Super Banny

Super Banny Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Super Banny, Digital creator, .

03/05/2024
26/04/2024
20/04/2024
20/04/2024
20/04/2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို ကိုယ်ရံတော်တပ်မှ လွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရုံးချုပ်ကိုပင် ကြိုတင်အသိမပေးတော့

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်များနှင့် လှုပ်ရှားသွားလာမှုများကို ၎င်း၏ ကိုယ်ရံတော်တပ်မှလွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေး၊ အရပ်ဘက်ဝန်ကြီးဌာနများနှင့် နေပြည်တော်စစ်ရုံးချုပ်ကိုပင် ကြိုတင် အသိမပေးတော့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ညပိုင်း ပြင်ဦးလွင်သို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ဧပြီလ ၄ ရက် နံနက်ပိုင်း နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို အသေခံဒရုန်း ၁၂ စီး များဖြင့် တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းနှင့် မိသားစု၏ လုံခြုံရေးအတွက် လှုပ်ရှားသွားလာမှုများကို ဝန်ကြီးဌာနများနှင့် စစ်ရုံးချုပ်ကိုပင် အသိတော့ခြင်းမရှိကြောင်း သိရှိရသည်။

"အရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စစ်ရုံးချုုပ်ကတော့ တပ်ချုပ် ခရီးစဉ်နဲ့ပတ်သက်ပြီး ကြိုတင် လုံခြုံရေးယူတာ။ မိုင်းရှင်းတာ လုပ်ဖို့ အနည်းဆုံး ၅ ရက် ကြိုတင် အသိပေးတယ်။ အခုတော့ ကပ်ပြီးတော့ပဲ ပြောတော့တယ်။ ကြိုတင် လုံခြုံရေးယူ ရှင်းလင်းတာကိုလည်း ကိုယ်ရံတော်တပ်ကပဲ လုပ်တော့တယ်။ ကိုယ်ရံတော်တပ်ကိုလည်း အတွင်းစည်း၊ အပြင်စည်း ထပ်တိုးချဲ့တယ်လို့ သိရတယ်။ အဓိက ပြင်ဦးလွင် တိုက်ခိုက်မှုအပြီးနဲ့ နေပြည်တော်ကို ဒရုန်း တွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြောင့် အပြောင်းအလဲဖြစ်ကုန်တာ"ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် ညွှန်ကြားချက်နှင့် အမိန့်များကို ဖြစ်နိုင်သမျှ စာရွက်စာတမ်းမသုံးတော့ဘဲ စကားဝှက်များ၊ ကုတ်များ၊ စကားပြောစက်ဖြင့် ညွှန်ကြား အမိန့်ပေးမှုများ ပြောင်းလဲ အသုံးပြုနေကြောင်း၊ စာရွက်စာတမ်းများ မကြာခဏ ပေါက်ကြားမှုကို ကာကွယ်သည့်သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို နေပြည်တော်စစ်ရုံးချုပ်ကိုပင် အသိမပေးတော့ခြင်းသည် အချင်းအချင်း မယုံကြည်တော့သည့် သဘောသက်ရောက်နေကြောင်း ၊ ပြည်နယ်/တိုင်းစစ်ကောင်စီများသို့လည်း လျှို့ဝှက် ညွှန်ကြား စာများ ပေးပို့ရာတွင် စာရွက်စာတမ်းဖြင့် ပေးပို့မှုများ လျှော့ချရန် စစ်ခေါင်းဆောင်က ညွှန်ကြားမှုများ ရှိနေကြောင်း သိရှိရသည်။

19/04/2024
17/04/2024
17/04/2024
17/04/2024

မိုးမိတ်မြို့ ရှိ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီ၏ တပ်မ ၉၉ က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေ

ရန်ကုန်၊ ဧပြီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ရှိ ပြည်သူများ၏ နေအိမ်များကို စစ်တပ်က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် ပြောဆိုလိုက်သည်။

မိုးမိတ်မြိုနယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ ၉၉ နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ၁ လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ၏ နေအိမ်အများအပြား မီးလောင်ဆုံးရှုးခဲ့ပြီး နေအိမ် အများအပြားဖောက်ထွင်းခံခဲ့ရကြောင်း၊ နေအိမ်အတွင်း ဖောက်ထွင်းခံရမှုကြောင့် ကား၊ ဆိုင်ကယ်အပြင် လက်ဝတ်ရတနာဖြစ်သည့် ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ ဖုန်း၊ မီးစက်၊ ပိုက်ဆံ၊ ကုန်စုံဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းများနှင့် ရိုးရာဝတ်စုံပစ္စည်းများကို စစ်တပ်က ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၉၉ နှင့် ပျူစောထီး ပူပေါင်းတပ်တို့ ပူးပေါင်း ဖောက်ထွင်းခဲ့သည့် ရပ်ကွက်များမှာ ဟော်နန်း ဒေသအခေါ်အဝေါ်(အာသံရပ်ကွက်)၊ လက်ခုပ်တန်း ဒေသအခေါ်အဝေါ်(ပလောင်ကုန်း)ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ကိုင်းရပ်ကွက်တို့ဖြစ်ကြောင်း သိရှိရသည်။

"အိမ်တိုင်းလိုလိုပဲ ဝင်မွှေသွားတယ်၊ ကျွန်တော်တို အိမ်ကတော့ ဖုန်းနဲ့(၁)လုံး Kenbo ဆိုင်ကယ်(၁)စီးနဲ့ ငွေဆယ်သိန်းပါ ယူသွားတယ် တခြားအိမ်တွေလည်း အများကြီးရှိတယ်၊ တိတိကျကျတော့ မသိရသေးဘူး"ဟု လက်ခုပ်တန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ထိုပြင် စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ပျူစောထီး ပူးပေါင်းတပ်တိုက ပြည်သူပိုင် ကားများကိုလည်း အတင်း အဓမ္မယူဆောင်သွားပြီး သိန်းရာချီ လာရွေးခိုင်းနေသည်ဟု မိုးမိတ်မြိုခံ တစ်ဦးက ဆိုသည်။

" ကျွန်မတို့ ရပ်ကွက်မှာဆို ကားတွေယူသွားပြီး သိန်းနှစ်ရာနဲ့ လာရွေးခိုင်းတယ်၊ တချို့လည်း ပြန်ရွေးတယ်၊ တချို့လည်း ငွေမတတ်နိုင်လို့ မရွေးဖြစ်ဘူးပေါ့" ဟု ဟော်နန်းရပ်ကွက်ဒေသခံ တစ်ဦးကပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို တိုက်ပွဲကြောင့် ရပ်ကွက်နှင့် ကျေးရွာရှိ ဒေသခံနေအိမ်အများအပြား နေအိမ် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ အိမ်နေ စွန့်ခွာပြီး စစ်ဘေးရှောင်နေသူလည်း အများအပြားရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်မ ၉၉ မှ တပ်ဖွဲ့ဝင် စစ်သားတချို့။

17/04/2024
14/04/2024
14/04/2024
14/04/2024

While China built replica of Cambodia’s Angkor Wat, 🇮🇩 Indonesia has built replica of Shwedagon 🇲🇲 🤩

“Usually people go to Myanmar to see Shwedagon temple, but we Indonesians don’t have to go Myanmar, we already have the one here.. save money a lot from buying flight ticket”— said Indonesian local tourist

📷 saydi_trixy & adreeisme

Address


Website

Alerts

Be the first to know and let us send you an email when Super Banny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share