မု သာ ဝါ ဒ

  • Home
  • မု သာ ဝါ ဒ

မု သာ ဝါ ဒ နိုင်ငံပိုင်မီဒီယာတွေကို မျက်နှာပြောင်တိုက် သုံးပြီး ဘယ်လို ဝါဒဖြန့် ဘယ်လိုလိမ်လည်ကြသလဲ။

K pop ကြယ်ပွင့် RM ယောင်္ကျားချင်း နမ်းသလား?????ဩဂုတ် ၂၃၊ ၂၀၂၂lမုသာဝါဒ ကမ္ဘာ့ပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား (Mos...
23/08/2022

K pop ကြယ်ပွင့် RM ယောင်္ကျားချင်း နမ်းသလား?????

ဩဂုတ် ၂၃၊ ၂၀၂၂l
မုသာဝါဒ

ကမ္ဘာ့ပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား (Most Hansome Man) လို့ သတ်မှတ်ခံခဲ့ရတဲ့ ထိပ်တန်း စာရင်းဝင် ၅ ယောက်ထဲက Henry Cavill နဲ့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ကိုရီးယားနိုင်ငံ BTS အဖွဲ့ဝင် RM တို့ နှစ်ဦးကို ယှဉ်တွဲပြသထားတဲ့ ဗီဒီယိုဖိုင် တခု ဩဂုတ် ၂၃ ရက်က ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံဖိုင်ထဲမှာတော့ ကြွက်သားတွေ အပြိုင်းပြိုင်းထအောင် ဝိတ်တုံးတွေနဲ့ အမှန်အကန် လေ့ကျင့် ခန်း လုပ်နေတဲ့ Henry Cavill နဲ့၊ စင်မြင့်ပေါ်က ဖျော်ဖြေပွဲတခုမှာ ယောင်္ကျားချင်း အားပါးတရ အနမ်း ချင်း ဖလှယ်နေကြသူတွေကို ယှဉ်ပြထားတာပါ။

အဲ့ဒီ ရုပ်သံဖိုင်ထဲက အားပါးတရ နမ်းရှုံ့နေကြသူတွေထဲမှာ BTS အဖွဲ့ဝင် RM ပါတယ်ဆိုပြီး ပြောဆို ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ဗီဒီယိုဖိုင်ထဲက အနမ်းချင်း ဖလှယ်နေကြသူတွေဟာ BTS အဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ မုသာဝါဒ​​တွေ ပါပဲ။

အားပါးတရ အနမ်းချင်း ဖလှယ်နေကြသူတွေဟာ ကိုရီးယားနိုင်ငံက နာမည်ကြီး UNB Kpop အဖွဲ့ဝင် တွေဖြစ်ပြီး၊ ထိုင်းနိုင်ငံက သူတို့ပရိတ်သတ်တွေနဲ့ လာရောက်တွေ့ဆုံချိန်မှာ ဖျော်ဖြေတင်ဆက်မှု တစ်ခု အနေနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ UNB Kpop အဖွဲ့ဝင်တွေဟာ စင်ပေါ်မှာ နမ်းရှုံ့နေကြတာ မဟုတ်ဘဲ ပစ္စည်းတစ်ခုကို ပါးစပ်ချင်းကိုက်ပြီး တစ်ယောက်ထံကနေ နောက်တစ်ယောက်ဆီကို လွှဲပြောင်းပေးရတဲ့ ကစားနည်း (ဂိမ်း) တစ်မျိုးကို ကစားနေကြတာ ဖြစ်ပါတယ်။

မှတ်တမ်းရိုက်ကူးသူ(ကင်မရာသမား) က အဝေးကနေ ရိုက်ထားတာကြောင့် ယောင်္ကျားချင်း နမ်းနေ တယ်လို့ ထင်မြင်နေကြတာပါ။

အနီးကပ်ရိုက်ထားတဲ့ ရုပ်သံဖိုင်ကို အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာတော့ UNB Kpop အဖွဲ့ဝင် တွေဟာ အချင်းချင်း နမ်းရှုံးနေကြတာ မဟုတ်ပဲ ကစားနည်း(ဂိမ်း) တမျိုးကို တင်ဆက်တဲ့ အစီအစဉ်မှာ ပါဝင်ကစားနေကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒီတော့ အဲ့ဒီရုပ်သံဖိုင်ထဲက သူတွေဟာ BTS က RM လည်းမဟုတ်သလို နမ်းနေကြတာလည်း မဟုတ် ပါဘူး.........

