Mandalay People News

  • Home
  • Mandalay People News

Mandalay People News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay People News, Media/News Company, .

UN မှာ မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရမည့် ဦးအောင်ခိုင်ဝင်းနိုင်ငံခြားရေးဝန်ကြီး အဘဦးဝဏ္ဏမောင်လွင် ၏ ကြိုးစားမှ...
24/07/2021

UN မှာ မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရမည့် ဦးအောင်ခိုင်ဝင်း

နိုင်ငံခြားရေးဝန်ကြီး အဘဦးဝဏ္ဏမောင်လွင် ၏
ကြိုးစားမှု့ သမိုင်းမှတ်ကျောက်တင်

ko gyi nal

အောက်ဆီဂျင်သည်လာသောကြက်ခြေနီ ယာဉ်များ အကြမ်းဖက်သမားများကအတိုက်ခိုက် ခံရ....ဇူလှိုင် ၂၃ယမန်နေ့ညပိုင်း အော​က်ဆီဂျင်လေ လိုအ...
23/07/2021

အောက်ဆီဂျင်သည်လာသောကြက်ခြေနီ ယာဉ်များ အကြမ်းဖက်သမားများကအတိုက်ခိုက် ခံရ....

ဇူလှိုင် ၂၃

ယမန်နေ့ညပိုင်း အော​က်ဆီ
ဂျင်လေ လိုအပ်သူများအ တွက် ညတွင်းချင်း အောက်ဆီဂျင်ပေးလှူနိုင်ရန် အမရပူရ ကြက်ခြေနီက အောက်ဆီဂျင်လေအိုးများကို ပို့ဆောင်ပေးခဲ့ပါသည်။

အမရပူရသို့ဦးတည်၍ ကမ်း နားလမ်းအတိုင်း ပြန်လည် မောင်းနှင်လာစဉ် ချမ်းမြသာစည်မြို့နယ် ပေပင်ကျောင်းအနီး လမ်းနှစ်ခွ ခွဲသွားသော လမ်းပေါ်တွင် ကလေးငယ်တစ်ဦး (အသေဟု ယူဆရ) အား လမ်းပေါ်တွင် ကန့်လန့်ချထားပြီး မော်တော်ယာဉ်ဖြင့် တက်နင်းမိအောင် ထောင်ခြောက်ဆင်ထားသည်ကို တွေ့ရှိရ၍ လွတ်အောင် ရှောင်ကွင်းမောင်းနှင်ခဲ့သော ကြက် ခြေနီမော်တော်ယာဉ်ကိုအ ကြမ်းဖက် လူ (၁၀၀) ခန့်ရှိသော လူအုပ်စုမှ ဝိုင်းဝန်း ပိတ်ဆို့တားဆီးခဲ့ပါသည်။

လိုအပ်သော ရှင်းလင်းညှိနှိုင်းခြင်းများ ပြောဆိုဆောင်ရွက်နေစဉ် လူအုပ်အတွင်းမှ အကြမ်းဖက်တဦးက ဝါးလုံးဖြင့် ဝင်ရောက်ရိုက်နှက်ရာ အမရပူရ ကြက်ခြေနီတဦး ညာတထောင်ဆစ်တွင် ဖူးယောင် ဒါဏ်ရာရရှိခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာမှ ထွက်ပြေးသွားကြသည်။ အကြမ်းဖက်
ရိုက်နှက်သော တရားခံများအား ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိပါ သည်။

ကြက်ခြေနီတပ်ဖွဲ့ဆိုသည်မှာ ကမ္ဘာပေါ်မှာ နိုင်ငံရေးနှင့် အကင်းရှင်းဆုံးအဖွဲ့ ဖြစ် သည်။ ကမ္ဘာစစ်များမှအစ သာမန် လက်နက်ကိုင်အချင်းချင်းဖြစ်ကြသည့်စစ်အထိ ကြက်ခြေနီကို မတိုက် ခိုက်ကြရပါ။

အခုတော့ ပါတီတစ်ခုအတွက် ပြည်သူများ၏အသက်ကိုပင် စတေးကြသည့် အစွန်းရောင်သူများဖြစ်လာကြသည်။ ကပ်ရောဂါဖြစ်ဒုက္ခရောက်နေကြချိန် ဤကဲ့သို့ အစွန်း ရောက်လုပ်ရပ်များကို ကြည်သူများကလည်း ရှုတ်ချ တွန်းလှန်ကြပေမည်။

Up To date News

မွေးထားတဲ့သားအချိန်တန်တော့ ချွေးမကိုပေးလိုက်ရတယ်ချစ်ပါတယ်ဆိုတဲ့ သမီးကလေးအချိန်တန်တော့ သားမက်ကိုပေးလိုက်ရတယ်ရှာထားတဲ့ပစ္စ...
22/07/2021

