Yu Za Na ယုဇန

  • Home
  • Yu Za Na ယုဇန

Yu Za Na ယုဇန Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yu Za Na ယုဇန, TV Channel, .

31/12/2023

Lifeforce [1985]

(18 နှစ်အောက် ကြည့်ရှုရန် မသင့်တော်ပါ)
----------------------------------------

Genre – Action, Horror, Mystery
IMDB – 6.1/10

ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။

ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့ Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိ

တခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။

ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါ တခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။

ဒီလိုနဲ့ လန်ဒန်ကို ပြန်ခေါ်ဆောင်လာချိန် ရုပ်အလောင်း ၃ ခုထဲမှာအမျိုးသမီးခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး လူတွေလည်း ထူးဆန်းစွာ သေဆုံးကြတော့ SAS မှ ကာနယ်ကိန်းတစ်ယောက် စုံစမ်းဖို့ ဖြစ်လာပြီးအသက်ရှင်ကျန်ရစ်သူ ကာနယ်ကာဆန်နဲ့ ထောက်လှမ်းရာမှသာမန်လူသတ်မှုတွေမဟုတ်ပဲ ထူးဆန်းတာတွေပါဝင်လာပြီး ကြီးကျယ်နေတာကို သိလိုက်ရသောအခါ….။

အမျိုးသမီး အပေါ်ပိုင်းနှင့် မိတ်ဖက်ခြင်းကိုဇာတ်လမ်းလိုအပ်ချက်အရ မိမွေးတိုင်း ဖမွေးတိုင်းပါဝင်နေခြင်းကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါတယ်ဗျ။

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/254494153919589/permalink/279939218041749/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovie_01/257

31/12/2023

Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်း

ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကိုလိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။

သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက်ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို
သိလိုက်ရပြီးတော့

နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့...

အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ....
သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ …….

သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုးခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကိုဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/194875500269849/permalink/279825638441501/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieLinkOnly/2968

19/12/2023

Silent Night [2023] #ဇာတ်ကားသစ်

မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး
အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကိုလိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။

R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။
ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။
မင်းသားကတော့ Su***de Squad ထဲက Joel Kinnaman
ပါပဲ။

(သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များနဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/254494153919589/permalink/273996305302707/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovie_01/190

17/12/2023

Bajrangi Bhaijaan [2015]

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။

Rating ကလည်း 8.2 ရရှိထားပြီးအိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ပွဲတော်ကြီးကျင်းပချိန်ပေါ့။

ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေသည်။
ထိုအချိန်၌ပဝန်သတိထားမိသည်ကသူ့အားစိုက်ကြည့်နေသော၆နှစ်အရွယ်ကလေးမ။
ပဝန်ဟာကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။

ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ
နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။
ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံးပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။

ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိသူ့မိဘလည်းမသိပေမဲ့စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကိုသူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။

ကလေးမလေးကိုတော့မူနီလို့အမည်မှည့်ပေးခဲ့သည်။

တစ်နေ့မှာတော့ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေခဲ့ကြသည်အိန္ဒိယအမှတ်သာလျှင်မူနီလေးမှာမပျော်၍ပါကစ္စတန်နိုင်လျှင်ဝမ်းသာလျက်ရှိနေသည်။

ထိုအချိန်အခါ၌အိန္ဒိယနဲ့ပါကစ္စတန်တို့သည်
စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြချေ။

ပဝန်တို့မိသားစုတို့ကလည်းဘာသာရေးအရ
ဘုန်းကြီးမျိုးနွယ်ဝင်ဖြစ်၍မူနီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်းပဝန်ကိုတိုက်တွန်းခဲ့ကြသည်။

ပဝန်ဟာပါကစ္စတန်သံရုံးထံသွားရောက်ပို့ခဲ့သော်လည်းထိုအချိန်၌သံရုံးအားအိန္ဒိယနိုင်ငံသားတို့ဆန္ဒပြစဉ်နဲ့ကြုံတွေ့ခဲ့ရသည်။

