃ ပေခန့်အကွာ၌ ဇွန် ၈ ရက် ည ၈ နာရီခန့်တွင် မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ အဆိုပါရပ်ကွက်နေ အမျိုးသား ၃ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီး၌ရပ်ထားသည့် မော်တော်ယာဉ် ၃ စီး အနည်းငယ်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူခဲ့သူ များအား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်းနှင့် ယနေ့တွင် နယ်မြေခံတပ်မှတာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မပေါက်ကွဲသေးသည့် M-67 အမျိုးအစား လက်ပစ်ဗုံး ၁ လုံးကို ထပ်မံတွေ့ရှိခဲ့သဖြင့် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက စနစ်တကျသိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

10/06/2020

TNLA အဖွဲ့မှ ကျေးရွာ သားတစ်ဉီးကို ဖမ်းဆီးရိုက်နှက်

ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့တုန်းက TNLA အဖွဲ့ မှ တုန့်ဟုန်းကျေးရွာရှိလင်းမယားနှစ်ဦးကို မူးယစ် ဆေးဝါးရောင်းဝယ် ဖောက်ကားမှု မသင်္ကာသဖြင့် မီးသွေးကျဉ်းတောထဲသို့ သွားရောက်စစ်ဆေး မေးမြန်းပြီးရိုက်နှက်ခဲ့တ ယ်လို့ ဒေသခံတွေကနေတစ်ဆင့်သိရပါတယ်။
တုန့်ဟုန်းကျေးရွာနေ ဦးအညဲမ်ဘေဲမ်းနှင့်ဒေါ်ယာမာအီကွဲတို့လင်းမယားနှစ်ဦးဟာဝါယော့ကျေး ရွာ အောက် မီးသွေး ဖုတ်တဲ့တောထဲကို ည၁ဝနာရီ အချိန်မှာ TNLA အဖွဲ့ မှ သွားရောက်ပြီး မူးယစ် ဆေးဝါးရောင်းဝယ်တယ်လို့ မသင်္ကာသဖြင့်တစ်နာရီအကြာစစ်ဆေး မေးမြန်း ခဲ့ပြီး ရိုက်နှက်ခဲ့ တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံရတဲ့ ဒေါ်မာအီကွဲကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ "သူတို့က ကျမနဲ့ကျမယောက်င်္ကျား ရှိတဲ့ နေရာ ကိုလာပြီး မူးယစ်ဆေးဝါးရောင်းတယ်ဆိုပြီး လာရောက်စစ်ဆေးတယ်။ စစ်ဆေးမေးမြန်းပြီး ခြိမ်း ခြောက်လိုက်နဲ့ ကျမကသူတို့ကိုပြောတာ ကျမမှာဘာမူးယစ်ဆေးဝါးမှမရှိဘူး။ တစ်နာရီလောက် စစ်ဆေး ပြီး တော့ သူတို့ဘာမှမမိတော့ ကျမတို့နှစ်ယောက်ကို ရိုက်လိုက်တာ ကျမတောင် သတိလစ် သွားတယ်။ သူတို့ အားလုံး ၁၆ယောက်ရှိတယ်။ ကျမတို့ကိုရိုက်တာက ၅ယောက် မျက်နှာဖုံးတပ်ပြီး ရိုက်တယ်။"လို့ ပြောပါတယ်။
သူမထောင်မကျခင်တုန်းကမူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ကျပြီးနောက်ပိုင်း TNLA တို့ သူမကိုအပြစ်ပေးပြီးနောက် သူမဆက်မလုပ်တော့ဘူးလို့ ဒေသခံတွေကပြောဆိုတာရှိပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါ်အီမာကွဲရဲ့အမျိုးသားနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက "သူတို့နှစ်ယောက် တော ထဲမှာ မီးသွေးသွားဖုတ်တယ်။ ည ၁ဝနာရီမှာ သူတို့အဖွဲ့တွေသွားပြီး သူတို့နှစ်ယောက်ကို သွားရိုက်တယ်။ သူတို့နှစ်ယောက်မူးယစ်ဆေးဝါးရောင်းတယ်လို့ပြောတဲ့သူရှိလို့ဆိုပြီး သူတို့နှစ်ယောက် ဆီကိုမူးယစ် ဆေးသွားရောက်စစ်ဆေးတာ စစ်ဆေးမေးမြန်းပြီး မတွေ့တော့ သူတို့ နှစ်ယောက် ကိုရိုက် လိုက်တာ သူတို့မပြောမချင်းမမိမချင်းသူတို့က စစ်ဆေးမေးမြန်းတယ်။ သူတို့မှာလည်း တကယ် မရှိ ဘူး။" ကိုပြောခဲ့ပါတယ်။
ဒေါ်မာအီကွဲရဲ့အမျိုးသားကို မေလ ၂၆ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်းသိရပြီး ဒေါ်မာအီကွဲဟာလည်းရိုက်ထားခံရတဲ့ဒဏ်ရာတွေကြောင်း မိုင်းဝီး ဆေးရုံ သို့ တစ်ပတ်ကြာ ဆေးကုသခံယူခဲ့ရတယ်လို့သိရပါတယ်။
တာအိုက်ကျော်ကို ဖုန်းဆက်မေးမြန်းရာမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဖမ်းရလဲဆိုတာ လည်း မသိရှိသေး ကြောင်းမှတ်ချက်ပေးခဲ့တာလည်းမရှိသေးကြောင်း ပြောခဲ့ ပါတယ်။

