HsawHtit information department

  • Home
  • HsawHtit information department

HsawHtit information department Media

ဒုတိယအကြိမ် ထီးဘလား ကရင်လူငယ်အစည်းအရုံး ကွန်ဂရက် ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်သူးလေသတင်းစဉ် ၂၀၂၁ ခုနှစ် မေလ (၂၅) ရက် ဗုဒ္ဓဟူ...
26/05/2021

ဒုတိယအကြိမ် ထီးဘလား ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်
၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်
သူးလေသတင်းစဉ်
၂၀၂၁ ခုနှစ် မေလ (၂၅) ရက် ဗုဒ္ဓဟူးနေ့ တွင် ထီးဘလား အုပ်စု ကရင်လူငယ်အစည်းအရုံး မှ (၂) ကြိမ်မြောက် ညီလာခံ ကို ဆောအိုခီး ကျေးရွာ အလယ်တန်းကျောင်းတွင် နံနက် (၇း၃၀) နာရီ မှ စတင် ကျင်းပခဲ့ပါသည်။
ထီးဘလား ကျေးရွာအုပ်စု ကရင်လူငယ်အစည်းအရုံး ၏ ဥက္ကဋ္ဌ ကို ရွေးချယ်တင်မြှောက်ရာတွင် စောကြာငါး မှ အရွေးချယ် ခံခဲ့ရပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှာ ချမှတ်ထားသော လမ်းစဉ်၊ လုပ်ငန်းစဉ်များ ရှိထားသည့်အတိုင်း ကျေးရွာအုပ်စု အဆင့်တွင် (၂)နှစ် လျှင်တစ်ကြိမ် ညီလာခံ ကျင်းပရမည် ဖြစ်သဖြင့် ညီလာခံ ကျင်းပပြီး ယခု ဥက္ကဋ္ဌ သည် ၂၀၂၁ မှ ၂၀၂၃ ခုနှစ် အထိ အုပ်စု တစ်ခုလုံး၏ ကရင်လူငယ်ရေးရာ အဝဝ ကို ဦးဆောင် တာဝန်ယူ ရမည် ဖြစ်ပါသည်။
အဆိုပါ ညီလာခံ သို့ လုပ်ငန်းအုပ်စု (၂) မှ တချို့၊ တပ်ရင်း(၁) မှ တပ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ မြို့နယ် စည်းရုံးရေးနှင့်ပြန်ကြားရေး တာဝန်ခံများ၊ မြို့နယ် ကရင်လူငယ်အစည်းအရုံး၊ မြို့နယ် ကရင်အမျိုးသမီး အစည်းအရုံး၊ ကျေးရွာအုပ်စု ခေါင်းဆောင်များ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး ထီးဘလားအုပ်စု ကျေးရွာ (၄)ရွာ မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ဦး ခန့်တက်ရောက် ပါဝင်ခဲ့ပါသည်။ နံနက် (၇း၃၀) နာရီတွင် စတင်သော ညီလာခံသည် ညနေ (၄း၃၀) နာရီ ခန့်တွင် အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။

14/05/2021
17/04/2021

သုးမီၤစိရိၤတၢ်တီခိၣ်ရိၢ်မဲအဖီလာ် မၤဟးဂီၤကါကျဲဒီး သမံသမူးပှၤလဲၤတၢ်တဖၣ်
၁၆.၄.၂၀၂၁
အ့ဖြ့ၣ် ၁၅.၂၀၂၁ နံၤ ကီၢ်ရ့ၣ်ခၢၣ်လွံၢ်ထူၣ် ဆီထံးကီၢ်ဆၣ် ယၣ်လၣ်ပှၢ် တၢ်လီၢ် န့ၣ်သ့ၣ်ညါဘၣ်လၢ ခ မ ရ -၅၉၉ ယၣ်လၣ်ပှၢ်သုးသ့ၣ်တဖၣ် ဘၣ်တၢ်တီခိၣ်ရိၢ်မဲအီၤလၢ (ဗိုလ်ကြီး တင့်မင်းဟန်) ဒီးဖျးတဲာ်ကွံာ်၀ဲသိ လ့ၣ်ကျဲန့ၣ်လီၤ. လၢတၢ်ဂ့ၢ်အံၤအဖီခိၣ် သိလ့ၣ်ကျဲလၢအဖျးတဲာ်၀ဲအံၤ မ့ၢ်ဒ်သိးကသမံသမူး၀ဲ စဲးကၢး ဒီးသိ လ့ၣ်လၢ အ လ့ၢ်ထီၣ်လ့ၢ်လိၤတဖၣ် န့ၣ်လီၤ.

