Gen-Z Youngs

Gen-Z Youngs We are fighting for Myanmar’s Democracy.

13/07/2023

19/09/2022

ယူကရိန်းဘက်က တင်ထားတာ သဘောကျလို့
𝔻𝕣𝕠𝕟𝕖 တွေကဘယ်လောက်ထိ ခြိမ်းခြောက်နိုင်လဲ ရန်သူအသိဆုံးပါ
ℙ𝔻𝔽 တွေလည်းအဲ့လို 𝔻𝕣𝕠𝕟𝕖 𝔸𝕣𝕞𝕪 လေးမြင်ချင်မိတယ်။
🇺🇦

ငလူး ဇမလ
04/06/2022

ငလူး ဇမလ

တော်လှန်ရေးမှာ အရှုံးမပေးသရွေ့ နိုင်နေသေးတယ်
30/05/2022

တော်လှန်ရေးမှာ အရှုံးမပေးသရွေ့ နိုင်နေသေးတယ်

30/05/2022

“𝕊𝕥𝕒𝕥𝕖𝕝𝕖𝕤𝕤”
ကြည့်ပြီပြီလား?

ဘောမပွဲက ဒိတ်လွန်မုန့်များ စားကောင်းလား?
01/02/2022

ဘောမပွဲက ဒိတ်လွန်မုန့်များ စားကောင်းလား?

01/02/2022
မပြောသေးဘူး ကြည့်နေတာ…
02/01/2022

မပြောသေးဘူး ကြည့်နေတာ…

26/10/2021

CRPအလိုမရှိ…..😅…
NUCအလိုမရှိ…..😅…
CPFအလိုမရှိ…..🤣…
စောင့်တလွဲတွေ ထလုပ်တော့ အရှက်တွေလဲကွဲ ၂၀၀၀၀လည်းကုန်
အော်…..မအလ မအလ

08/10/2021

စောင်_ ကျက်သရေတုန်း

30/09/2021

Chap Guo An : : ဟိုကအပွင့်ကြီးကြီးကောင်လေး မုန့်လာယူ ဒီတစ်ခါပဲရမယ် နောက်မရဘူး …

ခွေးပုအဘ : : ဟုတ်….ဟုတ်….

22/09/2021

မအလနှင့် အပေါင်းအပါများ

This Machine kills “FASCISTS”.Thank… Japan People.Photo::Crd.
14/09/2021

This Machine kills “FASCISTS”.
Thank… Japan People.
Photo::Crd.

သေမှာကြောက်နေတာ
13/09/2021

သေမှာကြောက်နေတာ

ဇတ်ကားကောင်းမယ့်ပုံပဲ တာဝါတိုင်လေးကအသက်
11/09/2021

ဇတ်ကားကောင်းမယ့်ပုံပဲ တာဝါတိုင်လေးကအသက်

07/09/2021

ပြည်သူကျိန်စာ မအလတို့ ကွက်တိဖြစ်နေပြီ !

ပြည်သူကျိန်စာ ပြည်သူသစ္စာစူးပါက အောက်ပါအတိုင်း ခံစားကြရသည်

(၁) လမ်းလွဲနေသောကျည်ဆံပင် ဖြစ်လင့်ကစား အတည့်လာမှန်၏။ မည်သို့ပင် ရှောင်စေကာမူ မလွတ်ကုန်။

(၂) ရန်သူကို မမြင်ရပဲ ရန်သူ၏အမြင်ကိုသာ ခံရ၏။ ထို့ကြောင့် ရန်သူ၏သုတ်သင် သတ်ဖြတ်ခြင်းကိုသာ ခံရကုန်၏။

(၃) မိမိတပ်ဖွဲ့ဝင် အချင်းချင်းကို ရန်သူဟု့ အထင်မှား အမြင်မှားဖြစ်ကာ ပစ်ခတ်ဗုံးကျဲ သေပွဲဝင်ရာ၏။

