Ko Lynn Lay

Ko Lynn Lay ok

ကဲ မနက်ဖျန် ဆုံကြမယ်နော်
25/09/2024

ကဲ မနက်ဖျန် ဆုံကြမယ်နော်

လက်စလေးတွေ ပြန်စကြမယ်နော်
25/09/2024

လက်စလေးတွေ ပြန်စကြမယ်နော်

24/09/2022

21-9-2022

ကိုရီးယားနိုင်ငံ ဂေါ်ဂျယ်မြို့ ဒေဝူး သင်္ဘောကျင်း တည်ဆောက်ရေး မြန်မာဝန်ထမ်း ညီ ၊အကိုများ က ရန်ကုန်တောင်ပိုင်းခရိုင်
ကော့မှုး ( ပ က ဖ ) နှင့် ကွမ်းခြံကုန်း (ပ က ဖ) အတွက်
မြန်မာငွေကျပ် (၂၅၀၀၀၀၀)နှစ်ဆယ့်ငါးသိန်းကျပ် တိတိကို
စေတနာထက်သန်စွာပါ၀င်လှူဒါန်းပါသဖြင့်
ကွမ်းခြံကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
PDF ကွမ်းခြံကုန်း

downloadဆွဲနိုင်ပါပြီGrade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd•••••Gr...
24/04/2022

downloadဆွဲနိုင်ပါပြီ

Grade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd
•••••
Grade-2 (သင်ရိုးသစ်) = https://drive.google.com/folderview?id=13S0A53w29u8JnGzxltaIuhkeyo3kHE_J
•••••
Grade-3 (သင်ရိုးသစ်) = https://drive.google.com/folderview?id=12onQ0WuV_YkLB9-SU1AdV7rC4Oz8n1ZY
•••••
Grade-4 (သင်ရိုးသစ်) = https://drive.google.com/folderview?id=11HSLMgq0xOfVD6JyHOLwrFHDgM3Tj4iT
•••••
Grade (5) မြန်မာဖတ်စာ
https://www.mediafire.com/file/t572xwz909axle3/(1)+Grade+-+5+မြန်မာစာပုံနှိပ်.pdf/file.,. ....
Grade (5) English Textbook
https://www.mediafire.com/file/les6wwlmq0gu3hz/(2)+Grade+-+5+English+ပုံနှိပ်စာအုပ်.pdf/file............
Grade (5) သချာ် textbook
https://www.mediafire.com/file/dy83bayickspic0/(3)+Grade+-5+သချာ်+textbook.pdf/file................
Grade (5) လူမှုရေး Textbook
https://www.mediafire.com/file/hyhd0hva9cogz3f/(4)+Grade+-5+စနစ်သစ်+လူမှုရေး+Textbook.pdf/file............
Grade (5) Science Textbook
https://www.mediafire.com/file/3h220g8x47gsbai/(5)+Grade+(5)+Science+Textbook.pdf/file.........
Grade (5) စာရိတ္တနှင့် ပြည်သူ့နီတိ Textbook
https://www.mediafire.com/file/o3pf2bisnp35jw9/(6)+Grade+-5+စာရိတ္တနှင့်+ပြည်သူ့နီတိ+Textbook.pdf/file.......
Grade-6 (သင်ရိုးသစ်) = https://drive.google.com/folderview?id=1JBGhlKR-fD-MVTKRioGkAasHL5YDVBFm
•••••
Grade-7 (စနစ်ဟောင်း) = https://drive.google.com/open?id=1sWSS34r2WANZ6RzJn1vrx3_ovUMb94Ho
•••••
Grade-7 (စနစ်သစ်) (ဆရာကိုင်) = https://drive.google.com/folderview?id=1-PQqRtM6SWdWbLJSvJaYXNPOiHyYsjO3
•••••
Grade-7 (သင်ရိုးသစ်) (ကျောင်းသားကိုင်) = https://drive.google.com/folderview?id=1NTnRMaglzRLdK79UmNBMxggtQLzuGeGu
•••••
Grade-8 (စနစ်ဟောင်း) = https://drive.google.com/open?id=1BCat15BlS95qsKodKTKqZ_r63CC_0coS
•••••
Grade-9 (စနစ်ဟောင်း) = https://drive.google.com/open?id=17BTjty7arS9mrIdhz8Cj1UlRtvGdZ-S9
•••••
Grade-10 (စနစ်သစ်) = Pdf file အနေဖြင့် ရှာဖွေနေဆဲပါ
•••••
Grade-11(စနစ်ဟောင်း) = https://drive.google.com/open?id=14I5uPQUVSBCCvjFj2iR4fPdgsK0R7acN
••••

Credit .....

ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့“အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်...
07/04/2022

ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့

“အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်”

၁) အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ခုခံတွန်းလှန်လျက်ရှိသည့် ပြည်သူလူထုအပေါ် အဆုံးစွန်၊ ရက်စက်သော နည်းလမ်းဖြင့် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်၊ ရေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ် လျက်ရှိပါသည်။

၂) အပြစ်မဲ့ပြည်သူလူထုအား ဝေဟင်၊ ရေပြင်၊ မြေပြင်မှ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာယာဉ်စသည့် စက်ယာဉ်ယန္တရားများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်မှုပေးနိုင်ရန် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင်ပစ္စည်းများသာ ဖြစ်ပါသည်။

၃) ယခုအခါ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အဆိုပါ စက်ယာဉ်ယန္တရားများ အသုံးပြု၍ အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ရက်ရက် စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်။

၄) သို့ပါ၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ အောက်ပါ ဆုငွေချီးမြှင့် ခြင်းဆိုင်ရာအမိန့်အား ထုတ်ပြန်ကြေညာလိုက်သည်။
မည်သူမဆို-

(က) ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။

(ခ) တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဂ) အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း/ထွက်ခွါလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဃ) ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(င) လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(စ) တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဆ) အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဇ) မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဈ) တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀။

(၅) ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့် ရှိသည်။

(၆) ဤအမိန့်အရ ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရ။

(၇) ဤအမိန့်အား The Public Property Protection Act-1947, Section 3(b)ပါ ပြဌာန်းချက်နှင့်အညီ ထုတ်ပြန်လိုက်သည်။

(ဒူဝါလရှီးလ)
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စောက်ပျော်ကြိုက်တဲ့လူမျိုး စောက်မှတ်မရှိဘူးလို့ အပြောမခံကြနဲ့။=============================နဝတ လက်ထက်မှာ ငြိမ်ဝပ်ပိပြားမ...
26/03/2022

စောက်ပျော်ကြိုက်တဲ့လူမျိုး စောက်မှတ်မရှိဘူးလို့ အပြောမခံကြနဲ့။
=============================