ယောက်ျားချင်း လွတ်လွတ်လပ်လပ် ချစ်ကြိုက်လို့ရတဲ့ ၂၁ ရာစု ခေတ်ကြီးမှာ နှုတ်ခမ်းနီမလေးတွေ အ သဲစွဲ RM လေးကို အခုလို မတိုက်ခိုက်သင့်ပါဘူးနော်။

သတင်းအချက်အလက် အမှန်တွေကို အောက်ပါ ရုပ်သံဖိုင် Link တွေမှာ ကြည့်ရှု့နိုင်ပါတယ်..........
https://youtu.be/Awha7mzSA-o

#မုသာဝါဒ

#မနမ်းရပါဘူးနော်

သရော်လေး တဖြတ်နဲ့ အဘ ဘောလေး ခိုးမနေတဲ့ သတင်းတု🙄🙄🙄ကြင်စိုး တပည့် ဇော်မလုံးက မြန်မာနိုင်ငံမှာ Facebook ကို ပိတ်ပြီး သူတို့...
17/08/2022

သရော်လေး တဖြတ်နဲ့ အဘ ဘောလေး ခိုးမနေတဲ့ သတင်းတု

🙄🙄🙄

ကြင်စိုး တပည့် ဇော်မလုံးက မြန်မာနိုင်ငံမှာ Facebook ကို ပိတ်ပြီး သူတို့ဘာသာ ထွင်ထားတဲ့ ပလက်ဖောင်းအသစ်နဲ့ သုံးခိုင်းမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တယ်။

အဲ့တာကိုပဲ ဇော်မလုံးက အဲ့လို ပြောလိုက်လို့ ကမ္ဘာထိပ်တန်းကုမ္ပဏီကြီး Meta က ရှယ်ယာဈေးတွေ ထိုးကျသတဲ့ 🥲🥲 နည်းနည်းလည်း ကြည့်ကြပ် မကြပါဦး

တို့ဝင်ကြည့်လိုက်တာတော့ နောက်ဆုံး update မှာ
1 ရက်ထဲ ကျတဲ့ နှုန်းက 1.88%
6 လအတွင်းကျတဲ့နှုန်းက 15.51%
ပဲရှိတယ်။

ဒါတွေက google ခေါက်တာနဲ့ အလွယ်တကူ ကျလာတဲ့ ဒေတာတွေနော်။ မန့်မှာ ပုံနှင့်တကွ လင်းထားတယ်။ 👇

သူကတော့ စခွီပြောလား, ဘာလား မသိပေမဲ့ အမှန်ကန်ယုံပြီး အဘဘောမနေတဲ့ သူတွေ ရှိနေလို့ နည်းနည်း ဝင်ငံတာပါ။ 😁

#မုသာဝါဒ
#သရော်သတင်းတု

❌ စိတ်ခံစားမှုနဲ့အတူ ​ဖောင်းပွလာတဲ့ သတင်းအတု​တွေ ❌အာဏာသိမ်းခံရပြီး အ​စောဆုံးရက်​တွေမှာ UN သ​​ဘော်​တွေ ရန်ကုန်မြစ်ဝ​ရောက်...
30/07/2021

