U Zaw Zaw win

  • Home
  • U Zaw Zaw win

U Zaw Zaw win မှန်တာကိုလုပ် ဟုတ်တာကိုပြော

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
10/12/2023

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

24/06/2022
24/06/2022
ဂျန်ပန်ကြီးကပြောလိုက်ပြီ=================="ကျွန်တော် UEC ကို စိတ်လည်းပျက်တယ်။စိတ်မကောင်းလည်း ဖြစ်မိတယ်ဗျာ"ဂျန်ပန်အထူးကို...
05/12/2020

ဂျန်ပန်ကြီးကပြောလိုက်ပြီ
==================
"ကျွန်တော် UEC ကို
စိတ်လည်းပျက်တယ်။
စိတ်မကောင်းလည်း ဖြစ်မိတယ်ဗျာ"
ဂျန်ပန်အထူးကိုယ်စာလှယ်
(Yohei Sasakawa)

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထဲ ရေးက(အကြံပြုချက်)အရ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှရွေးကောက်ပွဲ
(မကျင်းပရတာ)(ဖြစ်တယ်လို့)UECက ကျွန်တော့်ကိုပြောတယ်။

ကျွန်တော်ကရခိုင်ပြည်နယ်ကိုသွားခဲ့ပြီး အခြေအနေတွေကို တွေ့မြင်လေ့လာခဲ့ပြီးပါပြီ။
ခုဆိုရင်တော့အခြေအနေတွေကောင်းနေပါပြီလို့ပြောပြတယ်..။

ဒါကြောင့် ရခိုင် ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ UECကို ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် UECက အကြောင်းမပြန်ခဲ့ဘူး။

နောက်တစ်ချက်က နိုင်ငံပိုင်သတင်းစာမှာ ကျွန်တော်က UEC နဲ့ တွေ့ဆုံတာကိုပဲ အစိုးရကဖော်ပြပြီး။

ကျွန်တော့်ရဲ့ ရခိုင်ပြည်နယ်က အသေးစိပ် အခြေအနေတွေ့ရှိချက်များကို မဖော်ပြဘဲ (မဖော်ပြဘဲ)
ချန်ထားခဲ့ပါတယ်။

ကျွန်တော် UEC ကို စိတ်ပျက်သွားတယ်။ တစ်ချိန်တည်းမှာ စိတ်မကောင်းလည်း ဖြစ်မိတယ်ဗျာ။

ကျွန်တော် တောင်းဆိုထားတာတွေကို UECက ဘာမှ အကြောင်း မပြန်ခဲ့ဘူးဗျ။ ကျွန်တော့် အထင်ကတော့ UECကိုယ်တိုင်က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို မကျင်းပချင်တာပဲဗျ။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံတော့လည်း ရခိုင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေတွေ ကောင်းနေပါပြီ။

ပြည်သူများကလည်း ရွေးကောက်ပွဲတွေ ကျင်းပစေချင်နေကြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေ ကျင်းပပေးပါလို့ ကျွန်တော်က ပြောခဲ့ပါတယ်။

အတိုင်ပင်ခံက ဘာပြောလည်းဆိုတော့ UEC နဲ့တွေ့ဆုံပြောခဲ့ပြီးပြီဆိုတော့ သူ့အနေနဲ့ဘာမှ ပြောစရာမရှိပါဘူးတဲ့ဗျာ။

နောက်ကွယ်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာတော့ မသိပါဘူး၊ ဒါပေမယ့် UECက ရွေးကောက်ပွဲကို မကျင်းပချင်တာလို့ပဲ မြင်ပါတယ်။
ဂျပန်အထူးကိုယ်စားလှယ်တောင်
အမှန်ကိုသိပြီး စိတ်ကုန်သွားပါပြီ၊

ကျွန်တော်သိလိုက်ပါပြီ
UEC ကိုယ်တိုင်က ရခိုင်မှာရွေးကောက်ပွဲကို မကျင်းပလိုပါဘူး

ဒီတေါ့.....,

ဒီမိုကရေစီလို့ပြောတဲ့ရွေးကောက်ပွဲမျိုးမှာဒီလိုUECမျိုးမထားသင့်ပါဘူး

UEC ဆိုတာလုပ်ချင်တာလုပ်၊
ပြောချင်ရာပြောတဲ့လမ်းဘေးက အဖွဲ့မျိုးဖြစ်နေတယ်။

ဒီလို UEC မျိုးနဲ့ရောမှန်ကန်တဲ့ရွေးကောက်ပွဲ ဖြစ်ပါ့မလား ?

ဒီလို UEC ကြောင့်
မဲမသမာမှုတွေ ဖြစ်လာတာဆန်းသလား ?

ဒီလို UEC ကြောင့်
ပါတီတွေ ဆန့်ကျင် ကန့်ကွက်တာ
ဆန်းသလား ?

ဒီလို သိက္ခာမဲ့ UEC ကြောင့်
တပ်မတော်က ဝင်ထိမ်းပေးတာ
လွန်သလား ?

