Myaung People's Network

  • Home
  • Myaung People's Network

Myaung People's Network မြောင်မြို့နယ်နှင့်အနီးတဝိုက်ရှိ
မြေပြင်သတင်းအခြေအနေမှန်များသိရှိနိုင်စေရန်

04/04/2022

ရေစကြိုမြို့နယ်ရွှေလှံရွာမှ မြောင်မြို့နယ်မြစ်ဆုံရွာသို့ စစ်ကြောင်းထိုးလာသည့် စကစတပ်အား တော်လှန်ရေးတပ်ဖွဲ့(၂၂)ဖွဲ့ပူးပေါင်းတိုက်ခိုက်
============================================

ဧပြီ လ (၂)ရက်နေ့ ညနေပိုင်းတွင် ရေစကြိုမြို့နယ်ရွှေလှံရွာမှ မြောင်မြို့နယ်မြစ်ဆုံရွာသို့ စစ်ကြောင်းထိုးလာသည့် စကစတပ်အား တော်လှန်ရေးတပ်ဖွဲ့(၂၂)ဖွဲ့တို့
က တစ်ဖက်ပွင့် ရှေ့ထွက်မိုင်းများ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၄)ဦးသေဆုံးပြီး ဒဏ်ရာရရှိတဲ့သူတွေရှ်ိခဲ့ပါသည်။
ဧပြီလ (၃)ရက်နေ့တွင်လည်း မင်းလှကျေးရွာမှ ဇရပ်နီကျေးရွာဘက်သို့ဆင်းလာသော စကစ တပ်သားများအားထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ချက်အသီးသီးထုတ်ပြန်ထားပါတယ်ခင်ဗျာ။
ပူပေါင်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော မဟာမိတ်(၂၂)ဖွဲ့မှာ-
၁။ပြည်သူ့တပ်မတော် (မြောင်)-MUA
၂။မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့- C.R.F(Myinmu)
၃။PDF Taloke
၄။နှလုံးလှလူမိုက်ကြီးများအဖွဲ့
၅။မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)
၆။MGN RAINGER
၇။မြောင်မြို့နယ် (T.G.R)ပြည်သူ့ကာကွယ်ရေးတပ်
၈။Joker Gz
၉။ဒေါင်းစစ်သည်
၁၀။11 brothers revolution force
၁၁။Burmese Guerrilla Force-BGF
၁၂။ရွှေလှန်-သွေးသောက်အဖွဲ့
၁၃။ပြောက်ကျားလင်းယုန်အဖွဲ့
၁၄။Myaung Special Defense Force
၁၅။Young Fighter People's Defense Force of Myaung
၁၆။27 Revolution Force Myaung Fighter defense force
၁၇။မြေလတ်အဖွဲ့ (မြင်းခြံ)
၁၈။Myaung Farmer Defense Force
၁၉။နောင်ရိုးအထူးပြောက်ကျားတပ်-Nyaung Yoe Guerrilla Force -NYSGF
၂၀။Myaung Fighter Defense Force
၂၁။Myaung Women Warriorsမှ မိုင်းထုတ်လုပ်ပံ့ပိုးခြင်းနှင့်
၂၂။Myaung Medical Team-နွေဦးရောင်နီဆေးအဖွဲ့မှဆေးတပ်သားများရှေ့တန်းမှပါဝင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်ပါတယ်ခင်ဗျာ။
#၎င်းတိုက်ပွဲဖြစ်စဉ် မြေပြင်အကျအဆုံးစာရင်းကိုတော့Myaung People Networkအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါခင်ဗျာ။

(4.4.2022)

( T.G.R )ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  စကစတပ်သား (၃)ဦးသေဆုံးဟုဆို=================================...
29/03/2022

( T.G.R )ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃)ဦးသေဆုံးဟုဆို
============================================