❌ စိတ်ခံစားမှုနဲ့အတူ ​ဖောင်းပွလာတဲ့
သတင်းအတု​တွေ ❌
အာဏာသိမ်းခံရပြီး အ​စောဆုံးရက်​တွေမှာ
UN သ​​ဘော်​တွေ ရန်ကုန်မြစ်ဝ​ရောက်​နေပြီ။ UN က စစ်ကား​တွေ ဘဂ်လား​ဒေ့ရှ် နယ်စပ်ကို ​ရောက်​နေပြီ။ ကန် စစ်တပ်က ဂျပန်မှာ တပ်စွဲထားပြီ စသဖြင့်​ပေါ့ စုံလို့။ Facebook ​ပေါ်မှာ ပွစာတက်လာတဲ့ သ​တင်း​တွေ။

တကယ်မှာကျ​တော့ အဲ့တာ​တွေ တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ အဲ့အချိန်​တွေမှာလည်း UN က သူ့လုပ်ငန်းစဥ်​တွေအရ လုပ်ရတာ အဲ့​လောက်မလွယ်ဘူး ဘာညာက​နေ စလို့ ပြန်ပြီး ရှင်းလင်းခဲ့သူ​တွေ ရှိပါတယ်။ လက်ခံသူ​တွေလည်း ရှိသလို ဒလန်လို့ ပြန်ပြီး ​ပြောခဲ့သူ​တွေ ရှိပါတယ်။ ဘယ်လိုပဲ ရှိပါ​စေ ဒီလို ​မျှော်လင့်ချက် အမှား​တွေ ​ပေးခဲ့တဲ့ သတင်း​တွေ​ကြောင့် သတင်းအမှန်​တွေ စီးဆင်းမှုကို ထိခိုက် သလို လူအများကို မှားယွင်းတဲ့ ​မျှော်လင့်ချက်​တွေ ဖြစ်​စေပါတယ်။ ​တော်လှန်​ရေးကြီးက မနက်ဖန် မနက်ပဲ UN က ဝင်ကယ်သွားလို့ ​အောင်​တော့ မ​ယောင်​ယောင် ​တွေးခဲ့ ထင်ခဲ့ကြတယ်။ 😒😒

အဲ့ဒီက​နေမှ စလို့ တက်လာတဲ့သတင်း​တွေက​တော့ ​လေယျာဥ်ပျက်ကျလို့ စကစ ထိပ်တန်း​ခေါင်း​ဆောင် စိုးဝင်း​သေတို့၊ ​ဒေါ်သက်သက်ခိုင် ကိုဗစ်ကူးစက်ခံရ ခု​နောက်ဆုံး​တော့ အာဏာသိမ်းစစ်​ခေါင်​ဆောင်ရဲ့ မိန်းမ ကြူကြူလှ နဲ့ မိသားစု ကိုဗစ်ဖြစ်ပြီ။ တမျိုး ပြီး​တော့ တမျိုး ​ပျံ့နှံ့လာ​နေတယ်။ ပြည်သူ​​တွေမှာလည်း သူ​တို့ နာကျဥ်းစိတ်အခံ ရှိတဲ့ သူ​တွေ ​သေ​ကြေပျက်ဆီးကြ​တော့မှာဆို​တော့ ​ဝမ်းပန်း တသာ ဖြန့်ကြ​တော့ပြန်ပါတယ်။

တကယ့် တကယ်မှာ​တော့ စိုးဝင်း​သေပြီ ပျံ့လာပြီး ဒီဘက်မှာ ပွဲခံပြီး မကြာခံမှာပဲ စိုးဝင်က ​​ဈေးကုန်းဘုန်းကြီး စျာပနမှာ အ​လောင်းဝင်ထမ်းပြတယ်။ 😑

​ဒေါ်သက်သက်ခိုင် ကိုဗစ်ဖြစ်​နေတယ် ​ပြောကြပြီး မကြာခင်ပဲ သူ့ကိုယ်​​ရေးအရာရှိက ကျန်းမာလန်းဖြာလျက် အလုပ်လုပ်​နေပါတယ် ပြန်​ဖြေတယ်။ 😑

အခု​နောက်ဆုံး မအလ မိန်းမ ​ကြူကြူလှ ​ရောဂါဖြစ်တယ် ဆို​တော့လည်း ​​တော်​တော် ဖြန့်လာကြပြန်တယ်။ 😒