လှုပ်မရအောင်
သိက္ခာမဲ့လုပ်ရပ်တွေ
နောက်ထပ်အများကြီး
ထွက်လာဦးမယ်လို့
မျှော်လင့်ရပါတယ်၊

ကျင့်ဝတ်မညီ
ကြီးမားတဲ့ပစ်မှုကိုကျူးလွန်လို့
တဖွဲ့လုံးကို တရားစွဲတာ
တရားရေးက လက်ခံလိုက်တာ
အလွန်အရုပ်ဆိုးလွန်းတဲ့သမိုင်းတခုဆိုတာရောသိကြရဲ့လား..?

အဖွဲ့ဝင်အားလုံးတူညီတဲ့ သဘောထားရှိတယ်လို့မမှတ်ယူပါဘူး၊

ဒါကြောင့်....
ကျန်သူတွေ တိုင်းပြည်အတွက်
မှန်မှန်ကန်ကန်ရပ်တည်ပေးခြင်းနဲ့
ကိုယ့်ပုံရိပ်ကိုပြန်ဆယ်တင်နိုင်
ကြလိမ့်မယ်လို့ယုံကြည်မျှော်လင့်
မိပါတယ်။

ပဲခူးတိုင်း ရွေးကော်ရုံး ဗုံးပေါက်ကွဲသည်ဟု  သိရပါသည်။အာဏာလက်မလွှတ်ရေး အတွက်NLD ရဲ့ လက်အောက်တပည့်ABSDF အဖွဲ့၏ လက်ချက်ဟုသုံ...
06/11/2020

ပဲခူးတိုင်း ရွေးကော်ရုံး ဗုံးပေါက်ကွဲ
သည်ဟု သိရပါသည်။

အာဏာလက်မလွှတ်ရေး အတွက်
NLD ရဲ့ လက်အောက်တပည့်
ABSDF အဖွဲ့၏ လက်ချက်ဟု
သုံးသပ် သိရှိ နိုင်ပါသည်။

နိုဝင်ဘာလ ၂ရက် နေ့ တွင်
အဆိုပါ ABSDF အဖွဲ့ သည်
တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏
သတိပေးမှု ကို NLD ဘက်မှ
ထောက်ခံ ၍ ထုတ်ပြန်ချက် တစ်ခု
ထုတ်ပြန် ထားသည် ကို တွေ့ရသည်။

အခြား သတင်းများ အရ
ပါတီ နိုင်ငံ ရေး အဖျက်/အ မှောက်
လုပ်ရပ်များကို NLD နောက်ကွယ်မှ
လုပ် ကိုင် နေခြင်း ဖြစ်ပြီး
၎င်း အဖွဲ့သည် ၁၉၉၀ မှ ၂၀၁၀
ပြည့်နှစ် အထိ မြို့ကြီးများ တွင်
အဖျက်လုပ်ရပ်များကို လုပ်ကိုင်ခဲ့သည်။

လက်ရှိ ဗုံးပေါက်ကွဲ မှု သည်
nld နှင့် စပ်ဆက် မှု ရှိမရှိ မသိရ သေး
သော်လည်း ထို အဖွဲ့ လက်ချက်
ဖြစ်နိုင် ကြောင်း သုံးသပ် သိရှိ နိုင်ပါသည်။