(၄) မြေကြီးနင်းလျှင်မိုင်းကွဲ၍ ရေထဲဆင်းလျှင် ညောင့်စူးကြကုန်၏။

(၅) တိုက်သည့်တိုက်ပွဲတိုင်း ရူံး၏။ မရူမလှ ခွေးသေဝက်သေ အသေဆိုးဖြင့်သာ သေဆုံးရ၏။

(၆) သေသောအခါ၌လည်း မိမိ၏အလောင်းကို လမ်းဘေးတွင်လည်းကောင်း၊ မြစ်ချောင်းတို့တွင်လည်းကောင်း၊ အိမ်သာမစင်ကျင်းတို့တွင်လည်းကောင်း၊ ပစ်ချစွန့်ပစ်ခြင်းကိုသာ ခံကြရကုန်၏။

(၇)မိမိအသေဆိုးဖြင့်သေသည့် သတင်းကို အရပ်လေးမျက်နှာမှ လူပုဂ္ဂိုလ်အများ ကြားရသည်ရှိသော် နှစ်ထောင်းအားရဖြစ်ကာ လက်ပမ်းဖေါက်လျှက် ဝမ်းသာရွှင်မြူးကြကုန်၏။ မသနားသည့်အပြင် ဆဲရေးတိုင်းထွာကဲ့ရဲ့ခြင်းပင် ပြုကြ၏။

(၈) ဒဏ်ရာရသော် ခြေပြတ်လက်ပြတ်ဖြစ်ကာ သူဖုန်စားအဖြစ် လှည့်လှည်တောင်းစားရ၏။

(၉)မလုံမခြုံနေထိုင်ကြရပြီး စိုးရွံထိတ်လန့်မူသာ အချိန်ပြည့်ခံစားရကုန်၏။

(၁၀) မိမိ၏မိသားစု့ဝင်များနှင့် အဆွေအမျိုးတို့သည် အရပ်တကာတွင် ခေါင်းငုံ့ ရှက်ရွံ့စွာဖြင့် ဂုဏ်ငယ်ကြရကုန်၏။

(၁၁)သစ္စာစူးမူ့ဒဏ်ကြောင့် သေသော် ငရဲ၌ မကျွတ်တမ်း မလွတ်တမ်း ခံစားရကုန်၏။

ဤသည်ကား ပြည်သူ့သစ္စာစူးခြင်းကြောင့် ခံစားရမည့်ရလဒ်များဖြစ်သည်။

ယနေ့ မအလတပ်ဖွဲ့တို့သည် ပြည်သူရိက္ခါကို စားကာ ပြည်သူကိုစော်ကားနေကြသောကြောင့် ထို့အတိုင်း ထပ်တူခံစားရပြီ မဟုတ်ကုန်လော။

ဤကား သစ္စာစူးခြင်းသာဖြစ်သည်။

ချစ်ကိုကြီး
၆.၉.၂၁

07/09/2021
ဧရာဝတီတိုင်းဝန်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီ၏ စစ်ဝတ်စုံပြည့်ဖြင့်ဓါတ်ပုံ ထွက်ပေါ်လာ******အာဏာသိမ်းစစ်တပ်က BGF နှင့် ပေါင...
28/08/2021

ဧရာဝတီတိုင်းဝန်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီ၏ စစ်ဝတ်စုံပြည့်ဖြင့်ဓါတ်ပုံ ထွက်ပေါ်လာ
******

အာဏာသိမ်းစစ်တပ်က BGF နှင့် ပေါင်း၍ ကရင်ပြည်နယ်တွင်း ထိုးစစ်ဆင်မည့်အနေအထား ဖြစ်နေပြီး ပစ်ခတ်မှုများအကြိမ်ရေစိပ်လာချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကရင့်တော်လှန်ရေးတွင် လက်နက်စွဲကိုင် ကိုယ်တိုင်ပါဝင်နေခဲ့ပြီဟု ဒေါကလူကွန်ယက်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့၌ ဖေါ်ပြလာသည်ကို တွေ့ရသည်။

အသက် ၇၀ ကျော်အရွယ် မန်းဂျော်နီက စစ်ဝတ်စုံအပြည့်အစုံဖြင့် သေနတ်ကိုင်ဆောင်ထားသည့်ပုံကို ဖေါ်ပြလာခြင်းဖြစ်သည်။

မန်းဂျော်နီသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ်စတင်တည်ထောင်စဉ်ကတည်းက ပါဝင်လာခဲ့သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြိုနယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

