Alex Swan Aung

  • Home
  • Alex Swan Aung

Alex Swan Aung I believe that action speaks louder than words

ဒါကိုလျှာရှည်တယ်လို့ မခေါ်ပါဘူးမေးသင့်တာမေးရမှာပါလျှာရှည်တဲ့အကြောင်းကိုသိချင်ရင်သက်သက်ပြောပြပေးပါဦးမယ် 🙂
19/10/2023

ဒါကိုလျှာရှည်တယ်လို့ မခေါ်ပါဘူး
မေးသင့်တာမေးရမှာပါ

လျှာရှည်တဲ့အကြောင်းကိုသိချင်ရင်
သက်သက်ပြောပြပေးပါဦးမယ် 🙂

အိမ်ဆောက်တော့မယ့် အိမ်ရှင်ဟာ မိချောင်းသားလို လျှာရှည်ရပါမယ်‼️

အဒီလောက် သိပြီ ကျွမ်းကျင်နေရင် ကိုမှာကို ပစွည်းဝယ်ပေးပြိ လေဘာခေါ်ပြိ ဆောက်လိုမပြေားရင် ကြိုက်သလိုပြေား

ပစွည်းလက်ခအပ်တဲ့ အိမ်ရှင်တွေအတွင်ရည်ရွယ်ပါတယ်ခဗျ

ဆိုလိုတာက…

အိမ်ဆောက်မယ် Rc အကျယ်40-20ရေမီးဆေး အပြီး ဆိုတာနဲ့ မလုံလောက်ပါဘူး။
အဲဒီအိမ်မှာ ဘာဘိလပ်မြေသုံးမလဲ

ထိုင်းဆင်လား ၊လူရိုင်းခေါင်းလား ၊ အယ်ဖာလား
ကြံ့နီလား၊ကြံ့စိမ်လား၊ ကြံက နှစ်ကောင်လားတစ်ကောင်လား ဒိုင်းမွန်းလား

သဲက မြစ်သဲလား ချောင်းသဲလား နူန်းသဲလား သဲအကြမ်းလား

ကျောက်စလစ်က စီးကျောက်လား မူးကျောက်မတ်ကျောက်လား အာလူးကျောက်လား

စပ်မယ့်အချိုးက အုတ်စီတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အချောချောတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အုတ်စီတာ 1:4ဆိုတဲ့ စပ်နည်းမှာ သဲကို အိမ်နဲ့ချိန်ထည့်မှာလား တစ်အိပ်ကို ၁၀ဂေါ်ဆိုပြီး ဂေါ်နဲ့ ပုံမှာလား အိပ်ထဲ သဲထည့်တဲ့အခါ သဲက ဘိလပ်မြေနဲ့ ဆတူလား အိပ်ကို လက်နဲ့ ကိုင်လို့ မရပဲ အောက်ကနေ ပွေ့ရအောင် အပြည့် အလျှံကြီး ထည့်မှာလား

မဆလာဖျော်မယ့်ရေက ရေချိုလား ရေငံလား နွံတွေနဲ့ မသန့်တဲ့ရေလား ရေသန့်သန့် သုံးရမယ်ဆိုတိုင်း ရေသန့်ဘူးတွေဝယ်ပြီးတော့လည်း မစပ်နဲ့ပေါ့

အိမ်မှာ သုံးမယ့် သံ၊သစ် တွေကရော ဘယ်လို သံတွေ သစ်တွေ သုံးမှာလဲ
Rcဆိုရင်လဲ ဘယ်လို သံဆိုက်တွေ သုံးမှာလဲ ၅မူးလား ၆မူးလား ၃မတ်လား
သံက မြန်မာ သံလား နိုင်ငံခြားသံလား
မြန်မာသံက မကောင်းဘူး နိုင်ငံခြားသံက ကောင်းတယ် သံချောင်းပါရင် ပြီးရော် ဆိုရင်လဲ မရသေးဘူး
beam, coulmnတွေလောင်းတဲ့ အခါ Classနံပါတ် ရှိ့တဲ့ ဘိလပ်မြေကို သုံးမလဲ
အုတ်စီတဲ့ ဘိလပ်မြေကို beam,coulmnတွေမှာ လောင်းလို့မရပါ သိဖို့လိုအပ်မယ် ထင်တာလောက်ပဲ ရေးတာမို့Class number ကိုထည့်မရေးတာပါ

