Myawaddy Informations

  • Home
  • Myawaddy Informations

Myawaddy Informations kayin state informatios

15/10/2021
15/10/2021
မြဝတီမြို့ အမှတ် ၇ ရပ်ကွက် တွင်ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ည ၉ နာရီခွဲ အချိန်ခန့်က အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်သွားခဲ့တယ်လို...
18/09/2021

မြဝတီမြို့ အမှတ် ၇ ရပ်ကွက် တွင်
ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ည ၉ နာရီခွဲ အချိန်ခန့်က အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်သွားခဲ့တယ်လို့ သိရပါတယ်.။
သူ့ရဲ့ သေဆုံးမှုမှာ သာမာန်ရောဂါကြောင့် မဟုတ်ဘဲ သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံများအကြား ပြောဆိုမှုတွေလဲရှိနေသလို...
ဖြစ်စဉ်နှင့်ပတ်သက်၍လဲ အမျိုးမျိုးပြောကြားမှုတွေ ရှိနေပါတယ်...။
ဒီကာလမှာ သတင်းအမှန်ကို သိရဖို့အတွက်က... နယ်မြေကွင်းဆင်းစုံစမ်းရန် ယခင်လို မလွယ်ကူသလို ပတ်ဝန်းကျင်မှ သိနေကြပေမယ့် တာဝန်ခံ မပြောရဲသော သတင်းရင်းမြစ်များဖြင့် အခက်ကြုံရပါသည်။
သို့ဖြစ်၍ ခိုင်လုံတဲ့ သတင်းတစ်ပုဒ်ဖြစ်ဖို့အတွက် သိတဲ့သူတွေ များများပြောရန် လိုအပ်ပါသည်။
နေနော်(မြဝတီ)

ပရမ်းပတာမြို့ လူကောင်းနည်းနည်းပဲ ရှိတဲ့မြို့ ဒလန်တွေ စကစထောက်ခံသူတွေ ကြီးစိုးထားတဲ့ မြို့...ဖာရုံ အပေါဆုံး မြို့...ဖွင့်...
17/09/2021

ပရမ်းပတာမြို့ လူကောင်းနည်းနည်းပဲ ရှိတဲ့မြို့
ဒလန်တွေ စကစထောက်ခံသူတွေ
ကြီးစိုးထားတဲ့ မြို့...

ဖာရုံ အပေါဆုံး မြို့...
ဖွင့်ထားတဲ့ ဖာရုံတွေကိုလည်း မြို့လူကြီး
လူကောင်းတွေကပဲ အစုစပ်ပိုင်ဆိုင်ထားတဲ့ မြို့...
လောင်းကစားရုံ ပေါ်တင် ဖွင့်လို့ရတဲ့ မြို့....

ဘာ ခံယူချက်မှ မရှိပဲ
စီးပွားရေးလုပ်ဖို့ လူထုကို ပြန်ဖြဲဖို့
လက်နက်ကိုင်ထားသူတွေ လူပါးဝနေတဲ့ မြို့...
ဆရာကြီး အထာတွေနဲ့ လူရာဝင်ဖို့
ကြိုးစားရင်း လူတောမတိုးတဲ့ သူတွေ
နေတဲ့ မြို့....

အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းမှ
အနေချောင်မယ် ဆိုတဲ့ အတွေးနဲ့
ချီးဘရိန်းတွေ ဗိုလ်လုပ်နေတဲ့ မြို့....

မြေကွက်တွေကို ငါးသလောက်လုပ်စားနေတဲ့ မြို့....
ရာထူးကြီးနဲ့ တာဝန်ကျသူတွေ ပြန်သွားရင်
အထုတ်ကြီးကြီး မသွားတဲ့ နူတ်ဆက်ပွဲတွေ
ခဏခဏ လုပ်ပေမယ့် မြို့နယ်စုပေါင်းရုံး
အပေါ်ထပ်က အိမ်သာ ချီးတွေပြည့်ကျန်ခဲ့ပြီး
လူ့အဆင့်အတန်း မရှိသူတွေ ခဏခဏ
လာအုပ်ချုပ်တဲ့ မြို့....

မြို့ခံ သတင်းထောက်တွေ စစ်အာဏာရှင်
ဆန့်ကျင်ရေးနဲ့ တော်လှန်ရေး G.Z လူငယ်များ
အရေး ရေးချင်ပေမယ့် မရေးရဲတဲ့ မြို့....
ထိုင်းမြန်မာနယ်စပ် အလုပ်သမားရေး
ကူညီပေးသူတွေကို ရန်သူလို ဆက်ဆံတဲ့ မြို့....
အမှန်တရားသမားတွေ ဂေါင်းမထောင်နိုင်တဲ့ မြို့....

ထိုင်းဘက်က အကျင့်ကောင်းကို မယူ
အကျင့်ဆိုးယူပြီး လိုင်းပေါ်ကနေ ချိန်း
အပြင်မှာ မိန်းခလေးချင်း ''ဂွေးတို'' လုပွဲ
ကျင်းပ နပန်းသတ်ကြတဲ့ မြို့....

ညနေတိုင်း အရက်ဘီယာ သောက်တဲ့
ဘုန်းကြီးက အကြမ်းဖက်စစ်တပ်
ဆန့်ကျင်သူတွေကို လက်ညိုးထိုး
လိုက်ဖမ်းခိုင်းနေတဲ့ မြို့....

စကစကို ပေါ်တင် ထောက်ခံပြီး မြို့လူထုကို
ကယ်တင်ရှင် လုပ်ပြသူတွေ နေတဲ့ မြို့....
KTV ညတိုင်း သွားပြီး ဖာကျိုးနေတဲ့
ကောင်က ရွှေမြင်းဝန်ဘုရားပေါ် တက်
ဆရာတော်တွေနဲ့ အတူ တိုက်ပုံဝတ်
လက်အုပ်ချီ ဓာတ်ပုံရိုတ် လိုင်းပေါ်တင်တဲ့ မြို့....

အမျိုးဘာသာ သာသနာဘန်းပြ
လုပ်စားသူတွေ လူတွင်ကျယ် လုပ်နေတဲ့ မြို့....
ခပ်ညံ့ညံ့လူတွေနဲ့ အရမ်းရီကောင်းတဲ့
ဟာသမင်းသားကြီးတွေ နေတဲ့ မြို့....

ကိုယ်တိုင်နေခဲ့စဥ် ကာလ မြင်ခဲ့တာ
လေးတွေ ရေးပြတာ မှန်လွန်းနေရင်းလည်း
စိတ်မဆိုးကြနဲ့ အူး....😁
ကျန်တာတွေ ထပ်ဖြည့်ပေးကြအူး....နော့
မြဝတီသားတို့ ရေ.....😊😆😅

crd: ye min (aac)

Address


Website

Alerts

Be the first to know and let us send you an email when Myawaddy Informations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share