နဝတ လက်ထက်မှာ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဆိုပြီး သွေးချောင်းစီးသတ်တယ်။
ထောင်မဆံ့အောင်ထည့်ပြီး စစ်ခွေးတိုက်မှာ စိတ်ဓါတ်တွေ သေအောင်သတ်ကြတယ်။

နည်းနည်း ငြိမ်သွားတဲ့အခါ ဘာတွေ လုပ်တယ်ထင်သလဲ။

- အမျိုးသားအားကစားပွဲတော်/ ကျောင်းသားအားကစားပွဲတော် ဆိုပြီး လုပ်တယ်။ လှေသဘင်ပွဲဆိုတာလုပ်တယ်။ မြို့တော်ဝန်မာရသွန် ဆိုပြီးလုပ်တယ်။ အားကစားသမားတွေ၊ ကျောင်းသား မိဘတွေ ပါကုန်ကြရော။

- တရုတ်ပြည်က စွယ်တော် ပင့်လာတယ်။ ကျောက်တော်ကြီးဘုရားကို ဧရာဝတီမြစ်တစ်လျှောက် ဖေါင်နဲ့သယ်တယ်။ ရွှေတိဂုံဘုရားထီးတင်တယ်။ ပုဂံဘုရားတွေ ဆေးသုတ်တယ်။ ဘုရား/တရားသမား၊ ဘာသာရေးသမားတွေ ပါကုန်ကြရော။

- ဆို-က-ရေး-တီး ပြိုင်ပွဲလုပ်တယ်။ မြဝတီအငြိမ့်ပြိုင်ပွဲလုပ်တယ်။ အကယ်ဒမီကို သူတို့ပေးချင်တဲ့သူ အလှည့်ကျပေးတယ်။ အနုပညာသမားတွေ ပါကုန်ကြပြန်ရော။

- စစ်တပ်ရဲ့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ Computer တက္ကသိုလ်တွေ ဖွင့်တယ်။ ဒီ အဖွဲ့ဝင်လိုက်ရင် ငါ့သား/ငါ့သမီး နေ့ချင်းအကောင်ဖြစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သား/သမီးကောင်းစားစေချင်တဲ့စိတ်နဲ့ မိဘတွေ ပါကုန်ကြတယ်။
==========
အခု ဘုရားတွေ ဖွင့်နေပြီ။ ပုဂံ ဖွင့်နေပြီ။
ချောင်းသား နှင့် အပန်းဖြေစခန်းတွေ ဖွင့်နေပြီ။
မကြာခင် သင်္ကြန်ရောက်လာမယ်။ တောင်ပြုံးပွဲရာသီ ရောက်လာမယ်။
ကြောက်လို့ အပြင်ထွက် မတော်လှန်ရဲတာအထိကို နားလည်ပေးလို့ ရတယ်။

အခုက မသွားပဲ နေပေးယုံလေးပါ။ မရွပဲ နေပေးယုံလေးပါ။ ဖျင်မယားပဲ နေပေးယုံလေးပါ။

ဖျင်တွေတအားယားလာလို့ မနေနိုင်ရင် ကိုယ့်လမ်းထဲကိုယ် ပိတ်ပြီး လမ်းလျှောက်သင်္ကြန်လေးလုပ်။ လမ်းမပေါ် မတက်နဲ့။ အယားပြေရင် တော်ပြီနော်..။

==========
စိတ်ကူးတွေတိုက်ဆိုင်ရင် ကူး။ ခွတုတ်ပေးရန် မလို။

Credit ...

✴️ပြည်သူကခန့်အပ်တဲ့မြို့တော်ဝန်အစစ်တွေဖဲကြိုးမဖြတ်မချင်း၊တောထဲ|ထောင်ထဲ|အဝေးမှာပုန်းရှောင်နေတဲ့သိန်းသန်းချီလူငယ်တွေမဏ္ဍပ်...
25/03/2022

✴️ပြည်သူကခန့်အပ်တဲ့မြို့တော်ဝန်အစစ်တွေ
ဖဲကြိုးမဖြတ်မချင်း၊
တောထဲ|ထောင်ထဲ|အဝေးမှာပုန်းရှောင်နေတဲ့သိန်းသန်းချီလူငယ်တွေမဏ္ဍပ်ရှေ့ လွတ်လပ်စွာ မကမခုန်မချင်း၊
တူးပို့သီချင်းနဲ့ ဘယ်သူဆွဆွ
ငါတို့သင်္ကြန် လုံး၀ မကျဘူး။

သင်္ကြန်းတွင်းပျော်ပါးမည့်သူများရဲ့ အသက်ဘေးအား UGများမှ တာဝန်ယူမည်မဟုတ်ပါ

သင်္ကြန်း missionရှိပါသည် အိမ်ထဲမှာနေပေးပါ

25/03/2022

ပရော်ဖက်ရှင်နယ် သူတောင်းစား စစ်စစ် လောကမှာ သူတောင်းစား ၂ မျိုး ရှိသတဲ့။ ရွာတောင်း နဲ့ ဘုရားတောင်း။ ရွာတောင်း က အိမ်တကာလှည့်တောင်းတာ။ ဘုရားတောင်းကတော့ ဘုရားစောင်းတန်းတွေမှာ တောင်းတာ။ မာတင်ဂ အဆောင်ရုပ် အစီအရင် လုပ်တာက ရွာတောင်းတွေရဲ့ ထမ်းပိုး (ထပိုး) ကပဲ လုပ်လို့ရတယ်တဲ့။

ကဲ ... ချော်ပြီ။ ပြန်စိစို့။

မြန်မာပြည်မှာ အပေါဆုံး၊ သူတောင်းစား မျိုးစိတ်အသစ်က ရုံးတောင်း။ ဒီအတန်းအစားက ပရိုမဟုတ်လေတော့ သူတောင်းစားအချင်းချင်း ခွက်ခုတ်ကြလေ့ ရှိတယ်။ စည်းမရှိကြ။

၅၀၀၀ စားဂိုဏ်းချုပ်လို့ လူသိများတဲ့ ဝန်ကြီး အောင်သန်းဦး၊ မြို့တော်ဝန် ဘိုဌေး တို့ ခွက်လုမိလို့ ခုတ်ခံကြရပြီ။ (အရင့်အရင် ခေတ်တွေကနဲ့ ယှဉ်ရင်) ပေတိပေစုတ်မြေကွက်လေးကို စခဟောင်းတကောင်ကို ပေးမိလို့တဲ့။

