Shwe Myanmar

Shwe Myanmar Argos

သူနဲ့ကျမှ တိုက်တိုက်ဆိုင်😁😁😁
04/01/2022

သူနဲ့ကျမှ တိုက်တိုက်ဆိုင်

😁😁😁

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို အမိန့်ချဖို့ ရွှေ့ဆိုင်းပြီး အဂတိမှုထပ်တိုးအမှုဖွင့်နိုဝင်ဘာ ၃၀၊ ၂၀၂၁နိုင်ငံတော်၏ အတို...
30/11/2021

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို အမိန့်ချဖို့ ရွှေ့ဆိုင်းပြီး အဂတိမှုထပ်တိုးအမှုဖွင့်

နိုဝင်ဘာ ၃၀၊ ၂၀၂၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ယနေ့မှာ အဂတိလိုက်စားမှုလိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့တွင် အမိန့်ချရန်ရှိသော်လည်း ၎င်းတို့လက်အောက်ခံ အထူးသီးသန့် တရားရုံးသည် အမိန့်ချရန် ချိန်းဆိုထားပြီးမှ ရှေ့လာမည့်ရုံးချိန်း ဒီဇင်ဘာ ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုကဲ့သို့ ပုဒ်မတိုးကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်ဝယ်သူသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်ပင် တရားစွဲဆိုထားသေးသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဝယ်ယူခဲ့သည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်နဲရေလယ်ဘုရားဖူးခရီးစဉ်တွင် ပြည်သူ ၂၀ ဦးကျော်အထိ ရေနစ်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ်ကို အသုံးြပု၍ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်ကို မတွေ့ခဲ့ရပေ။

ယင်းအစား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူရာတွင် တာဝန်ရှိသူဟုဆိုသူများအား အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကသာ အဂတိမှုဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်။

ဖယ်ခုံတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ် ၆ လုံး ပျက်စနိုဝင်ဘာ ၅၊ ၂၀၂၁ရှမ်းပြည်နယ်၊ ဖယ်ခုံ...
05/11/2021

ဖယ်ခုံတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ် ၆ လုံး ပျက်စ

နိုဝင်ဘာ ၅၊ ၂၀၂၁

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာ ၅ ရက် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်အတွင်းရှိ ခေါင်းအိကျေးရွာနှင့် စက်တော်ရာ ကျေးရွာတို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် နေအိမ် ၆ လုံး ပျက်စီးသွားသလို စစ်ရှောင်စခန်းမှ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဖယ်ခုံ PDF က ဆိုသည်။

ပုံစာ - ဖယ်ခုံတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ် ၆ လုံး ပျက်စီး (ဓာတ်ပုံ/ဖယ်ခုံ PDF)


09/10/2021

မအလသာ $ရူးမထခဲ့ရင်
ဒီအချိန်ဆို ညောင်နှစ်ပင်စက်မှူဇုံစပြီ
လျှပ်စစ်မီးတစ်နိုင်ငံလုံး60%လွှမ်းခြုံပြီ
YBS ကဒ်စနစ်စပြီ
တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ်ခွင့်pilot projectစပြီ
တီးတိမ်မှာလေယာဉ်ဆင်းပြီ
ဘုရားကြီးသထုံအဆင့်မြင့်အဝေးပြေးလမ်းမကြီးစပြီ
နေပြည်တော်မှာ Japan,Malaysia,Thai နိုင်ငံတွေကဖွင့်မည့်တက္ကသိုလ်စီမံကိန်းတွေစပြီ
Covit19 အင်ဒိယဆေးထိုးပြီးပြီ
ဒဂုံမြို့သစ်မှာ ယိုးဒယားprojectစပြီ
ဒဂုံမြို့သစ်မှာကုတင်၁၀၀၀ဆေးရုံစပြီ
ရန်ကုန်မြို့သစ်စီမံကိန်းစပြီ
လှည်းကူးမှာJapan စီမံကိန်းစပြီ
နေပြည်တော်မှာပညာမြို့တော်တည်ပြီ
ရန်ကုန်မှာMRT လိုင်းတွေစပြီ
ဝန်ထမ်းတွေကားဝယ်ခွင့်ရပြီ
ပြည်တွင်းထုတ် တိုယိုတာကားစီးရပြီ
ရန်ကုန်-မန္တလေး ရထားလမ်းလဲအတော်ပြီးလောက်ပြီ
ပဲခူး international လေဆိပ်စပြီ
ငွေဆောင် ဂွကမ်းရိုးတန်း ပတ်လမ်းစပြီ
ရန်ကုန်နေပြည်တော်ဝန်ထမ်းအိမ်ယာစီမံကိန်း
အငှါးအိမ်ယာစီမံကိန်းများ
သီလဝါ second phase စပြီ
တနိုင်ငံလုံးအစိုးရတင်ဒါလုပ်ငန်းများ ပဲခူးတိုင်းတခုထဲ ၂၀၀ကျော်
လက်ညောင်းပြီဗျ တော်ပြီ
ဒါတွေကိုမနာလိုတာလဲပါတယ်
သူများစီစဉ်ထားပြီးသားတွေကို သူလုပ်သလိုလုပ်
နာမည်ကောင်းယူ
ပြီးတော့ ကြားထဲကဝိုက် အိပ်ကပ်ထဲထည့်
ဒင်းတို့စိတ်ကူးက

မအလအဖွဲ့တွေက အမြဲကြိမ်းတာက
ဒေါ်စုလောက်တော့ ငါတို့လည်းလုပ်တတ်ပါတယ်တဲ့
ရင်ထဲက စေတနာ မေတ္တာ က တစ်ခြားစီ
ချီးပုတ် နဲ့ နတ်သုံးတဲ့ နံ့သာဆီ
ဒါ့ကြောင့် ခုလည်းဓားပြတိုက်စားနေရတာ

အေး စစ်တပ်ကဝင်ရှုပ်တဲ့
ခြေဥကြီးနဲ့ ချုပ်ထားခံရတောင်
ဒီလောက်လုပ်နိုင်ရင် မင်းတို့မပါတဲ့ နိုင်ငံရေးဆို
တို့နိုင်ငံ တစ်ပြေးမှာ သိလား မအလေရ
အရေးတော်ပုံအောင်ပြီးရင်တော့ စီမံကိန်းအားလုံး
ပြန်စမယ်
ဒိထက်ပိုကောင်းမယ်

လုပ်ရက်လေခြင်းကြည့်ကြပါဦးဗျာသာသနာပြုမင်းကြီးဆိုတဲ့အာဏာရူးကောင်နဲ့နောက်ပါကျွန်များက သာသနာပြုတာလား သာသနာဖျက်တာလားဆိုတာ.ဆိ...
02/10/2021

လုပ်ရက်လေခြင်း

ကြည့်ကြပါဦးဗျာ
သာသနာပြုမင်းကြီးဆိုတဲ့အာဏာရူးကောင်နဲ့
နောက်ပါကျွန်များက
သာသနာပြုတာလား သာသနာဖျက်တာလားဆိုတာ.

