နေ့စဥ် သတင်းစုံ

  • Home
  • နေ့စဥ် သတင်းစုံ

နေ့စဥ် သတင်းစုံ နေ့စဉ်သတင်းများ Myanmar Daily News 7Day

လားရှိုးကနေ စစ်ရှောင်သွားမယ့် ကား‌တွေထောင်ချီပြီး မြို့အထွက်လမ်းမှာ ပိတ်မိနေဇူလိုင် ၈၊ ၂၀၂၄လားရှိုးမြို့ကနေ စစ်ရှောင် ထွ...
08/07/2024

လားရှိုးကနေ စစ်ရှောင်သွားမယ့် ကား‌တွေထောင်ချီပြီး မြို့အထွက်လမ်းမှာ ပိတ်မိနေ

ဇူလိုင် ၈၊ ၂၀၂၄

လားရှိုးမြို့ကနေ စစ်ရှောင် ထွက်သွားဖို့ တန်းစီနေတဲ့ ကား‌တွေ လက်ရှိ ထောင်ချီ မြို့အထွက်မှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"မနက် အစောကြီး ကတည်းက တန်းစီနေတာ အခုမှ နားမခေါ် ကားကွင်းနားပဲ ရောက်သေးတယ်။ တလှိမ့်ချင်း လှိမ်နေရတာ။ ဒီညတောင် မယ်ဟန်ကနေ ထွက်ရပါ့ မလား မသိဘူး။" လို့ တန်းစီနေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

တိုက်ပွဲက လားရှိုး မြို့စွန်ဘက်မှာပဲ ပြင်းထန်နေတာ ဖြစ်ပေမယ့် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နားမခံန်ုင်သလို အိပ်ရေးပျက် ကျန်းမာရေးပါ ထိခိုက်လာတာကြောင့် မြို့ကနေ ရှောင်ထွက် လာခဲ့တယ်လို့ သူက ပြောပါတယ်။

မြို့ထဲမှာလည်း လက်နက်ကြီး ကျည်တွေကျပြီး ပြည်သူတွေ ထိခိုက်မှု၊ နေအိမ်တွေ ပျက်စီးမှု နေ့တိုင်း ဖြစ်နေပြီး ထိခိုက်မှု ကြုံနေသူတွေ တချို့လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် အကူအညီရဖို့ ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။

"မြို့ထဲ ‌ကျည်လွတ်တဲ့ နေရာ ရှောင်ရင်တော့ မဖြစ်မ‌ေနဆိုရင်‌ေတာ့ ရတော့ရတယ်။ ဒါပေမယ် လူ အရမ်းများလွန်း၊ ကြပ်လွန်းတယ်။ စီမံခန့်ခွဲတဲ့ သူတွေလည်း အခက်ဖြစ်ကြတယ်။ ကြာလာရင် စားဖို့ သောက်ဖို့ပါ ခက်ခဲ လာမှာ" လို့ သူက ပြောပါတယ်။

Photo Crd

တောင်ကိုရီးယားတွင် လူ ၂၃ ဦးသေဆုံးခဲ့သည့် ဘက်ထရီစက်ရုံ မီးလောင်မှုအတွက် ကုမ္ပဏီအမှုဆောင်ချုပ် တောင်းပန်ဇွန် ၂၄ ရက်က တောင်...
25/06/2024

တောင်ကိုရီးယားတွင် လူ ၂၃ ဦးသေဆုံးခဲ့သည့် ဘက်ထရီစက်ရုံ မီးလောင်မှုအတွက် ကုမ္ပဏီအမှုဆောင်ချုပ် တောင်းပန်

ဇွန် ၂၄ ရက်က တောင်ကိုရီးယားရှိ လီသီယမ် ဘက်ထရီစက်ရုံတွင် အကြီးစားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် စက်ရုံဝန်ထမ်း ၂၃ ဦး သေဆုံးခဲ့သည့်အတွက် ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူက ဇွန် ၂၅ ရက်တွင် ပြန် လည်တောင်းပန်ခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသော ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးချက်များနှင့်လျော်ညီစွာလည်ပတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၅ ရက်က ဟွာဆုန်မြို့ရှိ မီးလောင်မှုဖြစ်ပွားခဲ့သော အဆိုပါစက်ရုံတွင် မီးသတ်ဝန်ထမ်းများက အနံ့ခံခွေးများနှင့် အတူ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပျောက်ဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို ရှာတွေ့ခဲ့သည့် အတွက်သေဆုံးသူ ၂၃ ဦးရှိလာခဲ့သည်။ သေဆုံးသူများအနက် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးပါဝင်ကြောင်း သိရသည်။

သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များကို ရောင်းချပေးမည်လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရွှေဘို...
23/06/2024

သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များကို ရောင်းချပေးမည်

လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများကို သက်သာသောဈေးနှုန်းဖြင့် ဆန်များကို ဇွန်လ (၂၄) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ ကျ ပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ(၁၅%) တစ်အိတ်လျှင် ၇၂ ၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ယခုကဲ့သို့ အရည်အသွေးကောင်းမွန်သော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်စွာဖြင့် ရောင်းချပေးခြင်းသည် စားသုံးသူပြည်သူများအတွက်သာ ရောင်းချပေးခြင်းဖြစ်ပြီး ဝယ်ယူသူမှ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်တစ်အိတ်ကို အိမ်ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထာသည်။

ယခု ရောင်းချပေးသည့် အစီအစဉ်တွင် ပြန်လည်ရောင်းချရန် ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

ယခု အစီအစဉ်အတွက်ပိုမို ကောင်းမွန်သောအကြံပြုလိုပါကမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
(ဖုန်း- ၀၉-၄၀၀၀၆၇၂၆၀၊ ၀၉-၄၀၀၀၆၇၂၇၀)၊

ဝါးတန်းကုန်စည်ဒိုင်
(ဖုန်း- ၀၁-၈၂၂၁၄၄၈၊ ၀၁-၈၂၂၀၁၃၁၊ ၀၁-၈၂၁၀၂၈၇)

ဘုရင့်နောင်ကုန်စည်ဒိုင်
(ဖုန်း- ၀၉-၇၆၉၀၂၉၄၂၈)

တို့ကိုဆက်သွယ်၍ရသည်။

နေ့စဥ် သတင်းစုံ

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက် ဇွန်-၁၃-၂၀၂၄လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ...
14/06/2024

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်

ဇွန်-၁၃-၂၀၂၄

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်အမြောက်အများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဟဇ်ဘိုလာတွေဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုအချို့ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

အစ္စရေးကို တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှု၊ အင်အားနဲ့ ပမာဏတို့ကို တိုးမြှင့်သွားမယ်လို့ သေဆုံးသွားတဲ့ တပ်မှူးရဲ့ဈာပနမှာ ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူတယောက်က ကတိပြုပြောဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့ဟာ နယ်စပ်တစ်လျှောက်မှာ နေ့စဉ်လိုအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။

ဟဇ်ဘိုလာတို့ကတော့ ဒါဟာ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံးကို အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးအပါအဝင် အခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

လက်ဘနွန်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂရဲ့ အဆိုအရ နှစ်ဘက်အကြား တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ အရပ်သား ၈၈ ယောက်အပါအဝင် လူ ၃၇၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး အစ္စရေးဘက်ကလည်း စစ်သား ၁၈ ယောက်နဲ့ အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်လိုတိုက်ခိုက်မှုတွေကြောင့် အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နယ်စပ်အသိုင်းအဝိုင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပါတယ်။

နေ့စဥ် သတင်းစုံ

ကျုံအိတ် ယာယီသံဘေလီတံတား အစားထိုးပြင်ဆင်မှုပြီးစီး ယာဉ်များစတင် ဖြတ်သန်းခွင့်ပြုမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မွန်ပြည်နယ် ၊...
29/05/2024

