Popular News

Popular News သတင်းထူးများတင်​ဆက်​မှု

လက်နက်ကြီးကျည်ထိမှန်၍ ကလေးမြို့က ပြည်သူတစ်ဦးသေဆုံး======ကလေးမြို့၊ ဘူတာရုံအနီး အိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲ...
29/04/2022

လက်နက်ကြီးကျည်ထိမှန်၍ ကလေးမြို့က ပြည်သူတစ်ဦးသေဆုံး
======
ကလေးမြို့၊ ဘူတာရုံအနီး အိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အိမ်ထဲက အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။

လက်နက်ကြီးကျည်က သေဆုံးသူအမျိုးသားရဲ့ ဦးခေါင်းနဲ့ လက်မောင်းရင်းမှာထိမှန်သွားကြောင်းသိရတယ်။

ကလေးမြို့တွင် ယနေ့ည ၈ နာရီကစပြီး ၉ နာရီကျော်အထိ လက်နက်ကြီးနဲ့ သေနတ်ပစ်သံအဆက်မပြတ်ကြားရပါတယ်။ crd zalen

29/04/2022

Kalay 9 pm
ကလေးမြို့ အနောက်ဘက်တွင် ယနေ့ဧပြီ ၂၉ ရက်ည ၈ နာရီကစပြီး အခု ၉ နာရီကျော်အထိ သေနတ်သံနဲ့ လက်နက်ကြီးပေါက်ကွဲသံ ကြားနေရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

29/04/2022

ကလေးမြို့ ကားကြီးဝင်းနား
ခရိုင်ထွေအုပ်ရုံးဘက်လဲ
ခုသေနတ်သံတေ ဆက်တိုက် ကြားနေရ။ 😣

ပြည်သူ့ရဲဘော်များကို ဆုတောင်းပေးကြရအောင်။🙏🙏

မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင်ပျောက်ဆုံ...
29/04/2022

မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင်ပျောက်ဆုံးနေ

ဖမ်းဆီးထိန်းသိမ်းခံထားရသော မန္တလေးတိုင်းဒေသကြီးNLDပါတီထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ရွက်နုအောင် ပျောက်ဆုံးနေကြောင်း ယနေ့မွန်းလွဲပိုင်းက ၎င်းနှင့်ဆက်စပ်ပတ်သက်သည့်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“မနေ့ကအထိတော့ အိုးဘိုထောင်မှာ ဒေါက်တာဇော်မြင့်မောင်အမှုကိစ္စအတွက်လာသွားသေးတယ်။အဲ့နောက်ပိုင်းမှတော့ မဆက်သွယ်မိတော့ သေချာမသိဘူး။ဒီနေ့မနက်ဖုန်းဆက်ကြည့်တော့ သူ့ဖုန်းပိတ်ထားတယ်´´ဟုဒေါ်ရွက်နုအောင်၏ မိတ်ဆွေတစ်ဦးကပြောသည်။

ဒေါ်ရွက်နုအောင်နှင့်ရင်းနှီးသော အခြားမိတ်ဆွေတစ်ဦးမှလည်း ``ကျနော်အနေနဲ့ပြောနိုင်တာက ဒီနေ့မနက်ပိုင်းက သူ့ရဲ့တပည့်တွေကို အမှုကိစ္စတွေအတွက် စီစဉ်ညွှန်ကြားခဲ့သေးတယ်တဲ့။ဒါပေမယ့် သူ့ရဲ့ဖုန်းကတော့ စက်ပိတ်ထားတယ်။ဘာတွေဘယ်လိုဖြစ်လည်းဆိုတာတော့ ကွဲကွဲပြားပြားမသိရသေးဘူး´´ဟုပြောသည်။

ရှေ့နေဒေါ်ရွက်နုအောင် ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ မြို့ခံများက အနီရောင်စစ်ဆင်ရေးအနေဖြင့် ချေ မှုန်းမည်ဟု ကြေညာထားသော သွေးသောက်အဖွဲ့(MDY)၏ ဖမ်းဆီးခြင်းကို ခံထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိသည်။

တစ်ဖက်တွင်လည်း စစ်သားနှင့်ရဲများက ဖမ်းဆီးသည်လည်းဖြစ်နိုင်သည်ဟုသုံးသပ်နေကြသည်။

မည်သူဖမ်းဆီးသွားသည်ဆိုသည်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။

Website တွင် ဖတ်ရှုရန် >> https://wp.me/paRxJm-j2A

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal

 #အပူချိန်အရမ်းမြင့်တက်နေပါတယ်ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အပ...
29/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်
ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။
အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။
အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။
အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။
အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။
အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။
စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။
ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။
အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။
ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။
အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။
ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။
အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။
အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။
အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။
ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။
ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်ပေးပါသည်။

ထိုင်းတွင် တစ်ရက်အတွင်း COVID-19 လူနာသစ် ၃ထောင်နီးပါးစစ်ဆေးတွေ့ရှိဘန်ကောက်၊ ဇွန် ၁၅ထိုင်းနိုင်ငံမှာ တစ်ရက်တာအတွင်း ကိုဗစ...
15/06/2021