https://www.knuhq.org/public/kn/news/59
11/04/2021

https://www.knuhq.org/public/kn/news/59

လါအ့ဖြ့ၣ် ၁၁ သီ, ၂၀၂၁ နံၣ်, သူလ့ၤတၢ်ကစီၣ်ဖဲလါအ့ဖြ့ၣ် ၉ သီ, ၂၀၂၁ နံၣ်န့ၣ် သု

အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) မှ မိမိတို့၏ အာဏာကို သုံးပြီး တရားမ၀င် သစ်များကို ပြောင်ပြောင်တင်းတင်း...
12/03/2021

အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) မှ မိမိတို့၏ အာဏာကို သုံးပြီး တရားမ၀င် သစ်များကို ပြောင်ပြောင်တင်းတင်းထုတ်လုပ်ခြင်း
မတ်လ (၁၂) ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ မယ်သရိုးခီးတွင် အာဏာ သိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) မှ ခွင့်ပြုချက်မယူဘဲ စစ်အာဏာသုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်၍ အခုအချိန်အထိ သစ်များကို တရားမ၀င် ပြောင်ပြောင်တင်းတင်း ထုတ်လုပ်ကြသည်။ သစ်ထုတ်လုပ်သူများမှာ ကိုဖက်စခန်းထိုင်ဒုတပ်ရင်းမှူး ဟိန်းဇော်ဦးမှ ကား (၂) စီးနှင့် ကျောက်တောင်စခန်း (သေခေးမယ်စိုး) ဦးစီးသူ ဗိုလ်ကြီးကျော်ကိုကိုမှ ကားစီးရေ (၆) စီးနှင့် ခန့်မှန်း တန်ရေ စုစုပေါင်း တန် (၈၀) ကို တရားမ၀င် ထုတ်လုပ်ကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) မှ မိမိတို့၏ အာဏာကို သုံးပြီး တရားမဝင် သစ်များကို ပြောင်ပြောင်တင်းတင်းထုတ်လုပ်ခြင်း
မတ်လ (၁၂) ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ မယ်သရိုးခီးတွင် အာဏာ သိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) မှ ခွင့်ပြုချက်မယူဘဲ စစ်အာဏာသုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်၍ အခုအချိန်အထိ သစ်များကို တရားမဝင် ပြောင်ပြောင်တင်းတင်း ထုတ်လုပ်ကြသည်။ သစ်ထုတ်လုပ်သူများမှာ ကိုဖက်စခန်းထိုင်ဒုတပ်ရင်းမှူး ဟိန်းဇော်ဦးမှ ကား (၂) စီးနှင့် ကျောက်တောင်စခန်း (သေခေးမယ်စိုး) ဦးစီးသူ ဗိုလ်ကြီးကျော်ကိုကိုမှ ကားစီးရေ (၆) စီးနှင့် ခန့်မှန်း တန်ရေ စုစုပေါင်း တန် (၈၀) ကို တရားမဝင် ထုတ်လုပ်ကြသည်။

ဒီထုတ်ပြန်စာသည် တခြားသတင်းဌာနနှင့် သူးလေသတင်းဌာနတို့မှ အတုဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ပြီးဖြစ်သည်
12/03/2021

ဒီထုတ်ပြန်စာသည် တခြားသတင်းဌာနနှင့် သူးလေသတင်းဌာနတို့မှ အတုဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ပြီးဖြစ်သည်

KNU ဆောထိမြို့နယ်ထုတ်ပြန်ကြေညာချက်
10/03/2021

KNU ဆောထိမြို့နယ်ထုတ်
ပြန်ကြေညာချက်

ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီး အစည်းအရုံး နှင့် ကရင်လူငယ် အစည်းအရုံး တို့မှ မြို့နယ်အဆင့် ညီလာခံ (...
24/02/2021

ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီး အစည်းအရုံး နှင့် ကရင်လူငယ် အစည်းအရုံး တို့မှ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) ကျင်းပပြုလုပ်ခဲ့ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီးအစည်းအရုံး (Karen Women Organization - KWO) နှင့် ကရင်လူငယ် အစည်းအရုံး (Karen Youth Organization - KYO) တို့မှ ၎င်းတို့၏ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို ဆောထိ မြို့နယ်၊ မြို့နယ်ရုံးချုပ် ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်မှ (၁၈) ရက်နေ့ အထိ အောင်မြင် စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခု ကာလ ပြည်တွင်းတွင် ကျန်းမာရေး အခြေအနေ နှင့် မြန်မာစစ်တပ်၏ မတရား အာဏာသိမ်း မှုများကြောင့် သွားလာရေးခက်ခဲသည့် အတွက် ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး တို့မှ ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို စုပေါင်း လုပ်ဆောင် ရခြင်းဖြစ်ပါသည်။
ဆောထိမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး ၏ မြို့နယ်လုံးဆိုင်ရာ ညီလာခံ (ကွန်ဂရက်) နှင့် ရွေး ကောက်ပွဲသည် ကျင်းပခြင်းသည် အခြေအနေ အရပ်ရပ်ကြောင့် ယခုမှ သာ (၄)ကြိမ်မြောက် ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်ပြီး (၁၅)ရက်မှ (၁၆)ရက်နေ့ အထိ ၂ ရက်တာ ကြာမြင့်ခဲ့ပါသည်။
ညောင်လေးပင်ခရိုင်၊ ကရင်လူငယ်အစည်းအရုံး၊ ဒု-ဥက္ကဋ္ဌ မှ “ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး အနေဖြင့် လူငယ်များသည် ခွန်အားအစွမ်းရှိသည် နှင့်အညီ မိခင်အစည်းအရုံး အတွက်လည်း အင်အားဖြစ်စေရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ငိုက်မြည်းနေရမည့် အချိန် မဟုတ်တော့ကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် မိခင်အစည်းအရုံး အတွက် ကျရာအခန်းကဏ္ဍ မှ ပါဝင်သင့်ပြီး ဖြစ်ကြောင်း” တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
“ပြည်တွင်းပြည်ပ ကရင်လူငယ်အသီးသီး အနေဖြင့် လည်း မိမိတို့၏ ကရင်လူငယ်ဖြစ်ခြင်း ကို မမေ့လျော့ဘဲ စုစည်းညီညာစွာဖြင့် ကျရာအခန်းကဏ္ဍများမှနေ၍ ကရင်လူငယ်အစည်းအရုံး ၏ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန် လုပ်ဆောင်သင့်ပါသည်” ဟု ဆောထိမြို့နယ် ကရင်လူငယ်အစည်းအရုံး ၏ အတွင်းရေးမှူး အဖြစ် အသစ်တဖန် ရွေးကောက်ခံခဲ့ရသော စောဆာဘလေးထူး မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
တဆက်တည်းမှာပင် ကရင်အမျိုးသမီးအစည်းအရုံး ၏ ဒုတိယအကြိမ်မြောက် ညီလာခံ နှင့် ရွေးကောက်ပွဲ ကို (၁၇)ရက် နေ့မှ (၁၈)ရက်နေ့ အထိ ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသမီး ကိုယ်စားလှယ် (၃၆)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ သစ်ဖြစ်သော နော်မူဃှားဖိုး မှလည်း “ခေတ်အဆက်ဆက် တွင် အမျိုးသမီးထုများ အနေဖြင့် ဖိနှိပ်ချုပ်ချယ်ခံခဲ့ရခြင်း၊ အထင်သေး အမြင်သေးခံခဲ့ရခြင်းများ ဖြင့်သာ ရင်ဆိုင်ခဲ့ကြရပါသည်။ ယခုသည် အထက်ပါ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အထင်သေးအမြင်သေးခံရခြင်း များ မှ လွတ်မြောက်ရန် ရုန်းထွက်ရမည့် အချိန်ဖြစ်ပါသည်။ မိမိတို့ ၏ ရုန်းကန်ခြင်းဖြင့်သာ လွတ်မြောက်နိုင်မည်ဖြစ်ပြီး သူတပါးမှ လာရောက်ကူညီမည့် အချိန် ကို စောင့်နေရန် မလိုပါ” ဟု အားပေးစကားပြောကြားခဲ့ ပါသည်။
ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး သည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန အောက်တွင် ဖွဲ့စည်းထားရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ်အဆင့် ညီလာခံ နှင့် ရွေးကောက်ပွဲကို ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရေးဆွဲထားရှိ ပါသည်။
ဤ ညီလာခံ သို့ ပါဝင် တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ၏ အုပ်ချုပ်ရေး တည်ရှိသောဒေသများ မှ ဖြစ်ပါသည်။ ကိုဗစ်-19 ရောဂါ ဆိုး၏ အန္တရာယ်များ ကြောင့် ၎င်း၊ နိုင်ငံရေးအရ မြန်မာစစ်တပ်မှ မတရား အာဏာ သိမ်းထားခြင်း အခြေအနေဆိုးကြောင့် ၎င်း၊ မြို့နယ်တခွင်လုံးရှိ ကိုယ်စားလှယ်အားလုံး ကို ဖိတ်ကြားရန် အခက် အခဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
သူးလေသတင်းစဉ်

