I'm not okay

I'm not okay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I'm not okay, Gaming Video Creator, .

12/12/2020
ကျမတို့မိန်းမသား တိုင်းမှာရှိတယ် 💜ချစ်ပါတယ်လို့အဖြေစပေးလိုက်ကတည်းကတစ်ဘ၀စာတွက်ရည်ရွယ်ထားတယ်ဆိုတဲ့စိတ်ကကျမတို့မိန်းမ တိုင်...
21/06/2020

ကျမတို့မိန်းမသား တိုင်းမှာရှိတယ် 💜

ချစ်ပါတယ်လို့အဖြေစပေးလိုက်ကတည်းက
တစ်ဘ၀စာတွက်ရည်ရွယ်ထားတယ်ဆိုတဲ့စိတ်က
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛

အချိန်တွေကြာလာရင်
အိမ်ကလူကြီးတွေအသိပေးပြီးတွဲပြချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛

အိမ်မှူကိစ္စတွေမတတ်မြောက်ပေမယ့်
ချစ်ရတဲ့သူတွက် လုပ်ပေးနိုင်ချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛

ကိုချစ်တဲ့သူရဲ့ဂရုစိုက်ပြမှုကိုလိုချင်တဲ့စိတ်
ကျမတို့မိန်းမ တိုင်းမှာရှိတယ် 💛

စိတ်ရမ်းညစ်လို့အားငယ်တဲ့အချိန်
ချစ်သူဆီကအားပေးစကားတွေကြားချင်တဲ့စိတ်
ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 💛

အသက်ကသာကြီး နေပေမယ့် ချစ်သူအပေါ်
ကလေးတစ်ယောက်လို ရစ်ပြီး ဂျီကျ ချင်တဲ့စိတ်
ကျမတို့ မိန်းမ တိုင်းမှာရှိတယ် 💛

တစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ချင်တဲ့စိတ်
ကျမတို့မိန်းမတိုင်းမှာ ရှိတယ် 💛

( ဘယ်မိန်းကလေးမှ ကိုယ့်ချစ်ရတဲ့သူဆီက လမ်းခွဲစကားမကြားချင်ပါဖူး )

ကိုယ်သိပ်ချစ်ရတဲ့ သူနဲ့ပဲ
အနာဂတ်ကို အိုမင်းသွားတဲ့အထိ
အတူတကွ လက်တွဲသွားချင်နေကြတာပါပဲ။💛💏

ဒီလိုအတွေးတွေနဲ့ရှိနေတဲ့စိတ်ဟာ
တဂရ် ချစ်တတ်တဲ့မိန်းမသားတွေ ဆီမှာပဲ
အမြဲရှိတတ်ကြတာပါ။

26/05/2020

ဝန်ခံလိုက် 😉

ဘာအကြောင့်ကြောင့်ဖြစ်စေကိုယ်တ်ို့ လမ်းခွဲလို့ မဖြစ်ဘူး။တစ်ခါတစ်ခါ လစ်ဟင်းမှုတွေရှိခဲ့ပေမယ့်တစ်ခါတစ်ခါတော့လည်း ပျော်စရာတွ...
20/05/2020

ဘာအကြောင့်ကြောင့်ဖြစ်စေ
ကိုယ်တ်ို့ လမ်းခွဲလို့ မဖြစ်ဘူး။

တစ်ခါတစ်ခါ လစ်ဟင်းမှုတွေရှိခဲ့ပေမယ့်
တစ်ခါတစ်ခါတော့လည်း ပျော်စရာတွေရှိခဲ့တယ်။

စိတ်ဆိုးစိတ်ကောက် ပြဿနာတတ်ရမှာက
ချစ်သူတွေရဲ့ သဘောသဘာဝပါပဲ။
ဒါ မင်းလည်းသိ ကိုယ်လည်းသိ။

တစ်ယောက်တည်းတောင်
ကိုယ့်စိတ်နဲ့ကိုယ် အလိုမကျတဲ့
အခါတွေတောင် ရှိခဲ့ဖူးတာပဲ။

ချစ်သူတွေဆိုတာက ခန္ဓာကိုယ်နှစ်ခုကို
စိတ်တစ်ထပ်တည်း ဖြစ်အောင်
အလျော့ပေးတဲ့အခါပေး၊နွေးထွေးတဲ့အခါနွေးထွေးပေး၊

ဂရုစိုက်ပေး၊ သဝန်တိုရမဲ့ နေရာမှာ
စိတ်ကောက်စိတ်ဆိုးပေး ရတာပဲလေ။

စိတ်ကုန်တဲ့ အခါတွေလည်း ရှိမှာပဲ၊
စိတ်ပျက်ရတဲ့ အခါတွေလည်း ရှိမှာပဲ၊
နားလည်မှုတွေ လွဲတဲ့အခါလည်း ရှိမှာပဲ။

ဒါတွေ ပြေလည်သွားရင်လည်း
ပြန်ပြီး ချစ်ခင်တွယ်တာ ရအုံးမှာပဲ။

ရောင်နီ တစ်လှည့်၊ အမှောင် တစ်ထွေ
တစ်နေ့တစ်နေ့၊ တစ်ရက်တစ်ရက်တောင် မတူနိုင်တာ
စိတ်ဆိုးစိတ်ကောက်ပြီးရင်လည်း ပြန်သင့်မြတ်မှာပဲလေ။

ဒီအတွက်
ဘာအကြောင့်ကြောင့်ဖြစ်စေ၊
ဘယ်သူကြောင့်ဖြစ်စေ၊
ဘယ်သူတွေရဲ့ စကားလုံးတွေကြောင့်ဖြစ်စေ
ကိုယ်တို့လက်တွဲဖြုတ်ဖို့ မတွေးပါနက်။

အကယ်၍များ
စဉ်းစားစရာတွေ ဖြစ်လာရင်

ဟိုးးး အတိတ်က
ကိုယ်တို့ တည်ဆောက်ထားတဲ့
သံယောဇဉ်ကို ပြန်ငဲ့ကွက်ပေးဖို့ တောင်းဆိုပါတယ်😕😕

သိက္ခာရှိအောင်နေမေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ်။တန်ဖိုးရှိအောင်နေ ၊ တန်ဖိုးမသိတဲ့သူတွေသူဘာသာ ထွက်သွားလိမ့်မယ်။...
27/04/2020

သိက္ခာရှိအောင်နေ

မေတ္တာရှိတဲ့သူတွေ
မင်းဘဝထဲရောက်လာလိမ့်မယ်။

တန်ဖိုးရှိအောင်နေ ၊

တန်ဖိုးမသိတဲ့သူတွေ
သူဘာသာ ထွက်သွားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်

ရိုးသားခြင်းထက်ပိုပြီး
ချစ်မြတ်နိုးဖို့ကောင်းတဲ့အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေး

ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံ
နောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