ဆိုင်းဘုတ်တစ်ခုပဲပါတဲ့ သံဃာတွေကို အခုဖမ်း အခုလူချွတ် အခုတရားစွဲ မလွန်လွန်းဘူးလား.

ရဟန်းတပါးကိုလူချွတ်တယ်ဆိုတာ
မင်းတို့ချွတ်လို့မကျွတ်ဘူးဟ.
ဘုရားစည်းကမ်းနဲ့ချွတ်မှ ကျွတ်တာ.

နောက်တစ်ခုက.
ဘယ်ပြည်သူ ဘယ်ရဟန်းကောင်း သာသနာကို စည်းကမ်းနဲ့ချစ်တဲ့ဘယ်ရဟန်းမှ ဒီအဖြစ်ပျက်မျိုးကို
မမြင်ရက်ဘူး

ဒါကိုလဲ သာသနာပြုတယ်လို့မယူဆကြဘူး.

အဲ့ဒါငယ်ဖြူရဟန်းတွေကြည့်ပဲ.
ငါ့တို့ရင်တွေ ဆတ်ဆတ်တုန်အောင်နာတယ်.

ဒီနေ့နဲ့
ဒီအဖြစ်ပျက်ကို ငါတို့လုံးဝမမေ့ဘူး.

ကမ္ဘာလည်းမကြေဘူး.

၂.၁၀.၂၀၂၁

👉👉👉 သတင်းအပြည့်အစုံ First comments

ဘယ်အထိ တက်နေဦးမှာလဲ ကိုရွှေ နှင့် ဒေါ်လာ              သား ဆီစျေး
25/09/2021

ဘယ်အထိ တက်နေဦးမှာလဲ ကိုရွှေ နှင့် ဒေါ်လာ သား ဆီစျေး

24/09/2021

ဇာတ်သိမ်းခန်းက
ထင်ထားတာ ထက်
မြန်မယ်
(သပြေပန်းနဲ့ကြိုပေးပါ )

👉👉👉See First Comment

24/09/2021

👉👉👉အထူးသတင်း👈👈👈
24.9.2021

UN မှ အရေးပေါ် သတိပေးချက်ကြေညာစာ ထွက်လာပါပြီ အားလုံးပြင်ဆင်ထားပါ

သတင်းအပြည့်အစုံ Comments မှာ နားထောင်ပါ

မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အာဆီယံ ဆွေးနွေး~~~~~~~~~~~~■ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်...
24/09/2021

မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အာဆီယံ ဆွေးနွေး
~~~~~~~~~~~~
■ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲ ပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာလာအောင် မြန်မာစစ်တပ်ကို ဖိအားပေးတောင်းဆိုဖို့ အရေးတကြီး လိုအပ်နေတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့ပြင် အာဆီယံ ဗဟိုအချက်အချာကျမှုအပေါ် အမေရိကန်ရဲ့ ကတိကဝတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ မျှော်မှန်းချက်အတွက် အမေရိကန်ရဲ့ ပံ့ပိုးမှုကို နိုင်ငံခြားရေးဝန်ကြီး Blinken က အတည်ပြု ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
- Unicode
------------
မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အာဆီယံ ဆွေးနွေး
~~~~~~~~~~~~
■ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲ ပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာလာအောင် မြန်မာစစ်တပ်ကို ဖိအားပေးတောင်းဆိုဖို့ အရေးတကြီး လိုအပ်နေတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့ပြင် အာဆီယံ ဗဟိုအချက်အချာကျမှုအပေါ် အမေရိကန်ရဲ့ ကတိကဝတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ မျှော်မှန်းချက်အတွက် အမေရိကန်ရဲ့ ပံ့ပိုးမှုကို နိုင်ငံခြားရေးဝန်ကြီး Blinken က အတည်ပြု ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photo: Reuters

ဟာသအမြင်လေးနဲ့ပါ😁😂😀ဒီနေ့ ပဲခူးအင်တကော်နားမှာ ဧရာဝတီဘဏ်ရဲ့ငွေသယ်ကားကနေ ဓါးပြတိုက်ခံရတယ်ကြားလို့ ကျနော် လွန်ခဲ့သော ၆ နှစ်လ...
14/09/2021

ဟာသအမြင်လေးနဲ့ပါ😁😂😀
ဒီနေ့ ပဲခူးအင်တကော်နားမှာ ဧရာဝတီဘဏ်ရဲ့ငွေသယ်ကားကနေ ဓါးပြတိုက်ခံရတယ်ကြားလို့ ကျနော် လွန်ခဲ့သော ၆ နှစ်လောက်က ဖေ့ဘုတ်မှာရေးထားတဲ့ ဟာသလေးကို ပြန်တင်လိုက်တာပါ။ တိုက်ဆိုင်မှု့ရှိရင် ခွင့်လွတ်ပါ😆

ပြောရမှာကြောက်ပါတယ် ငါ့တူရယ်
*****************************
ရွာတစ်ရွာကို ညသန်းခေါင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြတွေ ဝင်တိုက်ပါလေရော..ရွာထဲက ရှိသမျှအိမ်အကုန်တိုက်တာ နောက်ဆုံး ရွာစွန်ကအဖွားအိုနေတဲ့အိမ်ကို ဓါးပြအဖွဲ့တွေ ရောက်လာပါရော

အိမ်ရှင်အဖွားအိုကို ဓါးပြခေါင်းဆောင်က သေနတ်ကြီးနဲ့ ချိန်လို့ "ဒီမယ် အဘွားကြီး ရှိသမျှအကုန်ထုတ်" ဆိုပြီ နားက နားကပ်ကို ချွတ်ယူနေတုန်း အဘွားအိုက သူ့ ဘေးမှာရှိတဲ့ ကွမ်းအစ်ထဲက ထုံးနဲ့ ဓါးပြမသိအောင် သေနတ်ပြောင်းကို အသာလေး သုတ်လိုက်တယ်..

