Credit - News in Burmese

  • Home
  • Credit - News in Burmese

Credit - News in Burmese နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြပေးနေသည့် Page တခုဖြစ်ပါသည်။

ရုရှားက နျူလက်နက်တွေ အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီး ပြောအောက်တိုဘာလ ၈ ရက် ရုရှားအာဏာပိုင်တွေက နျူ...
08/10/2022

ရုရှားက နျူလက်နက်တွေ အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီး ပြော

အောက်တိုဘာလ ၈ ရက်

ရုရှားအာဏာပိုင်တွေက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်လိုက်ပြီ လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

“သူတို့ဟာ နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ဖို့ သူတို့အသိုင်းအဝိုင်းအတွက် ပြင်ဆင်မှုတွေ စတင် နေပါပြီ” လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားနိုင်ငံအပေါ် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ တောင်းဆိုတယ်ဆိုတဲ့ အစောပိုင်း ကောလဟာလတွေကို လည်း အင်တာဗျူးအတွင်း ဇီလန်စကီးက ငြင်းဆန်ခဲ့ပါတယ်။

“ရုရှားကျူးကျော်သူတွေရဲ့ လုပ်ရပ်တွေကို ကမ္ဘာကြီးက ချက်ချင်း ရပ်တန့်ရမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံအ ပေါ် ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့နဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကနေ သူတို့ထွက်ခွာဖို့ ကမ္ဘာကြီးက လုပ်ဆောင်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ပူတင်က နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ မကြောက်ပေမယ့် သူ့ရဲ့အသိုင်းအဝိုင်းနဲ့ပြည်သူတွေကို တော့ ကြောက်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

“ရုရှားပြည်သူတွေက သူ့ကို အချိန်မရွေး အစားထိုးနိုင်တာကြောင့် ပူတင်က ပြည်သူတွေကိုတော့ ကြောက်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ကိုးကား - BBC
Ref; Russians begin preparing society for possible use of nukes: Zelensky
AyeyarwaddyTimes မှ ကူးယူဖော်ပြသည်။

ရုရှားစစ်တပ်လောင်စာဆီရထား ခရိုင်းမီးယားတံတားပေါ်ဖြတ်သန်းစဥ် မီးလောင်ပေါက်ကွဲအောက်တိုဘာ ၈ခရိုင်းမီးယားတံတားပေါ်ကို ဖြတ်သန...
08/10/2022

ရုရှားစစ်တပ်လောင်စာဆီရထား ခရိုင်းမီးယားတံတားပေါ်ဖြတ်သန်းစဥ် မီးလောင်ပေါက်ကွဲ

အောက်တိုဘာ ၈

ခရိုင်းမီးယားတံတားပေါ်ကို ဖြတ်သန်းနေတဲ့ ရုရှားစစ်တပ်လောင်စာတင်ရထားတွဲကို အောက်တိုဘာ ၈ ရက်ဒေသခံစံတော်ချိန် မနက် ၆ နာရီခန့်က မီးလောင်ပေါက်ကွဲခဲ့ကြောင်း ရုရှား အစိုးရသတင်းတွေက ဖေါ်ပြပါတယ်။

ဘာကြောင့်ပေါက်ကွဲတယ်ဆိုတာဖေါ်ပြမထားပေမဲ့ ဟိုင်းမားစ် ဒါမှမဟုတ် ဒရုန်းနဲ့ ပစ်ခတ်ခံရတာလို့ ရုရှားလူမှုကွန်ယက်တွေမှာ ရေးသားနေပါတယ်။ ရထားတွဲတွေကို မီးငြိမ်းသတ်ဖို့ ခက်ခဲသလို တံတားဘောင်တွေနဲ့ အကူတံတားတွေလည်း ပေါက်ကွဲပျက်စီးနေတယ်လို့ ခရိုင်းမီးယားသတင်းတွေက ဖေါ်ပြပါတယ်။ ခရိုင်းမီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဗလာဒီမာ ကွန်စတန်တီနောဗ်ကတော့ ယူကရိန်းတွေရဲ့ လက်ချက်လို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ခရိုင်းမီးယားတံတားဟာ ယူကရိန်းစစ်မြေပြင်ကရုရှားတပ်တွေဆီကို လောင်စာ အဓိက ထောက်ပံ့ပေးရာတံတားကြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကျုး ကျော် စစ်အပြီးမှာ တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကမှ ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

(မီးလောင်ပေါက်ကွဲနေသည့် ဗီဒီယိုကလစ်ကို https://t.me/burmanewsnetwork မှာကြည့်ရှုနိုင်ပါသည်)

ဆန်စပါးကဏ္ဍအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ထပ်ပြောအောက်တိုဘာ ၈ဆန်စပါးကဏ္ဍအတွက် ငွေကျပ...
08/10/2022

ဆန်စပါးကဏ္ဍအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ထပ်ပြော

အောက်တိုဘာ ၈

ဆန်စပါးကဏ္ဍအတွက် ငွေကျပ် ၁၄၀ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာ ၆ရက်နေ့က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း(ဗဟိုဌာန-၂)တွင် ပြုလုပ်ခဲ့သည့် "နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့" ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ တွင် ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"မကြာမီရောက်ရှိတော့မယ့် နွေစပါးရာသီအတွက် ရှစ်ဒသမ ငါးသိန်းဧကကို အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ဖို့ နိုင်ငံတော်က တစ်ဧကကို ကျပ် ငါးသိန်းနှုန်းနဲ့ အထူးချေးငွေစီစဉ်ပေးမှာဖြစ်ပါတယ်။ ဆန်စပါးအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးဖို့စီစဉ်ထားပါတယ်" ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

အဆိုပါ ထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှု ဖြစ်ပြီး၊ အကျိုးရှိစေရန်စနစ်တကျပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများထွက်ရှိရန်၊ ထွက်ရှိလာသည့် စပါးကိုကြိတ်ခွဲရာတွင် သန့်ရှင်းပြီးအဆင့်အတန်းမီသည့် ဆန်များရရှိရန် ရည်ရွယ် ကြောင်း ၎င်းက ဆိုသည်။

"တိုင်းပြည်ရဲ့အဓိကသီးနှံဖြစ်တဲ့ စပါး တစ်ဧက ထွက်နှုန်းကို ရည်မှန်းချက်ဖြစ်တဲ့ တင်း ၁၀၀ ထွက်ရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားကြဖို့လို အပ်ပါတယ်"ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သေးသည်။

