23/11/2021
https://m.facebook.com/story.php?story_fbid=124042423396566&id=112812894519519
ဒီနေ့ည မှာ ကစားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ ပွဲစဉ်တွေထဲက အကျိုးအမြတ်အတွက် သေချာစေနိုင်မယ့် ပွဲစဉ်တွေကို ပွဲကြိုခန့်မှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
ဗီလာရီးရဲ Vs မန်ချက်စတာယူနိုက်တက်
ရှူံးထွက်အဆင့်ကို တက်ရေးအဆုံးအဖြတ်ပေးနိုင်မယ့်ပွဲတစ်ပွဲဖြစ်တာနဲ့အညီ ဒီပွဲစဉ်က အကြိတ်အနယ် ရှိလာဦးမှာပါ။ နည်းပြအပြောင်းအလဲဖြစ်ထားတဲ့ မန်ချက်စတာယူနိုက်တက်အတွက်ကတော့ ဒီပွဲစဉ်မှာ နိုင်ပွဲပြန်ရှာတွေ့မလားဆိုတာတော့စိတ်ဝင်စားစရာပါ။ လက်ရှိခြေစွမ်းအရဆိုရင်တော့ နှစ်သင်းလုံးက အကျဘက်ရောက်နေကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့နောက်ဆုံးပြိုင်ပွဲစုံ ၃ပွဲမှာ နိုင်ပွဲပျောက်ထားပါတယ်။ ဒီပွဲစဉ်ကတော့ နည်းပြအပြောင်းအလဲကြားမှာ ခြေစွမ်းမငြိမ်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဝေးကွင်းမှာ သရေ ရလာဒ်က အသင့်တော်ဆုံးဖြစ်ပါတယ်။ အကျိုးအမြတ်အတွက်ဆိုရင်တော့ ဧည့်သည်မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးအနည်းကိုရွေးချယ်တာက ပိုသင့်တော်ပါတယ်။
ခန့်မှန်းဂိုးရလာဒ်- ဗီလာရီးရဲ ၁-၁ မန်ချက်စတာယူနိုက်တက်
ချဲလ်ဆီး Vs ဂျူဗင်တပ်
အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ရောက်သွားဖို့ဆိုရင်တော့ ဂျူဗင်တပ်အသင်းက ဒီပွဲမှာ သရေကစားရုံနဲ့ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးအသင်းက အမြင့်ဆုံးအနေအထားမှာရောက်နေပြီးတော့ လူမစုံတာတောင် ဂိုးပြတ်နိုင်ပွဲတွေဖန်တီးထားနိုင်တယ်။ ဒီပွဲစဉ်မှာလည်း အဓိက တိုက်စစ်မှူးလူကာကူ မပါဝင်နိုင်ပေမယ့် ဒဏ်ရာရကစားသမားတချို့ပြန်လည်ပါဝင်လာနိုင်မှာဖြစ်တယ်။ဂျူဗင်တပ်ကတော့ နောက်တစ်ဆင့်ကိုတက်ရောက်ထားပြီးဖြစ်ပေမယ့် အုပ်စုဗိုလ်လိုချင်ရင်တော့ ဒီပွဲမှာ အနိမ့်ဆုံးသရေ ကစားပါလိမ့်မယ်။ ဒီပွဲစဉ်ကတော့ လက်ရှိခြေစွမ်းအရကော စိတ်ဓာတ်အရပါ တက်ကြွနေတဲ့ ချဲလ်ဆီး အသင်းက ကပ်အနိုင်ရသွားနိုင်ခြေရှိပါတယ်။ အကျိုးအမြတ်အတွက်ဆိုရင် ချဲလ်ဆီးနဲ့ ဂိုးအများကိုရွေးချယ်သင့်ပါတယ်။
ခန့်မှန်းဂိုးရလာဒ်- ချဲလ်ဆီး ၂-၁ ဂျူဗင်တပ်
ဒိုင်နမိုကိဗ် Vs ဘိုင်ယန်မြူးနစ်
အုပ်စုပထမနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားပြီဖြစ်တဲ့ ဘိုင်ယန်တို့ဒီပွဲမှာ သက်တောင့်သက်သာနဲ့ကစားသွားဖို့ရှိတယ်။ အုပ်စုအောက်ဆုံးက ဒိုနမိုကိဗ်အနေနဲ့ အုပ်စုတတိယနေရာကိုပဲမျှော်လင့်လိုံရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်လိုအသင်းကြီးဆီကနေ အမှတ်ရဖို့ကတော့မလွယ်ပါဘူး။ ဒီပွဲမှာလည်း ဘိုင်ယန်မြူးနစ်ပဲ ဂိုးပြတ်အနိုင်ကစားပါလိမ့်မယ်။ အကျိုးအမြတ်အတွက်ဆိုရင် ၂ဂိုးသွင်းရင် အပြည့်နီးပါး ပျော်ရမယ့် ဘိုင်ယန်မြူးနစ်ဘက်ကပဲ ရပ်တည်ရပါမယ်။
ခန့်မှန်းဂိုးရလာဒ်- ဒိုင်နမိုကိဗ် ၀-၃ ဘိုင်ယန်မြူးနစ်
ဘာစီလိုနာ Vs ဘင်ဖီကာ
နောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဆိုရင် ဒီပွဲစဉ်မှာ မဖြစ်မနေအနိုင်ကစားဖို့အတွက် ကို ဘာစီလိုနာအသင်းအားထုတ်ရမှာဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီလက်ထက်မှာ ပထမဆုံး ကစား ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီးတော့ အနိုင်ရလာဒ်နဲ့ ဖွင့်လှစ်နိုင်ဖို့ကိုကြိုးစားလာမှာဖြစ်တယ်။ လက်ရှိခြေစွမ်း အရ ဘင်ဖီကာ အသင်းက မာကျောနေပေမယ့် ဘာစီလိုနာရဲ့ ကွင်းမှာတော့ သရေရလာဒ်က အမြင့်ဆုံးပါပဲ။ ဒီပွဲစဉ်မှာတော့ နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့ ဘာစီလိုနာပဲအနိုင်ရသွားပါလိမ့်မယ်။ အကျိုးအမြတ်အတွက်ဆိုရင်တော့ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်သင့်ပါတယ်။
ခန့်မှန်းဂိုးရလာဒ်- ဘာစီလိုနာ ၂-၀ ဘင်ဖီကာ
Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်
မူရင်းကို
ေးပါသည်