Hein Ko Htwe

Hein Ko Htwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Ko Htwe, Gaming Video Creator, .

ဘယ်ပျောက်နေလည်း မေးနေကြလို့ လာပြီ,း
07/03/2021

ဘယ်ပျောက်နေလည်း မေးနေကြလို့ လာပြီ,း

⚠️ အထူးသတိ ⚠️--------------Blacklist Myanmar ဆိုတဲ့ App ဟာ မသင်္ကာစရာ အလွန်ကောင်းပြီး တွေ့မိရင် လုံးဝ (လုံးဝ) မထည့်မိစေရန်...
07/03/2021

⚠️ အထူးသတိ ⚠️
--------------
Blacklist Myanmar ဆိုတဲ့ App ဟာ မသင်္ကာစရာ အလွန်ကောင်းပြီး တွေ့မိရင် လုံးဝ (လုံးဝ) မထည့်မိစေရန် အထူးသတိပြုကြပါ။ ထည့်သွင်းမိလျှင်လည်း ချက်ချင်း ပြန်ဖြတ်ထားပါ။ အခြားသူများ သတိထားမိနိုင်အောင်လည်း ပြန်လည် ဖြန့်ဝေ သတိ‌ပေးပေးကြပါ။

ဘာကြောင့် အန္တရာယ်များတယ်လို့ သုံးသပ်လည်းဆိုတော့... သာမန် Blacklist လုပ်သင့်တာကို ပြတဲ့ App ဆိုရင် Information ပြရုံဖြစ်တဲ့အတွက် Internet Access လောက်သာ Permission တောင်းသင့်တာပါ။ အခုတော့ ဒီ App ဟာ မိမိရဲ့ တည်နေရာ၊ ဖုန်းထဲက ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံတွေ၊ ဖိုင်တွေ၊ ဖုန်းရဲ့ အချက်အလတ်တွေ အကုန်လုံးကို Permission တောင်းခံ နေလို့ပဲ ဖြစ်ပါတယ်။ ဒါတင်မက ဖုန်းရဲ့ Camera၊ Microphone စတာတွေကိုပါ လှမ်းပြီး သုံးဖို့လုပ်နေတာပါ။

ယခုကာလဟာ အရေးကြီးကာလ ဖြစ်တာကြောင့်၊ မိမိရဲ့ Privacy ကို မထိခိုက်စေဖို့ရန်၊ ဖြစ်နိုင်ရင်တော့ ကိုယ်မသုံးဖူးသော၊ ကိုယ်သေချာ မသိသော မည်သည့် App အသစ်ကိုမျှ ထည့်သွင်းခြင်း မပြုလုပ်သင့်ပါ။

ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ အားလုံးမျှော်မှန်းသော ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ထိုထိုသောစာတို့သည် နှမ်းတစ်စေ့ ဖြစ်ရပါစေသား 🙏🏻🙏🏻🙏🏻

Credit - AMMK

------

သတိ ။ ။ အောက်ပါလင့်များသည် Report လုပ်နိုင်ရန်ဖြစ်သည်။ ထို App အား ထည့်သွင်းခြင်း မပြုလုပ်ရပါ။

🚫 page:
https://m.facebook.com/blacklistappmyanmar/

🚫 Play Store:
https://play.google.com/store/apps/details?id=com.theredwarrior.thegreenlist

------

Update: Permission Settings မှားတယ်ဆိုပြီး ပြန်ရှင်းထားတာတွေ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ဘယ်သူမှ မယုံရပါဘူး။ App ထုတ်ပြီး Permission တောင် မှန်အောင် မပေးထားတာတော့ တကယ် ပြဿနာ ရှိပါတယ်။ ဒါဟာ Pro လည်း မကျပါဘူး။ နားမလည်တဲ့ သူတွေအတွက်ဆို တကယ့် အန္တရာယ်ပါ။ အခု Permission တွေ ပြန်ပိတ်ပြီး အသစ်တင်၊ ပြီးတော့ Installation များလာမှ Version Update မှာ Permission တွေ ပြန် တောင်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အဲ့ခါကျ App ထည့်ထားပြီး နားမလည်တဲ့သူတွေဆို Permission ‌လာတောင်းရင် သတိမထားပဲ ပေးလိုက်ကြတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့ကို မေးရင်တော့ အခြား ဆင်တူ App/Web တွေ ရှိပြီးသားဆိုတော့ အခြားဟာ သုံးနှင့်ပြီး ဒါကိုတော့ စောင့်ကြည့်သင့်တယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဘာ App မှ မထည့်ထားပါဘူး။

-----

Source: https://www.facebook.com/102158461476697/posts/275420777483797/

Address


Website

Alerts

Be the first to know and let us send you an email when Hein Ko Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share