(26.3.2022)နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊မြောင်မြို့နှင့် မရိုးကုန်းရွာခြားသင်္ချိုင်းကုန်းတွင် ကင်းပုန်းလာဝတ်သော အကြမ်းဖက်
စကစတပ်သားများအားမိုင်းဆွဲတိုက်ခိုက်ရာတွင် စကစတပ်သား (၃)ဦး သေဆုံးကြောင်း (T. G. R)ပြည်သူ့ကာကွယ်ရေးတပ် မှ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။
အဆိုပါတိုက်ခိုက်မှုတွင် (T. G. R)ပြည်သူ့ကာကွယ်ရေးတပ် မှ ဦးဆောင်၍
11 BrothersRevolutionForces (Myaung) ၊ ZAMANI REVOLYTION Force Myaung (MMU) ၊စစ်ကိုင်းတိုင်းခရိုင်တပ်ရင်း(၁) ၊ BURMES Guerilla Force(B. G. F) ၊ ဗိုလ်နေတိုးအထူးပျောက်ကြားအဖွဲ့(B. N. T) မဟာမိတ်အဖွဲ့များ ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။
#ထိခိုက်သေဆုံးမှုစာရင်းကိုတော့ Myaung People's Network အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

(29/03/2022)

ကျနော်တို့ အင်တာနက်လိုင်း အခက်အခဲကြောင့် မိဘပြည်သူများထံ မြေပြင်သတင်းတင်ဆက်ပေးမှု ပြတ်တောက်သွားခဲ့ရပါတယ်ခင်ဗျာ...မ​ကြာမီ...
28/03/2022

ကျနော်တို့ အင်တာနက်လိုင်း အခက်အခဲကြောင့် မိဘပြည်သူများထံ မြေပြင်သတင်းတင်ဆက်ပေးမှု ပြတ်တောက်သွားခဲ့ရပါတယ်ခင်ဗျာ...

မ​ကြာမီအချိန်များအတွင်း ဆက်လက်ပြီး သတင်းမှန်များတင်ဆက်သွားနိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျာ...

သတင်းတင်ဆက်မှုပြတ်တောက်သွားခဲ့ရတဲ့အတွက်လဲ မိဘပြည်သူများကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ...

𝐌𝐲𝐚𝐮𝐧𝐠 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤

16/03/2022

မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ အနီးတစ်ဝိုက်တွင် စကစ တပ်ရဲ့ကင်းပုန်းများချထားကြောင်းသတင်းရရှိပါတယ်။

10:30pm
16/3/2022

ကံကြီးကုန်း    ကျေးရွာတိုက်ပွဲတွင်      စကစများနှင့်              ပျူစောထီးများ   အထိနာ ================================...
09/03/2022

ကံကြီးကုန်း ကျေးရွာတိုက်ပွဲတွင် စကစများနှင့် ပျူစောထီးများ အထိနာ
============================================

ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာတွင် တပ်စွဲထားသော စကစတပ်များနှင့် ပျူစောထီးများအား
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ရာ စကစများနှင့်ပျူစောထီးများ ( ၁၂ )ဦးအနည်းဆုံး ​ေ သ ဆုံး ပြီး ဒဏ်ရာရသူများလဲ ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ Facbook Pageများမှ အသီးသီးထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။

9.3.2022

05/03/2022

"မြောင်မြို့နယ်၊ နေပူကုန်းကျေးရွာနှင့် သာဒွန်းကျေးရွာရှိ ပြည်သူနေအိမ်များကို စကစတပ်များမှ မီးရှို့ခြင်း၊ ဖျက်စီးခြင်းများပြုလုပ်ခဲ့ပြီး ရွှေငွေအပါအဝင် အိမ်‌မွေးတိရစ္ဆာန်နှင့် ပစ္စည်းများယူဆောင်သွား"

4.3.2022 ယမန်နေ့က မြောင်မြို့နယ်ရှိ နေပူကုန်းကျေးရွာများကို စကစတပ်များက ရေကြောင်းမှတဆင့်ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ်များကို ဖျက်စီးခြင်း၊မီးရှို့ခြင်းများပြုလုပ်ခဲ့ပြီး ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ခိုးယူသိမ်းဆည်းခြင်းများပြုလုပ်သွားခဲ့သည်။