ဖြန့်လာတဲ့ သူ​တွေကို ကြည့်​တော့ ဘသူဘယ်ဝါမှန်း​တောင် မသိရတဲ့ အ​ကောင်တု​တွေ။ ဘယ်က ရလာမှန်း မသိတဲ့ သတင်းရင်းမြစ်​တွေနဲ့။ ဒီလို ထိပ်တန်းသတင်း​တွေက ဘသူဘယ်ဝါမှန်း​တောင် ပြမထားတဲ့ အ​ကောင့်​တွေဆီက ​နေပြန့်လာတာကို ဘာလို့ ယုံကြမှာလဲ။ ကျ​နော်တို့ အများကြီးစဥ်းစားဖို့ လိုပါတယ်။ 🤗🤗🤗

အဲ့လို​သတင်း​တွေ ​တွေ့တိုင်း ကျ​နော်တို့က ​ရှယ်ကြ၊ ဖြန့်ကြ၊ ​အချိန်တန် ဟိုက ပြန်ရှင်း​တော့ ငြိမ်သွားကြရ။ ကျ​နော်တို့ ဘာရလိုက်လဲ ? အချင်းချင်းကြားမှာ မင်းတို့ ဒီ​လောက်​တောင် မသိဘူးဆိုပြီး အထင်​သေးကြမယ်။ ဟိုဘက်က ​ကောင်​တွေ မြင်ရင်လည်း ဒီ​ကောင်​တွေက တကယ်ဂျင်းထည့်လို့ရတဲ့ ငပိန်း​တွေ ဆိုပြီး ဟားတာခံရမယ်။ ဒါ​​တွေထက် ပိုအ​ရေးကြီးတာဆိုရင် ဒီလို သတင်း​တွေ ​တော်​တော်ကြီး ပျံ့လာ​နေလို့ သတင်းအမှန်​တွေကို အချိန်နဲ့ တ​ပြေးညီ သိနိုင်ခွင့်တွေ ဆုံးရှုံးကြရ​​တယ်။ 😔😔😔

ဆို​တော့ ကျ​နော်တို့ ဘယ်အချိန်ထိ​အောင် ဒီလို သတင်းတု​တွေရဲ့ သား​ကောင်​တွေ အဖြစ်ခံ​နေကြမှာလဲ။ သတင်းတု စစ်​ဆေးတာ​တွေနဲ့ ပတ်သက်လို့ နည်းလမ်း​တွေကို သတင်းအချက်အလက်​တွေကို အမှားနဲ့ အမှန် စိစစ်​ဖော်ပြ​ပေး​နေတဲ့ Page ​တွေမှာလည်း ​ဖော်ပြ​ပေး​​နေပါတယ်။ ကိုယ်တိုင်လည်း စစ်​ဆေးနိုင်သလို သူ​တို့​တွေ ဆီမှာလည်း စစ်​ဆေးနိုင်ပါတယ်။ အ​ကောင်းဆုံးက​တော့ ကိုယ်တိုင် စစ်​ဆေး၊ ကိုယ်တိုင်ယုံကြည် ကိုယ်တိုင်ဖြန့်​ဝေ ပဲ ဖြစ်ပါတယ်။

မုန်းတာကမုန်းတယ် မှန်ကန်တဲ့နည်းလမ်းနဲ့ မုန်းချင်ပါတယ်။  လူအများကို လိမ်လည်ပီး အနိုင်မယူချင်ပါ။ ပုံကိုပြင်ပီး အတုတင်တော့ ...
26/07/2021