zawgyi one
ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီး အစည်းအရုံး နှင့် ကရင်လူငယ် အစည်းအရုံး တို့မှ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) ကျင်းပပြုလုပ်ခဲ့ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် တွင် ကရင်အမျိုးသမီးအစည်းအရုံး (Karen Women Organization - KWO) နှင့် ကရင်လူငယ် အစည်းအရုံး (Karen Youth Organization - KYO) တို့မှ ၎င်းတို့၏ မြို့နယ်အဆင့် ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို ဆောထိ မြို့နယ်၊ မြို့နယ်ရုံးချုပ် ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်မှ (၁၈) ရက်နေ့ အထိ အောင်မြင် စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခု ကာလ ပြည်တွင်းတွင် ကျန်းမာရေး အခြေအနေ နှင့် မြန်မာစစ်တပ်၏ မတရား အာဏာသိမ်း မှုများကြောင့် သွားလာရေးခက်ခဲသည့် အတွက် ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး တို့မှ ညီလာခံ (ကွန်ဂရက်) နှင့် ရွေးကောက်ပွဲ ကို စုပေါင်း လုပ်ဆောင် ရခြင်းဖြစ်ပါသည်။
ဆောထိမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး ၏ မြို့နယ်လုံးဆိုင်ရာ ညီလာခံ (ကွန်ဂရက်) နှင့် ရွေး ကောက်ပွဲသည် ကျင်းပခြင်းသည် အခြေအနေ အရပ်ရပ်ကြောင့် ယခုမှ သာ (၄)ကြိမ်မြောက် ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်ပြီး (၁၅)ရက်မှ (၁၆)ရက်နေ့ အထိ ၂ ရက်တာ ကြာမြင့်ခဲ့ပါသည်။
ညောင်လေးပင်ခရိုင်၊ ကရင်လူငယ်အစည်းအရုံး၊ ဒု-ဥက္ကဋ္ဌ မှ “ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး အနေဖြင့် လူငယ်များသည် ခွန်အားအစွမ်းရှိသည် နှင့်အညီ မိခင်အစည်းအရုံး အတွက်လည်း အင်အားဖြစ်စေရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ငိုက်မြည်းနေရမည့် အချိန် မဟုတ်တော့ကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် မိခင်အစည်းအရုံး အတွက် ကျရာအခန်းကဏ္ဍ မှ ပါဝင်သင့်ပြီး ဖြစ်ကြောင်း” တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
“ပြည်တွင်းပြည်ပ ကရင်လူငယ်အသီးသီး အနေဖြင့် လည်း မိမိတို့၏ ကရင်လူငယ်ဖြစ်ခြင်း ကို မမေ့လျော့ဘဲ စုစည်းညီညာစွာဖြင့် ကျရာအခန်းကဏ္ဍများမှနေ၍ ကရင်လူငယ်အစည်းအရုံး ၏ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန် လုပ်ဆောင်သင့်ပါသည်” ဟု ဆောထိမြို့နယ် ကရင်လူငယ်အစည်းအရုံး ၏ အတွင်းရေးမှူး အဖြစ် အသစ်တဖန် ရွေးကောက်ခံခဲ့ရသော စောဆာဘလေးထူး မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