နေပူကုန်းကျေးရွာတွင် စကစတပ်မှ နေအိမ်(၅)လုံးကို မီးရှို့ခဲ့ပြီး၊ ဆန်စက်အပါအဝင် အခြား နေအိမ် (၅)လုံးကို ဝင်ရောက်ဖျက်စီးပြီး နေအိမ်ရှိ ပစ္စည်းများအား ယူဆောင်သွားခဲ့သည်။

မီးရှို့ခံရသော အိမ်(၅)လုံးအနက် (၃)အိမ်ကို စကစတပ်များ ရွာမှထွက်ထွက်ခြင်း ကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ပြည်သူများ အရဲစွန့်ဝင်ရောက်၍ မီးငြှိမ်းသတ်ခဲ့မှုကြောင့် (၃)အိမ်ကို အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး၊ ကျန်(၂)အိမ်မှာ အလုံးစုံလောင်ကျွမ်းသွားခဲ့သည်။

ကျေးရွာရှိ ကုန်စုံဆိုင်များမှ ကုန်ပစ္စည်းများ ( သွားတိုက်တံ/ဆေးမှအစ အရက်ဘီယာများပါမချန်) ၊ နေအိမ်များမှ ရွှေငွေရတနာများ၊ အဝတ်အထည်များနှင့် ရေခဲသေတ္တာ စသော အိမ်သုံးပစ္စည်းများကိုပါ ယူဆောင်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဖျက်စီးခံခဲ့ရသော ဆန်စက်မှလည်း ဆန်များတင်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။

မီးငြှိမ်းသတ်ရန်ကြိုးစားသော ပြည်သူများကိုလည်း ရွာအနီးရေကြောင်းရှိ စကစတပ်၏ စက်လှေများမှ လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

နွား(၅)ကောင်ကိုမူ စက်လှေဖြင့်တင်ဆောင်ရန်ပြင်ဆင်ခဲ့ပြီး၊ စကစတပ်များ ရွာအတွင်းဝင်ရောက်နေစဉ် ကျေးရွာကာကွယ်ရေးအဖွဲ့မှ နွားများကို တင်ဆောင်မည့်စက်လှေအား ရေမလုံအောင်ဖျက်စီးခဲ့မှုကြောင့် နွားတစ်ကောင်သာ ပါသွားသည်ဟု သိရှိရသည်။ ထိုနွားမှာလည်း လတ်တလောမှဝယ်ယူထားကာ (၁၈)သိန်းတန်ဖိုးရှိသည်ဟုသိရသည်။

အသက်နှင့်ရင်း၍ ပြည်သူ့ပစ္စည်းများနှင့် အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ရန်ကြိုးစားပေးခဲ့သော ကျေးရွာကာ‌ကွယ်ရေးအဖွဲ့နှင့်ပြည်သူများကို ကျွန်တော်တို့ MPN မှ လေးစားဂုဏ်ပြုကြောင်းပြောကြားလိုပါသည်။

နေပူကုန်းကျေးရွာသာမက သာဒွန်းကျေးရွာတွင်လည်း အလားတူဖြစ်စဥ်များ ဖြစ်ပွားခဲ့ပြီး အချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယနေ့ 5.3.2022 တွင် သာဒွန်းကျေးရွာနှင့် ကူးတို့တဲကျေးရွာအကြားတွင် စကစတပ်များ အထိုင်ချထားလျှက်ရှိသည်။

နဘက်ရွာသစ်ကျေးရွာတွင် စကစတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကိုရဲသွေးအောင်(ခ) ငတိမှာ ကျေးရွာရှိ အသက်(၈၀)ခန့်အဖွားအိုတစ်ဦးအား ဘေးလွတ်ရာသို့ ထမ်းယူပို့ဆောင်ပေးခဲ့ပြီးနောက် ကျေးရွာရှိပြည်သူများ ရှောင်တိမ်းရန် လိုက်လံသတိပေးနေစဉ် စကစတပ်မှ အရှင်ဖမ်းမိခဲ့ပြီးမှ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာလူထု၏ပြောပြချက်အရ သိရှိရပါသည်။