ထိုစဉ်သံရုံးရဲ့စာရင်းသမားလေးနဲ့တွေ့ခဲ့ပြီး
မှောင်ခိုလမ်းမှပြန်ပို့ရန်ပဝန်အားအကြံပြုခဲ့သည်။
ပဝန်ဟာလည်းယုံစားမိပြီးမူနီအားချန်ထားခဲ့လေသည်။

လမ်းတစ်ဝက်မှာတော့ကစားစရာဝယ်ရင်း
မူနီအားပေးရန်ပြန်အလှည့်မှာတော့မူနီလေးရောင်းစားခံရမှန်းသိခဲ့ရသည်။

အဲ့ဒီနောက်မှာတော့ပဝန်ဟာပါကစ္စတန်သွားရောက်ပြီးမူနီ့မိဘတွေကိုရှာဖွေခန်းဖွင့်ပြီးပြန်လည်ဆုံတွေ့နိုင်စေဖို့ဆုံးဖြတ်လိုက်တော့သည်။

တကယ်တမ်းတော့ဇာတ်ကားလေးဟာအညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။

ပဝန်တစ်ယောက်ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူမူနီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကလည်းရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမကစိတ်ထားမြင်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။

ဒီဇာတ်ကားလေးမှာတော့ ပဝန်တစ်ယောက်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက်ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်
ဇာတ်ကားမျိုးပါ။

ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူ
နိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ
ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။

(အညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/820822746420076/permalink/906307261204957/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieLinkOnly/2653

https://www.facebook.com/100083977215085/posts/325954556880449/?mibextid=Nif5oz
25/11/2023

https://www.facebook.com/100083977215085/posts/325954556880449/?mibextid=Nif5oz

ဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်း
ကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိ အောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်

တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်း ဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....

တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်း ဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....

ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်း လိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်
ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိနေတယ်....

လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါ လူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...

ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..

ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေ
ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်း အများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗦𝘂𝗯𝘁𝗶𝘁𝗹𝗲𝘀 𝗠𝗼𝘃𝗶𝗲 & 𝗦𝗲𝗿𝗶𝗲𝘀 𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹

𝗜𝗻𝗱𝗶𝗮 𝗠𝗼𝘃𝗶𝗲 𝗢𝗻𝗹𝘆 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+aXbtDE-IUohhN2U9

𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+urIiCX6Tm2NjZDll

https://t.me/+CrVsndBszYU0Mjhl

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/306011615182791/permalink/381781740939111/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/+QLzLNrdD7NYyNTg9
https://t.me/MyanmarSubtitlesMovieLinkOnly/2047

24/11/2023

ဒီကနေ့ထွက်တဲ့ တမိလ်သရဲကား Demon က IMDb rating 8.9 ရထားပြီး မင်းသားနဲ့အတူ ကိုယ်ပါ သရဲအိမ်ထဲ အဖြေလိုက်ရှာမိသလိုဖြစ်တဲ့ဇာတ်ကားမျိုးမို့ Horror ပရိသတ်တွေအတွက် B-Town က စာတန်းထိုး တင်ဆက်လိုက်ပါတယ်။

ဗီဂနစ်ရှ်ဆိုတဲ့ တတ်သစ်စ ဒါရိုက်တာ လေးဟာ သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်အဖြစ် သရဲကားတစ်ကား ရိုက်ရပါတယ်။

ပထမခြေလှမ်းဟာ နောက်ထပ် လှမ်းမဲ့ ခြေလှမ်းပေါင်းများစွာအတွက် အရေးပါအခရာကျတာမို့ ဗီဂနေ့ရှ်ဟာ သူ့အလုပ်မှာသေချာအာရုံစိုက်နိုင် အောင် လူတွေစုနေတဲ့အ ဆောင်က နေဆိတ်ငြိမ်ပြီး အလုပ်ကောင်းကောင်းလုပ်လို့ရမဲ့အိမ်ရှာပြီးပြောင်းရပါ တော့တယ်။

သူပြောင်းထဲအိမ်မှာအိပ်ခန်းသုံးခန်းပါ ပြီး သရဲကား တွေရဲ့ ထုံးစံအတိုင်းအိမ်အသစ်မှာ က လေးအရိပ် တွေ့ရ၊ စန္ဒယားသံ တွေကြားရနဲ့ သရဲစခြောက်ပါ တော့တယ်။