ထိုင်းတွင် တစ်ရက်အတွင်း COVID-19 လူနာသစ် ၃ထောင်နီးပါးစစ်ဆေးတွေ့ရှိ

ဘန်ကောက်၊ ဇွန် ၁၅

ထိုင်းနိုင်ငံမှာ တစ်ရက်တာအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၉၉၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခုဆိုရင် ကူးစက်ခံရသူ စုစုပေါင်း ၂သိန်းကျော်(၂၀၂၂၆၄ ဦး)သွားပြီဖြစ်တာကြောင့် ကူးစက်မှုလှိုင်းသစ်ကို ထိုင်းနိုင်ငံရင်ဆိုင်နေရတယ်လို့လဲဆိုပါတယ်။

တစ်နေ့အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၉ ဦးရှိတယ်လို့လဲသိရပါတယ်။

တနင်္လာနေ့အထိ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးအလုံးရေ ၆သန်းခွဲထိုးပေးပြီးပြီဖြစ်ပါတယ်။

Ref: Thailand's COVID-19 cases surpass 200,000
Photo by Akira Kodaka

မကွေးတိုင်း၊ ကင်းမရွာ တစ်ရွာလုံးကို အကြမ်းဖက်စစ်ကောင်စီက မီးတင်ရှို့ဖျက်ဆီး========မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်...
15/06/2021

မကွေးတိုင်း၊ ကင်းမရွာ တစ်ရွာလုံးကို အကြမ်းဖက်စစ်ကောင်စီက မီးတင်ရှို့ဖျက်ဆီး
========

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမကျေးရွာတွင် ဇွန်လ ၁၅ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခြောက်လှန့်ပစ်ခတ်ကာ ရွာရှိ နေအိမ်များကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ညနေ ၄ နာရီခွဲခန့်ထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာ၏ သုံးပုံ တစ်ပုံခန့် မီးလောင်နေဆဲဖြစ်ကြောင်း ရွာသားများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပေါက်မြို့နယ် ကြည့်ငိုတောင်တွင် စစ်ကောင်စီ၏ သတင်းပေး ဒလန်အချို့ သတ်ခံရတာနဲ့ ပတ်သက်ပြီး ယခုလို ကင်းမကျေးရွာတစ်ရွာလုံးကို မီးတင်ရှို့သည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

Credit: Khit Thit Media

ဖလမ်းတွင် တစ်ရက်တွင်း ကိုဗစ်- ၁၉ ပိုးတွေ့ လူနာ ၁၁ ဦးရှိပြီး စုစု​ပေါင်းပိုးတွေ့လူနာ ၈၇ ဦးထိ ရှိပြီဟုသိရချင်းပြည်နယ် ဖလ...
15/06/2021

ဖလမ်းတွင် တစ်ရက်တွင်း ကိုဗစ်- ၁၉ ပိုးတွေ့ လူနာ ၁၁ ဦးရှိပြီး စုစု​ပေါင်းပိုးတွေ့လူနာ ၈၇ ဦးထိ ရှိပြီဟုသိရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဇွန်လ (၁၅) ရက်နေ့ တစ်ရက်အတွင်း ဗစ်ဗစ်- ၁၉ ပိုးတွေ့လူနာ ၁၁ ဦး ထိရှိပြီး ကိုဗစ် လူနာစုစုပေါင်း ၈၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့ ကိုဗစ်-19 ကော်မတီတာဝန်ရှိသူ တစ်ဦးက `ဒီကနေ့ ဖလမ်းပြည်သူ့ဆေးရုံကြီးမှာ လာစစ်တဲ့သူတွေထဲကနေ ပိုးတွေ့လူနာ ၁၁ ဦးစီမှာ ပိုးတွေ့ရတယ် လက်ရှိဖလမ်းဆေးရုံကြီးမှာ ပိုးတွေ့လူနာစုစုပေါင်း ၈၇ ဦး အထိရှိသွားပြီ"ဟုပြောသည်။

ဖလမ်းမြို့နယ်တွင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ဖြင့် သေဆုံးလူနာ စုစုပေါင်း ၃ ဦး အထိ ရှိလာပြီဖြစ်ပြီး ဖလမ်းပြည်သူ့ဆေးရုံကြီးတွင်လည်း ကိုဗစ်-၁၉ ပိုးရှိ / မရှိ လာရောက်စစ်ဆေးခြင်းနှင့် ပိုးတွေ့ပါက ဆေးကုသမှုခံယူကြကြောင်း ဒေသခံများထံကသိရသည်။
Crd chin world

အကြမ်းဘက်စစ်ကောင်စီ၏ကျည်ကွင်းဂါထာ တကယ်ဘဲ အစွမ်းထက်ပါသလား😎
15/06/2021

အကြမ်းဘက်စစ်ကောင်စီ၏ကျည်ကွင်းဂါထာ တကယ်ဘဲ အစွမ်းထက်ပါသလား😎

15/06/2021
15/06/2021

Yghh

Address


Website

Alerts

Be the first to know and let us send you an email when Popular News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Popular News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share