Pyae's Sharing Vlog

Pyae's Sharing Vlog ဗဟုသုတ/ရသ/

မင်းတို့ဟာကမဟုတ်တော့ဘူးကွ ငါပြောကိုပြောမှရတော့မယ် 😡နောက်ပိုင်းလူတော်တော်များများ အဲ့လိုမျိုး အကြောင်းအရာတွေကို ဘာလို့အမြ...
24/09/2022

မင်းတို့ဟာကမဟုတ်တော့ဘူးကွ ငါပြောကိုပြောမှရတော့မယ် 😡
နောက်ပိုင်းလူတော်တော်များများ အဲ့လိုမျိုး အကြောင်းအရာတွေကို ဘာလို့အမြဲတန်း social media ပေါ်တင်နေကြလဲ နားလည်လို့ကို မရဘူး
လူကြီး လူငယ် အရွယ်သုံးပါးမရွေး Internet Platform ပေါ်ရှိနေကြတာကို မသိနားမလည်ကြတာလား ဘာလဲ Attention လိုချင်လို့လား?

မင်းတို့ရဲ့ လူသားဆန်မှုတွေ ဘယ်မာလဲ?
ဘယ်မှာလဲ ယဉ်ကျေးမှု
ဘယ်မှာလဲ အရှက်တရား
ဘယ်မှာလဲ link?
crd

” ကမ္ဘာအရပ်ရပ်မှ အံသြဖွယ်ရာ ကတ်သီးကတ်သတ် ဥပဒေများ ”ကမ္ဘာအရပ်ရပ်မှာ နိုင်ငံတွေ ကွာခြားသွားတာနဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေလည်း...
24/09/2022

” ကမ္ဘာအရပ်ရပ်မှ အံသြဖွယ်ရာ ကတ်သီးကတ်သတ် ဥပဒေများ ”

ကမ္ဘာအရပ်ရပ်မှာ နိုင်ငံတွေ ကွာခြားသွားတာနဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေလည်း မတူတော့ပါဘူး။ တချို့နိုင်ငံတွေမှာဆို ကပ်သီးကပ်သပ်ဥပဒေတွေ ချထားတာမို့ ရယ်စရာတောင် ကောင်းသဗျ။
“တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဖြစ်နေတာမို့ “ရောမရောက်ရင် ရောမလိုကျင့်” ဖို့ လိုတာပေါ့။
ပုံတွေနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်မျ

လူတကာပေးသမျှ လက်မခံပါနဲ့➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖လူတိုင်းကတော့ တစ်ယောက်တစ်မျိုးစီ အမျိုးမျိုး သင့်ကို ပေးနေမှာပဲ။ သူတို့ပေးတာတွေဟ...
02/09/2022

လူတကာပေးသမျှ လက်မခံပါနဲ့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

လူတိုင်းကတော့ တစ်ယောက်တစ်မျိုးစီ အမျိုးမျိုး သင့်ကို ပေးနေမှာပဲ။

သူတို့ပေးတာတွေဟာ ကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဆိုးတာတွေလည်း ဖြစ်ချင်ဖြစ်မယ်။

ဒါကို ကိုယ်က ကောင်းတာပဲပေး၊ ဆိုးတာ လာမပေးနဲ့ဆိုပြီး သွားလုပ်လို့မရဘူး။

လုပ်လို့ရတာဆိုလို့ ကိုယ်က ကောင်းတာဆိုလက်ခံ၊ မကောင်းတာဆို လက်မခံနဲ့ ဒါဘဲရှိတယ်။ အဓိက က ကိုယ့်အတွက် အကျိုးရှိတာ၊ မရှိတာကို ခွဲခြားသိပြီး ရွေးချယ်လက်ခံတတ်ဖို့ပဲ။

လူတော်တော်များများ စိတ်ညစ်ရတယ်၊ စိတ်ဆိုးရတယ်၊ ဒေါသထွက်ရတယ်၊ ပျော်ရတယ်၊ ငိုရတယ်၊ ရယ်ရတယ်ဆိုတာတွေဟာ ကိုယ်ရွေးချယ်လက်ခံယူလိုက်တဲ့ အရာတွေပေါ်မူတည့်ပြီး ကွဲပြားသွားတာ ဖြစ်တယ်။

မင်းစိတ်ချမ်းသာချင်လား?