ထူးခြားတာကသရဲတစ် ကောင်တည်းမဟုတ်ပဲ သရဲကမိသားစုလိုက်အရွယ်စုံ ဆိုဒ်စုံဖြစ် နေတာပါ။

ဗီဂနေ့ရှ်လည်း သရဲကားရိုက်တဲ့ဒါရိုက်တာပီပီ အိမ်ကဘာ တွေထူးခြား နေတာလဲ၊သရဲမိသားစုက ရော ဘယ်လိုရှိ နေတာလဲဆိုတာတွေကိုဗီဂနစ်ရှ်တစ် ယောက်တည်း ရင်ဆိုင်အဖြေရှာရင်း....

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗦𝘂𝗯𝘁𝗶𝘁𝗹𝗲𝘀 𝗠𝗼𝘃𝗶𝗲 & 𝗦𝗲𝗿𝗶𝗲𝘀 𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹

𝗜𝗻𝗱𝗶𝗮 𝗠𝗼𝘃𝗶𝗲 𝗢𝗻𝗹𝘆 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+aXbtDE-IUohhN2U9

𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+urIiCX6Tm2NjZDll

https://t.me/+CrVsndBszYU0Mjhl

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/306011615182791/permalink/381404770976808/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/IndiaActorMovieCollection/1814

24/11/2023

ဟိုဖြတ်ဒီဖြတ် မပါ Netflix official လွှင့်တဲ့
ဗီဂျေးအကြီးရဲ့ LEO (2023)HD အစစ်ရပြီ။

ကုဋေ ၆၀၀ ကျော်ဝင်ငွေနဲ့ ၂၀၂၃ အိန္ဒိယရဲ့ ဝင်ငွေ
အများဆုံးရရုပ်ရှင် စတုတ္ထနေရာမှာ ရပ်တည်နေတဲ့
ဗီဂျေးအကြီးရဲ့LEO ရုပ်ရှင် Netflix ကလွှင့်တဲ့
တခန်းမှ မဖြတ်ထားတဲ့ official HD ဗားးရှင်း
ထွက်လာပြိမို့ HD စစ်စစ် တမိလ်အော်ရဂျင်နယ်
ဗားရှင်းစောင့်နေသူတွေအတွက် B-Town က
မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယိ။

တမိလ်လူငယ်ဒါရိုက်တာ Lokesh ရဲ့ Kaithi နဲ့
Vikram ရုပ်ရှင်တွေကြည့်ပြီးနောက် ပရိသတ်တွေက
လီယိုရုပ်ရှင်ကိုလည်း LCU ရဲ့ တစိတ်တပိုင်းအနေနဲ့
အများကြီး မျှော်လင့်ခဲ့ကြပါတယ်။

LEO က ပထမပိုင်းနဲ့ ဒုတိယပိုင်း တော်တော်လေး
ကွာတယ်။ ပထမပိုင်းမှာ ဇာတ်လမ်း အချိတ်အဆက်
မိပြီး ပရိသတ်ကို connect ဖြစ်အောင် ဖမ်းစား
နိုင်ပေမဲ့ ဒုတိယပိုင်းမှာ ဇာတ်အိမ်လည်သွားပါတယ်။
LCU နဲ့ မရမက ချိတ်ဆက်ဖို့ နောက်ကြောင်းတွေ
အတင်းပြန်ရာက ဇာတ်အိကျသွားတာပါ။ ဗီလိန်
ကာရိုက်တာတွေကို တခမ်းတနား တင်ဆက်ပြလေ့
ရှိတဲ့ Lokesh ရဲ့ စတိုင်လ် LEO ရုပ်ရှင်မှာ
သိပ်မတွေ့ရတာကို အားမရဆုံးပါ။ အကြိုက်ဆုံးက
ကော်ဖီဆိုင်မှာ ဗီဂျေးနဲ့ ဓါးမြငါးကောင် အက်ရှင်
scene တွေပါ။ BGM, VFX, အိုက်တင်စကေး
အက်ရှင်၊ Interval scene ပါဖက်ပြောလို့ရပြီး
climax နဲ့ သီချင်းအားနည်းပါတယ်။ ချောကလက်
ကော်ဖီမှာသောက်တဲ့ ဗီလိန်အိုက်တင်ကို ကြွေမိပြီး
ဗီဂျေးပါဖောမန့်ကတော့ outstanding ပါ။

