Nawarat Entertainment

  • Home
  • Nawarat Entertainment

Nawarat Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nawarat Entertainment, News & Media Website, .

What is No-Fly Zone?by Hla Soewai - Mar 06 2022ဗလာ‌ဒီမာ ပူတင်၏ တပ်များ ကီယက် မြို့တော်အနီး တရွေ့ရွေ့ ချည်းကပ်လာနေပြီး ရု...
07/03/2022

What is No-Fly Zone?
by Hla Soewai - Mar 06 2022

ဗလာ‌ဒီမာ ပူတင်၏ တပ်များ ကီယက် မြို့တော်အနီး တရွေ့ရွေ့ ချည်းကပ်လာနေပြီး ရုရှား ဒုံးကျည်များသည်လည်း ယူကရိန်း မြို့တော်များသို့ တဖွဲဖွဲ ကျရောက်လာနေချိန်တွင် သမ္မတ ဇယ်လင်စကီး မှ ယူကရိန်း နိုင်ငံပေါ်တွင် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပေးရန် နေတိုး အဖွဲ့ကြီးအား ဒေါသတကြီး တောင်းဆိုလာခဲ့သည်၊ ထိုသို့ လုပ်ရန် ပျက်ကွက်နေခြင်းသည် မိမိပြည်သူများအား ဆက်လက် သတ်ဖြတ်နိုင်ရန် ရုရှား အား "မီးစိမ်း" ပြနေသည်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။

"ရုရှား တို့ လက်ချက်ဖြင့် သေသွားရသူတိုင်း ခင်ဗျားတို့ကြောင့် သေရတာ ဖြစ်တယ်" ဟု ပြောသွားခဲ့ပြန်သည်။

ထိုသို့ လေကြောင်း ပိုင်နက်အား မည်သူကိုမျှအသုံးပြုခွင့် မပေးဟူသော No-Fly Zone အယူအဆသည် ဟိုယခင်ကတည်းကပင် ရှိခဲ့ပြီး ဖြစ်သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးက ယခုလို ရှင်းပြခဲ့သည်။

ပထမ ကမ္ဘာစစ်ကြီး အပြီးတွင် ဂျာမဏီအား စစ်ရေး နှင့် ဆိုင်သည့် မည်သို့သော ပျံသန်းမှု မျိုးကို မဆို ခွင့်မပြု ဟု ဗာဆိုင်း စာချုပ် ဖြင့် စတင် တားမြစ်လာခဲ့သည်။

ခေတ်သစ် လေကြောင်း ပျံသန်းခွင့် ကန့်သတ်လာမှုကို ၁၉၉၀ ကျော် နှစ်များ အတွင်း ဆက်ဒမ် ဟူစိန် အပေါ် ပြဠာန်းလာခဲ့ရာမှ စတင်လာခဲ့သည်။ ထိုအချိန်က ဆက်‌ဒမ်သည် နိုင်ငံ မြောက်ပိုင်းရှိ ကပ်ဒ် လူမျိုးစုများ နှင့် တောင်ပိုင်းရှိ ရှီးယိုက် ဘာသာဝင်များ အပေါ် လေကြောင်းမှ တိုက်ခိုက်လာခဲ့သည်။

ထို့အတွက် ဗြိတိန်၊ အမေရိကန် နှင့် ပြင်သစ်တို့မှ ထိုဒေသများ ပေါ်တွင် လေယာဉ် ပျံသန်းခွင့် မပြုဟု ကြေညာလာခဲ့သည်။ ၁၉၉၁ မှ ၂၀၀၃ အကြား ပြဠာန်းခဲ့သော ကာလများ အတွင်း အကြိမ်ပေါင်း ၂၂၅,၀၀၀ မျှ ကင်းလှည့် ပျံသန်း‌ ပေးခဲ့ရသည်၊ (ပြင်သစ်သည် ၁၉၉၆ တွင် ဆက်လက် ပါဝင်ခြင်း မရှိတော့ပေ)

