Myanma Khit Pyaing Media

  • Home
  • Myanma Khit Pyaing Media

Myanma Khit Pyaing Media Myanma Khit Pyaing Media , since 2019 Nov 17

မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားတက်သူ ကျောင်းသား‌ကျောင်းသူများမူးမေ့သတိလစ်မှု တောင်ကြီးတွင်ဖြစ်ပွား◼️မူးယစ်ဆေးဝါး မီးရ...
27/06/2023

မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားတက်သူ ကျောင်းသား‌ကျောင်းသူများ
မူးမေ့သတိလစ်မှု တောင်ကြီးတွင်ဖြစ်ပွား

◼️မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားတက်သူ ကျောင်းသား‌ကျောင်းသူများ
မူးမေ့သတိလစ်မှု
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုအဖွဲ့၏ ပြောပြချက်အရ
ဇွန်လ ၂၆ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် မူးယစ်ဆေးဝါးများကိုမီးရှို့
ဖျက်ဆီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သတိလစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသတိလစ်သူ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာကြက်ခြေနီအဖွဲ့ဝင်များ စေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုပေးခြင်းပြုလုပ်ကာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူ လူငယ်တစ်ဦး၏ရုပ်အလောင်းကိုသာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွေ့ရှိ◼️ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူ ...
27/06/2023

ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူ လူငယ်တစ်ဦး၏ရုပ်အလောင်းကိုသာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွေ့ရှိ

◼️ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူ လူငယ်တစ်ဦး၏ရုပ်အလောင်းကိုရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ယနေ့ ဇွန်လ (၂၇) ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကသိရသည်။

ယင်းကိုသာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီး ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊လဲကျသေဆုံးနေသောနေရာတွင် သွေးများအိုင်ထွန်းနေပြီးမည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကိုမူ မသိရသေးပေ။

အဆိုပါလူငယ်၏ရုပ်အလောင်းကိုအောင်နိုင်သူ လူမှုကူညီရေး အသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ကြောင်း သိရသည်။

သားဖြစ်သူ၏အသုဘသို့သွားရာလမ်းတွင် ဖခင်ဖြစ်သူ ယာဉ်မတော်တဆဖြစ်၍ပွဲချင်းပြီးသေဆုံးခဲ့ "သားအဖ၂ဦး၏ရုပ်အလောင်းကို ယနေ့သဂြိုလ်မည...
26/06/2023

သားဖြစ်သူ၏အသုဘသို့သွားရာလမ်းတွင် ဖခင်ဖြစ်သူ ယာဉ်မတော်တဆဖြစ်၍ပွဲချင်းပြီးသေဆုံးခဲ့
"သားအဖ၂ဦး၏ရုပ်အလောင်းကို ယနေ့သဂြိုလ်မည်"
+++++++++++++++++++++++++++
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပန်းရံလုပ်ကိုင်ရင်း ဓာတ်လိုက် သေဆုံးသွားသည့် သားဖြစ်သူ ကိုစောမောင်သိန်း(၁၉ နှစ်)၏ အသုဘသို့ ရခိုင်ပြည်နယ်မှသွားရာလမ်းတွင် ဖခင်ဖြစ်သူယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည် ပရဟိတအသင်းသိရသည်။

သားဖြစ်သူမှာ မော်လမြိုင်မြို့၊ ဆီဇုံအပိုင်ရှိ ဆင်ဖြူတော်ပရိယတ္တိစာသင်တိုက်အတွင်း ပန်းရံလုပ်ကိုင်နေစဉ် ဇွန်လ ၂၄ရက်က ဓာတ်ကြိုးကို မတော်တဆနင်းမိရာမှ သတိလစ်ကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မင်းပြားမြို့ရှိ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့အပါအဝင် မိသားစုဝင် စုစုပေါင်း ၁ဝ ဦးတို့ သားဖြစ်သူ၏နာရေးရှိရာ မော်လမြိုင်မြို့သို့ မှန်လုံကားတစ်စီးငှား၍ ယင်းနေ့တွင် ချက်ချင်းလိုက်သွားခဲ့စဉ် ဇွန်လ ၂၅ ရက်က နေပြည်တော်အနီး အမြန်လမ်းတစ်နေရာ၌ ကားတိုက် မှုဖြစ်ကာ ကားခေါင်းခန်းတွင်ထိုင်လာသူ ဖခင် ဦးအထွန်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။

“အဖေဖြစ်သူရဲ့အလောင်းကို နေပြည်တော်ဆေးရုံကြီးကနေ မော်လမြိုင်ကို ကားငှားပြီး သယ်လာပါပြီ။သားအဖ၂ယောက်ရဲ့အလောင်းကို ဒီနေ့၊ ညနေ မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုသာန်မှာ သဂြိုလ်သွားပါမယ် ”မြေပြင်လူမှုကူညီရေးအသင်းကသိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူအချို့မှာ နေပြည်တော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်းသိရသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့်မိသားစုမှာ အခြေခံလက်လုပ်လက်စားများဖြစ်ပြီး လက်ရှိတွင် သားဖနှစ်ဦး၏နာရေးကိစ္စနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများ၏ ဆေးကုသမှု စရိတ်အခက်အခဲရှိကြောင်းလည်း သိရသည်။

သိုက်ပွဲ ကို ဧရာဝတီမြစ်ထဲရေမျှောစွန့်ပစ်ရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံး◼️ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊ ကမ်းနားပန်းခြံအန...
25/06/2023

သိုက်ပွဲ ကို ဧရာဝတီမြစ်ထဲ
ရေမျှောစွန့်ပစ်ရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

◼️ပဲခူးတိုင်းဒေသကြီး၊
ပြည်မြို့၊ ကမ်းနားပန်းခြံအနီးဧရာ၀တီမြစ်အတွင်း သို့
ဇွန်လ ၂၄ ရက်က သိုက်ပွဲ ကို
ရေမျှောစွန့်ပစ်ရာမှ အမျိုးသားတစ်ဦး ရေနစ်‌သေဆုံးခဲ့ကြောင်း
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးကသိရသည်။

