Burmese Ballone Streamerlay

  • Home
  • Burmese Ballone Streamerlay

Burmese Ballone Streamerlay မြန်ဘောလုံးလောကအား မြန်မာနိုင်ငံသားများ တခဲနက် အားပေးလာစေရမည်

ရတနာပုံ အသင်းကနေ ဘူရီရမ်ကို ပြောင်းသွားတုန်းက "အောင်" ရဲ့ပြောင်းရွှေ့ကြေးဘယ်လောက်လဲ? US ဒေါ်လာ(၅)သောင်း ဟုတ်ပါတယ် မြန်မာ...
30/06/2022

ရတနာပုံ အသင်းကနေ ဘူရီရမ်ကို ပြောင်းသွားတုန်းက "အောင်" ရဲ့ပြောင်းရွှေ့ကြေးဘယ်လောက်လဲ?
US ဒေါ်လာ(၅)သောင်း ဟုတ်ပါတယ် မြန်မာငွေ ကျပ်သိန်း (၁၀၀၀)ခန့် ပေါ့😲


နေရှင်နယ်လိဂ် ပွဲစဉ် (၁)အပြီး အမှတ်ပေးဇယားရပ်တည်မှုအခြေနေPhoto-MyanmarNationalLeague Fb Page
30/06/2022

နေရှင်နယ်လိဂ် ပွဲစဉ် (၁)အပြီး အမှတ်ပေးဇယားရပ်တည်မှုအခြေနေ

Photo-MyanmarNationalLeague Fb Page

မြန်မာ့ထိပ်သီး ရတနာပုံFC ကတော့ အသင်းကြီးတစ်သင်းအဖြစ် ရှိနေဆဲဆိုတာ ပြသခဲ့ပါပြီ။GFA Vs ရတနာပုံ2022 မြန်မာနေရှင်နယ်လိဂ် Wee...
30/06/2022

မြန်မာ့ထိပ်သီး ရတနာပုံFC ကတော့ အသင်းကြီးတစ်သင်းအဖြစ် ရှိနေဆဲဆိုတာ ပြသခဲ့ပါပြီ။

GFA Vs ရတနာပုံ

2022 မြန်မာနေရှင်နယ်လိဂ် Week 1 နောက်ဆုံးပွဲစဉ်

Photo - Myanmar National League page

ငြိမ်းချမ်းအောင်ကို တရားဝင် မိတ်ဆက်လိုက်တဲ့ ထိုင်းလိဂ် (၂) ကလပ် နာခွန်
30/06/2022

ငြိမ်းချမ်းအောင်ကို တရားဝင် မိတ်ဆက်လိုက်တဲ့ ထိုင်းလိဂ် (၂) ကလပ် နာခွန်

ISPE VS ရခိုင်ယူနိုက်တက်2022 မြန်မာနေရှင်နယ်လိဂ် Week 1 စတုတ္ထပွဲစဉ်Photo - Myanmar National League page
29/06/2022

ISPE VS ရခိုင်ယူနိုက်တက်

2022 မြန်မာနေရှင်နယ်လိဂ် Week 1 စတုတ္ထပွဲစဉ်

Photo - Myanmar National League page

29/06/2022
" ကော်ဘောလုံးကလေး အာကြီး"ကျနော် လေထဲမှာ ဝဲပျံနေရတာကို ကြိုက်တယ်။ ကျနော့် နာမည်ကတော့ "အာကြီး"ပါ။ ပြီးတော့ကျနော်က Made in ...
28/06/2022

" ကော်ဘောလုံးကလေး အာကြီး"

ကျနော် လေထဲမှာ ဝဲပျံနေရတာကို ကြိုက်တယ်။ ကျနော့် နာမည်ကတော့ "အာကြီး"ပါ။ ပြီးတော့ကျနော်က Made in Burma🤗 ကျနော့်မှာ ပိုင်ရှင်ရှိပါတယ်။ ပိုင်ရှင်က ကျနော်ကြိုက်တတ်မှန်းသိလို့ထင်တယ် ကျနော့်ကိုအမြဲတမ်းလိုလို လေထဲပစ်တင် ပေးတတ်တယ်။ ဝါးးးး အေးချမ်းလိုက်တဲ့ လေကလေးတွေဗျာ။ တစ်ခါတစ်လေ သူ့ရဲ့ရင်ခွင်ထဲမှာ ကျနော့်ကို‌ ထွေးပိုက်ထားတတ်တယ်။ ဒါ‌ပေမဲ့ သူ့လို တစ်ခြား တစ်ယောက်က ကျနော်ကိုထွေးပိုက်ထားရင်တော့ သူတော်တော် စိတ်ဆိုးနေတဲ့ပုံ ပေါက်တယ်ဗျ😎 မျက်နှာကြီးကို ရှုံ့မဲ့နေတာဗျာ.. ကျနော့်ပိုင်ရှင် ဂိုးသမားလေး😁

