နှောကုန်းမြင်ကွင်း - View Of Hnaw Gone Village

  • Home
  • နှောကုန်းမြင်ကွင်း - View Of Hnaw Gone Village

နှောကုန်းမြင်ကွင်း - View Of Hnaw Gone Village We’ll come to our page

Google Map တွင် ထပ်မံ၍ အမည်သတ်မှတ်အတည်ပြုခဲ့တဲ့ တည်နေရာတစ်ခုဖြစ်ပါတယ်...။More on Google Map.Confirmed nameIt is a locati...
09/06/2023

Google Map တွင် ထပ်မံ၍
အမည်သတ်မှတ်အတည်ပြုခဲ့တဲ့
တည်နေရာတစ်ခုဖြစ်ပါတယ်...။

More on Google Map.
Confirmed name
It is a location.
"That location is a shrine"

Google Maps တွင် နှောကုန်းရွာ၏အထင်ကရ တည်နေရာ ၅ နေရာကိုအတည်ပြု သတ်မှတ်အမည်ပေးခဲ့သည်ဟု တင်ပြအပ်ပါသည်။Nawkhon Village on Go...
08/06/2023

Google Maps တွင် နှောကုန်းရွာ၏
အထင်ကရ တည်နေရာ ၅ နေရာကို
အတည်ပြု သတ်မှတ်အမည်ပေးခဲ့သည်
ဟု တင်ပြအပ်ပါသည်။

Nawkhon Village on Google Maps
5 iconic locations Name confirmed
Presented.

03/11/2021

"ဖွတ်ကျောင်းကို ခွပ်ဒေါင်းတွေမတက်ဘူး”

*နှောကုန်းရွာ၌ ဖျားနာမှုများဖြစ်ပွား* ဖျားနာမှူနဲ့ပတ်သတ်ပြီး ရာသီတုတ်ကွေးကာလဖြစ်တာကြောင့်တချို့ကတော့ရာသီတုတ်ကွေးလို့ပြော...
14/10/2021

*နှောကုန်းရွာ၌ ဖျားနာမှုများဖြစ်ပွား*

ဖျားနာမှူနဲ့ပတ်သတ်ပြီး ရာသီတုတ်ကွေးကာလဖြစ်တာကြောင့်
တချို့ကတော့ရာသီတုတ်ကွေးလို့ပြောကြပေမယ့်
တချို့ကလည်း စတုတၳလှိုင်းဖြစ်နေမလားလို့စိုးရိမ်းသူတွေလည်း
ရှိကြပါတယ်...။ ထို့ပြင် စတုတၳလှိုင်းအတွက်လည်း ကြိုတင်ပြီး ကာကွယ်ဆေးထိုးနှံသူများလည်းရှိကြပါတယ်...။
သို့ဖြစ်ပါ၍ မိမိကိုယ်ကိုယ်ကွာဖို့နဲ့ အထူးပဲဂရုစိုက်ကြဖို့တိုက်တွန်းလိုပါတယ်...

အားလုံးသဘာဝဘေးရန်အ​ပေါင်းမှကင်း​ဝေးကြပါ​စေ..

လိုရမယ်ရ ဆေးလေးတွေ ကြိုဝယ်ထားကြပါCOVID က တအားဆိုးနေပါပြီ  မပေါ့ကြပါနဲ့နော် ဒီအချိန် ငါတို့ အတွက်မှာ ငါတို့ပဲ ရှိပါတယ်ပေါ...
02/07/2021

လိုရမယ်ရ ဆေးလေးတွေ ကြိုဝယ်ထားကြပါ
COVID က တအားဆိုးနေပါပြီ မပေါ့ကြပါနဲ့နော်
ဒီအချိန် ငါတို့ အတွက်မှာ ငါတို့ပဲ ရှိပါတယ်
ပေါ့ဆမိတာနဲ့ သေလမ်းသိပ်နီးတာ မမေ့ကြပါနဲ့
အရေးကြီးတာ လက်ဆေးဖို့ mask တပ်ဖို့
ခပ်ခွာခွာနေဖို့ပါ မလိုအပ်ပဲ အပြင်လဲ မသွားပါနဲ့
မဆင်ခြင်ပဲ ဖြစ်လာမှ ဆေးသောက်လို့
အလွယ်တကူ မပျောက်တာလဲ မမေ့ကြပါနဲ့
ပြီးတော့ ဒီဆေးတွေက အဖျားရှိသူ ရောဂါပြင်းထန်သူတွေ အတွက်ဆို
အဆင်ပြေမှာမဟုတ်ဘူးနော်

