19/11/2023
Happy Sunday, everyone! 😊
Admin တို့ ဒီနေ့တော့ premium subscription တွေ ဝယ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဈေးနှုန်းပေါ့နော်။ ဈေးနှုန်းချိုသာဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ သက်သာတဲ့ဈေးနှုန်းနောက်မှာ စိတ်ရှုပ်စရာတွေလည်း ကပ်ပါလာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်နော်။ "If it's too good to be true, it probably is" ဆိုသလို ကာကာတို့ အညာမိသွားနိုင်ပါတယ်နော် 😅 သင့်တင့်တဲ့ဈေးနှုန်းနဲ့ စိတ်အေးအေး သုံးနိုင်ဖို့က အဓိကပါနော် 😉
ဒီနေရာမှာ Admin တို့ ထပ်ရှင်းပြချင်တာကတော့ trial တို့ crack တို့ဆိုရင် အကောင့်ပျက်တတ်ပါတယ်။ ကိုယ်ကြည့်ထားတဲ့ရုပ်ရှင်ဒေတာလေးတွေလည်း ပြန်မရဘဲ ပျက်တာမျိုး ကြုံရတတ်ပါတယ်နော်။ ဒါကြောင့် ကာကာတို့က အဲဒီလိုမျိုး သုံးမယ်လို့ စဉ်းစားထားရင် အကောင့်ပျက်/ဒေတာပျောက်တာကို သည်းခံနိုင်တယ်ဆိုမှ သုံးသင့်ပါတယ်နော် 🤔
နောက်တစ်ခုက Service ပါ။ ဝယ်ပြီးနောက်ပိုင်း Error တစ်ခုခုရှိခဲ့ရင်လည်း ဖြေရှင်းပေးနိုင်တဲ့ Seller မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ Error တက်လို့ မဖြေရှင်းဘဲ လျစ်လျူရှုထားတာမျိုးကြုံရရင် ကာကာတို့ စိတ်ညစ်စိတ်ရှုပ်ရနိုင်ပါတယ်နော်။ Customer Service ကောင်းတာလေး ရွေးထားမှ ဂရုစိုက်ခံရမှာပါနော် 😁
နောက်ဆုံးတစ်ချက်ကတော့ Seller ရဲ့ Brand ပါ။ နာမည်ကောင်းတစ်ခုနဲ့ ရပ်တည်လာတာ ကြာပြီဖြစ်တဲ့ Seller တွေက ရေရှည်သုံးမယ့်သူတွေအတွက် ပိုသင့်တော်ပါတယ်။ အရှုပ်အရှင်း ကင်းကင်းနဲ့ Brand Image ကို ထိခိုက်မယ့် အလုပ်မျိုးတွေကိုလည်း မလုပ်တာဖြစ်လို့ ဒီလို Seller တွေကဆို စိတ်ချလက်ချ ဝယ်သင့်ပါတယ်။
ဒီနေရာမှာ admin တို့ကို နည်းနည်းလေး ဂုဏ်ဖော်ခွင့်ပြုပါနော် 🥰 Admin တို့ Flix N Chill ကို စခဲ့တာ အခုဆို ၆ နှစ်ခွဲစွန်းစွန်းကျော်လာခဲ့ပါပြီ။ Since 2017 လို့ ကြွားကြွားလေး ပြောပါရစေနော်။ စခဲ့တဲ့အချိန်ကနေ အခုအထိ Customer Service ကို အကောင်းဆုံးပေးနိုင်အောင် အမြဲကြိုးစားခဲ့ပါတယ်။ ဂရုစိုက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ကာကာတို့ အဆင်မပြေမချင်း ဖြေရှင်းပေးနိုင်ဆုံးသော Admin ပါလို့ ကိုယ့်ကိုယ်ကိုယ် လက်မထောင်ပါရစေ 😎😁
နောက်ဆုံးအနေနဲ့တော့ ဟိုး 2017 ကနေ အခုအထိ အားပေးနေဆဲဖြစ်တဲ့ ကာကာရင်းချာကြီးများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကာကာအသစ်အသစ်တွေကလည်း ကာကာရင်းချာကြီးများ ဖြစ်လာတဲ့အထိ Flix N Chill နဲ့ လက်တွဲပေးကြဖို့ မျှော်လင့်နေပါတယ်နော်😊