Ssချာ မှာလည်း သံတိုင်က 5''*3''/6''*3''လား အထူလား အပါးလား

သစ်သားတိုင်အုတ်ညပ် brick knoggedတွေမှာ ရော သုံးမယ့်သစ်က ပျဥ်းကတိုးလား ကျွန်းလား
သစ်က အစိုလား အခြောက်လား

Rcဆောက်တာ ပြန်ပြောမယ် ကော်လံတိုင် ဘင့်တွေ လောင်းတဲ့ အခါ 1:2:4နဲ့မလောင်းပဲ 1:3:6နဲ့ လောင်းပေးလိုက်လို့ ဟုတ်ပိတ်ဖြစ်နေအုံးမယ်

အိမ်တစ်လုံးရဲ့ အသေးစိတ်အချက်အလက်တွေ ရေးရင်တော့ ရေးလို့ မကုန်နိုင်ပါပဲ အစစအရာ မမေ့မလျော့ မပေါ့ဆကြပါနဲ့ တိကျဖို့ တစ်ယောက်နဲ့တစ်ယောက် အလုပ် ကိစ္စ မှာ အားမနာသင့်တာကို အားမနာဖို့ ပြောသင့်တာကို ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောပြဖို့ ဒါတွေ လိုအပ်ပါတယ်
မြုံစိစိနဲ့ အားနာသလိုလို ဘာလိုလိုနဲ့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ မနေပါနဲ့
အဲတာလေးတွေမှတ်ထားပေးပါ …

မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်…
ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ…

------------------------------------

မနေ့ကစကားတွေကောင်းသွားတာ ၃ နာရီလောက်ကြာသွားတယ် Client ဆိုပေမယိ့ ရင်းနှီးပြီးသားမိတ်ဆွေတွေလိုပဲPositive vibes only!
17/09/2023

မနေ့ကစကားတွေကောင်းသွားတာ ၃ နာရီလောက်ကြာသွားတယ်
Client ဆိုပေမယိ့ ရင်းနှီးပြီးသားမိတ်ဆွေတွေလိုပဲ
Positive vibes only!

22/08/2023

အိမ်ဆောက် အိမ်ပြင်ရင်
ခွဲအပ်ရင်စိတ်ညစ်ရတယ်ဆိုတာဟုတ်လား ?

Original design ဆိုတာဘာလဲ
21/08/2023

Original design ဆိုတာဘာလဲ

20/08/2023

#အိမ်ဆောက်ဖို့ဘာလိုမလဲ
#ဘယ်အချိန်အိမ်ဆောက်သင့်လဲ
#ကန်ထရိုက်ဘယ်လိုရှာမလဲ

10/08/2023

ကောင်းရင်ကောင်းတယ်လို့ပြောပေးပါ

Online shopping ပဲဖြစ်ဖြစ်
စားသာက်ဆိုင်ပဲဖြစ်ဖြစ်
ဝန်ဆာင်မှုပဲဖြစ်ဖြစ်
ကုန်ပစ္စည်းပဲဖြစ်ဖြစ်
ကောင်းရင်ကောင်းတယ်ပြောဖို့မတွန့်တိုပါနဲ့
ဒါကိုယ့်အတွက်ပဲဖြစ်ပါတယ်
ကိုယ်ကပြောပေးမှသူပိုရောင်းရမယ်
သူပိုရောင်းရမှ ဒီထက်ကောင်းတာတွေထပ်ပေးနိုင်မယ်
ဒါဆိုကိုယ်လည်းကောင်းတာတွေထပ်ရမယ်

မဟုတ်ရင်
ဂျင်းများတဲ့နိုင်ငံမှာကောင်းအောင်ပေးနေတဲ့လူတွေအတွက်အခက်ခဲဆုံးပဲ
ဘာတွေခက်လဲပြောရအောင်