ဧရာဝတီမြစ်ကမ်းအနီး အထက်ပါအတိုင်း ရေမျှောစဉ် အရှိန်လွန်ကာမြစ်ထဲသို့ မျောပါသွားခြင်းဖြစ်ကြောင်း၊ယင်းကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပါရမီ နှင့်ပရဟိတ အသင်းများပူးပေါင်း၍ ရှာဖွေကြရာအလောင်းကို အခင်းဖြစ်သည့်နေ့ ဇွန်လ ၂၄ရက် ညပိုင်းကတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားမှာ အသက် ၅၄ နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ရုပ်အလောင်းကို ပြည် ဆေးရုံကြီးသို့လူမှုကယ်ဆယ်‌ရေးအဖွဲ့က
ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) (၉၄)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထပ်မံ လုပ်ကြံခံရပြန်=======================================...
23/06/2023

ဒဂုံမြို့သစ်(ဆိပ်ကမ်း) (၉၄)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထပ်မံ လုပ်ကြံခံရပြန်
============================================

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊(၉၄)ရပ်ကွက်၊ယုဇနဥယျာဉ်မြို့တော်၊အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထပ်မံ လုပ်ကြံခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၂၃ ရက် ည ၇ နာရီ ကျော်အချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) အသက် ၇၇ နှစ်အရွယ် ဦးလှကြည် သည် ယာဉ်အမှတ် YGN -11 4H-2351 Toyota Suf အဖြူရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက်တွင် ဆိုင်ကယ်(၁)စီးဖြင့်လာရောက်သော လူ ၂ ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် 4H- 2351 Toyota Surf ယာဉ်၏ ယာဘက် ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ လက်ဝဲဘက် ရှေ့လေကာမှန်တွင် ကျည် ဖောက်ဝင်ရာ ၃ ခု၊ လက်ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ ၃ ခု တွေ့ရှိခဲ့ပြီး ဦးလှကြည် ၏ လက်ယာဘက် ရင်ဘတ် ထိမှန်ဒဏ်ရာ ၂ ချက်၊ လက်ယာဘက် နံဘေး ထိမှန်ဒဏ်ရာ ၁ ချက်၊ လက်ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဦးလှကြည် အား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ရရှိဒါဏ်ရာဖြင့် ည ၈ နာရီ ကျော်အချိန်တွင် ကွယ်လွန်ခဲ့ေြကြ၅ မီးနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ယခုအခါ လုပ်ကြံခဲ့သူများကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်ကလည်း အဆိုပါ (၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ လုပ်ကြံခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို မြင်တွေ့ရစဉ်

ဝိဇ္ဇာဘာသာတွဲဖြင့်တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သူ မစုမြတ်လင်း ပညာရေးတက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အကူအညီလိုအပ်နေဟုဆို+...
23/06/2023

ဝိဇ္ဇာဘာသာတွဲဖြင့်တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သူ မစုမြတ်လင်း ပညာရေးတက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အကူအညီလိုအပ်နေဟုဆို
+++++++++++++++++++++++
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာ သာတွဲဖြင့် တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သူ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်း‌ကျေးရွာ အုပ်စု၊မထမ်းကျေးရွာတွင်နေထိုင်သည့် မစုမြတ်လင်း ပညာရေးတက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

မစုမြတ်လင်းသည် ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ်ရှိ အ.ထ.က ညောင်ကျိုးစာစစ်ဌာနတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူ ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ၅ ဘာသာဂုဏ်ထူး အမှတ်ပေါင်း ၅၀၇ မှတ်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင်အဆင့် ၄ ၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမှတ်အများဆုံးအဆင့် ၂ ရရှိခဲ့သူလည်း ဖြစ်သည်။

သူမသည် ရန်ကုန်မြို့တွင် ပညာရေးတက္ကသိုလ်(B.Ed) ကို ဆက်လက်သင်ကြားလိုသော်လည်း ၎င်း၏ မိဘနှစ်ပါးမှာ လက် လုပ်လက်စားများဖြစ်၍ ပံ့ပိုးပေးနိုင်ရန် အခက်အခဲများရှိနေကြောင်း ၊ယင်းကြောင့် အကူအညီ လိုအပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၁၁နှစ်အရွယ်ကလေးငယ်က မျက်မမြင်မိခင်အား ထီးပြင်သည့် အလုပ်ဖြင့် လုပ်ကျွေးပြုစုနေ========================မျက်စိမမြင်ရတော့တဲ့...
23/06/2023

၁၁နှစ်အရွယ်ကလေးငယ်က မျက်မမြင်မိခင်အား ထီးပြင်သည့် အလုပ်ဖြင့် လုပ်ကျွေးပြုစုနေ
========================

မျက်စိမမြင်ရတော့တဲ့ မိခင်ဖြစ်သူ ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့အတွက် ၁၁နှစ်အရွယ်ပဲ ရှိသေးတဲ့ သားငယ်လေး မောင်ဖြိုးဝေအောင် ဟာ ထီးအစုတ်တွေကို ဝယ်ပြီး တစ်စစီပြန်ဖြုတ် ၊ ထီးအကောင်းတစ်လက်ဖြစ်အောင် ပြန်ပြုပြင်ရောင်းချနေပါတယ်။

အဲဒီမြင်ကွင်းကို သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာမြင်တွေ့နေကြရတာပါ။သူက ပြန်ပြုပြင်ပြီး ထီးတစ်လက်ကို ၁၅၀၀ နဲ့ ရောင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ မိခင် ဒေါ်သန်းသန်းမော် က ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သူ တစ်ဦးပါ။ကလေးတွေ ငယ်စဉ်ကတည်းက ဈေးရောင်းတဲ့အလုပ်နဲ့ပဲ အသက်မွေးခဲ့သူပါ။ မျက်စိက တတိယ ကိုယ်ဝန်ရပြီး လုံးဝ မမြင်ရတော့တာလို့ ဆိုပါတယ်။ အခု လက်ရှိ သူမကို လုပ်ကျွေးနေတဲ့ သားငယ် မောင်ဖြိုးဝေအောင် ကိုယ်ဝန်ရစဉ်မှာပဲ ဒေါ်သန်းသန်းမော် ရဲ့ ခင်ပွန်း ဖြစ်သူ ဆုံးပါးသွားခဲ့တာပါတဲ့။