ဒီလိုနဲ့ မနက်စောစောဓါးပြတိုက်ခံရတဲ့ရွာကို ကူညီဖို့ စစ်တပ်ကြီးရောက်လာပါလေရော..ဒန့် ..ဒန့်
ရွာသားတွေကိုစုပြီး မေးတာပေါ့ ဗိုလ်ကြီးက ညက တိုက်သွားတဲ့သူတွေကို မှတ်မိလား..ကျနော်တို့ လိုက်ရှင်းရမယ်။ တပ်မတော်ဆိုတာ ပြည်သူကို စောင့်ရှောက်ရမယ့်တာဝန် ကျနော်တို့ မှာရှိတယ်.ကျနော်တို့ရှိတဲ့နယ်မြေမှာ ဒါမျိုးဖြစ်သွားတာ လက်သင့်ကိုမခံဘူးဆိုပြီး ဗိုလ်ကြီးက ကြိမ်းဝါးတာပေါ့။

ညကအချိန်မှီရောက်မလာနိုင်တဲ့ အတွက် စိတ်မကောင်းကြောင်း ဓါးပြ ပုံစံတွေကို မှတ်မိတဲ့သူတွေ ပြောပြပါ။ ကျနော်တို့ အချိန်မီဖမ်းစီးဖို့ပါ။ "ကဲ မှတ်မိသလောက်ပြောပြကြပါ"လို့ ပြောရင်း စစ်ဗိုလ်က အဖွားအိုရှေ့ရောက်သွားကာ
"အဖွားရော မှတ်မိလား မှတ်မိရင် ပြောပြပါအဖွားဆိုတော့"..အဖွားအိုက "အင်း မှတ်တော့ မှတ်မိပါတယ် ငါ့တူရယ်။ ဒါပေမယ့် ပြောပြရမှာ ကြောက်ပါတယ်"
စစ်ဗိုလ်ကြီးက "အာ..အဖွား ဘာမှမကြောက်နဲ့ ကျနော်တို့ ရှိတယ်.ပြောမှာသာပြော ဆိုတော့..အဘွားအိုကသူ့ ရှေ့မှာ မြင်နေရတဲ့ ဗိုလ်ကြီးလက်ထဲက သေနတ်ကြီးကို
လက်ညှိုးထိုးပြီး" အဖွား မှတ်မိတာကတော့ ဟော့ဒီထုံးရာ ပါတဲ့ သေနတ်ကြီးပါပဲကွယ်...ဟီးဟီး"

ငယ်ငယ်ကကြားဖူးမိသောဟာသလေးပါ။

😃Myo Thein😆
(ဒီဟာသလေးရေးဖူးတာ ၈ နှစ်လောက်ရှိပြီး ခုမှတိုက်ဆိုင်လို့ ပြန်ရှာတင်လိုက်တာပါ)



ကားပေါ်မှာ
#မြန်မာငွေကျပ် ၄ ဘီလီယံ နဲ့
#လူ ၇ ယောက်
#ဦးနှောက်မရှိဘူးပြောတော့ လက်သင့်မခံဘူး

ကုလသမဂ္ဂအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ14 September, 2021စက်တင်ဘာ ၁၄ ရက်...
14/09/2021

ကုလသမဂ္ဂအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ

14 September, 2021

စက်တင်ဘာ ၁၄ ရက်စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီဘက်ကကိုယ်စားလှယ် တက်ရောက်မိန့်ခွန်း မပြောနိုင်အောင် ထိထိရောက်ရောက် တားဆီးဖို့ အမေရိကန်နဲ့ တရုတ်တို့ သဘောတူညီရရှိခဲ့တယ်လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို ဥရောပသမဂ္ဂ (အီးယူ) ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေနဲ့ ရုရှား နိုင်ငံတို့ကလည်း အလွတ်သဘော ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။

ဒါဟာ ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ကျူးလွန်ပြီးနောက်မှာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုခံရအောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ထိုးနှက်ချက်တရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ နောက်ကွယ်က သီတင်းပတ်ချီ သံတမန်ရေးစေ့စပ်ညှိနှိုင်းမှုတွေအတွင်း မြန်မာအနေနဲ့ ကြံ့ကြံ့ခံဖို့ လိုအပ်မှာဖြစ်ပြီး အရင်အစိုးရကို ကိုယ်စားပြုတဲ့ လက်ရှိကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဆင့်မြင့်အစည်းအဝေးတွေအတွင်း ပြောဆိုဆွေးနွေးခွင့်ကို ဆက်ထိန်းထားရဖို့နဲ့ ဒါမှသာ အနည်းဆုံး နို၀င်ဘာလအထိ မြန်မာနိုင်ငံမှာ တရားဝင်အစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ ဖိအားပေးမယ့် စစ်ကောင်စီရဲ့ ဘယ်လိုကြိုးပမ်းမှုကိုမဆို နှောင့်နှေးစေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့အသင့်တော်ဆုံး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ကို ရွေးချယ်ဆုံးဖြတ်ပေးမယ့် ကုလသမဂ္ဂကိုယ်စားလှယ် ၉ ဦးပါ စိစစ်ရွေးချယ်ရေးအဖွဲ့ Credential Committee ကို ခန့်အပ် ကြေညာဖို့ အစီအစဉ်ရှိပါတယ်။

တရားဝင် မကြေညာသေးပေမဲ့ အဆိုပါ ၉ ဦးကော်မတီကို ဆွီဒင်နိုင်ငံက ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှာဖြစ်ပြီး အဖွဲ့တွေထဲမှာ ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာလီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှ ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်နေရာကို ဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲ ဆိုတာ နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက Foreign Policy နဲ့ တယ်လီဖုန်းအင်တာဗျူးထဲမှာ အတည်ပြုပြောကြားပါတယ်။

သံတမန်ရေးရပ်တည်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့ တခြားနိုင်ငံတွေနဲ့အတူ အစည်းအဝေးတွေမှာ ပြောဆိုခွင့်ရှိသူစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖြစ်မှာ မဟုတ်ဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

အထောက်အထားစိစစ်ရေး ကော်မတီအတွင်း ဆွေးနွေးမှုတွေကနေ ရလဒ်တချို့ကို စောင့်နေတုန်းပဲ လို့လည်း ဆိုပါတယ်။