ကြံ့ဖွံ့နှင့်ပူးပေါင်းလက်မှတ်ထိုးသည့် "ဝ" အမျိုးသားပါတီ ဥက္ကဌ ဦးဆိုင်ပေါင်းနပ် ပါတီကနေနှုတ်ထွက်မဲခေါင်၊ ဩဂုတ် ၁၃
13/08/2021

ကြံ့ဖွံ့နှင့်ပူးပေါင်းလက်မှတ်ထိုးသည့် "ဝ" အမျိုးသားပါတီ ဥက္ကဌ ဦးဆိုင်ပေါင်းနပ် ပါတီကနေနှုတ်ထွက်

မဲခေါင်၊ ဩဂုတ် ၁၃

13/08/2021

🏦ဘဏ်တွေဘာကြောင့်ပိတ်တာလဲ - ???

ဝါဇီစက်ရုံမှ ငွေထုတ်လုပ်မှု အလျင်မမှီသောကြောင့် ဘဏ်တွေကို ခဏရပ်လိုက်တာလို့ သိထားရပြီး ..... ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ပြီးထုတ်ဝေနေကြောင်း စစ်ကောင်စီခန့်အပ်ထားသည့် ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးမှ အတည်ပြုထားပါသည်။

ဩဂုတ်လအတွင်း ဝါဇီစက်ရုံမှထပ်မံရိုက်နှိပ်လိုက်တဲ့ ငွေစက္ကူအသစ်တွေကို စစ်ကောင်စီမှ ၃၇% အထိယူမည်ဖြစ်ပြီး ကျန်ငွေများကိုသာ ဘဏ်များသို့ခွဲပေးမည့်ကိစ္စကြောင့် လက်ရှိမှာ ဘဏ်များ၏လည်ပတ်မှုမှာ အခတ်တွေ့နေရသည်။

စစ်ကောင်စီမှ ငွေစက္ကူရိုက်မည့်ကုန်ကြမ်း အခတ်အခဲရှိနေတယ်လို့ သိရပါတယ်။

" လက်ရှိ ဝါဇီစက်ရုံမှာလဲ လုံခြုံရေးအပြည့်နဲ့ စစ်တပ်က အပိုင်သိမ်းထားတဲ့ပုံစံမျိုးဖြစ်နေတယ်။ လက်ရှိအချိန်အထိတော့ ၁ သောင်းတန်တွေကိုပဲ အသစ်ရိုက်နေသေးတယ်။ " လို့ နီးစပ်သူတစ်ဦးမှ ပြောလာပါတယ်။

လက်ရှိအသစ်ရိုက်တဲ့ ငွေစက္ကူတွေနဲ့ ဘဏ်တွေပြန်ဖွင့်ရင် လည်ပတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတိထားရမှာက ဘဏ်တွေပိတ်ပြီဆိုတော့ Pay / Banking တွေကိုပိုသုံးပြီး လှူတာတွေလုပ်ကြလိမ့်မယ်။ Online ငွေအဝင်အထွက်တွေကိုလဲ အခုထက်ပိုပြီး စောင့်ကြည့်ဖို့ရှိနေပါတယ်။

12/08/2021

[PDF တွေကိုလှူတယ်‌လို့ ‌မပြောပါနဲ့]

“လှူတယ်” ဆိုတဲ့ အသုံးအနှုံးဟာ ခင်ဗျားကို တော်လှန်ရေးနဲ့ ရင်ဘတ်ချင်း မနီးစပ်စေပါဘူး…

ကျွန်တော်တို့တတွေဟာ အခု ပြည်တွင်းစစ်ထဲမှာပါ…

“ဟမ်…ပြည်တွင်းစစ်က မဖြစ်သေးဘူးမလား..D-Day ကို စောင့်နေကြတာမလား” လို့ ခင်ဗျားတွေးမိကောင်း တွေးမိပါလိမ့်မယ်…

ဖေဖော်ဝါရီ (၉) ရက်နေ့….
မြသွဲ့သွဲ့ခိုင် ခေါင်းကို သေနတ်နဲ့ ပစ်လိုက်ကတည်းက စစ်အုပ်စုဟာ ပြည်သူအပေါ်ကို စစ်ကြေညာပြီး ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးပါပြီ…

