The Zomi Globe

  • Home
  • The Zomi Globe

The Zomi Globe Commentary, criticisms and what's happening in Myanmar from ethnics perspective.

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးမြို့တွင်ဆင်းသက်စဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၅ ဦး ထိခ...
29/03/2022

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးမြို့တွင်ဆင်းသက်စဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိဟုသတင်းထုတ်ပြန်
ကလေးမြို့မှ တဣသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးရဟတိယာဉ်ကွင်းသို့ဆင်းသက်စဥ် မတော်တဆမှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တစ်ခု ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် ဖြစ်ပွါးခဲ့ကာ လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိဟုသတင်းမီဒီယာများတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ ၂ ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း ၃ ဦး စုစုပေါင်း ၅ ဦးတို့တွင် အနည်းငယ်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် ၎င်းရဟတ်ယာဉ်ဖြင့်သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများသည်လည်း ပျက်စီးမှုမရှိကြောင်း ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်ဆွဲနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်ဟုသတင်းထုတ်ပြန်ထားသည်။

Chin World

❝ ဦးကိုကိုကြီး ဘာမှားလဲ ❞ဆောင်းပါးအခုအချိန်မှာ ဦးကိုကိုကြီးဟာ  နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့ အကျယ်လောင်ဆုံးရပ်တည်ပ...
29/03/2022