အဆင့်မြင့်ဆွေးနွေးမှုအတွင်းမှာ မြန်မာနိုင်ငံရဲ့နေရာကို အလွတ်ထားမလား ဆိုတာကိုတော့ အတည်ပြုပြောဆိုခြင်းမရှိပေမယ့် လူသိရှင်ကြား အသက်အန္တရာယ် ခြိမ်းခြောက်မှုကြုံခဲ့ရတဲ့ ဦးကျော်မိုးထွန်းက သူ့လုံခြုံရေးက အခု အဆင်ပြေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားပြုမှု ကံကြမ္မာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ အနည်းဆုံး နို၀င်ဘာလအထိ အချိန်ဆိုင်းထားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ကိုယ်စားလှယ်ခန့်အပ်ခြင်းဆိုင်ရာ အငြင်းပွားမှု ရှိနေရင် အထွေထွေညီလာခံစည်းမျဉ်းတွေနဲ့ အညီ ကိုယ်စားလှယ်စိစစ်ရွေးချယ်ခန့်အပ်ခြင်းအဖွဲ့က ဆုံးဖြတ်ချက်တစုံတရာ ချပြီးလို့ အထွေထွေညီလာခံက အတည်ပြုလိုက်တဲ့အချိန်အထိ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ သူ့နေရာမှာပဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေဟာ စစ်ကောင်စီဘက်ကို စာနာတဲ့နိုင်ငံတခုခုကနေ နိုဝင်ဘာလမှာပြုလုပ်မယ့် ပထမဆုံး အစည်းအဝေးမတိုင်မီ ဒီကိစ္စကို Credential Committee ထံ တင်ပြအယူခံဝင်မှာကို စိုးရိမ်ခဲ့ကြတာပါ။

သူတို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်မှန်သမျှကို အတတ်နိုင်ဆုံးနှောင့်နှေးဖို့ မျှော်လင့်ထားပြီး မြန်မာနိုင်ငံရဲ့လက်ရှိသံအမတ်ကြီးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်နေရာအတွက် သူ့ရဲ့အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်တာပါ။

လက်ရှိအခြေအနေကို တတ်နိုင်သလောက်ထိန်းထားဖို့ စိတ်ဝင်စားတယ်လို့လည်း ဆွေးနွေးပွဲတွေမှာပါဝင်နေတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

မြန်မာပြည်သူလူထုကတော့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လက်ရှိသံအမတ်ကြီးကျော်မိုးထွန်းကို ထောက်ခံတဲ့အကြောင်း အွန်လိုင်းကနေ လက်မှတ်ကောက်ခံလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေက လည်း ကမ္ဘာတဝန်းမှာ NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲတွေ ပြုလုပ် နေကြပါတယ်။

Myanmar

စခန်းသိမ်း တိုက်ပွဲတွေကို လူမှုကွန်ယက်အပေါ် အလျင်စလို မတင်ဖို့ KNU မေတ္တာရပ်ခံစက်တင်ဘာ ၉ ရက်ကရင်မျိုးသားလွတ်မြောက်ရေးတပ်...
09/09/2021

စခန်းသိမ်း တိုက်ပွဲတွေကို လူမှုကွန်ယက်အပေါ် အလျင်စလို မတင်ဖို့ KNU မေတ္တာရပ်ခံ

စက်တင်ဘာ ၉ ရက်

ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်တာနဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူတာတွေကို ကြားသိရပါက Online လူမှုကွန်ယက်ပေါ် အလျင်စလို မတင်ကြဖို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ စခန်းသိမ်းယူပြီးတဲ့နောက်မှာ စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဆက်လက်လုပ်ဆောင်သွားရမယ့် အရာတွေရှိနေတာကြောင့် အွန်လိုင်းတွေပေါ် အလျင်စလိုမတင်ဖို့ ကေအဲန်ယူက မေတ္တာရပ်ခံလိုက်တာပါ။

အွန်လိုင်းတွေပေါ် အလျင်စလိုတင်ပြီးဖြန့်ဝေလိုက်ပါက ရန်သူစစ်အုပ်စုဘက်ကို သတင်းပေးပို့ရာရောက်ပြီး KNLA ရဲ့ ဆက်လက်လုပ်ဆောင်သွားရမယ့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်တယ်လို့ ကေအဲန်ယူက ပြောဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်တာနဲ့ စစ်ကူတပ်ဖွဲ့တွေ စေလွှတ်တာတွေလည်း ပြုလုပ်လျက်ရှိနေတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့တွေအနေနဲ့ စစ်မြေပြင်ကိစ္စတွေ ပြီးဆုံးပြီး လုံခြုံစိတ်ချတဲ့နေရာကို ပြန်လည်ရောက်ရှိတဲ့အချိန်မှသာ အွန်လိုင်းပေါ် သတင်းတွေကိုဖြန့်ဝေကြဖို့ ကေအဲန်ယူက မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

အရေးကြီးသတင်းများ မဖုံးသွားအောင် အရောင်းပို့စ်များ OSများ အလှပုံများ တခြား attention ပို့စ်များမတင်ခြင်းဖြစ် အလိုက်သိပါ ...
07/09/2021

အရေးကြီးသတင်းများ မဖုံးသွားအောင်
အရောင်းပို့စ်များ OSများ အလှပုံများ တခြား attention ပို့စ်များမတင်ခြင်းဖြစ် အလိုက်သိပါ မိတ်ဆွေ ....🙏🙏🙏

သူရဲကောင်းတွေက ခြေသံလုံလုံနဲ့လာတော့
ပြည်သူတွေက လေသံလုံလုံနဲ့
ကြိုဆိုပေးကြပါ....🙏🙏🙏🙏

D-Day:  တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် စက်တင်ဘာ ၇ ရက် မှစပြီး တော်လှန်ရန်ကြေညာပြီ။
07/09/2021

D-Day: တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် စက်တင်ဘာ ၇ ရက် မှစပြီး တော်လှန်ရန်ကြေညာပြီ။

ကောလင်းမြို့နယ် ကျွန်းတောရွာအနီးမှာ စစ်ကောင်စီတပ်ကား ၇ စီး မိုင်းဆွဲခံရပြီးစစ်ကောင်စီတပ်သား ၈၀ ဝန်ကျင်ထ်ိခိုက်ဒဏ်ရာရသြဂု...
30/08/2021

ကောလင်းမြို့နယ် ကျွန်းတောရွာအနီးမှာ စစ်ကောင်
စီတပ်ကား ၇ စီး မိုင်းဆွဲခံရပြီးစစ်ကောင်စီတပ်
သား ၈၀ ဝန်ကျင်ထ်ိခိုက်ဒဏ်ရာရ