မွေးထားတဲ့သား
အချိန်တန်တော့ ချွေးမကိုပေးလိုက်ရတယ်

ချစ်ပါတယ်ဆိုတဲ့ သမီးကလေး
အချိန်တန်တော့ သားမက်ကိုပေးလိုက်ရတယ်

ရှာထားတဲ့ပစ္စည်း
သုံးရင်းနဲ့ ကုန်ကုန်သွားတယ်

ကျန်တဲ့ပစ္စည်း သေတော့ထားခဲ့ရတယ်

အမြတ်တနိုးဝတ်ထားတဲ့ ရတနာတွေ
သေတော့ ဝိုင်းဖြုတ်ကြတယ်

နေခဲ့တဲ့အိမ်ကြီး သေတော့ ဆင်းပေးရတယ်

ချစ်ပါတယ်ဆိုတဲ့ လူတွေကလည်း
သေတော့ သေခန်းပြတ် ထားခဲ့ကြမှာ

ဘယ်မှာလဲ ငါပိုင်တဲ့အရာ....

ဒါန သီလ ဘာဝနာ အပိုင်လုပ်မထားရင်
လက်ဗလာနဲ့ အပြန်ခရီး
ဝမ်းနည်းပူဆွေးစွာ ပြန်ကြရပါလိမ့်မယ်....
ဘုရားတရားလေးများများလုပ်နိင်ကြပါစေ

19-7-2021 ည ၆ နာရီခန့် အောင်မြေသာစံမြို့နယ်၊ ဥပုဒ်တော်ရပ်ကွက်၊ ၈လမ်း၊ ၇၃ × ၇၆  ကြား မှန်ကင်းပဇ္ဇောတာရုံဘုန်းကြီးကျောင်းအ...
21/07/2021

19-7-2021 ည ၆ နာရီခန့် အောင်မြေသာစံမြို့နယ်၊

ဥပုဒ်တော်ရပ်ကွက်၊ ၈လမ်း၊ ၇၃ × ၇၆ ကြား မှန်ကင်း

ပဇ္ဇောတာရုံဘုန်းကြီးကျောင်းအား သတင်းအရ ရှာဖွေ

ခဲ့ရာ M 32 ဆုံလည် 40mm(၁)လက်၊ ၎င်းဗုံးသီး

(၉၂)လုံး၊5.56mmကျည် (၅၈၀)၊တရုတ်လပဗ

(၃)လုံး၊ဟွန်ဒါပတ်စကော့ခဲရောင်1D-4468(လိုင်စင်

မဲ့)တို့အားရှာဖွေတွေ့သိမ်းဆည်းရမိခဲ့။
ဆြာချစ်

🙏🙏🙏လိုင်းပေါ်မှာသံဃာတော်အရှင်သူမြတ်များPPE  ဝတ်စုံဝတ်ပြီး လူတွေရဲ့အသက်ကိုကယ်နေတဲ့ပုံတွေအပေါ်တချို့ကကဲ့ရဲ့နေကြလေရဲ့....အင...
17/07/2021

🙏🙏🙏

လိုင်းပေါ်မှာ
သံဃာတော်အရှင်သူမြတ်များ
PPE ဝတ်စုံဝတ်ပြီး လူတွေရဲ့အသက်ကိုကယ်နေတဲ့ပုံတွေအပေါ်တချို့ကကဲ့ရဲ့နေကြလေရဲ့....

အင်မတန်မှ အသိနည်းကြသော
အမှားကြီးမှားနေကြသော သူများပါပေ....

ဒါတွေကြောင့်လည်း
သည်လိုဘေးဒုက္ခဆိုးတွေကို
ကြုံတွေ့ကြရခြင်းပါဘဲ.....

မြတ်ဘုရားရှင်ရဲ့ တရားအဆုံးအမများကို သိလည်းမသိကြ သိအောင်လည်းကြိုးစားခြင်းမရှိ အကုသိုလ်ကြီးစွာနဲ့
ထင်ရာမြင်ရာ ပြောကြဖို့သာသိတဲ့
လူယုတ်မာများအတွက် အလွန်သနားစရာကောင်းမိသည်ပင်......

အရှည်မပြောတော့ပါဘူး
အနှစ်ချုပ်ပြောရရင်
မြတ်ဘုရားရှင်က
ဂီလာန လို့ခေါ်တဲ့ ရောဂါသည်တွေကို
တွေ့ရင် ကိုယ်ဖိရင်ဖိပြုစုစောင့်ရှောက်ကြတဲ့....

အဲဒီလိုစောင့်ရှောက်တဲ့သူဟာ ငါဘုရားရှင်ကိုပြုစုတဲ့ကုသိုလ်နဲ့အညီကုသိုလ်ရတယ်တဲ့......