ချုပ်ရရင် Leo ဟာ ဒါရိုက်တာ Lokesh ရဲ့
Kaithi နဲ့ Vikram ကို ဇာတ်လမ်းဇာတ်သိမ်း
မမှီပေမဲ့ One time watch အနေနဲ့ကတော့
ကြည့်ပျော်တဲ့ကားမျိုးပါ။ ဘတ်ငျတ် ကုဋေ ၃၀၀
ဝန်းကျင် သုံးပြီးရိုက်ကူးထားတဲ့ LEO ရုပ်ရှင်ဟာ
Worldwide ကုဋေ ၆၀၀ ကျော် ရထားပြီးဖြစ်လို့
Super Hit ဖြစ်ထားပါတယ်။

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/820822746420076/permalink/894454072390276/?mibextid=Nif5oz

Join Channel 👇
https://t.me/+QLzLNrdD7NYyNTg9

Telegram Link 👇👇
https://t.me/c/1758891305/67

24/11/2023

အိန္ဒိယ ခွေးလိမ္မာဇာတ်ကားလေး 4 ကား fb link နဲ့ပြန်ကြည့်ရအောင်စုတင်ပေးလိုက်ပြီနော်👇
လင့်မပျက်ခင်အမြန်ကြည့်ပါရှင့်

ဇာတ်ကားကြည့်ရန် ပုံအောက်မှာ လင့်ဝင်ယူပါ👇

ဇာတ်ကားအစုံ Main Channel👇
https://t.me/+urIiCX6Tm2NjZDll
https://t.me/+YhuWn0svE35mYTk1

24/11/2023

Chatrapathi [2023] "ချာထရာပတ်သီ"

ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့
အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။
ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။

နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို
ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။

ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။
ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။

ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။

အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ...။
ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ...။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗦𝘂𝗯𝘁𝗶𝘁𝗹𝗲𝘀 𝗠𝗼𝘃𝗶𝗲 & 𝗦𝗲𝗿𝗶𝗲𝘀 𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹

𝗜𝗻𝗱𝗶𝗮 𝗠𝗼𝘃𝗶𝗲 𝗢𝗻𝗹𝘆 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+aXbtDE-IUohhN2U9

𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/+urIiCX6Tm2NjZDll

https://t.me/+CrVsndBszYU0Mjhl

ဇာတ်ကားကြည့်ရန် Facebook Link 👇👇👇
https://www.facebook.com/groups/702502231739057/permalink/731316728857607/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieLinkOnly/1940

ဇာတ်ကားကြည့်ရန် 👇https://m.facebook.com/story.php?story_fbid=309728068503098&id=100083977215085&mibextid=Nif5oz
28/10/2023

ဇာတ်ကားကြည့်ရန် 👇

https://m.facebook.com/story.php?story_fbid=309728068503098&id=100083977215085&mibextid=Nif5oz

Rangoli [2023] "ချယ်မှုန်းရောင်စုံ"

IMDb-9.3/10

မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို
တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ဇာတ်လမ်းအညွှန်း

ကျွန်တော့်နာမည် ဆပ်သရာ။အစိုးအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင် အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက်အဖေရယ် အမေရယ် အစ်မရယ်။

အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။
အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေအပေါင်းအသင်းမှားနေတယ်ဆိုပြီးကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။

ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ်
ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။

လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။
အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။
အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။
ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/960592125017210/permalink/991148565294899/?mibextid=Nif5oz

မင်မင်ရဲ့ Telegram Main Channel လေးပါ ပိုပြီးစုံစုံလင်လင် ကြည့်ချင်ရင် Join ထားကြပါရှင့်

ဇာတ်ကားအစုံ Main Channel 👇
https://t.me/+YhuWn0svE35mYTk1
https://t.me/+ICkhKeiksF5hNDg1

27/10/2023

Surapanam [2023]

(ရိုးသားကြိုးစား အရက်သမားသူခိုးလေး)

ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်

ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီးတစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။

တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာအဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗား

ချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။

အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော …

ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား ….
ချစ်ရသူနဲ့အတူတူ လေထဲတိုက်အိမ်ဆောက်ချင်နေတဲ့ သူ့အိမ်မက်တွေရော ပြည့်သွားမလား...
|ဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရင်းမောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် 👇👇👇
https://m.facebook.com/story.php?story_fbid=309277821881456&id=100083977215085&mibextid=Nif5oz

မင်မင်ရဲ့ Telegram Main Channel လေးပါ ပိုပြီးစုံစုံလင်လင် ကြည့်ချင်ရင် Join ထားကြပါရှင့်

ဇာတ်ကားအစုံ Main Channel 👇
https://t.me/+YhuWn0svE35mYTk1
https://t.me/+ICkhKeiksF5hNDg1

Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါ...
24/10/2023

Jemputan Ke Neraka 2023

CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ
ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။

ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲကလက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။

ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။

(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။)

ဇာတ်ကားကြည့်ရန် 👇👇👇
https://m.facebook.com/story.php?story_fbid=307251985417373&id=100083977215085&mibextid=Nif5oz

Jemputan Ke Neraka 2023

CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ
ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။

ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲကလက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။

ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။

(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။)

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/3645298205751658/permalink/3687087524906059/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitleMovie010/3408

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1
https://t.me/+YhuWn0svE35mYTk1

Corona Dhavan [2023] ယမကာလုလင်လေးများIMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းကအရက်ဂျိုးတ...
22/10/2023

Corona Dhavan [2023] ယမကာလုလင်လေးများ

IMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက
အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲအရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။

ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ...
"အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့
ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့
ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့.....
ဆက်လက်ကြည့်ရှုပေးကြပါဦး...

အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်

ဇာတ်ကားကြည့်ရန် 👇👇👇
https://m.facebook.com/story.php?story_fbid=306659595476612&id=100083977215085&mibextid=Nif5oz

Corona Dhavan [2023] ယမကာလုလင်လေးများ

IMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက
အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲအရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။

ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ...
"အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့
ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့
ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့.....
ဆက်လက်ကြည့်ရှုပေးကြပါဦး...

အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/3732150460349695/permalink/3766290133602394/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieCollection/15657

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

Thudikkum Karangal [2023]IMDb-7.5/10အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။အထူးသဖြင့် အက...
21/10/2023

Thudikkum Karangal [2023]

IMDb-7.5/10

အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။
အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို
ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။

ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။
ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို
YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။

မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။

တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို
ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့
လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့...

အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက်ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ
ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)

ဇာတ်ကားကြည့်ရန် 👇👇👇

https://www.facebook.com/100083977215085/posts/306088478867057/?mibextid=Nif5oz

https://www.facebook.com/groups/369546535509166/permalink/371480421982444/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieCollection/15585

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

Mama Mascheendra [2023]Maama Maschindraဇာတ်ကားမှာတော့ Parasuramတစ်ယောက် ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ...
21/10/2023

Mama Mascheendra [2023]

Maama Maschindraဇာတ်ကားမှာတော့ Parasuramတစ်ယောက် ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ကာဦးလေးရဲ့တစ်ဦးတည်းသောသားနဲ့မိသားစုကို သတ်ဖြတ်ဖို့စီစဉ်ခဲ့ပေမဲ့ သူ့လူယုံDasuအမှားကြောင့် အမြွှာသားလေး၂ယောက်ကတော့ Parasuramလက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ဒီအမြွှာ၂ယောက်က သူ့ကိုပြန်လက်စားချေမှာကို စိုးရိမ်နေခဲ့တဲ့ Parasuramဟာ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးကို လူယုံ Dasu ရဲ့ သမီးနဲ့ ကလေးချင်းလဲလိုက်ပါတယ်။

အဲ့အချိန်မှာဘဲParasuramရဲ့ လူယုံDasuဟာလဲ သူ့သူဌေးရဲ့သမီးကို ကာကွယ်ဖို့အတွက် သူ့သမီးနဲ့
Parasuramရဲ့သမီးကို ကလေးချင်းထပ်လဲလိုက်ပြန်တယ်။