တစ်ချို့ကစားပွဲတွေမှာ ကျနော့်ကို ခြေထောက်တွေနဲ့ ဝိုင်းကန်ကြတာ ကျနော်သေမတတ် နာကျင်ရတယ်။ ကျနော်က ကော်ဘောလုံးလေးဆိုပေမယ့် ခံနိင်ရည်စွမ်းအား ကောင်းမွန်တယ်ဗျ။ ဘာလို့လဲဆိုတော့ Made in Burmaလေဗျာ😅 ပိုင်ရှင်က တစ်ခါတစ်လေ ကျနော့်ကို ချုံပုတ်ထဲမှာ ထားခဲ့တတ်တယ်၊ တစ်ခါတစ်လေတော့လဲ မိုးရေထဲမှာ၊ ကျ‌နော်အများဆုံး‌ နေရတာတော့ ပိုင်ရှင်အိမ်က ပန်းပင်လေးတွေ ကြားထဲမှာ။ သူဂိုးစဖမ်းတဲ့ ၁၅နှစ်အရွယ်လောက်ကတည်းကနေ ၆နှစ်လောက် အတူတူ ရှိခဲ့ကြတယ်။

တစ်ခုသော တနင်္ဂနွေနေ့မှာ ကျ‌နော့်ကို ထားနေကျ ချုံပုတ်လေးပေါ်မှာ ထားခဲ့တယ်။ အဲ့နေ့က သူတို့အသင်းရှုံးသွားတယ်။ ကျနော် မှားသွားလားမသိဘူးဗျာ😢 အဲ့နေ့က ကျနော့်ပိုင်ရှင်ရဲ့ ရင်ခွင်ထဲကို အရှိန်ပြင်းပြင်းနဲ့"ဝုန်းခနဲ" ဝင်တိုးလိုက်၊ ပေါင်ကြားထဲကို "လျှောခနဲ့"၀င်သွားလိုက်နဲ့ ပွဲချိန်တော်တော််များများမှာ သူ့အနားမှာပဲနေရလို့ ကျနော်ပျော်နေတာဗျ။ အရင်လိုပဲ ဂိုးဝင်သွားလဲ ကိစ္စမရှိဘူးထင်နေတာ အမှန်တော့အဲ့ပွဲက သာမန်ပွဲတစ်ပွဲတော့ မဟုတ်ခဲ့တာ သေချာတယ်😥 ကျနော့်ပိုင်ရှင်နဲ့အတူ အသင်းဖော်တွေ ဝမ်းနည်းနေပုံပေါက်တယ်။ ဟိုဘက်ရပ်ကွက်က ဘောပြားများပေမယ့် ကျနော့်ပိုင်ရှင်နဲ့ သူ့ဘော်ဒါတွေက တော့ အကုန်လန်း😅

မကြာပါဘူး ကျနော့်အနားလာပြီး သူတစ်ချက်ကုန်းတယ် ပြီးတော့ နီရဲနေတဲ့ လက်ကလေး နှစ်ဖက်နဲ့ ကျတော့်ကို ကောက်ယူလိုက်ချိန်မှာပဲ မိုးရေ နှစ်စက် ကျနော့်ပေါ် ကျလာတယ်။ ပြီးတော့ အနားက ချုံပုတ်လေးကြားထဲမှာ ထားခဲ့တယ်။ သဲကြီးမဲကြီးရွာလာမဲ့ မိုးရေတွေကို သူမုန်းတယ်လေ။ အရင်လိုပဲ ကျနော့်ကို မိုးတိတ်ရင် လာခေါ်မှာပဲလို့ထင်ပြီး စိတ်ချလက်ချနဲ့ မျက်လုံးကလေးမှိတ်ရင်း... ဒီနေ့ သူအနားမှာပဲ အချိန်တွေအကြာကြီးကုန်ခဲ့ရတာတွေကို စိတ်ကူးလေးယဉ်ပြီး ခပ်ပြုံးပြုံး‌လေးပဲ အိပ်ပျော်သွားတယ်🥱