အဲကတည်းက ကျွန်တော်တို့ပြည်သူတွေကလည်း လက်နက်သာမကိုင်တာ….ဆန္ဒပြတိုက်ပွဲတွေ၊ သပိတ်တိုက်ပွဲတွေ၊ သံပုံးတီးတာလိုမျိုး စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲတွေ၊ online social media တိုက်ပွဲတွေ စသည်ဖြင့် တိုက်ပွဲပုံသဏ္ဌာန် အမျိုးမျိုးနဲ့ စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်လာခဲ့ကြတာ…အခုဆိုရင် ရရာလက်နက် ကိုင်စွဲပြီး တိုက်ခိုက်တဲ့ အဆင့်ထိ ရောက်နေပြီ…

D-Day ဆိုတာ “လက်နက်ကိုင် တိုက်ပွဲ” တွေ အင်နဲ့အားနဲ့ တိုက်ခိုက်မှု စတင်မယ့်နေ့ပါ..

အဲဒါကြောင့်…ခင်ဗျားတို့ သတိထားမိချင်မှ ထားမိမယ်….
ကျွန်တော်တို့တတွေ အခုဆင်နွှဲနေကြတာ ပြည်တွင်းစစ်ပဲ…

ဒီနေရာမှာ တိုက်ပွဲဆိုတာ သေနတ်တွေကိုင်ပြီး တဖက်နဲ့တဖက် ကျည်ဆံ အမြောက်ဆံတွေကြားရောက်နေမှ တိုက်ပွဲဝင်တာမဟုတ်ဘူး….

ကိုယ်စီကိုယ်စီ…အားသန်ရာ..ကျရာတာဝန်ကို ထမ်းဆောင်ကြရမှာပဲ…..

ခင်ဗျားဟာ သေနတ်ကိုင်တပ်သား ဖြစ်ချင်မှ ဖြစ်မယ်….

ခင်ဗျားဟာ….

ခံစစ်စခန်းတွေ ဆောက်တဲ့ ဆောက်လုပ်ရေးတပ်သား

ကျန်းမာရေးအတွက် တာဝန်ယူရတဲ့ ဆေးတပ်သား

ထမင်းချက်ဖို့ တာဝန်ယူရတဲ့ ရိက္ခာတပ်သား

ပစ္စည်းတွေတနေရာကနေ တနေရာကိုပို့တဲ့…သယ်ယူပို့ဆောင်ရေး တပ်သား..

သတင်းအချက်အလက် ရယူဖြန့်ဝေရတဲ့ ကင်းထောက်တပ်သား/ဆက်သွယ်ရေး တပ်သား/ IT တပ်သား

ယူနီဖောင်းတွေ ချုပ်လုပ်ပေးရတဲ့…လက်နက်တွေ မိုင်းတွေ တပ်ဆင်ပေးရတဲ့ ထုတ်လုပ်ရေးတပ်သား..

လိုအပ်တဲ့ ငွေ၊ရိက္ခာ ပံ့ပိုးပေးရတဲ့ ထောက်ပံ့ရေးတပ်သား…

ဘယ်နေရာကနေပါပါ…

ခင်ဗျားဟာ တော်လှန်ရေး တပ်သားပဲ

အဲဒါကြောင့် မေတ္တာရပ်ခံတာပါ

PDF တွေကို “လှူ” တယ်လို့ မပြောပါနဲ့

ငါက “PDF ထောက်ပံ့ရေးတပ်သားကွ” လို့ပဲ ရဲရဲကြီး လက်မထောင် ရင်ကော့ ပြောလိုက်စမ်းပါ….

“လှူ” တယ်ဆိုတဲ့ အသုံးအနှုံးနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးရဲ့ အဝေးမှာ မနေပါနဲ့…

ခင်ဗျား ထောက်ပံ့ရေးတပ်သားအနေနဲ့ ပါဝင်လိုက်တဲ့

၁၅၀၀၀၀၀ ကျပ်ဟာ သေနတ် ၁ လက်ရပါတယ်

၂၀၀၀၀ ကျပ်ဟာ လက်ပစ်ဗုံး ၁ လုံးရပါတယ်

၁၀၀၀ ကျပ် ဟာ ကျည်ဆံ ၅တောင့်ရပါတယ်

ဒီနေရာမှာ ကွန်မြူနစ်တွေရဲ့ စကားတစ်ခုကို သတိရတယ်

“ရာထူးအဆင့် ဆိုတာမရှိ….တာဝန်အဆင့်သာရှိသည်” တဲ့

ကျုပ်တို့ ဒီပြည်တွင်းစစ်ကြီးကို နိုင်အောင် တိုက်ပြီးတဲ့အခါ….လမ်းမှာတွေ့ရင် အချင်းချင်း နှုတ်ဆက်ကြတဲ့အခါ

“ရဲဘော်….ခင်ဗျား ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ” ဆိုရင်

ခင်ဗျားမှာ ပြန်ဖြေစရာ ရှိပြီလား??