ကြင်စိုးက မရဘူး။ ဂျေ မန်း။ သူကလွဲ ဘယ်သူမှ မယူရဘူး။ ငရွှေခေတ် ဆောင်ပုဒ်က "ဟေလာမောင်ရို့ ဝါး"၊ ငစိန်​ခေတ်ကျ "စည်းနဲ့ ဝါး"၊ NLD အစိုးရ လက်ထက်ကျ "ဘတ်ဂျတ် ဝါး"။ ကြင်စိုးက ဘတ်ဂျတ် သူတောင်းစားဘဝကို မကြိုက်လို့ အာဏာသိမ်းခဲ့တာ။ ဘိုပုက ဒိုင်ယာဘောလစ် အတက်၊ ငတက်ဖျား အဆင်း မှာ ဟစ်တလာ ကြားကားဝင်ဆွဲခံရပြီး ဖြစ်လာတဲ့ ဥ။

ဇေကြီး လိုပဲ နောက်ထပ် ခရိုနီတစ်ယောက် သတင်း သဲ့သဲ့ ကြားနေရတယ်။ မောင်အိုက်ထွန်း။ မြေကိစ္စပဲ ထင်တယ်။ သူကတော့ လိုင်းကြေး သိန်း ၃-၄ သောင်းလောက်နဲ့ ပြတ်နိုင်တယ်။ ညှိနေပြီကိုး။ ဇေကြီးက Ambush မိသွားတာ။

ကျန်တဲ့ ခရိုနီတွေ အနေနဲ့ NUG ရော၊ စကစ ရော မုန်းတာ မခံသင့်။ နိုင်မြင်းဟာ NUG။ ဝမ်းဗိုက်ကွဲနေတဲ့ လှေဟာ စကစ။ ဒင်းကို ပုံမအောကြသင့်ဘူး။ ခင်ဗျားတို့ရဲ့ အပြင်မှာရွှေ့ထားတဲ့ ပိုက်ဆံတွေထဲကနေ NUG ကို အောကြပါ။ မကြာခင် သေချာပေါက် အကျိုးရှိစေရမယ်။

ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ခရိုနီတို့ တိုးတက်ရစ်ဖို့ ကဏ္ဍ)

" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကို  အထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့...
11/03/2022

" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကို
အထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြ​ဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ
ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပါ။ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေခံစားနေရတာတွေအတွက် နိုင်ငံတကာကလည်းအခုထက် တိုးပြီး ချက်ခြင်းကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။
တကယ်လက်တွေ့ကျကျ အရေးယူဆောင်ရွက်လိုတဲ့ စိတ်ရှိတယ်ဆိုရင် ၂ ပတ်အတွင်းမှာတောင် လုပ်နိုင်တယ်ဆိုတာ ကျမတို့ ပြသခဲ့ပြီးဖြစ်ပါတယ်။ (ယူကရိန်းအရေးမှာ အီးယူက ပါ၀င်ကူညီမှုကို ဆိုလိုသည်)
မြန်မာ့အရေးမှာလည်း အချိန်မနှောင်းခင်မှာ ကျမတို့ လုပ်ကြရအောင်ပါ။
(Evin Incir )

၁၀/၃/၂၀၂၂
Digital News Wave

KKH🌏

09/03/2022

နေကောင်းတယ် ထမင်းစားပီးပီ အဆင်ပြေသလိုနေတယ်

🟣ပညာရေးမောင်နှမိသားစု ဆရာ/ဆရာမများခင်ဗျ-NUG/MOE မှစတင်မည့် Home Base Learning အစီအစဉ်အားမိမိတို့နှင့်နီးစပ်ရာ မိဘပြည်သူ/...
27/02/2022

🟣ပညာရေးမောင်နှမိသားစု ဆရာ/ဆရာမများခင်ဗျ-
NUG/MOE မှစတင်မည့် Home Base Learning အစီအစဉ်အား
မိမိတို့နှင့်နီးစပ်ရာ မိဘပြည်သူ/ကျောင်းသူကျောင်းသားများသို့သတင်းစကားပါးမိတ်ဆက်ပေးပါရန် နှင့် မိမိတို့ကိုယ်တိုင်မှလည်း လေ့လာထားရန်ဖြစ်ပါသည်။
ပြည်သူ့အစိုးရတက်ပြီး ကျောင်းများပြန်ဖွင့်ပါက ကျောင်းသူ/ကျောင်းသားများကို
Placement Test ဖြင့်စစ်ဆေးတိုင်းတာပြီး ဆက်လက်အတန်းတင်ပေးပါမည်။
သို့ဖြစ်ပါ၍ ကျောင်းသူ/ကျောင်းသားများသည် ယခုအချိန်၌ မိမိတို့ရောက်စဲအတန်း
သင်ခန်းစာများကို တတ်မြောက်ထားရမည်ဖြစ်ပါသည်။
အားလုံးဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
💐💐💐💐💐💐💪💪💪💪💪💪🌹🌹🌹🌺🌺🌺🏵️🏵️🏵️🌼🌻

အခြေခံပညာ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု အရင်းအမြစ်များ

အောက်ပါ link မှတဆင့်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://sway.office.com/BVcufM25VBe9TqJN?ref=Link

ဤသင်ကြားရေးဆိုင်ရာအရင်းအမြစ်များသည် Internet မရရှိသောဒေသနှင့် Internet ရရှိသော်လည်း နည်းပညာအားနည်းသော ဒေသများအတွက် ပညာရေးဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်စေရန်ရည်ရွယ်ပါသည်။

ဤသင်ကြားရေးဆိုင်ရာ အရင်းအမြစ်များတွင် အခြေခံပညာကျောင်းသားများ (ပထမတန်း မှ ဒဿမတန်း စနစ်ဟောင်းအထိ) သင်ခန်းစာအစုံအလင်ပါဝင်ပါသည်။

နေအိမ်အခြေပြု သင်ကြားရေးနှင့် ရပ်ရွာအခြေပြုစနစ်များကို ဦးတည်၍ ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ကျောင်းသားတစ်ဦးအတွက် တစ်နေ့လျှင် သင်ခန်းစာအရင်းအမြစ်များမှ မိမိအတန်းအလိုက် သင်ခန်းစာ ဗီဒီယိုများကို ၂ ခုမှ ၃ ခုအထိ ကြည့်ရှုကြပါရန် တိုက်တွန်းပါသည်။

သင်ကြားရေး Video တစ်ခုလျှင် ၂ ခါမှ ၃ ခါအထိ အထပ်ထပ် အခါခါ ကြည့်ရှုလေ့လာပေးရန်တိုက်တွန်းပါသည်။