❝ ဦးကိုကိုကြီး ဘာမှားလဲ ❞

ဆောင်းပါး

အခုအချိန်မှာ ဦးကိုကိုကြီးဟာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့ အကျယ်လောင်ဆုံးရပ်တည်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်လို့ ပြောနိုင်ပါ တယ်။ VOAက ဦးကျော်ကျော်သိန်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဦးကိုကိုကြီးက “ နိုင်ငံရေးအရ ဆွေးနွေးတဲ့သူတွေကို ဒလံ၊ သစ္စာဖောက်လို့ ပြောဆိုနေတာဟာ ဆွေးနွေးရေးဖြစ်စဥ်တစ်ခုလုံးကိုပါ တိုက်ခိုက်ဖျက်ဆီးနေတဲ့သဘောသက်ရောက်တယ်” လို့ပြောကြားသွားပါတယ်။
ဦးကိုကိုကြီးအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုတာ မှားသလားလို့မေးရင် မမှားပါဘူး။နိုင်ငံရေးအရ ဆွေးနွေးလိုတာက မမှားပါဘူး။ နိုင်ငံရေးအရဆွေးနွေးတဲ့ကိစ္စ အပေါ်ထားတဲ့ ဦးကိုကိုကြီးရဲ့ ချဥ်းကပ်ပုံ ၊သဘောထား၊ခံယူချက်ကပဲ လွဲနေ မှားနေ တာပါ။
ဝေးဝေး ဥပမာ ပေးမနေပါဘူး။ ဦးကျော်ကျော်သိန်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးကိုပဲ ဥပမာပေးပါမယ်။ ဦးကျော်ကျော်သိန်းက “တွေ့ဆုံရမယ့် အင်အားစုအားလုံးဆိုတဲ့ အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH တို့ပါသလား” လို့ မေးတော့ ဦးကိုကိုကြီးက “NUG နဲ့ CRPH တို့လည်း ပါပါတယ်လို့ တည့် မဖြေနိုင်ပါဘူး။တွေ့ဆုံရမယ့် အင်အားစုအားလုံးဆိုတဲ့အထဲမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးကပေါက်ဖွားလာတဲ့ အဖွဲ့အစည်း တွေပါပါတယ်ဆိုပြီး ဝှေ့ ဖြေသွားပါတယ်။ ‌ဝှေ့ ဖြေတာကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒီလိုဝှေ့ ဖြေနေရကတည်းက လက်တွေ့နိုင်ငံရေးအခြေအနေဟာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ အရိပ်အယောင်လမ်းစတောင်မရှိသေးဘူးလို့ပြောချင်တာပါ။ တွေ့ဆုံဆွေးနွေးရေးလမ်းစမရှိသေးလို့ မရှိဘူးပြောတာကို တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်တယ်လို့ အဓိပ္ပါယ်ကောက်လို့မရပါဘူး။
တိုင်းပြည်ရဲ့ အကျပ်အတည်းကို အမှန်တကယ်ဖြေရှင်းနိုင်မယ့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ဖြစ်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘေးဖယ်ထားလို့ လုံးဝ လုံးဝမရပါဘူး။ လွတ်လပ်မျှတပါတယ်လို့ ပြည်သူကလည်းလက်ခံ၊ ကမ္ဘာကလည်း အသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက် လာတဲ့ CRPH ၊ NUG ၊ NUCC မပါဘဲနဲ့ လက်တွေ့ကျကျ အဖြေရှာနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ဒီအချက်က ရှင်းစရာမလိုအောင်ရှင်းနေပြီးသားကိစ္စတွေပါ။ ဒီလောက်ရှင်းနေပြီးသားကိစ္စအပေါ် ဦးကိုကိုကြီးက နားမလည်သလို၊ မသိကျိုးကျွံလုပ်သလို၊ အရေးမကြီးသလို သဘောထားနေတဲ့အပေါ် ပြည်သူလူထုက ခံပြင်းတာပါ။ မကျေနပ်တာပါ။
ပြည်သူတိုင်းသိပြီးသားကိစ္စတွေဖြစ်လို့ အကျယ်တဝင့်တော့ ပြောမနေတော့ပါဘူး။ ဒီနေ့ဖမ်း၊ နောက်နေ့အလောင်းပို့၊ ရွာတွေမီးရှို့ ၊ ရဟတ်ယာဥ်နဲ့ပစ်၊လေယာဥ်ပျံနဲ့ ဗုံးကြဲ၊သူတို့ကိုဆန့်ကျင်တဲ့သူမှန်သမျှရဲ့ အိမ်တွေကိုချိတ်ပိတ်၊ လိုတိုရှင်းပြောရရင် လူစိတ်လုံးဝ ကင်းမဲ့နေတဲ့ မအလစစ်ကောင်စီရဲ့ သဘောထားဟာ မတူကွဲပြားမှုကို နှမ်းတစ်စေ့လောက်တောင်ခွင့်မပြုပါဘူး။ မအလစစ်ကောင်စီက နိုင်ငံရေးအရဆွေးနွေးလိုစိတ်ရှိတယ်လို့ ပြည်သူလူထုက လုံးဝလုံးဝမယုံကြည်ပါဘူး။ ယုံကြည်စရာအကြောင်းလည်း တစ်စက်ကလေးမှ မရှိပါဘူး။ ပြည်သူလူထုကနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းအပေါ် ဆန့်ကျင်နေတာမဟုတ် ပါဘူး။ နိုင်ငံရေးအရ သဘောထားကွဲလွဲမယ့် ပုဂ္ဂိုလ်၊အဖွဲ့အစည်းမှန်သမျှအပေါ် ရက်ရက်စက်စက်ဖိနှိပ်နင်းခြေပြီးနိုင်ငံရေးနည်းလမ်း မှန်သမျှပိတ်ဆို့ထားတဲ့ မအလစစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းရမယ်လို့ပြောဆိုနေတာကို ခံပြင်းနေတာပါ၊ ဒေါသထွက်နေတာပါ။ သဘောမတူဖြစ်နေတာပါ။
