Nyi Nyi Aung

Nyi Nyi Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyi Nyi Aung, Newspaper, .

15/03/2023

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ပြည်သူတွေကို စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း မတက်မနေရ အတင်အကျပ်စေခိုင်းပ...

09/03/2023

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ရှေးမဆွကတည်းက ဦးဆောင်လှုပ်ရှားခဲ့ကြသည့် မြန်မာနိုင်ငံတွင်းမှ အမျိုးသမီးများနှင့် မိန်းခလေးများကို မိမိတို့ ဂုဏ်ပြုအပ်ပါသည်။

On International Women's Day, we honor all the women and girls who have long advocated for equality, human rights, and democracy in Burma.

"အရပ်သားတွေကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၄ ခုကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး (လူသားချင်းစာနာမှုဆိုင်ရာ ပေ...
09/03/2023

"အရပ်သားတွေကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၄ ခုကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး (လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးရုံး - UNOCHA) က မှတ်တမ်းတင်ထားပြီးသား ဖြစ်တယ်။ ကျနော်တို့စာရင်းမှာ ပိုမိုများပြားတယ်။ ခိုင်မာတဲ့ သဲလွန်စတွေနဲ့ အထောက်အထားတွေ ရှိပေမယ့် ကျနော်တို့ အတည်မပြုနိုင်သေးလို့ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနိုင်သေးတယ်"
Website တွင် ဖတ်ရန် https://bit.ly/42a9Jbs

---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR

အရပ်သား အနည်းဆုံး ငါးဦးကို သတ်ဖြတ်လျှင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု သတ်မှတ်ကြောင်း ဦးအောင်မျိုးမင်းက .....

09/03/2023

ကုလသမဂ္ဂကို တင်သွင်းမယ့် တာတိုင်ရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဧရာဝတီမြစ်နဲ့ မူးမြစ်ဆုံရာမှာရှိတဲ့ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂ရက်မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအပါအဝင် အလားတူဖြစ်ရပ်ပေါင်း အကြိမ် ၃၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရက ပြောပါတယ်။
ဒီဖြစ်စဉ်တွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုရုံးတွေအထိ လက်တွေ့အရေးယူနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်းအပါအဝင် တာတိုင်ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး
ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်အာဏာသိမ်းမှု #စစ်ကောင်စီ #စစ်ကိုင်း #တာတိုင်ရွာ

09/03/2023

တာတိုင်ရွာ နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ - BBC NEWS မြန်မာ

မတ်လ ၂ရက်နေ့မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ တာတိုင်ရွာသားတွေဟာ ရွာမှာ မနေထိုင်ကြတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သူတို့ရွာဟာ ဒေသခံကာကွယ်ရေး တပ်တွေ အားကောင်းတဲ့ ရွာမဟုတ်ဘဲနဲ့ ဘာကြောင့် လူတွေသတ်သွားတယ်ဆိုတာ နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ တာတိုင်မှာ ပီဒီအက်ဖ်၊ ကေအိုင်အေ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။ အပြည်အစုံကို ကိုကျော်ဇေယျက ပြောပြထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်က တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုပိုင်တဲ့ ကုန်တင်ကားတွေကို ...
09/03/2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်က တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုပိုင်တဲ့ ကုန်တင်ကားတွေကို ချောဆွဲပြီး မတ်လ ၉ ရက် မနက်ပိုင်းက ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို တက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ သံချပ်ကာတင့်ကား ၂ စီး အပါအဝင် ကုန်တင်ကားစုစုပေါင်း ၂၈ စီးဟာ စစ်ကောင်စီတပ်သားတွေရဲ့ လုံခြုံရေးအပြည့်နဲ့ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေ သယ်ဆောင်သွားတာကို မြင်ခဲ့ရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်တင်ကားက ၂၆ စီး၊ တင့်ကားက ၂ စီး၊ အဲ့ဒီကုန်တင်ကားထဲမှာ စစ်သားတွေရော လိုက်စီးတယ်။ ကားပေါ်မှာ မိုးကာတွေ၊ လက်နက်တွေ သယ်သွားတာ မြင်လိုက်တယ်။”

မတ်လ ၆ ရက်ကစပြီး စစ်ကောင်စီက မြို့ခံတွေရဲ့ ကုန်တင်ကားတွေ အပါအဝင် ၁၂ ဘီးကား အစီး ၃၀ ဝန်းကျင်ကို ချောဆွဲထားပြီး မိမိတို့ရဲ့စစ်ဌာနချုပ်ကို ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

မုံရွာ၊ မန္တလေး၊ ရန်ကုန်ဘက်ကို ကုန်တင်ကုန်ချပြုလုပ်တဲ့ ကားတွေကို စစ်ကောင်စီက ချောဆွဲထားတာကြောင့် တချို့ကားတွေ မြို့ထဲကို မဝင်ရဲကြဘဲ လမ်းမှာသာ အခြေအနေ စောင့်ကြည့်နေရတယ်လို့ မြင့်မြတ်ကံသာကားဂိတ်မှ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