#အရှင်ဇဝန(ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတျတောသာထားလိုကပြါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပျ အလုပျဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

Credit to Original Writer

တစ်ယောက်ထဲလည်း  ပြုံးပြုံးလေးပါပဲ________________________________ကိုယ့်ကိုကိုယ် ……~  မျက်ရည် မကျမိအောင် မာန်တင်းခဲ့ဖူးတယ...
26/04/2020

တစ်ယောက်ထဲလည်း ပြုံးပြုံးလေးပါပဲ
________________________________

ကိုယ့်ကိုကိုယ် ……

~ မျက်ရည် မကျမိအောင် မာန်တင်းခဲ့ဖူးတယ်

~ ပြိုလဲကျ မသွားအောင် ရှုန်းကန်ခဲ့ဖူးတယ်

~ ခါးသီးမှုဒဏ်တွေကိုကျိတ်မှိတ် ခုခံခဲ့တယ်

~ တိုက်ခိုက်မှုတွေကို အံတုခဲ့ရတယ်

~ ပျော်စရာတွေလည်း ရှာကြံယူခဲ့တယ်

~ ဝမ်းနည်းချိန်လည်း အားပေးခဲ့ဖူးတယ်

~ လဲပြိုချိန်လည်း ရှုန်းထခဲ့့ရတယ်

စိတ်ဆင်းရဲမှုဒဏ် တွေကိုလည်း ကြံကြံခံ ရင်ဆိုင်ခဲ့တယ်။
………………………………

ဘဝဆိုတာ ဒီလိုပါပဲ …

ကိုယ်လိုချင်တဲ့ပုံစံနဲ့ ရလာဒ်တွေ မတူညီနိုင်သလို
ကိုယ်ဖြစ်ချင်တဲ့ အခြေအနေနဲ့ လက်ခံလိုက်ရတဲ့
အခြေအနေ တစ်ထပ်ထဲ ကျဖို့က ခဲယဉ်းလွန်းပါတယ် ။

မျှော်လင့်တာနဲ့ ဖြစ်လာတာ ကွာခြားချက်ဆိုတာတော့
အနည်းနဲ့ အများကြုံရတာ သဘာဝလေ ။

ပိုင်ဆိုင်ခြင်လည်း စွန့်လွှတ်ခဲ့တာတွေ ရှိခဲ့သလို
မလိုချင်ပဲ လက်ခံခဲ့တာတွေလည်း ကြုံခဲ့ရတယ် ။

လောကကြီးရဲ့ သဘာဝကိုက အဆိုးနဲ့အကောင်းအမြဲ
ဒွန်တွဲနေပါလားလို့ သိလာချိန်
အရာရာကို နေသားတကျ ရင်ဆိုင်တတ်လာပါပြီ ။

…………………………

တစ်ချိန်ကဆိုရင် …

ကိုယ့်အနားမှာ အားပေးဖော်ရှိမှ ဖြစ်မယ်ဆိုတဲ့
သိမ်ငယ်စိတ်တွေ .

ကိုယ်မြတ်နိုးတန်ဖိုးထားသူကို မရှိမဖြစ် အနီးဆုံးလူဆိုတဲ့
ရူးနှမ်းနှမ်း အတွေးတွေ .

လူတစ်ယောက်ကို ကိုယ့်အတွက် အားကိုးရာအဖြင့်
တရားသေ သတ်မှတ်ခဲ့မိတာတွေ .

ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို
ကိုယ့်ကိုယ်ကိုထက် ပိုယုံကြည်မိတာတွေ .

ကိုယ့်ကို ဂရုစိုက်နိုင်ဆုံး လူအဖြင့် လေးစားတန်ဖိုးထားခဲ့
ရတာတွေ စသည်ဖြင့်
ကိုယ့်ရဲ့စိတ်ကို ကိုယ်ကိုယ်တိုင်လှည့်စားမိခဲ့တယ် ။

…………………

ဘဝမှာ တန်ဖိုးထားရသူတွေကလည်း…

ပုံစံမမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားချိန်
ကျန်နေခဲ့တာ ကိုယ်ပါ .

လောကကြီးကို တစ်ယောက်ထဲရင်မဆိုင်နိုင်ဘူး
ထင်ခဲ့ပေမဲ့ …

တစ်ယောက်ထဲ ကျန်ခဲ့ ချိန်မှာတော့
ကိုယ့်မျက်ရည်ကို ကိုယ်တိုင်သုပ်တတ်လာတယ် ။

ကိုယ့်နာကျင်မှုဒဏ် ကိုယ်သာခံရတာပဲ ဆိုတာ
သိလာတယ် ။

ကိုယ့်သောကကို ကိုယ့်အပြင် ဘယ်သူမှ
ပိုမသိနိုင်ကြောင်းပါ သိလာတယ် ။

ကိုယ့်ဝေဒနာ ကိုယ့်အပြင်ဘယ်သူမှ
အစားဝင်ခံစားပေးလို့ မရကြောင်းတွေ
ကိုယ့်အခဲအခက် ကိုယ်သာ ဖြေရှင်းရကြောင်းတွေကိုလည်း ပိုသိလာရတယ်
ရင်ဆိုင်တတ်လာပါတယ် ။

……………………………

တဖြေးဖြေးနဲ့ သိလာခဲ့တာက

လောကကြီးထဲမှာ ကိုယ့်အခက်အခဲကို ရှင်းခဲ့ရတဲ့
ကိုယ်သာလျှင် အားကိုးထိုက်သူ

ကိုယ့်မျက်ရည်ကို သုပ်ပေးခဲ့တဲ့ ကိုယ်သာလျှင်
ချစ်စရာအကောင်းဆုံးသူ

လဲပြိုချိန်မှာ ရှုန်းထခဲ့တဲ့ကိုယ်သာလျှင်
ကိုယ်သာ လေးစားထိုက်သူ

အားငယ်ချိန်မှာ အားပေးခဲ့ရတဲ့ ကိုယ်ကသာလျှင်
ချစ်စရာ အကောင်းဆုံးသူ

ခါးသီးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကိုယ်သာလျှင်
အတော်ဆုံးသူ ဆိုတာတွေကို သိမြင်လာခဲ့ပါတယ် ။

…………………………………

တကယ်တမ်း လောကကြီးထဲမှာ
တစ်ယောက်ထဲ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေက
ဟာသတွေပါ ။

ကိုယ့်ဘဝ ကိုယ်တိုင် ဖန်တီးမှ ပိုပြီး အဓိပါယ်ပြည့်စုံ
တယ်ဆိုတာ သိလာပြီးနောက်
အနားမှာ ဘယ်သူမှ မရှိလည်း တစ်ယောက်ထဲ
နေတတ်လာပါပြီ ။