ရောင်းစျေးတူရင် ပစ္စည်းမှနိပေးတဲ့လူနဲ့ quality လျှော့တဲ့လူဘယ်သူအမြတ်နည်းမလဲ
ဝန်ဆောင်မှုအမှနိပေးရရင်လည်း ပါချီပါချပ်ဝန်ထမ်းlevel နဲ့မရဘူးမဟုတ်လား
ဝန်ထမ်းsocial status ကိုပြောတာမဟုတ်ဘူးနော် အရည်အချင်းနဲ့ဥာဏ်ရည်ဥာဏ်သွေးကိုပြောတာ
လူတော်လူကောင်းကိုတစ်ထောင်မှာတစ်ယောက်ရဖို့တောင်မလွယ်ပါဘူး
နောက်ပြီးစနစ်ကောင်းအောင်လုပ်ဖို့အချိန်ပေးရတယ်
အဲဒါမှတစ်ပွဲတိုးမဖြစ်မှာ
အချိန်ပိုပေးရရင်အမြတ်ပိုများမလား နည်းမလား?
ဒါတွေအကုန်လုံးရဲ့အကျိုးအဆက်ကကောင်းတဲ့ရလဒ်ကိုယ်ကရတာပဲမဟုတ်လား?

ကောင်းအောင်ပေးတဲ့လုပ်ငန်းတွေကိုကြည့်လိုက်ပါ
တကယ်customer ကို care လို့ပါ
လုပ်ငန်းကြီးသေးပြောနေတာမဟုတ်ပါဘူး
စေတနာခံစားမိရင်အသိအမှတ်ပြုပေးဖို့ပါ

မကောင်းရင်တောင်မှ complain တွေတက်ပြီး
ကောင်းရင် ဖြစ်သင့်တာပဲထင်ပြီးကျနော်တို့စားပြီးသောက်ပြီးပျော်ပျော်ကြီးပြန်သွားလား
ကိုယ်လိုချင်တာရပြီးမေ့သွားလား
Review လေး
Feedbacks လေး တောင်မသတီဘူးလား

Self reminder to myself too

Recognize exceptional services and products if you want more of those and less of ဂျင်း

04/08/2023

အိမ်ဆောက်ချင်တယ်
ဘာတွေလုပ်ရမလဲ
#အိမ်ဆောက်ဖို့ဘာလိုမလဲ

#ကန်ထရိုက်ဘယ်လိုရှာမလဲ
#ဘယ်အချိန်အိမ်ဆောက်သင့်လဲ

22/07/2023

Employee နဲ့ self employed, လခစားနဲ့ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်လုပ်တာဘာကွာမလဲ?

ဒီနေရာမှာ professionals ဆိုတာကို အသိပညာ (သို့) အတတ်ပညာ ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်လို့ခေါ်ရမှာပဲ။

Employee ဆိုတာကတော့ လခစား ဝန်ထမ်းပေါ့
Self Employed ဆိုတာကတော့ ကိုယ့် ဝင်ငွေအတွက် ကိုယ့်အလုပ်ကိုကိုယ့်ဟာကိုရှာနေတဲ့လူပဲ ဒီနေရာမှာ တစ်ယောက်ထဲ လုပ်တဲ့ freelance လည်း self employed, company ထောင်ထားပေမယ့်လည်း management တင်မဟုတ်ပဲ ကိုယ်တိုင်ပညာရှင်အနေနဲ့ ဝင်လုပ်နေလည်း self employed ပဲ ဉပမာ company ထောင်ထားပေမယ့်လည်း architect အနေနဲ့ ကိုယ်တိုင်ဝင်ဆွဲရတယ် ဆိုတာမျိုးဆိုလည်း self employed လို့သတ်မှတ်ရပါမယ်။

ကိုယ်က အခုဝန်းထမ်းဘဝကနေ self employed ဘဝကိုပြောင်းချင်ရင် သိထားရမယ့် အချကိ ၇ ချက်ရှိမယ်။