ကျနော််မျှော်နေမိတယ်။ ပိုင်ရှင် ကျ‌နော့်ကို ဘယ်တော့များ လာခေါ်မလဲပေါ့။ ကျနော်ကိုယ်တိုင် သူ့ဆီကို လိမ့်သွားချင်ပေမယ့် မရဘူးလေဗျာ...လမ်း မှာစောက်ခလေးတွေနဲ့ တွေ့ပြီး ကျနော့်ကို မ သွားရင် သူလာခေါ်တဲ့အခါကျ လွဲသွားမယ်။ သူကျနော့်ကို ပြန်လာကောက်ပါစေလို့ ဆုတောင်းရုံက တစ်ပါးအခြားမတတ်နိုင်။ သူလာခေါ်မှာ စောင့်ရတာကို ကြာတယ်လို့မထင်ပေမယ့် ဟိုးးးရှေ့က ကွင်းပြင်ကြီးထဲ သူ့သူငယ်ချင်းတွေကိုပဲတွေ့ ရတော့တယ်။

အပိုင်း(၂)မျှော်....

BURMESE BALLONE STREAMERLAY ရေးသားသည်။

"မောင်ဟာ ထိုင်းပရီးမီးယားလိဂ် အသင်းတစ်သင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ အချိန် သိပ်မယူလိုက်ရသလို ပွဲစဥ်တိုင်း...
27/06/2022

"မောင်ဟာ ထိုင်းပရီးမီးယားလိဂ် အသင်းတစ်သင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ အချိန် သိပ်မယူလိုက်ရသလို ပွဲစဥ်တိုင်းအတွက် အမြဲတက်ကြွနေတဲ့ ကစားသမားတစ်ယောက်ပါ၊ ကျနော်အထင် မြန်မာplayerတွေထဲ မောင်က လက်ရှိမှာ အကောင်းဆုံး ကစားသမားတစ်ယောက်ဆိုတာ သေချာသလောက်ရှိမယ်ထင်တယ်"
#လမ်ဖွန်အသင်းပိုင်ရှင်

2022 မြန်မာနေရှင်နယ်လိဂ် Week 1 တတိယပွဲစဉ်Photo - Myanmar National League page
27/06/2022

2022 မြန်မာနေရှင်နယ်လိဂ် Week 1 တတိယပွဲစဉ်

Photo - Myanmar National League page

26/06/2022

တစ်နေ့တစ်ပွဲ မှန်မှန်ကြည့် မြန်မာနေရှင်နယ်လိဂ်

2022 မြန်မာနေရှင်နယ်လိဂ် Week 1 ဒုတိယပွဲစဥ် Photo - Myanmar National League page
26/06/2022

2022 မြန်မာနေရှင်နယ်လိဂ် Week 1 ဒုတိယပွဲစဥ်

Photo - Myanmar National League page

2022 မြန်မာနေရှင်နယ်လိဂ် Week 1 ပထမပွဲစဥ် Photo - Myanmar National League page
25/06/2022

2022 မြန်မာနေရှင်နယ်လိဂ် Week 1 ပထမပွဲစဥ်

Photo - Myanmar National League page

Cambodia League Vs Myanmar League
25/06/2022

Cambodia League Vs Myanmar League

ဘယ်ဖန်လဲ
22/06/2022

ဘယ်ဖန်လဲ

21/06/2022

MNL 2022 ပြိုင်ပွဲဝင်အသင်း ၁၀သင်း နာမည်နဲ့ ပွဲစဉ်ဇယားများ ထွက်ပေါ်လာပါပြီ Leave a Comment / Local Sports, Sports / By Admin မြန်မာနိုင်ငံဘောလု.....

ထိုင်းလိဂ်၃ ရောက် မြန်မာ့လက်ရွေးစင် သန်းပိုင်လိဂ်၃ရဲ့ ဘယ်အသင်းလဲ ဆိုတာကိုတော့ သိချင်ကြမယ်မထင်ပါဘူးအောင်မြင်ပါစေ သန်းပိုင...
20/06/2022

ထိုင်းလိဂ်၃ ရောက် မြန်မာ့လက်ရွေးစင် သန်းပိုင်
လိဂ်၃ရဲ့ ဘယ်အသင်းလဲ ဆိုတာကိုတော့ သိချင်ကြမယ်မထင်ပါဘူး
အောင်မြင်ပါစေ သန်းပိုင်

အာဆီယံ အကောင်းဆုံး ကလပ်အသင်းများ စာရင်းမှာ Top 10 ဝင်ဖူးခဲ့တဲ့  ရန်ကုန်ယူနိုက်တက်အသင်း
19/06/2022

အာဆီယံ အကောင်းဆုံး ကလပ်အသင်းများ စာရင်းမှာ Top 10 ဝင်ဖူးခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း