ဘာကြောင့်လည်း
ကိုယ်သာလျှင် ကိုယ့်အတွက် အဖော်မွန်စစ်စစ်ဖြစ်ပြီး
ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရတဲ့ လောကကြီးရဲ့ နိယာမကို
ရှောင်လွှဲမရသလို
ငြင်းဆန်ခွင့်လည်း မရှိဘူးဆိုတာ
ကိုယ်တိုင်သိမြင် ကြုံတွေ့ခဲ့ပြီးပြီနောက်
တစ်ယောက်ထဲလည်း ပြုံးပြုံးလေးပါပဲ ။


Credit. May Noe

Unicode

တစ်ယောက်ထဲလည်း ပြုံးပြုံးလေးပါပဲ
________________________________

ကိုယ့်ကိုကိုယ် ……

~ မျက်ရည် မကျမိအောင် မာန်တင်းခဲ့ဖူးတယ်

~ ပြိုလဲကျ မသွားအောင် ရှုန်းကန်ခဲ့ဖူးတယ်

~ ခါးသီးမှုဒဏ်တွေကိုကျိတ်မှိတ် ခုခံခဲ့တယ်

~ တိုက်ခိုက်မှုတွေကို အံတုခဲ့ရတယ်

~ ပျော်စရာတွေလည်း ရှာကြံယူခဲ့တယ်

~ ဝမ်းနည်းချိန်လည်း အားပေးခဲ့ဖူးတယ်

~ လဲပြိုချိန်လည်း ရှုန်းထခဲ့့ရတယ်

စိတ်ဆင်းရဲမှုဒဏ် တွေကိုလည်း ကြံကြံခံ ရင်ဆိုင်ခဲ့တယ်။
………………………………

ဘဝဆိုတာ ဒီလိုပါပဲ …

ကိုယ်လိုချင်တဲ့ပုံစံနဲ့ ရလာဒ်တွေ မတူညီနိုင်သလို
ကိုယ်ဖြစ်ချင်တဲ့ အခြေအနေနဲ့ လက်ခံလိုက်ရတဲ့
အခြေအနေ တစ်ထပ်ထဲ ကျဖို့က ခဲယဉ်းလွန်းပါတယ် ။

မျှော်လင့်တာနဲ့ ဖြစ်လာတာ ကွာခြားချက်ဆိုတာတော့
အနည်းနဲ့ အများကြုံရတာ သဘာဝလေ ။

ပိုင်ဆိုင်ခြင်လည်း စွန့်လွှတ်ခဲ့တာတွေ ရှိခဲ့သလို
မလိုချင်ပဲ လက်ခံခဲ့တာတွေလည်း ကြုံခဲ့ရတယ် ။

လောကကြီးရဲ့ သဘာဝကိုက အဆိုးနဲ့အကောင်းအမြဲ
ဒွန်တွဲနေပါလားလို့ သိလာချိန်
အရာရာကို နေသားတကျ ရင်ဆိုင်တတ်လာပါပြီ ။

…………………………

တစ်ချိန်ကဆိုရင် …

ကိုယ့်အနားမှာ အားပေးဖော်ရှိမှ ဖြစ်မယ်ဆိုတဲ့
သိမ်ငယ်စိတ်တွေ .

ကိုယ်မြတ်နိုးတန်ဖိုးထားသူကို မရှိမဖြစ် အနီးဆုံးလူဆိုတဲ့
ရူးနှမ်းနှမ်း အတွေးတွေ .

လူတစ်ယောက်ကို ကိုယ့်အတွက် အားကိုးရာအဖြင့်
တရားသေ သတ်မှတ်ခဲ့မိတာတွေ .

ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို
ကိုယ့်ကိုယ်ကိုထက် ပိုယုံကြည်မိတာတွေ .

ကိုယ့်ကို ဂရုစိုက်နိုင်ဆုံး လူအဖြင့် လေးစားတန်ဖိုးထားခဲ့
ရတာတွေ စသည်ဖြင့်
ကိုယ့်ရဲ့စိတ်ကို ကိုယ်ကိုယ်တိုင်လှည့်စားမိခဲ့တယ် ။

…………………

ဘဝမှာ တန်ဖိုးထားရသူတွေကလည်း…

ပုံစံမမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားချိန်
ကျန်နေခဲ့တာ ကိုယ်ပါ .

လောကကြီးကို တစ်ယောက်ထဲရင်မဆိုင်နိုင်ဘူး
ထင်ခဲ့ပေမဲ့ …

တစ်ယောက်ထဲ ကျန်ခဲ့ ချိန်မှာတော့
ကိုယ့်မျက်ရည်ကို ကိုယ်တိုင်သုပ်တတ်လာတယ် ။

ကိုယ့်နာကျင်မှုဒဏ် ကိုယ်သာခံရတာပဲ ဆိုတာ
သိလာတယ် ။

ကိုယ့်သောကကို ကိုယ့်အပြင် ဘယ်သူမှ
ပိုမသိနိုင်ကြောင်းပါ သိလာတယ် ။

ကိုယ့်ဝေဒနာ ကိုယ့်အပြင်ဘယ်သူမှ
အစားဝင်ခံစားပေးလို့ မရကြောင်းတွေ
ကိုယ့်အခဲအခက် ကိုယ်သာ ဖြေရှင်းရကြောင်းတွေကိုလည်း ပိုသိလာရတယ်
ရင်ဆိုင်တတ်လာပါတယ် ။

……………………………

တဖြေးဖြေးနဲ့ သိလာခဲ့တာက

လောကကြီးထဲမှာ ကိုယ့်အခက်အခဲကို ရှင်းခဲ့ရတဲ့
ကိုယ်သာလျှင် အားကိုးထိုက်သူ

ကိုယ့်မျက်ရည်ကို သုပ်ပေးခဲ့တဲ့ ကိုယ်သာလျှင်
ချစ်စရာအကောင်းဆုံးသူ

လဲပြိုချိန်မှာ ရှုန်းထခဲ့တဲ့ကိုယ်သာလျှင်
ကိုယ်သာ လေးစားထိုက်သူ

အားငယ်ချိန်မှာ အားပေးခဲ့ရတဲ့ ကိုယ်ကသာလျှင်
ချစ်စရာ အကောင်းဆုံးသူ

ခါးသီးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကိုယ်သာလျှင်
အတော်ဆုံးသူ ဆိုတာတွေကို သိမြင်လာခဲ့ပါတယ် ။

…………………………………

တကယ်တမ်း လောကကြီးထဲမှာ
တစ်ယောက်ထဲ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေက
ဟာသတွေပါ ။

ကိုယ့်ဘဝ ကိုယ်တိုင် ဖန်တီးမှ ပိုပြီး အဓိပါယ်ပြည့်စုံ
တယ်ဆိုတာ သိလာပြီးနောက်
အနားမှာ ဘယ်သူမှ မရှိလည်း တစ်ယောက်ထဲ
နေတတ်လာပါပြီ ။

ဘာကြောင့်လည်း
ကိုယ်သာလျှင် ကိုယ့်အတွက် အဖော်မွန်စစ်စစ်ဖြစ်ပြီး
ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရတဲ့ လောကကြီးရဲ့ နိယာမကို
ရှောင်လွှဲမရသလို
ငြင်းဆန်ခွင့်လည်း မရှိဘူးဆိုတာ
ကိုယ်တိုင်သိမြင် ကြုံတွေ့ခဲ့ပြီးပြီနောက်
တစ်ယောက်ထဲလည်း ပြုံးပြုံးလေးပါပဲ ။


Credit. May Noe

26/04/2020

နှလုံးသားလေး နေပြန်ကောင်းဖို့
ဆရာဝန်ဆီ
သွားပြလို့ရရင်ကောင်းမယ်
N3!

