16/07/2022
အရမ်းကြိုက်လို့ ဖတ်ကြည့်စေချင်တယ်
သူ့နေရာနဲ့သူ
ငွေဆိုတာ
********
သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့်
မသုံးတတ်ရင် ငွေက ကိုယ့်ကို
ပြန်နှိပ်စက် ဘဝပါပျက်တယ် ။
အပျော်ဆိုတာ
**********
ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင်
စိတ်ကို ကြည်လင်လန်းဆန်းပေမယ့်
အတိုင်းအတာ တစ်ခုထက် အပျော်ကြူးရင်း နာမည်ပါပျက်
ဘဝပါပျက်တယ် ။
အပြုံးဆိုတာ
*********
ပြုံးတာနှစ်လို့ဖွယ် ကောင်းပေမယ့်
သူတစ်ပါး ဝမ်းနည်းနေချိန်
ဒုက္ခရောက်နေချိန် ပြုံးမိရင်
အမုန်းခံ အထင်လွဲခံရတယ် ။
နာကျည်းတယ်ဆိုတာ
****************
နာကျည်းတာကြောင့် မခံချင်စိတ်နဲ့
ကြိုးစားအလုပ် လုပ်ရင်
ဘဝအောင်မြင်မှုတွေ ရရှိပေမယ့်
နာကျည်းတဲ့အတွက်ကြောင့်
ဂလဲ့စားချေတဲ့ စိတ်ထားရင်း
ပူလောင်ရတယ် ။
လုပ်ငန်းဆိုတာ
**********
မိမိဘာကြောင့်
မအောင်မြင်ရတာလဲဆိုတာ အဖြေရှာကြည့်ပါ။
မအောင်မြင်တိုင်း ကံကြမ္မာ အပြစ်ပုံချရင်
အကျင့်ပါသွားတတ်တယ် ။
ကံပေးပေမယ့် ဉာဏ်မပါရင်
ချမ်းသာဖို့ နည်းပါတယ် ။
ပေးကမ်းတယ်ဆိုတာ
****************
စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ်
အပေးမတတ်ရင် မိမိကွယ်ရာမှာ
မိမိက ငပေါကြီးလိုလို
အမြှောက်ကြိုက်ကြီးလိုလို
ဖြစ်တတ်တယ် ။
သည်းခံတယ်ဆိုတာ
**************
အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။
မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကို
ပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့
လိုတယ် ။
လဲကျတယ်ဆိုတာ
*************
စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင်
အရာအားလုံးဆုံးရှုံးရတယ် ။
ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့
လိုတယ် ။
ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။
သင့်ရဲ့ ဖူးစားအစစ်အမှန်
မဟုတ်သေးလို့ပါပဲ ။
လုပ်ငန်းမှာ အတိုက်အခံရှိနေလို့
စိတ်ဆိုး ဒေါသထွက်မနေပါနဲ့ ။
သင်ကြိုးစားချင်အောင် အမြင့်ဆုံး
တွန်းပိုးတဲ့သူလို့ မှတ်ယူလိုက်ပါ ။
တချို့ အတိုက်အခံတွေကြောင့်
သင်ပိုကြိုးစားဖြစ်တယ် ။
လူရယ်လို့ ဖြစ်လာရင်
ဘယ်အရာမှ အရှုံးမပေးပါနဲ့ ။
ကြိုးစားရင် အမြတ်ပါပဲရှင် ။
#ဘဝလှဖို့စာဖတ်ကြစို့
#လူငယ်များအတွက်ဗဟုသုတစာပေများ
𝐂𝐫𝐝𝐢𝐭 လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
sandar