Kyaw ကြီးရဲ့ ဒီနေ့ပွဲ ဘယ်လိုဖြစ်သွားလဲဗျ?    #ဆောဒေးအပျော်တန်းfc
19/06/2022

Kyaw ကြီးရဲ့ ဒီနေ့ပွဲ ဘယ်လိုဖြစ်သွားလဲဗျ?
#ဆောဒေးအပျော်တန်းfc

လက်ရှိ လာအို လိဂ်ဝမ်းမှာ ကစားနေတဲ့ အိစိုးဟာ ဒီနေ့ကျရောက်တဲ့ ရန်ကုန်အသင်းဖော်ဟောင်း မောင်မောင်လွင််ရဲ့ (၂၇) နှစ်ပြည့် မွေ...
18/06/2022

လက်ရှိ လာအို လိဂ်ဝမ်းမှာ ကစားနေတဲ့ အိစိုးဟာ ဒီနေ့ကျရောက်တဲ့ ရန်ကုန်အသင်းဖော်ဟောင်း မောင်မောင်လွင််ရဲ့ (၂၇) နှစ်ပြည့် မွေနေ့အတွက် သူ့ရဲ့လူမှုကွန်ရက်မှာ BDwish postတစ်ခု တင်ထားပါတယ်

#အိစိုး

17/06/2022

အောင်နဲ့ ဂိုးသွင်းကျင့်မယ်

ကျော်ကိုကို၊ကျော်ဇေယျာဝင်း နဲ့ ကြည်လင်းတို့ခေတ်ကစလို့ ကျနော်တို့ မြန်မာအသင်းပေါ်ကို မျှော်လင့်ချက်လေး တွေထားခဲ့မိတာပေါ့....
15/06/2022

ကျော်ကိုကို၊ကျော်ဇေယျာဝင်း နဲ့ ကြည်လင်းတို့ခေတ်ကစလို့ ကျနော်တို့ မြန်မာအသင်းပေါ်ကို မျှော်လင့်ချက်လေး တွေထားခဲ့မိတာပေါ့... မှတ်မိသေးလား ဆရာကြီးကျော်ကိုကိုရဲ့ အလန်းစား သွင်းဂိုးတွေနဲ့ ဘယ်နေရာကမဆို တစ်ဂိုးပဲလို့ ကြွေးကြော်ခဲ့တဲ့ ကျော်ဇေယျာဝင်းရဲ့ ဖရီးကစ်တွေ...
အဲ့နောက်ပိုင်း U19 ရဲ့ တောက်ပမှုတွေနဲ့ မနီးမဝေး ကာလတစ်ခုက စင်ကာပူဆီးဂိမ်း ပြိုင်ပွဲမှာ ခေါင်းကပက်တီးလေးနဲ့ လူစားဝင်လာပြီး အနိုင်ဂိုးတွေ သွင်းတတ်တဲ့ ရှိုင်းသူရကိုရော မျက်စိထဲမှာ မြင်ယောင်မိလား...
ဟုတ်ကဲ့ အခု လက်ရှိမှာတော့ ကျော်ကိုကိုရော ရှိုင်းသူရရော ထိုင်းက ကြေးစားကလပ်အသင်းဖြစ်တဲ့ စော‌ဒေးFCမှာ အလုပ်ကလေးတစ်ဖက်နဲ့ ဘောလုံးကစားနေလေရဲ့ဗျာ...

#ကျော်ကိုကို #ရှိုင်းသူရ

ဒီဘက်ကတော့ နိုင်ငံအသင်းဆီရောက်လိုက် ကလပ်အသင်းဆီရောက်လိုက်နဲ့ ဟိုပြေးဒီပြေးလုပ်နေတဲ့ မောင့်ကို လမ်ဖွန်အသင်းရဲ့ ဒီကနေ့  လေ...
13/06/2022

ဒီဘက်ကတော့ နိုင်ငံအသင်းဆီရောက်လိုက် ကလပ်အသင်းဆီရောက်လိုက်နဲ့ ဟိုပြေးဒီပြေးလုပ်နေတဲ့ မောင့်ကို လမ်ဖွန်အသင်းရဲ့ ဒီကနေ့ လေ့ကျင့်ရေးကွင်းမှာ မြင်ရတဲ့ပုံဖြစ်ပြီး တစ်ဖက်ကတော့ သတင်းမီဒီယာများ ကူးယူဖော်ပြခြင်း မပြုလုပ်ပါနဲ့လို့ မေတ္တာရပ်ခံထားတဲ့ မြန်မာ့နာမည်ကြီး အရံဘောလုံးသမားလေး အောင်သူပဲဖြစ်ပါတယ်

#ငါလိုးမသား

ကမ်းခြေမှာ  သာယာနေတဲ့ အရံကောင်လေးဟာ သူ့ကို တောက်ပအောင် အရောင်တင်ပေးခဲ့တဲ့ မြန်မာ့ဘောလုံးလောကကြီးကို မေ့နေလေရဲ့ **k
13/06/2022

