Online News Burmese

  • Home
  • Online News Burmese

Online News Burmese Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online News Burmese, News & Media Website, .

ထန်တလန် CDF နှင့် စစ်ကောင်စီတို့ ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၁၅ ဦးထက်မနည်း သေဆုံးရန်ကုန်၊ စက်တင...
07/09/2021

ထန်တလန် CDF နှင့် စစ်ကောင်စီတို့ ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၁၅ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် အင်အား ၈၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထန်တလန် CDF တို့ စက်တင်ဘာလ ၆ ရက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း CDF ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် CDF ထန်တလန်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ညနေပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် ကန်ပက်လက် CDF၊ YDF ဆော ပူးပေါင်းတပ်ဖွဲ့တို့ကြား ချင်း-မကွေး နယ်စပ်တွင် ၂ နာရီခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးကာ ကန်ပက်လက် CDF မှ ၇ ဦး၊ YDF ဆော အဖွဲ့မှ ၃ ဦး ဒဏ်ရာရရှိခဲ့သည်.

ကုလသမဂ္ဂ အထွေထွေညီလာခံ နီးလာသောကြောင့် D-Day လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီတုန့်ပြန် -----------------------...
07/09/2021

ကုလသမဂ္ဂ အထွေထွေညီလာခံ နီးလာသောကြောင့် D-Day လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီတုန့်ပြန်
---------------------------
ကုလသမဂ္ဂအထွေထွေညီလာခံ နီးလာသောကြောင့် D-Day လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတစ်ခု၏ အင်တာဗျူးတွင် တုန့်ပြန် ပြောကြားသည်။

NUG က ပြည်သူတွေ၊ အစွန်းရောက်တွေကို မြှောက်ပင့်ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် လက်တွေ့ဘဝတွင် မရှိကြောင်းနှင့် နိုင်ငံမတည်မငြိမ် ဖြစ်လာ‌စေရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂညီလာခံ နီးလာသည့်အချိန်တွင် စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ထို့အပြင် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်ပြီး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပြင် အခြား မိတ်ဖက်အဖွဲ့အစည်းများဖြင့် စိစစ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဖြေကြားထားသည်။

ယနေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က တော်လှန်ရေးစတင်ပြီဟု ကြေညာ လိုက်ပြီးနောက် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ တပ်များ လှည့်လည်သွားနေကြပြီး၊ လူငယ်များအား အင်္ကျီချွတ်၍ စစ်ဆေး ခြင်းများပင် လုပ်ဆောင်နေသည်။

NUG အစိုးရက အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ရန် ကြေညာပြီးနောက် အမျိုးသမီးများ ဦးဆောင်သော လက်ပံတောင်း ပင်မသပိတ် စစ်ကြောင်...
07/09/2021

NUG အစိုးရက အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ရန် ကြေညာပြီးနောက် အမျိုးသမီးများ ဦးဆောင်သော လက်ပံတောင်း ပင်မသပိတ် စစ်ကြောင်း ဓားများလွယ်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၇

NUG အစိုးရက အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ရန် ကြေညာပြီးနောက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသမီးများ ဦးဆောင်သော လက်ပံတောင်း ပင်မသပိတ် စစ်ကြောင်း ဓားများလွယ်ကာ ချီတက်ဆန္ဒပြ ခဲ့ကြောင်းသိရသည်။

ပေးပို့ - ကိုစစ်

07/09/2021

ရန်ကုန်၊ တောင်မြောက်လမ်းဆုံ မောင်းမကန်လမ်းတွင် လူမဲ့သပိတ်ကို စစ်ကောင်စီတပ်က လာရှင်းစဉ် ဗုံး ၂ ကြိမ်ပေါက်၊ စစ်ကားထိ

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်၊ တောင်မြောက်လမ်းဆုံ၊ မောင်းမကန်လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ သပိတ် ပြုလုပ်ထားစဉ် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိရှင်းလင်းရာဗုံး ၂ ကြိမ် ပေါက်ကွဲသွားကြောင်း သိရှိရသည်။

မောင်းမကန်လမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်တွင်လည်းကောင်း ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီကားတချို့ ထိခိုက်သွားသည်ဟု သိရှိရသည်။

"ဖြစ်တာက သည်လို အဲ့နားမှာ လူမဲ့သပိတ်ရှိတယ်။ အဲ့ဒါကို စစ်ခွေးတွေက လာဖျက်တာ။ ပထမတစ်ကြိမ် အဲ့ကနေ ပေါက်တယ်။ နောက်တော့ စစ်ခွေးတွေ ဖောကားနဲ့ပါ ရောက်လာတာ။ နောက်တစ်ကြိမ် ထပ်ဖောက်တော့ အဲ့ကားကိုပါ သွားထိတယ်ထင်တယ်။ စစ်ခွေးတွေကားနဲ့တော်တော်နီးတယ် ဗုံးပေါက်တဲ့နေရာက " ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ထားဝယ်ခရိုင် သပိတ်ကော်မတီ စစ်ကြောင်း...
07/09/2021

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ထားဝယ်ခရိုင် သပိတ်ကော်မတီ စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၇

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယနေ့ စက်တင်ဘာလ ၇ ရက်နေ့က အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ထားဝယ်ခရိုင် သပိတ်ကော်မတီ စစ်ကြောင်း ဦးဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

NUG က D-Day ကြေညာပြီး နာရီပိုင်းအကြာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်စက်တင...
07/09/2021

NUG က D-Day ကြေညာပြီး နာရီပိုင်းအကြာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်

စက်တင်ဘာ ၇၊ ၂၀၂၁။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတဝှမ်းစစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းရန် ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တပ်မဟာ ၈ နှင့် ၉ တို့အကြား ယနေ့နံနက် ၁၀ နာရီခွဲခန့်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကနဦး သတင်းရရှိပါသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့မှာ မင်္ဂလာသက်တမ်း ၁၂နှစ်​ပြည့်သွားပြီဖြစ်တဲ့အောင်လအန်ဆန်တို့ ဇနီးမောင်နှံ-
06/09/2021

ယနေ့မှာ မင်္ဂလာသက်တမ်း ၁၂နှစ်​ပြည့်သွားပြီဖြစ်တဲ့
အောင်လအန်ဆန်တို့ ဇနီးမောင်နှံ-

ပို့ကုန်ရငွေထဲက မသုံးတဲ့နိုင်ငံခြားသုံးငွေတွေကို ရောင်းချဖို့ ဗဟိုဘဏ်ကြေညာချက်ထုတ်ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ...
04/09/2021

ပို့ကုန်ရငွေထဲက မသုံးတဲ့နိုင်ငံခြားသုံးငွေတွေကို ရောင်းချဖို့ ဗဟိုဘဏ်ကြေညာချက်ထုတ်

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေ ဝင်လာတာနဲ့ ရတဲ့ငွေထဲက မသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။

