Bright Delivery Service

  • Home
  • Bright Delivery Service

Bright Delivery Service Burmese Bloger

05/04/2022
12/12/2021

Get more people to see and engage with your post. You'll choose settings after you click Post.

😍😍😍
01/09/2021

😍😍😍

မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်။ရုတ်တရက် သူနဲ့ s*x chat လုပ်ချင်လာတယ်။ မင်း သူ့ဆီက ဖော်ချွတ်ပြထားတဲ့ ဓာတ်ပုံကိ...
01/09/2021

မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်။
ရုတ်တရက် သူနဲ့ s*x chat လုပ်ချင်လာတယ်။

မင်း သူ့ဆီက ဖော်ချွတ်ပြထားတဲ့ ဓာတ်ပုံကို တောင်းတယ်။
ကောင်မလေးက မပေးဘူး ငြင်းတယ်။

မင်း ဆက်တောင်းတယ်။
ကောင်မလေးက သူ့ကို နားလည်ပေးဖို့ တောင်းဆိုတယ်။

မင်းကလည်း မင်းကို ယုံဖို့ ပြောပြတယ်။
ကောင်မလေးက ပုံမပြရဲဘူး ထပ်ငြင်းတယ်။
မင်း ဆက်တောင်းသေးတယ်။

ကောင်မလေးက မင်းကို ခဏစောင့်ခိုင်းတယ်။
မင်း ခဏစောင့်နေလိုက်တယ်။

ဓာတ်ပုံ ရောက်လာ တယ်။
မင်းပျော်သွားတယ်။

မင်းဖာသာ အာသာဖြေတယ်။
မင်းကိစ္စပြီးတော့ သူ့ဓာတ်ပုံကို ပြန်ကြည့် တယ်။
မင်းရွံသွားတယ်။

တန်ဖိုးထားစရာ မကောင်းတော့ဘူး။
မသတီတော့ဘူး။

မင်း တစ်ခုခု ဆုံးဖြတ်ချက် ချလိုက်တယ်။

ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ်ကို တင်လိုက်တယ်။
သူ့ကိုပါ Tag တွဲလိုက်သေးတယ်။

ကောင်မလေး တွေ့သွားတယ်။
မင်းကို ဖျက်ခိုင်းတယ်။
ငိုယိုပြီး တောင်းပန်ရှာတယ်။
ဒါပေမယ့် မင်း မဖျက်ဘူး။

ကောင်မလေးက မင်းဖျက်ပေးရင်
ဓာတ်ပုံတွေ ထပ်ပို့ပါ့မယ်လို့ ပြောတယ်။
မင်းက မင်း အကုန်မြင်ပြီးပြီမို့
မလိုတော့ဘူးလို့ ပြောလိုက်တယ်။

လူတွေ တစ်ယောက်ပြီး တစ်ယောက် လာ လက်မထောင်ကြတယ်။
Reaction တွေ ပေးကြတယ်။

တချို့က ကွန်မန့်တွေမှာ အောက်လုံးတွေနဲ့ လာရိုင်းကြတယ်။
တချို့က ကာကွယ်ပေးနေကြတယ်။
တချို့ကတော့ သနားကြတယ်။
တချို့ကတော့ ရယ်မော လှောင်ပြောင်ကြတယ်။

သူ့ သူငယ်ချင်းတွေပါ ဓာတ်ပုံကို တွေ့သွားကြတယ်။
တချို့ သူငယ်ချင်းတွေ စိတ်ပျက်ကုန်ကြတယ်။
တချို့က စတင် ပုတ်ခတ်လာကြတယ်။
တချို့ သူငယ်ချင်းတွေက ကာကွယ်ပေးကြတယ်။

ဒါပေမယ့် တစ်ယောက်အတွက်မှ ထူးမသွားဘူး။
မိမွေးတိုင်း ဖမွေးတိုင်းပုံဆိုတာ လူတိုင်း မြင်ဖူးပြီးသား။

တချို့တွေက ရှယ်ကြတယ်။
တချို့တွေက ဆေ့ဗ်လုပ်ထားကြတယ်။
တချို့ဆိုရင် ကောင်မလေးရဲ့ အမျိုးတွေကို သွားပြကြတယ်။

ကောင်မလေး နောင်တရတယ်။ ငိုတယ်။

နောက်တစ်နေ့ သူမ ကျောင်းသွားတော့ လူတွေက သူ့ကို မဲ့ရွဲ့ပြတယ်။
အတန်းထဲ ဝင်ထိုင်ထိုင်ချင်း ကျောင်းအုပ်က လှမ်းခေါ်တယ်။
သူမ ရှင်းပြတယ်။ လက်မခံဘူး။ မိဘ ခေါ်ခံရတယ်။