ကျုံအိတ် ယာယီသံဘေလီတံတား အစားထိုးပြင်ဆင်မှုပြီးစီး ယာဉ်များစတင် ဖြတ်သန်းခွင့်ပြု

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မွန်ပြည်နယ် ၊ဘီးလင်းမြို့အထွက်က်ရှိ ကျုံအိတ်တံတားအား ယာယီသံဘေလီ တံတားအစားထိုးပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်ရာ ယာဉ်များအားလုံးဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေ(၂၈)ရက်မှစတင်၍ ယာဉ်များအားလုံးစမ်းသပ်ဖြတ်သန်းခွင့်ပြုနေပြီးနောက် ယနေ့တွင် ယာဉ်များအားလုံးဖြတ်သန်းခွင့်ပြခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မနေ့က စမ်းသပ်ပြီး ကားတန်ချိန်အလိုက်စမ်းပြီး ဖြတ်ခွင့်ပြုတယ်။ တံတားကြံ့ခိုင်မှုကို စစ်ဆေးတဲ့သဘောပေါ့။ ဒီနေ့တော့ ကားတွေအားလုံး ဟိုဘက်ဒီဘက် အလှည့်ကျ ဖြတ်သန်းခွင့်ပြုလိုက်ပါပြီ" ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ယာဉ်အားလုံး ဖြတ်သန်းခွင့်ပြုလိုက်‌သော်လည်း တန်းစီစောင့်ဆိုင်းသည့် ယာဉ်အရေအတွက်များပြားသဖြင့် ယာဉ်ပိတ်ဆို့မှုရှိနေသေးကြောင်း ဆိုသည်။

အလားတူ ဘီးလင်းမြို့နယ် ရွှေရောင်ပြ‌ကျေးရွာအုပ်စုရှိ မစောတံတားကိုလည်း ရွှေသံလွင်ဟိုက်ဝေး ကုမ္မဏီက ပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း ပြီးစီးနိုင်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ အဆိုပါ ဒေသတွင်းချိတ်ဆက်တံတား (၂) စင်းဖြစ်သည့် ကျုံအိတ်တံတားနှင့် မစောတံတားကို ယခုလ မေတစ်လတည်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

နေ့စဥ် သတင်းစုံ

မြဝတီ တောလမ်းအားလုံး သွားလာခွင့်ပိတ်လိုက်လို့ ကားသမားတွေ အခက်ကြုံနေမေ ၂၉ - ၂၀၂၄မြဝတီကို သွားရောက်နိုင်တဲ့ တောင်ပတ်လမ်းတွ...
29/05/2024

မြဝတီ တောလမ်းအားလုံး သွားလာခွင့်ပိတ်လိုက်လို့ ကားသမားတွေ အခက်ကြုံနေ

မေ ၂၉ - ၂၀၂၄

မြဝတီကို သွားရောက်နိုင်တဲ့ တောင်ပတ်လမ်းတွေထဲက ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်းအားလုံးကို KNU က သွားလာခွင့်ပိတ်သွားပြီး မြဝတီ - ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းတခုတည်းကသာ ကုန်ကားသီးသန့်သွားခွင့်ပေးနေတာကြောင့် ကားတွေပိတ်မိနေကြပြီးဒုက္ခရောက်နေတယ်လို့သိရပါတယ်။

မြဝတီ- ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းကနေ သွားလာခွင့်ပြုရာမှာလည်း မြဝတီကအဆင်း ကုန်ကားတွေကိုသာ ကုန်ပစ္စည်းတွေနဲ့ သွားခွင့်ပေးပြီး မြဝတီကိုတက်မယ့်ကုန်ကားတွေကိုတော့ ခါလီ ကုန်မပါမှသာ သွားခွင့်ပြုနေတာဖြစ်ကြောင်း၊ ကားလေးတွေကိုတော့ သွားခွင့်မပြုဘူးလို့သိရပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတားလုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါက၂၀၂၄ တွင်မပြီးနိုင်ဟုဆိုရန်ကုန်-ဒလ မြ...
28/05/2024

ရန်ကုန်-ဒလ မြစ်ကူးတံတားလုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါက၂၀၂၄ တွင်မပြီးနိုင်ဟုဆို

ရန်ကုန်-ဒလ မြစ်ကူးတံတား၏ လုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါကတံတား၂၀၂၄ တွင်မပြီးနိုင်ကြောင်း တံတားလုပ်ငန်းခွင်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုနှစ် ၂၀၂၄ မှာအပြီးသတ်ပြီးစီးရန် မျှော်မှန်းထားသည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကြီးသည် အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည့် အလယ်သံဘောင် အချိန်မီမရောက်ရှိပါက လာမည့် ၂၀၂၅ ရောက်မှသာ ပြီးစီးနိုင်တော့မည်ဖြစ်ကြောင်း၊လက်ရှိတွင် တံတားတစ်စင်းလုံး၏တည်ဆောက်မှု ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်၊ဒလဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းများ၊ မြစ်လယ်အထိ ချိတ်ဆက်ပေးမည့် သံမဏိကြိုးဆိုင်းများမှာ အဆင့်သင့်ဖြစ်နေပြီးအရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည့် အလယ်သံဘောင်ရောက်ရှိလာပါက ယခုနှစ်အတွင်းအချိန်မီပြီးစီးနိုင်မည်ဖြစ်သလို၊မရောက်ရှိလာပါက လာမည့် ၂၀၂၅ ခုနှစ်မှသာပြီးစီးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကူညီထောက်ပံ့ငွေဖြင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်-ဒလမြစ်ကူးတံတားကြီးကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်းတံတား တည်ဆောက် ပြီးစီးပါက ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြော ပိတ်ဆို့မှုလျော့နည်းသက်သာစေမည်ဖြစ်ပြီး ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲတံတား မှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေ့စဥ် သတင်းစုံ

မိုင်းဖုန်းဆရာတော်၏ ဘူတန်မှတဆင့် မိန့်ကြားစာအရ သဲပုံစေတီ (၈၀,၀၀၀) ကျော် လှူဒါန်းပူဇော်မည်ဘူတန်နိုင်ငံ ၊ ဟိမဝန္တာတောင်တွင...
25/05/2024

မိုင်းဖုန်းဆရာတော်၏ ဘူတန်မှတဆင့် မိန့်ကြားစာအရ သဲပုံစေတီ (၈၀,၀၀၀) ကျော် လှူဒါန်းပူဇော်မည်

ဘူတန်နိုင်ငံ ၊ ဟိမဝန္တာတောင်တွင် တရားကျင့်ကြံ၍ သီတင်းသုံးနေသော မိုင်းဖုန်ဆရာတော်၏ မိန့်ကြားစာအရ သဲပုံ စေတီ (၈၄,၀၀၀)အား တည်ထား၍ လှူဒါန်းပူဇော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မိုင်းဖုန်းမြို့ ဗုဒ္ဓဂါယာစေတီတော်ဂေါပက အဖွဲ့၏ အသိပေးချက်အရ သိရသည်။

အဆိုပါ သဲပုံစေတီလှူဒါန်းမှုအား မိုင်းဖုန်းမြို့၊ဗုဒ္ဓဂါယာစေတီကောင်းမှုခမ်းတွင် ယခုလ မေ(၂၉)ရက်နှင့် (၃၀)ရက် နှစ်ရက်တာ လှူဒါန်းပူဇော်မှုပြုလုပ်သွားမည်ဖြစ်ပြီး၊ ရပ်နီးရပ်ဝေးရှိ ဓမ္မမိတ်ဆွေများ လာရောက် ကုသိုလ်ယူနိုင်ရန် ဂေါပကအဖွဲ့က နှိုးဆော်ထားသည်။