ထို့အပြင် မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံစီးပွားရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ပေးအပ်ခြင်းအခမ်းအနားတွင် လယ်ယာကဏ္ဍမြှင့်တင်ရေးအတွက် ငွေကျပ် ၁၇၀ ဘီလီယံ သုံးစွဲမည်ဟု ပြောကြားထားသည်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Mizzima မှ ကူးယူဖော်ပြသည်။

#စစ်ကောင်စီဥက္ကဋ္ဌ
#ဆန်စပါးကဏ္ဍ
#ငွေကျပ်၁၄၀ဘီလီယံ
#ထောက်ပံ့မည်

ကမ္ဘာကြီးဟာ နျူကလီးယားအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း နျူလက်နက် ပစ်မိန့်ပေးနိုင်သူက သတိပေးအောက်တိုဘာ ၇ ၁၉၆၂ ခုနှစ် ကျူး...
07/10/2022

ကမ္ဘာကြီးဟာ နျူကလီးယားအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း နျူလက်နက် ပစ်မိန့်ပေးနိုင်သူက သတိပေး

အောက်တိုဘာ ၇

၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်အကျပ်အတည်း ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း နျူကလီးယားလက်နက် အသုံးပြုမဲ့ အန္တရာယ်နဲ့ ပထမဆုံးအကြိမ် ထပ်မံရင်ဆိုင်နေရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၆ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။

နယူးယောက်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ် အလှူရှင်များနဲ့ တွေ့ဆုံပွဲမှာ အမေရိကန် သမ္မတက ပြောကြားလိုက်တာပါ။

ယူကရိန်းမှာ စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ရုရှားသမ္မတပူတင်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဟာသတစ်ခုလို မှတ်ယူလို့မရဘဲ လေးလေးနက်နက် စဥ်းစား ကိုင်တွယ် တုန့်ပြန်ဖို့ လိုတယ်လို့လည်း ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

ပူတင်အနေနဲ့ သူသွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် နျူကလီးယားလက်နက် အသုံးပြုမဲ့ ခြိမ်းခြောက်မှုတွေ ရှိလာနေမှာ အမှန်ပဲလို့လည်း ဘိုင်ဒန်က ပြောပါတယ်။

ပူတင်အနေနဲ့ နျူကလီးယားလက်နက် ထုတ်သုံးဖို့ပြောဆိုလာရတာဟာ ရုရှားစစ်တပ်ရဲ့စွမ်းဆောင်ရည် အရည်အချင်း နိမ့်ကျနေတယ်ဆိုတာကို ဝန်ခံနေတာလို့လည်း ဘိုင်ဒန်က ပြောပါတယ်။

၁၉၆၂ ခုနှစ် အောက်တိုဘာတုန်းက ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်ဗ်က ကျူးဘားနိုင်ငံမှာ နျူကလီးယား ဒုံးကျည်တွေ တပ်ဆင်ချထားဖို့ ပြင်ဆင်နေတာကို အမေရိကန် ထောက်လှမ်းရေးက သိရှိခဲ့ပြီး နှစ်နိုင်ငံ အခြေအနေ တင်းမာလာခဲ့တာပါ။

အဲဒီအချိန်က အမေရိကန် သမ္မတ ကနေဒီက ကျူးဘားကို ရုရှားသင်္ဘောတွေ ဝင်လို့မရအောင် ရေတပ်နဲ့ ပိတ်ဆို့ထားပြီး ခရူးရှက်ဗ်ကလည်း ရုရှားစစ်သင်္ဘောတွ စေလွှတ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာကြီးပျက်သုဥ်းမဲ့ နျူကလီးယား စစ်ပွဲကြီးကို ရှောင်ရှားနိုင်ဖို့ဆိုပြီး ခရူးရှက်ဗ်က နောက်ပြန်ဆုတ်သွားတဲ့အတွက် နှစ်နိုင်ငံ ထိပ်တိုက်တွေ့မဲ့ အရေးက ရှောင်ရှားနိုင်ခဲ့ကြတာပါ။

ကျူးဘားမှာ တည်ဆောက်နေတဲ့ နျူကလီးယား ဒုံးကျည် အခြေစိုက်စခန်းတွေကို ရုရှားက ရပ်ဆိုင်းခဲ့သလို သမ္မတ ကနေဒီကလည်း တူရကီမှာ အခြေစိုက်ထားတဲ့ အမေရိကန် နျူကလီးယား ဒုံးကျည်တွေကို ၁၉၆၃ ခုနှစ်မှာ ပြန်လည်ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျူးဘားအရေးအခင်း ဖြစ်ပြီးနောက်ပိုင်းကတည်းက အင်အားကြီးနိုင်ငံတွေကြားမှာ နျူကလီးယားလက်နက်နဲ့ခြိမ်းခြောက်တာတွေ မရှိတော့ဘဲ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာခဲ့ရာက အခု ရုရှားရဲ့ ကျူးကျော်စစ်မှာ နျူကလီးယား ခြိမ်းခြောက်သံတွေ ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ နျူကလီးယားလက်နက် ၉၀% ကို ရုရှားနဲ့ အမေရိကန်က ပိုင်ထားပြီး ရုရှားက နျူကလီးယား လက်နက်ပေါင်း ၄,၄၇၇ နဲ့ အမေရိကန်က ၃,၇၀၈ ရှိတယ်လို့ အဏုမြူသိပ္ပံပညာရှင်တွေက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Burma News Network မှ ကူးယူဖော်ပြသည်။

ချောင်းဦးမှာ စစ်ကောင်စီက ကျေးရွာများကို မီးရှို့ပြီး ရွာသား ၄၀၀ ကျော်ကိုဖမ်းပြီး လူသားဒိုင်းလုပ်ထားအောက်တိုဘာ ၇စစ်ကိုင်း...
07/10/2022

ချောင်းဦးမှာ စစ်ကောင်စီက ကျေးရွာများကို မီးရှို့ပြီး ရွာသား ၄၀၀ ကျော်ကိုဖမ်းပြီး လူသားဒိုင်းလုပ်ထား

အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၆ ရက် မနေ့မနက် ၉ နာရီလောက်ကတည်းက ဝင်ရောက်စီးနင်းပြီး ရွာသား ၄၀၀ လောက်ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်၊၊

ခင်မွန်ရွာရှိ မင်းကျောင်းဘုန်းကြီးကျောင်းနဲ့ ချမ်းသာကြီးဘုန်းကြီးကျောင်းထဲမှာ နှစ်စုခွဲဖမ်းဆီးထားတာဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေရဲ့ အချက်အလက်အသေးစိတ်ကို မသိရသေးပေမယ့် အဲ့ဒီအထဲမှာ အမျိုးသမီး၊ အမျိုးသား အသက်ရွယ်စုံပါရှိတယ်လို့ ဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။