မိဘတွေ လိုက်လာတဲ့အခါ သူမကို ကျောင်းထုတ်ပစ်လိုက်ကြတယ်။
မိဘတွေက ရှိခိုးပြီး တောင်းပန်တယ်။
ကျောင်းအုပ်က ခေါင်းကို ကော့နေအောင် မော့ထားတယ်။

သူတို့ သုံးယောက် အိမ်ပြန်သွားကြတယ်။
လမ်းမှာ အမေက ဆူပြီး အိမ်မှာ အဖေက ရိုက်တယ်။

ဖုန်းကို သိမ်းတယ်။ သူမ ဘဝ အကုန် ရိုက်ချိုး ခံလိုက်ရတယ်။

ကောင်မလေး အိမ်က ထွက်ပြေးတယ်။
လမ်းတလျှောက် လူတွေက လက်ညှိုးတွေ ထိုးရယ်ကြတယ်။

အတွေးတွေ များလာပြီး နေချင်စိတ်တွေ နည်းလာတယ်။
သေချင်စိတ်တွေ ပြင်းလာပြီး သတ်သေဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်ကို ပြန်တယ်။
အမေ့ကုတင်အောက်က ကြွက်သတ်ဆေးကို ယူတယ်။

အခန်းကိုပြန်တယ်။ ပုလင်းအဖုံးကို ဖွင့်တယ်။
မြန်မြန်မော့ချပြီး သူမ ကုတင်ပေါ် ပစ်လှဲလိုက်တယ်။
၂ မိနစ်အတွင်း သေဆုံးသွားခဲ့တယ်။

မိဘတွေက ရိုက်ရတာ အားမရလို့ ထပ်ရိုက်ဖို့ ခေါ်တယ်။
သူ ပြန်မထူးခဲ့ဘူး။

စိတ်တွေဆိုးပြီး ထပ်အော်ခေါ်တယ်။
ကောင်မလေး အသံထွက် မလာတော့ဘူး။

အခန်းထဲထိ ဝင်ရိုက်မယ် လုပ်ပြီး ဝင်သွားကြတယ်။
သေနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ခဲ့ကြတယ်။

ကြွက်သတ်ဆေး ဝယ်မိတဲ့ အမေက ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။
ရိုက်မိတဲ့ အဖေက ကိုယ့်ကိုယ် ကို အပြစ်တင်တယ်။
သူတို့ ၂ ယောက်စလုံး အကြီးအကျယ် ငိုကြွေးကြတယ်။

သေဆုံးတဲ့ သတင်းကြားတဲ့အခါ
အမျိုးတွေလည်း စိတ်မကောင်း ဖြစ်ကြတယ်။
သူငယ်ချင်း အရင်းတွေလည်း ဝမ်းနည်းကြတယ်။
ငိုယိုကြပါတယ်။

မင်းလည်း ဒီသတင်းကို ကြားမိတယ်။
အချိန်တွေကို အနောက်ပြန်ရစ်ချင်လာတယ်။
လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြန်ပြင်ပေးချင်လာတယ်။

အသုဘချတဲ့နေ့မှာ လူအားလုံး ငိုကြွေးနေကြတယ်။

အသုဘ ပြီးသွားပြီ။ အားလုံးကိုယ်စီ ပြန်သွားကြပြီ။

ကောင်မလေးရဲ့ မိဘတွေ ဘဝ ပြောင်းလဲ သွားကြပြီ။
သူ့ သူငယ်ချင်းတွေ ဘဝ ပြောင်းလဲ သွားကြပြီ။
မင်းရဲ့ ဘဝ လည်း ပြောင်းလဲ သွားခဲ့ပြီ။

ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကြောင့်
ကောင်မလေး တစ်ယောက်ကတော့
ဘဝပါ ပြောင်းသွားခဲ့ပါပြီ။

ဘဝဆိုတာ ဓာတ်လိုက်တတ်တယ်။
လူတိုင်းဟာ မင်းကို ရှော့ခ်ရ စေနိုင်တယ်။

ဘဝပေးမှ ချစ်မှာလား
________________
သုံးနှစ်သုံးမိုးအစဉ်လာကိုဖျတ်ပြီးတော့
စိတ်အလျင်ကိုလိုက် အချစ်တွေပေးမိတာက
မိန်းကလေးတစ်ယောက် ရဲ့မာနကို
ခဝါချခဲ့တာမဟုတ်ဘူး.....။

ဘဝကိုပေးဖို့ S*xရေးတိုင်ပင်
တစ်ကယ်ယူမှာပါ ဆိုတဲ့စကားတစ်ခွန်းအစား
မိဘတွေနဲ့မိတ်ဆက်ပေးမယ်ဆိုတာလေး
ပြောမထွက်ခဲ့တာလား စာလုံးမပေါင်းတက်ခဲ့တာလား......