ပြည်တွင်း နိုင်ငံခြားသုံးငွေဈေးကွက်မှာ ဒေါ်လာလိုအပ်ချက်ရှိနေချိန်မှာပဲ ဗဟိုဘဏ်ဘက်က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကုန်တင်ပို့သူဟာ ကုန်တင်လိုက်တဲ့နေ့ကနေ သတ်မှတ်ကာလအတွင်း ကိုယ့်ရဲ့ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းရန် မပျက်ကွက်ရဆိုပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေမှာ ပြဌာန်းပြီးသားလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲကျန်တဲ့ငွေတွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးနဲ့ မပျက်မကွက်ရောင်းချရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အရ ဗဟိုဘဏ်က ဒေါ်လာသန်းချီ ထုတ်ရောင်းပေးနေချိန်မှာပဲ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၁၇၀၄ ကျပ်အထိသတ်မှတ်လာပါတယ်။

ဒီငွေလဲနှုန်းဟာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ၇ လအတွင်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀ နီးပါးကွာဟ မြင့်တက်လာတာဖြစ်ပါတယ်။
#ဗဟိုဘဏ် #ပို့ကုန် #ဒေါ်လာငွေ #ငွေလဲနှုန်း

KNU တပ်မဟာ ၄ ဧရိယာတွင်ပါဝင်သည့် အညာဖျားရွာကို စစ်ကောင်စီတပ် အင်အား အလုံးအရင်း ဖြင့် ဝင်ရှာနေ ဒက္ခိဏ၊ စက်တင်ဘာ ၃ ထားဝယ်မြ...
03/09/2021

KNU တပ်မဟာ ၄ ဧရိယာတွင်ပါဝင်သည့် အညာဖျားရွာကို စစ်ကောင်စီတပ် အင်အား အလုံးအရင်း ဖြင့် ဝင်ရှာနေ

ဒက္ခိဏ၊ စက်တင်ဘာ ၃

ထားဝယ်မြို့၊ အရှေ့ဘက်ရှိ KNU တပ်မဟာ ၄ ဧရိယာတွင်ပါဝင်သည့် အညာဖျားရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ နီးပါးဖြင့် ဝင်ရောက်ရှာဖွေလျက်ရှိကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယနေ့နံနက် ၇ နာရီခန့်က ပကာရီရွာမှ အညာဖျားရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ လမ်းလျှောက်ဝင်ရောက်ခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဥယျာဥ်ကြီးရွာဘက်က တစ်ကြောင်း၊ ဓားသွေးကျောက်ရွာဘက်က တစ်ကြောင်း ခြေကျင်ဝင်သွားကြတာ။ အညာဖျားမှာ တူးမီးသေနတ်မိတယ်လို့ကြားတယ်" ဟု ၄င်းက ပြောသည်။

PDF တပ်ဖွဲ့ဝင်များနှင့် CDM ဝန်ထမ်းများရှာဖွေမည်ဟူသည့် အကြောင်းပြချက်ဖြင့် လာရောက်ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ရွာသို့လာရောက် ရှာဖွေနေခြင်းကြောင့် ဒေသခံတချို့ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီကား ၄ စီး မိုင်း၆ လုံးထိ၊ စစ်ကား ၁ စီး ပျက်စီးပြီးသေဆုံးဒဏ်ရာရရှိမှု အခြေအနေ မသိရသေးရန်ကုန်၊ စက်တင...
03/09/2021

တန့်ဆည်တွင် စစ်ကောင်စီကား ၄ စီး မိုင်း၆ လုံးထိ၊ စစ်ကား ၁ စီး ပျက်စီးပြီးသေဆုံးဒဏ်ရာရရှိမှု အခြေအနေ မသိရသေး

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်မှ စစ်ကား ၄ စီး မိုင်း ၆ လုံး ထိပြီး စစ်ကား ၁ စီးပျက်စီးသွားကာ အသေအပျောက် မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာ ၃ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်ကံထူးမနယ်မြေရဲစခန်း အတွင်းမှ စစ်ကောင်စီတပ် ကားကြီး ၄ စီးသည် တန့်ဆည်၊လမ်းဆုံသို့ ထွက်ခွာသွားရာ ဝါးရငယ် မူးဘောင်ဝန်းကျင်အရောက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် မိုင်းထိကြောင်း၊ နံနက် ၄ နာရီ ၃၃ မိနစ်၌ စစ်ကားများ တန့်ဆည်ရဲစခန်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

"အကျအဆုံးမသိရသေးပါဘူး။ စစ်ကားတစ်စီးတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။ စစ်ကားတွေ ဝင်သွားတဲ့ တန့်ဆည်ရဲစခန်းနားကို ပြင်ပလူ ကပ်ခွင့်မရှိဘူး။ မိုင်းကွဲသံ ၆ ချက်ခန့်ကြားရပါတယ်။ စစ်တပ်ဘက်က ရမ်းသမ်းပစ်တာ သေနတ်သံ အချက် ၁၀၀ လောက်ရှိတယ်။ မနက် ၄ နာရီ ၁၅ မိနစ်ဆိုတော့ အိပ်ချိန်မို့လို့ ပေါက်ကွဲသံကိုတော့ ၁၂ မိုင်လောက် အကွာအဝေးကနေ ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နှင့် အနီးအနား ကျေးရွာများတွင် တပ်စွဲ၍ ကျေးရွာများသို့ ဝင်ရောက် စီးနင်းခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြည်သူပိုင်များကို ဖျက်ဆီး လုယက်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မ...
17/08/2021

၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ၄၄ လမ်းထဲကနေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၂ ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးကိုတော့ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာထားပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေနဲ့ အိမ်ထဲမှာအတူရှိနေခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကိုကောင်းမင်းသန့်ဟာ အဲဒီနေ့ဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နေအိမ်ခေါင်မိုးထပ်မှာ ပုန်းအောင်းနေခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ထုတ် ဖော်ပြောကြားလာပါတယ်။
"ကျွန်တော်ခေါင်မိုးထပ်မှာ ပုန်းနေတုန်းမှာပဲ ရဲမင်းဦးက တစ်ယောက်ကျသွားပြီ။ ကျွန်တော် တိုက်ခေါင်မိုးပေါ်ရောက်တော့ နောက်ထပ်လေးယောက် ပက်လက်အနေထားကျသွားတာကိုမြင်လိုက်ရတယ်။ အဲ့ဒီလိုပက်လက်အနေထားကျတာကို တခုချင်းစီခွဲပြီး ဘယ်လိုများရစရာမရှိအောင်ရုပ်ပျက်ဆင်းပျက်လုပ်လိုက်ကြလည်းမသိဘူး။ ကျွန်တော် သူတို့လာဖမ်းတဲ့ ညနေ ၃နာရီကနေ နောက်နေ့မနက် ၃နာရီခွဲထိနေခဲ့ပြီး တခြားအိမ် တံစက်မြိတ်ခိုင်တဲ့ခေါင်မိုးပေါ်ကနေ တွယ်ဆင်းပြီး လွတ်ခဲ့တာပါ" လို့ အဲဒီနေ့ ကဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်က ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ကဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ တိုက်အောက်ကိုပြုတ်ကျလျက်အနေထားရှိနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ပြီး အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံဟာလည်းခန္ဓာကိုယ်အောက်ပိုင်းကိုမြင်ရတဲ့အနေထားတွေဖြစ်နေတဲ့ အတွက် မူလပုံစံအနေထား မဟုတ်ဘူးလို့ ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ကိုကောင်းမင်းသန့်က ပြောပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ရောက်တဲ့နေရာကနေ စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်ပါဝင်နေမယ်လို့ပြောပါတယ်။ ဒီဖြစ်စဉ်မှာသေဆုံးခဲ့သူနှစ်ဦးထဲက မဝေဝေမြင့် (ခေါ်) မပန်းသီးကိုတော့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့ အစီစဉ်နဲ့ပြုလုပ်တဲ့နာရေးကိုလိုက်ပါကြည့်ရှုခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားသူ ၃ ဦးရဲ့အခြေအနေကိုတော့ ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- ကိုကောင်းမင်းသန့်ဖေ့ဘွတ်ခ်