"သူတို့က ဘယ်တပ်ကဆိုတာမသိရဘူး၊ ဘက်တံဆိပ်မပါဘူး၊အရပ်ဝတ်တပိုင်းတွေနဲ့ မုံရွေးကနေ ရွှေ့လာတာပါ ။ ယောက်ျားတွေက မင်းကျောင်း၊ မိန်းမတွေက ချမ်းသာကြီးကျောင်းထဲမှာ နှစ်စုခွဲဖမ်းထားတာ၊ ရွာထဲသူတို့ရှိနေတဲ့အချိန် ဒရုန်းတို့ လက်နက်ကြီးတို့ မထုနိုင်အောင် ကြိုကာတဲ့သဘောပါ ရိုက်ခံရသူတွေလည်း မနည်းဘူး၊ ဖမ်းတာကတော့ မြင်မြင်ရာဖမ်းတာ" လို့ ပြောပါတယ်၊၊

အဲ့ဒီစစ်ကောင်စီတပ်တွေက ရွာထဲက နေအိမ် ၅ လုံးကို မီးရိူ့ထားပြီး လက်ရှိအချိန်ထိလည်း အဲ့ဒီရွာထဲမှာပဲတပ်စွဲထားတယ်လို့ သိရပါတယ်၊၊

ဖမ်းဆီးခံထားရသူတွေထဲက ဒေသခံ ၂ ဦးကတော့ စစ်ကောင်စီတပ်သားတွေလက်ချက်နဲ့ သေဆုံးသွားပြီး၊ ရုပ်အလောင်းကိုတော့ ပြန်မရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်၊၊

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို၊ ဖမ်းဆီးခံထားရသူတွေနဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေတွေကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်၊၊

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

မြေလတ်အသံ မှ ကူးယူဖော်ပြသည်။

စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့် ကျေးရွာတွင် သောက်သုံးရေတွင်း နှစ်တွင်း အဆိပ်ခပ် ခံခဲ့ရကြောင်း တွေ့ရှိ7 October 2022စစ်ကောင...
07/10/2022

စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့် ကျေးရွာတွင် သောက်သုံးရေတွင်း နှစ်တွင်း အဆိပ်ခပ် ခံခဲ့ရကြောင်း တွေ့ရှိ

7 October 2022

စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ကြား ယခုနှစ် စက်တင်ဘာလ လကုန်ပိုင်းမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားသည့် ဆင်လီကောင်ရာကျေးရွာတွင် ရွာသားများသောက်ရေအဖြစ် အသုံးပြုသည့် ရေတွင်း ၂ တွင်း အဆိပ်ခတ်ခံရသည်ဟု ဒေသသတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

တိုက်ပွဲများပြန်ငြိမ်သွား၍ ကျေးရွာလူကြီးများက ရွာကိုဦးစွာပြန်လာ၍ လေ့လာကြည့်ရှုစဉ် ရေတွင်းထဲက ရေကို မသင်္ကာသဖြင့် နွားတစ်ကောင်ကို ရေခပ်တိုက်ကြည့်ရာ ၎င်းရေတိုက်ခံရသည့် နွားသည် ပါးစပ်မှအမြှုပ်ထွက်ပြီး လှဲသေသွားသည်ဟု သိရသည်။ ရွာသားများထွက်ပြေးတိမ်းရှောင်းသွားပြီးနောက် ၎င်းဆင်လီကောင်ရာကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီစစ်သားများသည် ရွာသားများ၏ ပစ္စည်းဥစ္စာများကို မွေနှောက်ဖျက်ဆီးပြီး ကြက်၊ ဝက်၊ ကျွဲ၊ နွား တိရစ္ဆာန်များကိုလည်း ပစ်သတ်ခံရသည်ကို ရွာပြန်ကြည့်သည့် ရွာလူကြီးများက တွေ့ရှိခဲ့ကြောင်းသိရသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆင်လီကောင်ရာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီစစ်သားအယောက် ၃၀ ခန့် သေဆုံးပြီး KIA နှင့် PDF ဘက်ကလည်း ၄ ဦးကျဆုံးကြောင်း သိရပါသည်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

KachinWaves မှကူးယူဖော်ပြသည်။
Photo: CJ

စစ်ကောင်စီအောက် ပြန်ခိုလှုံသည့် CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် ကြေညာ----------------------------တ...
07/10/2022

စစ်ကောင်စီအောက် ပြန်ခိုလှုံသည့် CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် ကြေညာ
----------------------------
တတိယနိုင်ငံသွားရန် အခွင့်အရေးရှိထားချိန် ဇနီးဖြစ်သူ Non -CDM ကျောင်း အုပ်က မပူးပေါင်းဘဲ တော်လှန်ရေးတွင် မပါဝင်ရန် ဗိုလ်မှူးမျိုးမင်းထွန်းကို ဖိအားပေး

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကောင်စီအောက် ပြန် ခိုလှုခဲ့သည့် CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် CDM တပ်မတော်သားများအဖွဲ့ ၅ ခုက ယနေ့ ကြေညာသည်။

CDM စစ်သားများအဖွဲ့ ၅ ခုဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ People's Soldier Defense Force၊ Breaking Brainwashedက ဗိုလ်မှူးမျိုးမင်းထွန်းသည် CDM ဝင်ချိန်တွင် အစစအရာရာ အဆင်ပြေအောင် ဖန်တီးပေးခဲ့ပြီး တတိယနိုင်ငံသွားရန် အခွင့်အရေးရှိထားခဲ့ကြောင်း၊ သို့ရာတွင် ဇနီးဖြစ်သူ Non -CDM ကျောင်းအုပ်က မပူးပေါင်းဘဲ တော်လှန်ရေးတွင် မပါဝင်ရန် ဗိုလ်မှူးမျိုးမင်းထွန်းကို ကတိတောင်းခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသည်။

လက်ရှိ အောက်တိုဘာလ ၅ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများနှင့် ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ချိခဲ့သော စစ်ကောင်စီ လက်အောက်ခံ ပြန်လည် ခိုလှုံသွားသော ဗိုလ်မှူးမျိုးမင်းထွန်း၏ ထွက်ဆိုချက်များသည် တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိမှု၊ စိတ်ဓာတ်ပျော့ညံမှု၊ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ်မရှိမှုနှင့် ၎င်း၏ အသက်အန္တရာယ်သေဆုံးနိုင်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေတို့ကို ဖုန်းကွယ်ပြီး ပကတိအမှန်တရားများကို မျက်ကွယ်ပြုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် CDM ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများအား ထိုးနှက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီမှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ထွက်ဆိုခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းကို CDM တပ်မတော်သားများက ဗိုလ်မှူးမျိုးမင်းထွန်းအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်နှင့်ပက်သတ်၍ အမှန်အတိုင်း သိရှိရန် ပြည်သူနှင့်ပူးပေါင်း ရပ်တည်နေသော မိမိတို့အမာခံအတွင်းလူများ အကူညီဖြင့် ပူးပေါင်းပါဝင်သူအားလုံးတို့ကို စုံစမ်းလျက်ရှိကြောင်း CDM စစ်သားများအဖွဲ့က ဆိုသည်။