ဒါဆို မင်းကို စိတ်ချမ်းသာစေမယ့်အရာတွေ၊ ကိုယ်စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေကိုပဲတွေး၊ အဲ့အရာတွေကိုပဲ ကိုယ့်ခေါင်းထဲထည့်ထား၊ ဒါတွေကလွဲရင် တခြားအရာ လက်မခံနဲ့။

အဲ့လိုမဟုတ်ဘဲ

စိတ်ဆင်းရဲချင်လား? စိတ်ညစ်ချင်လား?

ဒါဆိုလည်း ကိုယ့်စိတ်ကို ညစ်နွမ်းစေမယ့်အရာတွေ၊ စိတ်မပျော်စေမယ့်အရာတွေကိုပဲ များများတွေး၊ များများလက်ခံပေါ့။ ဒါဆိုရင် သေချာပေါက် စိတ်ညစ်ရမှာပဲ။

အဲ့တော့ ရွေးချယ်ပြီး လက်ခံတတ်ဖို့ပဲ လိုတယ်။

လူတကာပေးသမျှ လက်မခံမိဖို့ အရေးကြီးတယ်။

လူတကာပေးသမျှ လက်ခံယူတာဆိုလို့ အမှိုက်ကားပဲ ရှိတယ်။

သင့်ရဲ့ခေါင်းကို စည်ပင်သာယာ အမှိုက်ကားလို့ သဘောထားရင်တော့ လက်ခံပေါ့😁။ ဒါပေမဲ့ သေချာတာတစ်ခုက သင်တို့အိမ်ရှေ့ အမှိုက်ကား ရောက်လာလို့အမှိုက်ပစ်ပြီးရင် ကိုယ့်အိမ်ရှေ့က မြန်မြန်ထွက်သွားစေချင်တယ်မလား၊ နံလို့လေ။

အမှိုက်ကားဆိုတာ သူကိုယ်တိုင်နံရုံတင်မဟုတ် ဘေးပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်ပေးသေးတာကိုး။

အခုလည်း အဲ့လိုပဲ ကိုယ်ကလူတကာပြောသမျှ၊ ပေးသမျှ ကောင်းတာရော၊ မကောင်းတာရော အကုန်လက်ခံ၊ ပြီးရင် အပူမိနေပြီး ဘေးလူတွေပါ ကိုယ့်အပူတွေ ကူးကုန်ရော။ ကြာရင် သင့်ဘေးနားမှာ ဘယ်သူမှ နေနိုင်မှာ မဟုတ်တော့ဘူး။

အဲ့တော့ နောက်ဆုံးထပ်ပြီး မှာချင်တာက လူတကာ ပေးသမျှ လက်မခံပါနဲ့။ ကိုယ့်အတွက် အကျိုးရှိတဲ့၊ ကိုယ့်ကို စိတ်ပျော်စေမယ့် အရာတွေကိုပဲ ရွေးပြီး လက်ခံပါဆိုတာပါပဲ။

သင်လက်ခံလိုက်တဲ့အရာက မွှေးကြိုင်နေရင် သင့်ပတ်ဝန်းကျင်ပါ မွှေးကြိုင်နေပါလိမ့်မယ်။
သင်လက်ခံလိုက်တဲ့အရာက နံစော်နေရင် သင့်ပတ်ဝန်းကျင်ပါ နံစော်နေပါလိမ့်မယ်

ဒီတော့

သင်ဘယ်လိုအရာမျိုးကို ရွေးချယ်လက်ခံမှာလဲ...?