 ◾ မုန်တိုင်းအရှိန်ကြောင့် ရေကာတာပြိုကျနိုင်ကြောင်း တရုတ်စစ်တပ်သတိပေး◾ ဟီနန်စီရင်စု၌ မြို့ပေါင်းများစွာရေလွှမ်းမိုးပြီ န...
21/07/2021



◾ မုန်တိုင်းအရှိန်ကြောင့် ရေကာတာပြိုကျနိုင်ကြောင်း တရုတ်စစ်တပ်သတိပေး
◾ ဟီနန်စီရင်စု၌ မြို့ပေါင်းများစွာရေလွှမ်းမိုးပြီ နာမည်ကြီးရှောင်လင်ဘုရားကျောင်းအားပိတ်ထားရ

တရုတ်နိုင်ငံရဲ့ဗဟိုချက်နေရာမှာတည်ရှိနေတဲ့ ဧရာမရေကာတာကြီးဟာ မုန်တိုင်းအရှိန်ကြောင့် အချိန်မရွေး ပြိုကျသွားနိုင်တဲ့အန္တရာယ်ရှိကြောင်း တရုတ်စစ်တပ်က သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ပြင်းထန်တဲ့လေမုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး မုန်တိုင်းဝင်တဲ့ဒေသအားလုံးဟာ လည်ပတ်မှုတွေရပ်ဆိုင်းနေပြီလည်းဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်လာခဲ့အပြီးမှာ လူယွမ်မြို့က ယီသန့်ရေကာတာဟာ ရေမီတာ ၂၀ အထိ မြင့်တက်လာခဲ့ပြီး ဒီရေကာတာသာ ပြိုကျခဲ့ရင် လူယွမ်မြို့မှာနေထိုင်တဲ့ လူခုနစ်သန်းဟာ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်စစ်တပ်ဟာ ရေလွှမ်းမိုးမှုနဲ့ ရေကာတာပြိုကျမှုတို့ ဖြစ်ပေါ်လာခဲ့ရင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျှင်အမြန်ဆောင်ရွက်နိုင်စေဖို့အတွက် စစ်သားတွေကို လူယွမ်မြို့ဆီ စေလွှတ်ပို့ဆောင်ထားပြီလည်းဖြစ်ပါတယ်။

ယီသန့်ရေကာတာဟာ ဇူလိုင် ၂၀ ရက်ကနေစလို့ စိုးရိမ်ရေအမှတ်ဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ရေကာတာရဲ့ ဘေးဘက်နေရာတွေဟာ အကြီးအကျယ် ထိခိုက်ပျက်စီးလာတဲ့အတွက် အချိန်မရွေးပြိုကျသွားမှာကို တရုတ်စစ်တပ်က စိုးရိမ်လာတာပဲဖြစ်ပါတယ်။

တရုတ်ပြည်အလယ်ပိုင်းဆီက ဟီနန်စီရင်စုခရိုင်မှာလည်း မြို့ပေါင်းများစွာဟာ မိုးသည်ထန်စွာ ရွာသွန်းမှု အရှိန်ကြောင့် မြစ်ရေလွှမ်းမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး နာမည်ကျော် ရှောင်လင်ဘုရားကျောင်းကိုလည်း ပိတ်ထားလိုက်ရပြီဖြစ်ပါတယ်။

မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြစ်ဝါမြစ်ကမ်းနံဘေးမှာရှိတဲ့ ဇန်ဇူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းတဲ့ဖြစ်စဉ်ကြောင့် လူသုံးဦးအထိ သေဆုံးသွားခဲ့ရပြီလည်းဖြစ်ပါတယ်။

သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား - Channel News Asia

မုံရွာမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရလို့ သေဆုံးပြီး ကျန်အုပ်ချုပ်ရေးမှူး နေအိမ်တချို့ ဗုံးပစ်ခံရဇူလ...
21/07/2021

မုံရွာမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရလို့ သေဆုံးပြီး ကျန်အုပ်ချုပ်ရေးမှူး နေအိမ်တချို့ ဗုံးပစ်ခံရ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်နေ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းထွန်းဟာ မနေ့ ဇူလိုင် ၂၀ ရက် ညဦးပိုင်းအချိန်က ဓားထိုးခံရတဲ့အတွက် သေဆုံးသွားတယ်လို့ သုခဟိတ လူမှု့ကူညီရေးအဖွဲ့ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ် ။

" မနေ့ည ၇ နာရီ ဝန်းကျင်လောက်ကဖြစ်မယ် ၊ ချမ်းမြဝတီရပ် ရေကူးလမ်းမှာဖြစ်တာပါ ၊ သေဆုံးသူ ဦးသိန်းထွန်းက ၊ နအဖ ခေတ်ကနေ ဦးသိန်းစိန် လက်ထက်အထိ အုပ်ကြီးလုပ်ခဲ့တယ်၊ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာတော့ အနားယူသွားခဲ့ပြီး အခု ဖေဖော်ဝါရီ နောက်ပိုင်းမှ ပြန့်ခန့်လို့ ပြန်လုပ်တာ " လို့ သလ္လာရပ်ကွက် အုပ်ချုပ်ရေးရုံးနားမှာနေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဟာ နစက လက်ထက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ပေးတဲ့အတွက် ပြီးခဲ့တဲ မတ်လ ၂၂ ရက်က တာဝန်ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် နူတ်ထွက်စာတင်ထားပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလဲ ရေးသားထားတယ်လို့ သိရပါတယ် ။

ဒါ့အပြင် မနေ့ ညနေပိုင်းက မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတွေရဲ့ နေအိမ်တချို့ ဗုံးနဲ့ ပစ်ပေါက်ခံရတာတွေရှိပြီး ပစ်ပေါက်ခဲ့တဲ ဗုံးဟာပေါက်ကွဲခြင်း မရှိဘူးလို့ သိရပါတယ် ။

မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးစိုက်ရာမြို့ဖြစ်သလို အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေပြုတဲ့ မြို့တမြို့လည်းဖြစ်ပါတယ် ။

သလ္လာရပ်ကွက်ဟာ မြို့ပြလူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိတဲ့အနက် ဧရိယာ အကျယ်ဝန်းဆုံးနဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တခုဖြစ်တယ်လို့ သိရပါတယ်။



ပုံစာ - ဓါးထိုးခံရလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ရွာပေါင်းစုံသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ ရန်ကုန်၊ ဇူလိုင် ၂၁ စစ်ကိုင်းတိ...
21/07/2021

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ရွာပေါင်းစုံသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ၁၃၃ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်ဖြုတ်ချရေး လက်ပံတောင်းတောင်ဒေသတွင် မီးတုတ်ရှို့ဆန္ဒပြရန်ကုန်၊ ဇူလိုင် ၂၁စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လ...
21/07/2021