အဲဒီလိုပြုမူနေတဲ့သူတွေကို
ငါဘုရား သာဓု ခေါ်သတဲ့......

ရောဂါဖြစ်နေတဲ့သူတွေကို မစောင့်ရှောက်ဘဲ မျက်နှာလွှဲခဲ့ရင် ငါဘုရားကဲ့ရဲ့တော်မူမယ်တဲ့....

နားရောလည်ကြပါရဲ့လား
သူယုတ်မာအပေါင်းတို့.....

ခေတ်အခါအရ သင်္ကန်းတော်ရဲ့အပေါ်
PPE ဝတ်စုံထပ်ဝတ်ရတာက
ကူးစက်မခံရအောင်ပါ ....

ဒီလိုကိစ္စအပေါ်
မြတ်ဘုရားရှင် သက်တော်ထင်ရှားရှိရင်လည်း
ခွင့်ပြုတော်မူမှာပါဘဲ.....

မြတ်စွာဘုရားရှင်က အတ္တသမားမဟုတ်
ပရဟိတသမားပါ.....

ဒီနေ့ ဒီအချိန် ပရဟိတ ကို နိုင်ငံရေးနဲ့မယှက်နွယ်ဘဲ ပရဟိတ သီးသန့်လုပ်နေတဲ့ သူတော်ကောင်းများဟာ
မြတ်ဘုရားသာဓုခေါ်တဲ့အထဲပါကြတဲ့သူများပါ....

စိတ်ထားတတ်ရင်
အလွန်ဘဲကုသိုလ်ဖြစ်တဲ့အလုပ်ပါ.....

လူတိုင်းလည်းမလုပ်နိုင်ကြပါဘူး.....

ဒါ့ကြောင့် မိမိမလုပ်နိုင်တဲ့အလုပ်တွေကို
လုပ်နေကြတဲ့ ပရဟိတသမားစစ်စစ်တွေကို အားပေးပါ
ကူညီပါ
စောင့်ရှောက်ပါ ...

ရောဂါဘယများမှကင်းဝေးကြရအောင်
ဆုတောင်းပေးကြပါ......

အားလုံး ကျမ္မာ ချမ်းသာ ကြပါစေ

ကပ်ဘေးကြီးမှလည်းကင်းဝေးကြပါစေ

ကပ်ဘေးကြီးလည်းအမြန်ဆုံးပြီးပါစေ

🙏🙏🙏🙏🙏🙏🙏🙏🙏

ကြည်နူးစရာမြင်ကွင်း================မန္တလေး ပြည်သူ့ဆေးရုံကြီးအတွက်အောက်ဆီဂျင် ၂၆ တန်ကိုတင်လာတဲ့ကားကဆေးရုံဝန်းတဲ့ ရောက်တဲ့...
17/07/2021

ကြည်နူးစရာမြင်ကွင်း
================
မန္တလေး ပြည်သူ့ဆေးရုံကြီးအတွက်
အောက်ဆီဂျင် ၂၆ တန်ကိုတင်လာတဲ့ကားက
ဆေးရုံဝန်းတဲ့ ရောက်တဲ့အခါ
ဆရာတော်တွေက
ဘေးအန္တရာယ်ကင်းရှင်းဖို့
မေတ္တာပရိတ်တွေနဲ့ ဆီးကြိုပေးခဲ့သလို
တရုတ်ပြည်ကနေ ဆေးရုံကြီးအထိ
ချောချောမွေ့မွေ့ မောင်းနှင်ပေးခဲ့တဲ့
ကားဆရာတွေကိုလည်း
မေတ္တာပန်းတွေနဲ့ ဆီးကြိုပေးခဲ့ကြတယ်……

သာမာန်ချိန်မျိုးမှာ
အရေးမကြီးလှပေမယ့်
နိုင်ငံရေးအရှုပ်အထွေးတွေကြားထဲမှာ
တရုတ်ပြည်ကနေ မန္တလေးအထိ
ဂရုတစိုက်နဲ့ မောင်းနှင်ပေးခဲ့တဲ့ကားဆရာတွေလည်း
အတော်အတန်တော့ တာဝန်ကြီးပြီး
စိတ်မောရမှာအမှန်ပါပဲ…….

ခုတော့
သူတို့လုပ်နိုင်ခဲ့ပါပြီ….

