Shwe Shan Myae

  • Home
  • Shwe Shan Myae

Shwe Shan Myae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Shan Myae, Media, .

28/11/2021

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာ(ဦး)အောင်ရှင်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာပဲ နှလုံးရောဂါနဲ့ဆုံးပါးသွားတယ်လို့ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးက ဘီဘီစီကိုအတည်ပြုပါတယ်။
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းတဲ့နေ့မှာ အကြောင်းပြချက်မဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကမှ ပြန်လည်လွတ်မြောက်ခဲ့တာပါ။
သူဟာ ထိန်းသိမ်းခံရတဲ့နေ့ကနေ ပြန်လည်လွတ်မြောက်တဲ့အထိ မင်္ဂလာဒုံ ရေကြည်အိုင်စစ်ကြောရေးမှာပဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
ထိန်းသိမ်းခံရစဉ်နဲ့လွတ်မြောက်ပြီးနောက် ကျန်းမာရေးကောင်းမွန်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါကိုခံစားရပြီးနောက် ဆုံးပါးခဲ့တာလို့ ပြောပါတယ်။
’’ ရန်ကုန်ဆေးရုံကြီးမှာလည်း ဆေးကုသမှုခံယူပါသေးတယ်။ လေးရက်လောက်ဆေးရုံ တက်လိုက်ရပါတယ်။ အဲဒီကနေ အိမ်ပြန်ရောက်ပြီး ဆက်ကုနေရင်း ဒီကနေ့ မနက် ၆နာရီခွဲလောက်မှာဆုံးပါတယ်’’ လို့ ဒေါ်ကေသွယ်မိုးကပြောပြပါတယ်။
လက်ရှိမှာနာရေးအတွက် မုံရွာမှာရှိတဲ့သားသမီးတွေကို စောင့်ဆိုင်းဖို့ရှိတာကြောင့် ၃ရက်ခန့်ရေခဲတိုက်မှာထားဖို့ရှိပြီး နာရေးကိစ္စတွေကိုလုပ်ဆောင်ကြဖို့ စီစဉ်ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၇နှစ်ရှိပြီးဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်ဟာ ဒီလှိုင်းစာစောင် ရဲ့အယ်ဒီတာချုပ်တာဝန်ကိုထမ်းဆောင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့နိုင်ငံရေးတာဝန် ၊လူထုဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေကမှတ်ချက်ပြုပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရက်စွဲသမိုင်းမှတ်တမ်းစာအုပ် ၁၉၈၈ - ၂၀၁၀ ကိုလည်း နှစ်ပေါင်းများစွာပြုစုရေးသားခဲ့သူဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ - The Irrawaddy သတင်းဌာန
ဒီသတင်းနဲ့အတူဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59386969

Address


Website

Alerts

Be the first to know and let us send you an email when Shwe Shan Myae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share