CDM လုပ်ပြီးမှ စစ်ကောင်စီထံ ပြန်လည် ခိုလှုံသူ ခမရ (၃၅၁) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းသည် အင်အား ၂၀ ဦးကျော်ခန့်သာ ရှိသောစခန်းတစ်ခုကို ဦးစီးရသူဖြစ်ကြောင်း၊ ထိုစခန်းရှိ အရာရှိ/စစ်သည်များ၏ အခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီ၏ခေါင်းဆောင်များအနေဖြင့် အောက်လက်ငယ်သားများ၏ အသက်ကို ပဓာနမထားခြင်း၊ လစ်လျူရှူခြင်း၊ အင်အားဖြည့်တင်းပေးမှုမရှိခြင်း၊ မဆုတ်တမ်းခံစစ်ဖြင့် အသေခံတိုက်ပွဲဝင်စေခြင်း နှင့် ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားရန် ညွှန်ကြားချက်များ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းသည် အထက်ပါညွှန်ကြားချက်များအပေါ် ကျေနပ်မှုမရှိခြင်း၊ ၄င်း၏ဆွေမျိုးများရှိရာ ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည်ကိုသိရှိလာရခြင်း၊ ၄င်းကိုယ်တိုင် ရင်ဆိုင်တိုက်ပွဲများတွင် အသက်သေဆုံးသွားနိုင်ခြင်း၊ အစရှိသည့် စိုးရိမ်စိတ်များ နှင့် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်လာခဲ့သည့်အတွက် CDM ပြုလုပ်ရန် ဆက်သွယ်လာခဲ့ကြောင်း၊ ထိုသို့ဆက်သွယ်လာချိန်တွင်ပင် မြန်မာနိုင်ငံပြင်ပ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ပေးရန် တောင်းဆိုချက်များလည်းပါဝင်ခဲ့သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ၎င်း၏ သဘောဆန္ဒနှင့်အညီ လုံခြုံစွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာချိန်တွင် ပြည်သူအများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည့်အပြင် CDMပြုလုပ်သူများအနက် အဆင့်မြင့်သူတစ်ဦးဖြစ်သောကြောင့် အဆင့်နှင့်လျော်ညီစွာ နေထိုင်စားသောက်နိုင်ရေးအတွက် CDM-တပ်မတော်သားများ မှ ဆောင်ရွက်ပေးခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူများမှလည်း အခြားလိုအပ်သော ထောက်ပံ့မှုများစွာကို ဖြည့်ဆည်းပေးခဲ့ကြကြောင်း၊ သို့ရာတွင် ဗိုလ်မှူးမျိုးမင်းထွန်း၏ ဇနီးဖြစ်သူသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနမှ Non-CDM ဒုတိယကျောင်းအုပ်ဆရာမဖြစ်ပြီး မိသားစုများအား အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် CDM တပ်မတော်သားများ မှ ကြိုးစားဆောင်ရွက်ပေးကြသော်လည်း ၄င်းဇနီးဖြစ်သူမှာ လာရောက်လိုခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးမျိုးမင်းထွန်း CDM ပြုလုပ်ပြီး ရက်ပိုင်းအတွင်း ၎င်း၏ ဇနီးနှင့် မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့မှုကြောင့် ၄င်းသည် နွေဦးတော်လှန်ရေး၏ မည်သည့်နေရာမှ ပါဝင်ခြင်းမပြုရ ဆိုသည့် ကတိစကားကို ဇနီးဖြစ်သူမှတဆင့် အကြမ်းဖက်စစ်ကောင်စီထံသို့ ပေးခဲ့ရကြောင်း သိရှိရသည်။

ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ပန်းတိုင်နှင့်တွေ့ဆုံဖြေကြားရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖိအားပေးမှု မရှိဘဲ ၎င်း၏ သဘောဆန္ဒအရ တွေ့ဆုံဖြေကြားချက်များသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖိအားပေးပြောဆိုခိုင်းသည့် ညွှန်ကြားမှုများ မရှိခဲ့သည်ကို ဗို်လ်မှူးမျိုးမင်းထွန်း၏ အင်တာဗျူးအား ပြန်လည်ကြည့်ရှုယုံမျှဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းသည် တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်မရှိသည့်အပြင် တော်လှန်ရေးအင်အားစုများအတွက် ၎င်းသိရှိထားသော ပညာရပ်များနှင့် အတွေ့အကြုံများကို တစ်စုံတစ်ရာကိုမှ မျှဝေခြင်း မရှိခဲ့သော်လည်း ပြည်သူ့ဘက်သို့ ပူးပေါင်းလာသည့်အတွက် ၎င်း၏ ဘဝလုံခြုံရေးနှင့် လိုအပ်ချက်များအားလုံးကို တတိယနိုင်ငံရောက် CDM တပ်မတော်သားများ၊ ပြည်ပရောက်ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် မကြာမီကာလ အတွင်း တတိယနိုင်ငံသို့ သွားရောက်ရတော့မည့် အခွင့်အရေးကိုလည်း ရရှိထားသူ တစ်ဦးဖြစ်ကြောင်း CDM တပ်မတော်သားများ၏ ထုတ်ပြန်ချက်တွင် ရှင်းပြထားသည်။

CDM တပ်မတော်သားများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပူးပေါင်း၍ တော်လှန်ရေးအောင်မြင်ရေးလမ်းစတစ်ခုဖြစ်သော CDM ကြိုဆိုလက်ခံရေး နှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပြည်သူများ၏ ပံ့ပိုးကူညီမှုများဖြင့် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဗိုလ်မှူးမျိုးမင်းထွန်း၏ ဖြစ်စဉ်ကို သင်ခန်းစာရယူကာ တော်လှန်ရေးခံယူချက်၊ ယုံကြည်ချက်မရှိသူများ CDM တွင် မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ်ဆောင်ရွက်မည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်နိုင်မှုအတွက် CDM တပ်မတော်သားစစ်စစ်များအနေဖြင့် ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးကြောင်း ထုတ်ပြန်ထားသည်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Khit Thit Media မှကူးယူဖော်ပြသည်။
ဓာတ်ပုံ- ဗိုလ်မှူးမျိုးမင်းထွန်းနှင့်ဇနီး။