24/04/2020

ရည်းစားရသွားရင်လည်း
ငြိမ်ငြိမ်နေကျပါ မကြွားကျပါနဲ့ 😕

နင်တို့ရပေမဲ့ ငါတို့မရသေးဘူး
စာနာကြပါ :"(🙂

Crd

"မခေါ်ချင်ဘူး" ဆိုမှတော့...မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါနဲ့တော့။မပြောချင်ဘူး ဆိုမှတော့...အတင်းကြီး သွားနှုတ်ဆက်မနေ...
23/04/2020

"မခေါ်ချင်ဘူး" ဆိုမှတော့...
မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါ
နဲ့တော့။

မပြောချင်ဘူး ဆိုမှတော့...
အတင်းကြီး သွားနှုတ်ဆက်မနေပါနဲ့
တော့။

မဆက်ဆံချင်ဘူး ဆိုမှတော့...
ဇွတ်သွားမပတ်သက်ပါနဲ့တော့။

မချစ်ချင်ဘူး ဆိုမှတော့...
မာနကိုခဝါချပြီး တွယ်ကပ်မနေပါနဲ့
တော့။

မသိချင်ဘူး ဆိုမှတော့...
စိတ်ရော ကိုယ်ပါအပင်ပန်းခံပြီး ရှင်းပြ
မနေပါနဲ့တော့။

တစ်ခါတစ်လေ ကိုယ့်ကိုမလိုအပ်တော့
တဲ့သူဆီကနေ ပြတ်ပြတ်သားသား
ထွက်လာနိုင်ခဲ့တာ လောကရဲ့ပြောင်းလဲ
တတ်တဲ့နိယာမတရားကို ဆင်ခြင်နှလုံး
သွင်းနိုင်သွားသလို တဖက်သားရဲ့ ဆုံး
ဖြတ်ချက်ကို လေးစားလိုက်နာရာလည်း
ရောက်ပါတယ်။ဒီထက်ပိုအရေးပါတဲ့
အချက်ကတော့ ကိုယ့်သိက္ခာကိုကိုယ်
တန်ဖိုးထားပြီးသားလည်း ဖြစ်တာပေါ့။

မနောဖြူ

" ပုံရိပ် "" ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ..၊မင်းပုံရိပ်ကို မထိခိုက်အောင်တော့ နေရမှာပဲ " တဲ့။ကြည့်ဖူးတဲ့ တရုတ်ဇာတ်လမ်းတွ...
22/04/2020

" ပုံရိပ် "

" ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ..၊
မင်းပုံရိပ်ကို မထိခိုက်အောင်တော့ နေရမှာပဲ " တဲ့။

ကြည့်ဖူးတဲ့ တရုတ်ဇာတ်လမ်းတွဲ တစ်ခုထဲက စကားလေးပါ။

ဒီစကားလေးဟာ သိပ်မှန်တယ်။
ကိုယ်ဟာ ခံစားချက်နဲ့လူတစ်ယောက်ပဲမို့ တစ်ခါတစ်ရံ စိတ်အဆင်မပြေမှုတွေ ကြုံရတဲ့အခါ ရှိမှာပဲ။
ဒါပေမယ့် ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ပုံရိပ်ကိုတော့ ဆက်ထိန်းထားရမယ်။

ဆရာအောင်သင်းကလည်း ပြောတယ်။
" စိတ်ပျက်လက်ပျက် ဆိုတာမျိုး မလုပ်ရဘူး ၊ စိတ်ပျက်ရင်တောင် လက်ကတော့ မပျက်စေနဲ့ " တဲ့။

ကိုယ့်မှာ ဘယ်လို အဆင်မပြေမှုတွေပဲ ရှိနေပါစေ၊
ကိုယ် လုပ်ရမယ့်အလုပ်တွေတော့ မပျက်စေဘဲ ဆက်လုပ်နေရမှာပဲ။

ကိုယ့်စကား၊ ကိုယ့်အပြုအမူတွေ .. ကိုယ့်လုပ်ရပ်တွေတိုင်းမှာ ကိုယ့်ပုံရိပ်တွေ ထင်နေမှာပဲ။

စိတ်မကြည်လို့ ဆိုပြီး ကိုယ်အမှားတွေ လျှောက်မလုပ်ရဘူး။
ပင်ပန်းလို့ဆိုပြီး ကိုယ့်အားထုတ်မှုတွေ မလျှော့ရဘူး။
စိတ်ညစ်လို့ဆိုပြီး ပြဿနာမရှာရဘူး။

ကိုယ်ဟာ ဘယ်လိုလူလဲ...။
ကိုယ်ဟာ ဒီပုံရိပ်လေးထင်နေနိုင်ဖို့ အချိန်တွေအများကြီး၊ ထိန်းသိမ်းမှုတွေအများကြီး၊ ပေးဆပ်မှုတွေနဲ့ ရင်းနှီးထားခဲ့ရတယ်။
ဒီလို တည်ဆောက်ခဲ့ရတယ်။

ကိုယ် စိတ်အဆင်မပြေတာ တစ်ခုလေးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးကျသွားအောင် မလုပ်သင့်ဘူး။
အဆင်မပြေတာလေးတစ်ခုအတွက်နဲ့ နောက်ဆုတ်အရှုံးမပေးလိုက်ရဘူး။
ကိုယ့်ပုံရိပ်ကို ကိုယ့်လုပ်ရပ်တစ်ခုအတွက်နဲ့ မထိခိုက်စေသင့်ဘူး။

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မင်းပုံရိပ်ကို ဆက်ထိန်းထားနိုင်ရမယ်။
အဆင်မပြေမှုတွေ ၊ အခက်အခဲတွေ ၊ ပင်ပန်းတာတွေကို အကြောင်းမပြရဘူး။

ဘာပဲဖြစ်ဖြစ် မင်းပုံရိပ်ကို မထိခိုက်အောင် ထိန်းထားဖို့တာဝန်က မင်းမှာ ရှိကိုရှိတယ်...။

ပင်ပျို ( မြန်မာစာ )