  Night View
09/06/2020

Night View

ကိုးကန့် ဒေသကို မာလီပါးဟု ခေါ်ကြပြီးမာလီရှူးပင်များ ပေါက်ရောက် နေသော လွင်ပြင်ဟု အဓိပ္ပါယ် ရပါသည်။
09/06/2020

ကိုးကန့် ဒေသကို မာလီပါးဟု ခေါ်ကြပြီး

မာလီရှူးပင်များ ပေါက်ရောက် နေသော လွင်ပြင်ဟု

အဓိပ္ပါယ် ရပါသည်။

လောက်ကိုင် (Laukkaing)==================လောက်ကိုင်ခရိုင်သည် ရှမ်းပြည်နယ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရိုင်...
09/06/2020

လောက်ကိုင် (Laukkaing)
==================
လောက်ကိုင်ခရိုင်သည် ရှမ်းပြည်နယ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရိုင် ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၂၅၁ ပေ တွင် တည်ရှိသည်။
လောက်ကိုင်ခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၅၄,၇၄၈ ယောက် ဖြစ်သည်။(Wikipedia)

နယ်မြေ- ၁,၈၄၄ km²

ရေမျက်နှာပြင်အထက် တောင်ထိပ်အမြင့်- ၉၉၁ m

မိုးလေဝသ- ၈၀°F (၂၇°C),လေ S (တောင်အရပ်) တွင် ၆ mph (၁၀ km/h), ၈၀% စိုထိုင်းဆ

ဒေသတွင်း အချိန်- အင်္ဂါ ၁၄:၀၈

09/06/2020

09/06/2020

ကျောက်မဲမြို့နယ်၊ မန်စန်းကျေးရွာရှိ ဒေသခံပြည်သူတစ်ဦးအား RCSS/SSA အဖွဲ့မှ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်း ကျေးရွာတွင် နေထိုင် သည့် ဦးရွှေဝင်း(ဘ)ဦးဝိဇေယျ သည် မနေ့က နေ့လယ် ၂ နာရီခွဲခန့်တွင် ကျေးရွာ၏ တောင်ဘက် ရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းနေရာတွင် ပြောင်းစိုက်ပျိုးနေစဉ် မှာ RCSS/SSA အဖွဲ့ကနေ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ရာ ရင်အုံဖောက်ထွက် ၁ ချက်၊ ဘယ်၊ ညာမျက်လုံး ဖောက်ထွက် ၂ ချက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းအား ဇနီးဖြစ်သူ ဒေါ်နန်းခမ်းအေး ၎င်း မှ ညနေ ၃ နာရီခန့်တွင် တွေ့မြင်ခဲ့သဖြင့် ဖုန်းဖြင့် အကြောင်းကြားခဲ့ရာ နမ့်ခုံးပရဟိတလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူများက ကျောက်မဲပြည်သူ့ ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