ဆီးရီးယားနဲ့ ရုရှားထိမ်းချုပ်ဒေသက IS ခေါင်းဆောင်နဲ့အဖွဲ့ကို အမေရိကန်အထူးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းအောက်တိုဘာ ၇ဆီးရီးယားန...
07/10/2022

ဆီးရီးယားနဲ့ ရုရှားထိမ်းချုပ်ဒေသက IS ခေါင်းဆောင်နဲ့အဖွဲ့ကို အမေရိကန်အထူးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်း

အောက်တိုဘာ ၇

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက အစိုးရထိန်းချုပ်ထားတဲ့ရွာတစ်ရွာကို အမေရိကန်အထူး တပ်ဖွဲ့က ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာမှာ ပုန်းအောင်း နေတဲ့ အိုင်အက်စ်အဖွဲ့ခေါင်းဆောင်းကို သတ်ဖြတ်သွားခဲ့ကြောင်း ဆီးရီးယားသတင်းတွေက ဖေါ်ပြ ပါတယ်။

ဆီးရီးယားနဲ့ ရုရှားထိမ်းချုပ်ထားတဲ့ အရှေ့မြောက်ပိုင်းဒေသကို အမေရိကန်က ဝင်ရောက် တိုက်ခိုက်တာဟာ ဒါ ပထမဆုံးလို့ဆိုပါတယ်။ အိုင်အက်စ်ခေါင်းဆောင်ကို သတ်ဖြတ်ပြီး
အခြားအရေးကြီးအဖွဲ့ဝင်တွေကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်းလည်း ဆီးရီးယား သတင်းတွေကဖေါ်ပြပါတယ်။

အမေရိကန်အထူးစစ်ဆင်ရေးဌာနချုပ်ကလည်း ဆီးရီးယားအစိုးရသတင်းဌာနတွေက ပြောဆိုနေ တဲ့အတိုင်း ခေါင်းဆောင်လို့ ယူဆရသူကို သတ်ဖြတ်ခဲ့ပြီး အရေးကြီးအဖွဲ့ဝင်တစ်ချို့ကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ အစိုးရနဲ့ ရုရှားထိမ်းချုပ်ဒေသကို အမေရိန်ကန်အထူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တာဟာ ရှားပါးဖြစ်ရပ်တစ်ခုလို့လည်း ဒေသဆိုင်ရာသတင်းတွေက ဖေါ်ပြပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Burma News Network မှ ကူးယူဖော်ပြသည်။

Breaking Newsထိုင်းက မူကြိုကျောင်းဝင်းအတွင်းပစ်ခတ်မှု ကလေးငယ်တွေအပါအဝင် အနည်းဆုံး  ၃၀ ဦး သေဆုံးအောက်တိုဘာ ၆ထိုင်းနိုင်င...
06/10/2022

Breaking News

ထိုင်းက မူကြိုကျောင်းဝင်းအတွင်းပစ်ခတ်မှု ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၃၀ ဦး သေဆုံး

အောက်တိုဘာ ၆

ထိုင်းနိုင်ငံမှာ မူကြိုကျောင်း နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နွန်ဘူရာလမ်ဖူ ဒေသအတွင်း ဖြစ်ပွားတဲ့ဒီတိုက်ခိုက်မှာ
ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲ ကလေးငယ်တွေလည်းပါဝင်တယ်လို့ ရဲကပြောပါတယ်။

သေနတ်သမားဟာ ပစ်ခတ်ပြီးတဲ့နောက် ကလေးတချို့နဲ့ ကျောင်းဝင်းအတွင်းရှိနေသူတွေကို ဓားနဲ့ပါလိုက်ထိုးခဲ့ပြီး အခုအခါ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။
ဘာကြောင့်အခုလိုတိုက်ခိုက်ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နောက်ဆက်တွဲအနေနဲ့ ပစ်ခတ်မှုမှာ ထပ်မံသေဆုံးသူတွေရှိနေသလို
ထွက်ပြေးသွားတဲ့သေနတ်သမားဟာ အခုအခါ သူ့ကိုယ်သူနဲ့ သူ့ဇနီးအပါအဝင် ကလေးတွေကိုအဆုံးစီရင်သွားပြီလို့ ထိုင်းဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

ထပ်မံသိရတဲ့အချက်အလက်တွေကို ဒီသတင်းမှာ ထပ်မံ ဖြည့်စွက်တင်ပြပေးသွားပါမယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Ref; BBC News

စစ်တပ်ကို လက်နက်မရောင်းဖို့ ဗြိတိန်တိုက်တွန်းအောက်တိုဘာ ၆မြန်မာစစ်တပ်ကို လက်နက်မရောင်းချကြဖို့  ဗြိတိန်အစိုးရရဲ့ လူ့အခွင...
06/10/2022

စစ်တပ်ကို လက်နက်မရောင်းဖို့ ဗြိတိန်တိုက်တွန်း

အောက်တိုဘာ ၆

မြန်မာစစ်တပ်ကို လက်နက်မရောင်းချကြဖို့ ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က တိုက်တွန်းလိုက်ပါတယ်။

လက်နက်ရောင်းချပေးနေသူတွေကို နိုင်ငံတကာက ဘယ်လိုဖိအားပေး အရေးယူမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံကို မနေ့က ပေးပို့တဲ့စာမှာ ရေးထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာဟာ နိုင်ငံတွင်း ပဋိပက္ခတွေကို ပိုဆိုးစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုကျူးလွန်ခွင့် ပေးထားရာရောက်တယ်လို့လည်း ဗြိတိန်သံအမတ်က ထောက်ပြထားပါတယ်။

ဒါကြောင့် ဗြိတိန်အစိုးရအနေနဲ့ လက်နက်ရောင်းခွင့် ပိတ်ထားသလို၊ မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ ငွေကြေးဝင်ပေါက်တွေကို ပစ်မှတ်ထား ပိတ်ပင်အရေးယူနိုင်ဖို့ တခြားမိတ်ဖက် နိုင်ငံတွေနဲ့ပေါင်းပြီး ကြိုးပမ်းနေတယ်လို့လည်း ပြောထားပါတယ်။

ဗြိတိန်လိုပဲ တခြားကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့် ပိတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၂၃၆၀ ကျော်သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

မောင်း မှ ကူးယူဖော်ပြသည်။
Photo - Reuters ( ၂ဝ၂၁ ခုနှစ် တပ်မတော်နေ့ အခမ်းအနား)