အလားတူပင် နေတိုး အဖွဲ့ကြီးမှ ၁၉၉၃ မှ ၁၉၉၅ အတွင်း ဘော့စနီယား နှင့် ဟာဇီဂိုဗီနား၊ ၂၀၁၁ တွင် လစ်ဗျား အပေါ် သတ်မှတ်ပေးလာခဲ့သည်။.လစ်ဗျားတွင် ထိုသို့ လေယာဉ် မပျံသန်းရ သတ်မှတ်လိုက်ခြင်း ကြောင့် နောက်ပိုင်းတွင် ကဒါဖီ အစိုးရ ပြိုလဲသွားသည် အထိ ဖြစ်လာခဲ့ရသည်။

လေယာဉ်မပျံသန်းရ ဇုံ သတ်မှတ်ပေးခြင်းသည် စစ်လေယာဉ်များကို အသုံးပြု၍ မြေပြင်ရှိ စစ်ရေး ပစ် မှတ်များ နှင့် အရပ်သားများ အပေါ် တိုက်ခိုက်ခြင်း မပြုနိုင်အောင် ဟန့်တား ပေးခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ သတ်မှတ်ပြဠာန်းခဲ့ခြင်းသည် လွယ်လင့်တကူ ပြုလုပ်၍ ရသည့် အရာမျိုးတော့ မဟုတ်။ လေယာဉ် မပျံသန်းရဟု ကြေညာလိုက်ယုံဖြင့် လည်း ကိစ္စမပြီး။

ထိုသို့‌ ကြေညာလာသော နိုင်ငံများမှ ၎င်းတို့ပိုင် စစ်လေယာဉ်များ သုံး၍ သတ်မှတ်ပေးထားသော ဇုံနယ်မြေ အတွင်း ကင်းလှည့်စောင့်ကြပ်ပေးလာရသည်။ ချိုးဖောက် ဝင်ရောက်လာသည့် လေယာဉ်မှန်သမျှကို ပစ်ချခဲ့ရသည်၊ အီရတ် ကို ‌သတ်မှတ်ကြေညာခဲ့စဉ်ကာလ များက အီရတ်ပိုင် လေယာဉ် လေးစင်းကို ပစ်ချခဲ့ရသည်။

တဖက်တွင်လည်း ထိုသို့ ကင်းလှည့်နေသော မိမိတို့ လေယာဉ်များအား ပစ်ချမခံရအောင် အကာအကွယ်များ ပြုလုပ်ခဲ့ရပြန်သည်။ ထို့အတွက် ရန်သူ၏ လေကြောင်းကာကွယ်ရေး စနစ်အား တိုက်ခိုက်ခြင်း၊ ရန်သူ ရေဒါ လှိုင်းများ အား ဖျက်ဆီးပစ်ခြင်း များ လုပ်လာခဲ့ရသည်။ ထို့အတွက် no-fly zone ဆိုသည်က သတ်မှတ်ခံရသော နိုင်ငံ အပေါ် စစ်ပွဲ ဆင်နွှဲရခြင်းမျိုး နှင့် အလားသဏ္ဍန်တူပေသည်။

အီရတ် နှင့် လစ်ဗျားတို့ အပေါ် လုပ်ရသည်မှာ ပြဿနာ မရှိလှသော်လည်း ရုရှားအပေါ် ထိုသို့ လုပ်ပါက အမေရိကန် တို့သည် ရုရှား တိုက်လေယာဉ်များကို ပစ်ချရတော့မည့် အဖြစ်နှင့် ကြုံလာရတော့မည် ဖြစ်သည်။ ထိုအခါ တွင် အမေရိကန်၊ ဗြိတိန်တို့က တဖက် နှင့် ရုရှား က တဖက် စစ်ရေးအရ ထိတ်တိုက် ရင်ဆိုင်လာရပေတော့မည်။