“သူတို့က ချောဆွဲနေတော့ မဖြစ်မနေ လိုက်ရမှာလေ။ သူတို့လက်နက်တွေ တင်ခိုင်းပြီး ပတ်မောင်းနေရလို့တော့ တို့မိုင်းဆွဲခံပြီး သေကုန်မှာပေါ့။ အခုတော့ စောင့်ကြည့်နေရတဲ့ အနေအထားပဲ။”

စစ်ကောင်စီက မြို့တွင်းကိုဝင်လာတဲ့ ကုန်တင်ကားတွေကို ချောဆွဲထားပြီး ကျန်ရှိနေတဲ့ ကုန်တင်ကားတွေ မြို့ထဲကိုမဝင်ရဲတာကြောင့် မြို့တွင်းကုန်စုံဆိုင်တချို့မှာ ကုန်ပစ္စည်းတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်ကစပြီး စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်ဟာ ကလေးမြို့ဘက်ကနေ ချင်းတောင်ဘက်ကို ခြေချင်တက်ရောက်သွားပါတယ်။

ကလေးမြို့မှ ချင်းတောင်တက်တဲ့ လမ်းမတွေပေါ်မှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ခရီးသွားတာ၊ တောထွက်တာ မပြုလုပ်ကြဖို့ PDF Zoland နဲ့ ကလေးမြို့ပြစီမံချက်အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်က တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုပိုင်တဲ့ က...

ရွှေပြည်သာ ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်လို့ အလုပ်သမားနှစ်ထောင်ကျော် အလုပ်ရပ်နားခံရ  ရန်ကုန်တိုင်း ရွှေ...
01/03/2023

ရွှေပြည်သာ ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်လို့ အလုပ်သမားနှစ်ထောင်ကျော် အလုပ်ရပ်နားခံရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ထဲက Primark Brand အထည်တွေကို ချုပ်လုပ်ကြတဲ့ တရုတ်နိုင်ငံသားပိုင် GTIG နဲ့ GYsan စက်ရုံနှစ်ရုံဟာ အထည်အပ်နှံမှာယူတာတွေ မရှိတော့တာကြောင့်ဆိုပြီး စက်ရုံနှစ်ရုံလုံးပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂ ထောင်ကျော် အလုပ်ရပ်ဆိုင်းခံရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အလုပ်သမား ဥပဒေအရ စက်ရုံပိတ်သိမ်းမယ်ဆိုရင် တစ်လကြိုတင် အကြောင်းကြားရမှာဖြစ်ပေမဲ့ အဲ့ဒီစက်ရုံတွေကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ အလုပ်သမားတွေကို အသိပေးပြီး ၂၈ ရက်မှာ လျော်ကြေးတွေပေးတာဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြန်မာပြည်မှာ အသင့်သောက်ကော်ဖီ၊ မက်ဂီခေါက်ဆွဲနဲ့ မိုင်လိုတို့ကို ရောင်းချနေတဲ့ ဆွစ်ဇာလန် စားသောက်ကုန်လုပ်ငန်းကြီး နက်စ်လေက မြန်မာနိုင်ငံက ထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်လာပြီး အလုပ်သမား ၁၃၈ ဦးအတွက် ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့ AFP ကရေးပါတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ စားသုံးသူအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတွေ မြန်မာနိုင်ငံက ဆက်တိုက်ဆိုသလို ထွက်ခွာနေတာကြောင့် အလုပ်လက်မဲ့ဦးရေတွေ ခုထက်ပိုတိုးလာဦးမှာဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့ မတ်လ ၁ ရက်ထိပ်တန်းသတင်းများစုစည်းမှု
https://www.bbc.com/burmese/articles/cg3rp0g0vzqo
ဓာတ်ပုံ-STUM Myanmar

01/03/2023

အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်း - BBC NEWS မြန်မာ

အခုရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်က အထည်ချုပ် စက်ရုံ၂ရုံ အပြီးတိုင် ပိတ်သိမ်းလိုက်တာကြောင့် ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

အလားတူပဲ နက်စ်လေ စားသောက်ကုန်လုပ်ငန်းက မြန်မာနိုင်ငံကနေ အပြီးတိုင် ထွက်ခွာတော့မယ် ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပြည်လည်ထွက်ခွာသွားခဲ့ကြတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်း မအေးသူစံက ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း

01/03/2023

ပြည်တွင်းမှာထင်ရှားတဲ့ချင်းအဆိုတော်တွေ ၊ အမေရိကန်၊နယူးဇီလန် က ချင်းအဆိုတော်တွေ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်က မီဇိုရမ် အဆိုတော်တွေ စုပေါင်းပြီး
မြန်မာ့အရေး ကို ကမ္ဘာကသိဖို့ ကမ္ဘာကျော် We Are the World သီချင်းကို
Cover Song - ပြန်ဆိုတေး အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါတယ်။
ဒီသီချင်းတင်ပြီး တလအတွင်းမှာပဲ ကြည့်ရှုသူ သန်းချီရှိလာသလို နိုင်ငံတကာ တေးသီချင်းဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကို ရထားပါတယ်။
ဒီသီချင်းကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ အခြေအနေကိုလည်း ကမ္ဘာတဝန်းပိုပြီးသိရှိလာကြပါတယ်။ ဒီသီချင်းဖြစ်ပေါ်လာဖို့ စီစဥ်ခဲ့သူတွေထဲ တစ်ဦးအပါအဝင်
ပါဝင်သီဆိုထားသူတွေထဲ အဆိုတော်အချို့ က ဒီသီချင်းဖန်တီးဖို့ဖြစ်လာတဲ့အကြောင်းဘီဘီစီကိုပြောပြထားကြပါတယ်။ သူတို့ရဲ့ ပြောကြားချက်နဲ့ ပြန်ဆိုတေးရဲ့ ထူးခြားချက်အကြောင်း ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။
ဘီဘီစီမြန်မာပိုင်း