မေလ(၂၉)ရက် ပထမရက် နံနက်(၈)နာရီတွင် မဟာဝေသန္တရာ ပဌာန်းကြီးအား တစ်ရက်လုံး ရွတ်ဖတ်သရဇ္ဇယ်ခြင်း၊ မေလ (၃၀)ရက် ဒုတိယရက်တွင် သဲပုံစေတီ(၈၄,၀၀၀)ကို လှူဒါန်းပူဇော်ရေစက်ချမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းဖုန်းဆရာတော်သည် ဘူတန်နှင့်တိဘက်ကြားရှိ ဟိမဝန္တာတောင်တွင် ဝါတွင်းသုံးလပတ်လုံး တရားကျင့်ကြံ အားထုတ်သွားမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံက သိရသည်။
Credit

မကွေးမြို့ အထက ၁ လမ်း ယာဘက်ရှိ ကန်သာကန်တွင် ငါးများ သေဆုံးနေနေ့စဥ် သတင်းစုံ မကွေးတိုင်း ဒေသကြီး မကွေးမြို့ အထက ၁ လမ်း ယာ...
25/05/2024

မကွေးမြို့ အထက ၁ လမ်း ယာဘက်ရှိ ကန်သာကန်တွင် ငါးများ သေဆုံးနေ
နေ့စဥ် သတင်းစုံ
မကွေးတိုင်း ဒေသကြီး မကွေးမြို့ အထက ၁ လမ်း ယာဘက်ရှိ ကန်သာကန်တွင် မေ ၂၅ ရက်နေ့ နံနက်က ငါးများ သေဆုံး၍ ရေပေါ်သို့ ပေါ်လာကြောင်း သိရသည်။

မေလဆန်းပိုင်းက ကမ္ဘာ့အပူဆုံး မြို့ များ စာရင်း ဝင်ခဲ့သည့် မကွေးမြို့တွင် မေ ၂၂ ရက်နေ့ ညနေက မိုးသည်းထန်စွာ ရွာ သွန်းခဲ့ကြောင်း ထိုသို့ မိုးရွာအပြီး သုံးရက် မြောက်နေ့တွင် အဆိုပါကဲ့သို့ ငါးများ သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း၊ လူနေရပ်ကွက်များအတွင်းမှ ရေများဝင်ရောက်လေ့ရှိသည့် ကန် သာကန်တွင် ငါးများ သေဆုံးခဲ့ခြင်းသည် ရေမြောင်းများအတွင်းမှ ရေဆိုးများကြောင့် အဆိပ်သင့်ခြင်း ဖြစ်နိုင်သည်ဟု ယူဆချက် များ ရှိနေကြောင်း၊ ထိုသို့ ငါးများသေဆုံးခဲ့ ခြင်းနှင့် ပတ်သက်၍ တိကျသေချာသည့် အ ကြောင်းရင်းကို မသိရသေးကြောင်း သတင်း ရရှိသည်။

အဆိုပါ ကန်သာကန်တွင် မေ ၂၅ ရက် မွန်းလွဲ ၂ နာရီက ငါးအသေများအား ရှင်းလင်းပြီးထားခဲ့ကာ ရေကန်အတွင်းရှိ အလှဆင်ရေပန်းများအား ဖွင့်ထားခဲ့ကြောင်း သိရသည်။

ပုံစာ - မကွေးတိုင်းဒေသကြီး မကွေးမြို့ အထက ၁ လမ်း ယာဘက်ရှိ ကန်သာကန်တွင် မေ ၂၅ ရက်နေ့ နံနက်က ငါးများ သေဆုံး၍ ရေပေါ်သို့ ပေါ်လာသည်ကို တွေ့ရစဉ်။

Photo:Aye Htet Htet Soe facebook
Eleven

မူဆယ် - မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေမေ ၂၄၊ ၂၀၂၄တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် - မန္တလေး သွားလာနေကြ...
25/05/2024

မူဆယ် - မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေ

မေ ၂၄၊ ၂၀၂၄

တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် - မန္တလေး သွားလာနေကြပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

" မူဆယ် နဲ့ မန္တလေး လမ်းမှာ တည အိမ်ရမယ်။ မူဆယ် - မန္တလေး က ၂၂၀,၀၀၀ ပါ။ အတက်က ၁၈၀,၀၀၀ ပါဗျ။ အဆင်းကျတော့ ကားခ များတယ်။ အဆင်းက တ‌ေယာက်ပါပါ၊ ၂ယောက်ပါပါ ထွက်ရတာ ကြောင့်မို့လေ။ အတက်ကျတော့ မန္တလေး ကနေသွားမယ် ဆိုရင် ခရီးသည် များတယ်။" လို့ ကားဂိတ် တာဝန်ရှိသူ အမျိုးသား တယောက်က ပြောပါတယ်။

ကားခ ဈေးနှုန်းတွေက ကားတွေပေါ် မူတည်ပြီး နှုန်းထား မတူတာ ရှိသလို ကိုယ်သွားမယ့် လမ်းကြောင်း ပေါ်မှာလည်း မူတည်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

"လမ်းမှာ တည အိပ်ရတယ်။ အတက်နဲ့ အဆင်း ကားခ အတူတူပဲ။ တန်ဆာကတော့ 1 Kg ကို ၂၀၀၀ ပါ။ ကုန်ပွတွေ ကျတော့ ကုန်ပေါ်မှာ မူတည်ပြီး ပြန်ဖြတ်တာ။ လူပါရင်တော့ ကားသမားတွေ ကြည့်ကြက်ပြီး ဖြတ်ပေးတယ် ကုန်ကျတော့လေ။" လို့ နောက်ထပ် ကားဂိတ် တခုက ဂိန်တာဝန်ရှိ အမျိုးသမီး တယောက်က ပြောပါတယ်။

မူဆယ် - မန္တလေး ကားခ လူတယောက်ကို အံစာတုံးကား ဆိုရင် ၂ သိန်း၊ ကားလေး တွေဆိုရင် ၂ သိန်းခွဲ၊ ပါဂျဲရိုဆိုရင် ၃ သိန်း ရှိပြီး အဖွဲ့လိုက်ဆိုရင် ဈေးညှိနှိုင်းပေးတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ မူဆယ် - နမ့်ခမ်း - နမ့်ဖတ်ကာ - ကွတ်ခိုင် - သိန္နီ - မိုင်းပါ - မိုင်းရင် - နမ္မတူ - မန္တလေး ရဲ့ လမ်း အပိုင်းဖြစ်တဲ့ သိန္နီ - မိုင်းပါ - မိုင်းရင် - နမ္မတူ လမ်းပိုင်းကို မိုးရွာတာကြောင့် မေလ ၂၁ ရက်နေ့ က‌နေ ၅ ရက် ခေတ္တ လမ်းပိတ် ထားကြောင်း ကားသမားတွေ ဆီက သိရပါတယ်။

"လမ်းက ရက်စက်တယ်။ တခေါက် ဆိုပေမယ် တာယာကို စုတ်ပြတ်သွားတာပဲ။ တာယာ လဲလဲ နေရတာ မလွယ်ဘူး။ ဒီကြားထဲ ကားပျက်ရင် ပိုဆိုးပြီ။ ငွေ ကျန်ဖို့ နေ‌ေနသာသာ ပြန်တောင် စိုက်ရသေးတယ်။ ကားခ ဈေးများတာပဲ ပြောနေကြတာ။ လမ်းအခြေအနေကိုလည်း ကြည့်အုံးလေ။ သွားဖူးတဲ့ သူမှ သိမယ်" လို့ မူဆယ်က ကားသမား တယောက်က ပြောပါတယ်။