ဘဝတစ်ခုလုံး ပုံအပ်ဖို့တောင်းဆိုပြီး
တရားဝင်လက်မှတ်လေး သုံးစက္ကန့်လောက်က
မိန်းမသားတွေဘဝထက် အရမ်းတန်ဖိုးမြင့်နေလို့လား.......။

အဝတ်စလစ်နဲ့ အရှက်မဲ့နေတဲ့
တည်းခိုခန်းကုတင်တစ်ခုထက်မှာ ထက်
မြန်မာဆန်လေးနဲ့ အိမ်ဧည့်ခန်းမှာ
မိဘနှစ်ပါးနဲ့ အလိမ္မာစကားလေးတွေ
ပြောတာက တန်ဖိုးရှိတယ်....။

တစ်တယ်လို့ မျက်ရည်ကျခဲ့တယ်ဆိုတောင်
တည်းခိုခန်း ကခေါင်းအုံးပေါ်မှာ
ကြွေကွဲလို့ကျတဲ့မျက်ရည်ထက်....
မိဘတွေဆီလာတောင်းလို့ ကျတဲ့
ပိတိမျက်ရည်မျိုးက တန်ဖိုးရှိတယ်.....။
S*x နဲ့ Love ကွဲပါစေ...။

.

ခင်ဗျားရဲ့ ဖြစ်တည်မှုတိုင်းကျွန်တော်က ချစ်ပါတယ် အရင်လူတွေနဲ့ လွှဲချော်ခဲ့ရတာဒီလူသားကို ရဖို့ပဲ မှတ်လိုက်ပါအမွတ္တမဲ့ အချိန်...
31/08/2021

ခင်ဗျားရဲ့ ဖြစ်တည်မှုတိုင်း
ကျွန်တော်က ချစ်ပါတယ်

အရင်လူတွေနဲ့ လွှဲချော်ခဲ့ရတာ
ဒီလူသားကို ရဖို့ပဲ မှတ်လိုက်ပါ

အမွတ္တမဲ့
အချိန် အနည်းအငယ်ကြာလာလို့
သံယောဇဉ် တွေ ပိုတိုးတဲ့အခါ
အရင်က အဆက်ဟောင်းရဲ့
Stadus အဟောင်းတွေ တက်တဲ့အခါ
စိတ်ထည်း နည်းနည်း ရှုပ်သွားတယ်

ခင်ဗျား ရဲ့ ဖြစ်တည်မှုအကုန်လုံးကို
ချစ်နေရတဲ့ကျွန်တော်က
ခင်ဗျား ဆိုးဆိုး ကောင်းကောင်း
နားလည်ပေးပြီး ချစ်နေရတယ်
အဆိုးဆုံးကေတာ့
ခင်ဗျားကျွန်တော့်ကိုမချစ်တော့မှာ
ကျွန်တော် အကြောက်ဆုံးပဲ

ခွင့်လွှတ်ပြီး ချစ်တဲ့ကျွန်တော်က
အရင်လူတွေနဲ့ ခင်ဗျား ယှဉ်လိုက်ရင်
သိမ်ငယ်သွားတက်လို့. . .
အချစ်တခုကလွှဲပြီး ဘာမွ မပေးနိုင်ခဲ့ဘူးလေ

အနေဝေးရင် သွေးအေးတယ်ဆိုတဲ့
စကားက ချစ်နေရင်တော့
ကျွန်တော့် အတွက် နွေးထွေးပါတယ် . .

တခါတေလ စကားမပြောရတဲ့ရက်တွေမှာ
ခင်ဗျား မချစ်တော့ဘူးဆိုတဲ့ အတွေးနဲ့
Psycho ထဖောက်တယ် ။

တကယ်ပါ မင်းနဲ့ တြဲခဲ့တဲ့
လက်ကလေးတော့ မြဲချင်တယ်
အရင်တုန်းက ကေလး အတွေးနဲ့
ln relationship with ထားမွ
ချစ်တယ်လို့ထင်ခဲ့တာ

Profile ဆင်တူထားမှ
ချစ်တယ်လို့ထင်ခဲ့တာ
Facebook passwed ပေးထားမှ
ချစ်တယ်လို့ထင်ခဲ့တာ
တကယ်ချစ်တဲ့အခါ
ဘာမွ မလိုဘူးဆိုတာ သိလာခဲ့တယ်