05/11/2020

"UEC သတိထားနိုင်ဖို့ပါ"
—————————

ရေးသူ...စူပါကွမ်းသီး
******************

လက်ရှိUEC ရဲ့ခြေလှမ်းတွေဟာ ဘယ်ကိုဦးတည်နေသလဲဆိုတာ
အတိုက်အခံပါတီတွေ သိထားသလို
တပ်ကလဲ သိပြီးဖြစ်တယ်။..
အတိုက်အခံပါတီတွေဟာ (၂၀၁၈) ကတည်းက
UEC ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး
ကန့်ကွက်မှုတွေကို တရားဝင်ပြုလုပ်ခဲ့တယ်။
UEC ကို အိပ်ဖွင့်ပေးစာပေါင်း(၁၀)စောင်ထက်မနဲ ပို့ခဲ့တယ်။...
အတိုက်အခံပါတီတွေရဲ့ တင်ပြမှုတွေကို
ခွေးဟောင်တိုင်း ထမကြည့်နိုင်ဘူးဆိုတဲ့ အသုံးအနှုံးနဲ့
UEC ဦးလှသိန်းက တုန့်ပြန်ခဲ့တယ်။
ပါတီတွေဖျက်သိမ်းခံရဖို့အထိ သတိပေးခဲ့တယ်။..
အတိုက်အခံပါတီတွေက သမ္မတထံတွေ့ခွင့်တောင်းတာကိုလဲ
သမ္မတရုံးက အဖက်မလုပ်တဲ့အပြင် တွေ့မယ်/မတွ့ဘူး
အကြောင်းတောင် မပြန်ခဲ့ဘူး။...
(၂၀၁၀..၂၀၁၅)ဦးတင်အေးကော်မရှင် လက်ထက်မှာတုံးက
ပါတီတွေရဲ့ တင်ပြချက်တွေအပေါ် အလေးထားတယ်။
တောင်းဆိုချက်တွေအပေါ်မှာ လိုက်လျောပေးမှုတွေ
ပြင်ဆင်ပေးမှုတွေ ရှိခဲ့တယ်။...
သမ္မတဦးသိန်းစိန် ကလဲအတိုက်အခံပါတီ
ခေါင်းဆောင်တွေကို (၂)ကြိမ်ခေါ်ယူတွေ့ဆုံခဲ့တယ်။
ပါတီခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို
တလေးတစားနားထောင်ပြီး
တောင်းဆိုချက်တချို့ကို ဖြည့်ဆည်းလိုက်လျောပေးခဲ့တယ်။...
(၂၀၁၀ -၂၀၁၅ )တုံးက ပါတီတွေအပေါ်ထားရှိခဲ့တဲ့
UEC နဲ့ သမ္မတ တို့ရဲ့ သဘောထား+ဆက်ဆံရေးနဲ့...
(၂၀၁၅ - ၂၀၂၀)မှာ UEC နဲ့ သမ္မတ တို့ရဲ့
ပါတီတွေအပေါ် ထားတဲ့သဘောထား+ဆက်ဆံရေး
ကွာဟချက်တွေပါပဲ။...
လက်ရှိ ဦးလှသိန်းဦးဆောင်တဲ့ UEC ရဲ့ လုပ်ရပ်တွေက
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့
ရာခိုင်နှုန်း နဲပါးတယ် ဆိုတာကို
အတိုက်အခံပါတီတွေ အနေနဲ့ (၂၀၁၈)ကတည်းက
UEC ထံ တင်ပြထားခဲ့ပြီးဖြစ်တယ်။
ပါတီတွေဘက်က တာဝန်ကျေတယ်လို့ မှတ်ယူတယ်။...
UEC ရဲ့ဦးတည်ချက်တွေကို တည့်မတ်နိုင်ဖို့ သမ္မတထံ
တွေ့ခွင့်တောင်းဆိုခဲ့တာကလဲ ပါတီတွေဘက်က
တာဝန်ကျေခဲ့ပြီးဖြစ်သည်လို့ မှတ်ယူတယ်။...
သမတနဲ့တွေ့ခွင့်မရ တင်ပြခွင့်မရလို့
ဟိုတလောက ကာချုပ်နဲ့တွေ့ခွင့်တောင်းပြီး
ဆွေးနွေး တင်ပြခဲ့ကြရတာဖြစ်တယ်။..
ဆိုလိုချင်တာက
ယနေ့လို အခြေနေမျိုးတွေ မဖြစ်ပေါ် ရအောင်
တိုင်းပြည်နဲ့ ပြည်သူ့အပေါ်မျက်နှာမူပြီး နိုင်ငံရေးပါတီတွေအနေနဲ့
လုပ်သင့်လုပ်ထိုက်တာတွေကို
အစွမ်းကုန်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။..
ခုတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့
တာဝန်ရှိတဲ့ တပ်က ဝင်ပါရပြီ။
တပ်ဖက်ကလည်း UECရဲ့ခြေလှမ်းတွေကို
အမြဲစောင့်ကြည့်နေတယ်။
တပ်ချုပ် ရုရှားရောက်နေစဉ် မီဒီယာတစ်ခုနဲ့
အမေးအဖြေတစ်ခုမှာ ပြောသွားတဲ့စကားက
Nov (8)ကို ဦးတည်တယ်ဆိုတာ အထင်အရှားပဲ။..
"တပ်အနေနဲ့က(၂၀၁၀) နဲ့ (၂၀၁၅) ရွေးကောက်ပွဲတွေမှာ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့
ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်။
ခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း
လွပ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာဖို့
ကူညီသွားမှာပါ" တဲ့..
ရုရှားမှာ တပ်ချုပ်ပြောသွားတဲ့ စကားရပ်တွေကို
ထပ်မံအတည်ပြုတဲ့အနေနဲ့
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလေးအလိုမှာ
တပ်ချုပ်အနေနဲ့ မီဒီယာကတဆင့် ပြောကြားလိုက်တာက
=============================
👇👇👇👇👇👇👇👇👇👇
"အခုလို UECကို သတိပေးတဲ့ဟာကရော ဥပဒေအကြောင်းအရ ညီညွတ်ပါသလားရှင်..."...
"ဘာလို့ မညီညွတ်ရမှာလဲ...
တပ်မတော်က နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့
တာဝန်ရှိတယ်။
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးရမယ်လို့လည်း
ပြဌာန်းပေးထားတယ်။
အခြေခံဥပဒေအရပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ။
နိုင်ငံတော်ကြီး တည်ဆောက်နေတာ။
ဒီအပေါ်မှာခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်ကပြောဖို့ တာဝန်ရှိတယ်။....
ကျွန်တော်တို့မပြောရင် ဘယ်သူပြောမလဲ။
နိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ
တဖြည်းဖြည်းနဲ့ဝေဖန်မှု့ရှိလာပြီ။...
နိုင်ငံရဲ့သိက္ခာဆိုတာ ရှိပါတယ်။
နိုင်ငံရဲ့သိက္ခာတော့ ကျွန်တော်တို့ အထိခိုက်မခံနိုင်ပါဘူး။..
ဒါကိုမဖြစ်စေချင်လို့ ကျွန်တော်ထုတ်ပြောတာ။
တော်ရုံတန်ရုံ ကျွန်တော်ပြောခဲပါတယ်။
မဖြစ်စေချင်လို့ ကျွန်တော်သတိပေးတာပါ။
တာဝန်ယူတာတော့ အစိုးရတာဝန်ယူရလိမ့်မယ် ။"