#ဖိုးစီ
https://t.me/Phoesi789/991

ဒီလို တွေ့လို့ဒီလိုတင်ပေးလိုက်သည်။မန္တလေးသူ/မန္တလေးသားများအတွတ်မင်္ဂလာသတင်းပါဗျို့။မန္တလေးမြို့မှ အောက်စီဂျင် လိုအပ်သူမျ...
17/07/2021

ဒီလို တွေ့လို့
ဒီလိုတင်ပေးလိုက်သည်။

မန္တလေးသူ/မန္တလေးသားများအတွတ်
မင်္ဂလာသတင်းပါဗျို့။

မန္တလေးမြို့မှ အောက်စီဂျင် လိုအပ်သူများ လာဖြည့်နိူင်ပါပြီတဲ့
အောက်စီဂျင်ရပါပြီး အခုလာဖြည့်နိုင်ပါပြီးတဲ့။

မန္တလေးတိုင်းဒေသကြီး
မဟာအောင်မြေမြို့နယ်
မဟာမင်းထင်တိုက်၊
မိုးကုတ်ရိပ်သာကျောင်း
ချမ်း/မြောက်
သီတာအေး(၉၀၁)ရပ်ကွက် ၇၈လမ်း၊
အမှတ်(၁၁)ရဲစခန်းတောင်ဘက်
ပညာပျိုးခင်းမှတ်တိုင်မြောက်ဘက်။
ဖုန်း-02-4076534;
02-4076261;
09-456555050;
09-456555060;
cird.....

#ရဲကိုနိုင်(ရှစ်လေးလုံး)
စောင့်ကြည့်အကြံပေး လွတ်လပ်သောအရပ်ဖက်အဖွဲ့အစည်း(အထူး)အဖွဲ့။
#အထူးအဖွဲ့အစည်း


မြန်မာနိုင်ငံလုံးဆိုင်ရာရှစ်လေးလုံးလူထုကွန်ရက်(မြန်မာနိုင်ငံ)။

အောက်စီဂျင် စက်ရုံများအား အောက်ဆီဂျင် ဖြည့်ပေးပါက ဗုံးခွဲတိုက်ခိုက်မည်ဟု NLD အကြမ်းဖက် PDF များ ခြိမ်းခြောက်ရန်ကုန်၊ ဇူလ...
17/07/2021

အောက်စီဂျင် စက်ရုံများအား အောက်ဆီဂျင် ဖြည့်ပေးပါက ဗုံးခွဲတိုက်ခိုက်မည်ဟု NLD အကြမ်းဖက် PDF များ ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အောက်စီဂျင် စက်ရုံများအား အောက်စီဂျင်များ ဖြည့်ပေးပါက ဗုံးခွဲတိုက်ခိုက်မည်ဟု NLD အကြမ်းဖက် PDFများက ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့သော ခြိမ်းခြောက်မှုများကြောင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အောက်စီဂျင် စက်ရုံတစ်ရုံတွင် အောက်စီဂျင် ဖြည့်ပေးမှုများ ရပ်တန့်ထားရသည်ဟု ကြားသိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေး အဖွဲ့များထံ အကြောင်းကြားထားပြီး လုံခြုံရေးရှိမှသာ ဖြည့်တင်းပေးနိုင်မည့် အခြေအနေမျိုး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။

အဆိုပါ အခြေအနေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက "ရိုင်းစိုင်းယုတ်မာတာပါ။ အဲဒီအောက်စီဂျင်တွေက စစ်သားတွေအတွက် သုံးမှာမဟုတ်ပါ ပြည်သူတွေအတွက်သုံးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ သေဆုံးမှုဖြစ်ပါက တရားခံအစစ်မှာNLD အကြမ်းဖက် PDF များသာ ဖြစ်ပါတယ်" ဟု ဖော်ထုတ် တင်ပြထားသည်။

NLD လွှတ်တော်အမတ်ဟောင်း တချို့နှင့် ပြည်ပမှ နိုင်ငံရေးဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် ဖန်တီးနေသည့် CRPH, NUG, PDF အကြမ်းဖက် အဖွဲ့ဝင်များသည် အများပြည်သူများ ကပ်ရောဂါဘေး ရင်ဆိုင် ကြုံတွေ့ နေရချိန်တွင် အောက်စီဂျင်ဗူးများကို သိုလှောင်ထားခြင်း၊ အသုံးမပြုနိုင်ရန် ဖျက်ဆီးခြင်းများအပါအဝင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်နေသူများကို လုပ်ကြံသတ်ဖြတ်သည်အထိ ဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။

 #အပြစ်ကင်းမဲ့သူ တစ်ယောက်ကို   ကြီးမားတဲ့ အပြစ်ပေးပြီး      ဆုံးမခြင်းဟာ။ ဆုံးမသူကိုယ်တိုင်           အပြစ်ကို ကျူးလွန်ခ...
14/06/2021

#အပြစ်ကင်းမဲ့သူ တစ်ယောက်ကို
ကြီးမားတဲ့ အပြစ်ပေးပြီး
ဆုံးမခြင်းဟာ။ ဆုံးမသူကိုယ်တိုင်
အပြစ်ကို ကျူးလွန်ခြင်းပဲ။