ဆိုးဆိုးကောင်းကောင်း ခွင့်လွှတ်ပြီး
ဖြစ်တည်မှုတိုင်းကို ချစ်နေရတယ် :

- A YOE -(Shwe bo)

လူတစ်ယောက်ကို တစ်ကယ်ချစ်သွားရင်အလုပ်တွေ ဘယ်လိုပဲ  မအားပဲ ရှုပ်နေပါစေမင်းဆီကို  ဖုန်းလေးတစ်callတောင် ဆက္ဖို့မေမ့ဘူး။အနည်းဆ...
31/08/2021

လူတစ်ယောက်ကို တစ်ကယ်ချစ်သွားရင်
အလုပ်တွေ ဘယ်လိုပဲ မအားပဲ ရှုပ်နေပါစေ
မင်းဆီကို ဖုန်းလေးတစ်callတောင် ဆက္ဖို့မေမ့ဘူး။

အနည်းဆုံး စာလေးတစ်စောင်လောက်ကတော့
မင်းဆီ text လုပ်နေမှာပဲ။
"ဘာလုပ်နေလဲပေါ့။ ကိုယ်တော့ သိပ်သတိရနေတယ်"
အဲ့လိုအကြောင်းလေးတွေ နဲ့ပေါ့။

မင်းကို အရမ်းလွမ်းလွန်းလို့ မနေနိုင်မထိုင်နိုင်ဖြစ်လာရင်
မင်းဆီကို ချက်ချင်း ပြေးလာလိမ့်မယ်။

You'll be the first one he misses.
သူ အိပ်ရာထလို့ မျက်လုံးနှစ်လုံး ဖွင့်ရင်တောင်
မင်းကို အရင်ဆုံး သတိရေနမွာ။
သူ့ရဲ့အရာရာတိုင်းက မင်းပဲ။
မင်းအတွက်ဆိုရင် အသေးအဖွဲလေးတွေကအစ
လိုက်ဂရုစိုက်ပေးနေတတ်တာ။


He makes you smile when you feel down.
မင်းပြိုလဲနေတဲ့အချိန် မင်းကိုပျော်ရွှင်အောင်
သူကြိုးစားနေမှာ။

တစ်ခါတစ်ခါကျရင် သူမင်းကို ချစ်တဲ့စိတ်တွေက
မင်းကို control လုပ္တယ္လို့ မင်းဘက်ထင်ကောင်း
ထင်နိုင်လိမ့်မယ်။
မင်းကို ချုပ်ခြယ်နေတာ မဟုတ်ပါဘူး။
မင်းကိုချစ်လွန်းလို့ စိတ်ပူနေရတာပါ။

ဘယ်သူနဲ့ ဘယ္ကိုသြားတာလဲ ?
ဘာတွေလုပ်နေတာလဲ?
ဒါတွေဟာ မင်းကိုသိပ်လျစ်လို့သာ စိတ်ပူနေရတာတွေ။

လူတစ်ယောက်ဟာ မင်းကို တစ္ကယ္ခ်စ္လို့သာ
အသေးအဖွဲလေးတွေကအစ လိုက်စိတ်ပူပေးနေတာ။
မင်းကို တစ္ကယ္ခ်စ္လို့သာ ဘယ်လောက်ပဲ
အလုပ်တွေရှုပ်နေပါစေ မင်းအတွက် အချိန်မရရအောင်
ပေးနေတော့တာပေါ့။

ခဲတံ

တောထဲတောင်ထဲမှာတောင်ပြည်သူတွေအတွက် ဖျော်ဖြေပေးတဲ့သူရဲကောင်းအဖွဲ့ ဟား၅ကောင်
17/08/2021

တောထဲတောင်ထဲမှာတောင်ပြည်သူတွေအတွက် ဖျော်ဖြေပေးတဲ့သူရဲကောင်းအဖွဲ့ ဟား၅ကောင်

09/08/2021



09/08/2021
15/07/2021

မြဝတီမှ ထုတ်လွှင့်သော မိုးဟိန်း၏ " မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့စကားသံများ" ဆိုသည့် ခေါင်းစဉ်.....