ဘာသာရပ်များကိုလည်း မျှတအောင် လေ့လာရန်လိုအပ်ပါသည်။

သင်ခန်းစာများကို ကြည့်ရှုပြီးနောက် မိမိသင်ကြားသော ပုံစံနှင့်လိုက်၍ နောက်ဆုံးတွင် ပေးထားသည့်အတိုင်း မှတ်တမ်းများပြုစုထားရန်လိုအပ်ပြီး မှတ်တမ်းများကိုလည်း စနစ်တကျသိမ်းဆည်းထားရန်လိုအပ်ပါသည်။
(မှတ်တမ်းကို နောက်ဆုံးစာမျက်နှာများတွင် ကြည့်ရှုနိုင်ပါသည်။)

မူလတန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-1 (ပထမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-1 Myanmar (ပထမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5m2KO528jhLAg1gnwmFpBIX

Grade-1 English (ပထမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5mfbhMAGcLSC_aXWHxB1_Eb

Grade-1 Mathematics (ပထမတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5mehaFywLtFITE5abOZekpJ

Grade-1 Science (ပထမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5kIT-JHz159JmyfUIjfoI8_

Grade-1 Moral (ပထမတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5mWvU8ckJkxwpffWCL8E00N

Grade-1 Life Skill (ပထမတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5nEZ9UWACGkG1AI2ftyiEU0

Grade-1 Social (ပထမတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5lIsIe--SDtuq6Y2nDRKuex

Grade-2 (ဒုတိယတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-2 Myanmar (ဒုတိယတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5mZaGCbwKfrmTyd9gjhZS2l

Grade-2 English (ဒုတိယတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5kAjm5Y7iJBxLgitGea0TpA

Grade-2 Mathematics (ဒုတိယတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5lwCnXP2PDDV3RC0apATvBm

Grade-2 Science (ဒုတိယတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5nSLp-P_6nJhiah-Af7sDyt

Grade-2 Moral (ဒုတိယတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5mCmHw8IIsNrHjs0wIyVeLF

Grade-2 Life Skill (ဒုတိယတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5kDHeHo88T2QGFogqKl1xFz

Grade-2 Social (ဒုတိယတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5m3s84iT33jH7RS6JPUdBq5

Grade-3 (တတိယတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-3 Myanmar (တတိယတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5kC7o3r0H89XwJJgvS3wPO_

Grade-3 English (တတိယတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5lkEndBS7M73-cQjdHlPN_e

Grade-3 Mathematics (တတိယတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5nMUGIw84Pa7QdROcXimRuF

Grade-3 Science (တတိယတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mNrkrDAZ_W-_WLyPVSWs3_

Grade-3 Moral (တတိယတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5l11ymZSmd3_4vLVF-bMgNE

Grade-3 Life Skills (တတိယတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5nA1EXwPqkjBu8dT-_F0-27

Grade-3 Social (တတိယတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5lreieOLO5lZ9_Mr3aJdheL

Grade-4 (စတုတ္ထတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-4 Myanmar (စတုတ္ထတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5lu-XJI0uB3sDynoxIv3YMH

Grade-4 English (စတုတ္ထတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nhZhBMq0DN4LF6wCrYQj5z

Grade-4 Mathematics (စတုတ္ထတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5mTo-pKoGmco7quH5abH8h5

Grade-4 Science (စတုတ်ထတနျး သိပ်ပံ)
https://youtube.com/playlist?list=PLP097oG8JQ5ksbVRLrdqTGd0HTcfFwY11

Grade-4 Moral (စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5lOPnjANroILr0LMMj21xUM

Grade-4 Life Skills (စတုတ္ထတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5my2YsD7FcrAb3jDAeCI63Q

Grade-4 Social (စတုတ္ထတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5m_xktB1M4XNImqIyWk2H4H

အလယ်တန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-6 (ဆဌမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-6 Myanmar (ဆဌမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5l9YKcvKD2TKAx7MHWe-kVR

Grade-6 English (ဆဌမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5k3lzGbBwZ3U9mpO4SSP2Xk

Grade-6 Mathematics-1 (ဆဌမတန်း သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5mAh7yIfuGbg4Sx8fs3vC0C

Grade-6 Mathematics-2 (ဆဌမတန်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5mpSl7kb-PrSgLchpj_gsSs

Grade-6 Science (ဆဌမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5kpd8MXLQtmva-bHHZX73Xd

Grade-6 Geography (ဆဌမတန်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5kVACoCcOG6IG-p3tTFVBSI

Grade-6 History (ဆဌမတန်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5kw1biIksxZlocSn556ir9Q

Grade-7 (သတ္တမတန်း စနစ်သစ်) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-7 Myanmar (သတ္တမတန်း စနစ်သစ် မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5nczlLbe-P333BU8eHFzTzm

Grade-7 English (သတ္တမတန်း စနစ်သစ် အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nwDILs7MPxlaGx4utR12-Y

Grade-7 Mathematics-1 (သတ္တမတန်း စနစ်သစ် သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5mIz-SkXmutFlCDU4dgsPmc

Grade-7 Mathematics-2 (သတ္တမတန်း စနစ်သစ် သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5li9Jcoqx1VXm2FUh7Vd5lU

Grade-7 Science (သတ္တမတန်း စနစ်သစ် သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mLVYU2UleGeZyFA9ZJOox6

Grade-7 Geography (သတ္တမတန်း စနစ်သစ် ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5lS7q_RxCaZCwNwnj7wr3f-

Grade-7 History (သတ္တမတန်း စနစ်သစ် သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5ndp319dhE3MJbZWBG6zKc3

Grade-8 (သတ္တမတန်း စနစ်ဟောင်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-8 Myanmar (သတ္တမတန်း စနစ်ဟောင်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5k6QzTpcDqZIluUe6Nj7gKJ

Grade-8 English (သတ္တမတန်း စနစ်ဟောင်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nLoRUjqqP9hNvGGTBXOT33

Grade-8 Mathematics-1 (သတ္တမတန်း စနစ်ဟောင်း သင်္ချာ- ၁)
https://youtube.com/playlist?list=PLP097oG8JQ5kodo9dcOk5gOf9fcv3GiBh

Grade-8 Mathematics-2 (သတ္တမတန်း စနစ်ဟောင်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5m5SLKYIdwBSWD8JDcjmc62

Grade-8 Science (သတ္တမတန်း စနစ်ဟောင်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mQnavcCcqIEUTqG5ocipcf

Grade-8 Geography (သတ္တမတန်း စနစ်ဟောင်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5n6kNE5NYD97xZtUuacL2PD

Grade-8 History (သတ္တမတန်း စနစ်ဟောင်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5nHGSFaFLltDR2Xjk-4w559

Grade-9 (အဌမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-9 Myanmar (အဌမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5n3vugDIA-tpKlLvUFr59Qa

Grade-9 English (အဌမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5kpxqLs3PqpzqrctTZaISeN