ကမ်းခြေမှာ သာယာနေတဲ့ အရံကောင်လေးဟာ သူ့ကို တောက်ပအောင် အရောင်တင်ပေးခဲ့တဲ့ မြန်မာ့ဘောလုံးလောကကြီးကို မေ့နေလေရဲ့

**k

13/06/2022

အာရှနာမည်ကျော်ကစားသမားများအသင်း

Thai League 2 ကလပ် နာခွန်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်တဲ့ ငြိမ်းချမ်း Aung
13/06/2022

Thai League 2 ကလပ် နာခွန်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်တဲ့ ငြိမ်းချမ်း Aung

13/06/2022

ဆွန်နီဒေး

11/06/2022

အောင်သူ၊ဆွန်ယောင်မင်နဲ့ ချနာသစ်တို့ဦးဆောင်လာတဲ့ AFP

11/06/2022

ဘေထုပ်ရောင်းတဲ့ကောင်နဲ့ အရံခုံထိုင်ပြီး လစာလိမ်ယူနေတဲ့ နှစ်ကောင်ဒီတစ်သက်ကစားလို့ မရ‌တော့မယ့် အနီရောင်အသင်း ...
08/06/2022

ဘေထုပ်ရောင်းတဲ့ကောင်နဲ့ အရံခုံထိုင်ပြီး လစာလိမ်ယူနေတဲ့ နှစ်ကောင်
ဒီတစ်သက်ကစားလို့ မရ‌တော့မယ့် အနီရောင်အသင်း ...

ရွှေရောင်တွေပေါ် ဘာပေခဲ့လဲ....
05/06/2022

ရွှေရောင်တွေပေါ် ဘာပေခဲ့လဲ....

2023 April မှာ စာချုပ်သက်တမ်းပြည့်မယ့် "အောင်"ကို ဘူရီရမ်အသင်းဘက်က နောက်ထပ်(၂)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ််နဲ့ 2021န...
03/06/2022

2023 April မှာ စာချုပ်သက်တမ်းပြည့်မယ့် "အောင်"ကို ဘူရီရမ်အသင်းဘက်က နောက်ထပ်(၂)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ််နဲ့ 2021နှစ်ကုန်ပိုင်းလောက်ထဲက ကမ်းလှမ်းထားတာပါ။ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ကစားသမားတို့ကတော့ ပွဲထွက်ခွင့်ကစားခွင့် နည်းပါးနေရခြင်းနှင့် ပက်သက်ပြီး တောင်းဆို ညှိနှိုင်းမှုတွေပြုလုပ်နေပြီး ဘူရီရမ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ရှိအချိန်ထိ ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်။

#အောင်သူ

အရံခုံနှင့် CDMကစားသမားလေး၏  သံယောဇဥ်...Mandalay Football Academy ထွက် တိုက်စစ်မှူးအောင်သူဟာ ၁၉၉၆ခုနှစ် မေလ (၂)ရက်နေ့ မန...
02/06/2022

အရံခုံနှင့် CDMကစားသမားလေး၏ သံယောဇဥ်...

Mandalay Football Academy ထွက် တိုက်စစ်မှူးအောင်သူဟာ ၁၉၉၆ခုနှစ် မေလ (၂)ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊မိတ်ထီလာမြို့နယ်၊ပင်းဒလဲရွာမှာ မွေးဖွားခဲ့တဲ့ တောသားလေးတစ်ယောက်ဖြစ်ပါတယ်။အရပ်အမောင်း ၅ပေ၆လက်မသာရှိတဲ့ အောင်သူဟာ ဂိုးတစ်ဂိုး သွင်းယူနိုင်ဖို့အတွက်ပင် အလွန်ခက်ခဲနေတယ်ဆိုတာကို အောက်က သူ့ရဲ့ကစားသမားဘဝမှတ်တမ််းကို လေ့လာနိုင်ပါတယ်...

