ကမ္ဘာ့သတင်း-Global News

  • Home
  • ကမ္ဘာ့သတင်း-Global News

ကမ္ဘာ့သတင်း-Global News ကမ္ဘာ့သတင်းဦး သတင်းထူးတွေကို အချိ?

အာရှကျားကြီးရဲ့ဗျူဟာအတိုင်း လိုက်ကစားလိုက်ရတဲ့ ဂျပန်အသင်း---------------------------------------• ကမ္ဘာ့ဖလား အာရှဇုံခြေစ...
16/11/2023

အာရှကျားကြီးရဲ့ဗျူဟာအတိုင်း လိုက်ကစားလိုက်ရတဲ့ ဂျပန်အသင်း
---------------------------------------

• ကမ္ဘာ့ဖလား အာရှဇုံခြေစစ်ပွဲ ဒုတိယအဆင့် အဖြစ် ဂျပန်အသင်းဟာ အာရှကျားကြီးကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး 5ဂိုး ဂိုးမရှိဆိုတဲ့ ရလာဒ်နဲ့ အသာအယာအနိုင်ယူခဲ့ပါတယ်။

• ပွဲစစချင်း 15မိနစ်လောက်မှာ ဂျပန်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု 100% ထိ ရအောင်ကစားထားနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အာရှကျားကြီးရဲ့ ကစားအားကြောင့် ဘောလုံးပိုင်ဆိုင်မှု 16%ထိပြန်ဆုံးရှုံးသွားခဲ့ပါတယ်။

• အာရှကျားကြီးဟာ ဂျပန်အသင်းကိုပထမပိုင်းမှာ အချိန်ဆွဲကစားတာကြောင့် 3ဂိုးထိသာပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ 2ဂိုးထပ်ပေးခဲ့လို့သာဂျပန်အသင်းအနေနဲ့ 5ဂိုးထိရရှိသွားတာလည်းဖြစ်ပါတယ်။

• အာရှကျားကြီးတို့အနေနဲ့ ဂျပန်အသင်းကို ပျင်းရိသွားစေတဲ့အထိ ဘောလုံးပေးကိုင်ခဲ့ပြီး ဂျပန်အသင်းအ‌နေနဲ့ဂိုးသမားပါ လူစားလဲခဲ့ရတဲ့အထိ ဒီဗျူဟာကအလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

• အရင်တခေါက်တုန်းက 10ဂိုးအထိပေးခဲ့ရပြီး ခုတစ်ခေါက်မှာ 5ဟိုးပဲခွင့်ပြုခဲ့ရတာကလည်း မြန်မာအသင်းရဲ့ တိုးတက်လာမှုကို သိသာစေတဲ့အချက်တစ်ခုပါ။ ဂျာမနီ၊ ကနေဒါ၊ တူရကီနဲ့ ပီရူးတို့ကိုတောင် 4ဂိုးအထိ ဂျပန်ကသွင်းခဲ့တာကိုကြည့်ခြင်းအားဖြင့် အာရှကျားကြီးအနေနဲ့ ဂျာမနီ၊ ကနေဒါတို့နဲ့ ဘောလုံးအဆင့်အတန်း မကွာခြားတော့တဲ့အထိ သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

• လာမယ့် Jun 6 ရက်နေ့မှာတော့ ရန်ကုန်မှာဧည့်ခံကစားတဲ့အခါ အာရှကျားကြီးတို့ဒီထက်ပိုလုပ်ပြနိုင်မလားဆိုတာ ထပ်မံစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ကမ္ဘာ့သတင်း-Global News #အာရှကျားကြီး

新年快乐❤️今年你们会找到好好的工作❤️有一个真爱你的男朋友。女友也是。❤️သာယာတဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုငိကြပါစေ။
21/01/2023

新年快乐❤️
今年你们会找到好好的工作❤️
有一个真爱你的男朋友。女友也是。❤️
သာယာတဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုငိကြပါစေ။

Mobile Legend M4 ရှုံးထွက်အဆင့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon Esports နောက်တစ်ဆင့်တက်ရောက်အင်ဒိုနီးရှားနိုင်ငံ၊ ...
11/01/2023

Mobile Legend M4 ရှုံးထွက်အဆင့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Falcon Esports နောက်တစ်ဆင့်တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ Mobile Legend World Cup M4 ရှုံးထွက်အဆင့်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Falcon Esports အသင်းဟာ တူရကီကိုယ်စားပြု Incendio Supermacy (INC)အသင်းကို 3-2ဆိုတဲ့ရလာဒ်နဲ့အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Falcon Esports နဲ့ Incendio Supremacy (INC) တို့ဟာ Lower Bracket ရဲ့ Round 3 အဖြစ်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပယ

Game 1 မှာ Falcon Esports အနိုင်ယူပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် Game 2 နဲ့ 3 မှာတော့ INCရဲ့ ပြန်လည်ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ Game 2နဲ့ 3 မှာရှုံးနိမ့်ခဲ့တာကြောင့် Falcon Esportအနေနဲ့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် Game 4 နဲ့ Game5ကို မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်ခဲ့တာပါ။ ဒါကြောင့် Falcon Esports ဟာအကောင်းဆုံး ပြန်လည်ပြင်ဆင်ပြီး Game 4 နဲ့ Game 5 ကို အနိုင်ယူကာ 3-2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာကိုယ်စားပြု Falcon Esports ဟာ နောက်တစ်ဆင့်မှာတော့ အင်ဒိုနီးရှားအသင်း RRQ Hoshi (သို့မဟုတ်) ဖီလစ်ပိုင်အသင်း Blacklist International နဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

#ကမ္ဘာ့သတင်း-GlobalNews

29/10/2022

မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ internet အခက်အခဲကြာင့် ရပ်နားထားခဲ့တဲ့ ကမ္ဘာ့သတင်း PAGEလေးပြန်ပြီး Run ပါတော့မယ်ခင်ဗျာ။ ကမ္ဘာတစ်လွှားမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ သတင်း အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖဖဖဖြစ်ပါတယ်ခင်ဗျာ။🙏🙏
နှိုက်နှိုက်ချွတ်ချွတ် သတင်းတွေကို ရှာဖတ်ဖို့ အချိန်သိပ်မပေးနိုင်တဲ့ သူတွေအနေနဲ့ page လေးကို like & follow လေး လုပ်ထားပေးကြပါ ခင်ဗျာ။💙

Address


Alerts

Be the first to know and let us send you an email when ကမ္ဘာ့သတင်း-Global News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share