Grade-9 Mathematics-1 (အဌမတန်း သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5nPoGxhvxd5WenIMlB0tPaE

Grade-9 Mathematics-2 (အဌမတန်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5kAxTmpQe8_lQ5bTTX120K-

Grade-9 Science (အဌမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5neafVpD7lO56xdckL_TztC

Grade-9 Geography (အဌမတန်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5l561SjM_jptcrViiyGHjjh

Grade-9 History (အဌမတန်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5lCKYaDhDTM-ocA7-Mw-jn7

အထက်တန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-10 (ဒဿမတန်း စနစ်သစ်) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-10 Myanmar (ဒဿမတန်း စနစ်သစ် မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5luMZjXjKCJl-nfGSBCHbVs

Grade-10 English (ဒဿမတန်း စနစ်သစ် အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nAzBFfOWrq7brggqZx_5le

Grade-10 Mathematics (ဒဿမတန်း စနစ်သစ် သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5lpmc_ngQbA1iX9ntt0aMFK

Grade-10 Physics (ဒဿမတန်း စနစ်သစ် ရူပဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5llucVGa8fwGNqpdI8lXX9s

Grade-10 Chemistry (ဒဿမတန်း စနစ်သစ် ဓာတုဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5k--cQLVqPbOc_pi_msrsMi

Grade-10 Biology (ဒဿမတန်း စနစ်သစ် ဇီဝဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5lTjnZbBwWuRl7SCg0y3om5

Grade-10 Economics (ဒဿမတန်း စနစ်သစ် ဘောဂဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5lmSrZ0DWXKGYU-cxNdZ8ej

Grade-11 (ဒဿမတန်း စနစ်ဟောင်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ

Grade-11 Myanmar (ဒဿမတန်း စနစ်ဟောင်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5lFnqbIvo0mvwe4sb5h-mhJ

Grade-11 English (ဒဿမတန်း စနစ်ဟောင်း အင်္ဂလိပ်စာ)
https://youtube.com/playlist?list=PLP097oG8JQ5nFsJ0yPo_FtxGMR3lktx7b

Grade-11 Mathematics (ဒဿမတန်း စနစ်ဟောင်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5nyLsodedFLQefps-lDAY9e

Grade-11 Physics (ဒဿမတန်း စနစ်ဟောင်း ရူပဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5kH8PFZYKjzYt9A4DUh3Yxn

Grade-11 Chemistry (ဒဿမတန်း စနစ်ဟောင်း ဓာတုဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5kkksDgJzSG0zUlXiwVr1wA

Grade-11 Biology (ဒဿမတန်း စနစ်ဟောင်း ဇီဝဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5m2jcQ_ApvLGNdp9MhkNbii

Grade-11 Economics (ဒဿမတန်း စနစ်ဟောင်း ဘောဂဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5nAxO5-LY_n4MhLt7cMKfuw

ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော သင်ကြားရေးဆိုင်ရာ မှတ်တမ်းများ
ကျောင်းသား၊ ကျောင်းသူများအတွက် နေအိမ်အခြေပြုသင်ကြားရေးဆိုင်ရာမှတ်တမ်းကို အောက်ပါ link မှတဆင့် download ရယူနိုင်ပါသည်။

https://foeimyanmar-my.sharepoint.com/:b:/g/personal/khant_thu_foeim_org/EdSCtp5QMyRFia8kcrvJX_IB-LJi0oRmwWZCSkDNsr6uWw?e=xXHV1L

ကျောင်းသား၊ ကျောင်းသူများအတွက် ရပ်ရွာအခြေပြုသင်ကြားရေးဆိုင်ရာမှတ်တမ်းကို အောက်ပါ link မှတဆင့် download ရယူနိုင်ပါသည်။
https://foeimyanmar-my.sharepoint.com/:b:/g/personal/khant_thu_foeim_org/EUJ0wtVJL0JLszvFJTjTsekBKM2yL3nExyohLjE4Ryjy1A?e=oa08w6

#တစ်ဆင့်ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်

"ပြန်လည်စုရုံး နှစ်ခြောက်လုံး""ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"ရဲ​ဘော်ပြည်သူတို့​ရေ ၂၀၂၂ခုနှစ်ထဲမှာ ​တော်လှန်​ရေးကို ဘက်​ပေါ...
21/02/2022

"ပြန်လည်စုရုံး နှစ်ခြောက်လုံး"
"ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"

ရဲ​ဘော်ပြည်သူတို့​ရေ

၂၀၂၂ခုနှစ်ထဲမှာ ​တော်လှန်​ရေးကို ဘက်​ပေါင်းစုံက အရှိန်မြှင့်ကြဖို့လိုတာ အားလုံးအသိဖြစ်မှာပါ။ လက်နက်ကိုင်​​​ တော်လှန်​ရေးသမား​တွေက လွတ်​မြောက်နယ်​မြေ​တွေရ​အောင် ရွပ်ရွပ်ချွံချွံ တိုက်​ပွဲဝင်နေကြသလို လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုကြီးကလည်း ရရာနည်းလမ်း​တွေနဲ့ တစုတစည်းတည်း လူထုတိုက်ပွဲ​​တွေ ဆင်နွှဲ​နေရမှာပါ။

လက်နက်မဲ့သပိတ် လူထုလှုပ်ရှားမှု​တွေက ဘာ​တွေ ရနိုင်သလဲဆိုရင်

၁။ ပြည်သူလူထုရဲ့ ​စစ်​ကောင်စီအ​​ပေါ် သွေးမ​အေးဘဲ ဆန့်ကျင်​နေမှုကို အမြဲမပြတ်ပြနိုင်ပြီး၊ လူထုအကြား ညီညွတ်မှုနဲ့ ယုံကြည်မှု တိုးပွား​စေတယ်။

၂။ လူထုလှုပ်ရှားမှု​တွေကို တားဆီးဖြိုခွဲဖို့ ကြိုးစား​နေရလို့ စစ်​ကောင်စီရဲ့ လူသူအင်အား ယန္တရား​တွေကို အလုပ်များ ပင်ပန်း​စေနိုင်တယ်။

၃။ အာဏာပိုင်ပြီကွဆိုပြီး အုပ်ချုပ်ပြချင်​နေတဲ့ အာဏာရူး မအလကို ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့် မ​ပေးဘဲ အုပ်ချုပ်မှု အာဏာအ​ခြေတည်မရ ဖြစ်​စေနိုင်ပါတယ်။