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျရန်ကုန်၊ ဖေဖော်ဝါရီ ၂၃စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ...
23/02/2023

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

" ထူးကြီးကျေးရွာကို စစ်ခွေးတွေကဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာ ရွာလုံးကျွတ် ပြာကျသွားတယ်။ စုစုပေါင်း နေအိမ် ၂၀၀ ကျော်လောက်ရှိမယ်။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ပြည်သူတွေတော့ စစ်ခွေးတွေ မရောက်ခင် ရွာလုံးကျွတ် ရှောင်တိမ်းနိုင်ခဲ့တယ်" ဟု S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကလောနှင့်ဟဲဟိုးမှ တပ်များကို  စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသေ...
23/02/2023

ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသော စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်၊ ကလောနှင့်ဟဲဟိုးဘက်မှ ယနေ့ နံနက်ပိုင်း စစ်ကားများစွာကို စစ်သား အင်အား အပြည့်အစုံ ၊ လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းထွက်ခွာ လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်ကားများဖြင့် လက်နက်အပြည်အစုံ တင်၍ ထွက်ခွာလာ သည် ကိုမြင်တွေ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

"တောင်ကြီးကနေ ကလောဖက်အသွား စစ်ခွေးကားတွေ အတော်များတယ်။ ၅၀ ကျော်လောက်တယ်။ ကားတိုင်းမှာ စစ်သားအပြည့်၊ လက်နက် အပြည့် အစုံ ပါတယ်။ ကလောမြို့ ၁၁၂ တပ်ရင်းရှေ့မှာလည်း စစ်ခွေးကား ၃၀ ကျော် တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။ ဟဲဟိုးဘက်ကလည်း စစ်ကား ၂၀ လောက် ဆင်းလာတယ်။ ကလောနဲ့ ဟဲဟိုးက တပ်ကတွေ အကုန် ထွက် လာ တာ။ အင်အားတော်တော်များပါတယ်။ ကရင်နီ ဘက် သွားတာ မဟုတ်တာ တော့သေချာပါတယ်။ စစ်ကိုင်းနဲ့ မကွေးဘက်လို့ သိရတယ်။ " ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသော ပြည်သူများ၏ သတင်း ပေးပို့ချက်များအရ ကလောနှင့် ဟဲဟိုးတပ်များမှ တပ်ပြောင်းရွှေ့မှုသည် အင်အား ၅၀၀ ကျော်နှင့် ၁၀၀၀ အကြားရှိနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခု ၊ မကွေး တိုင်းအတွင်းရှိ မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ကလောဘက်မှ ဆင်းနေသော စစ်ကားများ။