1. Income

Employee တစ်ယောက်အနေနဲ့ ဝင်ငွေက ပုံမှန်လေးလစဉ်ရမယ် company အလုပ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ကိုခေါ်ထားတဲ့ တစ်လျှောက်တော့ လစာပေးနေရမှာဖြစ်တဲ့အတွက် ပုံမှန် income ကို လစာအနေနဲ့ရမယ်
Self employed တစ်ယောက်အနေနဲ့ကတော့ ကိုယ်အလုပ်ရှာတတ်ရင်ရှာတတ်သလို့ အကျိုးအမြတ်ပိုရမယ် မရှာတတ်ရင် မရှာတတ်သလို့ ဝင်ငွေလုံးဝမရှိတဲ့အချိန်တွေရှိနိုင်မယ့် risks တွေရှိမယ်

2. Freedom of expression
ဝန်ထမ်းအနေနဲ့က company တစ်ခုရဲ့ချမှတ်ထားတဲ့ ဘောင်ထဲမှာပဲကိုယ့်ရဲ့ စိတ်ကူးကို ကွန့်မြူးလို့ရမယ် ဘောင်ကျော်လို့မရဘူး ဒါပေမယ့် စနစ်ကောင်းရင် အဲဒီ company ရဲ့ ကောင်းတဲ့ စနစ်တွေကိုယ့်ဆီမှာကျင့်ပြီးသားဖြစ်မယ်
Self employed အနေနဲ့ကတော့ ကိုယ်ပြန်တင်ပြရမယ့် အထက်လူကြီးမရှိဘူး ကိုယ့်ideas တွေကို ထိန်းချုပ်မယ့်သူ ပယ်ဖျက်နိုင်တဲ့သူက ကိုယ့်ကို အလုပ်အပ်တဲ့လူအပြင်မရှိဘူး အဲဒါက အကျိုးရှိစွာသုံးတတ်ရင်တော့ ကိုယ့်ရဲ့ style ကို ကောင်းကောင်းဖော်ပြနိုင်မယ့်အခွင့်အရေးရပေမယ့် ကိုယ့်ကိုကိုယ် ပြန်သုံးသတ်တာအားနည်းတဲ့သူဆိုရင်တော့ အထိန်းအကွတ်အားနည်းသလိုလည်း ဖြစ်နေတတ်တယ်

3. Flexibility of Time
ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူက ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲလို့ရတယ် company မှာ ဝန်ထမ်းလုပ်တဲ့လူကတော့ ရုံးကသတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အလုပ််လုပ်ရတယ် ဒါလည်း ကိုယ်သန်ရာသန်ရာပါပဲ သတ်မှတ်ထားတဲ့ အလုပ်ချိန်အတွင်းမှာလုပ်ပြီးအလုပ်ပြီးသွားတော့လည်းကျန်ချိန်ကကိုယ်နားလို့ရတယ် ကိုယ့်အချိန်ကိုယ့်ဟာကိုယ်စီမံခန့်ခွဲခွင့်ရတော့လည်း အလုပ်အပြင် တစ်ခြား လူမှုရေးတို့ ထပ်တိုးပညာဆည်းပူးခြင်းကိစ္စတွေကိုကိုယ့်ဟာကို ချိန်ဆလို့ရမယ်

4. Credibility
ကိုယ်ကအခုမှစတဲ့အခါ ကိုယ့်မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြစရာမရှိတာမျိုးတွေ မလုံလောက်တာမျိုးကြုံရတတ်တယ် ကိုယ့်မှာကိုယ့်ကျွမ်းကျင်မှုကို self employed တစ်ယောက်အနေနဲ့ပြဖို့ အားနည်းရင် ကိုယ့်ကိုယုံကြည်ဖို့ကလည်းအားနည်းနိုင်တယ်
ဒီနေရာမှာ လူသိများတဲ့ company တစ်ခုရဲ့အရိပ်အောက်မှာအလုပ်လုပ်နေသူအတွက်ကတော့ လူများအမြင်မှာသူရဲ့ကိုယ်ပိုင်အရည်အချင်းအပြင် company အပေါ်လူသိထားတဲ့ အရှိန်အဝါကိုပါရလို့ ဝန်ထမ်းအနေနဲပိုအဆင်ပြေသွားတာမျိုးတွေရှိတယ် နောက်ပြီး project အကြီးတွေဆိုရင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုအလုပ်အပ်ရတာထက် အဖွဲ့အစည်းကိုအပ်ရတာပို credible ဖြစ်တယ်လို့အများအားဖြင့်ယူဆကြတယ်