ယူနီဖောင်းလက်နက်အပြည်အစုံနဲ့ မော်ကျွန်းမြို့ပေါ် လှည့်ပတ်သွားလာနေတဲ့ မော်ကျွန်းမြို့က ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ပစ်ခ...
06/10/2022

ယူနီဖောင်းလက်နက်အပြည်အစုံနဲ့ မော်ကျွန်းမြို့ပေါ် လှည့်ပတ်သွားလာနေတဲ့ မော်ကျွန်းမြို့က ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

အောက်တိုဘာ ၅

ဧရာဝတီတိုင်း ၊ မော်ကျွန်းမြို့က ပျူစောထီး၊မဘသ နဲ့ ပြည့်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်ဟာ ဒီကနေ့ အောက်တိုဘာလ ၅ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပျူစောထီး၊မဘသ နဲ့ ပြည့်သူ့စစ်ခေါင်းဆောင်ကိုခင်မောင်ကြည်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်၊ ဘိုကလေး PDF၊ မော်ကျွန်း ပ.က.ဖအဖွဲ့တို့မှ ဒီကနေ့ ညနေ ၄ နာရီမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

"သူက စစ်တပ်ကပေးတဲ့ယူနီဖောင်းကြီးတကားကားနဲ့ မြို့ထဲမှာပြည့်သူစစ်ခေါင်းဆောင် လုပ်နေတာ။ လက်နက်လည်းပေးထားတယ်။ ညနေကတော့ လက်ဘက်ရည်ဆိုင်ရှေ့မှာ ပစ်သွားတာ ပွဲချင်းပြီးပဲ"လို့ မော်ကျွန်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သေဆုံးသူ ခင်မောင်ကြည်ရဲ့ အလောင်းကိုစစ်ကောင်စီတပ်သားနဲ့ရဲတွေက ရင်ခွဲရုံကိုသယ်ဆောင်သွားပြီး မြို့တွင်းမှာပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ သတင်းပေး(ဒလန်)တွေ ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ၊ စီးပွာရေးထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပြီး ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သတ်တဲ့နေရာတွေမသွားဖို့ကြေငြာချက်မှာဖော်ပြထားပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

AyeyarwaddyTimes မှ ကူးယူဖော်ပြသည်။

နျူကလီးယားလက်နက်ထုတ်သုံးဖို့ပြင်နေတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ရုရှားက ငြင်းအောက်တိုဘာ ၆ယူကရိန်းစစ်မြေပြင်မှာ အခြေအနေမကောင...
06/10/2022

နျူကလီးယားလက်နက်ထုတ်သုံးဖို့ပြင်နေတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ရုရှားက ငြင်း

အောက်တိုဘာ ၆

ယူကရိန်းစစ်မြေပြင်မှာ အခြေအနေမကောင်းတဲ့အတွက် ရုရှားအစိုးရက နျူကလီးယား ထုတ်သုံးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွေကို သမ္မတပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပယ်စကောဗ်က ငြင်းဆိုလိုက်ပါတယ်။

ဗြိတိန်နဲ့ အီတလီသတင်းတချို့မှာ ရုရှားနျုကလီးယားတပ်ဖွဲ့တွေ ရထားနဲ့ ရွေ့ပြောင်းနေတဲ့ပုံတွေကို ဖေါ်ပြထားပြီးနောက်ပိုင်း နျူကလီးယားလက်နက်ထုတ်သုံးတော့မလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်မှာ နျူကလီးယားစမ်းသပ်မှုလုပ်ပြပြီး အနောက်နိုင်ငံတွေရဲ့စေ့စပ်ဆွေးနွေးမှုကို အလိုရှိနေတဲ့သဘောလို့ သတင်းတချို့က သုံးသပ်ပါတယ်။

ဒီမီထရီ ပယ်စကောဗ်ကတော့ "နျူကလီးယားစကားလုံး" ကို အနောက်နိုင်ငံသတင်းတွေက အခု တလောမှာ ပုံကြီးချဲ့ပြောဆိုနေတာတွေ့ရပြီး ရုရှားအနေနဲ့ နျူကလီးယားစစ်ပွဲဖန်တီး စရာအကြောင်း မရှိဘူးလို့ပြောဆိုထားပါတယ်။ ဥရောပနိုင်ငံအများစုကတော့ ရုရှားနျူကလီးယားတပ် အပြောင်း အရွေ့သတင်းကို အလေးအနက်ထားပြီး သေချာစုံစမ်းနေတယ်ဆိုပါတယ်။

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ရုရှားက အကြိမ်ကြိမ်ကတိပေးခဲ့ပေမဲ့ ဝင်တိုက်ခိုက်ခဲ့တာဖြစ်လို့ အခုနျူကလီးယားအရေးကိုလည်း အလေးအနက်ထားကိုင်တွယ်ရမယ်လို့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Burma News Network မှ ကူးယူဖော်ပြသည်။

မြဝတီ အာရှလမ်းမှာ ပွင့်နေခြည်ဇာတ်ပွဲကားတိမ်းမှောက်ပြီး ခြောက်ဦးသေဆုံးအောက်တိုဘာ ၅၊ ၂၀၂၂ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီ-...
05/10/2022

မြဝတီ အာရှလမ်းမှာ ပွင့်နေခြည်ဇာတ်ပွဲကားတိမ်းမှောက်ပြီး ခြောက်ဦးသေဆုံး

အောက်တိုဘာ ၅၊ ၂၀၂၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီ-ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ဇာတ်ပွဲ ကားတိမ်းမှောက်ပြီး (၆) ဦးသေဆုံးကာ (၁၅) ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ညနေ(၄) နာရီကျော်က ပွင့်နေခြည်ဇာတ်သဘင်ကားဟာ ဘရိိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ။

“ကားကလမ်းအဆင်းမှာ ဘရိတ်ပေါက်ပြီးမှောက်သွားတာ။ ကားချင်းတိုက်တာမဟုတ်ဘူး။ ဘရိတ်ပေါက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင်နဲ့ တိုက်ပြီးမှောက်တာ။ သေဆုံးဒဏ်ရာ ရများတယ်” လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူတွေထဲက (၈) ဦးဟာ စိုးရိမ်ရအခြေအနေမှာ ရှိနေပြီး သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းကားတွေနဲ့ မြဝတီဆေးရုံကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကို မူလက ဇာတ်သတင်းကားနဲ့ ကုန်ကားတိုက်မိတယ်ဆိုပြီး သတင်းတွေထွက်ပေါ် ထားပါသေးတယ်။

မြဝတီ- ကော့ကရိတ်အာရှလမ်းဟာ မကြာခဏ ယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ ဖြစ်နောပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