မုန်းတာကမုန်းတယ် မှန်ကန်တဲ့နည်းလမ်းနဲ့ မုန်းချင်ပါတယ်။ လူအများကို လိမ်လည်ပီး အနိုင်မယူချင်ပါ။ ပုံကိုပြင်ပီး အတုတင်တော့ ဘာရမှာလဲ ကျနော်တို့ အချင်းချင်း အထင်သေးယုံကလွဲလို့၊ ဒီ​ကောင် ဒီပုံ​တောင် PS နဲ့ လုပ်ထားမှန်း မသိဘူး ဆိုတာမျိုး အထင်ခံရုံကလွဲလို့ ဘာထူးမှာလဲ။ လုပ်တဲ့သူလဲ အမြင်မှန်ရပါစေဗျာ။ ကျ​နော်တို့က အမှန်တရားဘက်က​နေ သူ​တွေပါ။ တချိန်လုံးတိုင်းပြည်ကို သတင်းအမှား၊ ဇာတ်​ကြောင်းအမှား​တွေ ဖန်တီးပြီး ဘာသာ​ရေး၊ လူမျိုး​ရေး​သွေးခွဲ၊ တဖက်နဲ့ တဖက်ခြား မ​ပြေလည်မှု​တွေဖြစ် ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ်ကို ဖန်တီးခဲ့တဲ့ စစ်​ခွေး​တွေရဲ့ လုပ်ရပ်ကို​တော့ အတုမယူချင်ကြပါနဲ့။

တိုက်ပန်းကန်နဲ့ ပုံကလည်း အခုပုံလည်း မဟုတ်ပါဘူး။ ​NLD အစိုးရလက်ထပ်မှာတည်းက အခမ်းအနား တစ်ခုမှာ ပြထားတဲ့ပုံပါ။ တကယ့်တကယ် ​ခေတ်အဆက်ဆက်မှာလည်း ဘယ်အကျဥ်းသားမှ ပုံထဲက ပြထားသလိုမျိုး မစားခဲ့ရပါဘူး။

အင်းစိန်ထောင်ထဲက သူရဲကောင်းများ အန္တရာယ်ကင်းပြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါစေဗျာ။ 🙏🙏🙏

#မုသာဝါဒ

12/07/2021

ယူတို့သိပြီးပြီလား
ပရက်စ် ကွန်းဖရန့်ကြီးလုပ်ပြီး
ဇော်မဲလုံးနဲ့ အပေါင်းအပါ တသိုက်
လိမ်နေပြန်ပြီ

#ဇော်မဲလုံးလိမ်စားနေသည်
#မုသာဝါဒ

Attention seeker ​လေး အကုန်သိ 😑အကုန်သိ သတင်းဌာန ဆိုတာနဲဲ့ သတင်း​တွေကို က​လောကလည် လုပ်ပြီး တင်​နေကြဆိုတာ တန်းသိကြမှာပါ။အခ...
05/07/2021

Attention seeker ​လေး အကုန်သိ 😑

အကုန်သိ သတင်းဌာန ဆိုတာနဲဲ့ သတင်း​တွေကို က​လောကလည် လုပ်ပြီး တင်​နေကြဆိုတာ တန်းသိကြမှာပါ။

အခုလည်း ကလယ် ကလယ်နဲ့ စာ​သေချာမဖတ်ပဲ breaking news ဆိုပြီး ထိတ်လန့်တကြားတင်ပြန်ပြီ။ ဂျပန်သံရုံးနဲဲ့ သံအမတ်​တွေအိမ်ကို ​ခွေး​ကောင်စီက အခုပဲ ဝင်စီး​နေသ​ယောင်​ယောင်နဲ့။ မင်မင်တို့လည်း ဘာလား​ပေါ့ ထင်မိ​သေးတာ။

​ခေတ်သစ်က သတင်းကို ဖတ်ခါကျမှာ ဒီလိုဝင်စီးခံထားရတာက ဧပြီလအလယ် ​လောက်တည်းက ဖြစ်ထားတာ။ ဒါကို ဂျပန် အ​ခြေစိုက် အဆာဟိ သတင်းဌာနက​နေ မ​နေ့က ဇူလိုင် ၄ ရက်စွဲနဲ့ ​ကြေငြာလိုက်တယ်။ အဲ့လိုအဖြစ်က။