08/06/2020
08/06/2020

RCSS/SSA အဖွဲ့၏ ဆက်ကြေးကောက်သံသရာထဲတွင် ဒုက္ခပင်လယ်ဝေနေသည့် ရှမ်းဒေသခံများ
========================================
2.6.2020
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်ကျေးရွာ ရွာသူကြီး ဦးအောင်ထွန်း နှင့်ရပ်မိ/ရပ်ဖများ၊ မိုင်းပျဉ်းတိုက်နယ် ကော်မတီအဖွဲ့ဝင် ဦးဆုနန္ဒာ၊ ဦးလုံမွန် တို့မှဦးစီး၍ ရွာသူ/သား ၉၀ ဦးခန့်ဖြင့် ကျေးရွာရှိ ဘုရားနီ ဘုန်းကြီးကျောင်းတွင် ၂၆-၅-၂၀၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ မိုင်းပျဉ်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ရွာတစ်ရွာလျှင် ဆန်(၂၀)ပုံးစီအား မေလကုန်တွင် ပေးသွင်းရန် အကြောင်းကြားလာမှုအပေါ် အစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ဦးအောင်ထွန်း မှ ၎င်းတို့ရွာအနေဖြင့် ဆန်(၂၀)ပုံးအား RCSS/SSA အဖွဲ့သို့ပေးရမည်ဖြစ်၍ ဆန်ကောက်ခံပြီး နမ့်ပါချီးကျေးရွာအုပ်စု၊ လုံပိတ်ကျေးရွာသို့ ပို့ဆောင်ပေးရပါက အခက်အခဲများရှိသဖြင့် ဆန်(၁)ပုံး လျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၀)ပုံးအတွက် ငွေ(၂၄၀၀၀၀)ကျပ်အား ပေးသွင်းသွားမည် ဖြစ်ပြီး တစ်အိမ်ထောင်လျှင်(၅၀၀၀)ကျပ်စီ ကောက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ရွာသူ/သား များမှ Covid-19 ရောဂါဖြစ်နေချိန်တွင် စားဝတ်နေရေးအဆင်မပြေသည့်အတွက် မကောက်ခံစေ လိုကြောင်း ဝိုင်းဝန်းပြောကြားရာ ဦးအောင်ထွန်း မှ နှစ်စဉ်ပေးဆောင်ရသည့်အတွက် မပေး၍ မရကြောင်း ပြောဆိုခဲ့သဖြင့် ရွာသူ/သားများမှ ကျေးရွာပိုင်မြေတွင် MPT ဖုန်းတိုင်ထောင် ငှားရမ်း ထားမှုမှ လစဉ်ရရှိငွေ (၂၀၀၀၀၀)ကျပ်မှ ကျခံပေးသွင်းရန် ပြောဆိုသဖြင့် သဘောတူဆုံးဖြတ်ခဲ့ပြီး အစည်းအဝေး အား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
RCSS/SSA အဖွဲ့၏အနိုင်ကျင့်ဆက်ကြေးကောက်ခံနေခြင်းအပေါ် ဒေသခံရွာသားများမှ ကျေနပ်မှု မရှိကြဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရွာသူ/သားများကိုယ်စား လက်နက်ကိုင်အဖွဲ့များအား တင်ပြပြောဆိုပေးရန်လိုလားမှုများရှိပြီး ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူလူထုအပေါ်တစ်စုံတစ်ရာ ထောက်ပ့ံပေးနိုင်ခြင်းမရှိဘဲ ၎င်းတို့အဖွဲ့ကောင်းစားရေးကိုသာ ဦးစားပေးလုပ်ဆောင်နေသည့် RCSS/SSA အဖွဲ့အပေါ် ရွံ့ရှာကြောက်ရွံ့လျက်ရှိကြောင်း သိရှိရပါတယ်။
ပြီးခဲ့သည့် ၁၈-၅-၂၀၂၀ ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာရှိ နေအိမ် ၃၀ ထံမှ ဆက်ကြေးငွေကောက်ခံသူများအနက် RCSS/SSA အဖွဲ့မှ စိုင်းလုံနွန်း၊ စိုင်းအွမ်၊ နန်းရှဲန်ခမ်း၊ စိုင်းရီတစ်နှင့် ထွက်ပြေးတိမ်းရှောင်နေသူ စိုင်းယွန်း (ခ) သြတ နှင့် ယွန်းလျှန်း (ခ) စိုင်းနော့ တို့အား ၎င်းနေ့တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Laukkaing Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laukkaing Thar:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share