23/02/2023

အာဆီယံဖြေရှင်းဖို့ခက်နေတဲ့ မြန်မာ့အရေး အမေရိကန်ဦးဆောင်သင့်ပြီလို့ သံအမတ်ဟောင်းပြော
~~~
နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
■ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့အုံကြွတော်လှန်မှုဟာ အဖြေမတွေ့သေးဘဲ တတိယမြောက်နှစ်ထဲ ရောက်လာသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ဒီအကျပ်အတည်းပြီးဆုံးအောင် ကူညီရာရောက်မယ့် အလားအလာကောင်းတဲ့ နည်းဗျူဟာမပေးနိုင်သေးတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က Nikkei Asia (နီကေးအေးရှား) စာစောင်မှာ မနေ့က ရေးသားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ခေါင်းဆောင်တွေဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်းအဖြေရှာရေးနဲ့ ပြေလည်ဖို့ ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ ခေါင်းမာတဲ့ ရပ်တည်ချက်ကြောင့်ရော၊ ဘယ်လိုဆွေးနွေးပွဲကမှ ညှိနှိုင်းလို့ရမှာ မဟုတ်ဘူးဆိုတဲ့ သံသယတွေကြောင့်ပါ အာဆီယံဘုံသဘောတူချက်တွေဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ ဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာအောင် ဆက်ပြီးဆောင်ရွက်ကြမယ်လို့ ပြောဆိုကြပေမယ့်၊ တိုးတက်မှု မရှိခဲ့တာကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒီပုဂ္ဂိုလ်တွေဟာ လူတော်တွေဖြစ်တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင် အာဆီယံအသင်းဝင် နိုင်ငံတွေကြားမှာ အမြင်မတူတာတွေ ရှိခဲ့သလို အဖွဲ့ဝင်အားလုံး သဘောတူနိုင်တဲ့ ပိုကောင်းတဲ့အဆင့်ကို ချဉ်းကပ်ဖို့မဖြစ်နိုင်တာသိနားလည်တဲ့အတွက် ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့က လွဲပြီး တခြားမရှိကြဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒီလိုလမ်းပိတ်နေတဲ့အခြေအနေက အမေရိကန်ကို ပတ်သက်စေခဲ့ပါတယ်။ သက္ကရာဇ် ၂ဝဝဝ ပြည့်လွန်နှစ်တွေက အခြေအနေကို ပြန်ကြည့်ရင် အဲဒီအချိန်မှာ အမေရိကန်က မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့ပြီး အထီးကျန်အဖြစ်ထားမယ့် မူဝါဒအတွက် စည်းရုံးနေတဲ့အချိန်မှာ အာဆီယံအသင်းက မြန်မာစစ်အစိုးရနဲ့စေ့စပ်ဆက်ဆံခဲ့ပါတယ်။

အဲဒီအချက်က အမေရိကန်အစိုးရနဲ့ အာဆီယံဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သလို နှစ်ဖက်စလုံးအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။

လက်ရှိအကျပ်အတည်းမှာတော့ အမေရိကန်က အာဆီယံရဲ့ကြိုးစားမှုကို ပိုပြီးအလေးထားပေးခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုက အကြမ်းအားဖြင့် လက်ခံလို့ရသဖွယ်ဖြစ်ခဲ့ပြီး အမေရိကန်က အာဆီယံရဲ့ အရေးပါမှုကို ပံ့ပိုးခဲ့ပါတယ်။ အဲဒီအပြင် အမေရိကန်အစိုးရမှာ ပိုကောင်းတဲ့ အကြံဉာဏ်သစ် မရှိတဲ့အချက်ကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်တဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်ကို ကျော်လွှားနိုင်ဖို့ မြန်မာ့အရေးကို သမ္မတ ဘိုင်ဒင် အစိုးရအဖွဲ့အနေနဲ့ ဝင်ရောက်ဆောင်ရွက်အောင် တောင်းဆိုဖို့ပဲ ဖြစ်သင့်တယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်း စကော့မာစီရယ်က ထောက်ပြပါတယ်။

အာဆီယံရဲ့ မအောင်မြင်တဲ့ချဉ်းကပ်မှုကိုလည်း အမေရိကန်က ဆက်ပြီး ထောက်ခံပေးနေသလို၊ တစ်ဖက်မှာလည်း အမှောင်ထဲက လူတွေကို အလင်းပိုပြနိုင်ဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးရပ်တည်နေတယ်ဆိုတာ သန္နိဋ္ဌာန်ချပါ၊ ပြီးတော့ အမေရိကန်အစိုးရ ရပ်တည်ပြောဆိုနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးဆိုတာ တကယ်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရစရာ မရှိတော့ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အမေရိကန်က ပါဝင်ဆောင်ရွက်ဖို့ ကြာလေ၊ ယုံကြည်လေးစားမှု ပိုဆုံးရှုံးလေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို အပြည့်အဝထောက်ပံ့မယ့် မူဝါဒတစ်ခု ချမှတ်ဆောင်ရွက်ဖို့အတွက် အမေရိကန်အစိုးရအဖွဲ့ဝင်တွေ မစွန့်စားရဲတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုစွန့်စားလုပ်ကိုင်ဖို့ စိုးရွံ့နေရင် အကြမ်းဖက်မှုတွေပဲ ပိုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒါမှမဟုတ်လည်း မတူကွဲပြားနေတဲ့အဖွဲ့တွေအနေနဲ့ စစ်တပ်ကို တကယ် တိုက်ထုတ်နိုင်မလား၊ တိုက်ထုတ်ပြီးရင်ရော တိုင်းပြည်ကို အတူလက်တွဲနိုင်မလားဆိုတာ မေးမြန်းစုံစမ်းသင့်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီကို တရုတ်က ပိုပြီးထောက်ပံ့လာမယ့် ကိစ္စကိုလည်း အမေရိကန်အာဏာပိုင်တွေ စိုးရိမ်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဆိုပါတယ်။

