09/05/2021
❌ အလွဲ များစွာ နဲ့ မအလ😅😅😅
CDM ပြဿနာတောင် မရှင်းနိုင်သေးဘူး
အခု ကျောင်းသားတွေ ကျောင်းမတက်တဲ့ကိစ္စ
ထပ်ပေါ်လာပြန်ပြီ။
သေနတ်နဲ့ချိန်ပြီး ကျောင်းတက်ခိုင်းရင်လဲ
ရုပ်ကပေါက်အူးမယ်။
ထောက်ပံ့ကြေးပေးမယ်နော် လာတက်ကြပါ ဆိုပြီး
မြှူရအောင်ကလဲ သောက်ဆံကမရှိ။
ဆေးရုံကဆရာဝန်တွေလဲ
ထွက်ရပ်ပေါက်ပြီး မြေလျှိုးကုန်ကြသလားတောင်
ထင်ရတယ်
လူရှိန်အောင်သာ ဝရမ်းထုတ်ထားရတာ
မိအောင်လဲမဖမ်းနိုင်
ဒီကြားထဲ ရပ်ကွက်ရုံးတွေကို
အိမ်ကဘုရားစင်နဲ့မှားပြီး
ဆီမီးလာပူဇော်နေကြတဲ့ ဟာတွေကတစ်မျိုး
အုပ်ကြီးတွေကို ချစ်ချင်ယောင်ဆောင်
အနားကပ်ပြီး စကေဘာနဲ့ကစ်စင်ပေးတဲ့
ကောင်တွေကတစ်မှောင့်
တစ်ချို့နေရာတွေများ
ဆန္ဒပြနေတာကို သွားတားမိရင်
ဝွန့် ဆိုစိတ်ကောက်ပြီး တူမီးနဲ့ပြန်ပစ်တာကရှိသေး။
Mobile banking မရလို့ ဘဏ်ရှေ့လူအုံတယ်ထင်ပြီး
အင်တာနက်ပြန်ဖွင့်ပေးလိုက်တော့လဲ...
၂၄ နာရီ စောင်ဆဲခံရတာပဲ အဖက်တင်တယ်။
ဘဏ်ရှေ့ကလူက လျော့မသွား
ဘာဆက်လုပ်ရမလဲမသိ…
တည်ငြိမ်နေပြီပြောရအောင်လဲ
ဗုံးတွေကကွဲ ဆန္ဒတွေကလဲပြနေတုန်း
နိုင်ငံတကာက လက်နက်ရောင်းတာ
ပိတ်ဖို့လုပ်နေပါပြီဆိုမှ
ဟိုဒေါ်လာ ၃၆ သန်းတန် ပုစဉ်းက ယီးတွေထဖြစ်
အင်အားလိုနေပါပြီဆို 🏃♂️🏃♂️🏃♂️
တပ်ထဲကောင်တွေကလဲပြေး
တပ်ထောက်ခံသူ သန်းလေးဆယ်ဆိုတဲ့ဟာတွေကလဲ
နေ့စားခရရင်သာ အယ်ဘ အယ်ဘ လုပ်နေတာ..
တပ်ထဲဝင်ကြပါလားဆိုတော့
စိတ်မနှံ့သလိုလို ဘောကျသလိုလို
ပြဿနာတွေကရှင်းမရပါဘူးဆိုမှ
NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထဖွဲ့သေးတယ်။
အင်အားဘယ်လောက်ရှိမှန်းလဲမသိ
ဘယ်သူတွေပါမှန်းလဲမသိ
ဘယ်နေရာမှာစခန်းချသလဲမသိ🤩🤩🤩