ူလုုငယ်တွေဖတ်ဖို့ အချစ်စာပေအရမ်းကောင်းတယ်🌻တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်မေတ္တာကိုရော🌻🌻ကိုယ့်ဘဝကိုပါ~~ တန်ဖိုးထားမြတ်နိုးတဲ့သူ...
22/04/2020

ူလုုငယ်တွေဖတ်ဖို့ အချစ်စာပေ
အရမ်းကောင်းတယ်
🌻တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်မေတ္တာကိုရော🌻
🌻ကိုယ့်ဘဝကိုပါ~~ တန်ဖိုးထားမြတ်နိုးတဲ့သူပါ🌻👌👌👌👌👌👌👌👌👌👌👌👌👌👌👌👌

✍️တစ် ခု ခု ဆို ရင်
အရမ်း အလေးအနက်ထားတက်တယ်
အရမ်း အစွဲအလမ်းကြီးတက်ကြတယ်
နောက်ဆုံ အဲ့လိုသူတွေ ပိုခံစားရတာပဲ။

✍️ချစ်မိသွားပြီးဆိုတာနဲ့
သိပ် ဂရုစိုက်တက်တာ
သိပ်ပြီးတော့ သစ္စာကြီးမားတာ
နောက်ဆုံးကျ အဲ့လိုသူတွေ အသည်းကွဲရတာပဲ။

✍️သနားလာအာင်ပြောလိုတ်တာနဲ့
အားနာလွယ် အယုံလွယ်တက်တယ်
နောက်ဆုံး အဲ့လိုသူတွေ အလိမ်ညာခံရပြီး
နောက်ကျော ဓားနဲ့ ထိုးခံရတော့တာပဲ~။

✍️လူတစ်ချို့ ကိုယ့်ဘဝထဲဝင်လာတယ်ဆိုတာ
လိုသလို ခြယ်လှယ် အသုံးချဖို့အတွက်နဲ့~~~
ဒဏ် ရာ တွေ ပေး သွား ဖို့ သက် သက် ပဲ။

✍️လူတစ်ချို့ ကိုယ်နားကထွက်သွားတယ်ဆိုတာ
ကိုယ်က ထပ်ပြီးမပေးဆပ်နိုင်တော့လို့ ဖြစ်နိင်သလို
သူတို့လိုချင်းတဲ့အရာ ကိုယ့်မှာမရှိတော့လိုလည်း~
ဖြစ် နိုင် တယ်။

✍️လိုအပ်မှ လူတွေလာပတ်သတ်တယ်လိုတော့
တစ်ဖတ်သတ် မစွပ်စွဲချင်းပါဘူး ဒါပေမယ့်~~~
မလိုအပ်တော့ရင်တော့ စွန့်ပစ်သွားကြတာပါပဲ။

✍️တစ်ချို့လူတွေနဲ့က
တွေ့ဆုံးခင်မင်ခါစမှာတော့
နှစ်သက် ဝမ်းမြောက်ဖို့ ကောင်းပေမယ့်
အချိန်ကြာပြီး အကျွမ်းဝင်ရင်းနှီးလာတာနဲ့အမျှ
စိတ်ရှုပ် စိတ်ပျတ် စိတ်ညစ်ဖို့ကောင်းသလို
ဘဝအတွက်လဲ အနှောက်အယှတ်ဖြစ်လာတယ်။

✍️တစ်ချို့လူတွေက
နာကျင်ကြေကွဲစရာတွေနဲ့
ဝမ်းနည်း ပတ်လက် လမ်းခွဲလိုတ်ရပေမယ့်
နေသားတကျ ရှိလာတဲ့အခါမှာတော့
ကိုယ့်ရဲ့ နေ့ရက်တွေဟာ ပိုပျော်ရွှင်လာပြီး
ကိုယ့်ဘဝဟာ ပိုလွတ်လပ်လာမှန် သိလာတယ်။

✍️လော က မှာ
ဒါဟာလူဆိုး ဒါဟာလူကောင်း
ဒါဟာလူတော် ဒါဟာလူညံ့
ဒါဟာလူမြတ် ဒါဟာလူယုတ်ဆိုပြီးတော့
သတ်မှတ်တိုင်းတာတဲ့ ခေတ်မှီစက်ပစ္စည်းမရှိသလို
သင်္ချာလိုလည်း ပုံသေနည်းနဲ့ တွက်လို့ မရဘူး
သိပ္ပံလိုလည်း လက်တွေ့ကျတဲ့ သီအိုရီတွေမရှိဘူး။

✍️လူတစ်ချို့ရဲ့ အချစ်ဆိုတာ
လူတစ်ချို့ရဲ့ စိတ် ဆို တာ
တစ်ခါတလေ မြစ်တွေလို ကောက်ကွေ့တယ်
တစ်ခါတလေ ပင်လယ်လို မာယာများတယ်
တစ်ခါတလေ တိမ်တွေလို ပြယ်လွင့်လွယ်တယ်
တစ်ခါတလေ ရောင်စုံ စလိုတ်မီးတွေလို
အပြောင်း အလဲ မြန်တယ် တစ်ခါတလေ
မျက်လှည့်ကြည်ရသလို အသိရလဲခက်တယ်။

✍️လိုအပ်နေတဲ့အချိန်မှာ
အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်လာပေမယ့်
မလိုအပ်တော့ဘူးဆိုရင်တော့
အကြောင်းအမျိးမျိုးပြပြီး ရှောင်ထွက်သွားကြတယ်။

✍️မမြင်ချင်တော့တဲ့သူကို
ငါဒီမှာပါလို့ မ ပြ ပါ နဲ့
မကြားချင်းတော့တဲ့သူကို
ငါပြောတာကြားလား မမေးပါနဲ့။

✍️မနေချင်တော့တဲ့သူကို
ခနလေးပါဆိုပြီး မတားပါနဲ့
မတွေ့ချင်တော့တဲ့သူကို~
ဘယ်နေ့အားလဲ မချိန်းဆိုပါနဲ့
မချစ်ချင်တော့တဲ့ သူကို
မင်းအချစ်တွေ သွားချပြမနေပါနဲ့တော့။

✍️ချစ်ခြင်းမေတ္တာဟာ စိမ်းပြီးဆိုရင်
အလိုလိုနေရင် သူစိမ်းတွေဖြစ်သွားတာပါပဲ။

✍️နှလုံးသားချင်း ဝေးသွားပြီးဆိုရင်
အလိုလိုနေရင် ကမ္ဘာခြားသွားတာပါပဲ။

✍️ကိုယ့်တန်ဖိုး နားမလည်တဲ့သူတွေကို
တယုတယ ဖတ်တွယ်ထားနေမဲ့အစား
ပြတ်သားစွာ စွန့်လွှတ်လိုတ်ခြင်းက
ဝေဒနာတွေကို ပိုပြီး သက်သာစေပါတယ်။