#ပေါ်ပြူလာNEWSနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
အင်တာဗျူးကောက်နုတ်ချက်!
Crd
=============================
(ဖော်ပြထားတဲ့ဓာတ်ပုံက သမ္မတဦးသိန်းစိန်လက်ထက်မှာ
ပါတီခေါင်းဆောင်တွေနဲ့ သမတနဲ့
ဒုတိယအကြိမ်တွေ့ဆုံအပြီး နှုတ်ဆက်နေကြတဲ့ မြင်ကွင်းပါ)

IPကွီးသန်း
via Aung Naing Thu

တပ်မတော်မှ သဘောထားကြေငြာချက် ထပ်မံထုတ်ပြန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်ပြီး အစိုးရတွင် တာဝန်မရှိဟု ပြောဆိ...
05/11/2020

တပ်မတော်မှ သဘောထားကြေငြာချက် ထပ်မံ
ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်ပြီး အစိုးရတွင် တာဝန်မရှိဟု ပြောဆိုခြင်းသည် အစိုးရ၏တာဝန်ရှိမူ အတိုင်းအတာကို မျက်ကွယ်ပြုခြင်းသာဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ကော်မရှင်၏ တာဝန်ဟုဆိုပါလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးကောက်ပွဲအကြို လေ့ကျင့်မှုများကို မည်သည့်အတွက်ကြောင့် ဦးဆောင်ပါဝင်ခဲ့သလဲဟု မေးခွန်းထုတ်ရမည့် အခြေအနေရှိကြောင်း ယနေ့ နိုဝင်ဘာ(၅)ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် သရုပ်ပြုမူကို နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အစီအစဉ်တွင် ဒေါ်စုကြည်ပါဝင်ခဲ့တာကို တွေ့ရှိရပါတယ်။ "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဌာန်းထားခြင်းမရှိသည်ကို သတိပြုရမည်"ဟု နိုဝင်ဘာ(၄)ရက်က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသွားပါတယ်။

ထိုသို့ပြောဆိုခြင်းသည် ဥပဒေပြဌာန်းချက်ကို အကိုးအကားပြုပြီး အစိုးရ၏တာဝန်ယူမူ၊ တာဝန်ခံမှုကို မျက်ကွယ်ပြုပြောဆိုခြင်းသာဖြစ်ကြောင်း "ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ခံရမည်ဟု ဥပဒေမှာ လုံးဝြပဌာန်းထားခြင်း မရှိတာကို သတိပြုသင့်ပါတယ်"ဟု သမ္မတရုံးက ငြင်းချက်ထုတ်သော်လည်း "ကြိုတင်မဲစာအိတ်များရဲ့ အရည်အသွေးကို ကျွန်တော်တို့အစိုးရက စီစစ်နေပါတယ်"ဟုပြောဆိုခြင်းသည် ရှေ့နောက်မညီသည့် အစိုးရသဘောထားကို တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၉၈၊ပုဒ်မခွဲ(က)အရ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကခန့်အပ်ခြင်း၊ ပုဒ်မ၄၀၀အရ ကော်မရှင်ဥက္ကဋ္ဌ (သို့) အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်နိုင်ခြင်း သမ္မတကခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအတွက်တာဝန်ယူ၍ ရွေးကောက်ပွဲကျင်းပရခြင်း စသည့်ပြဌာန်းချက်များအရ ရွေးကောက်ပွဲကော်မရှင်နှင့် သမ္မတအကြား အပြန်အလှန် ဆက်သွယ်ထိန်းကျောင်း တာဝန်ယူမူ၊တာဝန်ခံမှု သဘောသက်ရောက်နေသည့်အတွက် အစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။

Nay Thurain
via Aung Ye Kyaw

တကြိမ်မှာ တခုတည်းကိုသာ ဘာ့ကြောင့် အာရုံစူးစိုက်သင့်တာလဲ+++++++++++++++++++++++++++++++++++++++++++++++သတင်းအချက်အလက်နှင့...
13/07/2020

တကြိမ်မှာ တခုတည်းကိုသာ ဘာ့ကြောင့် အာရုံစူးစိုက်သင့်တာလဲ
+++++++++++++++++++++++++++++++++++++++++++++++