အရင်က တရက် ခရီးပေါက်တဲ့ လမ်းခရီးကို လက်ရှိမှာတော့ လမ်းမှာ အိပ်ရပြီး ကားသမားတွေ အနေနဲ့ အခွန်၊ ဆက်ကြေး၊ လမ်းကြေးတွေ ပေးရတယ်။ ကားအတွက် တနှစ်စာ ဆောင်ရပေမယ့် ကုန်တွေ အတွက် အဆင်း အတက် အခေါက်တိုင်း ပေးဆောင်ရကာ ကိုယ်သွားမယ့် လမ်းကြောင်းပေါ်မူတည်ပြီး အစိုးရ အပြင် လက်နက်ကိုင်အဖွဲ့ အစည်းတွေကို အခွန်ပေးဆောင်ရတယ်လို့ဆိုပါတယ်။

Photo Crd

#မူဆယ်မန္တလေးကားခ
Credit VOM

အလိုအလျှောက်သွားလာသည့် ကွန်တိန်နာယာဉ်များ ပေကျင်းတွင် ပထမဆုံး စမ်းသပ်ပြေးဆွဲအဝေးထိန်းစနစ်ဖြင့် မောင်းနှင်ခြင်းမဟုတ်သော အ...
23/05/2024

အလိုအလျှောက်သွားလာသည့် ကွန်တိန်နာယာဉ်များ ပေကျင်းတွင် ပထမဆုံး စမ်းသပ်ပြေးဆွဲ

အဝေးထိန်းစနစ်ဖြင့် မောင်းနှင်ခြင်းမဟုတ်သော အလိုအလျှောက်သွားလာသည့် ထရပ်ကားများအား အမြန်လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခွင့်ကို ပေကျင်းမြို့တွင် ပထမဆုံးခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုသို့ခွင့်ပြုလိုက်သည်နှင့် ပိုနီအေအိုင်(Pony AI) ကုမ္ပဏီမှ ထုတ်လုပ်ထားသော အလိုအလျှောက်မောင်းနှင်သည့် ကွန်တိန်နာတင်ထရပ်ကား ၆ စင်းပါဝင်သော ယာဉ်တန်းသည် ပေကျင်း-တီယန်ကျင်း-တန်ဂူး အဝေးပြေး အမြန်လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ကြသည်။

ပေကျင်းတွင် အလိုအလျှောက်သွားလာသည့်ယာဉ်များအား စီးပွားဖြစ် မောင်းနှင်ပြေးဆွဲခြင်းကို ၂၀၂၃ ခုနှစ် မတ်လက စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
နေ့စဥ် သတင်းစုံ

ပြင်ဦးလွင်မှာ ကားသုံးစီး လမ်းချော်တိမ်းမှောက်လို့ ၁၈ ယောက် ဒဏ်ရာရမေ ၁၉- ၂၀၂၄မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မ...
20/05/2024

ပြင်ဦးလွင်မှာ ကားသုံးစီး လမ်းချော်တိမ်းမှောက်လို့ ၁၈ ယောက် ဒဏ်ရာရ

မေ ၁၉- ၂၀၂၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်၊ မိုင်တိုင်အမှတ် (၂၆) အနီးမှာ မနေ့ မေ ၁၈ ရက်၊ ညနေ ၅ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က မိုးရွာအပြီး လမ်းချော်လို့ ကားသုံးစီး တိမ်းမှောက်ခဲ့ကာ ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ပြင်ဦးလွင်မြို့၊ နယ်မြေ (၃)၊ ပြင်စာ၊‌‌ မေမြို့-မန္တလေး (အဆင်းလမ်း) ပြင်စာဈေးတန်းအနီးမှာ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ခုနစ်ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အရှေ့က တွဲကားတစီးမှောက်တယ်။ သူ့အနောက်က Canter (၁၀) ပေတို မှောက်တယ်။ အဲဒီနောက်က လိုက်ထရပ်တစီးပေါ့။ လိုက်ထရပ်က လမ်းချော်ပြီး တွဲကားကိုဝင်တိုက်တယ်။ ဒဏ်ရာ ရတာကတော့ လိုက်ထရပ်နဲ့ Canter (၁၀) ပေတိုကားပေါ်ကလူတွေဖြစ်မယ်။ ဒဏ်ရာတွေက အရမ်းကြီး စိုးရိမ်စရာတော့ မရှိဘူး။ ပွန်းပဲ့လောက်နဲ့ ညိတာစွန်းတာလောက်ပဲ ရှိတာ။ ဒဏ်ရာရ ၁၈ ယောက်မှာ ကျွန်တော်တို့ ဆေးရုံပို့တာက စုစုပေါင်း ၁၂ ယောက်ပါ။ ကျန်တဲ့ ခြောက်ယောက်‌ကတော့ ဘာမှသိပ်မဖြစ်တော့ ကားနားလေးပဲနေခဲ့ကြတယ်။ ဆေးရုံပို့တဲ့ သူတွေထဲမှာ စိုးရိမ်ရ တယောက် ပါပေမယ့် အရမ်းကြီးတော့ ဒဏ်ရာမပြင်းပါဘူး” လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ဒဏ်ရာရ စုစုပေါင်း ၁၈ ယောက်အနက် အမျိုးသား တယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်ကို ဒေသခံ ရတနာပုံမီးသတ်တပ်ဖွဲ့နဲ့အတူ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အရေးပေါ်ယာဉ် နှစ်စီး၊ ရွှေမြင်သာ လူမှုကူညီရေးအသင်း၊ ပြင်စာမှ ယာဉ် တစီး၊ အ‌ရေးပေါ်ယာဉ် စုစုပေါင်း သုံးစီးနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ဆောင် ကူညီခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ် (၄၁) နဲ့ (၄၂) ကြားမှာ ခရီးသည်ပို့ဆောင်ရေးယာဉ်တစီး မိုးရွာနေချိန် စလစ်ဖြစ်ကာ အရှိန်လွန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း
နေ့စဥ် သတင်းစုံ
vom

လာအိုနိုင်ငံ၊ Bo Kaeo ခရိုင် Ton Phueng ဒေသတွင် မဲခေါင်မြစ်အတွင်း နစ်မြုပ်နေသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တူးဖော်တွေ့ရှ...
16/05/2024

လာအိုနိုင်ငံ၊ Bo Kaeo ခရိုင် Ton Phueng ဒေသတွင် မဲခေါင်မြစ်အတွင်း နစ်မြုပ်နေသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ပြီး ချင်းရိုင်ခရိုင် ချင်းဆန်ခရိုင်နှင့် ဆန့်ကျင်ဘက် အခြားတစ်ဆူကို တွေ့ရှိခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်အား ရှာဖွေတွေ့ရှိခြင်း။ ဤရုပ်ပွားတော်ကို လာအိုရှေးဟောင်းသုတေသနအဖွဲ့မှ ယနေ့ (မေလ 16 ရက် 2024 ခုနှစ်) 3 နာရီ 34 မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့သော ပိဋကတ်သုံးပုံဘုရားဟု ယူဆရသည်။

တူးဖော်ပြီးနောက် မတ်လ (၁၄) ရက်နေ့မှစတင်၍ ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်း အများအပြားကို တွေ့ရှိခဲ့သည်။

Credit
နေ့စဥ် သတင်းစုံ

ကျုံအိတ်တံတားကနေ ကားအသေးတွေ ဖြတ်သန်းနိုင်၊  တံတားရှောင်ကွင်းတောလမ်းမှာ ခရီးသည်တင်ကား ဗုံးထိမှန်ပျက်စီးမေ ၁၅ - ၂၀၂၄မိုင်း...
16/05/2024

ကျုံအိတ်တံတားကနေ ကားအသေးတွေ ဖြတ်သန်းနိုင်၊ တံတားရှောင်ကွင်းတောလမ်းမှာ ခရီးသည်တင်ကား ဗုံးထိမှန်ပျက်စီး

မေ ၁၅ - ၂၀၂၄

မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကနေ ကားအသေးတွေ တစီးချင်းစီး ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်တယ်လို့ ဖြတ်သန်းသွားလာခဲ့သူတွေဆီကသိရပါတယ်။