ဆိုလိုချင်တာက ဘယ်​လောက် အ​သေးအဖွဲ လှုပ်ရှားမှု​လေးဘဲ ဖြစ်ပ​​စေ လူထုတရပ်လုံး တညီတညွတ်တည်း ပါဝင်လှုပ်ရှားကြပြီဆိုရင် အင်အားကြီးမားတဲ့ အရှိန်အဟုန်ကို ရရှိ​စေပြီး ထိ​ရောက်အကျိုးရှိတဲ့ ရလဒ်​တွေကို ရနိုင်တယ်ဆိုတာပါပဲ။ ဒါ​လေးလုပ်လို့ ထိ​ရောက်ပါ့မလား ​တွေးမိတဲ့အခါတိုင်း နှမ်း​​စေ့​တွေကို သတိရပါ။ နှမ်းတ​စေ့နဲ့ ဆီမဖြစ်တာမှန်​ပေမယ့် နှမ်း​စေ့ သိန်းသန်းချီတဲ့အခါ ဆီ​တွေအများကြီးရနိုင်တာ နမူနာပါ။ ဒါ​​တွေ​ကြောင့်မို့လို့ လက်နက်မကိုင်တဲ့ ပြည်လုံးကျွတ် လူထုသပိတ်လှုပ်ရှားမှု​တွေကို အခါအား​လျော်တိုင်း ဆက်လက်ဆင်နွှဲကြဖို့လိုပါတယ်။

လာမယ့် ​ (၂၂.၂.၂၀၂၂)ရက်နေ့ နှစ်​ခြောက်လုံး ​နေ့မှာလည်း လူထုတရပ်လုံးပါဝင်ပြီး လူထုသပိတ်ကြီး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်​ခေါ်ချင်ပါတယ်။ စစ်​ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးရှိ​နေ​ပေမယ့် ပြည်သူလူထုအ​နေနဲ့ လူတိုင်းပါဝင်နိုင်​စေဖို့ အဆင်​ပြေဆုံးနည်းလမ်း​တွေကို သပိတ်အဖွဲ့​တွေက စနစ်တကျ အချိန်ယူရှာ​ဖွေထားပါတယ်။

၂၂.၂.၂၀၂၂ အတွက် ​ကြွေး​ကြော်သံက​တော့

"ပြန်လည်စုရုံး နှစ်​ခြောက်လုံး" ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်။

နှစ်​​ခြောက်လုံး​နေ့မှာ လုပ်​ဆောင်ရမယ့် လှုပ်ရှားမှု​တွေကို​​တော့ "စည်ကားသပိတ်" လို့ အမည်​ပေးထားပြီး နေအိမ်မှာ မ​နေကြဘဲ မြို့ထဲ/​စျေး/လမ်းဆုံ​ စတဲ့ လူစည်ကားရာ​နေရာ​တွေကို အဲဒီ​နေ့တ​နေ့လုံး
လှည့်ပတ် သွား​ရောက်ကြပါမယ်။

"စည်ကားသပိတ်" အဖြစ် အပြင်ထွက် လှည့်ပတ် ကြတဲ့အခါမှာ

(၁) ဦးထုပ်/ခ​မောက် စတာ​တွေ ​ဆောင်းပြီး သွားလာကြမယ်။

(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြား​လေး​တွေ လိမ်းထားကြမယ်။

(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်​တွေကို ​​ကြွေး​ကြော်သံ​တခုခုရေးထားတဲ့ စာရွက်​တွေနဲ့အတူ ကြဲချကြမယ်)။

(၄) ကိုယ်​ရောက်တဲ့​နေရာရဲ့ လုံခြုံ​ရေး အ​ခြေအ​​နေ​ပေါ် မူတည်ပြီး လက်၃​ချောင်း​ထောင်တာ ​ကြွေး​ကြော်သံ ​အော်တာ​တွေလုပ်ကြမယ်။

(၅) ည ၈နာရီမှာ သံပုံး​တွေတီးကြမယ်။

​ဖော်ပြပါ အချက်​တွေကို အားလုံးဖြစ်​စေ နှစ်သက်ရာ တနည်းနည်းဖြစ်​စေ လှုပ်ရှား​ဆောင်ရွက်ကြပြီး "ပြန်လည်စုရုန်း နှစ်​ခြောက်လုံး" စည်ကားသပိတ်ကြီးကို ပါဝင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုး​ဆော်ပါရ​စေ

ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုသပိတ်ကြီး​တွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်​​နေကြတဲ့ လက်နက်ကိုင် ​​​တော်လှန်​​ရေးရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အား​ဆေး​တွေလည်း ဖြစ်ပြီး လက်နက်ကိုင် လက်နက်မဲ့ နည်းလမ်း​ပေါင်းစုံနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်မှ အ​ရေး​တော်ပုံ​အောင်မယ့် ​နွေဦး​​​တော်လှန်​ရေးကြီးအတွက် အသက်တမျှ အ​ရေးကြီး တယ်ဆိုတာ သိနားလည်ကြ​စေချင်ပါတယ်။

ဒါ​ကြောင့်မို့ ၂၂.၂.၂၀၂၂ နှစ်​​ခြောက်လုံး​နေ့​ရောက်ရင် "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"ဆိုတဲ့ ​​ကြွေး​ကြော်သံနဲ့ "စည်ကားသပိတ်ကြီးမှာ ပါဝင်
ဖြစ်​အောင် ပါဝင်ပြီး အ​ရေး​တော်ပုံကြီး မြန်မြန်​အောင်ဖို့ တာဝန်​ခွဲ​ဝေယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

#မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု

#နှစ်ခြောက်လုံး
#၂၂၂၂၂၂
#ပြန်လည်စုရုံးနှစ်ခြောက်လုံး
#စည်ကားသပိတ်
#အရေးတော်ပုံအောင်ရမည်
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး
#ဖက်ဒရယ်ပြည်ထောင်စုသို့_ရဲရဲချီ
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

ယနေ့ည မြန်မာစဲတော်ချိန် (07:00pm) ထိုင်းစံတော်ချိန် (07:30pm)....LIVE''မိုးဗြဲ ဖယ်ခုံ အင်အားစုံဖို့ဟားငါးကောင်နဲ့ ဝိုင်း...
20/02/2022

ယနေ့ည မြန်မာစဲတော်ချိန် (07:00pm) ထိုင်းစံတော်ချိန် (07:30pm)....LIVE
''မိုးဗြဲ ဖယ်ခုံ အင်အားစုံဖို့
ဟားငါးကောင်နဲ့ ဝိုင်းကူစို့''....
---------------------------------------------
၂၀.၂.၂၀၂၂ ရက်နေ့ ဟားငါးကောင် page မှ
ည ၇ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်၍ ဖျော်ဖြေရေး
အစီအစဉ်များဖြင့် တင်ဆက်သွားပါမည်။

ဤပွဲလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ
ယခုလက်တွေ့ရင်ဆိုင်နေရသော မိုးဗြဲဖယ်ခုံ တိုက်ပွဲများအတွက် အထောက်အကူအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလှူခံကာ ရရှိလာသောအလှူငွေများကို မြေပြင်အဖွဲ့များထံသို့ တိုက်ရိုက်ကူညီသွားမည်ဖြစ်ပါသည်။

ဟားငါးကောင်ရဲ့ဖျော်ဖြေတင်ဆက်မှုနှင့်အတူ အဆိုတော်မူးလာ ရဲ့တင်ဆက်မှုများလည်း ပါဝင်မှာ ဖြစ်တဲ့အတွက် ဆက်ဆက်
စောင့်မျှော်ရင်း အားပေးကူညီကြပါဦး....

