13/03/2021
ရန်သူကို အထင်လည်း မသေးသင့်
အထင်လည်း မကြီးသင့်
တရုတ်သိုင်းဝတ္ထုတွေ ဖတ်ခဲ့ဖူးရင်
သိမှာပါ။
ခု Facebook ပေါ်က ဆိုက်ဝါးတချို့က
ရန်သူဟာ စောက်သုံး လုံးလုံးမကျတဲ့ ပုံစံတွေ
လုပ်ထားတယ်။
Facebook ရုံးချုပ်ကို ဝင်စီးမယ်ဆိုတဲဲ့
ပေါက်ကရစာမျိုးတွေကို
အဟုတ်မှတ်ပြီးရယ်နေချိန်
ဟိုဘက်က ပြန်ရီနေမှာစိုးတယ်။
Facebookပေါ်ကနေ
ဟိုလူ့ဆီ
အကူအညီတောင်းလို့ရပါတယ်
ဒီလူ့ဆီ အကူအညီတောင်းလို့ရပါတယ်ဆိုပြီး
အားပါးတရတင်ကြတော့
အဲ့လူတွေ ဖုန်း အဝင်ကောပိတ်ပစ်တယ်
အိမ်တွေထိ လိုက်ရန်ရှာပစ်လိုက်တယ်
လျှို့ဝှက်ရမယ့် ကိစ္စကို
Public ချ ပြ ပြပြီး
ရန်သူ့ရှေ့ လည်စင်းပေးတာကို
အဟုတ်ထင်နေတယ်
ATM စက်မော်နီတာဖျက်ဆီးတာက
ပြည်သူတွေ ငွေမထုတ်နိုင်အောင် ယုတ်တာလို့မတွေးဘဲ
မော်နီတာခွဲရင် ငွေထုတ်ရနိုင်မယ်ထင်နေတာလို့
အထင်သေးပြီးတွေးတယ်။
ဗုံးထောင်လည်း မဲပေးမှာကနေ
သိမ်းချင် အမှိုက်သိမ်းထိ
အထင်သေးခဲ့တယ်
ပြန်ပေးလိုက်ရတာက ပြည်သူတွေ
အသက်တွေ။
ဖိရင်ကြွ ထိရင်ချက
လေထဲမှာပဲ ရှိနေပြီး
တိုးတိုးဖိခံလာရတာကို မသိဘူး
မနက်ခင်း
လှည်းတန်းဘက် လမ်းလျှောက်တိုင်း
စစ်ကား ရဲကားဟာ ၃/၄ စီးပဲရှိတော့တယ်
ဒါပေမယ့် လမ်းမပေါ် တက်မလာရဲကြတော့ဘူး
အခြေအနေ မကောင်းဘူး
အခြေအနေမကောင်းဘူး ဆိုတာကို
မြိန်ရေယှက်ရေ တင်ကြတဲ့နောက်မှာ
အကြောက်တရားဟာ ကိန်းသွားတယ်။
ရန်သူက ဗျူဟာကျကျ တိုက်တယ်
ကျနော်တို့က
Facebook Name ချိန်း မချိန်း
Public လုပ်မလုပ် လောက် ရယ်
ပြန်ခုခံမှာလား
ပြန် တိုက်ခိုက်မှာလားနဲ့
ပြသနာဖြစ်နေရတုန်း ။
လေထဲက ပိုက်လိုင်းမီးရှို့နေကြတုန်း။
All in one package
နဲ့ R2P ခေါ်ကောင်းတုန်း
Facebook ပေါ်က မကြောက်တရားတွေဟာ
သိပ်အသုံးမဝင်တော့ဘူး
Facebook ပေါ်က အကွက်လှတာတွေဟာ
သိပ်အသုံးမဝင်တော့ဘူး
ပွဲမပြီးပဲ တက်တွေ ခဏခဏထောင်ခဲ့ကြတယ်။
ရန်သူကို တိုက်နေတာလား
ရန်သူ့ဘက်က ကူတိုက်ပေးနေတာလား
ပြန်ဆင်ခြင်နိုင်ကြဖို့တော့
ကောင်းတယ်။
Crd