အဲ့တာကို စာ​သေချာမဖတ်။ အတန်းရှင်းရရင်ပြီးရင် စွတ်​တွေတင်တာ​နော်။ ​အောက်မှာလည်း သတင်းအ​ဟောင်းကြီးပါဆိုပြီး ပြည်သူ​တွေက ​ထောက်ပြ​နေတာကို ​ပေ​တေ​နေတုန်း။ တကယ်သရုပ်ပျက်​နော်။

#မုသာဝါဒ

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက စောက်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး လိမ်လည်ထုတ်ပြန်ထားစောက်ကောင်စီကနေ...
30/06/2021

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက စောက်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး လိမ်လည်ထုတ်ပြန်ထား

စောက်ကောင်စီကနေပြီး နိုင်ငံခြားသတင်းထောက်နဲ့ သတင်းဌာနတွေကို အာဏာသိမ်း စစ်တပ် (Junta, Military Junta/ Military Council) လို့မသုံးနှုန်းဖို့ သူတို့ရဲ့ ဝါဒဖြန့်တဲ့ သတင်းစာကနေထုတ်ပြန်ထားပါတယ်။
သတင်းစာ အတွဲ(၆၀) အမှတ်(၂၇၀) ထဲမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုထားတယ်ဆိုပြီး လိမ်လည်ဖော်ပြထားပါတယ်။

United Nations Myanmar Page မှာ ဒီသတင်းနဲ့ပတ်သက်ပြီးတင်ထားတာမျိုးမတွေ့ရှိခဲ့ရပါဘူး။ ဒါဟာ စောက်ကောင်စီဘက်ကနေပြီးကူလီကူမာလုပ်၊ လိမ်လည်ထားတဲ့ အကြောင်းအရာတခုသာဖြစ်ပါတယ်။
#မုသာဝါဒ

ခွေးပါးစပ်က နတ်စကားထွက်တဲ့ သ​ရေကြိုးတင်း​အောင်ကိုင် 🖕💩 ဒေါ်​အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက​နေ ​ဒေါ်လာ​တွေ ​ပေးလာဘ...
29/06/2021

ခွေးပါးစပ်က နတ်စကားထွက်တဲ့ သ​ရေကြိုးတင်း​အောင်ကိုင် 🖕

💩 ဒေါ်​အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက​နေ ​ဒေါ်လာ​တွေ ​ပေးလာဘ်ထိုးပါတယ်ဆိုပြီး Deed Face ကို သုံးပြီး အရှက်မရှိ MWD MRTV က​နေ လွှင့်တာလည်း သူတို့ပဲ။

💩 KIA က ထုတ်ပြန်ချက်အတုကြီးကို သတင်းစာရှင်းလင်းပွဲမှာ ခပ်တည်တည်နဲ့ ဖတ်ပြတာက ​ဇော်မဲလုံး

💩 PDF ​တွေ ဖမ်းမိပါတယ်ဆိုပြီး မန်း​လေး၊ အာကာမင်းလက်ဘက်ရည်ဆိုင်ထဲမှာ ကင်မရာမန်း​တွေနဲ့ မဂ်လာ​ဆောင်သလို ရိုက်ပြသွားတာက တပတ်မပြည့်​သေးဘူး။

💩 ရုရှားက ပြည်နယ်​သေး​သေး​လေးက အုပ်ချုပ်​ရေးမှူးနဲ့ ​တွေ့တာကို ကရင်မလင်မှာ သမ္မတနဲ့ ​တွေ့သ​ယောင် ဖန်တီးပြတာက မအလ ​ခေါ် မင်း​အောင်လှိုင်

မှန်ကြည့်ပြီး​ပြော​နေသလား ထင်ရတယ်။ 😆😆😆

#မုသာဝါဒ

ဒီနေ့ည ဖြန့်နေကြတဲ့ ဗီဒီယိုဖိုင်တွေက အတုမှန်း အသိသာကြီးနော် ဘယ်တုန်းကမှန်းမသိတဲ့ ဖိုင်တွေကို ပြန်ဖြန့်နေကြတယ်။ စပြီး အသံ...
28/06/2021

ဒီနေ့ည ဖြန့်နေကြတဲ့ ဗီဒီယိုဖိုင်တွေက အတုမှန်း အသိသာကြီးနော်
ဘယ်တုန်းကမှန်းမသိတဲ့ ဖိုင်တွေကို ပြန်ဖြန့်နေကြတယ်။
စပြီး အသံထွက်လာတဲ့ ချန်နယ်တွေကလဲ စောက်ကောင်စီ အားပေးတွေ
ထွီ....