ဒေါ်သန်းသန်းမော် က ဆရာဝန်နဲ့ပြပြီး ကုသရင်တော့ မျက်စိပြန်မြင် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ဆရာဝန် နဲ့ ပြကြည့်တဲ့အခါ အာရုံကြောတွေ အလုပ်မလုပ်တော့တဲ့အကြောင်း သိရပါတယ်တဲ့။ ဒေါ်သန်းသန်းမော် မှာ မျက်လုံးမမြင်ရုံမက နှာခေါင်းကလည်း အနံ့မရဘူးလို့ သိရပါတယ်။

အခု ထီးဟောင်းပြုပြင်ရောင်းချပြီး မိခင်ကို လုပ်ကျွေးနေတဲ့ မောင်ဖြိုးဝေအောင် ဟာ ကျောင်းတက်ချင်ပေမဲ့ တတိယတန်း က ထွက်ထားရသူ ဖြစ်ပါတယ်။

အခု သူတို့သားအမိဟာ တစ်လကို ၅၀၀၀၀ နဲ့ ကျူးကျော်မှာ အခန်းငှားနေကြရတယ်လို့ သိရပါတယ်။

Photo - Crd

စတီရီယိုခေတ်ဦး တေးသံရှင် စိမ်းမို့မို ကွယ်လွန်ရှာ============================စတီရီယိုခေတ်ဦး တေးသံရှင် စိမ်းမို့မို ယနေ့ ...
23/06/2023

စတီရီယိုခေတ်ဦး တေးသံရှင် စိမ်းမို့မို ကွယ်လွန်ရှာ
============================

စတီရီယိုခေတ်ဦး တေးသံရှင် စိမ်းမို့မို ယနေ့ ဇွန်လ ၂၃ ရက်တွင် ကွယ်လွန်ရှာပြီ ဖြစ် ကြောင်း အနုပညာ အသိုင်းအဝိုင်းက သိရသည်။

"ချစ်ခင်လေးစားရပါသော အန်တီမို့ (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်၊ဆုံးမစကားတွေလည်းနားထောင်ခဲ့ဖူးတယ်၊အန်တီမို့သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့အားကျခဲ့ရပါတယ်၊ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသိုရောက်ရှိပါစေ"ဟု တေးသံရှင် ယုဇနက ရေးသားထားပြီးတေးသံရှင် ချောစုခင်ကလည်း"ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတစ်ပါးပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်။သေခြင်းတရားကိုဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့မမို့ကောင်းမွန်သောဘုံဘဝကိုရောက်ရှိပါစေ"ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တစ်ဦးအသက်ရှူကြပ်၍သေဆုံး◼️မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တ...
23/06/2023

မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တစ်ဦးအသက်ရှူကြပ်၍သေဆုံး

◼️မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တစ်ဦးအသက်ရှူကြပ်၍သေဆုံးသွားကြောင်းနှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။

ကွယ်လွန်သူမှာ ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်၊ (၁၆ )ရပ်ကွက် မနော်ဟရီလမ်းတွင်နေထိုင်သူ အသက် ၅၁ နှစ်အရွယ်
ဦးအောင်ဝင်း ဆိုသူဖြစ်ကြောင်း၊
အဆုတ်ရောဂါဖြင့်အသက်ရှူကြပ်ကာစက်ရုံ၌သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ဇွန်လ ၂၂ ရက်က
နှလုံးလှပရဟိတအဖွဲ့ အနေဖြင့်
ကွာလာလမ်ပူ-ချဲရတ်သုဿာန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။

ရန်ကုန်မြို့လယ်တွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ထား◼️ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံ...
22/06/2023

ရန်ကုန်မြို့လယ်တွင်
အိမ်ခြေမဲ့ အမျိုးသားတစ်ဦး
သေဆုံးမှုဖြစ်၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ထား

◼️ရန်ကုန်တိုင်းဒေသကြီး၊
ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၌ ယနေ့ဇွန်လ ၂၂ ရက် နံနက်ကအိမ်ခြေမဲ့တစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်းသိရသည်။

ယင်းမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။

အဆိုပါ သေဆုံးနေသူ၏မိသားစုဝင်းများ မပေါ်ပေါက်ပါက ပိုင်ရှင်မဲ့ ရုပ်အလောင်းအနေဖြင့် ဆေးရုံကြီးက တာဝန်ယူ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင်  ယခု မီးလောင်မှုဖြစ်ပွား‌နေ၍ ငြှိမ်းသတ်ရန် Level 1 ယာဉ...
22/06/2023


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် ယခု မီးလောင်မှုဖြစ်ပွား‌နေ၍ ငြှိမ်းသတ်ရန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

အမေရိကန်အခြေစိုက်ဘဏ်များတွင်နိုင်ငံ ခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိ၍ စိတ်ပူရန်မလိုကြောင်း နစက ထုတ်ပြန်==...
21/06/2023

အမေရိကန်အခြေစိုက်ဘဏ်များတွင်နိုင်ငံ ခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိ၍ စိတ်ပူရန်မလိုကြောင်း နစက ထုတ်ပြန်
==================================
အမေရိကန်အခြေစိုက်ဘဏ်များတွင်နိုင်ငံ ခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိ၍ စိတ်ပူရန်မလိုကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

၎င်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သတ် စီးပွားရေးပိတ်ဆို့မှုများ တိုး မြှင့်ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် ဇွန်လ ၂၀ ရက်က စ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ် တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင် လည်းကောင်း ၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင်လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံ ခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံ ခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းလည်း ပါရှိသည်။

သတင်းထုတ်ပြန်ချက်တွင်ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ ရသော် လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ အနေဖြင့် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန်မှုမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း လည်း ပါရှိသည်။