ပျက်စီးသွားတဲ့ကျုံအိတ်တံတားနှစ်စင်းအနက် ထက်ပိုင်းကျိုးကျတဲ့သံကွန်ကရစ်ဘက်ခြမ်းမှာ မြေသားဖြည့်ထားပြီး ကားအသေး၊ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်ပေးနေတာဖြစ်ပါတယ်။

" အောက်ပိုင်းနိမ့်တဲ့ကားတွေကတော့သွားဖို့မလွယ်ဘူး။အခုက ကားအသေးတွေလွှတ်ပေးနေတာ၊ကားကြီးတွေ ကုန်ကားတွေကတော့သွားလို့မရသေးဘူး။အခုကကျိုးကျတဲ့တံတားအခြေမှာမြေကြီးဖို့ပြီး ဖြတ်ခွင့်ပေးနေတာပေါ့။လမ်းရှင်းပေးတဲ့သူတွေလည်းရှိပါတယ် " လို့ ဖြတ်သန်းသွားလာခဲ့တဲ့ မော်လမြိုင်အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကပြောပါတယ်။

ကျုံအိတ်တံတား တခြမ်းကနေ ကားအသေးတွေကိုဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး သထုံ နဲ့ ဘီးလင်းမှ ကားတွေကိုအသွားအပြန် အလှည့်ကျစီဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့သိရပါတယ်။

ကျုံအိတ်တံတား ကနေ ကားအသေးတွေသာဖြတ်သန်းခွင့်ရနေပြီး ကားကြီး၊ကုန်ကားတွေသွားလာခွင့်မရသေးတာကြောင့် ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းကနေ ကားတွေသွားလာနေကြရဆဲဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကျုံအိတ်တံတား ရှောင်ကွင်းလမ်းဖြစ်တဲ့ ကျေးရွာချင်းဆက် ဒုံဝန်းကျေးရွာကိုသွားတဲ့လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးမှာ မေ ၁၅ ရက်က ရပ်ထားတဲ့ ကားတစီးပေါ် ဒရုန်းဗုံး ကျပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

" မနေ့ နေ့လယ်၁နာရီကျော်လောက်မှာ ကားပေါ်ကျပြီးပေါက်ကွဲမှုဖြစ်တာ၊ကားကရပ်ထားချိန်ဖြစ်လို့ကံကောင်းသွားတယ်၊လူတွေတော့မထိလိုက်ဘူးပေါ့၊ကားပေါ်ပါပစ္စည်းရောကားရောပျက်စီးတယ်။ အဲဒီကားက တောလမ်းကနေသွားမယ့်ကားပါ၊ အဲဒီတောလမ်းက အရေးမကြီးရင်မသွားသင့်တော့ပါဘူး၊အခုလည်း ကျုံအိတ်တံတား ကနေကားလေးတွေပေးဖြတ်နေတယ် " လို့ ရန်ကုန် -မော်လမြိုင်ကားမောင်းနေသူတယောက်ကပြောပါတယ်။

ဗုံးထိမှန် ပျက်စီးခဲ့တဲ့ ကားက ရန်ကုန် - မြဝတီ ပြေးဆွဲနေတဲ့ ပြည့်အားမာန် ယာဉ်လိုင်းက ခရီးသည်တင်ကားဖြစ်တယ်လို့သိရပါတယ်။

ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ကာ လမ်းပိုင်းက ပိတ်လိုက်ဖွင့်လိုက်နဲ့သတိထားသွားလာနေရပေမယ့်လည်း ခရီးသည်တင်ကား၊ကုန်ကားတွေကတော့ ခုချိန်ထိ တောလမ်းအသုံးပြုနေကြတယ်လို့သိရပါတယ်။

ကျုံအိတ်တံတားကမေလ ၁၁ ရက်နေ့မှာမိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ ကျေးရွာချင်းဆက် တောလမ်းကနေ ကားတွေသွားလာနေကြတာဖြစ်ပါတယ်။

Photo:CJ
နေ့စဥ် သတင်းစုံ

🔹 အပူဒဏ် ခံနေရသည့် ရန်ကုန်မြို့တွင် မုတ်သုန်အကြို မိုးရွာသွန်းနေ့အပူချိန်မြင့်တက်မှုများကြောင့် အပူဒဏ်ခံနေရသည့် ရန်ကုန်မ...
11/05/2024

🔹 အပူဒဏ် ခံနေရသည့် ရန်ကုန်မြို့တွင် မုတ်သုန်အကြို မိုးရွာသွန်း

နေ့အပူချိန်မြင့်တက်မှုများကြောင့် အပူဒဏ်ခံနေရသည့် ရန်ကုန်မြို့တွင် ယနေ့ မေလ (၁၁) ရက် နေ့လယ်ပိုင်းက စတင်ကာ မြို့နယ်အများအပြား၌ မုန်သုန်အကြိုအနေဖြင့် မိုးထစ်ချုန်းရွာသွန်းမှုများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးအများစု၌ ရက်သတ္တပတ်များစွာ အပူချိန်မြင့်တက်ခဲ့သည့်နောက် မိုးရွာသွန်းမှုများ ဖြစ်လာခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကလည်း ယခုကဲ့သို့ နေရာကွက်၍ မိုးထစ်ချုန်းရွာသွန်းမှုများ ရှိခဲ့ပြီး မိုးကြိုးပစ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီး လက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့သေးသည်။

“တာမွေမှာ ရွာတယ်၊ ခဏပဲ။ မြို့ထဲမှာလည်း ရွာတယ်။ လှိုင်သာယာ ၊ ရွှေပြည်သာနဲ့ အင်းစိန်ဘက်လည်း ရွာတယ်လို့ ကြားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ မေလ (၁၁) ရက် နေ့လယ် (၁၂)နာရီဝန်းကျင်က စတင်ကာ ရန်ကုန်မြို့တွင် နေရာကွက်၍ မိုးရွာသွန်းနေခြင်း ဖြစ်ပြီး ရန်ကုန်မြို့တွင်း မြို့နယ်များ ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ ၊ ဗိုတထောင်၊ တာမွေ၊ ပုဇွန်ထောင် မြို့နယ်များ အပါအဝင် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်များတွင်လည်း နေရာကွက်ကြား မိုးရွာသွန်းခဲ့ကြောင်း သိရသည်။

မိုးဇ/လ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် ယနေ့ မေလ (၁၁) ရက်တွင် တင်္နသာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇ/လက ခန့်မှန်းထားသည်။
နေ့စဥ် သတင်းစုံ

ဘီးလင်း ကျုံအိတ် တံတား ၂ခြမ်းလုံး  ထပ်ပီးအဖျက်စီးခံရ လို့ ကြိုးသွားပါပီ.ရန်ကုန် ဘားအံ ....ရန်ကုန် မော်လမြိုင် လုံးဝ  သွာ...
11/05/2024

ဘီးလင်း ကျုံအိတ် တံတား ၂ခြမ်းလုံး ထပ်ပီးအဖျက်စီးခံရ လို့ ကြိုးသွားပါပီ.