သူတို့ပြထားတဲ့ ကောင်လေးကို သတ်တဲ့ဖိုင်ဆိုတာ ပြန့်နေတာဖြင့် ကြာလှနေပြီ
နောက်ပြီး မိန်းကလေးကို ရိုက်တဲ့ဖိုင်ကလဲ "ရောင်းဦးမလား" လို့ပြောပြီးတော့ ရိုက်နေတာ

လီးကို Gen-Z ဖြစ်ရမှာလား

၈၈ မှာတော့ ပါပီမ ဇာတ်ကား နဲ့ ဝါဒဖြန့်လို့ရချင်ရမယ်
ခုက ၂၁ ကွ ဘောပဲရမယ်

#၈၈ကစောက်ချိုးတွေ၂၁မှာလာမချိုးနဲ့
#မုသာဝါဒ

ပုလဲမြို့မှာ ဇွန်လ ၂၅ ရက်နေ့က စစ်ခွေးကား ၃ စီးမိုင်းနင်းမိပြီးတော့ စစ်ခွေးတွေ ငရဲပြည်ဆင်းသွားခဲ့ပါတယ်။ ပုလဲရဲစခန်းကတောင်...
28/06/2021

ပုလဲမြို့မှာ ဇွန်လ ၂၅ ရက်နေ့က စစ်ခွေးကား ၃ စီးမိုင်းနင်းမိပြီးတော့ စစ်ခွေးတွေ ငရဲပြည်ဆင်းသွားခဲ့ပါတယ်။

ပုလဲရဲစခန်းကတောင် ဒီသတင်းကို အတည်ပြုပြီး ခေတ်သစ်ကို ပြောခဲ့တာကို
စစ်ခွေး ဒလန် ဘောမ တွေက လိုက်ကာနေတာ မရှက်ဘူးလား။

#စစ်ဘောမတွေသတင်းလိမ်နေ
#စောက်ရှက်လေးတော့ရှိတတ်လေ
#မုသာဝါဒ

မြိတ်မှာမိတဲ့ လက်နက်တွေဟာ PDFဟာမဟုတ်ပဲ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးဟာဖြစ်နေမြိတ်၊ဇွန် ၂၄မြိတ်မှာမိတဲ့ လက်နက်တွေဟာ PDF...
28/06/2021