#လူအချို့က လူတစ်ယောက်ကို
အပေါ်ယံမြင်ယုံနဲ့ ပြစ်တင်စော၊
ကဲရဲ့စော၊ ဝေဖန်ရှုံ့ချမှုတွေ စောလွန်း၏။

#နေ့စဉ်ဆုံတွေ့နေရတဲ့ လူအများစုမှာ
ကိုယ်မမြင်နိုင်၊ မသိနိုင်တဲ့ အကြောင်းတရား
များစွာရှိသလို၊ အခြေနေအမျိုးမျိုးမှာ
နေထိုင်ကြရတယ်။

#လောကမှာ ဒေါင်းယောင်ဆောင်တဲ့
ကျီးတွေများစွာရှိသလို၊ အစစ်မှန်ထက်
အတုယောင်တွေက နေရာယူလွန်းတယ်။

#ပွင့်လင်းရိုးသားခြင်းထက်၊ အပေါ်ယံ
ဟန်ဆောင်ခြင်းတွေက များလွန်းတယ်။

#စာဖတ်သူရေ ဘယ်အရာကိုမှ
ကိုယ့်စိတ်ရဲ့ ထင်မြင်ချက်အတိုင်း
မစဉ်းစား၊ မဆင်ခြင်ဘဲ မလုပ်မိပါစေနဲ့။
စဉ်းစားဥာဏ်မဲ့တဲ့ လုပ်ရပ်တိုင်းဟာ
နောင်တတွေနဲ့ အဆုံးသတ်ရတာများတယ်ကွယ်။

#သုခိတာ # ချစ်သမီး
လွတ်လပ်စွာ မျှဝေနိုင်၏။

လိုသုံးဆိုတဲ့ စကားလုံးကို ကြားဖူးတယ်မလား။တစ်ခုခုများလိုအပ်တဲ့အခါ မျက်နှာချိုနေဖို့လဲ ဝန်မလေးဘူး တစ်ရက်လုံးအားနေတာကလဲသိပ်...
14/06/2021

လိုသုံးဆိုတဲ့ စကားလုံးကို ကြားဖူးတယ်မလား။

တစ်ခုခုများလိုအပ်တဲ့အခါ
မျက်နှာချိုနေဖို့လဲ
ဝန်မလေးဘူး

တစ်ရက်လုံးအားနေတာကလဲ
သိပ်ပြီးတော့
မထူးဆန်းဘူးလေ ။

ကိုယ်မှ မကူရင်
ဒုက္ခရောက်တော့မယ့် ယုန်သူငယ်လို
မျက်နှာငယ်လေးနဲ့
ကိုယ့်အနားကို ကပ်တယ် ။

လိုချင်တာ ရပြီးသွားတဲ့အခါ
တစ်ရက်လုံးအားနေတဲ့ဖုန်းတွေဟာ
စက္ကန့်မလပ် မအားတတ်တော့ဘူး
ချိုနေတဲ့အပြုံးတွေဟာ
မရှိသလောက် ရှားသွားတယ်

သူလိုချင်တာရလာတာဟာ
သူ့ကြိုးစားမှုကြောင့်လို့ ကြွားတယ် ။

လိုသုံးပေါ့...

လိုအပ်တဲ့အခါလာတယ်
လိုချင်တာ ရပြီးသွားတဲ့အခါ
မေ့သွားတတ်ကြတယ် ။

#သျှင်ယွန်း

 #ဖိနပ်ဘယ်လောက်အဖိုးတန်တန်ခေါင်းမှာပန်လို့တော့ မရဘူး။  #လူယုတ်မာဘယ်လောက်တော်တော်သူတော်ကောင်းဘွဲ့တော့ မရဘူး။  #မိဘဘယ်လောက...
12/06/2021

#ဖိနပ်
ဘယ်လောက်အဖိုးတန်တန်
ခေါင်းမှာပန်လို့တော့ မရဘူး။

#လူယုတ်မာ
ဘယ်လောက်တော်တော်
သူတော်ကောင်းဘွဲ့တော့ မရဘူး။

#မိဘ
ဘယ်လောက်ပဲ သားသမီးကိုချစ်ချစ်
မချစ်တတ်ရင် ချစ်ရာမရောက်ဘူး။

#သားသမီး
ဘယ်လောက်ပဲ မိဘကဆိုးဆိုး
မပြစ်မှားထိုက်ဘူး။

#ဆရာ
ဘယ်လောက်ပဲ ပညာတွေစုံစုံ
လမ်းမှားကို သင်ပေးနေရင်
တပည့်တွေ ဒုက္ခရောက်တယ်။

#တပည့်
ဘယ်လောက်ပဲ ဆရာဆိုးဆိုး
လမ်းမှန်ကိုညွှန်ပြရင် ချဥ်းကပ်သင့်တယ်။

#သူငယ်ချင်း
ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းကောင်း
လမ်းမှားကိုဆွဲ​ခေါ်နေရင် မပေါင်းထိုက်ဘူး။