စစ်အာဏာရှင်ဖြုတ်ချရေး လက်ပံတောင်းတောင်ဒေသတွင် မီးတုတ်ရှို့ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ၂၁ ရက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ်ကျဆုံးရေး မီးတုတ်များရှို့ကာ ချီတက်ဆန္ဒပြကြသည်။

ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီများ ဝင်မွှေနေ၊ ရွာသား ၄ ဦး ဖမ်းဆီးခံထားရရန်ကုန်၊ ဇူလိုင် ၂၀မန္တလေး...
20/07/2021

ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီများ ဝင်မွှေနေ၊ ရွာသား ၄ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလရွာသို့ ဇူလိုင်လ ၂၀ ရက် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကား ၈ စီးဖြင့် ဝင်ရောက်လာပြီး ရွာသား ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

"၃ နာရီလောက်မှာ စစ်ခွေးတွေ ဝင်လာတယ်၊ ဇော်မျိုးထက်၊ မင်းထက်၊ နိုင်ဝင်းအောင်၊ မိုးကောင်း လေးယောက် ဖမ်းခံထားရတယ်၊ သူတို့ဘာသာ အိမ်မှာ အေးဆေးနေနေတာလက်နက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာတာဗျ၊ ဘာသက်သေမှလဲ မရှိဘူး" ဟု ကုလရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လေးဦးအနက် နှစ်ဦးမှာ ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသူများသာ ဖြစ်သလို ကျန်နှစ်ဦးမှာလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြဿနာဖြစ်ထားဖူးသူများ ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာတွင် ရှိနေသေးကြောင်း သိရသည်။

ဇွန်လ ၂၈ ရက် ညပိုင်းကလည်း ကုလကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်ခဲ့ပြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရခဲ့သည်။

ကုလကျေးရွာရှိ အုပ်ချုပ်ရေးမှူး အောင်ဇော်မင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ သတင်းပေးဒလန် ဖြစ်ကြောင်း၊ ယနေ့ တွင် အကြမ်းဖက်စစ်ကောင်စီကို အုပ်ကြီးကိုယ်တိုင် ရွာသို့ ခေါ်လာကြောင်းနှင့် စစ်ကောင်စီမှ ၎င်းအား သေနတ်ပင် ပေးကိုင်ထားကြောင်း ရွာသားတစ်ဦးမှ ပြောဆိုသည်။

မြောင်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၅ဦး တပြိုင်တည်း နှုတ်ထွက် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြောင်မြို့နယ် ၊ နဂါးပေါက်တို...
20/07/2021

မြောင်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၅ဦး တပြိုင်တည်း နှုတ်ထွက်

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြောင်မြို့နယ် ၊ နဂါးပေါက်တိုက်နယ်ထဲ က ကျေးရွာ
အုပ်ချုပ်ရေးမှူး ၅ ဦး ဟာ ဇူလိုင် ၂ဝရက် မှာ တပြိုင်တည်း နှုတ်ထွက်ခဲ့တယ်လို့ နှုတ်ထွက်
ခဲ့တဲ့ အထဲမှာပါဝင်တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောပါတယ်။
အခုလိုနှုတ်ထွက်လိုက်တာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါအခြေနေကြောင့်မိသားစု
ကျန်းမာရေးအရ ရပ်ရွာတာဝန်ကိုမထမ်းဆောင်နိုင်မှာစိုးရိမ်တာကြောင့် နဲ့ မိသားစုအတွက် အန္တရာယ်ကိုလည်းစိုးရိမ်တာကြောင့် တိုင်ပင်ပြီးနှုတ်ထွက်ကြတာလို့ဆိုပါတယ်။
''တစ်ယောက်တည်းအသက်မဟုတ်ဘူးလေမိသားစုရဲ့အသက်အန္တာရယ်ပါစိုးရိမ်ရတယ်လေ။မြင်နေကြားနေရတာတွေကဘယ်ကျေးရွာအုပ်ချုပ်ရေးမှူးကတော့အသတ်ခံလိုက်ရပြီဆိုတာ ကြားနေရတာလည်းပါတယ်။ ကျွန်တော်တို့မှာတော့အခုထိ နှစ်ဖက်လုံးမှာတော့ ဖိအားမရှိပါဘူး။နောက်ပြီးကျန်းမာရေးအရလည်းကိုဗစ်ကတအားဖြစ်နေတော့ မိသားစုကိုမကာကွယ်ပေးနိုင်ဘူးလေ၊တောနေလူတန်းစားတွေကကျန်းမာရေးစောင့်ရှောက်မူအားနည်းတယ်လေ" လို့ နှုတ်ထွက်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကဘီဘီစီကိုပြောပါတယ်။လက်ရှိမှာတော့မြောင်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ နှုတ်ထွက်စာတင်ထားတုန်းဖြစ်ပြီး ခွင့်ပြု၊ မပြုကိုလည်းမသိရသေးသလို နောက်ထပ်ခန့်မယ့် အုပ်ချုပ်ရေးမှူးအစီစဉ်ကိုလည်းမသိရှိရသေးဘူးလို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကောလင်းမြို့နယ်ထဲ က အုပ်ချုပ်ရေးမှူး ၁၁ဦး တပြိုင်တည်း နှုတ်ထွက်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါသေးတယ် ။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ - CJ(မြောင်မြို့နယ်ဆုံမှတ် )
ဒီသတင်းနဲ့အတူ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှု
https://www.bbc.com/burmese/live/burma-57783160

20/07/2021

"ဆရာဝန်တွေကို စစ်ကောင်စီက ဖမ်းဆီးနေတာက၊ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကုသပေးဖို့ရာ ပြင်ဆင်နေတဲ့ ဒီဆရာဝန်တွေကို ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးတာဟာ ပြည်သူကို နှိပ်စက်ဖမ်းဆီးတာနဲ့အတူတူပါပဲ”

By ရန်ကုန်ခေတ်သစ်

မန္တလေးမြို့မှ CDM ဆရာဝန်ကြီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ကိုဗစ်ကပ်ရောဂါဆိုး ပြင်းထန်စွာ ဖြစ်ပွားနေပြီး ကူးစက်မြန်ကာ နေ့စဉ် ပြည်သူပေါင်းထောင်ချီ သေဆုံးနေချိန်တွင် စစ်ကောင်စီက ကိုဗစ်လူနာများကို ကုသရန် စီစဉ်နေသော CDM ဆရာဝန်များကို ဖမ်းဆီးနေပြီး မန္တလေးမြို့တွင် ဆရာဝန် ၄ ဦး ဖမ်းဆီးခံထားရသည့်အပေါ် မန္တလေးမြို့မှ ဆရာဝန်ကြီးတစ်ဦးနှင့် ရန်ကုန်ခေတ်သစ် မီဒီယာက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းထားပါသည်။

ရန်ကုန်ခေတ်သစ်။ ။ မန္တလေးမှာ ဆရာဝန်တွေ ဖမ်းဆီးခံရမှု လက်ရှိအခြေ အနေကို သိပါရစေ။

ဖြေ။ ။ လက်ရှိမှာ ဆရာဝန် ၂ ယောက် လတ်တလောမှာ ဖမ်းဆီးခံထားရတယ်။ ဒေါက်တာကျော်ကျော်သက်က ဇူလိုင် ၁၃ ရက်နေ့မှာ အဖမ်းခံရတယ်။ ဒေါက်တာသက်ဌေးက ဇူလိုင် ၁၆ ရက်နေ့မှာ မန္တလေးမြို့မှာ အဖမ်းခံရပါတယ်။ တခြားဆရာဝန် ၂ယောက်၊ CDM လုပ်နေတဲ့ တခြားဆရာဝန် ၂ ယောက် ကိုလည်း ဖမ်းထားတယ်လို့ ကျွန်တော်တို့ကြားပါတယ်။ ဒါက လက်ရှိ မှာ ဆရာဝန်တွေ အဖမ်းခံနေရတဲ့အခြေအနေပါ။