မြိတ်မှာမိတဲ့ လက်နက်တွေဟာ PDFဟာမဟုတ်ပဲ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးဟာဖြစ်နေ
မြိတ်၊ဇွန် ၂၄
မြိတ်မှာမိတဲ့ လက်နက်တွေဟာ PDFဟာမဟုတ်ပဲ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးဟာဖြစ်နေတယ်လို့သိရပါတယ်။
အဆိုပါအဖွဲ့ဝင်တစ်ဦးဟာ နိုင်ဇာချမ်းဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က အကြမ်းဖက်စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူကာ မြိတ်မြို့အတွင်းမှာနေထိုင်နေတာဖြစ်ပါတယ်။
"နိုင်ဇာချမ်းကပြေးနေတာ။အခုမိသွားတာက သူ့တပည့်တွေနဲ့ သူ့မိန်းမပေါ့။ဘာလို့ဝင်ဖမ်းတာလဲမသိပေမယ့် PDFတွေလက်ချက်လို့ထင်အောင်လုပ်ပြီး မြိတ်ကိုမွှေဖို့ထင်တယ်"လို့ မြိတ်မြို့ဒေသခံတစ်ဦးကရှင်းပြပါတယ်။
ဖြစ်စဉ်ဟာ ယမန်နေ့ည ၉နာရီက အကြမ်းဖက်စစ်ကောင်စီဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ၊ စန္ဒဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျားကျေးရွာရော်ဘာခြံအတွင်းသို့ သွားရောက်ရှာဖွေခဲ့ကြပါတယ်။
ယင်းနောက် ခြံအတွင်း၌မြှုပ်နှံထားသည့် အေကေ-၄၇ လက်နက် ၆ လက်၊ အမ်-၁၆လက်နက် ၃ လက်၊ ဘီအေ-၈၂စိန်ပြောင်း ၁ လက်နှင့် ကျည်အိမ်မျိုးစုံ ၄၃ ခုတို့ကိုတွေ့ရှိခဲ့တာကြောင့်
ခြံစောင့်ဖြစ်သူအားဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရာ ဒေါ်အင် အင်စိုး(ဘ)ဦးအုံးယုချိုင်၊ ဦးစိုးသန်း(ဘ)ဦးလှိုင်ကြည်၊ ဦးနိုင်အောင်(ဘ)ဦးအေးမောင်၊ ဦးအောင် ထွေးစိုး(ဘ)ဦးအောင်တင့်တို့(၄)ဦးတို့ကိုထုတ်ဖော်ပြောဆိုခဲ့လို့ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ ကြံတောလမ်း၊ အမှတ် (၂၀၃) နေအိမ်ဆီသွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာခြံစောင့်အပါအဝင် ၅ဦးကို အကြမ်းဖက်စကစမှဖမ်းဆီးပြီး မြိတ်ရဲစခန်းသို့ပေးပို့ကာစစ်ဆေးလျက်ရှိတယ်လို့သိရပြီး မြိတ်မြို့ကPDFတွေလက်နက်ဖြစ်တယ်လို့လဲ သတင်းမှားတွေထွက်ပေါ်လျက်ရှိပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး
သတင်းနှင့်ပြန်ကြားရေးကော်မတီ

မူရင်း - https://www.facebook.com/BeeBoxNews/posts/295232319008188

ဇွန် ၂၂ မန်းက ထရန်စဖော်မာ ဝင်တိုက်တဲ့ ကားပေါ်က လူတွေက စကစက အရှက်မရှိကြေငြာသလို PDF အဖွဲ့ဝင်တွေ မဟုတ်ပါဘူးနော်ဒီဖြစ်စဉ်နဲ...
26/06/2021

ဇွန် ၂၂ မန်းက ထရန်စဖော်မာ ဝင်တိုက်တဲ့ ကားပေါ်က လူတွေက စကစက အရှက်မရှိကြေငြာသလို PDF အဖွဲ့ဝင်တွေ မဟုတ်ပါဘူးနော်

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမှန်တရား ဘက်တော်သားတွေက ပိုစ့်တွေ တင်ထားသလို ပြည်သူ့မီဒီယာ စစ်စစ် Myanmar Now ကလဲ "မန္တလေး ကားပေါ်တွင် သေဆုံးသည့် လူငယ် ၄ ဦး PDF အဖွဲ့ဝင်မဟုတ်" လို့ ပြောထားသေးတယ်။

အဲ့ဒီနေ့က ကားက ထရန်စဖော်မာကို ဝင်တိုက်မိပြီး ကားပေါ်က လူငယ်တွေ သေဆုံးတာမဟုတ်ပဲနဲ့ စောက်ကောင်စီ တွေ ကားထဲကို ဗုံးပစ်ထည့်လို့ ကားပေါ်က လူငယ်တွေ သေဆုံးတယ်ဆိုတာလဲ အကုန်လုံးအသိပါနော်။

မြန်မာနှောင်း လင့် https://myanmar-now.org/mm/news/7210

#စောက်ရှက်မရှိတဲ့စကစ
#မအလမအလ
#မုသာဝါဒ

Address


Website

Alerts

Be the first to know and let us send you an email when မု သာ ဝါ ဒ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share