သတင်းအချက်အလက်နှင့်နည်းပညာခေတ်ကြီးထဲ အချိန်တိုင်း အချိန်တိုင်း သတင်းအချက်အလက်တွေဟာ ကျွန်တော်တို့ရဲ့အာရုံတွေကို ဖမ်းစားနေပါတယ်။ အဲ့သည်လို ဖမ်းစားခံရခြင်းကြောင့် လုပ်ငန်းခွင်မှာ ဖေ့ဘုတ်သုံးတာ၊ ဘဝတိုးတက်ရေးအတွက်လေ့လာသင်ယူဖို့အချိန်မှာ ဆိုရှယ်မီဒီယာမှာ အရေးမကြီးတာတွေနဲ့အချိန်ကုန်ရတာ စသည်ဖြင့် စိန်ခေါ်မှုတွေ နေ့စဉ်ကြုံလာရပါတယ်။

ဒါ့ကြောင့် တချိန်မှာ တခုတည်းကိုသာ အာရုံစိုက်ဖို့ဟာ ဘာ့ကြောင့်အရေးကြီးသလဲ
တချိန်မှာတခုတည်းကို အာရုံစူးစိုက်ခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေရလာမှာလဲ ဆိုတာကို မျှဝေသွားမှာဖြစ်ပါတယ်။

(၁) အတွေးတွေရှင်းတယ်။
တချိန်တည်း တပြိုင်တည်း အာရုံသုံးလေးခု ဖြန့်ကျက်ထားခြင်းဟာ အတွေးတွေကို ရှုပ်ထွေးစေတာကြောင့် ခံစားချက်မကောင်းတာ၊ တင်းခံစိတ်ဖြစ်တာ၊ စိတ်ရှုပ်စိတ်တိုလာတာတွေ ဖြစ်လာလေ့ရှိပါတယ်။ တချိန်မှာတခုကိုသာ အာရုံစူးစိုက်လုပ်ဆောင်ခြင်းဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကြည်လင်ပြတ်သားစေတာကြောင့် ရလဒ်ကောင်းတွေထွက်ပေါ်လာစေပါတယ်။

(၂) ရည်မှန်းချက်တွေ အများကြီးထားမယ့်အစား ရည်မှန်းချက်ကြီးကြီးတခုကိုသာ အာရုံစူးစိုက်ပါ။
တချိန်တည်း ရည်မှန်းချက်တွေအများကြီးထားခြင်းဟာ မိမိကိုယ်ကိုအားမလိုအားမရဖြစ်စေပါတယ်။ ဒါ့ကြောင့် ဘဝတခုလုံးနဲ့ယှဉ်ပြီး စာဖတ်သူအနေနဲ့ ဘယ်လိုလူတယောက်ဖြစ်လာချင်သလဲ၊ ပတ်ဝန်းကျင်ကို ဘယ်လို ဘယ်ပုံ ဘယ်နည်းနဲ့ တသက်လုံးအကျိုးပြုချင်တာလဲ ဆိုတာကို သေချာစဉ်းစားပါ။ စာဖတ်သူအနေနဲ့ ကိုယ်လုပ်မယ့် အလုပ်၊ အတွေး၊ ရွေးချယ်မှုတွေအားလုံးကို အဲ့ဒီအရေးအကြီးဆုံးရည်မှန်းချက်ကြီးနဲ့ ချိတ်ဆက် ညှိနှိုင်းပြီးမှ ရွေးချယ်လုပ်ဆောင်ပါ။ အစစအရာရာ ပိုပြီး လွယ်ကူချောမွေ့စေပါလိမ့်မယ်။

(၃) အကြောက်တရားတွေက လုပ်ဆောင်မှုကို ထိန်းချုပ်ခွင့်မပြုပါနဲ့။
ဘယ်အရာပဲ စတင်လုပ်ဆောင်ပါစေ အခက်အခဲဆိုတာရှိပါတယ်။ ကြောက်ရွံ့စိုးရိမ်တာ၊ မအီမသာဖြစ်တာ၊ စိတ်ရှုပ်ထွေး တွေဝေတာတွေဟာ ဖြစ်လေ့ရှိတဲ့သဘာဝတွေပါပဲ။ အဲ့ဒီအကြောင်းပြချက်တွေနဲ့တော့ အိပ်မက်တွေ ရည်မှန်းချက်တွေကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။ လုပ်ချင်တာတွေလုပ်ခွင့်မရသေးတဲ့အခါ စိတ်မလျှော့ပါနဲ့၊ လုပ်သင့်တာနဲ့ လုပ်နိုင်တာတွေကိုသာ ဖိလုပ်ထားပါ။ အခွင့်အခါသင့်တာနဲ့လုပ်ချင်တာပြောင်းလုပ်ပါ။ စိတ်ညစ်နေတာတွေနဲ့ လုံးဝအချိန်မဖြုန်းပါနဲ့။

(၄) အတွေးအမြင်က ကြည်လင်ပြတ်သားတဲ့အခါ အပြောအဆိုတွေပါ ထိရောက်မှုရှိလာစေပါတယ်။
ဘာပဲလုပ်လုပ် ရည်မှန်းချက်ကြီးတခုဆီကို ဦးတည်လုပ်ဆောင်ခြင်းအားဖြင့် စာဖတ်သူအနေနဲ့ လုပ်သမျှ၊ ကြံစည်သမျှအားလုံးဟာ စုစည်းမှုရှိလာမှာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေပြတ်သားလာပါမယ်။ လုပ်ဆောင်ချက်တွေတိုးတက်လာတာနဲ့အမျှ မိမိကိုယ်ကိုယုံကြည်မှုရှိလာပြီး ပြောရဲဆိုရဲရှိလာပါလိမ့်မယ်။