5.3.2022
11:50 pm

"4.3.2022 ယမန်နေ့က မြောင်မြို့နယ်၊ နဘက်ရွာသစ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ နောက်ဆက်တွဲသတင်းများ"4.3.2022 ရက်နေ့...
05/03/2022

"4.3.2022 ယမန်နေ့က မြောင်မြို့နယ်၊ နဘက်ရွာသစ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ နောက်ဆက်တွဲသတင်းများ"

4.3.2022 ရက်နေ့တွင် ‌မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာတွင် စခန်းချနေသော စကစတပ်များ နဘက်ရွာသစ်သို့ စစ်ကြောင်းထွက်စဉ် တော်လှန်ရေးအင်အားစုများမှ စကစတပ်အားမိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူတစ်ဦးအား မှားယွင်း၍ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စကစတပ်မှပြည်သူနေအိမ်များမီးရှို့ခြင်းနှင့် စကစတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေး(MRA)မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် (၇)ဦးအထိအခိုက်ရှိခဲ့ပြီး (၄)ဦးသေဆုံးကာ၊ (၃)ဦးဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။

ပြည်သူတစ်ဦးအားသေဆုံးစေခဲ့သော မှားယွင်း၍ မိုင်းဆွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော အဖွဲ့မှာ MPN မှ မနေ့က ကနဦးသိရသလို TGR အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းမဟုက်ဘဲ CDSOM အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိပါသည်ာ။ သေဆုံးသွားသော ပြည်သူမှာ မောင်ဇင်ကိုချစ်၊ အသက်(၁၈)နှစ်ဟု သိရှိရသည်။

စကစတပ်ဘက်မှ မိုင်းဆွဲတိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ပစ်ခတ်မှုများရှိခဲ့ပြီး၊ ပစ်ခတ်မှုကြောင့် နဘက်ကျေးရွာမှ ကိုရဲသွေးအောင်(ခ) ငတိ အသက်(၂၆)၊ ဦးခေါင်းတစ်ချက်နှင့် ခန္ဓာကိုယ်နှစ်ချက်ထိမှန်ကာ သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။
ထို့အပြင် နဘက်ရွာသစ်မှ ပြည်သူနေအိမ် (၃)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

5.3.2022 ယနေ့ မနက်(10:00 am)အချိန်မှာ နဘက်ရွာသစ်တွင် တပ်ဆွဲထားသော စကစတပ်များ မြောင်မြို့ဖက်သို့ ဦးတည်ထွက်ခွာသွားပြီး ပြည်သူ (၇)ဦးအား ဓားစာခံအဖြစ်ခေါ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။

ယခု 1:50 pm အချိန်ထိ နှစ်ဖက်ထိတွေ့မှုများမရှိပဲ တည်ငြိမ်လျှက်ရှိနေပါတယ်။

5.3.2022
1:50pm

04/03/2022

"4.3.2022 ရက်နေ့တွင် မြောင်မြို့နယ်အတွင်းဖြစ်ပွားနေသော အခြေအနေများ"

ယနေ့တွင် စစ်ကိုင်းတိုင်းအတွင်းအင်တာနက်ဖြတ်တောက်ထားချိန်၌ စကစဘက်မှ မြောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ဆောင်ချက်များ လုပ်ဆောင်လျှက်ရှိနေသည်။

10:00 am တွင် နေပူကုန်းကျေးရွာအတွင်းရှိ ပြည်သူ(၃) ဦးအား စကစတပ်များမှ ဖမ်းဆီးသွားခဲ့သည်။

10:30 ‌am တွင် ကျောက်ရစ်‌ကျေးရွာမှ နဘက်‌ကျေးရွာသို့ဦးတည်လာသော စကစ စစ်ကြောင်းအား မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) မှ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်မှ အနည်းဆုံး (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိပါသည်။

10:40 am တွင် TGR အဖွဲ့မှ ပြည်သူတစ်ဦးအား မှားယွင်း၍ မိုင်းဆွဲမိပြီး၊ ပြည်သူတစ်ဦးသေဆုံးသွားခဲ့သည်။

10:45 am တွင် နဘက်ရွာသစ်မှ အိမ်အချို့အား စကစတပ်များမီးရှို့နေပြီး အိမ်အရေအတွက်ကို မသိရသေးပါ။