5. Resources
ကိုယ့်လုပ်နေတဲ့ company ကြီးရင်ကြီးသလောက်ကိုယ်လိုအပ်တဲ့အထောက်အပံ့တွေကိုပိုရနိုင်တယ် ဥပမာ client နဲ့တွေ့ဖို့ facilities ပြည့်တဲ့ meeting room ကောင်းကောင်း computer စပစ္စည်း လိုအပ်နေတဲ့ အချိတ်အဆက်တွေ ၊ ဒါတွေဟာ ကိုယ့်ပိုင်လုပ်ငန်းမှာဆိုရင် ကိုယ့်ဟာကိုပဲ ပံ့ပိုးဖြည့်စည်းရပါတယ်

6. Community
ကိုယ်ကတစ်ယောက်ထဲရပ်တည်နေတဲ့ freelancer ဆိုရင် ကိုယ်စကားပြောပြီး idea ဖလှယ်ဖို့အခွင့်အရေးကိုသီးသန့်ရှာရတတ်တယ် employee အနေနဲ့ကတော့ company မှာ team အလိုက်လုပ်ဆောင်ရတာမျိုးတွေ တစ်ရုံးလုံးအတူခရီးသွားတာတွေလိုမျိုး အတွေ့အကြုံတွေရနိုင်တယ်

7. Growth
မတူတဲ့လမ်းကြောင်းဖြစ်တဲ့ဖြစ်တဲ့အတွက်ဘယ်ဟာကကိုယ့်ရဲ့အရည်အချင်း တွေကိုပိုမြင့်တင်ပေးလဲဆိုတာ အဖြေပြတ်ပြတ်သားသားမရှိနိုင်ပါဘူး company ကောင်းနဲ့ကြံုရတဲ့ ဝန်ထမ်းတစ်ယောက်မှာလည်း ကောင်းတာတွေရသွားနိုင်သလို့ အဆက်အသွယ်ကောင်းကောင်းရှိတဲ့ self employed professional မှာလည်း client ကောင်းကောင်းနဲ့တွေ့ရင်တွေသလောက်တိုးတက်သွားနိုင်ပါတယ်

ဒါကြောင့် ဘယ်ဟာပိုကောင်းလဲဆိုရင် ကိုယ်ကဘယ်လိုလမ်းကြောင်းလျှောက်ချငိတာလဲကိုပဲ ကိုယ့်ကိုကိုယ်ပြန်မေးရပါလိမ့်မယ် အရာရာတိုင်းမှာ ကောင်းတာဆိုးတာဒွန်တွဲနေတာဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့အခါ ဘယ်လ်ုအခက်ခဲမျိုးကိုကိုယ်ကလက်ခံနိုင်လဲဆိုတာပါပဲ

စကားပုံလေးတစ်ခုရှိပါတယ်
Choose your hard

ဆိုလိုချငိတာက အလုပ်လုပ်တာကိုကပင်ပန်းတာဖြစ်တဲ့ အတွက် အဖွဲ့အစည်းအောက်မှာလုပ်လည်းပင်ပန်းမှာပဲ ကိုယ့်ဟာကိုယ်လုပ်လည်းပင်ပန်းမှာပဲ ဘယ်လိုပင်ပန်းမှုမျိုးကိုကိုယ်လက်ခံရွေးချယ်မလဲ?

Alex Swan Aung

#အလုပ်အကိုင် #ဝန်ထမ်း #ကိုယ်ပိုင်လုပ််ငန်း

18/07/2023

ဘယ်လိုcompany ကကောင်းလဲ?