အနံ့ပျောက်သောသူများအတွက် Fever Clinic
ဆရာဝန်မှ ညွှန်သော ဆေးညွန်း။

********************************************************

အနံ့ပျောက်ပြီး ဆေးခန်းမသွားချင်ဘူး အိမ်မှာပဲ
နေပြီးဆေးသောက်ကြည့်မယ်ဆိုသူများအတွက်

မိမိမှာ အနံ့ပျောက်ပြီး စိတ်ထင်နေသူများ ..
ဆေးခန်းမသွားချင်ဘူး၊Qလဲမဝင်ချင်ဘူးအိမ်မှာ
ပဲနေပြီး ဘယ်မှ မထွက်ဘဲသောက်ဆေးသောက်ချင်သူများအတွက်
အကြုံပြုပါရစေ။ သောက်ရမဲ့ဆေးညွှန်းလေးတွေနဲ့
ဆေးပုံကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။

အနံ့ ပျောက် သွား လို့ FEVER CLINIC ကို ဖုန်းဆက် တော့
ညွှန်းပေး လိုက်တဲ့ ဆေးလေးတွေကြောင့်
သက်သာပြီး အနံ့ပြန်ရလာသူတစ်ဦးက အကြံပြုပေးထားပါတယ်။

➡️Afrin

ကို တစ်နေ့ သုံးကြိမ် နှာခေါင်း တစ်ဖက် လျှင်
အစက်၂စက်ခန့်ထည့်ပေးပါ။
“ကျတော်ပြီးခဲ့တဲ့ Sunday က အနံ့ ပျောက် သွားခဲ့ တယ်။
fever clinic ကို ဖုန်းဆက်တော့ ဆရာဝန် က
ကျတော့်ကို အောက်မှာ ပြထားတဲ့ ဆေးတွေ သောက်ခိုင်းခဲ့တယ်။
မိသားစုနဲ့တော့ ခွဲနေခဲ့ပါတယ်။

အရင်ဆုံးဗုဒ္ဓဟူးနေ့မှာအနံ့သင်းသင်းလေးတွေ
ပြန်ရပြီး ကြာသပတေးနေ့ ကျ အနံ့တွေအကုန်
ပြန်ရပါတယ်။ ကျန်တာတွေလဲ ဘာမှ မဖြစ်ပါ
ဘူးအခုတော့အကုန်လူကောင်းအတိုင်းပြန်ဖြစ်
နေပါပြီ။

➡️ALERDAY 120

ကို တော့ ညဘက် တစ်လုံး သောက်ရပါ့မယ်။
ဒါပေမဲ့ ထပ်ပြီး စိတ်ချရအောင်တော့အနံ့ပြန်ရ
ပြီး နောက်ထပ် ၁၄ ရက်ပြည့်အောင်ဆရာဝန်က
ခွဲ နေခိုင်းလို့ နေနေ ပါတယ်။ ကျတော်ဘယ်လို
အနံ့ ပြန်ရလဲ ဆို ဆရာဝန် ညွှန် တဲ့ ဆေးတွေ
သောက်တယ်။အိပ်ရေးဝအောင်အိပ်တယ်အား
ရှိအောင် အိမ်က ထမင်းဟင်းကိုသေချာစားပါတယ်
(မစားချင်လဲရအောင်အတင်းစားရတယ်)

➡️ImunActiv

က တော့ တစ်နေ့ တစ်လုံး သောက်ရပါမယ်။
တနေ့ ကြက်ဥပြုတ် ၂ လုံး စားတယ်
၁ လုံးကိုတော့ အကုန်စားပြီး
နောက်တလုံးကိုတော့အကာပဲစားတယ်
ငှက်ပျောသီး တနေ့တလုံးစားတယ်။
တခြား ကိုယ် သောက်နေကျ အားဆေး
ဘာညာရှိရင် ပုံမှန်တိုင်း ဆက်သောက်ပါ ရပါတယ်။