11:35 ‌am နေပူကုန်းကျေးရွာတွင် စကစတပ်များမှ သေနတ်များပစ်‌ဖောက်ခြင်း၊ ကျွဲနွားများနှင့်ဆန်များယူဆောင်ခင်း၊ ပြည်သူအိမ်များအား မီးရှို့ဖျက်စီးခြင်းများလုပ်‌ေဆာင်လျှက်ရှိသည်။

ယခုအချိန်‌တွင် မြောင်မြို့နယ်၊ နဘက်ရွာသစ်နှင့် နေပူကုန်းကျေးရွာများတွင် စကစတပ်များရှိနေ‌ကြောင်းသတင်းရရှိပါသည်။

12:05 pm
4.3.2022

"သာဒွန်းကျေးရွာအနီး၌ ပြည်သူအလောင်းတစ်လောင်းတွေ့ရှိ"(3.3.2022) ယနေ့မနက်တွင် တော်လှန်ရေးအင်အားစုများနှင့် စကစတပ်များ ထိတွေ...
03/03/2022

"သာဒွန်းကျေးရွာအနီး၌ ပြည်သူအလောင်းတစ်လောင်းတွေ့ရှိ"

(3.3.2022) ယနေ့မနက်တွင် တော်လှန်ရေးအင်အားစုများနှင့် စကစတပ်များ ထိတွေ့မှုဖြစ်ပွားခဲ့သော မြောင်မြို့နယ်၊ သာဒွန်းကျေးရွာအနီး၌ ညနေ (5:00 PM) အချိန်ခန့်တွင် ပြည်သူတစ်ဦး၏ အလောင်းတစ်လောင်းတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

စကစတပ်၏ ကင်းပုန်းများရှိ‌နေခြင်းကြောင့် တွေ့ရှိရသော အလောင်းမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

3.3.2022
5:00 PM

စကစ အင်အား (၁၀၀)ကျော်ခန့် သာဒွန်းကျေးရွာထဲမှာ ဖြန့်ပြီး နေရာယူနေကြပါတယ်...အရပ်ဝတ် လဲ ထားတဲ့ စခ များကိုလဲ တွေ့ရပါတယ်... 1...
03/03/2022

စကစ အင်အား (၁၀၀)ကျော်ခန့်
သာဒွန်းကျေးရွာထဲမှာ ဖြန့်ပြီး နေရာယူနေကြပါတယ်...
အရပ်ဝတ် လဲ ထားတဲ့ စခ များကိုလဲ တွေ့ရပါတယ်...

11:30 am
3.03.2022
-
ဒီနေ့မနက် ဝေလီဝေလင်း အချိန်မှာလဲ ဆီမီးခုံမြို့နယ် မြစ်ကမ်းဘေးသို့ စကစအင်အား (၁၅၀)ခန့်
ကားများဖြင့် ချသွားပါတယ်...

03/03/2022

⚠ Update News ⚠ ❗

စခအင်အား ၅၀ ခန့် သာဒွန်းအရှေ့မှ အ​နောက်ရွာဘက်သို့ ဝင်ရောက်ပြီး နေအိမ်များကို စတင်မွှေနောက်နေ ။

​သာဒွန်းရွာ မြစ်ကမ်းနံဘေး စကစများ စက်လှေများဖြင့်ထပ်မံအင်အားတိုးနေ ။

9:50 AM
3.03.2022

03/03/2022

သာဒွန်းနဲ့ ကူးတို့တဲ ကြား ​စကစများ ကင်းပုန်းဝပ်နေ ၊
အသံမိုင်း နှစ်ချက်ကြားပြီးနောက် ၊ ကင်းပုန်းဝပ်နေသော စကစများ ထ​ပစ် ။

နှစ်ဖက် ထိခိုက်မှု ရှိမရှိ အတည်မပြုနိုင်သေးပါ ။

9:45 AM
3.03.2022

02/03/2022

ဆီမီးခုံ မြို့နယ်၊ ဂင့်ဂဲရွာ အနီးတွင်
စစ်သင်္ဘော နှစ်စီး ရပ်ထားပါတယ်
မြစ်ကမ်းဘေးနှင့် နီးသော ကျေးရွာများ
သတိထားပေးကြပါ
ဂရုစိုက်ကြပါခင်ဗျာ...