ပြည်သူတွေရဲ့တရားသောစစ်ပွဲအောင်မြင်ဖို့ ဟားငါးကောင်နဲ့
အတူ ဝိုင်းဝန်းကူညီကြပါ စို့......💪

ပျူစောထီးတပ်သားသစ် ၂သောင်းကျော် ပြုစုပျိုးထောင်ထားနိုင်ခဲ့ပြီး တပ်မတော်နှင့်လက်တွဲကာ တိုင်းပြည်တာဝန်ထမ်းဆောင်နေပြီလို့ ပ...
17/02/2022

ပျူစောထီးတပ်သားသစ် ၂သောင်းကျော် ပြုစုပျိုးထောင်ထားနိုင်ခဲ့ပြီး တပ်မတော်နှင့်လက်တွဲကာ တိုင်းပြည်တာဝန်ထမ်းဆောင်နေပြီလို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသန်းဌေး ထုတ်ပြန်ကြေငြာ

၁၇.၂.၂၀၂၂ ( 3: 30 PM )

ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေး မှ မိမိတို့တပ်မတော်ထောက်ခံသူများစုပေါင်း၍တည်ထောင်ထားသော ပျူစောထီးတပ်သားသစ် ၂သောင်းကျော်ကိုလက်ရှိအချိန်တွင် ပြုစုပျိုးထောင်ထားနိုင်ခဲ့ပြီး တပ်မတော်နှင့်လက်တွဲကာ တိုင်းပြည်တာဝန်ထမ်းဆောင်နေပြီလို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသန်းဌေး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒုဗိုလ်ချုပ် ရာပြည့်၏ ဗိုလ်ရှူ့ခံသဘင်အပြီး ပြောကြားချက်ငြိမ်းချမ်းရေးလမ်းစဥ်တွင် တိုင်းရင်းသားတပ်ဖွဲ့ များ၊ ပါတီအဖွဲ့အစည်းများအား ရှင်းလင်းသော အပြုသဘောဆောင်ပြောကြားချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း၊
NLD ကိုအခြေခံ၍ ပေါ်ပေါက်လာသော ပုန်ကန်သူ PDF များကို အမြစ်ပြတ်ခြေမှုန်းသုတ်သင်ရန် တပ်မတော်အရံအင်အားအဖြစ် ပျူစောထီး စစ်သည်တို့ကို မိမိတို့ပါတီက ပေးပို့ကူညီနိုင်ခဲ့သည့်အပေါ်ပီတိဖြစ်ရတယ်လို့ ဦးသန်းဌေး ကပြောဆိုသည်။

ဆက်လက်၍တပ်မတော်ထောက်ခံသူများကိုရှာဖွေစုဆောင်းပြီး ပျူစောထီးစစ်သည်တို့ကိုမိမိတို့ပါတီက ထပ်မံပျိုးထောင်ပေးမယ်လို့လည်း ဦးသန်းဌေး ကဆက်လက်ပြောဆိုသည်။

#ပျူစောထီး #အင်အား၂သောင်းကျော် #ပြည်ခိုင်ဖြိုးပါတီ #တပ်မတော်နှင့်လက်တွဲကာ

''အကြမ်းဖက်သမားတွေ ပုန်းစရာနေရာမရှိစေရ''(သမ္မတဘိုင်ဒန်)၃ ဖေဖေါ်ဝါရီ ၂၀၂၂ISIS အကြမ်းဖက်ခေါင်းဆောင် Abu Ibrahim al-Hashimi...
04/02/2022

''အကြမ်းဖက်သမားတွေ ပုန်းစရာနေရာမရှိစေရ''
(သမ္မတဘိုင်ဒန်)
၃ ဖေဖေါ်ဝါရီ ၂၀၂၂

ISIS အကြမ်းဖက်ခေါင်းဆောင် Abu Ibrahim al-Hashimi al-Quraysh ကို အမေရိကန်အထူးတပ်က မနေ့ညက ဆီးရီးယားနိုင်ငံထဲမှာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

''ဆီးရီးယားမှာအခြေစိုက်နေတဲ့ ISIS နိုင်ငံတကာ အကြမ်းဖက်ခေါင်းဆောင်ကို မနေ့ညက သုတ်သင်ဖယ်ရှားနိုင်ခဲ့ပါပြီ။ စစ်ဆင်ရေးမှာ ပါ၀င်ခဲ့တဲ့ အမေရိကန်ကွန်မန်ဒိုရဲ့ သတ္တိနဲ့ အရည်အသွေးတွေကို လေးစားအသိအမှတ်ပြုပါတယ်။ အကြမ်းဖက်သမားပုန်းခိုနေတဲ့နေရာကို လေကြောင်းကတိုက်ခိုက်ရင် အရပ်သားတွေ ထိခိုက်မှာစိုးလို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့စေလွှတ်ပြီး ကျနော် အမိန့်ပေး ရှင်းလင်းခိုင်းခဲ့တာပါ'' လို့ ဘိုင်ဒန်ကပြောပါတယ်။

စစ်ဆင်ရေးကို ဒုသမ္မတ အပါအဝင် ကာကွယ်ရေး၀န်ကြီး ၊ စစ်ဦးစီးချူပ်တွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ အတူ အချိန်နဲ့တပြေးညီ ကွပ်ကဲရေးအခန်းကနေထိုင်ကြည့်နေခဲ့တယ်လို့လည်း သမ္မတဘိုင်ဒန်ကပြောပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ရဲ့ စနစ်တကျ စီးနင်းတိုက်ခိုက်မှုမှာ အလစ်အငိုက်မိပြေးပေါက်ပိတ်နေတဲ့အကြမ်းဖက်သမားဟာ သူ့အရင်ခေါင်းဆောင်တွေလိုပဲ နောက်ဆုံး သူ့ဖာသာဗုံးခွဲအသေခံသွားတယ်ဆိုပါတယ်။