သံလွင်တိုင်းမ် မှ ကူးယူဖော်ပြသည်။
ဓာတ်ပုံ - ပုလဲဖြူလူမူကူညီရေးအသင်း

စစ်ကိုင်းနဲ့ မကွေးက Non- CDM တွေ ပြည်သူ့ထံ အလင်းဝင်လာကြတယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။ဒီ...
05/10/2022

စစ်ကိုင်းနဲ့ မကွေးက Non- CDM တွေ ပြည်သူ့ထံ အလင်းဝင်လာကြတယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

လာမယ့်ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော၊ပါတီခေါင်းဆောင်ပိုင်းကို လူဟောင်းတွေပဲ လ...
05/10/2022

လာမယ့်ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော၊
ပါတီခေါင်းဆောင်ပိုင်းကို လူဟောင်းတွေပဲ လွှမ်းမိုးထား

အောက်တိုဘာ ၅

ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒီကနေ့နေ့လည်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်လို့ သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ ဒုတိယ ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် ဦးတင်အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။

ဒုတိယ ဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူး တစ်နေရာစာ ကြေညာဖို့ ကျန်သေးလို့ ညီလာခံတက်ရောက်သူတွေထံက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်အပါအဝင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ နဲ့ အထွေထွေအတွင်းရေးမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

BBC မှ ကူးယူဖော်ပြသည်။

အရှည် ၁၈ ပေရှိ  ဝေလငမန်း (Whale Shark) ရေးမြို့နယ် ကမ်းခြေတွင် သေဆုံးလျှက် တွေ့ရှိ အောက်တိုဘာ ၅ မွန်ပြည်နယ်၊ ရေးမြို့နယ်...
05/10/2022

အရှည် ၁၈ ပေရှိ ဝေလငမန်း (Whale Shark) ရေးမြို့နယ် ကမ်းခြေတွင် သေဆုံးလျှက် တွေ့ရှိ

အောက်တိုဘာ ၅

မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းရှိ သဲခုံရွာ ကမ်းခြေ၌ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် အရှည် ၁၈ ပေရှိ ဝေလငမန်း (Whale Shark) တစ်ကောင် သောင်တင် သေဆုံးလျက် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နေ ဒေသခံ တစ်ဦးက “ကမ်းခြေမှာ သောင်တင်သေဆုံးနေတာ တွေ့ရပါတယ်၊ အရှည် ၁၂ တောင်ရှိတယ်လို့ သိရတယ်၊ ဒေသခံတွေကတော့ သက်ဆိုင်ရာ ငါးဦးစီးဌာနကို အသိပေး အကြောင်းကြားထားတယ်”ဟု ပြောသည်။

အဆိုပါ သောင်တင် သေဆုံးလျက် တွေ့ရှိသည့် ဝေလငမန်း (Whale Shark) ကို ရေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Mizzima မှ ကူးယူဖော်ပြသည်။

လုံခြုံရေးကောင်စီတံခါးကို  ဖွင့်ရမလား ပိတ်ရမလားမသိဖြစ်နေသည့် မြောက်ကိုရီးယား ပြဿနာအောက်တိုဘာ ၅ဂျပန်နိုင်ငံပေါ်ကနေ မြောက်...
05/10/2022

လုံခြုံရေးကောင်စီတံခါးကို ဖွင့်ရမလား ပိတ်ရမလားမသိဖြစ်နေသည့် မြောက်ကိုရီးယား ပြဿနာ

အောက်တိုဘာ ၅

ဂျပန်နိုင်ငံပေါ်ကနေ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တဲ့အပေါ် အရေးယူဖို့ အမေရိကန်နဲ့ ပြင်သစ်က ဦးဆောင်ပြီး အောက်တိုဘာ ၅ ရက်နေ့မှာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလုပ်မဲ့ အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက လက်ခံပေမဲ့ တံခါးပိတ်ဆွေးနွေးမလား အများသိအောင်ဖွင့်ဆွေးနွေးမလားဆိုတဲ့အပေါ် သဘောတူညီမှု မရပဲဖြစ်နေပါတယ်။

အမေရိကန်နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက အများသိအောင်တံခါးဖွင့်ဆွေးနွေးဖို့ ဆန္ဒရှိပေမဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကတော့ ဆွေးနွေးပွဲမှာ ပြောဆိုကြမဲ့အကြောင်းအရာတွေဟာ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေမဲ့အရာတွေပါခဲ့ရင် အခြေအနေပိုဆိုးလာနိုင်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေပဲ တံခါးပိတ်ဆွေးနွေးဖို့ အဆိုပြုထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ် ပစ်ခတ်တာတွေ မလုပ်ဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ စီးပွါးရေးပိတ်ဆို့တာတွေပါလုပ်ထားတာပါ။ အောက်တိုဘာ ၄ ရက်နေ့ ကတော့ မြောက်ကိုရီးယားက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုး​ဖေါက်ရုံမက ဂျပန်နိုင်ငံပေါ်ကပါ ကျော်ဖြတ် စမ်းသပ်ပစ်ခတ်ခဲ့လို့ အရေးပေါ်အစည်းအဝေးခေါ်ဖို့ဖြစ်လာတာပါ။

မြောက်ကိုရီးယား မြန်မာ ဆီးရီးယား အီရန်တို့နဲ့ပတ်သက်ရင် တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးလေ့ရှိတာမို့ အစည်းအဝေးမှာ ဘာတွေပြောဆိုကြတယ်ဆိုတာကို အများသိနိုင်ဖို့ အမေရိကန်နဲ့ကျန်အဖွဲ့ဝင်နိုင်ငံတွေက တံခါးဖွင့်ဆွေးနွေးလိုကြတာဖြစ်ပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Burma News Network မှ ကူးယူဖော်ပြသည်။

နိုင်ငံရေးထွက်ပေါက်ရှာရန် စစ်ကောင်စီကြံစည်အားထုတ်နေဟု NUGကာကွယ်ရေးဝန်ကြီးပြောအောက်တိုဘာ ၅၊ ၂၀၂၂စစ်ကောင်စီက နိုင်ငံရေးထွက...
05/10/2022

နိုင်ငံရေးထွက်ပေါက်ရှာရန် စစ်ကောင်စီကြံစည်အားထုတ်နေဟု NUGကာကွယ်ရေးဝန်ကြီးပြော

အောက်တိုဘာ ၅၊ ၂၀၂၂

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရှာဖို့ အသည်းအသန်ကြံစည်အားထုတ်နေတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီနေ့ အောက်တိုဘာ(၅)ရက်မှာပြောကြားလိုက်ပါတယ်။