အခြေအနေအကြောင်းကြောင်းကြောင့် သေနတ်ကိုင်တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေရင်လည်း အားမငယ်ပါနဲ့

သင့်ကို “ထောက်ပံ့ရေး တပ်သား” အဖြစ် အလိုရှိပါတယ်

အခုပဲ တော်လှန်ရေး တပ်ထဲ ဝင်လိုက်ပါ။

ခင်ဗျားဟာ

ယူနီဖောင်း မဝတ်တဲ့ တပ်သားတစ်ယောက်ပါ….လေးစားပါတယ် ရဲးဘော်

အနွယ်တော်

Credit

၁၉၉၀ ခုနှစ်ကျော်ကာလတွေမှာ အထူးသံတမန်တွေအဖြစ် ဂန်ဘာရီလာလိုက် ရာဇာအစ္စမေလ်းလာလိုက်နဲ့ သန်းရွှေတို့ ခင်ညွန့်တို့လည်း တလျှော...
05/08/2021

၁၉၉၀ ခုနှစ်ကျော်ကာလတွေမှာ အထူးသံတမန်တွေအဖြစ် ဂန်ဘာရီလာလိုက် ရာဇာအစ္စမေလ်းလာလိုက်နဲ့ သန်းရွှေတို့ ခင်ညွန့်တို့လည်း တလျှောက်လုံးလုပ်စားပြီး အာဏာထိန်းသွားခဲ့တာမလား၊ ခုလည်း ဘရူနိုင်းက ယူစွဖ်ဘိုင်လာဦးမယ်ဆိုတော့ ဟိုးအရင်ဖြတ်သန်းတွေ့ကြုံခဲ့တဲ့အတိုင်း ဘာမှဖြစ်လာဦးမှာမဟုတ်ဘူးဆိုတာ အတတ်ပြောရဲပါတယ်။

အာဆီယံဆိုတာ ဒေသတွင်းက ဘယ်နိုင်ငံရေးကိစ္စကိုမှလက်ဝင်ရှိုပြီးဖြေရှင်းတဲ့အဖွဲ့မဟုတ်ပါဘူး။ ဒီအဖွဲ့ရဲ့မူလရည်ရွယ်ချက်ကိုက ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စဖြေရှင်းမှာ မဟုတ်ပါဘူး။

မြန်မာ့အရေးဟာ ကုလသမဂ္ဂမှာ အကြိမ်ကြိမ်အစည်းအဝေးတွေလုပ် မဲခွဲမှုတွေလုပ်ပေမယ့်လည်း အင်အားကြီးတရုတ်နဲ့ ရုရှတို့ရဲ့အကာအကွယ်ပေးထားမှုကြောင့် ဘာမှဖြစ်မလာခဲ့တာကို အားလုံးသိပြီးသားဖြစ်ပါတယ်။

ဒီတော့ ဘာမှအားကိုးလို့ရမှာမဟုတ်တဲ့ အာဆီယံသတမန်ဆီကနေ ကျနော်တို့က ဘာကိုမှမျှော်လင့်နေစရာအကြောင်း မရှိပါဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်ယုံကြည်ရာသာဆက်လုပ်ပါ။
Crd

03/08/2021

Breaking News!