ယင်းနှင့် အတူ နေတိုး စစ်မဟာမိတ်စာချုပ် အဖွဲ့ဝင် နိုင်ငံအားလုံး မဖြစ်မနေ ပါဝင်လာရတော့မည် ဖြစ်ပြီး ဥရောပ-ရုရှား စစ်ပွဲကြီး အဖြစ် အသွင်ကူးပြောင်း သွားတော့မည် ဖြစ်သည်။

မိမိတို့ နေတိုးတပ်ဖွဲ့များ သည် မြေပြင်ကကော၊‌ လေကြောင်းကပါ ယူကရိန်း သို့ ဝင်ရန် ရည်ရွယ်ထားခြင်း မရှိဟု နေတိုးအဖွဲ့၏ အတွင်းရေးမှုး ချုပ် ဖြစ်သူ ဂျန် စတိုးလင်ဘတ်ခ် က ထုတ်ဖေါ် ပြောဆိုခဲ့သည်။

လေယာဉ် မပျံသန်းရ ဇုံအား စောင့်ကြည့်ထိန်းသိမ်းရေးတွင် အဟန့်အတားများလည်း ရှိနေပြန်သည်၊ အဓိကအားဖြင့် ‌ရဟတ်ယာဉ် များနှင့် ပတ်သက်၍ အခက်အခဲများ ကြုံလာရသည်ကို ဘော့စနီးယား တွင် သိရှိလာခဲ့ကြသည်။ လေယာဉ်များ အသုံးမပြုနိုင်အောင် ဟန့်တား နိုင်ခဲ့‌သော်လည်း ယခုလို ကီယက် မှ ၁၅ မိုင်အကွာ ရောက်နေသော ရုရှား စစ်ယာဉ်တန်းမျိုးကို မူ ရှေ့ဆက်မတိုးအောင် ပြုလုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်။

အီရတ်တွင် ဆက်ဒမ်သည် ရှီးယိုက်တို့အား ဗုံးကြဲတိုက်ခိုက်‌၍ မရ ဖြစ်လာသဖြင့် မြေပြင်တပ်များကို သုံး၍ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်ကို အမေရိကန် ပိုင်းလော့များလည်း ‌ဘာမှမတတ်နိုင်ပဲ ဝေဟင်မှသာ ပျံဝဲစောင့်ကြည့်နေကြရသည်။

အချို့ကလည်း ပူတင်သည် နေတိုးအဖွဲ့ နှင့် စစ်ပွဲဆင် နွှဲရန် အထိ ဆန္ဒမရှိ၍ အနည်းဆုံး ယူကရိန်း အနောက်ခြမ်းလောက်ကို No-Fly Zone သတ်မှတ်ပေးသင့်သည်ဟု ထောက်ခံ ပြောဆိုလာကြသည်။

အချို့ကလည်း ဆီရီယားကို ဥပမာပေး ပြောဆိုလာခဲ့ကြသည်၊ ဆီရီယား လေကြောင်းပိုင်နက် အတွင်း စစ်ရေး အရ ထိတ်တိုက်တွေ့မှုမျိုး အား ရှောင်ရှားရန် de-conflict ဟု သတ်မှတ်ကာ အမေရိကန် နှင့် ရုရှား လေယာဉ်များ တနေရာထဲတွင် ရောက်ရှိ မနေရေး၊ အမြင့်ပေ အတူတူ ပျံသန်းခြင်းမျိုး မရှိရေး အတွက် စီမံ နိုင်ခဲ့ကြသည်။

အကယ်၍ ယူကရိန်း အနောက်ပိုင်းအား no-fly zone သတ်မှတ်ထားနိုင်မည်ဆိုက ယူကရိန်း သမ္မတ မစ္စတာ ဇယ်လင်စကီး အတွက် ကီယက်ကို လက်လွှတ်ခဲ့ရလျှင် အနောက်ဖက်ခြမ်းရှိ ပိုလန်နယ်စပ်နှင့် ၁၇ ကီလိုမီတာ အကွာရှိ လီဗိ မြို့မှနေ၍ စစ်ပြေး အစိုးရ အနေဖြင့် ရပ်တည်သွားနိုင်မည် ဖြစ်သည်။