ရန်ကုန်ခေတ်သစ်။ ။ ကိုဗစ်ရောဂါ ရန်ကုန်အပါအဝင် မန္တလေး စတဲ့မြို့ကြီးတွေမှာ ကိုဗစ်ရောဂါပိုး တအားပျံ့နှံ့နေချိန်မှာ အခုလို ပြည်သူတွေကို ဆေးကုသပေးဖို့ လုပ်နေတဲ့ CDM ဆရာဝန်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ လူတွေထောင်ချီပြီး သေဆုံးနေတဲ့ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန်မှာ ဆရာဝန်တွေကို မတရားသဖြင့် လိုက်လံဖမ်းဆီးတယ်။ ညှင်းပန်းတယ်။ နှိပ်စက်တယ်ဆိုတာကတော့ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပေါ့။ ဒီဆရာဝန်တွေအားလုံးဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကုသပေးဖို့ရာ ပြင်ဆင်နေကြတဲ့ဆရာဝန်တွေဖြစ်တဲ့အတွက် ဒီဆရာဝန်တွေကို ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးတာဟာ ပြည်သူတွေအပေါ်ကိုလည်း နှိပ်စက်ဖမ်းဆီးတာနဲ့အတူတူပါပဲ။

ဒီရောဂါကို တိုက်ဖျက်နေတဲ့ဆရာဝန်တွေကို ဖမ်းဆီးတယ်၊ အရေးယူတယ်ဆိုတာကလည်း ပြည်သူတွေ ကုသမှုမရနိုင်အောင်လို့ တမင်လုပ်တယ်လို့ပဲ ကျွန်တော်တို့က ယူဆပါတယ်ခင်ဗျ။

ရန်ကုန်ခေတ်သစ်။ ။ အခုလိုဆရာဝန်တွေကို ဖမ်းဆီးတာ၊ နှိပ်စက်ခံရတာနဲ့ပတ်သက်ပြီး သိရှိရသလောက်အခြေအနေကိုပြောပြပေးပါဆရာ။

ဖြေ။ ။ ပထမဆုံး ဆရာကျော်ကျော်သက်အဖမ်းခံရတဲ့အချိန်မှာတော့ သ့ူရဲ့ လက်တော့ပ်ပါသွားတယ်။ အိုင်ပက်ပါသွားတယ်။ ဖုန်းပါသွားတယ်။ ဆရာကျော်ကျော်သက်ဟာဆိုလို့ရှိရင် လက်ရှိမှာ CDM လုပ်ထားတဲ့ကျောင်းသားတွေအတွက်ကို အခုလိုအချိန်မျိုးမှာ ပညာသင်ကြားရေးအတွက်ကို တတပ်တအားနဲ့လုပ်ဆောင်ပေးနေတဲ့ သင်ကြားရေးပလက်ဖောင်းတစ်ခုကို လုပ်ဆောင်ပေးနေတဲ့ဆရာဖြစ်ပါတယ်။

ပညာသင်ကြားရေးလုပ်ဆောင်နေတဲ့အချက်အလက်တွေကို စကစတွေ ယူသွားတယ်။ ဆရာကျော်ကျော်ဘက်က သင်ကြားရေးဘက်မှာ စိတ်ဝင်စားတယ်။ လူမှုကူညီရေးမှာလည်း တအားကို သိတတ်တဲ့ဆရာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကလည်း မြေပြင်မှာ ကိုဗစ်ကုသရေးမှာလည်း ဆရာဝန်တွေကို Recruit လုပ်ပေးနေတဲ့ဆရာပါ။

ကိုဗစ်ကုသရေးအတွက် Plan တွေ ချထားတယ်။ အခုအဖမ်းခံရတဲ့အချိန်မှာ အဲ့ဒါတွေ အားလုံးပါသွားတယ်လို့ယူဆရတယ်။ ဆရာကျော်ကျော်သက်က အခုလက်ရှိ နန်းတွင်းစစ်ကြောရေးထဲမှာ ဖမ်းဆီးနှိပ်စက်ခံထားရတယ်လို့သတင်းကြားရတယ်။ ဖြစ်နိုင်ရင် ဆေးကုသရေးတွေ လိုအပ်တဲ့အနေအထားမှာ ရှိပါတယ်။ အခုချိန်ထိလည်း မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။

ဒေါက်တာသက်ဌေးကိုကျတော့ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်။ ဒေါက်တာသက်ဌေးအဖမ်းခံရပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ သူကူပေးနေတဲ့ ဆေးရုံက ဆေးပစ္စည်းတွေကို လာပြီးသိမ်းဆည်းသွားပါတယ်။ ဖမ်းဆီးရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေလည်း ရှိနေပါတယ်ဗျ။

သူ့ အိမ် ၂ အိမ်လုံး(ဆေးခန်းဖွင့်တဲ့အိမ်၊ နေတဲ့အိမ်) ကိုလည်း အကုန်ဝင်ရောက်စီးနင်းပြီးတော့ ပစ္စည်းတွေ၊ ဆက်တီတွေကအစ ယူဆောင်သွားတယ်လို့ကြားတယ်။ အခုလောလောဆယ်မှာ သူ့အမျိုးသမီးနဲ့ကလေး၂ယောက်လည်း အိမ်မှာနေလို့မရဘဲ တနေရာမှာ တိမ်းရှောင်နေရပါတယ်။

ဆရာသက်ဌေးလည်း ဖမ်းဆီးခံရစဉ်မှာ ညှဉ်းပမ်းနှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေရှိတယ်လို့ အဖမ်းခံရစဉ်မှာ မျက်မြင်တွေ့တဲ့သူတွေက ပြောပါတယ်။ ဆရာ့အနေနဲ့လည်း ဆေးကုသဖို့ အထူးလိုအပ်နေတဲ့အနေအထားဖြစ်ပါတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်ရဖို့ရာ လိုအပ်နေပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ ပြည်သူတွေကို ကုသဖို့လုပ်နေတဲ့ဆရာဝန်တွေကို စစ်ကောင်စီက ဖမ်းဆီးဖို့လုပ်နေတဲ့အခါ ပြည်သူတွေကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ပြင်ပ ကုသရေးယန္တရားကြီးအခြေအနေ ဘယ်လိုရှိမလဲ။

ဖြေ။ ။ စစ်ကောင်စီလုပ်နေတဲ့ ကုသရေးယန္တရားက ဘာမှကို အကောင်အထည်မဖော်နိုင်ပါဘူး။ သူတို့လည်း ကုသမှုကို မပေးနိုင်ဘူး။ ပေးနေတဲ့အနေအထားမှာလည်း မရှိဘူး။ ပြည်သူတွေအပေါ်မှာ ထိရောက်တဲ့ကုသမှုအနေအထား ဘာတစ်ခုမှ မပေးနိုင်သေးပါဘူး။