ဒါမှမဟုတ်လည်း မပြီးမြောက်သေးတဲ့ ယူကရိန်းကိစ္စ ရှိနေသေးလို့လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘယ်လိုအကြောင်းပြချက်ပဲ ရှိနေပါစေ၊ အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုမှာ တော်လှန်ရေးအင်အားစုတွေဘက်မှာ ရပ်တည်ဖို့ သီအိုရီအရ ရှိနေပါတယ်။ ဒါပေမဲ့ အနိုင်ရအောင် ကူညီဖို့ ပါဝင်ပတ်သက်မှုနဲ့ လိုအပ်ချက်တွေ မပေးသေးပါဘူး။

အကျပ်အတည်းကနေ ထွက်ပေါက်ရမယ့်တစ်ခုတည်းသော နည်းလမ်းက မြန်မာစစ်ကောင်စီကို အောင်မြင်အောင်ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ဖြစ်တယ်ဆိုတာ မူဝါဒချမှတ်သူတွေအနေနဲ့ သတိချပ်သင့်တယ်လို့ ဆိုပါတယ်။

ခုခံတွန်းလှန်မှုကို ထောက်ပံ့တာဟာ ပိုပြီးစွန့်စားရပါတယ်။ ဒါဆို အမေရိကန်အနေနဲ့ ဘာလုပ်သင့်သလဲ။ ပထမဦးဆုံးအနေနဲ့ကတော့ အာဆီယံကို ထပ်ခါတလဲလဲ တိုက်တွန်းဖိအားပေးတာ မလုပ်သင့်တော့ပါဘူး။ အဲဒီလိုလုပ်တာဟာ ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကို ထွက်ပေါက်တစ်ခုလို ကြိုးစားနေတာရပ်သင့်ပါပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

၂ဝ၂၃ မှာ အာဆီယံဥက္ကဋ္ဌတာဝန်ရှိလာတဲ့ အင်ဒိုနီးရှားရဲ့ချဉ်းကပ်မှုကို အမေရိကန်အနေနဲ့ ထောက်ပံ့သင့်သလို၊ အာဆီယံရဲ့ ကြိုးပမ်းချက်ကိုလည်း လက်လွှတ်ဖို့မလိုအပ်ဘူး၊ ဒါပေမဲ့ အာဆီယံရဲ့ဆောင်ရွက်ချက်နဲ့လည်း တုတ်နှောင်မနေသင့်ဘူးလို့ ဆိုပါတယ်။

တစ်ဖက်ကလည်း အာဆီယံရဲ့ဗျူဟာကို အသာထားပြီး၊ တော်လှန်ရေးအင်အားစုကို ပိုထောက်ပံ့ဖို့၊ ဒါမှမဟုတ် စစ်ကောင်စီကို ပိုပြီးချိနဲ့အောင်လုပ်ဖို့ သင့်ပါတယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ NUG အစိုးရရော တခြားတော်လှန်ရေး အဖွဲ့တွေနဲ့ပါ တစ်ပြိုင်နက်တည်း ပိုပြီးအဆင့်မြှင့်ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်လို့ထောက်ပြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဆင့်မြင့်အရာရှိချင်းလက်ခံတွေ့ဆုံတာဟာ အကောင်းဘက်ကို ဦးတည်သလို ဒီထက်ပိုပြီးတော့လည်း နိုင်ငံတော်အဆင့်ဝန်ကြီးအပါအဝင် ပုံမှန်ဆက်လက်ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးဖို့၊ ပိတ်ဆို့အရေးယူမှုမှာ အရေးပါအရာရောက်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သံအမတ်ဟောင်း စကော့မာစီရယ်က တိုက်တွန်းရေးသားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ပေးတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးအင်အားစုတွေ တာဝန်ခံမှု ရှိနိုင်ပါ့မလားဆိုတာ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်စရာရှိနိုင်ပါတယ်။ အမေရိကန် အစိုးရအဖွဲ့တွေအနေနဲ့ ဒါကြောင့် အကူအညီပေးဖို့စိုးရိမ်နေတာ လို့ ဆိုမယ့်အစား သူတို့ကို သင်တန်းတွေ ပေးသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဆီ လက်နက်တွေ တိုက်ရိုက်ပို့ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ NUG အစိုးရအနေနဲ့ လက်နက်ဝယ်ဖို့ ဒီငွေတွေကို အသုံးပြုနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီအပြင် တော်လှန်ရေးအင်အားစုတွေကြားမှာ ဆက်သွယ်ရေးကောင်းအောင် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ဖို့နဲ့ ပြည်သူတွေ အင်တာနက်သုံးနိုင်အောင် ကြိုးစားပေးဖို့ အမေရိကန်အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်နိုင်မယ့်စွမ်းရည်ကို ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာ ကူညီစဉ်းစားအကြံဉာဏ်ပေးနိုင်မယ့် စစ်ရေးကျွမ်းကျင်သူတွေကို အမေရိကန် အစိုးရအနေနဲ့ စုပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီနည်းနဲ့အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ဆယ်စုနှစ်နဲ့ချီ ကူညီပံ့ပိုးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအကျပ်အတည်းက အဲဒီကြိုးပမ်းချက်ကို အရှိုက်ထိုးခံရသလိုဖြစ်သွားပါတယ်။

ဒါကြောင့် မြန်မာပြည်ဒီမိုကရေစီနိုင်ငံပြန်ဖြစ်ဖို့ လက်ရှိအာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုတာ သတိမူရင်း၊ မဟာမိတ် အာဆီယံကိုလည်း ဆက်လက် ထောက်ခံရင်း၊ တစ်ဖက်မှာလည်း လိုအပ်နေတဲ့ ခေါင်းဆောင်မှုနေရာကနေ ထောက်ပံ့သင့်၊ ထောက်ပံ့နိုင်ပါတယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်း စကော့မာစီရယ်က ရေးသားလိုက်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးမူ ငါးရပ်ကို တရုတ်ထောက်ခံမှု အာဆီယံ ကြိုဆို~~~■ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ရ...
23/02/2023

မြန်မာပြည် ငြိမ်းချမ်းရေးမူ ငါးရပ်ကို တရုတ်ထောက်ခံမှု အာဆီယံ ကြိုဆို
~~~
■ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ရေး အာဆီယံရဲ့ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi) က ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နဲ့ ဂျကာတာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။