ဦးကိုကိုကြီးက VOA က ဦးကျော်ကျော်သိန်းနဲ့လုပ်တဲ့ အင်တာဗျူးမှာ “ပြည်သူလူထုအကြားနိုင်ငံရေးအရ ဖြေရှင်းနိုင်တယ်ဆိုတဲ့ မျော်လင့်ချက် ပျောက်မသွားဖို့က အင်မတန်မှ အရေးကြီးတယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီပြောကြားချက်က တစ်ဝက် မှန် တစ်ဝက်ဖုံး ပြောကြားချက်ပါ။ ဟုတ်ပါတယ်၊ ပြည်သူလူထုကြား နိုင်ငံရေးအရဖြေရှင်းနိုင်တယ်ဆိုတဲ့ မျော်လင့်ချက် ပျောက်မသွားဖို့က အရေးကြီးတယ်။ ဒါပေမဲ့
ဒီလိုပျောက်သွားအောင် ကိုယ့်ပြည်သူတွေကို ကိုယ်တိုင်ပြန်သတ်ပြီး ရက်ရက်စက် စက် ဖိနှိပ်ချေမှုန်းနေတာက မအလစစ်ကောင်စီဆိုတာကို ဦးကိုကိုကြီးက ဝှေ့လို့တောင် ပြောမသွားပါဘူး။
မြန်မာ့အကြပ်အတည်းဖြေရှင်းရာမှာ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ဟာ ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက တွန်းအားပေးထောက်ခံထားတဲ့ အချက် ၅ ချက်ပါ။ ပြောလိုတာက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ရဲ့ နောက်မှာ တစ်မ္ဘာလုံးရဲ့ စုစည်း ထောက်ခံမှုရှိနေပါတယ်။ တစ်ကမ္ဘာလုံးရဲ့ စုစည်းထောက်ခံမှုရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုတောင် မအလ စစ်ကောင်စီက လက်မခံ၊ ပယ်ချထားတာပါ။ ဒီလိုအခြေအနေမှာ ဦးကိုကိုကြီးက သူတို့ဆွေးနွေးရင် မအလစစ်ကောင်စီက အမှန် တကယ်လက်ခံဆွေးနွေးမယ်လို့ ဘယ်လိုအထောက်အထား‌တွေကြည့်ပြီး မျော်လင့်နေရတာလဲ။
တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုံးဝအယုံအကြည်မရှိ၊ လက်မခံတဲ့ မအလစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရမယ်လို့ ဦးကိုကိုကြီးပြောနေတာက ကျောက်ခဲကနေ ရေညှစ်ခိုင်းသလို ဖြစ်နေတာကြောင့် ပြည်သူလူထုကဒေါသထွက်နေတာပါ။ ခံပြင်းနေတာပါ။ ပြည်သူလူထုကတွေ့ဆုံဆွေးနွေး ရေးကိုဆန့်ကျင်နေတာမဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးရေးကို လုံးဝလက်မခံတဲ့ မအလစစ်ကောင်စီနဲ့ မအလစစ်ကောင်စီနဲ့တွေ့ဆုံ ဆွေးနွေးဖို့ပြောဆိုနေတဲ့ အပေါ် ဆန့်ကျင်နေတာပါ၊ ခံပြင်းနေတာပါ။
ဦးကျော်ကျော်သိန်းနဲ့ပြုလုပ်ခဲ့တဲ့ VOA အင်တာဗျူးမှာပဲ ဦးကိုကိုကြီးက “အမေရိကန်အစိုးရဟာ NLD အစိုးရလက်ထက်မှာ Genocide မြောက်တယ်လို့မသတ်မှတ်ဘဲ၊ မအလစစ်ကောင်စီလက်ထက်မှာမှ ဘာကြောင့် Genocide မြောက်တယ်လို့ သတ်မှတ်ရသလဲ” ဆိုပြီးမေးခွန်းထုတ်သွားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မအလစစ်ကောင်စီဟာ ပြည်တွင်းစစ် ကာလတစ်လျောက်လုံး တိုင်းရင်းသားနယ်မြေတွေမှာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမျိုးတွေကို မြို့ကြီးတွေမှာတောင်မချန် တစ်နိုင်ငံလုံးမှာ ဗြောင်ကျူးလွန်နေတာပါ။ ပြည်သူတိုင်းကြားနေ၊ မြင်နေရတဲ့ ကိစ္စပါ။ ဒါကို ဦးကိုကိုကြီးက ဘာတွေများပြော င်းလဲသွားလို့လဲဆိုပြီး မေးခွန်းထုတ်တာကတော့ လက်မခံနိုင်စရာကိစ္စပါ။
ဦးကိုကိုကြီးရဲ့ ရပ်တည်ချက်ဟာ ပြည်သူလူထု အများစုရဲ့ ရပ်တည်ချက်နဲ့ ထိပ်တိုက်တိုး၊ ဆန့်ကျင်နေပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှုနဲ့ပဲ ပြီးမြောက်နိုင်တဲ့ ကိစ္စပါ။ သမိုင်းဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံ၊ ပူးပေါင်းပါဝင်မှုနဲ့ပဲ ဖြစ်ပေါ်ပြောင်း လဲရတာပါ။
လေရိုင်း