ဒါပေမဲ့လို ထိရောက်တဲ့ကုသမှုကို CDM ဆရာဝန်တွေက ထိရောက်တဲ့ကုသမှုဖြစ်အောင်လုပ်နေတဲ့ကိစ္စကိုလည်း လိုက်လံနှောင့်ယှက်ဖမ်းဆီးနေတယ်။ ရန်ကုန်မှာဆိုရင်လည်း လူနာယောင်ဆောင်ပြီး ကုသနေတဲ့ဆရာဝန်တွေကို ဖမ်းနေတယ်။ မန္တလေးမှာလည်း ကုသဖို့ရာကြိုးစားနေတဲ့ဆရာဝန်တွေကို လိုက်လံဖမ်းဆီးနေတယ်ဆိုတာ အကုန်လုံးအနေနဲ့ မြင်နိုင်မယ်ထင်ပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ လက်ရှိလူနာတွေရဲ့အခြေအနေရယ် ဆေးကုသရေးအခြေအနေရယ် မြေပြင်မှာဆိုးရွားနေတဲ့အခြေအနေရယ် ပြောပြပေးပါ။

ဖြေ။ ။ လက်ရှိမန္တလေး၊ ရန်ကုန်မှာ လူနာတေ ွသေဆုံးနှုန်းကို ကြည့်ရင် သိနိုင်တယ်။ စကစက ထုတ်ပြန်နေတဲ့နှုန်းကတော့ လုပ်ကြံထားတဲ့နှုန်းဆိုတာ လူတိုင်းသိနိုင်တယ်။ ဒီထက်မက အများကြီးကို မြေပြင်မှာ တစ်ရက်တစ်ရက်သေဆုံးနေကြသူတွေအများကြီးရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကြီးက လုံးဝကိုပြိုကွဲသွားပြီဆိုတာကို ပေါ်လွင်နေပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ကြေညာနေတာနဲ့ မြေပြင်မှာ ကြုံတွေ့နေရတာတွေ ပြောင်းပြန်အနေအထားဖြစ်ပြီး ဆရာဝန်တွေကို လိုက်ဖမ်းနေတဲ့အပေါ်ကို ဘယ်လိုပြောချင်ပါလဲ

ဖြေ။ ။ သူတို့အနေနဲ့ကတော့ အဓိကကတော့ ကျန်းမာရေး System ကြီးတစ်ခုလုံးကို Run နိုင်တဲ့အနေအထားမရှိဘူးပေါ့။ ဒါကြောင့်မို့ ဆရာဝန်တွေကို ချော့တစ်ချီ ခြောက်တစ်လှည့် သူတို့လက်အောက်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့သဘောလို့ထင်ပါတယ်။ ဆရာဝန်တွေအကုန်လုံးကတော့ တော်လှန်ရေးကို ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ ကိုဗစ်ကယ်တင်ရေးအစီအစဉ်တွေ ဆက်လုပ်ဖို့အစီအစဉ်ရှိပါသလားဆရာ။

ဖြေ။ ။ပြည်သူတွေဒုက္ခရောက်နေတာကို ကျွန်တော်တို့ဆရာဝန်တွေ ဘယ်လိုမှ မကြည့်ရက်နိုင်တဲ့အနေအထားပါ။ ဒါကြောင့် အခါအခွင့်ပေးရင်ပေးသလို ပြည်သူတွေကို ကုသပေးဖို့ ဆက်တိုက်လုပ်သွားပေးဖို့ရာရှိပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ ဆရာဝန်တွေ ထောင်ချခံရတာ၊ အဖမ်းခံရတာအရေအတွက်သိပါရစေ။

ဖြေ။ ။ ကျန်းမာရေးဝန်ထမ်းအရေအတွက် အခုလတ်တလောဖမ်းဆီးခံထားရတာ ၆၀ကျော်လောက်ရှိပါတယ်။ တချို့တွေလည်း လွတ်မြောက်လာတဲ့ဆရာဝန်တွေလည်း ရှိနေပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ စကစက ဆရာဝန်တွေကို ဆက်နှိမ်နင်းသွားဖို့ ဖမ်းဆီးရေးလုပ်ငန်းတွေက ရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်လာနေသလားဆရာ။

ဖြေ။ ။ သူတို့တောက်လျှောက်လိုက်ဖမ်းဆီးနေပါတယ်။ လက်ရှိမန္တလေးမှာ ရှိနေတဲ့ private Hospital တွေရှေ့မှာ သူတို့ရဲ့ ဒလန်တွေတွေ ရှိနေတယ်။ လာရောက်ကုသပေးတဲ့ဆရာဝန်တွေဆိုရင် ဖမ်းတယ်။ စီဒီအမ်ဆရာဝန်တွေကို တွေ့ရင် ဖမ်းသွားတယ်။ Private Hospital တွေမှာ အရပ်ဝတ်နဲ့ ဒလန်တွေ ရှိနေတယ်။

ရန်ကုန်ခေတ်သစ်။ ။ တော်လှန်ရေးကာလမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ ယုတ်မာအောက်တန်းကျတဲ့အပေါ်ကို ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ လက်ရှိအခြေအနေအရ ပြည်သူတွေခံစားနေရတဲ့ဝေဒနာတွေ ရောဂါကပ်ဆိုးကြီးကိုတော့ သေချာတယ် စကစက နိုင်နင်းအောင် ဘာကုသမှုမှမပေးနိုင်ဘူး။ ကုသပေးဖို့ရာလည်း သူတို့မှာ ရည်ရွယ်ချက်မရှိဘူး။ တစ်ကမ္ဘာလုံးကိုလိမ်မယ်။ သတ်မယ်။ ဖမ်းမယ်။

ကျွန်တော်တို့ဆရာဝန်တွေအနေနဲ့ တောင်းဆိုချင်တာက နိုင်ငံတကာအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ ကူညီပေးဖို့ ကျွန်တော်တို့ CDM ဆရာဝန်တွေက တောင်းဆိုလိုပါတယ်။

ထောင်တွင်းကိုဗစ်ကူးစက်ခံရပြီးသေဆုံးသူ ၆ ဦးရှိ ကြောင်း စစ်ကောင်စီထုတ်ပြန် ဇူလိုင် ၂၀ရက်အထိ  ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အ...
20/07/2021

ထောင်တွင်းကိုဗစ်ကူးစက်ခံရပြီးသေဆုံးသူ ၆ ဦးရှိ ကြောင်း စစ်ကောင်စီထုတ်ပြန်

ဇူလိုင် ၂၀ရက်အထိ ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အကျဉ်းထောင်အလိုက် ဆေးရုံဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူနေဆဲ ၂၀၈ဦး ရှိပြီး သေဆုံးသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အပါအဝင် ၆ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်တွေထဲမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူ အကျဉ်းသား၊ အကျဉ်းသူဦးရေ ၃၇၅ ဦးရှိတယ်လို့ လည်းဆိုပါတယ်။ အဲဒီလူနာတွေကို အကျဉ်းထောင်အလိုက် ဆေးရုံ၊ဆေးခန်းတွေနဲ့ ကုသရေးစင်တာ သီးခြားဖွင့်လှစ်ကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တခါ ကိုဗစ် ၁၉ရောဂါဖြစ်ပြီးလွတ်ရက်စေ့ လွတ်မြောက်ခဲ့သူ ၉ ဦး ရှိသလို ရောဂါဖြစ်ပွားနေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေနဲ့ ဆရာဝန်တွေထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန ရဲ့ ဌာနမှူး ဒေါက်တာမော်မော်ဦးတို့ဟာ ကိုဗစ်ကူးစက်မှုခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ဘီဘီစီမြန်မာပိုင်း
ပုံစာ- အင်းစိန်အကျဉ်းထောင်ပြင်ပမြင်ကွင်း
ဒီသတင်းနဲ့အတူ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှု
https://www.bbc.com/burmese/live/burma-57783160