မနေ့ညက စစ်ဆင်ရေးဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ဘယ်လို အကြမ်းဖက်သမားတွေမဆို ဘယ်နေရာမှာပဲ ပုန်းနေပုန်းနေ အမေရိကန်တပ်တွေက လက်လှမ်းမှီရှာဖွေနှိမ်နှင်းတယ်ဆိုတာသတိပေးလိုက်တာလို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
Crd;

လူထု နိုင်ငံရေးတရားပွဲ ပြုလုပ်မည်နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် လူထုနိုင်ငံရေး တရားပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်...
31/01/2022

လူထု နိုင်ငံရေးတရားပွဲ ပြုလုပ်မည်

နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် လူထုနိုင်ငံရေး တရားပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု - GSCB က သတင်းထုတ်ပြန်သည်။

အဆိုပါ လူထုနိုင်ငံရေး တရားပွဲတွင် ခူဦးရယ် (ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP)၊ ဖဒိုစောတာဒိုမူး (အထွေထွေ အတွင်းရေးမှူးချုပ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU)၊ ဦးရည်မွန် (ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီ ညွတ်ရေးအစိုးရ)၊ ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ)၊ ဦးမင်းကိုနိုင်နှင့် ကိုတေဇာစန်းတို့က ဟောပြောမည်ဟု သိရှိရသည်။

ဟောပြောပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့၊ ည ၈ နာရီအချိန်တွင် စတင်မည်ဖြစ်ပြီး၊ General Strike Coordination Body - GSCB ၏ လူမှုကွန်ရက် စာမျက်နှာ အပါအဝင် မဇ္ဇျိမ၊ DVB၊ PVTV၊ Myanmar Now၊ D-Day Channel၊ ခေတ်သစ်မီဒီယာတို့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်။
;

ဇာတ်သိမ်းတော့မည့် စခ ၈လ နိဂုံးအဆုံး[ ကျားလား ဖားလား ကွဲပြားမည့်ပွဲ ] ___________________________________KNU KIA ရဲ့ မြို...
30/01/2022

ဇာတ်သိမ်းတော့မည့် စခ ၈လ နိဂုံးအဆုံး

[ ကျားလား ဖားလား ကွဲပြားမည့်ပွဲ ]
___________________________________

KNU KIA ရဲ့ မြို့သိမ်းခြင်းပညာတွေ သိပ်လှပါတယ်နော်

💢 စခ ရခ အမာခံတွေ တပ်တွေ အရင်ရှင်း တိုက် ထုတ်တယ်

💢 ပြီးမှ လက်ကျန်နဲ့ ဆိုင်ရာ ၀န်ထမ်း အဖွဲ့စည်းတွေကို မောင်းထုတ်တယ်

အကယ်၍ အမာခံ တပ်ရင်း တပ်ဖွဲ့ စခန်းတွေသာ တိုက်ထုတ် ရှင်းမထားရင် သူတို့ရှိနေလို့ ဆိုင်ရာ ၀န်ထမ်း အဖွဲ့စည်းတွေလည်း ထွက်ခွာရမှာ မဟုတ်ပဲ တောင့်ခံ သို့ စခအလိုကျ နေနေကြရအုံးမှာပဲ ဖြစ်တယ်

ခုတော့ အဆင့်က တဆင့်ခြင်း ရှင်းလင်း လုပ်သွား ချသွားတယ် ဒါကို ပညာသားပါတယ် အချိန်ယူလုပ်တယ်ဆိုတာတွေထက် လိုအပ်လို့ အလျင်မြန် အကောင်ထည်ဖော် စလုပ်လာနေတာလို့ပဲ မြင်တယ်

အ‌ကြောင်းက ပြည်ပအတွက် နိုင်ငံရေး အာဏာ ပါဝါနဲ့ ပြည်တွင်း ရပ်တည်နိုင်မှု ပြဖို့ဆိုရင် NUG သာ နယ်မြေထိန်းချုပ်နိုင်ကြောင်းပြယုဒ်နဲ့ ဖက်ဒရယ်အတွက် ခြေလှမ်းနေကြောင်း Eao တွေနဲ့ ပူးပေါင်းဆောင်ရွက် ထူထောင်နေကြောင်းပြယုဒ်ကို ပြဖို့ လိုလာပြီ ဖြစ်တဲ့အတွက်

🧿 NUCC နဲ့ ဖက်‌ဒရယ်အတွက် ဆွေးနွေးမှု ပြယုဒ်

🧿 နယ်မြေစိုးမိုးနိုင်မှုပြယုဒ်အဖြစ် ယခုလို မြို့သိမ်းခြင်းအား အနုနည်းနဲ့ လုပ်ဆောင်ပြမှု

🧿 UN အာဆန် US NDAA အပါ၀င် ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီး နိုင်ငံရေး စစ်ရေးအား အကောင်ထည်ဖော်နေမှု

🧿 Eao PDF ရဲ့ ခုခံစစ်မှ တိုက်စစ် ထိုစစစ်သို့ ပြောင်းလဲ ပုံဖော်လာမှု စသည်တို့ကြောင့်

လာမည့်တော်လှန်ရေး အောင်ပွဲအတွက် နက္ခတ်တွေတော့စုံလင်နေပြီ ဆိုင်ရာတွေမှ ပျံသန်းအားယူဖို့ မွေးနေကြရင်း တဖက်ရန်သူဟာ ယတြာချေမှု အမှုသာ ပြုလုပ်နိုင်တော့သည့်အတွက်

နောက်ဆူံးမဟုတ်သော အဆုံးသတ်စစ်ပွဲကြီးရဲ့ အဖြေရလဒ်ကို စကစတို့ ဖြေကြမလား ရှောင်ပြီး ပြေးကြမလားဆိုတာကတော့ မကြာခင် သိရမှာပါ

ထိုအတွက် ပြည်သူဘက်ကတော့ အနိုင်ဆိုတဲ့ စကားလုံးမှလွဲ အခြားရွေးချယ်စရာ မရှိလို့ မကြာခင် ပွဲကို စမည် ထင်ပါ၏ဟု သတိပေးရင်း

ကျားလားဖားလားကွဲပြားမည့်ပွဲမှာ မိအောင်လှိုင် ထွက်မပြေးပါနဲ့ဟုသာ သတိပေးရင်း ပြည်သူဘက်က ထိုးစစ်ပြုတာနဲ့ သေချာပေါက်ကို တပ်ပြိုလဲကွဲပြီး ဇာတ်က သိမ်းပါလိမ့်မယ်ဆိုတာ နက္ခတ်တွေက ကြိုသိပြီးသား

အရေးတော်ပုံ အောင်ရမည် !

#မင်းကြည်ညိုနေ 🕊️

Address


Telephone

+66945731130

Website

Alerts

Be the first to know and let us send you an email when Ko Lynn Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Lynn Lay:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share