ရန်ကုန် ဘားအံ ....ရန်ကုန် မော်လမြိုင် လုံးဝ သွားမရတော့ပါ
Photo_Credit
နေ့စဥ် သတင်းစုံ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏ အန္တိမစျာပန ပူဇော်ပွဲကြီးလည်း ပြီးခဲ့ပါပြီ။( 10.5.2024 )🙏 🙏 🙏 😔========================...
10/05/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏
အန္တိမစျာပန ပူဇော်ပွဲကြီးလည်း ပြီးခဲ့ပါပြီ။
( 10.5.2024 )
🙏 🙏 🙏 😔

===============================
ဆရာတော်ဘုရားကြီးအား ရိုသေစွာ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ 🙏
🙏
သံသရာအဆက်ဆက်မှစ၍ ယခုဘ၀တိုင်အောင် ဆရာတော်ဘုရားကြီး အပေါ်၌လည်းကောင်း၊
ဘုရား-တရား-သံဃာ ရတနာမြတ်သုံးပါး မိဘဆရာသမားများအပေါ်၌ လည်းကောင်း၊ ကျေးဇူးရှိသောပုဂ္ဂိုလ်၊ ဆွေမျိုးတော်စပ်သောပုဂ္ဂိုလ်၊ အသက်ဂုဏ်ဝါသိက္ခာကြီးမားသော ပုဂ္ဂိုလ်၊ မပြစ်မှားသင့်မပြစ်မှားထိုက်သော ပုဂ္ဂိုလ်များအပေါ် တို့၌ လည်းကောင်း၊
တွေဝေသည့် အလျောက်၊
မိုက်မှားသည့် အလျောက်၊
မသိသည့် အလျောက်၊
ပြုမိမှားသမျှသော
ကာယကံ ဝစီကံ မနောကံ အပြစ်တို့ကို ကျေပျောက်ပါစေခြင်းငှါ
တောင်းပန်ရိုကျိုး မာန်နိမ့်ချိုး၍ အကြိမ်ကြိမ် ရှိခိုးပါ၏။..

မြတ်နိုးပါ၏။...
ပူဇော်ပါ၏။..
ဝန်ချပါ၏...
ကန်တော့ပါ၏.. အရှင်ဘုရား..
🙏🙏🙏

အန္တိမပူဇော်ပွဲ ရက်
၁၃၈၆- ခု၊ ကဆုန်လဆန်း( ၃ ) ရက်

Photo-ဉေယျဓမ်

credit: :original uploader

Ashin Jotika. 10.5.2024
နေ့စဥ် သတင်းစုံ

မြဝတီမြို့ ဘုရင့်နောင်ဈေးအနီးတွင်  မီးလောင်မှုဖြစ်ပွားမြန်မာ ထိုင်းနယ်စပ် မြဝတီမြို့ ဘုရင့်နောင်ဈေး  အနီးတွင် မေလ ၁ရက်  ...
02/05/2024

မြဝတီမြို့ ဘုရင့်နောင်ဈေးအနီးတွင် မီးလောင်မှုဖြစ်ပွား

မြန်မာ ထိုင်းနယ်စပ် မြဝတီမြို့ ဘုရင့်နောင်ဈေး အနီးတွင် မေလ ၁ရက် ညနေ ၃နာရီခွဲ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁ရက် ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်ခန့်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၊မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့သားများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြရာ ညနေ ၄ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

"ခု … မီးလောင်တာ ဘုရင်နောင် ဈေးနဲ့နီးပေမဲ့ လေအောက်ဘက်ဖြစ်နေလို့သာပေါ့။ ဈေးရဲ့ လမ်းတဘက် လမ်းဆုံက ဆိုင်ကြီးရဲ့ဘေးဘက်၊နောက်ဘက်ကပ်နေတဲ့ ဂိုဒေါင် ဆိုင်ခန်းတွေ မီးလောင်သွားတယ်၊အဝတ်အထည်နဲ့ စားသောက်ကုန်တွေ လည်း မီးလောင်ဆုံးရှုံးသွားပါတယ်။ ဘယ်က စလောင်တာလဲဆိုတာတော့ တာဝန် ရှိသူတွေ စစ်ဆေးနေပါတယ်"ဟု မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

"ဖခင်ရဲ့အရိုးပြာကို မြစ်ထဲမျောခဲ့တဲ့ ဝတ်မှုံရွှေရည်" နေ့စဥ် သတင်းစုံ
16/04/2024

"ဖခင်ရဲ့အရိုးပြာကို မြစ်ထဲမျောခဲ့တဲ့ ဝတ်မှုံရွှေရည်"


နေ့စဥ် သတင်းစုံ

16/04/2024

သကြင်္န် အတက်နေ့ ပြည်သူ့ရင်ပြင် က လူပင်လယ်...

ဧပြီ ၁၆ရက်နေ့ မဟာသကြင်္န် အတက်နေ့မှာ ပရိသတ်ပေါင်းထောင်ချီကာ လာရောက်ပြီး အတာရေသဘင်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

လူပင်လယ်ပရိသတ်ကြီးကို အနုပညာရှင်များစွာက သကြင်္န် တေးသံသာများ နဲ့ ဖျော်ဖြေခဲ့ကြသလို ယိမ်းအကအလှအဖွဲ့များ ၊ DJ ၊ Dancer များကလာရောက်ပြီးဖျော်ဖြေခဲ့ကြပါတယ်။

မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေးရှိ သင်္ကြန်မုခ်ဦး ပြိုကျယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်ကို ကျုံးပတ်လည်...
08/04/2024

မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးဘေးရှိ သင်္ကြန်မုခ်ဦး ပြိုကျ

ယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်ကို ကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်စသည်တို့ဖြင့် ကျင်းပမည်ဖြစ်ရာ မတ်လကုန်မှစတင်ပြီး မဏ္ဍပ်များ စတင်တည်ဆောက်နေကြခြင်းဖြစ်သည်။

နေ့စဥ် သတင်းစုံ

ထိုင်း၊ကော့တောင်ကျွန်း ကုန်တင်သင်္ဘောမီးလောင်မှု မြန်မာ၁ဦး ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင် (Breaking News)နေ့စ...
04/04/2024

ထိုင်း၊ကော့တောင်ကျွန်း ကုန်တင်သင်္ဘောမီးလောင်မှု မြန်မာ၁ဦး ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင် (Breaking News)
နေ့စဥ် သတင်းစုံ

။ထိုင်းနိုင်ငံ၊စူရတ်ဌာနီခရိုင်၊ကော့တောင်ကျွန်း ပင်လယ်ပြင်တွင် ယနေ့ ဧပြီ ၄ ရက်နေ့ နံနက်၅နာရီခန့်က ကုန်တင်သင်္ဘောတစီးမီးလောင်ခဲ့ပြီး အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် မြန်မာနိုင်ငံသားတဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါသင်္ဘောသည် စူရတ်ဌာနီခရိုင်မှ ကော့တောင်ကျွန်းသို့ ခရီးသည်နှင့်ကုန်ပစ္စည်းများ တင်ဆောင်ပြီး ထွက်ခွာလာစဉ် စက်ချို့ယွင်းမှုကြောင့် မီးလောင်ခြင်းဟု သင်္ဘောပေါ်တွင် လိုက်ပါလာသူအချို့ကပြောသည်။

ကိုနေမျိုးအောင်ဆိုသူ မြန်မာနိုင်ငံသားတဦး ပျောက်ဆုံးနေခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ကိုနေမျိုးအောင်နှင့်အတူ နောက်ထပ်တဦးလည်း ပျောက်ဆုံးနေကြောင်းသတင်းရရှိပြီး မည်သည့်နိုင်ငံသားဖြစ်သည်ကို မသိရသေးပေ။အဆိုပါသင်္ဘောပေါ်၌ မြန်မာန်ိုင်ငံသားခရီးသည် ၅၀ဦးထက်မနည်း လိုက်ပါလာကြောင်း သတင်းရရှိသည်။

ကော့တောင်ကျွန်းပင်လယ်ပြင်တွင် ယနေ့နံနက်က ကုန်တင်သင်္ဘောမီးလောင်နေစဉ်နှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ပုံ cj)
#နေ့စဥ်သတင်းစုံ
daily news

ပဲခူး ပဲနွယ်ကုန်းစျေးကြီး မီးလောင်မှု ဆိုင်ခန်းအကုန်နီးပါး  မီးထဲပါသွားဧပြီ ၂ ၊၂၀၂၄ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ ပဲ...
03/04/2024