CRD

17/05/2022

One Day With You

31/03/2022

မချစ်တော့တာမဟုတ်ပါဘူး

ဒီလိုနာလည်းမှု ဂရုစိုက်ပေးတတ်တဲ့  ကောင်မလေးမျိုးရှိနေရင်လက်လွတ်မခံပါနဲ့သူများတွေဘဝ😅😁ပုံcrd
30/03/2022

ဒီလိုနာလည်းမှု ဂရုစိုက်ပေးတတ်တဲ့ ကောင်မလေးမျိုးရှိနေရင်လက်လွတ်မခံပါနဲ့

သူများတွေဘဝ😅😁
ပုံcrd

အရက်သောက်ပါ ညီလေးဒီကောင်က နောက်အနှစ်20လောက်နေမှမင်း အသည်းကိုဖြေးဖြေးချင်း ဒုက္ခပေးမှာအချစ်ကျမင်း အသဲ ကို ချက်ချင်းဒုက္ခပ...
23/03/2022

အရက်သောက်ပါ ညီလေး

ဒီကောင်က နောက်အနှစ်20လောက်နေမှ

မင်း အသည်းကိုဖြေးဖြေးချင်း ဒုက္ခပေးမှာ

အချစ်ကျမင်း အသဲ ကို ချက်ချင်းဒုက္ခပေးလိမ့်မယ်. . .

ဒီကောင့်ကို ယုံ ညီလေး

ဒီကောင့်မှာ Responsibilityဆိုတဲ့

တာဝန်ယူမှုအပြည့်ရှိတယ်

မင်း200ဖိုးသောက်ရင်

ဒီကောင်200ဖိုးတုန့်ပြန်မှုပေးလိမ့််မယ်

1000ဖိုးသောက်ရင် 1000ဖိုး အတိအကျ

ပြန်လည်သက်ရောက်မှုပေးမယ်

အချစ်ကျတော့ ကလိမ်ကကျစ်ဆန်လွန်းတယ်

မင်းတသိန်းဖိုးချစ်ပေးလဲ 100ဖိုးလောက်

မျှော်လင့်ခွင့်တောင် ခပ်ယဲ့ယဲ့. . .

အရက်က လွတ်လပ်တယ် ညီလေး

မင်းဘာနဲ့ရောရော သူ့တာဝန်သူကျေလိမ့်မယ်

အချစ်မှာတော့ သောက်ရေးမပါတဲ့

စည်းကမ်းချက်တွေ များလွန်းတယ်ကွာ . . .

စျေးပေါတဲ့အရက်က မင်းမပြည့်စုံမှုကိုနှစ်သိမ့်ပေးပြီး

စျေးကြီးတဲ့အရက်က မင်းခံစားချက်တွေကို

ခမ်းနားစေတယ်ညီလေး. . .

ဒါပေမယ့် စျေးပေါတဲ့အချစ်ကမင်းယုံကြည်မှုကိုသတ်ပြီး

စျေးကြီးတဲ့အချစ်ကျ မင်းမာနကိုသတ်လိမ့်မယ်. . .

အရက္​အတုမိတဲ့ အခါ

မင်းဆုံးရှုံးမှုက မပြောပလောက်ဘူး ညီလေး

အချစ်အတုမိတဲ့အခါ မင်းအရှူံးက

ဘဝနဲ့ချီလိမ့်မယ်. . .

အရက်သောက်ရင် နောက်ဘဝ

ငရဲမှာ မင်းပူလောင်ရလိမ့်မယ်တဲ့

ဒါပေမယ့် အချစ်ကြောင့်ရော ဒီဘဝမှာ

မင်းအေးမြနေရလို့လား. . .

နောက်ဆုံးအရက်ကြောင့် မင်းသေသွားတဲ့အခါ

မင်းသောက်ဖော်သောက်ဖက်

အရက်သမားတွေငိုလိမ့်မယ်

ဒါပေမယ့် အချစ်ကြောင့်သေသွားရင်

မင်းအတွက်ငိုမယ့်သူ မရှိဘူး ညီလေး. . .