စကစရဲ့တပ်အချို့တပ်တွင်းမှာအောက်
ခြေတပ်သားအများစု Covid ကူးစက်ခံရပြီးဆေးကုသခွင့်မရတာကြောင့်
အငြင်းပွားပြသာနာများဖြစ်ပွားတာတွေရှိနေကြောင်း၊ တပ်တွင်းအရာရှိတပ်
ရင်းမှူးများ မိမိတပ်အတွင်းတွင်နေထိုင်ရဲခြင်းမရှိပဲ တပ်ပြင်ပ ကိုယ်ပိုင်အိမ်တွင်သာ လုံခြုံရေးဖြင့်နေထိုင်နေရတဲ့အ
ခြေအနေတွေလဲရှိနေကြောင်း တပ်နဲ့နီးစပ်သူတစ်ဦးပြောပြချက်အရ ကနဦးသိရသည်။

အိမ်ရှင် နှင့် အိမ်စောင့် ဘာကွာလဲမပြောဘူးအကြည်ဓါတ်ကိုကြည့်ရင် သိပြီ
03/08/2021

အိမ်ရှင် နှင့် အိမ်စောင့် ဘာကွာလဲမပြောဘူး
အကြည်ဓါတ်ကိုကြည့်ရင် သိပြီ

အိမ်စောင့် အောင်နက်တို့အဖွဲက တက်နင်းလိုက်ရင်လည်း ပြန်ကိုက်နေဦးမယ်
03/08/2021

အိမ်စောင့် အောင်နက်တို့အဖွဲက တက်နင်းလိုက်ရင်လည်း ပြန်ကိုက်နေဦးမယ်

01/08/2021

မလွယ်တာတွေ့ ရင်...ပိုခက်တဲ့ အခြားဘဝတွေကိုငဲ့ကြည့်ပါဦး....“အားမလျှော့နဲ့”
27/07/2021

မလွယ်တာတွေ့ ရင်...
ပိုခက်တဲ့ အခြားဘဝတွေကို
ငဲ့ကြည့်ပါဦး....

“အားမလျှော့နဲ့”

ဒေါ်အောင်ဆန်းစုကြည် အပြင်ကနေဘာတွေမှာစားသလဲ စိတ်မဝင်စားဘူး။ခြံစောင့်အတွက် စီးကရက်နှစ်ဘူးထည့်မှာပေးတာတော့ စိတ်ဝင်စားတယ်။ကမ...
26/07/2021

ဒေါ်အောင်ဆန်းစုကြည် အပြင်ကနေဘာတွေမှာစားသလဲ စိတ်မဝင်စားဘူး။
ခြံစောင့်အတွက် စီးကရက်နှစ်ဘူးထည့်မှာပေးတာတော့ စိတ်ဝင်စားတယ်။

ကမ္ဘာကျော် အမျိုးသမီးကြီးက သူ့တို့အတူနေသူ အားလုံး(ခြံစောင့်လည်းပါတယ်)စားဖို့ အသီးအရွက်အခြောက်အခြမ်းလေးတွေမှာတော့ သူ့ခြံစောင့်အတွက် စီးကရက်နှစ်ဘူး သီးခြားထည့်မှာပေးသတဲ့။

လူရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်သွားတယ်။
လူဆိုတာ လူစစ်စစ်တွေနားမှာပဲ လူဖြစ်ခွင့်ရတာမဟုတ်လား
သူအိပ်နေသလား မနှိုးနဲ့ နိုးမှ လွှတ်လိုက် ဆိုတာမျိုး
သူထမင်းစားနေတယ် အလုပ်ကိစ္စ နောက်မှ ပြောမယ်ဆိုတာမျိုး...
ဟော် အခု... သူစီးကရက်ကြိုက်တတ်တယ် လို့ တွေးပေးသလိုမျိုးပေါ့။

မင်းဘာသာ ကြိုက်တဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ပါ။
မင်းဟာ လူဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

ဟိုလူကတော့ ...
ကမ္ဘာကျော်အမျိုးသမီးကြီးရဲ့ ခြံရှေ့မှာ စာဖတ်‌ရင်း စီးကရက်ဖွာနေသတဲ့။
စီးကရက်ရမှတော့ ကော်ဖီလည်းရမှာပဲ။
အဲ့လူ တကယ့်လူပါဗျာ၊ လူဖြစ်ရကျိုးနပ်လိုက်ထှာ။

ဟိတ်လူ ခင်ဗျား စန္ဒယားသံရော နားထောင်ရလား...

Credit

  is like a map of  Edo Art SchoolMay you survive during the pandemic
14/07/2021

is like a map of
Edo Art School
May you survive during the pandemic

Address


Website

Alerts

Be the first to know and let us send you an email when Gen-Z Youngs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share