15/06/2022
လက်တွဲဖော် Ben Affleck နဲ့ အနာဂတ်အစီအစဉ်တွေအကြောင်းကို မျှဝေခဲ့တဲ့ Jennifer Lopez
ပေါ့ပ်ကြယ်ပွင့်၊ အဆိုတော် Jennifer Lopez က သူမရဲ့ အလွန်ချစ်မြတ်နိုးရတဲ့ သူတစ်ဦးနဲ့ မိသားစုတစ်ခုကို တည်ဆောက်ဖို့ထက် ပိုပြီး ပြည့်စုံမှုမရှိတော့ဘူးလို့ ဆိုပြီး သူမက စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း Ben Affleck နဲ့ ကလေးထပ်ယူဖို့ ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
မကြာသေးမီက Good Morning America အင်တာဗျူးတစ်ခုမှာ Jlo က Ben Affleck နဲ့ လက်ထပ်ပြီးနောက် သူမရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ GEO TV သတင်းက ရေးသား ဖော်ပြထားပါတယ်။
Marry Me သရုပ်ဆောင်က “ ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့မိသားစုကို လေးလေးနက်နက် ချစ်ရတဲ့သူနဲ့ မိသားစုကို တတ်နိုင်သလောက် တစ်ယောက်နဲ့ တစ်ယောက် စေတနာထားပြီး တည်ဆောက်နိုင်တာထက် ပိုပြီး ပြည့်စုံတာ ဘာမှ မရှိပါဘူး” လို့ ဆိုပါတယ်။
သတင်းရင်းမြစ်တစ်ခုက Hollywood Life သို့ ပြောကြားရာမှာ သူတို့နှစ်ဦးသားက ကလေးအသစ်မ လိုချင်ဘူးဆိုတာနဲ့ သူတို့ရဲ့ အတိတ်က ဘဝအစိတ်အပိုင်းကို ကျော်လွန်သွားခဲ့ပြီလို့ ရေးသားထားပါ တယ်။ သို့ပေမယ့်လည်း စေ့စပ်ထားပြီး နှစ်ဦးသားဟာ ယခုအချိန်မှာ မိသားစုကို ဆက်လက်ချဲ့ထွင်နိုင် ပုံရပါတယ်။
Lopez နဲ့ Affleck တို့ဟာ ၂၀၂၁ ခုနှစ်မှာ သူတို့ရဲ့ အချစ်ရေးကို ပြန်လည်စတင်ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလမှာ ဒုတိယအကြိမ် စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်လို့လည်း သိရပါတယ်။