ဤသည်ကို ကောင်းစွာ ရိပ်စားမိသော ရုရှားသည် ယူကရိန်းတွင် ဆီရီယား ကဲ့သို့ de-conflict ယန္တယား မျိုး တည်ဆောက်ရန် လိုလားပုံ မရှိ ဟု ပင်တဂွန် က ဆိုသည်။

ရုရှားသည် ယူကရိန်း လေပိုင်နက် အတွင်း တဦးတည်း ထင်တိုင်းကျဲခြင်နေပြီး အနောက်နိုင်ငံများလည်း မည်သို့မျှ မတတ်နိုင် လက်မှိုင်ချနေရဆဲပင် ဖြစ်ပေသည်။

သို့သော် တဖက်တွင် ရုရှားအား စီးပွားရေး အရ ဖြူကာ ပြာကာ ကျသွားရေး ကို အနောက်အုပ်စု မှ ဦးစားပေး ဆောင်ရွက်နေသည်။ အောင်မြင်သွားပါက ထိုကဲ့သို့သော စီးပွားရေး လက်နက်များ သုံးပြီး ကမ္ဘာတဝှမ်းရှိ အာဏာရှင်များကို ဆက်လက် ဖယ်ရှားသွားရန် ပြင်ဆင်လာတော့မည် ဖြစ်သည်။

ဒေါ်လာ ၁.၆ တြီလီယံ ပမာဏာရှိ ရုရှား စီးပွားရေး အဆောက်အအုံကြီးကို ၎င်းတို့ အကျိုးစီးပွား အပျက်ခံကာ ထိရဲခြင်း ရှိမည်မဟုတ်ဟု ပူတင်က လွဲမှားစွာ ယူဆခဲ့သည်။

ယခုအခါ ထိုလက်နက်ကြီးများ၏ အစွမ်းထက်ပုံကို မျက်မြင် ကိုယ်‌‌ တွေ့ ကြုံလာခဲ့ရပြီ ဖြစ်သော တရုတ် တို့ပင် ထိတ်လန့်လာနေကြပြီး တိုင်ဝမ်အား အင်အားသုံး သိမ်းယူရေး ကို ပြန်လည် သုံးသပ်လာကြပြီ လည်း ဖြစ်သည်။

ထိုင်းသတင်းမှာပါနေတဲ့ ကျောက်ဖယားမြစ်ထဲ အပျော်စီးလှေပေါ်ကနေ ကျသွားတဲ့ ပြည်သူ့အချစ်တော် မိခင်တစ်ယောက်ရဲ့ (၃နှစ်အရွယ်ကမိခင်...
05/03/2022

ထိုင်းသတင်းမှာပါနေတဲ့ ကျောက်ဖယားမြစ်ထဲ အပျော်စီးလှေပေါ်ကနေ ကျသွားတဲ့ ပြည်သူ့အချစ်တော် မိခင်တစ်ယောက်ရဲ့ (၃နှစ်အရွယ်ကမိခင်ထားခဲ့တာကိုခံခဲ့ရလို့ ဖခင်နဲ့သာကြီးပျင်းလာတဲ့သမီးလေး )

သမီးဆုံးသွားလို့ ဖြစ်ရတဲ့ မိခင်သောကမျက်ရည်က ဘတ် သန်း၃၀လျော်ကြေးအကြောင်း ပြောနေရင်း မျက်ရည်တွေ ခမ်းခြောက်သွားတယ်တဲ့