(၅) လုပ်သမျှ တွေးသမျှ ကြံစည်အားထုတ်သမျှ တန်ဖိုးတက်လာပါလိမ့်မယ်။
တချိန်မှာ အလုပ်တခုကိုသာ သေချာစူးစိုက်ပြီးလုပ်မယ်၊ ရည်မှန်းချက်ကြီးတခုကို အာရုံအပြည့်ထားပြီး သေချာလုပ်မယ်ဆိုရင် စာဖတ်သူဟာ လုပ်သမျှ တွေးသမျှ ကြံစည်အားထုတ်သမျှ တန်ဖိုးတက်လာပါလိမ့်မယ်။ စာဖတ်သူအနေနဲ့ လူတွေနဲ့ပိုပြီး ချိတ်ဆက်အလုပ်လုပ်နိုင်မှာဖြစ်သလို ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုပါ ပြတ်ပြတ်သားသားဆိုသလို ကျောခိုင်းဝံ့လာမှာဖြစ်ပါတယ်။ လူတွေကို တန်ဖိုးရှိတဲ့အရာတွေ ထိထိရောက်ရောက်ပေးနိုင်လာလေလေ လူချစ်လူခင်များပြီး ပိုမိုမြင့်မားတဲ့ဘဝကိုပါ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

(၆) ဘယ်လောက်ခက်ခဲနက်နဲတဲ့ ပြသနာဖြစ်ဖြစ် အဖြေရှာရတာလွယ်ကူလာပါလိမ့်မယ်။
စိတ်ရှင်းရှင်းထားတယ်၊ အာရုံတခုပဲထားတယ်၊ ရည်မှန်းချက်ကြီးတခုကို စူးစိုက်လုပ်တာ ကြာလာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေမှန်ကန်လာတဲ့အခါ ဘယ်သူ့စကားကို နားထောင်ရမလဲ၊ ဘယ်သူ့စကားကို လျစ်လျူရှုမလဲ သိမြင်လာတဲ့အတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်လာပြီး အခက်အခဲတွေ တခုပြီးတခု လွယ်လွယ်ကူကူ ဖြေရှင်း ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

(၇) အရာအားလုံး သိနေ တတ်နေသူ ဆိုတာမရှိသလို ဖြစ်အောင်လုပ်ဖို့မလိုပါဘူး။ တခုခုကို ဆရာကျကျသေချာတတ်ကျွမ်းအောင်တော့လုပ်ဖို့လိုပါမယ်။
ဘဝတိုးတက်ဖို့ အရေးကြီးသလို ရိုးရှင်းစင်ကြယ်ဖို့ဟာလည်း ထပ်တူအရေးကြီးတဲ့အတွက် အာရုံတွေများပြီး ဘာတခုမှ မယ်မယ်ရရ မသိတာထက် အာရုံတွေကို ကိုယ်အမှန်တကယ် တတ်ကျွမ်းချင်တဲ့ပညာရပ်တခုကို လုံးဝထိပ်တန်းရောက်သည်ထိ ကြိုးပမ်းလေ့လာ သင်ယူခြင်းဟာ ရေရှည်မှာ ဘဝကိုလွယ်ကူစေမှာဖြစ်သလို လူတွေကိုလည်းထိထိမိမိ အကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီအချက်၇ချက်ကို သေချာပြန်ဖတ်ပါ
ဘာ့ကြောင့် အာရုံမများသင့်လဲ သဘောပေါက်မယ်လို့ယုံကြည်ပါတယ်....

With love,

Sayar Thein(CD)

သေပြီ .. ဆရာ ***********ဝန်ထမ်းလစာကနေ ပင်စင်အတွက် လစဉ်လစာက ငွေထည့်ရမယ့် ဥပဒေလာပြီ ...။လာမယ့် ၂၀၂၀ အောက်တိုဘာလကစပြီး ကျင်...
13/07/2020

သေပြီ .. ဆရာ
***********
ဝန်ထမ်းလစာကနေ ပင်စင်အတွက် လစဉ်လစာက
ငွေထည့်ရမယ့် ဥပဒေလာပြီ ...။

လာမယ့် ၂၀၂၀ အောက်တိုဘာလကစပြီး ကျင့်သုံးဖွယ်
ရှိတဲ့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်းအရ
အစိုးရဝန်ထမ်းတွေဟာ လစဉ်လတိုင်း လစာကနေ
ရာခိုင်နှုန်းတစ်ခုကို ထည့်ရမှာဖြစ်ပါတယ် ...။