သြဂုတ် ၃၀ရက် ၂၀၂၁

ကောလင်းမြို့နယ် မြစ်ကြီးနားသွားသည့်လမ်း
ကျွန်းတောရွာအနီးတဝိုက်မှာ စစ်ကောင်စီစစ်ကား
၇ စီးမိုင်းဆွဲတိုက်ခိုက်ခံရမှု့ကြောင့် ၃ စီးထိခိုက်ပြီး အသေပြောက်ဒဏ်ရာရ ၈၀ ဝန်းကျင်ခန့်မှန်းကြောင်း ဒေသခံများကပြောသည်။

"ဒီမနက် ၁၀ နာရီ၀န်းကျင်လောက်မှာ ဖြစ်တာပါ
ကောလင်းမြို့နယ် မြစ်ကြီးနာ သွားတဲ့လမ်းပေါ့
ကျွန်းတောရွာနားမှာ ထီးချိုင့်ဘက်ကဆင်းလာတယ်လို့ထင်ရတယ် စစ်ကား ၇ စီး သူတို့ ထိခိုက်သွားတာက ၃ စီးပါ။ကားတစ်စီးကို ၃၀ စီးလိုက်တယ်ခန့်မှန်းတယ် ၃စီးဆိုတော့ ၈၀ လောက်တော့ခန့်မှန်းတယ် ။ သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ကားပေါ်ဆွဲတင်နေကြတယ်။လုပ်တာကတော့ PDF အဖွဲ့က လုပ်တာပါ ဟု ကောလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှု့ကြောင့်စစ်ကောင်စီတပ်ဘက်က ၈၀ ကျော် ထိခိုက်ရ အသေပြောက်ရှိနိုင်ပြီး ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF က ၃ ဦးထိခိုက်
ဒဏ်ရာရကြောင်း ဒေသခံများကပြေပါတယ်။

ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာအနားတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှု့အပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် ထပ်မံ တပ်ဆွဲထားကြောင်းသိရသည်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။

 #အမေစုလုပ်ကြံခံခဲ့ရတဲ့_ဒီသတင်းကို_သိချင်နေတာကြာခဲ့ပြီ_ခုတော့_သိလိုက်ရသောအခါ_အသားတွေတောင်_တုန်တယ်😌😔😔😔😔😔 #ဘယ်သူတွေကလုပ်ကြ...
27/08/2021

#အမေစုလုပ်ကြံခံခဲ့ရတဲ့_ဒီသတင်းကို_သိချင်နေတာကြာခဲ့ပြီ_ခုတော့_သိလိုက်ရသောအခါ_အသားတွေတောင်_တုန်တယ်😌😔😔😔😔😔

#ဘယ်သူတွေကလုပ်ကြံပြီး_ဘယ်သူတွေကကာကွယ်ခဲ့သလဲ။

#သမိုင်းအမှန်တွေ.......

#အင်တာဗျူး_Byလင်းဘိုဘို
30 May 2017

“ #ဒါ_ဒေါ်အောင်ဆန်းစုကြည်_ကားနော်_မင်းတို့_သမိုင်းဝင်သွားမယ်”
(ဒီပဲယင်း အဖြစ်အပျက် ပြန်လည် ဖေါ်ပြချက်)

၂၀၀၃ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ဒီပဲယင်းလုပ်ကြံမှုသည် ယနေ့ ၂၀၁၇ ခုနှစ်၊ မေ ၃၀ တွင် ၁၄ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

ထိုစဉ်က လုပ်ကြံခံရသူဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူနေပြီး ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်၏ကားကို မောင်းခဲ့သူ ဒုတိယနှစ် ဥပဒေကျောင်းသား ကိုကျော်စိုးလင်းသည် ယခုအချိန်တွင် မန္တလေးတိုင်း ပြည်ကြီးတံခွန်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်စိုးလင်း ဖြစ်လာခဲ့ပြီ။

ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်လည်းဖြစ်သည့် ဦးကျော်စိုးလင်း၏ အတွေ့အကြုံကို ၂၀၁၂ ခုနှစ် မေလက မဇ္ဈိမကမေးမြန်းခဲ့သည်ကို ပြန်လည်ဖေါ်ပြလိုက်ပါသည်။
-------------------------------

၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။

၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ်၊ ကျီရွာတွင် တိုက်ခိုက်ခံခဲ့ရသည့် ယင်းဖြစ်ရပ်တွင် မည်သူကအကွက်ချစီမံ၍ မည်သူဦးဆောင်ခဲ့သည်၊ မည်သူများပါဝင်ခဲ့သည်ဆိုသည်ကို ယနေ့တိုင်ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင်ဖြစ်သည်။
သမိုင်းသည် အကောင်းဆုံးဥပမာဖြစ်သည်။
သမိုင်းမှ သာဓကယူဆန်းစစ်ရသည်။
ခေတ်အဆက်ဆက် သမိုင်းစစ်ကိုရှာဖွေတူးဆွသူများရှိခဲ့သလို၊ သမိုင်းကြောင်း၌ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန်ကြိုးစားခဲ့ကြသည်။

ဒီပဲယင်းအရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင်ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်အားထုတ်ခဲ့သူတဦးဖြစ်သည့်၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်စီးနင်းသည့်ကားကိုမောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။

ဒုတိယနှစ်ကျောင်းသားအရွယ်သာရှိခဲ့သော်လည်း လုပ်ကြံမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံးနေရာတွင်ရှိခဲ့ပြီး မျက်မြင်သက်သေလည်းဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်းကိုးနှစ်ပြည့်အဖြစ် မဇ္ဈိမသတင်းဌာနကတွေ့ဆုံမေးမြန်းခဲ့ပါသည်။

- #ဒီပဲယင်းကိစ္စ_၉_နှစ်ပြည့်တော့မယ်_ဒီအချိန်မှာဘယ်လိုခံစားရလဲ။

ပြန်ပြီးတော့သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကျနော့်စိတ်ထဲမှာ သူတို့ကိုပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီခံစားချက်လေးတော့ ရှိနေတာပေါ့။