ချင်းတွင်းမြစ်ထဲမှာ လူသေရုပ်အလောင်းတွေနဲ့ ရေယာဥ်တစ်စီး မျှောပါလာဇူလိုင် ၊ ၂၀ ၊ ၂၀၂၁ရွှေဘုန်းမြတ်စံ (VOM)စစ်ကိုင်းတိုင်း ...
20/07/2021

ချင်းတွင်းမြစ်ထဲမှာ လူသေရုပ်အလောင်းတွေနဲ့ ရေယာဥ်တစ်စီး မျှောပါလာ

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မဲဒင်ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းထဲမှာ လူသေရုပ်အလောင်းတွေ ဝှက်ထားတဲ့ ရေယာဥ်တစ်စီး မျှောပါလာတာကို မနေ့ ဇူလိုင် ၁၉ ရက်နေ့ခင်းပိုင်းကတွေ့ရတယ်လို့ စစ်ကိုင်းတိုင်း ပုဂ္ဂလိပိုင်ရေယာဥ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ရုံးက သိရပါတယ် ။

" မော်တော်က မြစ်ထဲမျှောလာတာ ၊ မဲဒင်ရွာနားမှာ တင်နေတယ် ၊ မသက်ာလို့ သွားကြည့်တဲ့အခါ မော်တော်ပေါ်မှာ သွေးကွက်တွေ နေရာအနှံပေကျံတာကိုတွေ့ရတယ် ၊ အဲ့ဒါနဲ့ မော်တော်ရဲ့ ဝမ်းဗိုက်ထဲကို ဝင်ရောက်ရှာကြည့်တဲ့အခါ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ရုပ်အ​လောင်း ၃ လောင်း ဝှက်ထားတာကိုတွေ့ရတယ်" လို့ မဲဒင်ရွာခံ တစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် တွေ့ရှိရတဲ့ ရုပ်အလောင်းတွေကို နီးစပ်ရာ လူတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ သေဆုံး ရုပ်အလောင်း ၃ လောင်းထဲက တစ်ယောက်ဟာ အဲ့ဒီ ရေယာဥ်ရဲ့ ပိုင်ရှင်ဖြစ်သူ ကနီမြို့နယ် ကျောမကြားရွာက ကိုအောင်ဖြိုးဦး ဆိုသူဖြစ်ပြီး ကျန်ရုပ်အလောင်း ၂ လောင်းကတော့ မော်တော်လုပ်သားတွေဖြစ်ကြတယ်လို့ ရေယာဥ်ငန်းလုပ်ငန်းရှင်တွေက မှတ်ချက်ပြုထားကြပါတယ် ။

" သေဆုံးသူ လူ ၃ ယောက်က
မော်တော်ပိုင် ကိုအောင်ဖြိုးဦးနဲ့ သူရဲ့ မော်တော်သား ၂ ယောက်ဖြစ်တယ် ၊ သူတို့နေတဲ့ ကျောမကြားရွာကို ဆက်သွယ်တဲ့အခါ အဲ့ဒီ မော်တော်ပိုင် မိသားစုနဲ့အတူ လူ ၇ ယောက်ပါသွားတယ် ၊ အခု မော်တော်ပိုင် မိန်းမနဲ့ မိသားစု အပါအဝင် လူ ၄ ယောက် ပျောက်ဆုံးနေတယ် " လို့ ရေယာဥ်လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ် ။

အဲ့ဒီ မော်တော်ပိုင် အပါအဝင် လူ ၃ ဦးသေဆုံးရပြီး လူ ၄ ယောက်ပျောက်ဆုံးနေရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတာ အတည်ပြုနိုင်ခြင်းမရှိသေးသလို သက်ဆိုင်ရာကလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

ဒါ့အပြင် မေလ နောက်ဆုံးပတ်ကစလို့ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်တချို့ မကြာခဏ ပစ်ခတ်ခံရတာတွေရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ ဟုမ္မလင်းမြို့နယ်ထဲမှာ ရေယာဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေယာဥ်မောင်း တက်မကိုင်သူတစ်ယောက် သေဆုံးကာ တစ်ဦးဒဏ်ရာတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ ၊ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်တွေကို မုံရွာဆိပ်ကမ်းမှာ မြင်တွေ့ရပုံ
ဓာတ်ပုံ VOM

လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအပါအဝင် NLD ပါတီဝင်တချို့ကို လက်နက်များဖြင့် ဖမ်းဆီးမိဟု စစ်တပ်က ...
20/07/2021

လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအပါအဝင် NLD ပါတီဝင်တချို့ကို လက်နက်များဖြင့် ဖမ်းဆီးမိဟု စစ်တပ်က ထောက်ချောက်ဆင် လုပ်ကြံ

By ရန်ကုန်ခေတ်သစ်

လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ကျော်ဦးနဲ့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုထက်အောင်မင်းတို့ဟာ ဇူလိုင်လ (၁၀)ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

သူတို့ကို လက်နက်ငယ်အချို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ကျော်ဦးနဲ့ ကိုထက်အောင်မင်းတို့ ပါဝင်လှုပ်ရှား ခဲ့တဲ့ တာဝန်သိတက္ကသိုလ်ကျောင်းသားလူငယ်များ (RUSY) မှ ဦးဆောင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဦးအောင်ကျော်ကျော်ဦးတို့ အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျ။

ဖြေ ။ ။ ဇူလိုင်လ (၁၀)ရက်နေ့မှာ ကိုအောင်ကျော်ကျော်ဦးနဲ့ ကိုထက်အောင်မင်းတို့ RUSY ရဲ့ ပြည်သူတွေကို နိုင်ငံရေးအသိလှုံ့ဆော်ဖို့ ဖြန့်ဝေတဲ့ စာစောင်ကိစ္စနဲ့ CDM ဝန်ထမ်းတွေကိစ္စဆွေးနွေးဖို့ ချိန်းထားတဲ့အချိန်မှာ ကိုဘိုဘိုက စတင်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ အသိတစ်ယောက်က ဖုန်းခေါ်တော့ ဖုန်းပြန်ဖြေပေမယ့် နောက်မှာ ရုန်းရင်းဆန်ခတ် အသံတွေ ကြားရပါတယ်။ ကိုအောင်ကျော်ကျော်ဦးက ချိန်းထားတဲ့ဆီ စက်ဘီးနဲ့ လိုက်သွားတုန်း အဖမ်းခံလိုက်ရတာပါ။ ကိုအောင်ကျော်ကျော်ဦးရဲ့ ဇနီးလိုက်သွားတဲ့ အချိန်မှာတော့ ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ကိုအောင်ကျော်ကျော်ဦးရဲ့ စက်ဘီးပဲတွေ့တော့တယ်။ ဇနီးဖြစ်သူ အိမ်ပြန်လာချိန်မှာ ဇနီး ဖြစ်သူကိုပါ ဖမ်းသွားပါတယ်။