#မိသားစု
ဘယ်လောက်ပဲ သဘေားထားတွေ
ကွဲလွဲနေပါစေ သွေးတော့မကွဲသင့်ဘူး။

#ချစ်သူ
ဘယ်လောက်ပဲ ချစ်ချစ်
နာကျင်မှုတွေပေးနေရင် လမ်းခွဲသင့်တယ်။

#အိမ်ထောင်ရေး
ဘယ်လောက်ပဲ နားလည်မှုတွေပေးပေး
ဖောက်ပြန်တာကိုတော့ လက်မခံသင့်ဘူး။

#ပတ်ဝန်းကျင်
ဘယ်လောက်ပဲ ဝေဖန်ဖန်
ကိုယ်အနေမှန်ရင်
ဝေဖန်တာတွေ ရပ်သွားလိမ့်မယ်။

#စကား
ဘယ်လောက်ပဲ တတ်တတ်
လိုအပ်သလောက်ပဲ ပြောသင့်တယ်။

#နား
ကိုယ်အပြောထက်
သူပြောကို နားထောင်ပေးတာ
ပိုပြီးအကျိုးရှိတယ်။

#မျက်စိ
ကိုယ်ဘာမြင်လိုက်သလဲဆိုတာက
ကိုယ်ဘယ်လို ကြည့်သလဲဆိုတဲ့အပေါ်မှာ မူတယ်တယ်။

#အကျင့်
ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး
အကျင့်ကောင်းနေရင် လူချစ်တယ်။

#မာန
ဘယ်လောက်ပဲ ပညာတတ်တတ်
မာန်ရှိနေရင် ပညာရှိမဟုတ်ဘူး

#စေတနာ
ဘယ်လောက်ပဲ ပါပါ
ဉာဏ်ပညာမပါရင် မထိရောက်ဘူး။

#ဝီရိယ
ဘယ်လောက်ပဲ ကောင်းကောင်း
ဉာဏ်ပညာနဲ့မလုပ်ရင် မအောင်မြင်နိုင်ဘူး။

#ပိုက်ဆံ
မရှိခင် ချွေတာစုဆောင်းပြီး
ရှိလာတဲ့အခါ မျှဝေသုံးစွဲသင့်တယ်။

#အကောင်းမြင်စိတ်
မိမိစိတ်ကို ငြိမ်းချမ်းစေဖို့
လိုကို လိုအပ်တဲ့အရာဖြစ်တယ်။

#စာအုပ်စာပေ
စာပေအရသာကို ခံစားမိရင်
စာဖတ်ချိန်ဆိုတာ
အလိုလို ရလာပါလိမ့်မယ်။

#အရှင်လက္ခဏ(အင်းပါ)လေးစားစွာဖြင့်
🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍 Honey🎍

ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ ”ချစ်တယ် ချစ်တယ်နဲ့ ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်  စာနာတယ် သနားတယ်နဲ့ နှ...
09/06/2021

ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ ”

ချစ်တယ် ချစ်တယ်နဲ့
ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်

စာနာတယ် သနားတယ်နဲ့
နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ်

ကူညီတယ် ကူညီတယ်နဲ့
အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ်

ချီးကျူးတယ်ချီးကျူးတယ်နဲ့
အပုပ်ချသွားတတ်တဲ့သူတွေရှိမယ်

လောကကြီးထဲမှာ
နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
အတွင်းသဘောက
ပုပ်ပွနေတတ်ကြတာကို သင်သိတားပါ

ဘ၀သင်ခန်းစာဆိုတာ
ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
စိတ်ဆင်းရယ်တဲ့ ဒုက္ခခံစားရမှု့တွေကို
ရှောင်ရှားနိုင်ပါလိမ့်မယ်

ဒါကြောင့် နှုတ်ခမ်းဖျာက
စကားတွေမှာ သာယာပြီး
လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့
လူတိုင်းကိုလည်း အထင်မကြီးနဲ့
လူတိုင်းကိုလည်း အယုံမလွယ်နဲ့
လူတိုင်းကိုလည်း အားမကိုးမိစေနဲ့

လူဆိုတာ အားနည်းချက်ကိုမှ
ချနင်းသွားတတ်ကြတယ်

မြေပျော့ရင် ခြေရာကျန်သလို
စိတ်ပျော့ရင် တစ်သက်လုံး
ဒဏ်ရာထင်ကျန် နေတတ်တယ်

မိမိအားနည်း အခက်အခဲများကို
ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။
အမြဲတမ်း စိတ်ဓာတ်မာကျောရဲရင့်သူဖြစ်နေပါစေ