✍️ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုတာ
မျက်ရည်ကျအောင် ခနခန မလုပ်ပါဘူး။

✍️ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုတာ
ဘယ်နည်းနဲ့မှ ကိုယ်နားက ထွက်မသွားပါဘူး။

✍️ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုတာ
ကိုယ့်မေတ္တာကိုရော ကိုယ့်ဘဝကိုပါ
အသက်ထက် မြတ်နိုးတန်ဖိုးထားတဲ့သူပါ။
Crd-အရှင်ဇဝန(ရွှေလင်းယုန်)ခင်မင်လေးစားလျှက်ပါ။

မၽွေဝသူ
Kyaw tun

😊
20/04/2020

😊

20/04/2020

🙄🙄

Active Now မီးအရောင်ကဘာလဲဟင်🤣🤣🤣
19/04/2020

Active Now မီးအရောင်ကဘာလဲဟင်🤣🤣🤣

19/04/2020

❣️

😊😊😊
19/04/2020

😊😊😊

😁😁
19/04/2020

😁😁

အရမ်းနာကျင်လာတဲ့အခါ...ဘယ်လောက်ပဲ ချစ်ချစ်အဲဒီလူကို ကြောက်လာတယ်📍ခဏ ခဏ အလိမ်ခံရတဲ့အခါ...ယုံကြည်ချက်တွေ ကင်းမဲ့လာတယ် 📍လွှတ်...
19/04/2020

အရမ်းနာကျင်လာတဲ့အခါ...
ဘယ်လောက်ပဲ ချစ်ချစ်
အဲဒီလူကို ကြောက်လာတယ်📍

ခဏ ခဏ အလိမ်ခံရတဲ့အခါ...
ယုံကြည်ချက်တွေ ကင်းမဲ့လာတယ် 📍

လွှတ်ချခဲ့ဖူးတဲ့လက်ကို လွှတ်ချလိုက်
ပြန်လည် ဖမ်းဆုပ်ကိုင်လိုက့်ပြုလုပ်ဖန်တွေ
များလာတဲ့အခါ...
နှလုံးသားက ရင်ခုန်ဖို့တောင် မေ့လျှော့ကုန်ပြီ 🎻

ကိုယ်လေ နေတတ်ခဲ့ပါပြီ ♥

ရှင်မင်းညို

18/04/2020
18/04/2020

ဟိုတယောက်ကို မေးပေးပါ🙂
ပစ်ထားရတာ ပျော်ရဲ့လား..??
ဒီကတယောက် လွမ်းလို့ ငိုနေပီ😢

#အက်မင်

🙄🙄🙄
18/04/2020

🙄🙄🙄

17/04/2020

RS တို့ရေ
မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေ
ဒီနေ့ကစပြီးအချက် (၃)ချက်ကို
သေချာလိုက်နာကြပါ
(၁)သည်းခံပေးပါ
သည်းခံပေးဆိုတာက မလိုလားအပ်တဲ့
ရန်တွေဖြစ်လာမှာဆိုးလို့ပါ
ရန်ဖစ်တယ် ဆိုရင် ဘယ်လောက်ထိပူလောင်လည်း
သိကြမှာပါ
(၂)အနားကလူကိုချစ်ပေးပါ
ကိုယ့်ကိုချစ်တဲ့ ကိုယ့်ချစ်သူကို
မကြင်နာဘူး ဂရုမစိုက်ဘူးဆိုရင်
တစ်ယောက်နဲ့တစ်ယောက်နားလည်းမှူတွေ
လွဲလာတက်ပါတယ်
(၃)ယုံကြည့်မှုရှိပါ အားပေးပါ
လူဆိုတာက အမှားတွေ လုပ်တက်ကြပါတယ်
ကိုယ်ကစဉ်းစားပါ တခြားသူတွေပြောတဲ့စကား
ကို မယုံကြည်ပါနဲ့ သူကိုချစ်တယ် ယုံကြည်တယ်ဆိုရင်ပေါ့ မှားသွားတဲ့အမှား ကို သူမှားမှန်းသိနေချိန်
သူစိတ်ဓတ်ကျနေချိန်မှာ ထားမသွားပါနဲ့ အားပေးလိုက်
😌👌။N

16/04/2020
😜
15/04/2020

😜

" ကိုယ်လုပ်ချင်တာကို လုပ်ရရင် ပျော်နိုင်မယ်လို့ ထင်ကြတယ်။ အမှန်က ကိုယ် လုပ်တာကို ကြိုက်နေမှ ပျော်နိုင်မှာပါ "ကောင်ကလေးရေ...
15/04/2020

" ကိုယ်လုပ်ချင်တာကို လုပ်ရရင် ပျော်နိုင်မယ်လို့ ထင်ကြတယ်။ အမှန်က ကိုယ် လုပ်တာကို ကြိုက်နေမှ ပျော်နိုင်မှာပါ "

ကောင်ကလေးရေ....
ထစ်ခနဲရှိ စိတ်တိုလွယ်တာ၊
ရန်ဖြစ်ပြီဆို လက်ကပါနှင့်ပြီးတာ၊
နည်းနည်းလေးမှ သည်းမခံတတ်တာ၊
အပေါင်းအသင်းတွေနဲ့ အလေလိုက်ပြီး ပျော်နေတတ်တာ ၊
ပတ်ဝန်းကျင်က မနိုင်တော့လို့ကို လက်မြှောက်ထားရတာ ..... ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ အထင်ကြီးစရာကောင်းတဲ့အရည်အချင်းတွေ မဟုတ်ဘူးနော် ။

" ကျွန်တော့်ထမင်း ကျွန်တော်စားတာပဲ ၊ ဘယ်သူ့ဂရုစိုက်နေရမှာလဲ " ဆိုတာ ခပ်ညံ့ညံ့ကောင်လေးတွေရဲ့ အတွေးပါ ကောင်ကလေးရေ။
လူဆိုတာ တာဝန်သိရတယ်။ တာဝန်ယူတတ်ရတယ်။
ကိုယ့်ထမင်းကိုယ်စားတာမှန်ပေမယ့် ကိုယ့်အတွက်နဲ့ ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး။ မိဘမျက်နှာမပျက်စေရဘူး။ ကိုယ့်ဘဝကို ပျက်စီးအောင် ဖျက်ဆီးမပစ်ရဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို မညစ်နွမ်းစေရဘူး။