မေး။ ။ ဖမ်းဆီးတဲ့အချိန်မှာ ရဲတွေ၊ စစ်သားတွေက ရိုက်နှက်တာတွေ ရှိလား ခင်ဗျ။

ဖြေ။ ။ အနီးအနားမှာ ရှိတဲ့သူတွေ ပြောကြားချက်အရတော့ နှစ်ယောက်စလုံးကို နောက်ပြန်လက်ထိပ်ခတ်ပြီး ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မေး။ ။ ဖမ်းဆီးသွားတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့တကွ ဖမ်းဆီးမိသွားတယ်လို့ သိရတယ်။ အဲ့ဒါအမှန်ပဲလား ခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ RUSY အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ မဟုတ်ဘူးဗျ။ မင်းအောင်လှိုင်တို့ ဖက်ဆစ်စစ်တပ် အာဏာ သိမ်းပြီးကတည်းက ခေတ်ကာလရဲ့ လိုအပ်ချက်တွေအရ တက္ကသိုလ်ကျောင်းသားကျောင်းသူ လူငယ်တွေ၊ အချို့နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်တယ်။

အဓိက ဖိနှိပ်အနိုင်ကျင့်ခံပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဆက်လက်ရှင်သန်စေဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်လာဖို့၊ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ကျွန်တော်တို့အဖွဲ့က အဓိက လုပ်ဆောင်တာဖြစ်ပါတယ်။

ပြီးတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ် အဆုံးသတ်ရေးအတွက် ပြည်သူတွေ အားမလျှော့ဘဲ နည်းမျိုးစုံနဲ့ တော်လှန်ရေး မှာ ပါဝင်လာဖို့ကို ခွန်အားဖြစ် စေမယ့် စာစောင်တွေ၊ ဂျာနယ်တွေ၊ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ နောက်တစ်ခုက CDM ဝန်ထမ်းတွေအတွက်ကို ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ အလှူခံပြီး မျှဝေပေးတောတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ ဘာကြောင့် လက်နက်တွေနဲ့ မိတယ်လို့ စစ်တပ်က ပြောခဲ့တာလဲ ခင်ဗျ။

ဖြေ။ ။ ကိုအောင်ကျော်ကျော်ဦးဟာ လှိုင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တယ်။ သူဟာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာ လုပ်မှာဖြစ်သလို ကျွန်တော်တို့ RUSY မှာလည်း အလွတ်သဘော ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ကိုထက်အောင်မင်းဆိုရင် အဖမ်းခံရတုန်းက CDM ဝန်ထမ်းတွေကို ပေးဖို့ ပိုက်ဆံတွေနဲ့ အဖမ်းခံခဲ့ရတာပါ။ ဆိုတော့ ဒီလိုပုံစံမျိုး လက်နက်နဲ့ အဖမ်းခံရတယ်ဆိုတာက ဗမာစစ်တပ်ရဲ့ တစ်ဖက်သတ် စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆက်တိုက်တွေ့လာရတာက လူငယ်တွေကို ဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေကို ဖြစ်ဖြစ် ဖမ်းဆီးမိလို့ရှိရင် စစ်တပ်က သူတို့ရဲ့ လက်နက်ပစ္စည်းတွေနဲ့ ဓာတ်ပုံရိုက်ပြီး လက်နက်နဲ့ ဖမ်းဆီးမိတယ် ဆိုပြီး ဝါဒဖြန့်လေ့ရှိပါတယ်။

နိုင်ငံတကာဖိအားအရ ဗမာစစ်တပ်ဟာ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးဖို့ ခက်ခဲလာတယ်။ ဆိုလိုတာက ၅၀၅နဲ့ အစွဲခံရတဲ့သူတွေ ပြန်လွတ်လာတဲ့ ဖြစ်စဉ်ကို ကြည့်ပြီး သိနိုင်တယ်။ ဆိုတော့ အခုက နိုင်ငံရေးပုဒ်မတွေ မဟုတ်တဲ့ လက်နက်ကိုင်ဆောင်မှု၊ ဖောက်ခွဲဖျက်ဆီးမှု၊ လူသတ်မှုအစရှိတာတွေနဲ့ စွဲချက်တင်ချင်လို့ လုပ်ဆောင် လာတာဖြစ်တယ်။

မေး။ ။ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကိုရော ဆက်သွယ်သေးလား။

ဖြေ။ ။ ကိုအောင်ကျော်ကျော်ဦးကတော့ လင်မယားနှစ်ယောက်လုံး ဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ မသိနိုင်ဘူး။ ကိုထက်အောင်မင်းကိစ္စမှာတော့ ထူးခြားမှုရှိတယ်။ ကိုထက်အောင်မင်းရဲ့ မိသားစုဝင်တစ်ဦးဦးကို ထောက်လှမ်းရေးက ကိုထက်အောင်မင်းသူငယ်ချင်းယောင် ဟန်ဆောင်ပြီး ဆက်သွယ်ပြီးတော့ ကိုထက်အောင် မင်း အဖမ်းမခံရသေးဘူး၊ နေရာတစ်နေရာမှာရှိတယ်၊ လုံခြုံတယ်၊ ဖုန်းမဆက်ဖို့ သူကမှာ လိုက်တယ်၊ ပြီးတော့ ပိုက်ဆံ (၅)သိန်းထည့်ပေးဖို့မှာ လိုက်တယ်ဆိုပြီး ပိုက်ဆံ (၅)သိန်း လိမ်လည်ယူဆောင်သွားတယ်လို့ သိရတယ်။

မေး။ ။ ဖမ်းဆီးခံရတဲ့သူတွေ ဘာတွေ ဆက်ဖြစ်နိုင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ RUSY အနေနဲ့ကတော့ ကျွန်တော်တို့ရဲဘော်နှစ်ယောက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အသိ အမှတ်ပြုတယ်။ တစ်ဖက်မှာလည်း သူတို့ကို မဟုတ်မတရား ဘယ်ကရလာမှန်းမသိတဲ့ လက်နက်တွေနဲ့ စွပ်စွဲထားတဲ့အတွက် စိုးရိမ်တယ်။

အဓိကကတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီးတော့မှ စစ်တပ်က ရေးထားတဲ့ ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဘယ်နေရာမှာ ဘာလုပ်တယ် ကျွန်တော်တို့ လက်နက်ဖြစ်တယ် အစရှိတဲ့ လုပ်ဇာတ်တွေကို သေနတ်နဲ့ချိန် ရွတ်ဖတ်ခိုင်းပြီး ဗီဒီယိုရိုက် ထုတ်လွှင့်တဲ့ ပုံစံမျိုးတွေလည်း ပေါ်လာနိုင်တယ်။

အဓိကကတော့ တော်လှန်ရေးကို ပုံဖျက်ပြီးမှ လူတွေအချင်းချင်းကြား သွေးကွဲအောင် လုပ်ဆောင်မယ့်ပုံစံမျိုုးပေါ့။ ဒါကို ပြည်သူတွေက အသိတရား၊ သတိတရားယှဉ်တွဲပြီးတော့မှ တော်လှန်ရေးကို ရတဲ့နည်းတဲ့ အောင်မြင်တဲ့အထိ လုပ်ဆောင်သွားဖို့လိုပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Online News Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share