➡️C-Vion

ရေအစား ဓါတ်ဆား ရေ သောက်တယ်။
ဂျင်းပြုတ်ရည်သောက်တယ်။
ကျတော်ကတော့အိမ်ကတိုက်လို့
Brandsငှက်သိုက်တနေ့၁ဗူးသောက်တယ်။
C-Vionကိုလည်းတစ်နေ့တစ်လုံးသောက်ရပါမယ်။

ဒီပိုးက အဓိက ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ရ
တာ မို့လို့ အားရှိမဲ့အစာအကုန် စားပါတယ်။
ဒီ Post က ကျတော် သောက်ပြီး ကောင်းလာတာကို
လိုအပ်မဲ့သူတွေ အတွက်ပြန် share ပေးတဲ့သဘောပါ။

နှာခေါင်းထဲ ထည့်ရတဲ့ ဆေးက
ဆေးညွှန်းအတိုင်း ၂ စက် ပဲ ချဗျ များသွား ရင် ခါးတယ်။
အားလုံးပဲ အမြန်နေကောင်းကြပါစေ။

Credit – Kyaw Myo Htet

14/03/2021

နှောကုန်းကျေးရွာ၌ ရွာအဝင်အထွက်တံခါးများကို
ည ၈ နာရီတွင် ပိတ်မည်ဖြစ်ပါသောကြောင့်
ကျေးရွာသူ/သား များအနေဖြင့် ည ၈ နာရီမတိုင်မှီ
ကျေးရွာအတွင်းသို့ ရောက်ရှိကြပါရန်နှင့်
နှောကုန်းကျေးရွာ၏ လုံခြုံရေးသည်
နှောကုန်းကျေးရွာ ရွာသူ/သား ၏ တာဝန်သာဖြစ်ပါ​ကြောင်း
အထူးလေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

ပုံ/ နှောကုန်းကျေးရွာ လုံခြုံရေးကောင်စီ

ကာကွယ်လို့ ရတဲ့ ဥပဒေ တွေ ထွက်လာပီ
11/03/2021

ကာကွယ်လို့ ရတဲ့ ဥပဒေ တွေ ထွက်လာပီ

နှောကုန်း​​ကျေးရွာ၏ သံပုံးတီးသံမှာ ၈နာရီမှ ၈နာရီ ၁၅မိနစ်ထိပို၍အရှိန်မြင့်လျက်ရှိ...
11/03/2021

နှောကုန်း​​ကျေးရွာ၏ သံပုံးတီးသံမှာ ၈နာရီမှ ၈နာရီ ၁၅မိနစ်ထိ
ပို၍အရှိန်မြင့်လျက်ရှိ...

10/03/2021

တစ်ရွာလုံးနဲ့လည်းဆန့်ကျင်ပြီး ၊အများနဲ့တစ်​ယောက်ခွဲခြား​နေတာ
သင့်အပြစ်မဟုတ်​ပေမယ့်...
အမှားနဲ့အမှန်၊ ဓမ္မနဲ့ အဓမ္မ မခွဲခြားတတ်ရင်​တော့
သင့်အပြစ်ဖြစ်သွားပြီ...

ဗုဒ္ဓဘာသာကို...ကိုးကွယ်ပြီး
ဗုဒ္ဓအဆုံးအမကိုနာခံတတ်ပါ​စေ...
ဗုဒ္ဓအဆုံးအမကို ကျင့်သုံးလိုက်နာနိုင်ကြပါစေရှင်...

04/03/2021

အာဏရှင်မောင်းထုတ်ကြမယ်...အလိုမရှိ

03/03/2021

အာဏာရှင်စစ်အစိုးရ...အလိုမရှိ
စစ်အာဏာရှင်...ထောက်ခံတဲ့သူကိုလည်း
”အလိုမရှိ”

26/02/2021

နှောကုန်းကျေးရွာ
စစ်အစိုးရ စစ်ကောင်စီ...
ခန့်အပ်သောအုပ်ချုပ်ရေးမှူး...အလိုမရှိ

အကယ်၍ အများဆန္ဒကန့်ကွက်သည့်ကြားမှ
မျက်နှာပြောင်တိုက်ပြီးအုပ်ချုပ်ရေးမှူးရာထူးကိုယူသူသည်
ဒေါ်သက်သက်ခိုင်လမ်းစဉ်ကဲ့သို့...မည်သူတစ်ဦးတစ်ယောက်မှ
အသိအမှတ်ပြုမည်မဟုတ်ပါ...။