Burma VJ

ဟားခါးတွင် စစ်ကောင်စီ ရဟက်ယာဉ်တစ်စီး ပျက်ကျယနေ့ မတ် ၂၉၊ နံနက်ပိုင်း ၉နာရီခွဲခန့်က ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ...
29/03/2022

ဟားခါးတွင် စစ်ကောင်စီ ရဟက်ယာဉ်တစ်စီး ပျက်ကျ

ယနေ့ မတ် ၂၉၊ နံနက်ပိုင်း ၉နာရီခွဲခန့်က ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ်စခန်းရှိရာ ရုန်းတောင်အကြား ထင်းရှုးတောထဲတွင် စကစ ရဟက်ယာဉ်တစ် ပျက်ကျသွားကြောင်း သိရပါတယ်။

"ဘာကြောင့်ပျက်ကျလဲတော့မသိဘူး။ မီးခိုးတွေထွက်ပြီး ပျက်ကျသွားတာ၊ စကစတပ်သားတွေ ရဟက်ယာဉ်ပျက်ကျတဲ့နေရာဖက်ကို သွားကြတယ်" လို့ မျက်မြင်တစ်ဦးက The Chin Journal သို့ပြောပါတယ်။

ဒေသခံတွေအနေဖြင့် ၎င်းရဟတ်ယာဉ်ကို ချင်းပြည်သူ့တပ် သို့မဟုတ် ချင်းအမျိုးသားတမ်မတော်က ပြစ်ချတာလားဆိုတာကိုတော့ စိတ်ဝင်စားနေကြပါတယ်။

Photo: The Chin Journal

KIC သတင်းထောက် နေနော်ကို စစ်ကောင်စီ ဖမ်းဆီးမြဝတီ၊ မတ် ၂၈ကရင်ပြည်နယ် အခြေစိုက် Karean Information Center - KIC ၏ မြဝတီမြိ...
28/03/2022

KIC သတင်းထောက် နေနော်ကို စစ်ကောင်စီ ဖမ်းဆီး

မြဝတီ၊ မတ် ၂၈

ကရင်ပြည်နယ် အခြေစိုက် Karean Information Center - KIC ၏ မြဝတီမြို့ခံသတင်းထောက် ကိုနေနော်ကို ယနေ့နေ့လည်တွင် စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

၎င်းကို ရဲတပ်ဖွဲ့က မနက်တွင်တစ်ကြိမ်၊ နေ့လည်တွင်တစ်ကြိမ် ၂ ကြိမ်တိုင်ချိန်းဆိုပြီး ဒုတိယအကြိမ်မြောက်တွင် ပြန်မလွှတ်ပေးတော့ဘဲ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" အမှတ် ၃ ရပ်ကွက်အပိုင် နယ်ထိန်းက မနက် ဆယ်နာရီ နေနော့်ကို ရဲစခန်းအရှေ့က လ္ဘက်ရည်ဆိုင်မှာ ချိန်းတယ်။ ပြီးတော့ သူတို့ရဲစခန်းထဲခနဝင်သွားပြီး လူကြီးတွေအစည်းအဝေးလုပ်နေတယ်ဆိုပြီး နေ့လည် ၁၂ နာရီကိုတစ်ခါထပ်ချိန်းပြီး ပြန်လွှတ်လိုက်တယ်။ နေ့လည် တွေ့တော့ တစ်ခါတည်းဖမ်းထားပြီး ပြန်မလွှတ်ပေးတော့ဘူး။ ဘာကြောင့်ဖမ်းတာလဲတော့ မသိသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းကို ရဲစခန်း၌ပင် ချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာများကို နည်းလမ်းပေါင်းစုံဖြင့် နှိပ်ကွပ် ဖမ်းဆီး ထောင်ချခြင်းများဆက်တိုက်ပြုလုပ်နေပြီး ၎င်းတို့၏ နှိပ်စက်မှုကြောင့် စစ်ကြောရေး၌ ဆုံးပါးခဲ့ရသည့် သတင်းထောက်တစ်ဦး ရှိထားသည်။

Photo-CJ
ပုံစာ- ကိုနေနော်နှင့်နယ်ထိန်းရဲတို့ တွေ့ဆုံသည့် ရဲစခန်းရှေ့ ရွှေရည်ဦး လ္ဘက်ရည်ဆိုင်
ပုံစာ- သတင်းထောက် ကိုနေနော်

13/03/2022

Address

Melbourne

Alerts

Be the first to know and let us send you an email when The Zomi Globe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Zomi Globe:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share