ဒီဘုံသဘောတူညီချက် ငါးချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ပြေလည်စေဖို့အတွက် အာဆီယံရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ မာဆူဒီက ပြောပါတယ်။

အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။

အာဆီယံငြိမ်းချမ်းရေးမူ ငါးချက်ဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေအတွက် တရားဝင်သံတမန်ရေးရာ လုပ်ငန်းစဉ်အဖြစ် ဆက်လက်တည်ရှိနေပေမယ့် အနောက်နိုင်ငံတွေကတော့ ဒီမူတွေနဲ့ ရှေ့မဆက်နိုင်သေးတဲ့အပေါ် စိတ်ပျက်နေကြပါတယ်။
___________________
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) တို့ တွေ့ဆုံစဉ်။ (Photo: Reuters)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
23/02/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်

British companies trialling a four-day working week have mostly decided to stick with it after a six-month pilot in what...
21/02/2023

British companies trialling a four-day working week have mostly decided to stick with it after a six-month pilot in what campaigners for better work-life balance view as a breakthrough.

Employees at 61 companies across Britain worked an average of 34 hours across four days between June and December 2022, while earning their existing salary.

Of those, 56 companies, or 92%, opted to continue like that, 18 of them permanently.

British companies trialling a four-day working week have mostly decided to stick with it after a six-month pilot in what campaigners for better work-life balance view as a breakthrough.

21/02/2023
21/02/2023

AI ဉာဏ်ရည်တုနည်းပညာသုံး ChatGPT ပရိုဂရမ်ကို ဆန်ဖရန်စစ္စကို အခြေစိုက် နည်းပညာ ကုမ္ပဏီ Open AI က ၂၀၂၂ နိုဝင်ဘာလတုန်းက စပြီးမိတ်ဆက်ခဲ့ပါတယ်။ UC Berkeley တက္ကသိုလ်မှာ မြန်မာစာသင်ကြားနေတဲ့ ဆရာတဦးလည်းဖြစ်တဲ့ Kenneth Wong ကို မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Originally published at - https://burmese.voanews.com/a/chat-gpt-kenneth-wong/6960688.html

ဝက်လက် ကာကွယ်ရေးအဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံထားရ~~~~~■ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ...
21/02/2023