25/02/2021
23/02/2021

ကျွန်တော်တို့..နှောကုန်းရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးသည်
အများတင်မြှောက်ထားသည့် ဦးသန်းလှသာဖြစ်ရမည်..
အာဏာရှင်စစ်အစိုးရတင်မြှောက်ထားတဲ့အုပ်ချုပ်ရေးမှူး
အလိုမရှိ...သံပုံးတီးပီး ကန့်ကွက်ကြပါ...စို့

22/02/2021

နှောကုန်းကျေးရွာ
စစ်အစိုးရခန့်အပ်သော အုပ်ချုပ်ရေးမှူးသည်
ဘောင်မဝင်ပါ...လူရာမဝင်ပါ
တစ်ရွာလုံး၏ ချဥ်ဖတ်သာဖြစ်ရမည်...

Pakokku မြို့ရဲ့ သိန်းနဲ့ချီတဲ့ ဆန္ဒပြတဲ့ ပြည်သူတွေ,,,ွှ
19/02/2021

Pakokku မြို့ရဲ့ သိန်းနဲ့ချီတဲ့ ဆန္ဒပြတဲ့ ပြည်သူတွေ,,,

10/02/2021

နှောကုန်းကျေးရွာ ၏ သံပုံးတီးသံ...

၈နာရီထိုးတော့မယ် တစ်ရွာလုံး အဆင့်သင့်ပဲလား...?”ဒီည ၈ နာရီမှာ နှောကုန်းရွာ၏ သံပုံးတီးသံတွေကတစ်တိုင်းပြည်လုံး တုန်ဟီးသွားမ...
05/02/2021

၈နာရီထိုးတော့မယ် တစ်ရွာလုံး အဆင့်သင့်ပဲလား...?
”ဒီည ၈ နာရီမှာ နှောကုန်းရွာ၏ သံပုံးတီးသံတွေက
တစ်တိုင်းပြည်လုံး တုန်ဟီးသွားမည်လော..”.

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များ
11/11/2020

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များ

နှောကုန်းကျေးရွာ၏ မဲဆန္ဒခံယူပွဲ ရလဒ် အဖြေမှာ အောက်ဖော်ပြပါအတိုင်းသတင်းရရှိ
10/11/2020

နှောကုန်းကျေးရွာ၏ မဲဆန္ဒခံယူပွဲ ရလဒ် အဖြေမှာ အောက်ဖော်ပြပါအတိုင်းသတင်းရရှိ

02/11/2020

Born in a village outside of Bagan, Chef Htun Htun tells the story of a young man who kept pushing, learning and improving himself, and after several years of experience in Dubai, returned to take a role in lifting Myanmar's chef community to new levels and sharing his passion with the Yangon dining scene. Currently the Executive Chef and Director of Le Cellier at Novotel Yangon Max.

ပုဂံမြို့အပြင်ဘက် ရွာတစ်ရွာတွင်မွေးဖွားခဲ့ပြီး မိမိကိုယ်ကို တွန်းလှန် ၊ သင်ယူ ၊ တိုးတက်လာခဲ့သူ လူငယ်တစ်ဦး ၏ အကြောင်းကို ပြောပြခဲ့ပြီး ဒူဘိုင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများရရှိပြီးနောက် မြန်မာစားဖိုမှူး အသိုင်းအဝိုင်းတွင် အဆင့်သစ်များ တိုးမြှင့်ခြင်းတွင် ပါဝင်လာခဲ့သည် ။ ပြီးတော့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ရန်ကုန် ထမင်းစားခန်းနဲ့ မျှဝေခြင်း ။ လက်ရှိ Novotel Yangon Max မှာ စားဖိုမှူးနဲ့ ဒါရိုက်တာ Le Cellier.