ယင်းကြောင့် ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းမှ သာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲ များမှလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့၊ လက်ခံသည့်ကိစ္စရပ်များ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ၊ အလုပ်သမား ၊ သင်္ဘော သား လုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဆိုင်ကယ်စီးလာသူက ဖုန်းလုပြေးစဥ် ဆီဘောက်ဆာကားနှင့်ဝင်တိုက်မိမှု လှိုင်သာယာတွင်ဖြစ်ပွား◼️တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိဟုဆိုဆိ...
20/06/2023

ဆိုင်ကယ်စီးလာသူက ဖုန်းလုပြေးစဥ် ဆီဘောက်ဆာကားနှင့်ဝင်တိုက်မိ
မှု လှိုင်သာယာတွင်ဖြစ်ပွား
◼️တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိဟုဆို

ဆိုင်ကယ်စီးလာသူက ဖုန်းလုပြေးစဥ် ဆီဘောက်ဆာကားနှင့်ဝင်တိုက်မိ
မှု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ရာတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိကြောင်းသွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက သိရသည်။

လှိုင်သာယာမြို့နယ်၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးတွင် ယမန်နေ့ ဇွန်လ ၁၉ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ဖုန်းကိုလုပြေးသူမှာ ကားအောက်သို့ ရောက်သွားခဲ့ပြီး လက်တစ်ချောင်းလုံး ကျိုးသွား၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာ ရသွားသူမှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးကြောင်းနှင့် နောက်ထပ်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်ဖြင့် ခိုးတင်သွားသည့် ဘင်္ဂါလီ ၆ ဦး နှင့် ယာဉ်မောင်းတို့ အဖမ်းခံရ ========================================...
19/06/2023

ခရီးသည်တင်ယာဉ်ဖြင့် ခိုးတင်သွားသည့် ဘင်္ဂါလီ ၆ ဦး နှင့် ယာဉ်မောင်းတို့ အဖမ်းခံရ
============================================
ရန်ကုန် မှ မြဝတီသို့ "ရတနာ" မော်တော်ယာဉ်လိုင်းမှ ယာဉ်အမှတ် MDY 4C/ 8448 FUSO အမျိုးအစား အနီရောင်ယာဉ်ဖြင့် ခိုးတင်သွားသော ဘင်္ဂါလီ ၆ ဦး ကို ယနေ့ ဇွန်လ ၁၉ ရက် တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ အထောက်အထားမဲ့များ ဖြစ်ပြီး အမျိုးသား ၃ ဦး၊အမျိုးသမီး ၂ ဦး နှင့် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း၊ယာဉ်၏ ဝမ်းဗိုက်အောက်ပိုင်း ပစ္စည်းများထည့်သည့်နေရာတွင် ထည့်၍ ခိုးတင်လာခြင်းကြောင့် အဆိုပါ ယာဉ်ကို မောင်းနှင်သူ မျိုးအောင်(ခ) ရွှေမြ ဆိုသူအားလည်း ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဘင်္ဂါလီ ၆ ဦး နှင့် ယာဉ်မောင်းတို့အား တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းတွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပျက်၍လမ်း...
19/06/2023


ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းတွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပျက်၍လမ်း‌ဘေးတွင်ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်ငယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာ
နောက်ကဝင်တိုက်မိသောကား၏ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရရှိခဲ့သည့်အတွက် သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့က မြဝတီမြို့ဆေရုံကြီးသို့ ပို့ပေးခဲ့ရကြောင်း သိရသည်။

မိသားစုလေးဦး စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်၍လိုက်ပါလာသူအားလုံးအပြင်သို့ လွင့်စင်ကာ ၅နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ...
19/06/2023

မိသားစုလေးဦး စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်၍လိုက်ပါလာသူအားလုံးအပြင်သို့ လွင့်စင်ကာ ၅နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး
=======================================================================

မိသားစုလေးဦး စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်၍လိုက်ပါလာသူအားလုံးအပြင်သို့ လွင့်စင်ကာ ၅နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံးမှုတစ်ခု မန္တလေးတိုင်းဒေသကြီး အတွင်း ဇွန်လ ၁၈ ရက် ည ပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါမိသားစုလိုက်စီးလာသည့် အိမ်စီးယာဉ်သည် အမရပူရမြို့မှ ထွက်ခွာခဲ့မောင်းနှင်စဉ် စစ်ကိုင်း-မန္တလေးသွားလမ်းရှိ ကန်ပတ်လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားပက်လက်လန်ကာတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်စီးမော်တော်ယာဉ်အတွင်း ပါလာသည့် အသက် ၃၈ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အသက် ၃ နှစ်အရွယ် သားငယ်ဖြစ်သူ ဦးခေါင်းကွဲ ဒဏ်ရာ နှင့် မိခင်တွင် ခါးရိုး၊ပေါင်ရိုး၊နံရိုး နှင့် လက် တို့ ကျိုးသွားသည့် ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Photo - သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်း

သံဃာအပါး (၁၀၀၀)ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ပြုလုပ်ခဲ့ကြ===...
18/06/2023

သံဃာအပါး (၁၀၀၀)ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ပြုလုပ်ခဲ့ကြ
============================
သံဃာအပါး (၁၀၀၀)ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းတွင် ရင်ပြင်တော်တောင်ဘက်ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခြင်းအခမ်းအနားကိုကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၊ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပခဲ့ကြောင်းလည်း သိရသည်။

ပြင်ဦးလွင်ရှိ နာမည်ကြီး ဦးနှောက်ဂူအနီး ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ◼️လွန်ခဲ့သော ၂-လ ခန့်ကပင် ...
17/06/2023

ပြင်ဦးလွင်ရှိ နာမည်ကြီး ဦးနှောက်ဂူအနီး ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ
◼️လွန်ခဲ့သော ၂-လ ခန့်ကပင် သေဆုံးနေခဲ့ကြောင်း ယူဆရဟုဆို
++++++++++++++++++++++++++++
ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ နာမည်ကြီး ဦးနှောက်ဂူ(သုံးထပ်ရေတံခွန်)အနီး၊တောတွင်းတစ်နေရာရှိသစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရာ ယင်းမှာလွန်ခဲ့သော ၂-လ ခန့်ကပင် သေဆုံးနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆပြောဆိုနေကြသည်။

အဆိုပါ ဆွဲကြိုးချသေဆုံးနေသော အမျိုးသားရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရသောကြောင့် ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ပရဟိတအသင်းကို ရုပ်အလောင်းသယ်ရန် အကူအညီတောင်းခံသဖြင့် ပြင်ဦးလွင်အခြေစိုက် ပရဟိတအသင်းက သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

သေဆုံးနေသော ရုပ်အလောင်းမှာ ပုပ်ပွကာ တချို့တစ်ဝက်မှာ အသားများပျက်စီးကာ အရိုးများပေါ်နေပြီဖြစ်ကြောင်း၊ ရုပ်အလောင်းကို သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းပိုင်သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ -သန္တိသုခလူမှုကူညီရေးအသင်း

သာကေတမြို့နယ်အတွင်း ဘတ်စ်ကားမှတ်တိုင်တွင် လူတစ်ဦး သေဆုံးနေမှု ဖြစ်+++++++++++++++++++++ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့န...
17/06/2023

သာကေတမြို့နယ်အတွင်း ဘတ်စ်ကားမှတ်တိုင်တွင် လူတစ်ဦး သေဆုံးနေမှု ဖြစ်
+++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီး တွင် အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကသိရသည်။

ယင်းမှာ အိမ်ခြေမဲ့တစ်ဦးဖြစ်ပြီး ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းကို သက်ဆိုင်ရာက စိစစ်၍ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

နောင်ချို-ရပ်စောက်ကားလမ်းပေါ်တွင်ကုန်ကားတိမ်းမှောက်၍ ယာဥ်မောင်းသေဆုံး၍ယာဥ်နောက်လိုက် ထိခိုက်ဒဏ်ရာရ◼️ရှမ်းပြည်နယ်၊ နောင်ခ...
14/06/2023

နောင်ချို-ရပ်စောက်ကားလမ်းပေါ်တွင်
ကုန်ကားတိမ်းမှောက်၍ ယာဥ်မောင်းသေဆုံး၍ယာဥ်နောက်လိုက် ထိခိုက်ဒဏ်ရာရ

◼️ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်ကားလမ်းမပေါ်တွင် ကုန်တင်ကား(၁)စီးတိမ်းမှောက်၍ ယာဥ်မောင်းအမျိုးသား၁ဦးသေဆုံးခဲ့ပြီး ယာဥ်နောက်လိုက်အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။

ယနေ့ ဇွန်လ၁၄ရက် မွန်းလွဲ၁နာရီ၄၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး၊ နောင်ချို-ရပ်စောက်ကားလမ်းမပေါ်တွင် ကုန်တင်ယာဉ်(၁)စီး တိမ်းမှောက်ပြီး ယာဥ်မောင်းအမျိုးသားမှာ ကားခေါင်းခန်းတွင် ညပ်၍သေဆုံးခဲ့ပြီး ယာဥ်နောက်လိုက် အမျိုးသားမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ရာနေရာသို့
နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဥ်နောက်လိုက် (မစိုးရိမ်ရ)တို့အား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အိမ်အမိုးဖာထေးနေသည့်အမျိုးသားတစ်ဦး ဓာတ်လိုက်ခံရ◼️ဆေးရုံ၌ ကုသမှုခံယူနေရအိမ်အမိုးဖာထေးနေသည့်အမျိုးသားတစ်ဦး ဓာတ်လိုက်ခံရ၍ သ...
14/06/2023

အိမ်အမိုးဖာထေးနေသည့်အမျိုးသားတစ်ဦး ဓာတ်လိုက်ခံရ
◼️ဆေးရုံ၌ ကုသမှုခံယူနေရ

အိမ်အမိုးဖာထေးနေသည့်အမျိုးသားတစ်ဦး ဓာတ်လိုက်ခံရ
၍ သတိလစ်နေသောကြောင့် စံပြဆေးရုံသို့မိုးစေတနာ ပရဟိတအသင်းကလူနာတင်ယာဥ် ၂ စီးဖြင့် ပို့‌ဆောင်ပေးခဲ့ရကြောင်းသိရသည်။

ယနေ့ ဇွန်လ ၁၄ ရက် ညနေပိုင်းက
ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်း ကံဘဲ့တာဝါရှေ့ရှိ နေအိမ် ခေါင်းမိုးပေါ်တွင် အမျိူးသား တစ်ဦး ခေါင်မိုး အပေါက်ဖာနေစဉ်ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသား မှာ အသက်၃၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မိဘများကို သနား၍ စာပိုကြိုးစားသူ ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့◼️သူ၏ ၅ နှစ်စာ ပညာသင်စရိတ်ကို သက...
13/06/2023

မိဘများကို သနား၍ စာပိုကြိုးစားသူ ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့
◼️သူ၏ ၅ နှစ်စာ ပညာသင်စရိတ်ကို သက်ဆိုင်ရာက စီမံထားပြီးဖြစ်

စနစ်ဟောင်း၏နောက်ဆုံးနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ၏ ၅ နှစ်စာ ပညာသင်စရိတ်ကို သက်ဆိုင်ရာက စီမံထားပြီးဖြစ်ကြောင်း သိရသည်

(ဝိဇ္ဇာဘာသာတွဲ) ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ မထိုက်သူလင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အ.ထ.က မှ ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံး ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူလေး မထိုက်သူလင်း နံနက်တိုင်း စောစောထ၍ စာကျက်လေ့ရှိသူ၊ လျှပ်စစ်မီးမရှိသည့်အတွက် LED မီးသီးထွန်း၍ ကျက်ခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

သူက အလုပ်မအားသည့် မိဘများကို သနား၍ ကျောင်းစာကို ပိုပြီးကြိုးစားခဲ့ကြောင်း၊ဆရာ၊ဆရာမများကလည်း စာကြိုးစားသူ ဖြစ်သောကြောင့် ကူညီခဲ့ကြကြောင်းနှင့် ၎င်းအား The Whole Burma First ရစေချင်ကြကြောင်းလည်း သိရသည်။

"အားလုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ပျော်ပါတယ်” ဟု မထိုက်သူလင်းက နိုင်ငံပိုင်မီဒီယာတွင် ဖြေကြားထားသည်။

မထိုက်သူလင်း၏ ဆန္ဒမှာ ကျောင်းဆရာမ တစ်ဦး ဖြစ်လိုကြောင်း သိရသည်။

မြန်မာအလုပ်သမားတစ်ဦးတစ်ညလုံးပန်ကာဖွင့်၍အိပ်နေစဉ် သေဆုံးမှု ကိုရီးယားတွင် ဖြစ်ပွား"အသက် ၁၁ နှစ်သာရှိသေးသော သမီးလေးတစ်ယောက...
12/06/2023

မြန်မာအလုပ်သမားတစ်ဦးတစ်ညလုံးပန်ကာဖွင့်၍အိပ်နေစဉ် သေဆုံးမှု ကိုရီးယားတွင် ဖြစ်ပွား
"အသက် ၁၁ နှစ်သာရှိသေးသော သမီးလေးတစ်ယောက်၏ ဖခင်ဖြစ်ဟုဆို"
=======================================
ကိုရီးယားနိုင်ငံတွင်မြန်မာအလုပ်သမားတစ်ဦးတစ်ညလုံးပန်ကာဖွင့်၍အိပ်နေစဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ကိုသူရဖြိုး ဆိုသူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်တံခါးမြို့နယ် အင်းပတ်လည်အုပ်စု ကြို့ကုန်းရွာ က ဖြစ်ကြောင်း၊ ၁၁ နှစ်အရွယ် သမီးငယ်တစ်ဦး ၏ ဖခင် ဖြစ်ကြောင်းလည်း သိရသည်။

ကိုသူရဖြိုးသည် ကိုရီးယားနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်၍ အလုပ်လုပ်နေသူ ဖြစ်ပြီး ကိုရီးယားကို ရောက်သည်မှာ ၄ လ ခန့်သာ ရှိသေးကြောင်းနှင့် မှို စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

"ပဲခူးမြို့ ကျောက်တံခါးမြို့နယ်၊အင်းပတ်လည်အုပ်စု၊ကြို့ကုန်းရွာနေ အဖ ဦးကျော်မြင့်၊ အမိဒေါ် ခင်ထွေးတို့၏ သား ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် သမီးတစ်ယောက်ရဲ့ ဖခင် ကိုသူရဖြိုး အသက် ၃၃ နှစ်ဟာ ၂၀၂၃ ခု ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ် ချန်းဝမ်မြို့ ချန်းညောင်းမြို့နယ် ဂျန်းမာရပ်ကွက်ရှိနေအိမ်မှာ အိပ်နေစဉ် ကွယ်လွန်သွားခဲ့ပါတယ်။ကိုသူရဖြိုးဟာ တညလုံး ပန်ကာဖွင့် အိပ်ခဲ့ကြောင်း မနက်ပိုင်း ထမလာ၍ အလုပ် အတူလုပ်နေတဲ့ မြန်မာ လုပ်သား သူငယ်ချင်းက သွားနိုးတဲ့အခါ အသက်မရှိတော့သဖြင့် အလုပ်ရှင်ကို အကြောင်းကြားခဲ့ပါတယ်။လက်ရှိ အအေးတိုက်မှာ ထားရှိထားပြီး ရဲဆေးစစ်ချက် ခံယူရမှာဖြစ်ပါတယ်။အသုဘ အစီအစဉ်များကို အသေးစိတ် ထပ်မံ ကြေညာပေးပါမယ်။ကိုသူရဖြိုးဟာ ကိုရီးယားကို ဒုတိယ အကြီမ် ပြန်ရောက်လာတာဖြစ်ပြီး ၄ လသာ ရှိပါသေးတယ်။ မှို စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေတာပါ"ဟု ကိုဇော်မိုးအောင် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အနှစ် ၂၀ ကျော်ဝေးနေသည့် ခင်ပွန်းဖြစ်သူ မလေးရှားတွင်သေဆုံးကြောင်း ဇနီးဖြစ်သူ FB က သိခဲ့ရ"အကြောင်းမဲ့ အဆက်အသွယ်ဖြတ်ထားသော်...
12/06/2023

အနှစ် ၂၀ ကျော်ဝေးနေသည့် ခင်ပွန်းဖြစ်သူ မလေးရှားတွင်သေဆုံးကြောင်း ဇနီးဖြစ်သူ FB က သိခဲ့ရ
"အကြောင်းမဲ့ အဆက်အသွယ်ဖြတ်ထားသော်လည်း မြန်မာနိုင်ငံက သွားရောက် ပို့ဆောင်သင်္ဂြိုလ်ခဲ့"
========================================
အနှစ် ၂၀ ကျော်ဝေးကွာနေသော်လည်း မလေးတွင်ကားအက်ဆီးဒင့်ဖြင့် သေဆုံးသည့်ခင်ပွန်း၏နောက်ဆုံးခရီးကို ဇနီးဖြစ်သူကမြန်မာနိုင်ငံကသွားရောက် ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ၊ စလန်းကောပြည်နယ် ၊ ဆွန်ကိုင်းဘလို့မြို့ဆေးရုံကြီးတွင် လွန်ခဲ့သော မေလ ၂၄ ရက်ကပင် ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်ခဲ့သူ အသက် ၅၃ နှစ်အရွယ် ကိုထူး ဆိုသူကို သိရှိသူများဆက်သွယ်လိုကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က လူမှုကွန်ရက်တွင် ရေးသား၍အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကိုမောင်ထူး၏ ဇနီး ဖြစ်သူက fbတွင် တွေ့သော နာရေးသတင်းကြောင့် မလေးရှားထိ လိုက်လာခဲ့ကာ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