မိမိဘ၀ကို မိမိကိုယ်တိုင်
လျှောက်လှမ်းကြရာမှာ
မိမိကိုယ်ကိုအားကိုးပါ ယုံကြည်ပါ
ရဲရင့်ပါ ဇွဲလုံလ ဝီရိယထားပါ
စိတ်ဓာတ်မာကျောပါ
ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့

ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
ပြန်လှည့်မကြည့်ပါနဲ့
မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
မိမိသွေးသား စိတ်ဝိညဉ်တို့
တည်ကြည်ခိုင်မြဲနေပါစေ

မိမိဘ၀ကို ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ.။

ဆရာဝန်မကြီးသတိပေးနေပြီ...🔻💣 #အရေးကြီးပါသည်______ကာကွယ်ကြပါအနံ့မရသူD6I4G...သန္ဓေပြောင်း..ဗိုင်းရပ်စ်ဟာ...ကူးစက်...၁၀..ဆ.....
08/06/2021

ဆရာဝန်မကြီးသတိပေးနေပြီ...🔻💣

#အရေးကြီးပါသည်______ကာကွယ်ကြပါ

အနံ့မရသူ
D6I4G...သန္ဓေပြောင်း..ဗိုင်းရပ်စ်ဟာ...
ကူးစက်...၁၀..ဆ..မြန်နေပါသည်..

ကာကွယ်ထားပါ....
တစ်ခုချင်း..တင်ပြပါမည်....

၁... အားဆေး....ဗီတာမင်..အီး...စီ....ဒီ.....
သောက်ထားပါ...

၂...
အဖျားဝင်မလိုဖြစ်ရင်....ပါရာစီတမော့..
တစ်ရက်..၃..ကြိမ်သောက်ပါ....

ချောင်းဆိုးပြီဆိုရင်....ဒက်စထရိုမီသောဖန်..အိုင်ဗျူ ပရိုဖန်...
ဆေးအညွန်းအတိုင်းသောက်ပါ...

၃.....ဆားရေ..အာလုပ်ကျင်း...ရေနွေးသောက်..
ရေနွေးသောက်ရင်း...အငွေ့ကို..ရှူ..သွင်းပါ...အခိုး..အငွေ့ အငံ..အစပ်..ဓာတ်နဲ့တွေ့ရင်..ဝင်နေတဲ့..ပိုး.သေပါတယ်..
ဗိုင်းရပ်စ်ပိုးကို....နိုင်တဲ့..ဓာတ်ပါ..အပူ..ဓာတ်ပိုကြောက်တယ်....

အဆုတ်. မရောက်ဖို့ ..ဒီနည်းပဲ..ရှိပါသည်

ဗိုင်းရပ်စ်သည်..အဆုတ်ကို.တိုက်ခိုက်ပါသည်....

အဆုတ်နဲ့...လေပြွန်လမ်းကြောင်းတွေကို..
ထူထဲတဲ့..ချွဲသလိပ်တွေနဲ့...ပိတ်ဆို့ပြီး.
အစိုင်အခဲဖြစ်စေခြင်းအားဖြင့်
အသက်ရှုလမ်းကြောင်းကို..ပိတ်ဆို့စေပါတယ်.....

ဗိုင်းရပ်စ်သည်...ဘယ်ကဝင်ဝင်..လည်ချောင်းတွင်း...
၄..ရက်ခန့်ကြာနေထိုင်ပါသည်.....

ထို့ကြောင့်...ပူသောအရည်ကော်ဖီ....စွပ်ပြုတ်..ရေနွေး
များများ..သောက်ပြီး..ကာကွယ်ပါ.....ဗိုင်းရပ်စ်ကို
အစာအိမ်ထဲသို့ပို့ကာ အက်ဆစ်များဖြင့်အစာခြေခြင်းဖြင့်...
အဆုတ်ထဲမဝင်အောင်..တားဆီးပေးပါလိမ့်မည်....

ဖြစ်နိုင်ရင်...ရှာလကာရည်..သံပုရာရည်...လိမ္မော်ရည်...
ဆားထည့်..ရေနွေးပူပူ..ဖြင့်.သောက်ပေးပါ
တစ်ရက်..တစ်ကြိမ်လောက်သောက်ပေးပါ

ထမင်းစားရင်...ကြက်သွန်ဖြူ.....ကြက်သွန်နီ...
အစိမ်းမြုပ်စားပါ..အပူ..အခိုး.အငွေ့ဓာတ်သည်..
ဗိုင်းရပ်စ်ကို..နိုင်သည့်..ဓာတ်ဖြစ်ပါသည်

အနံ့မရ..ဖြစ်လာပြီဆိုရင်..ဆရာဝန်ပြ..
ရမှာ ဖြစ်ပါသည်...