ပခုက္ကူမြို့နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်========================================...
26/10/2020

ပခုက္ကူမြို့နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်
=========================================================================
မကွေး၊ အောက်တိုဘာလ ၂၆ ရက်
Covid – 19 ကူးစက်ရောဂါကာလ၌ မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း လောင်းကစားမှု များ ပိုမိုလျော့နည်းပပျောက်စေရေးနှင့် လောင်းကစားခြင်းမှတစ်ဆင့် နောက်ဆက်တွဲ မှုခင်းများ မဖြစ်ပွါးစေရေးအတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အလေးထား ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် ပခုက္ကူမြို့၊ မကျီးပင်ပုအုပ်စု၊ နှောကုန်း ကျေးရွာအပိုင် ကိုဝင်းမြင့်၏ ယာခင်းအနီး ဇီးပင်အောက်တွင် လူအုပ်စုလိုက်ဖြင့် ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပခုက္ကူခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ အောင်ကိုမြင့်ပါ (၇) ဦးအား ကြက်တိုက်လောင်းကစား ပြုလုပ်လျက် တွေ့ရှိရပြီး တိုက်ကြက်ဖ (၃) ကောင်၊ လက်ကိုင်ဖုန်း (၅) လုံး၊ ဆိုင်ကယ် (၃၂) စီး၊ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ (၂၃၈၀၀) ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဉပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

https://www.facebook.com/1748987535365977/posts/2707656779499043/

View Of Village
02/08/2020

View Of Village

ZawGyi Code ဖြင့်ဖတ်ရန်နှောကုန်းကျေးရွာ၏ လက်ရှိအခြေအနေ မြင်ကွင်းUni Code ျဖင့္ဖတ္ရန္နှောကုန်းကျေးရွာ၏ လက်ရှိအခြေအနေ မြင်...
28/07/2020

ZawGyi Code ဖြင့်ဖတ်ရန်

Uni Code ဖြင့်ဖတ်ရန်
နှောကုန်းကျေးရွာ၏ လက်ရှိအခြေအနေ မြင်ကွင်း

02/05/2020

ကျေးရွာစာသင်ကျောင်းအတွင်း Security quarantine ထားရှိသူများ၏ မိဘ၊ မွေးချင်း၊
ညီအကိုမောင်နှမ ဆွေးမျိုးတော်စပ်သူများအားလုံး
စာသင်ကျောင်းဝင်းအတွင်းဝင်ထွက်သွားလာခြင်းမပြုကြပါရန်နှင့် အကယ်၍ဝင်ထွက်သွားလာခြင်းပြုလုပ်ခဲ့ပါက
ထောင်ဒဏ် ၃ လထက်မနဲ အပြစ်ဒဏ်ချမှတ်နိုင်ကြောင်း...
လိုက်နာကြပါရန်နှင့်မလိုက်နာသူများ အားလုံး
ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေး
ကြေငြာအပ်ပါသည်။

ပုံ/
နှောကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး

02/05/2020
မဂျလာပါ 🙏🙏🙏🙏
14/10/2019

မဂျလာပါ 🙏🙏🙏🙏

 #ရည်မှန်းချက်ကိုရှောင်ဖယ်မသွားပါနဲ့💪💪💪ဘယ်အကြောင်းကြောင့် မှ ရည်မှန်းချက်ကို ရှောင်ဖယ်မသွားပါနဲ့....ဘယ်အခြေနေပဲ့ဖြစ်ဖြစ်...
07/06/2019

#ရည်မှန်းချက်ကိုရှောင်ဖယ်မသွားပါနဲ့💪💪💪

ဘယ်အကြောင်းကြောင့် မှ
ရည်မှန်းချက်ကို ရှောင်ဖယ်မသွားပါနဲ့....

ဘယ်အခြေနေပဲ့ဖြစ်ဖြစ် ရောက်အောင် ကြိုးစားပါ...