ပဲခူး ပဲနွယ်ကုန်းစျေးကြီး မီးလောင်မှု ဆိုင်ခန်းအကုန်နီးပါး မီးထဲပါသွား

ဧပြီ ၂ ၊၂၀၂၄

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်းမြို့က စည်ပင်သာယာစျေးကြီး မီးလောင်ကျွမ်းမှုမှာ စျေးဆိုင်ခန်းပေါင်း ၄၉၃ ခန်းရှိတဲ့ အနက်ဆိုင်ခန်း ၄၃၅ ခန်း မီးထဲပါသွားသလို စျေးအနီးက လူနေအိမ် ၉ လုံး၊ သတိပဌာန်အုပ်ချုပ်ရေးမှူးရုံးလည်း မီးထဲပါသွားတယ်လို့ သိရပါတယ်။

" ဆိုင်ခန်းအားလုံးနီးပါးကုန်သွားတယ်။ကုန်သွားတော့အနားကလူနေသစ်သားအိမ်တွေကိုဆက်ကူးလောင်တယ်။ မီးလောင်ချိန်လေကလည်းတအားတိုက်တော့ ထိန်းရတာမနိုင်ဘူး။ ဆယ်နာရီလောက်မှာတော့ မီးလောင်စရာကုန်တဲ့အခြေအနေရောက်ပြီး မီးထိန်းနိုင်တယ်၊ ည ၁၂ ကျော် လောက်မှာတော့ မီးငြိမ်းတယ်ပြောရမယ် " လို့ မီးလောင်ပြင်ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ကိုင်ခဲ့တဲ့ တောင်ငူအခြေစိုက်ပရဟိတအသင်း တာဝန်ရှိသူတယောက်ကပြောပါတယ်။

ပဲနွယ်ကုန်းစျေးမီးလောင်မှုမှာ စျေးအတွင်းထဲကမှာဖွင့်ထားတဲ့ဆံပင်ညှပ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ၊မီးလောင်ကျွမ်းချိန်က စျေးသိမ်းပြီးပိတ်ထားချိန်ဖြစ်လို့ စျေးဆိုင်ခန်း အားလုံးနီးပါးမီးလောင်ကျွမ်းပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။

ပဲနွယ်ကုန်းစျေးကြီး မီးလောင်ချိန်မှာ စျေးပိတ်ထားချိန်ဖြစ်တဲ့အပြင် ဆိုင်ခန်းတွေထဲမှာ ပစ္စည်းတွေ သိမ်းဆည်းထားခဲ့တာဖြစ်လို့ ဆိုင်ခန်းအပြင် ကုန်ပစ္စည်းဆုံးရှုံးမှုတန်ဖိုးလည်း များတယ်လို့ သိရပါတယ်။

ပဲနွယ်ကုန်းစျေးကြီးမီးလောင်မှုဟာ ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီကျော် လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၁၂ နာရီလောက်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း၊မီးငြိမ်းသတ်မှုကို ဖြူး၊ကညွတ်ကွင်း၊ညောင်ပင်သာ၊ တောင်ငူ အပါအဝင် အနီးအနားမြို့အားလုံးက မီးသတ်ကား၊ပရဟိတအသင်းကားတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

မီးလောင်မှုမှာတော့ လူထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဥ်မရှိခဲ့ပါဘူး။ မီးလောင်မှုနဲ့ ပတ်သက်တဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်း၊မုန်းမြို့နယ်မှာလည်း ဒီဇင်ဘာလတုန်းက မုန်းမြို့စည်ပင်သာယာစျေးကြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

Photo : thet phyo kyaing

#ပဲခူး #ပဲနွယ်ကုန်း

စိတ်မနှံ့သူမိခင်လက်ထဲကနေ ပရဟိတအဖွဲ့များ ကူညီကယ်ဆယ်ထားသော ကလေးငယ်လေးကို မွေးစားဖို့အတွက် လက်ခံလိုက်ပါပြီဆိုတဲ့ ပရဟိတ မင်း...
03/04/2024

စိတ်မနှံ့သူမိခင်လက်ထဲကနေ ပရဟိတအဖွဲ့များ ကူညီကယ်ဆယ်ထားသော ကလေးငယ်လေးကို မွေးစားဖို့အတွက် လက်ခံလိုက်ပါပြီဆိုတဲ့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေ.........



နေ့စဥ် သတင်းစုံ

ယနေ့ နံနက် အစောပိုင်းက ပြင်းအား မဂ္ဂနီကျု ၇.၅  ရှိ ငလျင်တစ်ခု ထိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးကို လှုပ်ခတ် သွားတာဖြစ်ပါတယ် #န...
03/04/2024

ယနေ့ နံနက် အစောပိုင်းက ပြင်းအား မဂ္ဂနီကျု ၇.၅ ရှိ ငလျင်တစ်ခု ထိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးကို လှုပ်ခတ် သွားတာဖြစ်ပါတယ်

#နေ့စဌ်သတင်းစုံ

ဖားကန့်မှာ မိုးနဲ့အတူ ကြက်ဥလောက်ရှိတဲ့ မိုးသီးတွေ ရွာချလာတာကြောင့် နေအိမ်တွေ ပျက်စီးမတ်လ ၂၇ ရက်၊ ဖားကန့်ကချင်ပြည်နယ် ဖား...
27/03/2024

ဖားကန့်မှာ မိုးနဲ့အတူ ကြက်ဥလောက်ရှိတဲ့ မိုးသီးတွေ ရွာချလာတာကြောင့် နေအိမ်တွေ ပျက်စီး
မတ်လ ၂၇ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာ လေပြင်းတိုက်ပြီး မိုးနဲ့အတူ ကြက်ဥတစ်လုံးလောက်ရှိတဲ့ မိုးသီးတွေရွာချတာကြောင့် နေအိမ်တွေ ပျက်စီးသွားတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၂၆ ရက် ည ၁၀ နာရီဝန်းကျင်မှာ မိုးသီးတွေရွာချပြီး ဆိုင်တောင်ကျေးရွာက တစ်ရွာလုံးနီးပါး နေအိမ်ရဲ့ ခေါင်မိုးတွေနဲ့သွပ်တွေပျက်စီးသွားတယ်လို့ ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ လေပြင်းတိုက်ပြီးမှ မိုးရွာသွားတာ။ ကျနော်အိမ်ဆို သွပ် အချက် ၂၀ လောက်လဲရတော့မယ်။ မိုးသီးတွေကြီး ကျတာ။ မိုးသီးက တအားကြီးတယ်။ တစ်ချို့အလုံးတွေက ကြက်ဥထပ်တောင် ကြီးအုံးမယ် ခေါင်မိုးတွေဆို သွပ်က ဇကာပေါက်တွေလို ဖြစ်ကုန်ပြီ သစ်ပင်တွေဆို အရွက်တွေကြွေကုန်ပြီ”

ဆိုင်တောင်ကျေးရွာအပြင် ဖားကန်မြို့နယ်ထဲက တစ်ချို့ကျေးရွာတွေမှာလည်း နေအိမ်တွေ ပျက်စီးသွားတာတွေရှိနေပြီး လူထိခိုက်တော့ မသိရဘူးလို့ သူကပြောပါတယ်။

လက်ရှိ ဆိုင်တောင်ကျေးရွာက တစ်ရွာလုံးနီးပါး နေအိမ်တွေပျက်စီးသွားတာကြောင့် သွပ်မိုးတောင် ဝယ်လို့မရတော့ဘူးလို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အရင်နှစ်တွေက မိုးသီး ကျလာတာတွေရှိပေမယ့် မနေ့ညက ကျတဲ့မိုးသီးလောက် ကြီးမားတာတွေမရှိဘဲ ဖားကန်မြို့နယ်မှာတော့ အခုဖြစ်စဉ်ဟာ ပထမဦးဆုံးကျတာဖြစ်တယ်လို့ ဆိုပါတယ်။

#ဓာတ်ပုံ - Local(Facebook)