ကောင်ကလေးရေ ...
ဒီအချိန်မှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ စိတ်တွေ ဗျာများနေရဦးမှာပဲ။
မဖြစ်သင့်တာမဖြစ်ရအောင် စိုးရိမ်လို့ ဆိုဆုံးမတဲ့ မိဘဆွေမျိုးတွေရဲ့စေတနာစကားတွေကိုလည်း စိတ်ရှုပ်နေမိမှာပဲ။
ရွယ်တူကောင်လေးတွေရဲ့ လွတ်လပ်မှုတွေကို အားကျနေမိမှာပဲ။
ပတ်ဝန်းကျင်က လက်လှန်ထားတဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုးအကိုကြီးတွေရဲ့ပုံစံကို သဘောကျနေမိမှာပဲ။
ဒါပေမယ့် .....
ကောင်ကလေးရေ လိမ္မာနော်။
မတော်တဆမှားယွင်းသွားတဲ့အမှားအတွက် ဘဝတစ်ခုလုံး နစ်နာသွားရတယ်ဆိုတာ မတန်ဘူးလေ။

ကောင်ကလေးရေ ......
ဆေးလိပ်တွေ လက်ကြားညှပ်နေမယ့်အစား စာအုပ်တစ်အုပ် ကိုင်ဖတ်ကြည့်ပါလား
" ကျွန်တော့်ကို ဘယ်သူကမှ အရေးမလုပ်ပါဘူး " ဆိုပြီး စိတ်မနာပါနဲ့။
စာအုပ်တွေကတော့ ကောင်ကလေးကို ကြင်နာပါလိမ့်မယ်။
ကောင်ကလေးကို နွေးထွေးစေပါလိမ့်မယ်။
ကောင်ကလေးကို ချစ်ပေးပါလိမ့်မယ်။

စာအုပ်တွေက လူကို မပြောင်းလဲစေနိုင်ပါဘူး ကောင်ကလေးရေ...
စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကသာ လူကို ပြောင်းလဲစေတာပါ။
ဒါကြောင့် စာအုပ်တွေကို အဖော်ပြုရင်း ကိုယ်လိုချင်တဲ့ဘဝမျိုးကို တည်ဆောက်ယူပါ ။

ကောင်ကလေးရေ .....
ဘဝလမ်းဟာ အမြဲတမ်းတော့ ဖြောင့်ဖြူးမနေနိုင်ဘူး။
လူတွေအားလုံးကလည်း ကိုယ့်အပေါ် မကောင်းနိုင်ဘူး။
အဆိုးတွေလည်း ကြုံရမှာပဲ။
စိတ်နာစရာတွေလည်း ကြုံရမှာပဲ။
စိတ်ဓာတ်ကျတာတွေလည်း ဖြစ်နေဦးမှာပဲ။

ဒါပေမယ့် ....
ကောင်ကလေးရေ .....
ကိုယ့်ကိုယ်ကို ချစ်ပါ။
ပတ်ဝန်းကျင်က အရောင်ဆိုးတာ မခံပါနဲ့။
လောကဓံရဲ့ ရိုက်ခတ်မှုတွေအောက်မှာ အရှုံးမပေးလိုက်ပါနဲ့။
အဆိုးတွေရဲ့နေရာမှာ ကောင်းတာတွေနဲ့ အစားထိုးလိုက်ပါ။

ခေါင်းမော့ ရင်ကော့ထားလိုက်ပါ ကောင်ကလေးရေ ....
ကြုံလာရတဲ့အခက်အခဲတွေထက် ပိုသန်မာပြလိုက်ပါ။
ဘယ်လိုအတားအဆီး၊ အခက်အခဲ ၊ မကောင်းတဲ့အရာတွေကမှ ကောင်ကလေးရဲ့စိတ် ၊ ကောင်ကလေးရဲ့ဘဝကို ထိန်းချုပ်တာ မခံပါနဲ့။

" ကောင်ကလေး ရှိနေခြင်းဟာ ဒီလောကကြီးမှာ လူကောင်းတွေရှိနေသေးပါလားလို့ လူတွေ ခံစားရတဲ့အထိ ကောင်ကလေး ကြိုးစားလိုက်ပါ။"

ဘာတွေပဲဖြစ်နေပါစေ ....
ကောင်ကလေးရဲ့ဘဝဟာ အဓိပ္ပါယ်ရှိတဲ့ အဖိုးတန်ဘဝလေး ဖြစ်နေရမယ်လေ။

ပင်ပျို ( မြန်မာစာ )

15/04/2020

🤗

15/04/2020

မိုးပြိုတာကို မကြောက်ဘူး
မင်းငိုမှာကို ကြောက်တာ..❤

မိုးပြိုတာက လူတိုင်း ခံရမှာ
မင်း ငိုတာက.ရစ်ရင် ငါပဲ ခံရမှာ.. 😒

အိမ်မှာနေကြပါ  😔
14/04/2020

အိမ်မှာနေကြပါ 😔

14/04/2020

❤️❤️❤️

14/04/2020

မဆိုင်တော့ပေမယ့်..🙂
သူ''ပျော်ရွှင်နေတာ တွေ့မိတော့...😉
ကျွန်တော်လေ အရမ်းကို ဝမ်းသာမိတာဗျ..😊

#အက်မင်

လိုချင်တာရည်းစားမဟုတ်ဘူး😊လက်တွဲဖော်😘နားလည်မှုအပြည့်ရှိပြီး တပါးသူအပေါ် စိတ်မယိုင်ဘဲ ကိုယ့်အပေါ်ယုံကြည်မှုအပြည့်ရှိတဲ့ချစ...
14/04/2020

လိုချင်တာရည်းစားမဟုတ်ဘူး😊
လက်တွဲဖော်😘
နားလည်မှုအပြည့်ရှိပြီး တပါးသူအပေါ် စိတ်မယိုင်ဘဲ
ကိုယ့်အပေါ်ယုံကြည်မှုအပြည့်ရှိတဲ့ချစ်သူမျိုး💏💏💏

Thureinヅ

14/04/2020

ညီမလေး တို့ ရေစိုပြီးလား😁😁

N

14/04/2020

လွမ်းစရာ စိတ်ပူစရာ စိုးရိမ်စရာက..😟
မင်းနဲ့တွေ့တော့မှ ဖြစ်လာတဲ့အရာပါဗျ..🙂

#အက်မင်

" ရွေးချယ်ပါ ....... မမှားပါစေနဲ့ "************************************ညက positive လူနာ၂၁ ဦး ထပ်တွေ့တယ်။စုစုပေါင်း ၆၂ ဦး...
14/04/2020

" ရွေးချယ်ပါ ....... မမှားပါစေနဲ့ "
************************************

ညက positive လူနာ၂၁ ဦး ထပ်တွေ့တယ်။

စုစုပေါင်း ၆၂ ဦး ။

ဒါဟာ သိပ်များတယ်လို့ ထင်ရပေမယ့် Local Transmission ပြည်တွင်းကူးစက်မှု စတင်ဖြစ်ပွားတဲ့ အခြေအနေမှာ ဆယ်ဂဏန်း ဆိုတာ အင်မတန်မှ နည်းပါတယ်။

ထပ်လာပါဦးမယ်။(မပြောကောင်းပေမယ့် ခံနိုင်ရည်ရှိအောင်လို့ပါ)