အရက်ပဲသောက်ပါ ညီလေးရာ

အရက်ကမင်းကို မလွှဲသာလွန်းမှ တကြိမ်ပဲသတ်မှာ . . .

အချစ်က မင်းကို အခွင့်အရေးရတိုင်း

အကြိမ်ကြိမ်သတ်လိမ့်မယ် . . .

ညီလေး....!သင်ခန်းစာ တစ်ခုပေးမယ်.....,လွမ်းရဲမှ   လမ်းခွဲမလွမ်းရဲဘဲနဲ့  လမ်းမခွဲနဲ့အရက်ကို  ရေမရောဘဲ အကို့လို မျက်ရည်တွေန...
22/03/2022

ညီလေး....!
သင်ခန်းစာ တစ်ခုပေးမယ်.....,
လွမ်းရဲမှ လမ်းခွဲ
မလွမ်းရဲဘဲနဲ့ လမ်းမခွဲနဲ့
အရက်ကို ရေမရောဘဲ
အကို့လို မျက်ရည်တွေနဲ့
မင်း ရောသောက်နေရမယ်။~~~~။

🥺တီ(သရက်)

11/03/2022

ဘာရယ်လို့ မဟုတ်ပါဘူး။ တအားအင်နိုးစန့်လွန်းတဲ့မိန်းက‌လေး ဘုမသိဘမသိမိန်းကလေးတွေနဲ့ ပတ်သက်ပြီး ညီကိုတို့ကို ကျောင်းတုန်းက ဆရာတစ်ယောက် ပြောပြဖူးတဲ့ ပုံပြင်လေး ပြန်ပြောပြချင်လို့။ အဲဒီပုံပြင်ထဲမှာ မင်းသားလေးတစ်ပါးရှိတယ်တဲ့။ မင်းသားလေးက အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကျော်လာတဲ့အထိ အိမ်ထောင်မပြုဖြစ်သေးဘူးတဲ့။

ဘာလို့လဲဆိုတော့ သူက လုံးဝအပျိုစစ်စစ် လိင်ကိစ္စတွေ ဘာတွေ လုံးဝမသိတဲ့ မိန်းကလေးမျိုးကိုမှ လိုချင်လို့တဲ့။ သူက သူ့နန်းတွင်းက မင်းသမီးတွေအကြောင်းလည်း အကုန်သိနေတယ်လေ။ ဘယ်မင်းသမီးက ဘယ်မင်းသားနဲ့ ဘယ်လိုဖြစ်နေတယ် ဘာညာပေါ့။

ဆိုတော့ သူ့မိဘတွေဖြစ်တဲ့ ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့က စိတ်ပူတာပေါ့။ ဒီသားလေးတစ်ယောက်ပဲ ရှိတာ ဒီအသက်အရွယ်ရောက်နေပြီကို အိမ်ထောင်က မပြုသေးဘူး။ နန်းတွင်းမျိုးဆက်တော့ ပျက်တော့မှာပဲပေါ့။ အဲတာနဲ့ မင်းသားကိုခေါ်ပြီး အိမ်ထောင်ပြုဖို့ အတင်းအကြပ်ပြောတယ်တဲ့။

မင်းသားလေးက စိတ်ရှုပ်သွားတာပေါ့။ နန်းတွင်းသူတွေကိုလည်း သူက စိတ်ကုန်နေတာလေ။ သူလိုချင်တဲ့ အင်နိုးစန့်ဂဲလေးက နန်းတွင်းမှာမှ မရှိဘဲကို။ ဒါနဲ့ သူက သူ့အမေတို့ကို ပြန်ပြောသတဲ့။ သားအိမ်ထောင်ပြုဆိုပြုပါမယ်။ ကြင်ယာတော်ကိုတော့ နန်းတွင်းက မရွေးပါရစေနဲ့ တိုင်းပြည်က အမျိုးသမီးတွေထဲက ရွေးချယ်ပါရစေပေါ့။ သူ့သား အိမ်ထောင်ပြု‌ဖို့အရေးက ပထမဖြစ်နေတဲ့ မင်းကြီးတို့ကလည်း ခွင့်ပြုပေးလိုက်ရတယ်။