Parasuramနဲ့Dasuတို့နှစ်ယောက်သား ကလေးချင်းလဲလိုက်တဲ့အဖြစ်မှန်ကို ဖုံးကွယ်ထားကြရင်းနဲ့
သမီးMeenuနဲ့Vasuတို့၂ယောက်လဲ အရွယ်ရောက်လာခဲ့တယ်။

တစ်နေ့မှာတော့ သူတို့သမီး၂ယောက်က ရုပ်ချင်းဆင်တဲ့DJနဲ့Durgaဆိုတဲ့ အမြွှာညီအကို၂ယောက်နဲ့
တွဲနေကြောင်းကို Parasuramတို့သိလိုက်ရချိန်မှာတော့ အတိတ်တုန်းကလွတ်မြောက်သွားတဲ့ အမြွှာညီအကို၂ယောက်က သူတို့ကိုလာလက်စားချေတာလို့
Parasuramတို့ ယုံကြည်သွားခဲ့တယ်။

၂ယောက်လုံးကလေးချင်းလဲမိထားတဲ့အဖြစ်ကို မသိကြတဲ့ Parasuramနဲ့Dasuတို့ သူတို့သမီးတွေကို
ဘယ်လိုကာကွယ်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။

ဇာတ်ကားကြည့်ရန် 👇

https://m.facebook.com/story.php?story_fbid=305992212210017&id=100083977215085&mibextid=Nif5oz

https://www.facebook.com/groups/702502231739057/permalink/715322213790392/?mibextid=Nif5oz

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

https://t.me/MyanmarSubtitlesMovieCollection

Monsters of California [2023]ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင...
21/10/2023

Monsters of California [2023]

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓

Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။

အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။

အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။

ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓

ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ဘာလို့ပါရသလဲလို့ တွေးမိကြမှာပေါ့။ ဘာလို့လဲဆိုတဲ့ အဖြေကိုတော့ ဇာတ်ကားထဲမှာပဲ ရှာကြည့်လိုက်ကြတာပေါ့!

ဇာတ်ကားကြည့်ရန် 👇

https://m.facebook.com/story.php?story_fbid=306030375539534&id=100083977215085&mibextid=Nif5oz

https://www.facebook.com/groups/3732150460349695/permalink/3765520443679363/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieCollection/15584

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

ဇာတ်ကားကြည့်ရန် 👇https://m.facebook.com/story.php?story_fbid=299482476194324&id=100083977215085&mibextid=Nif5oz
19/10/2023

ဇာတ်ကားကြည့်ရန် 👇

https://m.facebook.com/story.php?story_fbid=299482476194324&id=100083977215085&mibextid=Nif5oz

Shukra [2021]

IMDb 8.1/10

ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ မြို့လေးကိုမှ အခြေတကျနေထိုင်ဖို့ ပြောင်းလာခဲ့တဲ့ ဝီလီယမ်တို့ဇနီးမောင်နှံနှစ်ယောက်....

တစ်နေ့.....ဇနီးဖြစ်သူရဲ့မွေးနေ့ညလေးကို အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး မနက်နိုးလာတဲ့အချိန်မှာတော့....

ဘေးနားမှာ ဇနီးဖြစ်သူက သေနတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့ပြီး တခြားလူနှစ်ယောက်ပါ အိမ်ထဲမှာ သေဆုံးနေတာကို ဝီလီယမ် တွေ့ခဲ့ပါတယ်

ကဲ..အဲ့ဒီညက ဘာဖြစ်သွားခဲ့တာပါလဲ......

သူတို့တွေကို တကယ်ပဲ လူတွေထင်နေတဲ့ ဓားပြဂိုဏ်းက သတ်ခဲ့တာလား နောက်ကွယ်မှာ တခြားသူတွေများရှိနေမလား.

ဒီလိုမေးခွန်းတွေနဲ့အတူ မထင်ထားတဲ့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/950205279373540/permalink/971680370559364/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/MyanmarSubtitlesMovieCollection/15059

India Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

Address

Website

Alerts

Be the first to know and let us send you an email when Yu Za Na ယုဇန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share