![ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူကို စစ်ကောင်စီတပ် ဖမ်းဆီးကာ အင်းစိန်ထောင်ပို့========================ရိုဇာဇေကမ္ဘာ ဦးခင်ရ...](https://img3.medioq.com/903/605/135142259036055.jpg)
22/03/2022
ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူကို စစ်ကောင်စီတပ် ဖမ်းဆီးကာ အင်းစိန်ထောင်ပို့
========================
ရိုဇာ
ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟကို ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ညပိုင်းတွင် အင်းစိန်ထောင်သို့ ပို့လိုက်သည်ဟု သတင်းရင်းမြစ်များ ထံက သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဗဟန်းမြို့နယ်ရှိ ၎င်းတို့ နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် ကနဦး ထိန်းသိမ်းထားရာမှ အင်းစိန်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းကို မဇ္စျိမက ဆက်သွယ် မေးမြန်းရာတွင် မည့်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရဟု ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် စာများအရ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ (၂၄) ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗဟန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီ ၁၁ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီး ခံရသည့် သတင်း မှန်ကန်ကြောင်းကို ဗဟန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။
#ဇေကမ္ဘာဦးခင်ရွေ
#ဗဟန်းမြို့နယ်ရဲစခန်း
#အင်းစိန်ထောင်
#ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေ
source >>> khit thit