၂၀၁၃ ၂၀၂၀ ရတနာပုံ - ၆၉ ပွဲ ၃၁ ဂိုး (၇နှစ်)
၂၀၁၈၂၀၁၉ Policetero -၃၁ ပွဲ ၁၁ ဂိုး (အငှား)
၂၀၁၉၂၀၂၀ မြောင်တောင် - ၁၃ ပွဲ ၃ဂိုး (အငှား)
၂၀၂၀------- Buriram - ၃၀ ပွဲ ၄ဂိုး
ကမ္ဘာ့ဖလားပြိုင်ဝင် U-19ရဲ့မျိုးဆက်တစ်ခုဖြစ်ပြီး အထွန်းတောက်ဆုံး ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ "အောင်"ဟာMyanmar U-19တွက် ၁၉ ပွဲမှာ ၁၂ဂိုးအထိ သွင်းယူပြီးတော့ကို ခြေစွမ်းပြသခဲ့တာပါ။အဝေးကန်ချက်တွေ၊ ပစ်ဒဏ်ဘောတွေနဲ့ ဒေါင့်ကန်ဘောအဆုံး အောင်သူကန်ပီဟေ့ဆိုတာနဲ့ ပရိသတ်တွေက ဂိုးတစ်ဂိုးရတော့မယ်လို့ သေချာပေါက်တွက်ဆနိုင်ခဲ့တဲ့ထိပါပဲ။ မြန်မာ့လက်ရွေးစင် အသင်းကြီး အတွက်တော့ ၂၀၁၅ခုနှစ်ကနေ CDMကစားသမားမဖြစ်ခင် ၂၀၁၉ခုနှစ်အထိ ၄၁ ပွဲမှာ ၉ ဂိုးသာသွင်းယူပေးထားနိုင်ပါတယ်။

ဂိုးသွင်းနိုင်ဖို့ ခက်ခဲစေတဲ့ ""အောင်"ရဲ့ နောက်တစ်ချက်ကတော့ ရတနာပုံအသင်းကထွက်ခွာပြီးနောက်ပိုင်း ထိုင်းပရီးမီးယားလိဂ်အသင်းအချို့ရဲ့ အရံခုံမှာ လှည့်ပတ်ပြီး ထိုင်ခဲ့ရသလို ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရတဲ့ အရေးမကြီးတဲ့ပွဲစဥ်တွေမှာလဲ လူစားလဲခြင်းကို ခံရမြဲပါ။ မိနစ်၉၀ အပြည့် ကစားရတဲ့ပွဲက ရှားပါးခဲ့တာနဲ့အမျှ "အောင်"ရဲ့ကြံ့ခိုင်ရေးကလဲ သိသိသာသာကျဆင်းလာပါတယ်။၂၀၁၈မှာ ရုပ်ရှင်မင်းသမီး ပိုးအိအိခန့်နှင့် အိမ်ထောင်ပြုခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကိုလဲ ပိုင်ဆိုင်ထားပါတယ်။

အာရီးနဲ့ချန်ပီယံလိဂ်ဖလား ပေါင်းစပ်ဖို့မဖြစ်နိုင်သလို
မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့"အောင်"ကလဲ ပြန်လည်ပေါင်းစပ်နိုင်ဖို့က ဖြစ်နိုင်ချေ အလွန်နည်းပါးနေပါပြီ။လာမယ့် ဘောလုံးရာသီမှာ "အောင်"တစ်ယောက် သူသံယောဇဥ်ရှိနေပြီဖြစ်တဲ့ အရံခုံတွေမှာပဲ ဆက်ထိုင်သွားမလား...ခြေစွမ်းကောင််းတွေနဲ့ ပြန်လည်ထွန်းတောက််လာမလား....ဆိုတာကို ဆက်လက်စောင့်ကြည့်သွားရပါမယ်။

#အောင်သူ

စုစုပေါင်းအသင်း(၅)သင်းသာပါဝင်ယှဥ်ပြိုင်ဖို့ သေချာသလောက်ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ် ၂၀၂၂မှာ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ...
01/06/2022

စုစုပေါင်းအသင်း(၅)သင်းသာပါဝင်ယှဥ်ပြိုင်ဖို့ သေချာသလောက်ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ် ၂၀၂၂မှာ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ဒဏ်ရာပြဿနာတွေကနေ ပြန်လည် ရုန်းထွက်လာခဲ့တဲ့ ကစားသမားဟောင်း ကျော်မင်းဦးအပြင် ဂိုးသမားဘုန်းသစ္စာမင်း ကိုပါ ခေါ်ယူအားဖြည့်ထားပါတယ်......

#ဘုန်းူစ္စာမင်း

မြန်မာနေမာ အိစိုးကတော့ ပွဲဦးထွက်အဖွင့်လှခဲ့ပြီး သူ့ရဲ့Dancer skill ကိုလည်းပြသခဲ့ပါတယ်
29/05/2022

မြန်မာနေမာ အိစိုးကတော့ ပွဲဦးထွက်အဖွင့်လှခဲ့ပြီး သူ့ရဲ့Dancer skill ကိုလည်းပြသခဲ့ပါတယ်

ဇော်ကြီးကတော့ သူ Line up ပါဝင်တိုင်း မရှုံးသေးတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဥ်ကြောင့် သူ့ရဲ...
28/05/2022