ဒီလိုနဲ့ ကြင်ယာတော်ရွေးချယ်ပွဲကြီး စပါလေရော။ ရွေးချယ်ပွဲမှာ မင်းသားလေးက အခန်းတစ်ခန်းထဲနေနေတယ်။ တိုင်းပြည်ထဲက အမျိုးသမီးတစ်ယောက်ချင်း သူ့အခန်းထဲဝင်ပေါ့။ သူစစ်ဆေးမယ်ပေါ့။ သူက အခန်းထဲမှာနေရင်း အမျိုးသမီးတစ်ယောက် ဝင်လာတိုင်း သူ့ရဲ့ပုဆိုးကို လှန်ပြတယ်တဲ့။ နောက်ပြီး ဒါ ဘာလဲ လို့မေးတယ်တဲ့။ ဝင်လာတဲ့ အမျိုးသမီးတွေကလည်း ရှက်ရှက်နဲ့ မင်းသားရဲ့ (_) ပါဘုရား လို့ ဖြေကြတာပေါ့။

ဒါပေမယ့် မင်းသားလေးက အဲ့လိုဖြေတဲ့အမျိုးသမီးတိုင်းကို ပယ်တယ်တဲ့။ သူလိုချင်တဲ့ အင်နိုးစန့်မှ မဟုတ်တာ။ အဲ့တာနဲ့ လူတစ်ဝက်လောက်ပြီးတော့ အမျိုးသမီးတစ်ယောက်အလှည့်ရောက်တယ်တဲ့။ အဲ့အမျိုးသမီးကိုလည်း ထုံးစံအတိုင်း ဒါဘာလဲမေးရော။ အဲ့အမျိုးသမီးကကျ သူများတွေနဲ့မတူဘူး။ ခရမ်းသီးလို့ ဖြေတယ်တဲ့။ အဲ့တာနဲ့ မင်းသားလေးလည်း သူလိုချင်တဲ့လူရပြီပေါ့။ ကြင်ယာရွေးပွဲကို အဆုံးသတ်ပြီး အဲ့အမျိုးသမီးနဲ့ လက်ထပ်လိုက်တယ်။

ဒီလိုနဲ့ မင်္ဂလာဦးညရောက်တော့ မင်းသားက ထပ်လှန်ပြပြီး ခုနကအမျိုးသမီးကိုထပ်မေးတယ်တဲ့။ အဲ့အမျိုးသမီးကလည်း အစကဖြေခဲ့သလိုပဲဖြေတယ်တဲ့။ ဒီတော့မင်းသားကလည်း ကြင်ယာတော် အရင်က ဒီဟာမမြင်ဖူးဘူးလားလို့ မေးတယ်တဲ့။ အဲ့တော့ အမျိုးသမီးက ပြန်ဖြေတယ်။

"မြင်ဖူးတာပေါ့တော်၊ ခရမ်းသီးရော ပဲလင်းမြွေသီးရော အတိုအရှည် အစုံမြင်ဖူးတာပေါ့" တဲ့ :3

ဖြည်းဖြည်း RO ကြပါ ဘုရား🙏လောက ဆင်းရဲကို သိမြင်တော်မူပီးနောက်ဆရာတော်ဘုရားနဲ့ သီလရှင်တွေ RO ကုန်ကြပီ
06/03/2022

ဖြည်းဖြည်း RO ကြပါ ဘုရား🙏

လောက ဆင်းရဲကို သိမြင်တော်မူပီးနောက်

ဆရာတော်ဘုရားနဲ့ သီလရှင်တွေ RO ကုန်ကြပီ

Address

Mudon

Telephone

+959942254423

Website

Alerts

Be the first to know and let us send you an email when Pyae's Sharing Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category