- #အန်တီ့ကားကို_မောင်းဖြစ်သွားပုံလေးက_စပြီးပြန်ပြောပြပါဦး။

ကျနော့်အဖေ ဦးကိုကြီးက မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေရှိရင် ကျနော့်အိမ်က ကားတွေဘာတွေသုံးလေ့ရှိတယ်။
ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာလိုက်ပို့တာရှိတော့ တိုင်းကလူကြီးတွေက ကျနော်တို့ကား ကောင်းကောင်းမွန်မွန်မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။
အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲရှိသေးတယ်။ ဥပဒေမေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲလိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ရောက်လာတော့ ကားကျွမ်းကျွမ်းကျင်ကျင်မောင်းတတ် တဲ့ လူလေးဦးလိုတယ်ဆိုလို့ ကျနော်တို့ ညီအကိုနှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်းလိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေးမောင်းတာ။ နောက် ကချင်ပြည်နယ်ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ် မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကိုဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက်တွေလည်း ကျနော်ပဲဆက်မောင်းတာ။ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

- #မေ_၃ဝ_ရက်နေ့_အနေအထားတွေကို_မှတ်မိသလောက်ပြန်ပြောပြပါဦး။

တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေရတယ်။
သိလည်း သိတယ်။
ဘာတွေလဲဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီးနှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးရွားရွားကြီး နှောင့်ယှက်လိမ့်မယ်တော့မထင်ဘူး။
စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်းကြားတယ်။
နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ကျောင်းသားလေးတွေ အပြန်မှာအဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်းကြားတယ်။
ရှေ့ပြေးလွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။
ပြန်မလာနိုင်ပေမယ့် သတင်းကတော့အဆက်မပြတ်ကြားနေတာ။

- #အဲ့ဒီနေ့က_လမ်းကြောင်းတခုလုံးမှာ_အန်တီရှိနေတဲ့နေရာအထိ_သတင်းတွေရောက်လား_သတင်းပို့မှု_အစပ်အဆက်ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲကြားနေတာ။
နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်းတောင်မဝတ်ရသေးဘူး။
ကတုံးစိမ်းတွေနဲ့၊ ကားကြီးတွေနဲ့ ထွက်သွားတယ်။
သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်းကြားရတယ်။

ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့်ခရီးစဉ်ဆက်ထွက်တယ်။
အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။
မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာမျိုးပေါ့နော်။
နေ့လည်ပိုင်းဆို သူတို့ကသိပ်ပြီးတော့မလုပ်ကြဘူး။
ဆန္ဒပြသလို သာမန်နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။

အဲ့တော့ ကျနော်တို့က ညကိုအရောက်မခံဘဲ မောင်းတာများတယ်။
နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ်မိုင်တွက်တာလည်းမှားတယ်။
မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကိုရောက်တဲ့အချိန်မှာ ဘုန်းကြီးနှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျုပ်တို့ စောင့်နေလို့ပါ။ ရပ်ပြီး နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။

အချိန်က ငါးနာရီခွဲ၊ ခြောက်နာရီလောက်ရှိပြီ။ မမှောင်သေးဘူး။ မှောင်ရီပျိုးပြလေး။
ဘုန်းကြီးက တောင်းတောင်းပန်ပန်နဲ့ ပြေးပြီးတော့လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ်၊ ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်ကရပ်လိုက်တယ်။
အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ်၊ ရွာသားတွေကော အများကြီးစောင့်ပြီးကြိုနေတယ်။
ဘုန်းကြီးအိုကြီးတပါးလည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့အချိန်မှာ နောက်ကလိုက်လာတဲ့ ကားတန်းကလည်းတော်တော်များတယ်။
ကားအစီးရေတော့ မမှတ်မိဘူး။
ကားတန်းရပ်သွားတော့ နောက်ကလိုက်လာတဲ့ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက်ဆင်းပြီးတော့ကြည့်တဲ့အချိန်မှာ နောက်မှာစရိုက်နေပြီလို့ သိတော့ အန်တီမဆင်းဖြစ်တော့ဘူး။

မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်။ ကားတံခါးတွေကို Lock ချ လိုက်တယ်။
ကျနော့်ရှေ့မှာက ကား သုံးလေးစီးလောက်တော့ရှိတယ်။
ဘဘဦးတင်ဦးကားကလည်း ရှေ့မှာပဲ။
အနီးကပ်လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။
မန္တလေးတိုင်းက လုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော၊ နောက်မှာကော ပါတယ်။

နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။
နောက်က အမျိုးသမီးတွေပါတဲ့ကားတစီးက ကျော်တက်ပြီး ကျနော်တို့ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီကတားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့၊ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်းမသိဘူးဆိုပြီး အန်တီကတားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။
ကျနော်တို့ကားနားရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေကတားတယ်။

“ #ဒါဒေါ်အောင်ဆန်းစုကြည်ကားနော်_မင်းတို့_သမိုင်းဝင်သွားမယ်နော်” ဆိုပြီး တားတယ်။

တားတော့ သူတို့ ရိုက်တာတန့်သွားတယ်။ ကျနော်တို့ကားနားကို အရင်ရောက်လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့၊ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦးရောက်လာတယ်။
“ #မင်းတို့ကောင်တွေက_ဘယ်ကလဲ_ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။

နောက် အန်တီ့ဘက်အခြမ်းကလုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း သူတို့ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေးလဲသွားတယ်။
အဲ့နေရာမှာပဲပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။
ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းကတော်တော်ဒေါသဖြစ်သွားသေးတယ်။
နောက်ကနေပြေးလာတဲ့သူတွေက ပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ ဆိုတော့လေ။
တချို့ဆို ကိုယ်တုံးလုံးကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမတခုခုတုန့်ပြန်မယ်စဉ်းစားသေးတယ်။

ကျနော် ကားကိုဘက်ဆုတ်လိုက်တယ်။
ဘက်မဆုတ်ခင် လီဗာကိုအကျယ်ကြီးနင်းလိုက်တယ်။
ကိုယ့်လူတွေလည်းရှိတော့ ရှောင်လို့ရအောင် အသံပေးလိုက်တာပေါ့။
အဲ့ဒီမှာ ကျနော့်ကားရဲ့တိုက်ရော့နဲ့ဘီးနဲ့ကြားမှာ သစ်သားချောင်းဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။
စတီရာရင်ခေါက်လို့မရအောင် ထိုးထည့်ထားတာ။
ကံကောင်းချင်တော့ ကျနော်ကနောက်အရင်ဆုတ်လိုက်တော့ အဲ့ဒီဟာကကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခုကလန့်ထားတာ ကျိုးသွားတာသိတာ။

နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်ကမှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာလုံခြုံရေးတွေရှိနေတယ်။
သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။
ကျနော် ကားနောက်ဆုတ်ပြီဆိုတာနဲ့ သူတို့ကကားပေါ်ကိုအတင်းဝိုင်းတက်ကြတယ်။
ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေကမှောက်နေတယ်။
ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှမတိုက်တော့ပဲ ကျနော်ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။
အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

- #အန်တီကကော_အဲ့ဒီအချိန်မှာ_ဘယ်လိုရှိနေလဲ_အန်တီက_ကားမောင်းထွက်ဖို့တွေဘာတွေပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။
ပြည်သူတွေလည်း အရိုက်ခံနေရပြီ။
သူများတွေက “မောင်းမောင်း”လို့ ပြောနေကြတယ်။
အန်တီက ဘာမှမပြောဘူး။
ကျနော့် အမြင်ပေါ့။ ကျနော့်အတွေးက အန်တီက တကယ်လို့မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံနေရတာကို ပစ်ပြီးတော့ပြေးရာရောက်မယ်။
အဲ့လိုလည်း အဖြစ်မခံချင်ဘူးလို့ထင်တယ်။
ကျနော်မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှမောင်းလို့မရဘူးလေ။
အကုန်လုံး ပဋိပက္ခဖြစ်သွားနိုင်တယ်။
အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ်မောင်းထွက်လိုက်တာ။

- #နောက်ထပ်_သတ်ကွင်းလို_တနေရာကြုံရတယ်ဆိုတာက_ဘယ်လိုမျိုးလဲ။

ဒုတိယနေရာကမှ တကယ့်သတ်ကွင်း။
ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက်ဝေးတယ်။
ကျနော်ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကိုကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲအာရုံစိုက်ပြီးမောင်းနေတော့ သူတို့လည်းနောက်ကပါလာတယ်ပဲ ထင်တာ။
ငါးမိနစ်လောက် မောင်းရတယ်။
ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။
အဝေးကတည်းကမြင်တော့ လမ်းကိုဒီကားတွေကန့်လန့်ပိတ်လိုက်မှာလည်း စိုးတယ်။
သိပ်လည်းမသင်္ကာဘူးပေါ့။ စပြီးလည်း ဖြစ်နေပြီ ဆိုတော့လေ။

အဲ့တာနဲ့ သူတို့ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကိုလှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီးထိုးထားတာတွေ့ရတယ်။

လမ်းရဲ့ဘေးမှာ ကွင်းကအကျယ်ကြီး။
ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။
မီးကြီးတွေ လမ်းဘက်ကိုထိုးထားတာ။
ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။
မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ။ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။
လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာ ပေါ့နော်။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျတော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။

ကားလမ်းပေါ် ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။
လမ်းရဲ့အဆုံးမှာ သစ်သားနဲ့သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။
အဲ့တာကို ကျနော်ကတိုက်ချိုးပြီး ဆက်မောင်းမယ်လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။
ကားနှစ်စီးရဲ့ကြားမှာ လူသွားဖို့ လမ်းချန်ထားတာရှိတယ်။
အဲ့ဒီလူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။
အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။
ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့ကဒိုင်ဗင်တွေဘာတွေထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော်မတိုက်ဖြစ်ပါဘူး။

- #နောက်တော့ကော_ဘာတွေဆက်ဖြစ်သေးလဲ။

အဲ့ဒီကလွတ်လာတော့ အန်တီကပြောတယ်။
ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကိုဖြေရှင်းမယ်။ မဖြေရှင်းလို့မရဘူးပေါ့ ပြောတယ်။
ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကိုမရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေးချိုးဝင်လိုက်ရတာ။

ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်ကထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေးတောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီးတော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေ ပြောဆိုပြီး တခါတည်းအန်တီက သူ့စိတ်နဲ့ပဲမှတ်ထားလိုက်တယ်။

အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈ယောက် ပါတယ်။ အန်တီက ဘယ်သူမှအန်တီနဲ့မခွာနဲ့။ ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။ ကြောက်လန့် ပြီးခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ မှာတယ်လို့ ထင်ပါတယ်။

“ #ဒါ_ဒေါ်အောင်ဆန်းစုကြည်_ကားနော်_မင်းတို့_သမိုင်းဝင်သွားမယ်” ဆိုပြီးပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ #ဟာ_ဘာပဲဖြစ်ဖြစ်_ချကွာ_ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့်စိတ်ထဲမှာထင်ကျန်နေတုန်းပဲ။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။
ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ဆိုတော့ တိုင်းမှူးကအမိန့်ချထားတယ်တဲ့။
ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ်။ ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက်နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်းတံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။

ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလိုဝိုင်းပြီး နာရီဝက်လောက်ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။

သူက ကျနော့်ကိုနားထင်ကို သေနတ်နဲ့ချိန်တယ်။
ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။

အန်တီ့ကိုကြည့်တော့ အန်တီကခေါင်းငြိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက်တယ်။
“အဲ့ဒါဆို နောက်ကလူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ချိန်ပြီးတက်ခိုင်းတယ်။

နောက်ကလူတွေပါတက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါဖယ်။
ရှေ့ကရဲကားနဲ့ သူတို့က အနောက်ကလိုက်လာကြတယ်။
ဘေးက မော်တော်ပီကယ်တွေဘာတွေနဲ့ပါခေါ်ပြီးတော့ ရေဦးရဲစခန်းထဲရောက်သွားတယ်။

- #ရေဦး_ရဲစခန်းရောက်ပြီး_ဘာဆက်ဖြစ်ကြလဲ။

ရေဦးရဲစခန်းရောက်တော့ အန်တီကပြောတယ်။

“ #ရှင်တို့သတ်ချင်ရင်_ကျမတို့ကိုဒီနေရာမှာ_သတ်ချင်သတ်ပစ်လိုက်_အဲ့လိုမှ_မဟုတ်ဘူးဆိုရင်_ကျမတို့ကတော့_ဒီကိစ္စကို_ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။

အဲ့ဒီမှာ သူတို့ကအန်တီ့ကို အဲ့လိုတော့မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။
အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှသာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။

နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေကြောင်းအရဖြေရှင်းပေးပါ့မယ်လို့ သူတို့ကပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။
ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။

အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။ ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။

ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေ စည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။

ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့ ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ် မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက် ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။