“ဒီကနေ့ စစ်ကောင်စီရဲ့အခြေအနေကိုကြည့်ရင် နိုင်ငံရေးထွက်ပေါက်ရော စစ်ရေးအသက်ရှုပေါက်ပါ အသည်းအသန်ရှာနေတယ်ဆိုတာ ငါတို့တွေ့နိုင်တယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ပြောပြောနေတဲ့ ရွေးကောက်ပွဲလုပ်မယောင် ယောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးသယောင် ယောင်၊၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယောင်ယောင်၊ ဖျက်မယောင်ယောင် လုပ်နေတာတွေက နိုင်ငံရေးထွက် ပေါက်ရှာဖို့ ကြံစည်အားထုတ်နေတာပဲ ဖြစ်တယ်”လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း PDFများသို့ မိန့်ခွန်းပြောကြားစဉ်မှာဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း တစ်နေ့တစ်ခြား ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်းပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးစိတ်ဓါတ်တွေကျဆင်းသွားဖို့၊ တော်လှန်အင်အားစုတွေအားနည်းလာအောင်၊ သွေးကွဲလာ‌အောင်လုပ်ဆောင်ဖို့ စစ်ကောင်စီကအချိန်လိုအပ်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီအလိုကျမဖြစ်ရလေ‌အောင် တော် လှန်ရေးအင်အားစုတွေစုစည်းပြီး ညီညွတ်ဖို့လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက PDFတွေကို ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Burma VJ မှ ကူးယူဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာသင်တန...
05/10/2022

စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာသင်တန်းအဓိကသင်တန်းပေး၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်အားလုံးတွင် စစ်ပညာမသင်မနေရ သင်ကြားမည်ဟုဆို

အောက်တိုဘာ ၅

စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာသင်တန်းအဓိကသင်တန်းပေးနေကြောင်း ဝန်ထမ်းများနှင့် ကျောင်းသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်တပ်တိုက်ရိုက် အုပ်ချုပ်ထားသည့် တက္ကသိုလ်များတွင် အကြမ်းဖက်စစ်ကောင်စီက ယခုနောက် ပိုင်းတွင် စစ်ပညာသင်ကြားရေးကို အဓိက ဦးစားပေးလာပြီး ဝန်ထမ်းများနှင့် ကျောင်းသားများ မဖြစ်မနေ စစ်ပညာတတ်ရမည်ဟု ပြောဆိုလာကြောင်း၊ စစ်သင်တန်းများကို မည်သူမဆို ရွေးချယ်ခွင့်မရှိဘဲ တက်ရောက်ရကြောင်း၊ စစ်သင်တန်းများနှင့်အတူ စစ်တပ် အာဏာထိန်းခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမဟုတ်ဆိုသော ဝါဒဖြန့်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

"နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် ဖောင်ကြီးနဲ့ အထက်မြန်မာပြည် ဇီးပင်ကြီးမှာ ဝန် ထမ်းတွေကို သင်တန်းများအလျင်အမြန်ခေါ်ယူပြီး ဝန်ထမ်းတွေကို စစ်ပညာအဓိကထားသင်ပေးနေပါတယ်။ အထူးသဖြင့်ထွေအုပ်ထမ်းတွေကို စာရေးကနေ မှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်။ သင်တန်းတွေမှာ ဆရာဆရာမတွေက စစ်ကောင်စီကောင်းကြောင်းတွေပြောပြီး PRစနစ်အကြောင်းမိတ်ဆက်ပြောတယ်။ ကျောင်းသားတွေကကန့်ကွက်လို့ ဆက်မဆွေးနွေးတော့ဘူး။ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာလည်း NLDပြည်သူ့အစိုးရကိုချန်လှပ်ပြီး ဉီးသိန်းစိန်ခေတ်ကဟာတွေကို ချီးခြောက်ရေနူး စမြုပ်ပျံအောင်ပြောနေပါတယ်။ သင်တန်းဖွင့်ပွဲမိန့်ခွန်းတွေမှာလည်း စစ်တပ်ကအာဏာထိန်းတာဖြစ်ကြောင်း မဲမသမာလို့အာဏာသိမ်းရကြောင်း ပြည်ထောင်စုရာထူးဝန်ကတသွင်သွင်ပြောနေပါတယ်။ အထူးသဖြင့်ထွေအုပ်ဝန်ထမ်းတွေကို ငယ်ရေးမှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်" ဟု နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

အလားတူ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)တွင်လည်း စက်တင် ဘာလအတွင်း အခြေခံပညာစစ်သင်တန်းဟု အမည်တပ်ကာ ကျောင်းသားကျောင်းသူများကို စစ်ပညာ မတက်မနေရ တက်ခိုင်းခဲ့ကြောင်း၊ အခြားသော ပြည်နယ်/တိုင်းဒေသများရှိ တက္ကသိုလ်များတွင်လည်း အခြေခံစစ်ပညာသင်တန်းများ မတက်မနေရ ဖွင့်လှစ်သင်ကြားရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သိရှိရသည်။

"တက္ကသိုလ် တွေမှာ စစ်တပ်ဘက်က အခြေခံစစ်ပညာသင်ပေးဖို့လုပ်နေတာအန္တရာယ်များပါတယ်။ ကလေးတွေကိုဇွတ်ရှေ့တန်းပို့တာ ကင်းစောင့်ခိုင်းတာတွေလုပ်လာရင် ခက်မယ်။ မိဘတွေလဲသိသင့်တယ် ပြည်သူတွေလဲသိသင့်တယ်။ ဒီအခြေအနေက စစ်တပ်မှာလူအင်အားအရမ်းနည်းနေပြီး လူသစ်မဝင်လို့ UTC အကြောင်းပြပြီး လုပ်နေတာ။စစ်ခွေးတွေမလုပ်ရဲတာဘာမှမရှိဘူး။ ကျောင်းသားတွေကို အသုံးချမှာစိုးရိမ်တယ်" ဟု ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် စစ်ပညာသင်ကြားပေးခြင်း သင်တန်းများနှင့်အတူ စစ်ကောင်စီက ဥပဒေအရ အာဏာရယူကြောင်း၊ NLD ပါတီ မဲမသမာမှုကြောင့် ယခုအခြေအနေ ဆိုက်ရောက်ကြောင်း စသည်ဖြင့် ဝါဒဖြန့်မှုများကို တစ်နိုင်ငံလုံး ကျောင်းသားကျောင်းသူများကို တစ်ပြိုင်နက်တည်း ဟောပြောခိုင်းထားကြောင်း သိရှိရသည်။

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့
Credit - News in Burmese ကို Like လုပ်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Khit Thit Media မှ ကူးယူဖော်ပြသည်။

Address


Website

Alerts

Be the first to know and let us send you an email when Credit - News in Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share