ကိုယ်နဲ့ ကိုက်တဲ့ company ကကောင်းတယ်
အဲဒါတော့ သူပြောမှလား ပေါ့
မဟုတ်ဘူး တကယ်ပါ

တစ်ခုပဲကိုယ်နဲ့ ကိုက်မကိုကို ခံစားချက်နဲ့ ဆုံးဖြတ်ရမှာမဟုတ်ဘူး
တစ်ခုခုဆို ထစ်ခနဲ တော်ပြီ ငါအလုပ်ထွက်ပြီဆိုပြီးလုပ်ရမယ်ပြောတာမဟုတ်ဘူး

ကိုယ်နဲ့ကိုက်မကိုက်ကို တိုင်းတာဖို့ SSCCE ဆိုတဲ့အချက် ၅ ချကိရှိမယ်

နံပတ် ၁ S - Skillsets

Skillsets မှာ soft skills နဲ့ hard (technical) skills ဆိုပြီး ၂ မျိုးရှိမယ်
Soft skillsဆိုတာ ဘယ်အလုပ်အကိုင်ဘယ်နယ်ပါယ်မဆိုအသုံးတည့်မယ့် skills မျိုးတွေ ဥပမာ communication skills, teamwork skills, management skills, coordination skills, interpersonal skills, etc
Hard (Technical) Skills ဆိုတာ ကိုယ့် profession နဲ့ တိုက်ရိုက်သက်ဆိုင်တာမျိုးတွေ ဥပမာ architect ဆိုရင် design thinking, drawings skills, pharmacist ဆိုရင် ဆေးဝါးနဲ့ chemicals တွေအကြောင်းနားလည်မှု၊ lawyer ဆိုရင် ဥပဒေကျွမ်းကျင်မှု တွေဖြစ်တယ်
အဲတော့ ကိုယ်က company ရွေးတဲ့အခါ အထူးသဖြင့် interviews တွေမှာမေးရမယ့်မေးခွန်းတွေကကိုယ်လိုချင်တဲ့ skillsets နဲ့ သူတို့ပေးမယ့် skillsets တွေ match ဖြစ်လားပဲ အဲဒါကိုကိုယ်ကမေးပြီးချိန်ဆရမယ်

နံပတ်၂ S- Salary
ဒါက company အတွက် နောက်ဆုံးမှဖြစ်ချင်ဖြစ်လိမ့်မယ်ဆိုပေမယ့် အစစအရာရာစျေးကြီးနေတဲ့ ခေတ်မှာတော့ ပြည့်စုံတဲ့မိသားစုကမဟုတ်ရင် ကိုယ့်အတွက်က အရေးကြီးမယ့်အချက်ထဲမှာပါတယ်

ဒီနေရာမှာ Salary လစာကို ကိုယ်က ကိုယ်လိုချင်တာကိုဇွတ်တောင်းရမယ်ပြောတာမဟုတ်ဘူး
Market rate range ရှိမယ် Market range ဆိုတာ ကိုယ်ကသတ်မှတ်တာလဲမဟုတ်ဘူး company ကသတ်မှတ်တာလဲမဟုတ်ဘူး Company တွေပေးနိုင်တဲ့လစာအနည်းဆုံးကနေအများဆုံး နဲ့ ဝန်ထမ်းတွေအများစု လက်ခံလုပ်နေတဲ့လစာအနည်ဆုံးနဲ့အများဆုံးအပေါ်မှာ ပျမ်းမ ဂဏန်းတစ်ခုဖြစ်လာတဲ့အရာပဲ အဲတော့ကိုယ်က လက်ရှိ market rate range ကိုလေ့လာထားပါ အထူးသဖြင့် entry level range ကိုကြည့်ပြီးချိန်လို့ရမယ် ပြီးရင် ကိုယ့်မှန်းထားတဲ့လစာနဲ့ company ကပေးနိုင်တဲ့လစာကို match လုပ်ရမယ်