- #ခန္တီးထောင်မှာ_ဘယ်လောက်နေခဲ့ရလဲ။

ခြောက်လ။

- #အဲ့ဒီခြောက်လက_တရားခွင်တွေဘာတွေတင်_အမှုတွေဘာတွေစစ်ပြီး_ချုပ်တာလား။

တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

- #စစ်ကြောရေးမှာ_အဓိက_ဘာတွေစစ်လဲ။

အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက်ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။

ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်ကလည်း အဲ့ဒါကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ၇ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။

- #ဒီပဲယင်း_ဖြစ်စဉ်ကို_အိပ်မက်တွေပြန်မက်တာမျိုး_ပြန်ပြီးခံစားနေရတာမျိုးရှိလား။

ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ်။
ကျနော်ကဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက်တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။

အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။

ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန် လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။

- #ခန္တီးကနေ_ပြန်လွတ်လာပြီး_နောက်ပိုင်းအန်တီနဲ့ဘယ်နှစ်ခါပြန်တွေ့ဖြစ်လဲ။

အန်တီ ၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတော့မှပဲ ကျနော်သွားပြန်တွေ့ဖြစ်တယ်။ အခုဆို ၇ ကြိမ်လောက်တော့ တွေ့ပြီးပါပြီ။

- #အန်တီနဲ့_အဲ့ဒီတုန်းကအခြေအနေတွေ_ပြန်ပြောဖြစ်လား_အကို့ပါဝင်မှုနဲ့ပတ်သတ်ပြီး_အန်တီက_ဘာပြောသေးလဲ။
-
စစတွေ့ချင်းတုန်းက အန်တီက အချိန်သိပ်မရဘူး။ ထွက်လာကာစဆိုတော့ သတင်းယူတဲ့သူတွေ၊ တွေ့ချင်တဲ့ သံအမတ်တွေ၊ သံတမန်တွေ များနေပေမယ့် ကျနော့်ကို အန်တီက တော်တော်လေး အချိန်ပေး စကားပြော ဖြစ်ပါတယ်။

စစတွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အခြေအနေပေါ့။ ဒါတွေကိုပဲ အဓိက ကျနော်တို့ ပြောဖြစ်ပါတယ်။ နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။ ကျနော်က ရှေ့နေတယောက် ဖြစ်နေတယ် ဆိုတော့ ရှေ့နေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်။

- #အခုအခြေအနေတွေပြောင်းနေပြီ_အန်တီလည်းလွှတ်တော်ထဲရောက်သွားပြီ_ဆိုတော့_တချိန်က_အန်တီနဲ့အသက်အန္တရာယ်_အတူကြုံခဲ့ဖူးတဲ့သူအနေနဲ့_ဒီအနေအထားပေါ်မှာ_ဘယ်လိုထင်လဲ။

သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင် စေချင်တာပေါ့ဗျာ။ နောင်သမိုင်း ကျရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင် ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။

အန်တီက လွှတ်တော်ထဲရောက်သွားပြီ။ အစိုးရနဲ့ အတိုက် အခံနဲ့ ပေါင်းပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်ရောက်သွားတော့ အန်တီလည်း ပိုပြီး တာဝန်တွေ ကြီးလာတယ်လို့ ခံစားရတယ်။

ဖြစ်တဲ့ ပြဿနာတွေ အားလုံး အန်တီ့ဆီကိုတိုက်ရိုက် တိုင်တည်လာကြတယ်။ အရင်က မတိုင်တည်ရဲ ကြဘူး။ အခုလွှတ်တော်ထဲ ရောက်ပြီဆိုတော့အန်တီ့ကို ခေါင်းတည်ပြီး တိုင်တည်လာတာတွေ ရှိလာ တယ်။ ရောက်လာတဲ့ ပြဿနာတွေကို အန်တီက ဖြေရှင်းပေးရတဲ့အပြင် တိုင်းပြည်ရဲ့ အပြောင်းအလဲ အတွက်လည်း ဖြေရှင်းနေရတော့ အန်တီ့အနေနဲ့ တာဝန်တွေ ပိုများလာတယ်လို့ ခံစားရပါတယ်။

- #ဒေါ်အောင်ဆန်းစုကြည်အတွက်_နောက်ထပ်_အဲ့လိုအနီးကပ်တာဝန်ယူပေးချင်သေးလား။

အန်တီလွတ်ပြီးတော့ ကျနော်က ပြောပါတယ်။ အန်တီ လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပါခိုင်းပါ ဆိုတော့ အန်တီ က ကျနော့်မှာက မိန်းမနဲ့ ကလေးနဲ့ မိသားစုနဲ့ ဖြစ်ဆိုတော့ မိသားစုကို ဂရုစိုက်ဖို့ လိုတယ်ပေါ့။ နောက် ရှေ့နေ အနေနဲ့ကော တခြားလုပ်နိုင်တာတွေ ရှိသေးတယ်ပေါ့ အဲ့လို ပြောပါတယ်။

- #ဒီပဲယင်းကိစ္စလိုဖြစ်ပြီးခဲ့တာတွေပြန်ဖော်တာ_ဒီမိုကရေစီကူးပြောင်းရေးနဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်လို့ပြောတာတွေလည်းရှိတယ်_ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။

ဒီဖြစ်ရပ်လေးက သမိုင်းပေါ့ဗျာ။ သမိုင်းအဖြစ်မှန်ပေါ့။ အခု ကျနော်တို့ကို လုပ်တဲ့သူတွေ အားလုံးက တော်တော်များများက သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။

သူတို့ကိုယ် သူတို့ပေါ့ဗျာ “ဟာ… ကျနော်တို့က အဲ့တုန်းက အဲ့လို ဖြစ်ခဲ့တယ်၊ အခုတော့ ကျနော်တို့က ပြောင်းလဲချင်ပြီ” ဆိုတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။

သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တာ ပေါ့ဗျာ။ နောင်သမိုင်းကြရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင် ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။

- #ဒီပဲယင်းဖြစ်စဉ်မှာရိုက်ကြနှက်ကြနဲ့_ငရဲပွက်နေတဲ့အချိန်မှတ်မှတ်ရရအဖြစ်ဆုံးအပြုအမူ_ဒါမှမဟုတ်စကားလုံးက ဘာဖြစ်မလဲ။

စွဲစွဲမြဲမြဲ သတိထားမိတာက ကျနော့်အရှေ့မှာ ပြောကြဆိုကြတဲ့အချိန်မှာ “ #ဒါ_ဒေါ်အောင်ဆန်းစုကြည်_ကားနော်_မင်းတို့_သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေတုန်းပဲ။

Address


Website

Alerts

Be the first to know and let us send you an email when Shwe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share