နေ့စဥ် သတင်းစုံ

အမေရိကန်ဘာတီမိုးမြို့တွင် မြစ်ကူးတံတားကို စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်မိသဖြင့် တံတားပြိုကျကာ လူနှင့်ကားများ...
27/03/2024

အမေရိကန်ဘာတီမိုးမြို့တွင် မြစ်ကူးတံတားကို စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်မိသဖြင့် တံတားပြိုကျကာ လူနှင့်ကားများ မြစ်ထဲပြုတ်ကျပြီး ကယ်ဆယ်ရေးဆောင်ရွက်နေရ

စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်ခဲ့ခြင်းကြောင့် မတ် ၂၆ ရက်တွင် အမေရိကန်မြို့ ဘာတီမိုးက မြစ်ကူးတံတား ကြီးတစ်စင်းပြိုကျခဲ့ရာတံတား အောက်သို့ကားများနှင့်လူ ၂၀ ထိုးကျသွားခဲ့သည်။

လက်ရှိအချိန်ထိ အသက်ရှင်သူနှစ်ဦးကို ကယ်တင်ထားရာတစ်ဦးမှာ အလွန်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။

မယ်ရီလန်းပြည်နယ် ဘာတီမိုးမြို့ရှိ ဖရန်ဆစ်စကော့ကီးတံတားကို သင်္ဘောကဝင်တိုက်ခဲ့ပြီးနောက် တံတားခန်းဖွင့်များ မြစ်ထဲပြိုကျနေသည်ကို တွေ့ရသည်။

တံတားသည် ပုံပျက်ပန်းပျက် အပိုင်းလိုက် ပြုတ်ကျသွားစဉ် ကားများဆီမှမီးများကို ကားလမ်းပေါ်တွင် မြင်ရသည်။ ထို့အပြင်ကျယ်လောင်ခြင်းမရှိသော ပေါက်ကွဲသံများကိုလည်း ကြားရသည်ဟု ဆိုသည်။

“လူ ၂၀ ဟာ အခုချိန်မှာ ပါတက်စကို မြစ်ထဲကျသွားတဲ့အပြင် ကားတွေလဲမြစ်ထဲမှာပါ”ဟု ဘာတီမိုး မီးသတ်ဌာနက ကယ်ဗင်ကတ်ရိုက်က CNN ကို ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ဟာ ဌာနပေါင်းစုံပါဝင်တဲ့ ကယ်ဆယ်ရေးကိုလုပ်ဆောင်နေရပါတယ်”ဟု ၎င်းက ပြောသည်။

►► (Zawgyi ဖြင့်ဖတ်ရန်)

အမေရိကန်ဘာတီမိုးမြို့တွင် မြစ်ကူးတံတားကို စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်မိသဖြင့် တံတားပြိုကျကာ လူနှင့်ကားများ မြစ်ထဲပြုတ်ကျပြီး ကယ်ဆယ်ရေးဆောင်ရွက်နေရ

စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်ခဲ့ခြင်းကြောင့် မတ် ၂၆ ရက်တွင် အမေရိကန်မြို့ ဘာတီမိုးက မြစ်ကူးတံတား ကြီးတစ်စင်းပြိုကျခဲ့ရာတံတား အောက်သို့ကားများနှင့်လူ ၂၀ ထိုးကျသွားခဲ့သည်။

လက်ရှိအချိန်ထိ အသက်ရှင်သူနှစ်ဦးကို ကယ်တင်ထားရာတစ်ဦးမှာ အလွန်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။

မယ်ရီလန်းပြည်နယ် ဘာတီမိုးမြို့ရှိ ဖရန်ဆစ်စကော့ကီးတံတားကို သင်္ဘောကဝင်တိုက်ခဲ့ပြီးနောက် တံတားခန်းဖွင့်များ မြစ်ထဲပြိုကျနေသည်ကို တွေ့ရသည်။

တံတားသည် ပုံပျက်ပန်းပျက် အပိုင်းလိုက် ပြုတ်ကျသွားစဉ် ကားများဆီမှမီးများကို ကားလမ်းပေါ်တွင် မြင်ရသည်။ ထို့အပြင်ကျယ်လောင်ခြင်းမရှိသော ပေါက်ကွဲသံများကိုလည်း ကြားရသည်ဟု ဆိုသည်။

“လူ ၂၀ ဟာ အခုချိန်မှာ ပါတက်စကို မြစ်ထဲကျသွားတဲ့အပြင် ကားတွေလဲမြစ်ထဲမှာပါ”ဟု ဘာတီမိုး မီးသတ်ဌာနက ကယ်ဗင်ကတ်ရိုက်က CNN ကို ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ဟာ ဌာနပေါင်းစုံပါဝင်တဲ့ ကယ်ဆယ်ရေးကိုလုပ်ဆောင်နေရပါတယ်”ဟု ၎င်းက ပြောသည်။

နေ့စဥ် သတင်းစုံ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၇၄ လမ်းနှ...
26/03/2024

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၇၄ လမ်းနှင့် ၃၁ (A) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှု မတ် ၂၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၄၆)တွင် အမည်မသိအမျိုးသား သုံးဦးသည် သေနတ်နှင့် ရဲဒင်းများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ လူများအား ထောင့်တစ်ခုတွင် စုထိုင်ခိုင်းကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

ဓားပြတိုက်သူများသည် ဘဏ်တွင် ငွေထုတ်ပေးရန်ဆောင်ရွက်နေသည့် ကျပ်သိန်း ၁၈၀၀ ကျော်အပါအဝင် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်အုပ်များထည့်ထားသည့် ပီနံအိတ်များကို ယူဆောင်သွားခဲ့ကြောင်း၊ စုစုပေါင်းငွေတန်ဖိုးအား စိစစ်ဆဲဖြစ်ကာ စုံစမ်းစစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဥ် သတင်းစုံ

ဝိုင်းမော်တွင် ကုန်တင်ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်ဝိုင်းမော် - မတ် ၁၅၊ ၂၀၂၄။ဝိုင်းမော်မြို့...
18/03/2024

ဝိုင်းမော်တွင် ကုန်တင်ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

ဝိုင်းမော် - မတ် ၁၅၊ ၂၀၂၄။

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ယာဉ်တိုက်မှုကြောင့် ကားပေါ်မှပြုတ်ကျသည့် ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သဲကျောက်ကားနှင့်တိုက်မိသည့် ထင်းသယ်ထားသည့်တုန်ဟုန်းကား တိမ်းမှောက်ခဲ့ပြီး အဆိုပါကားတွင် လိုက်ပါစီးနင်းသည့် အသက် ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားတစ်ဦး ကားပေါ်မှပြုတ်ကျခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မျက်နှာချင်းဆိုင်တိုက်တာဟုတ်တယ်။ လမ်းကြောယူမှားလို့ထင်တယ်။ တုန်ဟုန်းကားက မှောက်သွားတော့ ဆီတွေယိုနေတာတော့တွေ့ရတယ်။ ကားမောင်းတဲ့နှစ်ယောက်က ဘာမှမဖြစ်ဘူး။ ဒဏ်ရာပြင်းထန်ရရှိသွားတာက အမျိုးသားဟုတ်တယ်။ ကျန်တဲ့သူတွေက လက်တွေမှာ ပွန်းပဲ့ဒဏ်ရာလောက်ပဲရသွားတယ်” ဟုပြောသည်။

နံရိုးကျိုးသွားသော အသက် (၂၀) ခန့်အရွယ်ရှိ အမျိုးသားမှာ အခြေအနေစိုးရိမ်ရပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း သူကပြောသည်။

ပွန်းပဲ့ဒဏ်ရာရရှိခဲ့သူများကိုလည်း မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဓါတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/ မြစ်ကြီးနား
နေ့စဥ် သတင်းစုံ

Address


Website

Alerts

Be the first to know and let us send you an email when နေ့စဥ် သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share