နံပတ် ၃ C Credibility

ဒီနေရာမှာ Credibility ဆိုတာ Company ရဲ့ နံမည်အပေါ် အများရဲ့ ယုံကြည်မှု ကိုပြောတာဖြစ်တယ် ဥပမာ Apple လို့ပြောလိုက်တာနဲ့ သူကုန်ပစ္စည်းကောသူ့ရဲ့ အဖွဲ့အစည်းကိုကော ယုံကြည်မှုကြီးမားကြတယ် Apple မှာ အလုပ်အတွေ့အကြုံဘယ်လောက်ရှိတယ်ပြောလိုက်ရင်အထင်ကြီးကြတာချည်းပဲ အဲဒါကြောင့် ကိုယ့်လျှောက်မယ့် company က ကိုယ့် career path အတွက် credible ဖြစ်ရဲ့လား အထောက်အကူဖြစ်ရဲ့လား အဲတော့ ဒီနေရာမှာတစ်ခုတော့သတိထားရမယ် Brand ကော ပညာပါ ရဖို့ပဲ တစ်ခါတစ်လေ ကိုယ်ကနံမည်ကြီးcompany ကအလုပ်တစ်ခုတော့ရပါတယ် ဒါပေမယ် ပညာတို့ အတွေ့အကြုံတွေကတော့ ပေးရတဲ့အချိန်နဲ့ပြန်ရတာနဲ့အချိုးမမျှတာမျိုးဖြစ်တတ်တယ် အဲဒါကြောင့် ပထမ S Skillsets က အရေးကြီတယ်

နံပတ် ၄ C - Culture

Culture ကိုနားလည်ရလွယ်အောင်ပြောရရင် Vibes နဲ့ Values ပဲ Vibes နဲ့ Values ကိုသိချင်ရင် ရုံးခန်းအနေအထားကိုကြည့်လို့ရမယ် ရုံးထဲကဝတ်စားဆင်ယင်မှုကိုကြည့်လို့ရမယ် ကိုယ့်ကိုinterview မယ့်အထက်လူကြီးတွေကိုကြည့်လို့ရမယ် ဥပမာ ရုံးခန်းအနေအထားက သပ်သပ်ရပ်ရပ် နေရာချထားတဲ့ပုံလား ခိုက်မိုက်မိုက်လူငယ်ဆန်ဆန်လား ရုံးကလူတွေက uniform နဲ့လား smart casual ပုံစံပဲလား ကိုယ့်ကိုinterview တဲ့အထက်လူကြီး vibes က serious လား warm type လား သူကဒီပတ်ဝန်းကျင်မှာနေနေတဲ့သူဖြစ်တဲ့အတွက် သူ့ကိုကြည့်ပြီး မှန်းဆလို့ရမယ် ဒါတွေကြည့်ပြီးကိုယ့်ရဲ့vibes နဲ့ values နဲ့ ကိုက်မကိုက်ချိန်ဆလို့ရမယ်

နောက်ဆုံးက E - Experience

Skillsets နဲ့ Experience ဘာကွာလဲဆိုရင် Skillsets က ပညာ ၊ အတွေ့အကြုံက ဘာလုပ်ရလဲဆိုတာထက် ဘယ်လိုလုပ်တာကို သိခွင့်ရခြင်းပဲ ဥပမာ ပုံဆွဲရတာခြင်းအတူတူ တစ်ယောက်က ပြည်တွင်း project ဆွဲရတယ် တစ်ယောက်က နိုင်ငံခြားproject ဆွဲရတယ် အဲဒါကြောင့် အလုပ်တစ်ခုကို သိခွင့်ရတဲ့ နက်ရှိုင်းမှုကွာသွားမယ် ဒါကြောင့်ဘယ်လိုအတွေ့အကြုံကိုယ်ကလိုချင်လဲ ရနိုင်မလဲ ရဖို့ဘာလုပ်ရမလဲတွေကိုယ်ကစဉ်းစားထားဖို့လိုမယ်

ကိုယ်လိုချင်တဲ့company အတွက်အရည်အချင်းမှီအောင်ဘာတွေလုပ်ရမလဲဆိုတာကို နောက်ပိုင်းအကိုဆက်ပြောပြပေးသွားပါဦးမယ်

Alex Swan Aung

#အလုပ်အကိုင်

17/07/2023

#အလုပ်အကိုင်

08/07/2023

လစာများများ ရတဲ့နည်း

CV ကို မပေါ့လျော့နဲ့မဖြစ်မနေ basic အနေနဲ့လုပ်ကိုလုပ်ထားရမယ့်အချက်များ
08/07/2023

CV ကို မပေါ့လျော့နဲ့
မဖြစ်မနေ basic အနေနဲ့လုပ်ကိုလုပ်ထားရမယ့်အချက်များ

Check out Alex SwanAung's video.