အရင်တုန်းက တစ်ဦးကို
ငါးရာခိုင်နှုန်းထည့်ရမယ်ဆိုထားတာရှိတော့
တစ်လသုံးသိန်းရတဲ့ ဝန်ထမ်းက
လစဉ် ၁၅၀၀၀ ထည့်ရမှာဖြစ်ပြီး
ပင်စင်နဲ့ လုပ်သက်ဆုကြေးခံစားဖို့အတွက်
၁၅ နှစ်တိတိ ထည့်ရမှာဖြစ်ပါတယ် ...။

ဆယ်ရာခိုင်နှုန်းဆို လစဉ် သုံးသောင်းထည့်ရမှာပါ
ဝန်ထမ်းကထည့်ရသလို နိုင်ငံတော်ကလည်း
ဝန်ထမ်းအတွက် အကျိုးခံစားခွင့် ထည့်ပေးမှာပါ ...။

ဒီ အငြိမ်းစားအကျိုးခံစားခွင့်ကို
ပေါင်တဲ့၊ ရောင်းတဲ့ဝန်ထမ်းဟာ
ထောင်ခြောက်လအထိ ကျခံရမှာဖြစ်ပါတယ် ...။

လက်ရှိမှာတော့
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေဟာ
ဥပဒေကြမ်းအဆင့်သာ ရှိသေးလို့
ဥပဒေပါအချက်အလက်တွေ ပြောင်းလဲနိုင်မှာ
ဖြစ်ပေမယ့် သေချာတာကတော့ နိုင်ငံ့ဝန်ထမ်းတွေဟာ
အရင်လို နိုင်ငံတော်ကပေးတဲ့ပင်စင်မရတော့ဘဲ
ကိုယ့်ဝင်ငွေက တစ်ဝက်လောက် ဒါမှမဟုတ်
ရာခိုင်နှုန်းတစ်ခုစိုက်ထားရတဲ့ ပင်စင်ပဲ
ရတော့မှာဖြစ်ပါတယ် ...။

နိုင်ငံ့ဝန်ထမ်းတွေ ဒီဥပဒေကြမ်းဖတ်ပြီး
ပြည်ထောင်စုလွှတ်တော်ကို ဆွေးနွေးအကြံပြုနိုင်သလို
ငါ့လစာနဲ့ဆို တစ်လဘယ်လောက်ထည့်ရမလဲ
တွက်ချက်လို့ ရပါပြီ ။။။

credit. အတုမရှိ Voice

မတ်လကုန်အထိ ကျောင်းတက်ရမည့်အစီအစဉ် ပြင်ဆင်မှာမဟုတ်ဟုအခြေခံပညာညွှန်ချုပ်ပြောကြားပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားပြီးဖြစ်ပ...
23/12/2019

မတ်လကုန်အထိ ကျောင်းတက်ရမည့်အစီအစဉ် ပြင်ဆင်မှာမဟုတ်ဟုအခြေခံပညာညွှန်ချုပ်ပြောကြား
ပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။
🥕🥕🥕🥕🥕🥕🥕🥕🥕🥕
၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ပြီး မတ်လကုန်အထိ ကျောင်းတက်ရမယ့် အစီအစဉ်ကို ယခုနှစ် မေလ ကျောင်းမဖွင့်ခင်ကတည်းက ပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မတ်လကုန်အထိ စာသင်ကာလသတ်မှတ်ထားတာကို ပြင်းထန်စွာ ကန့်ကွက်ပြီး ပြန်လည်သုံးသပ်ဖို့ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်ကတော့ တိုက်တွန်းထားပေမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပြင်ဆင်မှာမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

“ ကန့်ကွက်တိုင်းလည်းပဲ ကျွန်တော်တို့က Cancel လုပ်ဖို့ အစီအစဉ်တော့မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ရမယ်။ ခုလောလောဆယ် အော်ဒါတော့ မထုတ်သေးဘူး။ ဝန်ကြီးကိုလည်း အပေါ်ပိုင်းက Policy Maker တွေက လမ်းညွှန်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်ခြင်းဖြစ်တယ်” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ပညာရေးစိတ်ပညာရှင်တွေလေ့လာချက်အရ မတ်လကုန်အထိ ကျောင်းတက်ရပါက နားနေချိန်တွေလျော့သွားနိုင်ခြင်း၊ စာသင်ချိန် လပိုင်းတိုးရုံနဲ့ ပညာရည်ပိုတိုးတက်လာမယ့်သတ်မှတ်ဖို့ ခက်ခဲခြင်း၊ ပူပြင်းလာတဲ့ရာသီဥတုအရ ကလေးအရွယ် ကျောင်းသား၊ကျောင်းသူတွေ၊ အသက်ကြီးတဲ့ ဆရာ၊ဆရာမတွေ မလိုလားအပ်တဲ့ ကျန်းမာရေးတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်က သုံးသပ်ထားပါတယ်။