06/07/2021
11/03/2021
နက်ဖြန် ခွင့်ယူကြပါ။ သွေးတက်ဖို့ ၉၉% သေချာ ကြိုပြင်ဆင်ထားရန် မနက်ဖြန် သတင်းစာရှင်းလင်းပွဲ - အနှစ်ချုပ်၁။ ဒေါ်အောင်ဆန်းစြု...
10/03/2021

နက်ဖြန် ခွင့်ယူကြပါ။ သွေးတက်ဖို့ ၉၉% သေချာ

ကြိုပြင်ဆင်ထားရန်

မနက်ဖြန် သတင်းစာရှင်းလင်းပွဲ - အနှစ်ချုပ်

၁။ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံနဲ့ ကြိုးစားပမ်းစား သိက္ခာချပြကြပါလိမ့်မယ်။

၂။ NLD ပါတီကိုလည်း မတရားအသင်းအဖြစ်ကြေငြာပြီး ပါတီဖျက်သိမ်းကြောင်း ကြေငြာပါလိမ့်မယ်။

၃။ CDM ဝန်ထမ်းတွေကို အထောက်အကူပေးနေတဲ့ ဝန်ထမ်းသမဂ္ဂတွေနဲ့ ခေါင်းဆောင်ပိုင်းတွေကို အကြီးအကျယ် အပုပ်ချတိုက်ခိုက်ပါလိမ့်မယ်။ ပုဒ်မအကြီးကြီးတွေတပ်ပြပြီး ဓါတ်ပုံတွေ ဇယားတွေနဲ့ ချိတ်ဆက်ပြပြီး ကြောက်အောင် ခြောက်ပါလိမ့်မယ်။

၎။ ဝန်ထမ်းအင်အားအများဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပညာရေးအသိုင်းအဝိုင်းကို စကားလုံး အကြီးကြီးတွေသုံးပြီး ခြောက်လှန့်ပါလိမ့်မယ်။

၅။ Generation Z ကို နည်းမျိုးစုံနဲ့ သိက္ခာချပြပါလိမ့်မယ်။ ဥပမာ မူးယစ်ဆေးသုံးစွဲကြသူ လူငယ္တစ္စု

၆။ အခုဖြစ်သမျှ လူသေမှုအားလုံးဟာ သူတို့လုပ္တာ မဟုတ္ဘူး Third Party ကလုပ္တာ ဆိုတာကို စီကာပတ္ကုံး လိမ်ပြပါလိမ့်မယ်။

၇။ ဆန္ဒပြပြည်သူတွေက လက်နက်တွေနဲ့ အရင်အကြမ်းဖက်ကြလို့ သူတို့က အတတ်နိုင်ဆုံး ညင်သာစွာ ဖြေရှင်းတာပါ။ လူသေတာ အချင်းချင်းသတ်လို့ပါ သူတို့ကြောင့် မဟုတ်ဘူးဆိပြီး ဆန္ဒပြသူတွေကို သွေးခွဲပါလိမ့်မယ်။

၈။ ပိတ်သိမ်းလိုက်တဲ့ မီဒီယာတွေဟာ မီဒီယာကျင့်ဝတ်တွေကို ဘယ္လို ဘယ္ပုံ ဖောက်ဖျက်တဲ့အတွက်ကြောင့် ဖျက်သိမ်းရကြောင်း ကြေငြာပါလိမ့်မယ်။

၉။ ဘဏ်တွေ မဖွင့်သေးရင် ဘယ္လို အရေးယူတော့မယ် ဆိုပြီး ဘဏ်တွေပြန်ဖွင့်ဖို့ ဘဏ်သူဌေးတွေ ဘဏ်ဝန်ထမ်းတွေကြောက်သွားအောင် ခြောက်ပြမယ့် အစီအစဉ် ပါလာပါလိမ့်မယ်။

သူတို့ဘက္ကေတာ့ မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲဟာ အားလုံး ဟာခနဲ ဟင်ခနဲ ဖြစ်ရစေ့မယ်လို့ ကြိုတင်ကြွေးကြော်ထားကြပါတယ်။

သေချာတာကတော့ အကြံပက်စက်လှချည်လား၊ ကောက်ကျစ်လှချည်လား ဆိုပြီး ကျွန်တော်တို့တွေ ဟာခနဲ ဟင်ခနဲ ဖြစ်ကြမယ်လို့ ယူဆတာပါပဲ။

အဲ့ဒါကြောင့်မို့ ကြိုသိထားပါ ဘာပြန်လုပ်မလဲ စဉ်းစားပါ။ သွေးမဆူပါနဲ့။ မဝေဝါးပါနဲ့။ နားမယောင်ကြပါနဲ့။

ကိုယ္လုပ္စရာရွိတာကို ဉာဏ်နဲ့ယှဉ်ပြီး တာဝန်ကျရာနေရာကနေ ဆက်လုပ်ကြပါမယ်။

အရေးတော်ပုံ အောင်တော့မည်။

ဆရာ ခရက်တစ်

Address


Website

Alerts

Be the first to know and let us send you an email when Bright Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share