08/07/2023

CV /Resume ဆိုတာ အလုပ်ရဖို့အတွက် တစ်ခုတည်းသောလက်နက်လို့တွေးထားရင်ပိုတယ်ရှိမှာမဟုတ်ပါဘူး
ဒီဘက်ခေက်မှာ potential employers တွေက ကိုယ့်ကိုကြည့်ဖို့ LinkedIn တို့ social medias တွေရှိပေမယ့် officially ကတော့ CV/Resume တင်နေရတုန်းပါပဲ

ဒီတော့ဒီလက်နက်က ကိုယ်လိုချင်တာရဖို့ အကောင်းဆုံးဖြစ်နေဖို့လိုတယ်

06/07/2023

Career ဘယ်လိုချိန်းမလဲ
#အလုပ်အကိုင်

05/07/2023
16/03/2023

Design & balance

Design principles တွေထဲမှာ Balance & Harmony ဆိုတာ ပါတယ်

Principles ဆိုတာပြောရရင် အခြေခံအုတ်မြစ်ပဲ

Balance ကိုရိုးရိုးလေးကြည့်မယ်ဆိုရင်တော့ အစပ်အဟပ် တဲ့မှု
စားစရာဆိုရင် အီတဲ့ အစားအသောက်ကို ချဉ်တာလေးနဲ့ပြန်ဖြည်တယ်
လူမှာဆိုရင်လည်း external balance ရှိသလို internal balance ရှိတယ်

အဲတော့ design မှာ balance ကို အခြေခံ အနေနဲ့တွေးရင်တော့ အမြငိပိုင်း အစပ်အဟပ်တဲ့အောင် ရေးဆွဲတာက တစ်ပိုင်း
ဒါပေမယ့် ပိုအဆင့်မြင့်ချင်ရင် design ကို အမြင်အာရုံတစ်ခုတည်းနဲ့ မပိုင်းခြားပဲ ကျန်တဲ့ ခံစားချက်တွေကိုပါထည့်တွက်ရမယ်
အဲဒါထက်ပိုမြင့်ချင်ရင် design ကို ဆေးလို့သတ်မှတ်ပြီး လူက်ု treatment ပေးသလို လူတစ်ယောက်ချင်းဆီရဲ့ လိုအပ်ချက် (လိုချင်တာပြောတာမဟုတ်ဘူးနော် ) သူကိုယ်တိုင်တောင်သေချာမသိပဲ ကိုယ်က မြင်ရ ခံစားလို့ရတဲ့လိုအပ်ချက် ဥပမာ သူက ရှင်းရှင်းလေး ဖြစ်ချင်တါပဲ သိတယ် အမှန်က သူက အမြင်ရှင်းချင်တာဟုတ် ချင်မှဟုတ်လိမ့်မယ် တကယ်က သူက စိတ်ရှုပ်တာလား စိတ်ရှုပ်တတ်တဲ့ သူလား ပစ္စည်းတွေ အဝယ်မတော်လို့ အိမ်ပွပြီး စိတ်ညစ်နေတဲ့သူလား သူမဟုတ်ပဲ မိဘတွေကရှိသမျှအကုန်သိမ်းလို့ ပွပွတတ်နေတာလား ပြသနာရဲ့ အရင်းမြစ်ရှိတယ် အဲအရင်းမြစ်ကိုရှာနိုင်မှ level မြင့်တဲ့ design solution ထွက်မယ်
ဒါမှ လူကိုကြည့်ပြီး သူ့အတွက် အစပ်အဟပ်တဲ့တဲ့ balance တစ်ခုပေးနိုင်မယ်

ဒါအရမ်းအရေးကြီးတယ်
မျက်လုံးအမြင်ကအရေးကြီးတယ်ဆိုပေမယ့် လူတွေ ကအဆောက်အဦးထဲမှာ မျက်လုံးနဲ့ မြင်တာမဟုတ်ဘူးဆိုတာ သတိပြုမှ လူတွေအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်တေွ ပံ့ပိုးပေးနိုင်မယ်

Alex Swan Aung


Address


Website

Alerts

Be the first to know and let us send you an email when Alex Swan Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share