Sis Yan Paing's Time

  • Home
  • Sis Yan Paing's Time

Sis Yan Paing's Time I love to play every video games.Thanks for supporting.Gaming by SYP.

"Sorry"တဲ့ စကားလေးက အရမ်းလှတယ်နော်ဘာလို့ Sorry မပြောရအောင်များ  အစထဲကမနေခဲ့ကြပါလိမ့်နော်.......ပြီးကျ ကိုယ်ပြောင်းလဲသွား...
30/09/2023

"Sorry"တဲ့ စကားလေးက အရမ်းလှတယ်နော်

ဘာလို့ Sorry မပြောရအောင်များ အစထဲကမနေခဲ့ကြပါလိမ့်နော်.......

ပြီးကျ ကိုယ်ပြောင်းလဲသွားရင်တော့ သူတို့ပြောကြပါလိမ့်မယ်.... မင်းအရင်လိုမဟုတ်တော့ဖူးနော်တဲ့ ....အေးစက်သွားတယ်....တစ်ကိုယ်ကောင်းဆန်လာတယ်..... မာကျောလာတယ်တဲ့

နင်တို့ပေးခဲ့တဲ့ ဒဏ်ရာတွေကိုလဲကြည့်ပါအုံး....အပျက်စီး အကွဲရှတွေကြားထဲမှာ ငါလဲအရင်က ငါ့က်ိုယ်ငါ ပြန်ရှာမရလို့ပါ Sorry လို့ပဲ ပြန်ပြောဖြစ်တော့တယ်

23/09/2023
အရမ်းကောင်းလို့.(ဖတ်စေချင်)💞💞"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍~~~~~~~~~~~~~~~~~~~~~~~~~~~အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်...
18/09/2023

အရမ်းကောင်းလို့.(ဖတ်စေချင်)💞💞

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍
~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!💪

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!! 💪

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!✍

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!✍

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!✍

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!✍

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!✍

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

.... #စာပေဗဟုသုတ #စာပေ #စာဖတ်ပါ

09/09/2023

တချို့လူတွေက
နေနိုင်သွားတာလဲမဟုတ်ဘူး
နေတတ်သွားတာလဲ မဟုတ်ဘူး

မနေနိုင်လဲ
နေနိုင်အောင် နေလိုက်ရတာ ။

ဖုန်းတွေ ဆက်ချင်တဲ့စိတ်ကို
ငါ ဆက်လဲ သူကိုင်မှာမှ မဟုတ်တာဆိုတဲ့
စိတ် နဲ့ ထိန်းတယ် ။

စာတွေ ပို့ချင်နေတဲ့ စိတ်ကို
ငါ စာတွေပို့လို့လဲ
သူ့အတွက် အနှောင့်အယှက်ဖြစ်ရုံပဲလေဆိုတဲ့
စိတ်နဲ့ ထိန်းတယ် ။

လွမ်းတယ်လို့ ..
ပြောပိုင်ခွင့်တွေ ရှိမနေတော့သလို
ချစ်လားဆိုတဲ့ မေးခွန်းတွေအတွက်တောင်
အားနာတဲ့ ဆက်သွယ်မှုမျိုးလေ

နေနိုင်သွားတယ်
နေသားကျသွားတယ်လို့
ဘယ်ဟုတ်ပါ့မလဲ

မနေနိုင်လဲ
နေနိုင်အောင် နေလိုက်ရတာ။

#ကျေးကို

လူတစ်ချို့မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်းမင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။လူတစ်ချို့မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်းမင်း...
08/09/2023

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ
မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့
မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတော်တော်များများက
တန်ဖိုးမထားချင်ကြဘူး
ဒါကိုမင်းသိရင်နောက်တစ်ခါ
ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
တန်ဖိုးမရှိတဲ့အမှိုက်
မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးကို
မသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့
သူတွေကိုလောကကြီးက
သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ

အဲတော့ မနေချင်တဲ့
သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့
သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရှုံးသွားကြတာက
ဂရုစိုက် ပေးဆပ်ပြီး
ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်
လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့
မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ်
တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော
မျက်ရည်တွေနဲ့ပါရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်။

✍️✫𝐂✫𝐑✫𝐃✫✍️
#နှလုံးသားအဟာရစာစုလေးများ ้างรายได้ #ဘဝစာပေ #စာပေဗဟုသုတ #ပညာဒါန #ပညာ #ဗဟုသုတ #ပညာရေး

07/11/2021

Grayရဲ့ heart event ဲ့အနေနဲ့ပြန်ကစားထားတယ်.. စာကြည့်တိုက်က စာအုပ်သည်နဲ့ပေးမတွေ့တော့ဘူး .. မသိဘူး အိုင် သဝန်တိုတယ်လေ Part 3

07/11/2021

Part - 2

05/11/2021

Spring Day 2, First year Spring.

05/11/2021

playing With brothers...

17/08/2020

တင်ချင်တာတွေတင်ပါတယ်

Township... Industrial Boom!
30/05/2020

Township... Industrial Boom!

New Hero Khaleed Wallpaper
29/05/2020

New Hero Khaleed Wallpaper

25/05/2020

🥰guinevere🥰

ရကြပီလား?
21/05/2020

ရကြပီလား?

သူယုတ်မာဖို့ကိုစောင့်စီးလိုက်ရတာ
19/05/2020

သူယုတ်မာဖို့ကိုစောင့်စီးလိုက်ရတာ

ဂျင်းhero ကြီးပါ မဝယ်ကြပါနဲ့ဗျာ😢
16/05/2020

ဂျင်းhero ကြီးပါ မဝယ်ကြပါနဲ့ဗျာ😢

😶
08/05/2020

😶

ခွဲပေးပါ
06/05/2020

ခွဲပေးပါ

05/05/2020

ကဲ rank မတက်ရင်ဆဲမယ်

30/04/2020

Magic Chess time!

10/04/2020

guide chapter 3

10/03/2020

???

08/03/2020

road to Grand master

07/03/2020

road to GM

07/03/2020

with bff

အခုမှစကစားတာပါ ဘယ်hero ဝယ်ရမလဲ
01/03/2020

အခုမှစကစားတာပါ ဘယ်hero ဝယ်ရမလဲ

Address


Website

Alerts

Be the first to know and let us send you an email when Sis Yan Paing's Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share