ဝက်လက် ကာကွယ်ရေးအဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံထားရ
~~~~~
■ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (Wetlet GZ Special Task Force) အဖွဲ့ဝင် ၁၉ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ Wetlet GZ Special Task Force တာဝန်ခံ ဗိုလ် GZ က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တပ်ဖွဲ့ဝင်လူငယ် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး သုံးဦး ဖမ်းဆီးခံရပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တစ်ဦး ပြန်လွတ်မြောက်လာပေမယ့် ကျန်တဲ့ ၁၆ ဦးကတော့ ဖမ်းဆီးခံထားရဆဲလို့ ဆိုပါတယ်။

သူတို့ကို NUG လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း (၂) က ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖွဲ့အစည်းအချင်းချင်း ဖမ်းဆီးမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြေရှင်းပေးစေချင်တယ်လို့ ဗိုလ် GZ က RFA ကို ပြောပါတယ်။

"ဒီကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတွေ အတတ်နိုင်ဆုံး ဖြေရှင်းပေးဖို့တောင်းဆိုပါတယ်။ အခုလုပ်ပုံက စစ်ကောင်စီနဲ့ မထူးမခြားနားပါပဲ။ တော်လှန်ရေးရဲဘော်အချင်းချင်း လက်နက်အားကိုးပြီး အနိုင်ကျင့်နေတာ"

ရွှေဘိုခရိုင် တပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးကတော့ ပြစ်မှုတစ်ခုနဲ့ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီးထားသူတွေကိုလည်း လူ့အခွင့်အရေးနဲ့အညီ စစ်ဆေးနေတာလို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပြစ်မှုအတွက် ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Wetlet GZ Special Task Force အဖွဲ့ဟာ NUG လက်အောက်ခံ PDF တပ်ဖွဲ့မဟုတ်ဘဲ ဝက်လက်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။
---------------

GZ Special Task Force - Wetlet အဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Photo: GZ Special Task Force - Wetlet)

ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၇ ရွာကို စစ်ကြောင်းထိုး စီးနင်းမှု...
21/02/2023

ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၇ ရွာကို စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်း​နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးရွာရှိ စစ်ရှောင်တဲ ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပုလဲမြို့နယ်၊ ချောင်းဦးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအနီးအနားရှိ စစ်ဘေးရှောင် ပြည်သူများ ဆောက်လုပ်ထားသော စစ်ရှောင်တဲ ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တောသာရွာ၊ ကြူခြံရွာ၊ မုံသွင်ရွာ ၊ကံကြီးရွာ၊ နှောရိုးရွာ၊ တုန်းကန်ရွာ၊ နွယ်အင်းရွာ စသည့် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း သိရှိရသည်။

"ချောင်းဦးက လွန်ခဲ့တဲ့ ၁ နှစ်လောက်တည်းက စစ်ခွေးတွေ မီးရှို့လို့ ရွာလုံးကျွတ် ပြာကျသွားပြီး အခုက ယာတောတွေထဲမှာ တဲထိုးပြီးနေတဲ့ စစ်ရှောင်တဲတွေကို မနေ့က မီးထပ်ရှို့တာ တဲ ၂၀ ကျော်လောက် မီးလောင်ပြာကျသွားပြီ ဒီနေ့လဲ ကျေးရွာ ၇ ရွာကို စီးနင်း စစ်ကြောင်းထိုးနေတယ်။ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျရန်ကုန်၊ ဖေဖော်ဝါရီ ၂၁စစ်ကိုင်းတိုင်း၊ ရ...
21/02/2023

ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

တည်ပင်ရွာသည် ရက်ကန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ လက်ရက်ကန်းရုံများနှင့် စက်ရက်ကန်းရုံများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

" စစ်သားတွေက စပါး​တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။
ရွာကလူ​တွေလည်း နေစရာ စားစရာမရှိ​တော့ပါဘူး။ ရက်ကန်းခတ် လုပ်စား​နေရတဲ့ သူ​တွေလည်း ရက်ကန်းစင် မီးရှို့ခံလိုက်ရလို့ ရွာကလူ​တွေ​ တော်တော် ဒုက္ခရောက်​နေကြပါတယ်။ ရွာက လက်ရက်ကန်း စက်ရက်ကန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုတာပါ။ အဲ့တာ​တွေ မီးရှို့​တော့ စားစရာ​သောက်စရာကို မရှိ​တော့တာပါ။ တော်တော်လေးကို ဒုက္ခ ရောက်နေပါတယ်။ ​နေအိမ် ၁၅၀​ကျော်​ပြာကျ သွားတာပါတယ်။ သံတိုသံစ​ ရောင်းမရအောင်ကိုပါ ပြာကျသွားတာပါ။ ပိုဆိုးတာက​ လုပ်စားစရာကို မရှိတော့တာ ရွာက လူ​တွေ ငိုကြွေး ပူ​ဆွေး​နေပါတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်က အသက် (၂၀) အရွယ် မြသွဲ့သွဲ့ခိုင်သည်  #မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်...
21/02/2023

လွန်ခဲ့သည့် နှစ်နှစ်က အသက် (၂၀) အရွယ် မြသွဲ့သွဲ့ခိုင်သည် #မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်း ပစ်သတ်ခံခဲ့ရပြီး စစ်တပ်၏ ဒီမိုကရေစီစနစ်ကို ဖိနှိပ်ချုပ်ချယ်ရာတွင် ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့သောလူ့အသက်ပေါင်းများစွာအနက်မှ ပထမဦးဆုံး ဖြစ်ပါသည်။ ယနေ့တွင် #ဥရောပသမဂ္ဂသည် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို သဘောတူ ချမှတ်လိုက်သည်။ အကြမ်းဖက်မှုများ ရပ်တန့်စေရမည် ။

မြန်မာ : ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ် (၉ ) ဦးနှင့် အဖွဲ့အစည်း (၇) ခုအပေါ် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီး နှစ်နှစ် အကြာတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ယနေ့တွင် ကောင်စီသည် လူပုဂ္ဂိုလ် (၉ ) ဦးနှင့် အဖွဲ့အစည်း (၇) ခုအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီးနှင့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက် ကိရိယာများ နှင့် စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods) ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ ၊ စစ်အစိုးရနှင့် အနီးကပ် ဆက်စပ်နေသည့် မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးအား သေဒဏ်ပေး ကွပ်မျက်သည့် ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးမှ နိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးမှူးများ နှင့် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် စစ်တပ်မှ ကျူးလွန်သည့် လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများ ပါဝင်ပါသည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသည့် အဖွဲ့အစည်းများစာရင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဌာနများနှင့် ယင်း၏ တရားစီရင်ပိုင်ခွင့် အောက်တွင် ရှိသည့် နိုင်ငံပိုင် လုပ်ငန်းတစ်ခု အပြင် စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် စုစုပေါင်း (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုအ‌ပေါ် အကျုံးဝင်သက်ရောက်သည်။ စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ခံရပြီး ယင်းတို့အား ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားပါသည်။ ထို့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေ ရရှိစေခြင်းအား တားမြစ်ထားသည် ။