တဆက်တည်းမှာပင် ကရင်အမျိုးသမီးအစည်းအရုံး ၏ ဒုတိယအကြိမ်မြောက် ညီလာခံ နှင့် ရွေးကောက်ပွဲ ကို (၁၇)ရက် နေ့မှ (၁၈)ရက်နေ့ အထိ ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသမီး ကိုယ်စားလှယ် (၃၆)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဆောထိမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ သစ်ဖြစ်သော နော်မူဃှားဖိုး မှလည်း “ခေတ်အဆက်ဆက် တွင် အမျိုးသမီးထုများ အနေဖြင့် ဖိနှိပ်ချုပ်ချယ်ခံခဲ့ရခြင်း၊ အထင်သေး အမြင်သေးခံခဲ့ရခြင်းများ ဖြင့်သာ ရင်ဆိုင်ခဲ့ကြရပါသည်။ ယခုသည် အထက်ပါ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အထင်သေးအမြင်သေးခံရခြင်း များ မှ လွတ်မြောက်ရန် ရုန်းထွက်ရမည့် အချိန်ဖြစ်ပါသည်။ မိမိတို့ ၏ ရုန်းကန်ခြင်းဖြင့်သာ လွတ်မြောက်နိုင်မည်ဖြစ်ပြီး သူတပါးမှ လာရောက်ကူညီမည့် အချိန် ကို စောင့်နေရန် မလိုပါ” ဟု အားပေးစကားပြောကြားခဲ့ ပါသည်။
ကရင်အမျိုးသမီးအစည်းအရုံး နှင့် ကရင်လူငယ်အစည်းအရုံး သည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန အောက်တွင် ဖွဲ့စည်းထားရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ်အဆင့် ညီလာခံ နှင့် ရွေးကောက်ပွဲကို ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရေးဆွဲထားရှိ ပါသည်။
ဤ ညီလာခံ သို့ ပါဝင် တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ၏ အုပ်ချုပ်ရေး တည်ရှိသောဒေသများ မှ ဖြစ်ပါသည်။ ကိုဗစ်-19 ရောဂါ ဆိုး၏ အန္တရာယ်များ ကြောင့် ၎င်း၊ နိုင်ငံရေးအရ မြန်မာစစ်တပ်မှ မတရား အာဏာ သိမ်းထားခြင်း အခြေအနေဆိုးကြောင့် ၎င်း၊ မြို့နယ်တခွင်လုံးရှိ ကိုယ်စားလှယ်အားလုံး ကို ဖိတ်ကြားရန် အခက် အခဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
သူးလေသတင်းစဉ်

Karen Version
https://www.knuhq.org/public/kn/activities/115

22/02/2021

11.2.2021 ရက်နေ့

ဆောထိမြို့နယ် စောသဲခီးဒိုင်နယ် အတွင်း ရှိ
ကျောင်းသား/သူ ပြည်သူလူထု
၁၀၀၀ ကျော်ခန့်
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု

သရက်ချောင်းကျေးရွာတွင် KNUအဖွဲ့အစည်းမှ ပြုလုပ်သည့် NCA ဆိုင်ရာရှင်းလင်းပွဲအစီအစဉ်အား တပ်မတော် မှ လာရောက်ကန့်ကွက်သည့်အပေါ...
07/02/2020

သရက်ချောင်းကျေးရွာတွင် KNUအဖွဲ့အစည်းမှ ပြုလုပ်သည့် NCA ဆိုင်ရာရှင်းလင်းပွဲအစီအစဉ်အား တပ်မတော် မှ လာရောက်ကန့်ကွက်သည့်အပေါ် ဆောထိမြို့နယ်/တပ်ရင်း (၇) မှ
သဘောထား ထုတ်ပြန်

Address


Alerts

Be the first to know and let us send you an email when HsawHtit information department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HsawHtit information department:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share