တစ်နိုင်ငံလုံးက အမေ့ရဲ့သမီးအတွက် တရားမျှတမှု ရအောင် ကြိုးစားပေးနေချိန်

အမေဖြစ်သူရဲ့ ငွေမြင်တာနဲ့ ကျဖူးတဲ့ မျက်ရည်တွေက မကျန်တော့တာမြင်ရတယ်

မိခင်နေရာက မင်းသမီးရဲ့ အမွေကို ဆက်ခံဖို့တာဝန်ရှိသူလို့ သူ့ကိုယ်သူ နာမည်တပ်ပြီး ဆုံးသွားတဲ့ သမီးလေးအတွက် အမှန်တရားကို ရှာဖွေဖို့ မကြိုးစားတော့ပဲ ဘတ် သန်း ၃၀ နဲ့ ရပိုင်ခွင့်ကို ရွေးချယ်ခဲ့သူက မိခင်အရင်းပါတဲ့

ဒီမင်းသမီးလေးရဲ့ ငယ်ဘဝက အဖေနဲ့ပဲကြီးပျင်းခဲ့ရတာ။ အဖေက ကျစ်ဆံမြည်းကျစ်ပေးစေချင်ပေမဲ့ ကျစ်ဆံမြည့်မကျစ်တတ်တဲ့အဖေနဲ့ သားအဖနှစ်ယောက်ထဲကြီးလာရရှာသူ မိခင်မေတ္တာကို ငယ်ဘဝတည်းက ငတ်မွတ်နေခဲ့ရသူပါ

အရမ်းကို ကျေးဇူးသိတတ်တဲ့ ကလေးပါ အများအကျိုးကိုလည်း အမြဲကြိုးစားပေးသူ နှလုံးသားရော လူရော အရမ်းကိုလှတဲ့ သက်ရှိနတ်သမီးတစ်ပါးလို့ တင်စားချင်မိအောင် သူ့ကိုချစ်မိပါတယ်

ဘဝတစ်လျောက်လုံး အရွယ်နဲ့ မမျှတဲ့ တာဝန်သိတတ်တဲ့ စိတ်တွေကြောင့် စိတ်ရောလူရောပန်းရတာ နာမည်ကြီးမင်းသမီး ဘဝမှာ ရှာဖွေရ စုဆောင်းရ ပေးကမ်းရနဲ့ မနားရတဲ့ သူ့ရဲ့ သနားစရာဘဝအတွက် စိတ်ဖိစည်းမှုရောဂါနဲ့ အထီးကျန်ရောဂါဝေဒနာကို ခံစားကုသနေရသူပါ

အချစ်စစ်ကို ငတ်မွတ်တဲ့ သူလေးက အိမ်ထောင်ကျတော့လည်း အိမ်ထောင်ရေးကံမကောင်းခဲ့တော့ ကျန်ရစ်ဖြစ်ရရှာတယ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံပြီး သေဆေးသောက်ခဲ့ပေမဲ့ ဆရာဝန်ကယ်ခဲ့လို့ သေကံမရောက်ခဲ့သူပါ လူတိုင်းရဲ့အမြင်က ကဲ့ရဲ့စရာတွေ ဆိုပေမဲ့ လောကဓံမုန်တိုင်းကို ခါးသီးစွာ ကျော်ဖြတါခဲ့သူ ကားမှောက်တော့လည်း သေကံမရောက်ခဲ့သူ

ဘဝရဲ့ အချစ်ရဆုံး ဖခင် ကင်ဆာဖြစ်တော့ သူ့ရဲ့ ရှာဖွေထားတဲ့ စည်းစိမ်အပြင် အကြွေးတင်ခံပြီး အဆုံးထိ ကုသခဲ့တဲ့ သူရဲ့ ဘဝအမောတွေ တွေးရင်း အရမ်းလေးစားမိတာ