"ဘာအကြောင်းရယ်လို့ တိကျတဲ့ အဖြေမရှိဘဲ မိသားစုတွေကို အဆက်အသွယ်ဖြတ်၊ဇနီးဖြစ်သူကို ထားရစ်ကာ လွန်ခဲ့တဲ့ အနှစ် (၂၀)ကျော်က မလေးရှား ထွက်သွားသော ခင်ပွန်းသည် ယောင်္ကျား အက်ဆီးဒင့်ဖြင့် ဆုံးသွားကြောင်း (FB)ပေါ်မှာ တွေ့လိုက်ရသည့် ဓာတ်ပုံပါ နာရေးကြော်ငြာကြောင့် နောက်ဆုံးခရီးကို အမီလိုက်လာခဲ့သည့် ဇနီးသည်" ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းအပြင်"မိန်းကလေးတို့၏ သံယောဇဉ် ၊ ခင်ဗျား မိန်းမနဲ့ မိသားစု သောကအပူကို မြင်စေချင်တယ် (ကိုမောင်ထူး)ရယ်"ဟုလည်း ယူကြုံးမရဖြစ်ရသည့် ခံစားမှုဖြင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ကိုမောင်ထူး၏ ဈာပနကို ဇွန်လ ၁၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ကွာလီ ချဲရပ်သုန်မီးသင်္ဂြိုလ်လ်စက်၌ သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း၊မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊အလုပ်သမားသံအရာရှိများလည်း လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပါရမီလမ်းပေါ် အိမ်စီးကားနှစ်စီးတိုက်မိ၍ သုံးဦး ဒဏ်ရာရသည့်အနက် နှစ်ဦး ဒဏ်ရာပြင်းထန်======================================...
12/06/2023

ပါရမီလမ်းပေါ် အိမ်စီးကားနှစ်စီးတိုက်မိ၍ သုံးဦး ဒဏ်ရာရသည့်အနက် နှစ်ဦး ဒဏ်ရာပြင်းထန်
==================================================

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း‌မြို့နယ် ပါရမီလမ်းပေါ်တွင် ဇွန်လ ၁၁ ရက် ည က အိမ်စီးကား Parado နှင့် Salon Q တို့ တိုက်မိသောကြောင့် သုံးဦး ဒဏ်ရာရသည့်အနက် နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း လိုက်ပါကူညီခဲ့သည့် လူမှုရေးအသင်းများက သိရသည်။

Salon Q ကားပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ Parado ကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၊ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

"ပါရမီလမ်းနဲ့ပြည်လမ်းထောင့်၊မင်းလမ်းမုန့်တီဆိုင်အရှေ့မှ ယာဉ်၂စီးတိုက်မှုဖြစ်ပွားခဲ့တယ်။ ပွန်းပဲ့ဒဏ်ရာရ ကြတယ် ၊ ၃ ယောက်ထဲမှာ အမျိုးသမီး(၁)ဦးက သတိလစ်တယ်။ သူတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်"ဟု လိုက်ပါကူညီပေးခဲ့သူများကပြောသည်။

ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲခဲ့သူများ အဖမ်းခံရကြောင်း နစက ထုတ်ပြန် ================================ရန်ကုန...
11/06/2023

ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲခဲ့သူများ အဖမ်းခံရကြောင်း နစက ထုတ်ပြန်
================================

ရန်ကုန်တိုင်းဒေသကြီး၊ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲမှုကျူးလွန်ခဲ့တဲ့ Brave Eagle အဖွဲ့ဝင်တွေကို ဖမ်းမိပြီလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။

ကျောက်တံတားမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ (၃)လွှာမှာ ရှိတဲ့ ကုမ္ပဏီများဆိုင်ရာအခွန်ဌာနရဲ့ အများပြည်သူထိုင်တဲ့ စတီးထိုင်ခုံတွေ ဘေးမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အခွန်ဌာနက ဒုဦးစီးအပါအဝင် ဝန်ထမ်း ၅ ယောက် နဲ့ အရပ်သား တစ်ယောက် ဒဏ်ရာရရှိခဲ့ကြတာပါ။

ဖမ်းဆီးမိတဲ့ သူတွေကတော့ အဲဒီ ဖောက်ခွဲမှုကို ကျူးလွန် ခဲ့တဲ့ အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း၊ အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ) Mood ၊ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke ၊ကျော်စည်သူ(ခ)Jack ၊အောင်ခန့်ပိုင်(ခ)ဝီလီယံ တို့ ဖြစ်ပြီး အဝေးထိန်း ရီမုနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ နစက သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ ၅ ယောက် နဲ့ အတူ လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံး ကိုလည်းဖမ်းမိခဲ့တယ်လို့ နစက သတင်းက ဆိုပါတယ်။

ဖမ်းဆီးရမိ သူတွေရဲ့ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းထဲမှာ ဖောက်ခွဲမှု ၇ ကြိမ် လုပ်ခဲ့တဲ့ အကြောင်း ၊ NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း က ရန်ကုန်မြို့အတွင်းအကြမ်းဖက်လုပ်ငန်းတွေအတွက် လက်နက်ဝယ်နိုင်ဖို့ ငွေ သိန်း ၅၀ ကို ရရှိခဲ့တာကြောင့် ငွေတွေကို ပစ္စတိုသေနတ်ဝယ်ဖို့အတွက် ချမ်းငြိမ်းသူ(ခ)ပန်ဒါထံ ဆိုသူကို ပြန်လည် လွှဲပြောင်းပေးထားတယ်လို့ ပြောတဲ့အကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီအဖွဲ့ဟာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရံးကိုလည်း မိုင်းထောင်ဖောက်ခွဲဖို့ စီစဉ်ထားတယ်ဆိုတာကို ထုတ်ဖော်ပြောတဲ့အကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းက သိရပါတယ်။

သက်တော် ၈၆ နှစ် ရှိကြပြီ ဖြစ်တဲ့ ဘွဲ့တော်တူ ဆရာတော်ကြီးနှစ်ပါး======================================ဆရာတော်ကြီးနှစ်ပါးလု...
10/06/2023

သက်တော် ၈၆ နှစ် ရှိကြပြီ ဖြစ်တဲ့ ဘွဲ့တော်တူ ဆရာတော်ကြီးနှစ်ပါး
======================================