ထို့ကြောင့်..မိမိကိုယ်ကို...ကာကွယ်ရင်း..ဆရာဝန်.. ဆရာမ.. ကျန်းမာရေး...ဝန်ထမ်းများကို..
ကူညီကြပါစို့လို့

အမျိုးတွေအား တင်ပြ လိုက်ပါသည်...ရှင်.....

ကျွန်မ..ဗိုင်းရပ်စ်.ကို...၄..လ..တိတိ..တိုက်ပွဲဝင်..ကုသ ပေးခဲ့ရသူ
ခွဲစိတ်..အထူးကု-.နောက်ဆုံးနှစ်က
ဒေါက်တာနန်းခင်ညွန့်ပါရှင်

ကျနော်အမျိုးများအားလုံးအခုဒိပိုစ့်လေးကိုအများသိ့စေချင်လို့ပါ
Share ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်
ခင်ဗျာ~~~~

#စစ်သွေးcrd

❝ စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ ❞စကားကို ထိန်းထိန်းသိမ်းသိမ်းပြောတတ်ခြင်းဟာလည်း ပညာရပ်တစ်ခုဖြစ်ပါတယ်။ရောဂါဆိုတာ ပါးစပ...
08/06/2021

❝ စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ ❞

စကားကို ထိန်းထိန်းသိမ်းသိမ်း
ပြောတတ်ခြင်းဟာလည်း
ပညာရပ်တစ်ခုဖြစ်ပါတယ်။

ရောဂါဆိုတာ
ပါးစပ်ပေါက်ကနေ၀င်ပါတယ်။
မဆင်မခြင် စားခဲ့ရင်ပေါ့။

ပြဿနာဆိုတာလည်း
ပါးစပ်ပေါက်ကနေထွက်ပါတယ်။
မဆင်မခြင်ပြောခဲ့ရင်ပေါ့။

စကားကို ဘယ်လိုပြောမယ်။
ဘယ်အချိန်မှာပြောမယ်။
အာယားတိုင်း လျှောက်မပြောဘူး။
ဒါတွေဟာ စကားပြောတဲ့ အနုပညာပါ။

စကားပြောတတ်ဖို့သုံးနှစ်တောင်မှ
ကောင်းကောင်း မသင်ခဲ့ရပါဘူး။
ပါးစပ်ပိတ်တတ်ဖို့
တစ်သက်လုံးကြိုးစားခဲ့ရပါတယ်။
ဒါလည်း အဆင်မပြေခဲ့ပါဘူး။

ကျွန်တော်က စကားကြောင့်
အကြီးအကျယ် ပြဿနာမဖြစ်ခဲ့ပေမဲ့
ပြောပြီးနောင်တရတာတော့ ခဏခဏပါ။

ကိုယ့်စကားနဲ့ကိုယ်
အရှက်ရတဲ့အခါလည်း ကြုံဖူးရပါတယ်။
ပိုင်ပိုင်နိုင်နိုင်မသိတဲ့ ကိစ္စတစ်ခုကို
မသိပါဘူးလို့ မငြင်းဆိုရဲဘဲ
သိယောင်ယောင်နဲ့ ဖြေဆိုခဲ့တဲ့အခါမျိုးမှာ
ပိုဖြစ်တတ်ပါတယ်။

ရှေးရှေးတုန်းက
တပည့်က ဆရာဂုရုတစ်ဦးကို
မေးမြန်းခဲ့ဖူးပါတယ်။
စကားများများပြောဆိုတာ
ကောင်းပါသလားတဲ့။
ဆရာက ဒီလိုဖြေဆိုပါတယ်။

“ဖားတွေ ယင်ကောင်တွေ
တစ်နေ့လုံးအော်နေတာပဲ။
ဘယ်သူကမှအရေးမစိုက်ပါဘူး။
ကြက်ဖက မနက်ပိုင်းမှာပဲတွန်တယ်။
ဒါပေမဲ့ လူတွေကအလေးထားကြတယ်တဲ့”

အမှန်တော့
စကားပြောကောင်းတယ်ဆိုတာ
စကားကို လှလှပပပြောတတ်တာမဟုတ်ဘူး။
သင့်တော်တဲ့အချိန်မှာ
သင့်တော်တဲ့စကားကို
သင့်တော်တဲ့အနေအထားမှာ
ပြောဆိုတတ်တာကို ဆိုလိုပါတယ်။

ဆိတ်ဆိတ်ငြိမ်ထောင်တန်တယ်ဆိုတာ
ငြိမ်သက်သင့်တဲ့အခါမျိုးမှာ
ငြိမ်ငြိမ်လေးနေတတ်ခြင်းကိုပြောတာပါ။

ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။
အားလုံး မင်္ဂလာပါ။




.

08/06/2021

Address


Website

Alerts

Be the first to know and let us send you an email when Mandalay People News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share