ဒါ့အပြင် မတ်လအတွင်း အစိုးရစစ်စာမေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်ရတာ၊ အဖြေလွှာစစ်ဆေးတာ၊ အောင်စာရင်းပြုစုတဲ့ တာဝန်တွေ လုပ်ရမှာ ဖြစ်လို့ ဆရာအင်အားမလုံလောက်တာတွေ၊ ဆရာတွေ အားလပ်ရက်နည်းသွားတာတွေ၊ မိသားစုစားဝတ်နေရေးအဆင်မပြေတဲ့ ကျောင်းသားတွေ ပိတ်ရက်မှာ အပိုဝင်ငွေ ရှာရတာကြောင့် ကျောင်းပိတ်ချိန် လုံလုံလောက်မရရင် မလိုလားအပ်ဘဲ ကျောင်းထွက်တဲ့ ပြဿနာတွေ၊ နွေရာသီအားလပ်ရက်မှာ ဗဟုသုတရှာမှီးချိန် လျော့နည်းသွားတာတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြေညာထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်သုံးသပ်ပြီးမှ မတ်လအထိ ကျောင်းတက်ရမယ့် အစီအစဉ်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း၊ အခက်အခဲတွေ ရှိလာခဲ့ရင်လည်း ဖြေရှင်းဖို့ အတွက် နည်းလမ်းတွေ စဉ်းစားထားပြီး ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကို ပြောပါတယ်။

“ မတ်လအထိဆို ကလေးတွေအတွက် နေပူတယ်။ ဒီလို ပြောထားတာတွေ့တယ်။ ပြည်နယ်နဲ့ တိုင်းအားလုံးနေပူတာမဟုတ်ဘူးလေ။ ပူပြင်းခြောက်သွေ့တဲ့နေရာတွေ၊ အလယ်ပိုင်းဒေသတွေမှာ တအားပူပြင်းတဲ့အချိန်မှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာရင် ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာတွေအစီအမံတွေ ရှိပါတယ်။ အောက်ခြေကို မကြည့်ဘဲနဲ့လုပ်ချင်တိုင်းလုပ်ခဲ့တာမဟုတ်ပါဘူး။ တခြားအခက်အခဲတွေအတွက်လည်း ဖြည့်ဆည်းပေးဖို့ ရှိပါတယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ကာ မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ကျင်းပပြီးစီးတော့မှ ကျန်အတန်းတွေရဲ့ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲတွေကို ကျင်းပသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

Sources. Duwun.

ကရင်စီမှာ တပည့်ခံခဲ့ပြီးကရင်ကို ပြန်စော်ကားချင် နေကြတယ်တော်လှန်ရေး သမိုင်း ကြောင်း ကို ပြန်လှန် ပြောရမလား? မင်းတို့ ဆရာတ...
23/12/2019

ကရင်စီမှာ တပည့်ခံခဲ့ပြီး
ကရင်ကို ပြန်စော်ကားချင် နေ
ကြတယ်

တော်လှန်ရေး သမိုင်း ကြောင်း ကို ပြန်လှန် ပြောရ
မလား?

မင်းတို့ ဆရာတင်ထားတဲ့
KIA ရဲ့ လည်ပင်းကို တက်နင်းရင် တောင် ကရင့်
ကျေးဇူး လည်ချောင်းထဲက
အတောင့်လိုက် ထွက်လာ
လိမ့်မယ်**,

*********************
ကျနော်ပြောချင်တာက ဒီနေ့ရခိုင်တွေ စိတ်ကူးယဉ်နေတဲ့ စိတ်ကူးယဉ်အိပ်မက်ဆိုတာကို ကျနော်တို့ ကရင်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) က မက်ခဲ့ပြီးပါပြီ။ ကျနော် တို့ကရင်တွေက တော်လှန်ရေး စလုပ်တုန်းက သီးခြားကရင်ပြည်နယ်အနေနဲ့ ကျနော်တို့ တာထွက်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းတော်လှန်ရေး လုပ်လာတဲ့အခါကျ တော်လှန်ရေးအတွေ့အကြုံအရ၊ တော်လှန်ရေးကမွေးဖွားလာတဲ့ အတွေးအခေါ် အသိတရားတွေအရ ဒါဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဒီတိုင်းပြည်ကနေ ကျနော်တို့ကရင်တွေ သီးခြားခွဲထွက်ပြီးနေလို့ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ရဲ့ ဘဝပေးသင်ခန်းစာတွေအရ သိလာရတယ်။ ကျနော်တို့ စုပေါင်းနေခြင်းကသာ တိုင်းပြည်ဟာ တစ်စည်းတလုံးတည်း ဖြစ်မယ်ဆိုတဲ့ဟာကို သိလာခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာကို ၁၉၄၉၊ ၁၉၅၀ လောက်ကတည်းက ကျနော်တို့ကရင်တွေ အဓိကထားပြောခဲ့ကြတာပါ။ ဒါတွေက သမိုင်းမှာ မပေါ်ခဲ့လို့သာ၊ ကျနော်တို့အဲဒီအတိုင်းခံယူပြီး ကျင့်သုံးခဲ့ပါတယ်။

ဖဒိုမန်းငြိမ်းမောင်

#စစ်​စိမ်း​မြေ #

Address


Website

Alerts

Be the first to know and let us send you an email when U Zaw Zaw win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share