ဆရာတော်ကြီးနှစ်ပါးလုံးရဲ့ ဘွဲ့တော်က ဦးဉာဏိဿရ ဖြစ်ပြီး သက်တော်ကလည်း နှစ်ပါးလုံး ၈၆ နှစ် လို့ ဆိုပါတယ်။ဆရာတော်ကြီး နှစ်ပါးလုံးက သာသနာတော်ရဲ့ အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုရကြသည့် မထေရ်ကြီးတွေဖြစ်ကြတယ် ။ တစ်ပါးက သဲကုန်းဇာတိ ဖြစ်ပြီး တစ်ပါးက ရခိုင်ပြည်နယ် မင်းပြားဇာတိဖြစ်တယ်လို့ သိရပါတယ်။ဆရာတော်ကြီးတွေနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ဖော်ပြနေကြတာတွေထဲက တချို့တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

"တစ်ပါးက တပေါင်းလမွေး ၊တစ်ပါးက တန်ဆောင်းမုန်းလမွေးတယ် ။နှစ်ပါးလုံး ပြည်ပသာသနာပြုဝါသနာပါကြတယ် ။နှစ်ပါးလုံး အိန္ဒိယနှင့်အလွန်ဆက်စပ်ကြတယ် ။နှစ်ပါးလုံး အိန္ဒိယမှစုတေ၍သာသနာထွန်းကားသည့် မြန်မာပြည်
လူလာဖြစ်သည် ထင်ရတယ် ။ကုသိန္နာရုံဆရာတော်ကြီးကလည်းတိုင်းရင်းဆေးဘွဲ့ရထားတယ် ၊သီတဂူဆရာတော်ကြီးကလည်း ခေတ်ဆေးရုံနှင့် ခေတ်ဆေးဝါးရှိထားတယ် ၊ နှစ်ပါးလုံးကျန်းမာရေးလိုက်စားတယ် ၊ ဘယ်လောက် သက်တော်တွေရှည်ကြမည်မသိ ။နှစ်ပါးလုံး သတိကောင်းတော်မူကြတယ် ။ဦးဉာဏိဿရက ဦးဉာဏိဿရကိုလာဖူးသည်ဟု သီတဂူဆရာတော်ကနှုတ်ဆက်သလိုဦးဉာဏိဿရက ဦးဉာဏိဿရကိုလာကြိုသည့်ဟု ကုသိန္နာရုံဆရာတော်ကြီးကပြန်နှုတ်ဆက်သဖြင့်ထူးထူးခြားခြားနှုတ်ဆက်တော်မူကြတယ်"

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီးအားရည်စူး၍ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့မှ သံဃာတော်များက ဘုရားကျောင်းတွ...
09/06/2023

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီးအားရည်စူး၍ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့မှ သံဃာတော်များက ဘုရားကျောင်းတွင် ဝတ်ပြု ဆုတောင်းပေးခဲ့ကြ
===========================================
ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအား ရည်စူး၍ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအတွက် အောက်မေ့ဘွယ် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် ဇွန်လ ၄ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် Buddhist Summit ၏ ဒုတိယဥက္ကဌ ဆရာတော် Most Ven. Dr. Shinkai Kori ဦးဆောင်၍ ဆရာတော်များမှ တရားဓမ္မများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်း တွင် ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် Buddhist Summit အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

နောက် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲမည်ဟု ခန့်မှန်း========================================...
09/06/2023

နောက် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲမည်ဟု ခန့်မှန်း
=================================================

ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ခွဲ အချိန်တိုင်းထွာချက်များအရ သိရသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)သည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်း သောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်မည်ဟုလည်း အဆိုပါဦးစီးဌာနက ခန့်မှန်းထားသည်။

မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်က "JTWC က INVEST-93B ကို ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာကြောင်း(Tropical Cyclone(03B - THREE)ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။JTWC ခန့်မှန်းလမ်းကြောင်းကတော့ စစ်တွေအနီးက ဝင်မယ်။ လေတိုက်နှုန်းအများဆုံး 50 knots(တစ်နာရီ ၅၇ မိုင်)လို့ ထုတ်ပြန်လာတယ်။ ကုန်းတွင်းကို မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်နိုင်မဲ့အချိန်က ဇွန်လ ၁၀ ရက် နေ့လယ်၁၂ နာရီခွဲလို့ တွေ့ရပါတယ်။အိန္ဒိယမိုးလေဝသဌာနကတော့ အခုသိပ်မကြာခင်ကမှ လေဖိအားနည်းရပ်ဝန်းဖြစ်ကြောင်း ထုတ်လာတာတွေ့ရပါတယ် နောက် ၂၄ နာရီအတွင်း WELL-MARKED-LOW-PRESSURE-AREA ဖြစ်ပါမယ် တဲ့။အားမပြင်းတာကြောင့် သိပ်စိုးရိမ်စရာတော့ မရှိပါ၊ အရင်ရက်တွေ မိုးများထားတာကြောင့် အမိုးအကာတွေလဲလိုသလို ပြင်ဆင်ထားပြီးကြပြီလို့ မျှော်လင့်ပါတယ်"ဟု ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီအမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူး==================================...
09/06/2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီအမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူး
================================================
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီအမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူးခဲ့ကြောင်း ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) က သိရသည်။

အဆိုပါ ကံထူးရှင်မှာ ထိုင်းနိုင်ငံတောင်ပိုင်း သကွန်ပါနယ်မြေတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁ ရက်က ထိုင်းထီပေါက်စဉ်(125 272) ခြောက်လုံးတူနှစ်ဆောင်တွဲဖြင့် ထိုင်းဘတ် သိန်းတစ်ရာ့နှစ်ဆယ် (၁၂၀)ကံထူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထီဆုကြီးကံထူးသည့် မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူက AAC ထံ ဖုန်းခေါ်ဆို၍ ဆက်သွယ်အကူအညီတောင်းခံလာသောကြောင့် ဆုငွေကို နေ့ချင်းပြီးထုတ်ယူကာ လက်ဝယ်ပေးအပ်ခဲ့ကြောင်းသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanma Khit Pyaing Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share