10:45 pm
2.3.2022

02/03/2022

2.3.2022
4:20 AM ခန့်တွင် CDSOMဦးဆောင်၍ ဒေါင်းစစ်သည် ပူးပေါင်းအဖွဲ့တို့မှ
ဒေသခံများရှိလျက်နှင့်ကြိုတင်သတိပေးမှုမပြုလုပ်ဘဲ လက်လုပ်(သို့)Rpgဖြင့် မြင်းခြံမြို့နယ် ဆီမီးခုံရေနက်ဆိပ်ကမ်းရှိ စခများကိုလှမ်းပစ်ရာ
စခများမှစက်လက်ကြီးငယ်များ၊လက်နက်ကြီးများဖြင့် မြောင်မြို့နယ် နေပူကုန်းကျေးရွာ၊သာဒွန်းကျေးရွာ၊ကူးတို့တဲကျေးရွာများ ဘက်သို့လက်နက်ကြီး အချက်၃၀ခန့်နှင့် စက်လက်များဖြင့်ပြန်လည်ပစ်ခတ်ရာတွင် အပြစ်မဲ့ပြည်သူ သာဒွန်းကျေးရွာသူ "မ***" အသက် (၁၃) နှစ်၏ ယာဘက်ပေါင်သို့ကျည်ထိမှန်ကြောင်းသိရပါသည်။

ပစ်ခတ်မှုကြာမြင့်ချိန် ၁၅မိနစ်ခန့်ဟုခန့်မှန်းရပါသည်။

ယခုလက်ရှိအချိန်တွင် သာဒွန်းရွာတွင် စခများ ဝင်ရောက်ရှာ​​ဖွေ မွှေနောက်နေကြောင်း သတင်းရရှိပါသည်။

"တိုက်စစ်မနိုင်ဘဲ ရန်စတဲ့သဘောပြုလုပ်သော မြောင်lpdf(CDSOMနှင့်ဒေါင်းစစ်သည် အဖွဲ့)၏ လုပ်ဆောင်ချက်မှားယွင်းကြောင်းသုံးသပ်မိသလို ထိုအဖွဲ့တင်ထားသော တိုက်ပွဲဖြစ်ပွားမှုသတင်းသည် တိုက်ပွဲမဟုတ်ကြောင်း စုံစမ်းသိရှိရပါသည်၊ နောက်ဆက်တွဲသတင်းများအား ဆက်လက်စုံစမ်းဖော်ပြပေးပါမည် ။ "

28/02/2022

အကြမ်းဖက်စစ်ကောင်စီအင်အား 30‌ ကျော်ခန့်
ကျောက်ရစ်ရဲစခန်းမှ သရက်သာကျေးရွာဘက်သို့ အထုပ်အပိုးများနှင့်ဦးတည်သွားနေပါသည်။

8:40PM
28.2.2022

မြောင်မြို့နယ် နှင့် အနီးတဝိုက်ဒေသရှိ မြေပြင်သတင်းအခြေအနေမှန်များကို မိဘပြည်သူအများ သိရှိ​နိုင်စေရန် တင်ဆက်ပေးသွားမှာဖြစ...
28/02/2022

မြောင်မြို့နယ် နှင့် အနီးတဝိုက်ဒေသရှိ မြေပြင်သတင်းအခြေအနေမှန်များကို မိဘပြည်သူအများ သိရှိ​နိုင်စေရန်
တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်​ဗျား ။


𝐌𝐲𝐚𝐮𝐧𝐠 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤

28/02/2022

ချောင်းဦးနှင့် ငါးယှန်ကြားတွင်

စခအင်အား ၅၀ခန့် ခြေလျင်ဖြန့်ပြီး ဆင်းလာပါတယ် ။

28/02/2022
10:45 AM

Address


Website

Alerts

Be the first to know and let us send you an email when Myaung People's Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share