ဒီဗိုင်းရပ်စ်က တစ်ကမ္ဘာ လုံးမှာ
လူတစ်သိန်းနီးပါး အတိအကျ‌ ပြောရင်
၉၇၀၃၉ ဦး ကို သတ်ပြီးသွားပါပြီ။

၁၆၁၇၂၀၄ ဦးက အသက်ငင်နေတယ်။

အဓိက ကတော့
Local Transmission ကို မထိန်းချုပ်နိုင်လို့ အခုလို ဖြစ်သွားတာ။

Local Transmission ဆိုတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

Positive လူနာတွေ နဲ့ ထိတွေ့သူ အားလုံးမှာ
ဆင့်ပွားကူးစက်မှုပါ။

အိမ်ထဲမှာ နေပါဆိုတဲ့ အဓိက အကြောင်းအရင်းက ဗိုင်းရပ်စ် ပိုး ပျံ့နှံ့မှု က လူတွေကြားထဲ ရောက်နေပြီ ဆိုလိုတာက ဘယ်သူ့ကိုမှ မယုံရတော့ပါဘူး။

ဒါပေမဲ့
ကျွန်တော် တို့ နဲ့ မရဏ မင်း နဲ့ ကြားမှာ
အိမ်တံခါး တစ်ချပ် ခြားထားတယ်။

အဓိပ္ပါယ် က
ဒီဗိုင်းရပ်စ်က မတရား မလုပ်ပါဘူး။

အိမ်ထဲမှာ နေရင် အသက်ဘေးက လွတ်မယ်။

အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ မရဏမင်းက
တစ်အိမ်လုံးကို ဝါးမျိုမယ်။

အိမ်တံခါးကို မဖွင့်မချင်း ကိုယ့်မိသားစုကို ကိုယ်ပိုင်တယ်။ အိမ်တံခါးကို ဖွင့်ပြီ ဆိုတာ နဲ့ တစ်အိမ်လုံး ကို မရဏမင်း ပိုင်သွားတယ်။

ရွေးချယ်မှုကတော့
ကျွန်တော်တို့ လက်ထဲမှာပါ။

---------------
Credit.... #မင်းရသ

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးတော့ဘယ်ဟုတ်ပါ့မလဲလိုတာထက်ပိုအာရုံထားနေဖို့တော့မလိုဘူးပေါ့ကိုယ့်ကို ဝေဖန်နေသူတွေကိုဂရုမစိုက်တာ...
14/04/2020

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးတော့
ဘယ်ဟုတ်ပါ့မလဲ
လိုတာထက်ပိုအာရုံထားနေဖို့တော့မလို
ဘူးပေါ့

ကိုယ့်ကို ဝေဖန်နေသူတွေကိုဂရုမစိုက်တာတော့
ဘယ်ဟုတ်ပါ့မလဲ
ပတ်ဝန်းကျင်ဆိုတာ သူအတွေးသူ့အမြင်နဲ့
သူဥာဏ်မှီသလောက်တော့ ဝေဖန်မှာပဲလေ

ကိုယ် ကို ကိုယ်ပြန်သုံးသပ်တဲ့လိုက်တဲ့အခါ
ကိုယ့်ပိုင်တဲ့ ကိုယ့်ကျင့်သိက္ခာတွေ အတွက်
ကိုယ့်ကိုကိုယ်လိပ်ပြာသန့်နေဖို့ပဲ မို့လား

ဝေဖန်သူတွေကလည်း ဝေဖန်မှာပဲ
ကဲ့ရဲ့သူတွေကလည်း ပြစ်ချက်ရှာကဲ့ရဲ့မှာပဲ
အကောင်းမြင်ပေးသူတွေကလည်းချီးမွမ်း
စကားဆိုကျမှပဲ

လူတိုင်းကို ကိုယ့်စိတ်နဲ့လိုက်တန်းညိုဖို့တော့
ဘယ်ဟုတ်ပါ့မလဲ
သူ့သဘောသူဆောင်နေကျတာခြင်းအတူတူ
ကိုယ် ဆောင်ထားတာ ဖြူစင်ခြင်းတွေ
ဖြစ်နေဖို့ပဲလိုတာ

ဒါမို့လေ ကိုယ့်မကောင်းကြောင်းပြောခြင်းဆိုလည်း
သူမကောင်းဘူးလို့ ကိုယ်ပြန်ပြောနေမှာတော့
မဟုတ်ဘူးပေါ့

ကိုယ့်ဘက်ကသာ အမှန်တရားဖြစ်ပါစေ
လူဆိုတာ စိတ်ဓာတ်အဆင့်တန်းခြင်းတူတာသာ ကြာကြာမိတ်ဆွေဖွဲ့လို့ရတာ

လူတိုင်းကတော့ ကိုယ့်အနားရှိနေပေးမယ်
ဘယ်ဟုတ်ပါ့မလဲ
အများကြီးမဟုတ်လည်း
ကိုယ်စိတ်နဲ့ ထပ်တူကျမယ့်မိတ်ဆွေတွေ
ကိုယ့်အနားရှိနေပေးတာ

ကိုယ့်အတွက်
စစ်မှန်တဲ့ ပျော်ရွင်ခြင်းတွေဆိုတော့လေ

တချို့သော အသွင်မတူတဲ့
ပတ်ဝန်းကျင်တွေကို ဂရုမစိုက်တတ်တာ
ကိုယ်မမှားပါဘူးနော်

#ပန်းနုရောင်ပန်းကလေး

"မထုတ်ပြနဲ့"မင်းလူတစ်ယောက်ကို ချစ်မိသွားတဲ့အခါအဲ့လူကို မင်းဘယ်လောက်ချစ်ကြောင်း မထုတ်ပြပါနဲ့..........အဲ့လူကို မင်းဘယ်လော...
13/04/2020

"မထုတ်ပြနဲ့"

မင်းလူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ

အဲ့လူကို မင်းဘယ်လောက်ချစ်ကြောင်း မထုတ်ပြပါနဲ့..........

အဲ့လူကို မင်းဘယ်လောက် တန်ဖိုးထားကြောင်း မထုတ်ပြပါနဲ့......

အဲ့လူကို မင်းဘယ်လောက် ရူးသွပ်ကြောင်း မထုတ်ပြပါနဲ့..........

အဲ့လူကို မင်းဘယ်လောက် လိုအပ်ကြောင်း မထုတ်ပြပါနဲ့..........

အကယ်၍ ထုတ်ပြခဲ့မယ်ဆိုရင် မင်းထုတ်ပြလိုက်တဲ့နေ့ကစပြီး ရှုံးတာပဲ..........

သိထားဖို့ 😄😁
12/04/2020

သိထားဖို့ 😄😁

Address


Website

Alerts

Be the first to know and let us send you an email when I'm not okay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share