ဇော်ကြီးကတော့ သူ Line up ပါဝင်တိုင်း မရှုံးသေးတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဥ်ကြောင့် သူ့ရဲ့ Tratအသင်းကတော့ ထိုင်းပရီးမီးယားလိဂ်ကို တန်းခွင့် ဆုံးရှုံးခဲ့ပါတယ်...😥

လမ်ဖွန်အသင်းရဲ့နိုင်ပွဲတွေအတွက် သွင်းဂိုးတွေကို ပုံဖော်ပေးသူ (သို့မဟုတ်) မောင်မောင်လွင်...."မောင်"ကို ၁၉၉၅ခုနှစ်၊ဇွန်လ၊၈...
28/05/2022

လမ်ဖွန်အသင်းရဲ့နိုင်ပွဲတွေအတွက် သွင်းဂိုးတွေကို ပုံဖော်ပေးသူ (သို့မဟုတ်) မောင်မောင်လွင်....

"မောင်"ကို ၁၉၉၅ခုနှစ်၊ဇွန်လ၊၈ရက် ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ငယ်စဥ်ကတည်းက အခြေခံ ဘောလုံးစကေးနိုင်နင်းသူဖြစ်တာကြောင့် ယခုလက်ရှိအချိန်မှာ ဘောလုံးကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုသဖွယ် လုပ်ချင်တိုင်းလုပ်လို့ ရနေတာဟာ မဆန်းပါဘူး။
ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘ၀ကို ဟံသာ၀တီယူနိုက်နဲ့စတင်ခဲ့ပြီး ၂၀၁၄ မှ ၂၀၁၇အထိ (၃)နှစ်တာကာလအတွင်းမှာ (၇၁)ပွဲပါဝင်ကစားခွင့်ရပြီး(၁၄)ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာနေရှင်နယ်လိဂ်ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်က ခေါ်ယူခဲ့ပြီး ၂၀၁၇ မှ ၂၀၂၁အထိ(၄)နှစ်တာကာလအတွင်း ပွဲ(၇၀) ကစားကာ (၂၇)အထိသွင်းယူပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းပရီးမီးယားလိဂ်ကို တန်းတက်သွားပြီဖြစ်တဲ့ လမ်ဖွန်အသင်းအတွက် (၁၇)ပွဲကစားကာ သွင်းဂိုး(၄)ဂိုးနဲ့အတူ အရေးပါတဲ့ဂိုးဖန်တီးမှုများစွာမှာ ပါဝင်ပက်သက်ထားပါတယ်။ လမ်ဖွန်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုအပြင် ထိုင်းချန်ပီယံရှစ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုတွေကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။

နိုင်ငံကိုယ်စားပြုအသင်း အဆင့်ဆင့်မှာ ပုံမှန်ရွေးချယ်ခံခဲ့ရတဲ့ "မောင်"ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် MyanmarU-19အသင်းရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ Myanmar U-23အသင်းတွက်လဲ(၁၆)ပွဲပါဝင်ကစားပေးခဲ့ပြီး (၅)ဂိုးသွင်းယူခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းကြီးမှာတော့ ၂၀၁၅ခုနှစ်ကတည်းကစတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ ဖီဖာအသိမှတ်ပြုပြိုင်ပွဲနဲ့ ခြေစမ်းပွဲတွေမှာစုစုပေါင်း (၃၇)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၇)ဂိုးသွင်းယူပေးထားပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ "မောင်"ဟာ လက်ရှိအချိန်မှာတော့ မြန်မာ့လက်ရွေးစင် အသင်းကြီးရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ယူထားရပါတယ်။ ၂၀၂၂-၂၃ရာသီ ထိုင်းပရီးမီးယားလိဂ်မှာလဲ လမ်ဖွန်အသင်းနဲ့အတူ ဆက်ရှိသွားဖို့ သေချာသလောက်ရှိနေပြီး တခြား ထိုင်းပရီးယားလိဂ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုလဲ ခံနေရပါတယ်။ အမိနိုင်ငံရဲ့ ဘောလုံးလောကကို တိုးတက်စေချင်တဲ့ ဆန္ဒဟာ "မောင်"ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာလဲ ဘောလုံးကို နိုင်ငံရေးနဲ့မရောထွေးပဲ မြန်မာ့လက်ရွေးစင်အသင်း၊ ဆီးဂိမ်းပြိုင်ပွဲဝင် MyanmarU-23အသင်းတွေမှာလဲ နည်းပြနဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်အပေါ်ကို လေးစားမှုရှိခဲ့ပြီး ပါဝင်ကစားပေးခဲ့ပါတယ်။ ဘူရီယမ်ရဲ့ အရံလူသား ကိုမေကိုလိုး၊သူတောင်းစား အောင်သူနဲ့ယှဥ်ရင် မြန်မာ့ဘောလုံးချစ်ပရိတ်သတ်တွေရဲ့ စိတ်ဝင်မှုတွေကို ရသင့်သလောက်မရခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ဘောလုံးချစ်ပရိတ်သတ်တွေရဲ့ အချစ်ကို စုပြုံပြီး ရရှိနေသူတစ်ယောက်လဲ ဖြစ်ပါတယ်။

