04/04/2022
ရေစကြိုမြို့နယ်ရွှေလှံရွာမှ မြောင်မြို့နယ်မြစ်ဆုံရွာသို့ စစ်ကြောင်းထိုးလာသည့် စကစတပ်အား တော်လှန်ရေးတပ်ဖွဲ့(၂၂)ဖွဲ့ပူးပေါင်းတိုက်ခိုက်
============================================
ဧပြီ လ (၂)ရက်နေ့ ညနေပိုင်းတွင် ရေစကြိုမြို့နယ်ရွှေလှံရွာမှ မြောင်မြို့နယ်မြစ်ဆုံရွာသို့ စစ်ကြောင်းထိုးလာသည့် စကစတပ်အား တော်လှန်ရေးတပ်ဖွဲ့(၂၂)ဖွဲ့တို့
က တစ်ဖက်ပွင့် ရှေ့ထွက်မိုင်းများ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၄)ဦးသေဆုံးပြီး ဒဏ်ရာရရှိတဲ့သူတွေရှ်ိခဲ့ပါသည်။
ဧပြီလ (၃)ရက်နေ့တွင်လည်း မင်းလှကျေးရွာမှ ဇရပ်နီကျေးရွာဘက်သို့ဆင်းလာသော စကစ တပ်သားများအားထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ချက်အသီးသီးထုတ်ပြန်ထားပါတယ်ခင်ဗျာ။
ပူပေါင်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော မဟာမိတ်(၂၂)ဖွဲ့မှာ-
၁။ပြည်သူ့တပ်မတော် (မြောင်)-MUA
၂။မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့- C.R.F(Myinmu)
၃။PDF Taloke
၄။နှလုံးလှလူမိုက်ကြီးများအဖွဲ့
၅။မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)
၆။MGN RAINGER
၇။မြောင်မြို့နယ် (T.G.R)ပြည်သူ့ကာကွယ်ရေးတပ်
၈။Joker Gz
၉။ဒေါင်းစစ်သည်
၁၀။11 brothers revolution force
၁၁။Burmese Guerrilla Force-BGF
၁၂။ရွှေလှန်-သွေးသောက်အဖွဲ့
၁၃။ပြောက်ကျားလင်းယုန်အဖွဲ့
၁၄။Myaung Special Defense Force
၁၅။Young Fighter People's Defense Force of Myaung
၁၆။27 Revolution Force Myaung Fighter defense force
၁၇။မြေလတ်အဖွဲ့ (မြင်းခြံ)
၁၈။Myaung Farmer Defense Force
၁၉။နောင်ရိုးအထူးပြောက်ကျားတပ်-Nyaung Yoe Guerrilla Force -NYSGF
၂၀။Myaung Fighter Defense Force
၂၁။Myaung Women Warriorsမှ မိုင်းထုတ်လုပ်ပံ့ပိုးခြင်းနှင့်
၂၂။Myaung Medical Team-နွေဦးရောင်နီဆေးအဖွဲ့မှဆေးတပ်သားများရှေ့တန်းမှပါဝင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်ပါတယ်ခင်ဗျာ။
#၎င်းတိုက်ပွဲဖြစ်စဉ် မြေပြင်အကျအဆုံးစာရင်းကိုတော့Myaung People Networkအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါခင်ဗျာ။
(4.4.2022)