အောင်မြင်မှုဆီ သွားတဲ့အခါ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...(ဒါပေမဲ့ အောင်မြင်တဲ့အထိ ကြိုစားပါ)

စိတ်ချမ်းသာမှုတွေရချင်ရင် စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရလိမ့်မယ်...(ဒါပေမဲ့ စိတ်ချမ်းသာတဲ့အထိ ကြိုးစားပါ)

လူကောင်းဖြစ်အောင် ကြိုးစားနေချိန်မှာ လူဆိုးတွေနဲ့လဲ တွေ့နိုင်တယ်...(ဒါပေမဲ့ လူကောင်းဖြစ်တဲ့အထိ ကြိုးစားပါ)

ပိုက်ဆံရှာနေတဲ့အချိန်မှာ ဆင်းဆင်းရဲရဲနဲ့လဲ နေရလိမ့်မယ်...(ဒါပေမဲ့ ပိုက်ဆံရှိအောင် ကြိုးစားပါ)

အကောင်းမြင်စိတ် ကို မွေးနေတဲ့ အချိန်မှာ အဆိုးမြင်စိတ်တွေနဲ့လဲ ရင်ဆိုင်ရနိုင်တယ်...(ဒါပေမဲ့ အကောင်းမြင်စိတ် ရှိသူဖြစ်အောင် ကြိုးစားပါ)

အောင်မြင်ဖို့အတွက် ကြိုးစားနေချိန်မှာ မအောင်မြင်နိုင်ပါဘူး ဆိုတဲ့ စကားလုံးတွေကိုလဲ ကြားရလိမ့်မယ်...
(ဒါပေမဲ့...အောင်မြင်အောင် ကြိုးစားပါ)

ကြိုးစားနေတဲ့အချိန်မှာ လူတွေ မင်းကို ယုံချင်မှ ယုံလိမ့်မယ်...(ဒါပေမဲ့ မင်းကိုယ်မင်းတော့ ယုံပါ)

လူတွေအပေါ် နားလည်ပေးဖို့ ကြိုးစားနေချိန်မှာ လူတွေက မင်းကို နားလည်ပေးချင်မှ နားလည်ပေးလိမ့်မယ်...(ဒါပေမဲ့ လူတွေကို မင်းနားလည်ပေးနိုင်အောင် ကြိုးစားပါ)

စိတ်ညစ် စရာတွေ ကြုံတဲ့အခါတိုင်း ရည်မှန်းချက် ကို မစွန့်လွှတ်ပါနဲ့...

စိတ်ဓာတ်ကျစရာတွေ ကြုံတိုင်း ဘဝကို အဆုံးမပေးပါနဲ့...

တောင်ပေါ်ကနေ လှပတဲ့ ရှုခင်းကို ကြည့်ချင်ရင်...
တောင်ပေါ်ရောက်ဖို့အတွက် မောပန်းနွမ်းနယ်မှုကိုတော့ ရင်ဆိုင်ရလိမ့်မယ်...

တမာပင် စိုက်ပီး ပန်းသီးစားချင်လို့တော့ မရဘူး...
ပန်းသီးစားချင်ရင် ပန်းသီးပင် စိုက်ရလိမ့်မယ်...

ကြိုးစားနေတဲ့ သူတွေအတွက် အနာဂတ်မှာ အောင်မြင်မှုတွေ စောင့်ကြိုနေပါတယ်...

ကံကောင်းမှုတွေက မင်းဆီကို ဘယ်တော့မှ လာမှာ မဟုတ်ဘူး...ဒါပေမဲ့ ကံကောင်းမှုတွေက မင်းကို အနာဂတ်မှာ စောင့်နေကြတယ်...

ကံကောင်းချင် ရင် ကံကောင်းမှုဆီကို ရောက်အောင်သွားပါ...

အရှုံးဆိုတာ အဆုံးသတ်မဟုတ်ဘူး...
ဘယ်တော့မှ အရှုံးမပေးပါနဲ့...
ရှုံးခဲ့ရင်လဲ အဆုံးမသတ်ပါနဲ့....

ဘယ်တော့မှ ကြိုးစားမှုကို မရပ်တန့်ပါနဲ့...

ဘာလို့လဲဆိုတော့...

ကြိုးစားမှု ရဲ့ နောက်ကွယ်မှာ ကံကောင်းခြင်းတွေ ရှိနေလို့ပါပဲ့💪💪💪💪💪

ပြီးတော့...ဘာပဲ့ဖြစ်ဖြစ် အမြဲပြုံးထားပါ😁😁😁😁

You Can Do It

#မိုးယံဦး__ဘိတ်သား

Address


Alerts

Be the first to know and let us send you an email when နှောကုန်းမြင်ကွင်း - View Of Hnaw Gone Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share