ပြည်တွင်းက အရည်အသွေးရှိတဲ့ ကစားသမားတွေ ဒုက္ခအလီလီ ရောက်နေချိန်မှာ ပေါ်ပင်တွေလုပ်ပြီး ကောင်းစားနေတဲ့ တောချုံအုံကြားက ကိုမ...
27/05/2022

ပြည်တွင်းက အရည်အသွေးရှိတဲ့ ကစားသမားတွေ ဒုက္ခအလီလီ ရောက်နေချိန်မှာ ပေါ်ပင်တွေလုပ်ပြီး ကောင်းစားနေတဲ့ တောချုံအုံကြားက ကိုမေကိုလိုးကျော်မင်းဦး.....

ပြည်ပထွက် ကစားသမားတွေကြောင့်လို့ပဲ ပြောရမလား ကစားကွက်ပိုင်းမှာ အဆင့်အတန်းတစ်ခု ရှိလာတဲ့ပွဲ
27/05/2022

ပြည်ပထွက် ကစားသမားတွေကြောင့်လို့ပဲ ပြောရမလား ကစားကွက်ပိုင်းမှာ အဆင့်အတန်းတစ်ခု ရှိလာတဲ့ပွဲ

ပြည်ပထွက်ကစားသမားတွေအနက် ပုံမှန်ပွဲထွက်ခွင့် တစ်နေရာစာကို အပိုင်သိမ်းထားနိုင်တဲ့ ၀ါရင့်လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင...
25/05/2022

ပြည်ပထွက်ကစားသမားတွေအနက် ပုံမှန်ပွဲထွက်ခွင့် တစ်နေရာစာကို အပိုင်သိမ်းထားနိုင်တဲ့ ၀ါရင့်လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်း....

ဇော်မင်းထွန်းရဲ့ Trat Fc အသင်းဟာ လာမယ့် မေလ၊၂၉ရက်နေ့မှာ
ထိုင်းလိဂ် (1)သို့ တန်းတက်ခွင့် လက်ကျန် တစ်နေရာစာအတွက် နောက်ဆုံး Final ပွဲစဥ် ဒုတိယအကျော့ကို ကစားရတော့မှာပါ...

ပထမအကျော့မှာတော့ "ဇော်"ရဲ့ Trat Fc ဟာ အဝေးကွင်းမှာ (2-2)ဆိုတဲ့ရလဒ်ရရှိထားပါ...

ဒါကြောင့်အဝေးဂိုး (2)ရရှိထားတဲ့အနေအထားတစ်ခုမှာတော့ Trat Fc အသင်းအနေနဲ့ အခြေနေကောင်းနေပါတယ်....

နောက်ရာသီ ထိုင်းလိဂ်(1)မှာ "အောင်" "မောင်" နဲ့ "ဇော်" စတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ Playerတွေကို မြင်တွေ့သွားရဖို့ မျှော်လင့်လျက် မေလ၊(29)ရက်နေ့မှာကစားမယ့် "ဇော်"ရဲ့ Trat Fc အသင်းကို အတူတူ အားပေးကြမယ်ဗျာ...

ဒီ page ကနေ Live ရှိပါမယ်...မီးလာရင်ပေါ့😂

ဆီးဂိမ်းပြိုင်ပွဲ၀င် U23 အသင်းနှင့်ပူးပေါင်းပြီးနောက် လက်ရွေးစင်အသင်းအတွက်ပါ ဆက်လက်ပူးပေါင်း ပွဲဆက်နေသော အသင်းခေါင်းဆောင...
24/05/2022

ဆီးဂိမ်းပြိုင်ပွဲ၀င် U23 အသင်းနှင့်ပူးပေါင်းပြီးနောက် လက်ရွေးစင်အသင်းအတွက်ပါ ဆက်လက်ပူးပေါင်း ပွဲဆက်နေသော အသင်းခေါင်းဆောင် "မောင်"

myanmar0-0hongkong (Friendly Match)

Address


Website

Alerts

Be the first to know and let us send you an email when Burmese Ballone Streamerlay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Ballone Streamerlay:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share