ဥရောပသမဂ္ဂမှ အခြား ရေးယူဆောင်ရွက်ချက်များဖြစ်သည့် လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း တားမြစ်ပိတ်ပင်မှုများနှင့် ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ၊ စစ်တပ် နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အသုံးပြုသည့် စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု တားမြစ်ချက်၊ တပ်မတော်နှင့် စစ်ရေးလေ့ကျင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တားမြစ်ခြင်း များ အစရှိသည့် ကန့်သတ်ချက်များလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည် ။

ဤအရေးယူဆောင်ရွက်ချက်များသည် စစ်အစိုးရကို တရားဝင်ဖြစ်စေရန် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်သည့် ဥရောပသမဂ္ဂ မှ မြန်မာနိုင်ငံအစိုးရအားဘဏ္ဍာရေးအကူအညီများ ရပ်တန့်ခြင်းနှင့် ဥရောပသမဂ္ဂ ၏အကူအညီအားလုံးကို ဆိုင်းငံ့ခြင်းအား ထပ်မံအားဖြည့်ခြင်းဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် လိင်နှင့် ကျား-မအခြေပြုအကြမ်းဖက်မှု ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းထောက်များကို နှိပ်စက်ညှဉ်းပန်းမှု ၊ အရပ်သားများကို တိုက်ခိုက်မှုများ ၊ ကလေးသူငယ်များနှင့် နိုင်ငံတဝှမ်းရှိ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ နှင့် ကျောင်းများနှင့် ဆေးရုံများအပါအဝင် မကြာသေးမီက အရပ်သားပစ်မှတ်များကို အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံး ရှုတ်ချပါသည် ။ အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည် ဖြစ်ပါသည် ။ ဥရောပသမဂ္ဂသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ ဖြစ်စေသည့် စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ၏ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုလိုက်သည် ။

အကြမ်းဖက်တိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ရမည်။ စစ်အာဏာပိုင်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝ လေးစားလိုက်နာပြီး ခွဲခြားခြင်းမရှိ အင်အားအသုံးပြုမှု ကို ရပ်တန့်ရမည် ။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရန် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ကူညီ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အတည်ပြုလက်ခံမှုကို ကြိုဆိုပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အီးယူ - အာဆီယံ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများတွင် ထပ်လောင်းပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် အာဆီယံ၏ သဘောတူညီမှု ငါးရပ်ကို သစ္စာရှိရှိ မြန်မြန်ဆန်ဆန် အကောင်အထည် သင့်ပါသည် ။

Two years ago 20-year old Mya Thwe Thwe Khine was shot dead during a protest against the coup in : the first of too many innocent lives taken by the military in their repression of democracy. Today the agreed a 6th package of sanctions. The violence must stop.

Myanmar/Burma: EU imposes sixth round of sanctions against 9 individuals and 7 entities

Two years after the military coup staged in Myanmar/Burma on 1st February 2021, the Council adopted today restrictive measures against 9 persons and 7 entities in view of the continuing escalation of violence, grave human rights violations and threats to the peace, security and stability in Myanmar/Burma.

The sanctioned individuals include the Minister for Energy, prominent businessmen who have supported the regime’s repression with arms and dual use goods, and high-ranking officers in the Myanmar armed forces that are closely associated with the regime. Also listed are politicians and administrators from the Yangon Region involved in the process of death sentences and ex*****on of four democracy activists in July 2022, and in Kachin State, where they oversaw air strikes, massacres, raids, arson and the use of human shields committed by the military.

The listed entities include departments of the Ministry of Defence and a state-owned enterprise under its jurisdiction, as well as private companies supplying fuel, arms and funds to the military.

Restrictive measures currently apply to a total of 93 individuals and 18 entities. Those designated are subject to an asset freeze and a travel ban, which prevents them from entering or transiting through EU territory. In addition, EU persons and entities are prohibited to make funds available to those listed.

Other EU restrictive measure will remain in place: the embargo on arms and equipment and export restrictions on equipment for monitoring communications which might be used for internal repression, the export ban on dual-use goods for use by the military and border guard police, and the prohibition of military training and cooperation with the Tatmadaw.

These measures complement the withholding of EU financial assistance to the government of Myanmar and the freezing of all EU assistance, a tool that might be perceived as a mean to legitimise the junta.

The EU condemns in the strongest possible terms the grave human rights violations, including sexual and gender-based violence, the persecution of civil society, human rights defenders and journalists, attacks on the civilian population, targeting also children and persons belonging to ethnic and religious minorities across the country, and recent deadly air strikes on civilian targets, including on schools and hospitals, by the Myanmar armed forces. Those responsible for the coup, as well as the perpetrators of violence and gross human rights violations, should be held accountable. The EU reiterates its call for increased international preventive action, including an arms embargo in order to cease the sale and transfer of arms and equipment, as they facilitate the military’s atrocities.

All hostilities must stop immediately. The military authorities must fully respect international humanitarian law, and put an end to the indiscriminate use of force.

The European Union supports ASEAN’s and the UN´s efforts to help Myanmar to find a peaceful solution to the crisis and welcomes the UN Security Council’s adoption of Resolution 2669 on Myanmar. Myanmar should swiftly and faithfully implement ASEAN’s Five-Point Consensus, as reiterated at the 40th and 41st ASEAN Summits in November 2022, and at the EU-ASEAN Commemorative Summit in December 2022.

The Council adopted today a sixth round of sanctions in view of the situation in Myanmar/Burma.

Address


Website

Alerts

Be the first to know and let us send you an email when Nyi Nyi Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share