လွန်ခဲ့တဲ့ တစ်ပါတ်ကမှ မြစ်ထဲ ကျပြီး သေဆုံးသွားရတာ တမင်အသတ်ခံရတာလား မတော်တဆမှုလားလို့ မသိရသေးခင် မိခင်ဖြစ်သူ (အနှစ်၂၀ကျော် နောက်အိမ်ထောင်နဲ့ မိခင်က) ‌လျော်ကြေးအနေနဲ့ ဘတ် သန်း ၃၀ နဲ့ အမှုကို ကျေအေးခဲ့တာကို အားလုံးက မခံမရပ်နိုင်ခဲ့ကြတာ ကျမအပါအဝင်ပါပဲ

ဘဝမှာ ဖခင်ကို ကုသရတဲ့ အကြွေးကြေလုနီးပါး အလုပ်လုပ် ဈေးရောင်း အနုပညာကြေးနဲ့ ကြိုးစားလုပ်နေရင်း အချစ်စစ်နဲ့ သူ့ကို အရမ်းချစ်ရတဲ့ ကောင်လေးနဲ့ အတူနေရတာ ၂ နှစ်မပြည့်သေးဘူး

သူ့ဘဝကို သူအရမ်းကျေနပ်နေပြီ အဖေမရှိတော့ပေမဲ့ ချစ်သူနဲ့ အေးချမ်းနေနေရတဲ့ လက်ရှိသာယာစပြုလာတဲ့ သူ့ရဲ့ဘဝလေးကို သေမင်းက ခေါ်သွားရက်တယ်

ကျမ ငိုနေမိတယ် ဘယ်အနုပညာရှင်သေသေ မျက်ရည်မကျဖူးတဲ့ ကျမ ဒီတစ်ခါတော့ အောင့်ထားလို့ကို မရခဲ့တာ အမှန်ပါ

သူ့အမေရဲ့ မထင်မှတ်တဲ့ လုပ်ရပ်ကိုလည်း အံ့အားသင့်မနေတာတော့ လူတွေရဲ့သဘောသဘာဝလို့ မြင်ပေးလို့ရပါတယ် မင်းသမီးကိုပဲ ပိုပြီး သနားမိတယ်

မိန်းမတိုင်းက မိခင်ဖြစ်ကြတာ မဆန်းပေမဲ့ သားသမီးရဲ့ ရပိုင်ခွင့်ကိုပဲ အခွင့်ရေးယူတတ်တဲ့ မိခင်စိတ်နည်းတဲ့ မိခင်ကိုတော့ အရမ်းကြောက်မိတာ အမှန်ပါပဲ ယူဖို့ပဲ သိတဲ့မိခင် အဖြစ် ဖြစ်ပေးကြတာ ရှိသလို ပေးဆပ်ဖို့အတွက် မိခင်ဖြစ်လာတဲ့သူတွေနဲ့ လူ့လောကက လည်ပါတ်နေဆဲပါပဲ

လူသေလဲ သေမသွားတဲ့ နတ်သမီး သူယုံကြည်တဲ့ ဘုရားသခင်ရဲ့ ရင်ခွင်ထဲမှာ အချစ်ဆုံးဖခင်နဲ့အတူ ရှိနေတယ်လို့ပဲ မျှော်လင့်ပါရစေ

4.3.2022

Crd

ယူကရိန်းဒုတိယမြို့တော် အကြီးအကျယ်ပျက်စီးယူကရိန်းနိုင်ငံ၏ ဒုတိယမြို့တော် ကာကွတ်မြို့သည်ရုရှားတပ်ဖွဲ့များ၏ စစ်ဆင်တိုက်ခိုက...
01/03/2022

ယူကရိန်းဒုတိယမြို့တော် အကြီးအကျယ်ပျက်စီး

ယူကရိန်းနိုင်ငံ၏ ဒုတိယမြို့တော် ကာကွတ်မြို့သည်
ရုရှားတပ်ဖွဲ့များ၏ စစ်ဆင်တိုက်ခိုက်မှုကြောင့် အ
ကြီးအကျယ်ပျက်စီးခဲ့သည်ဟု သတင်းများကဖော်
ပြသည်။ ကာကွတ်မြို့ အစိုးရအဖွဲ့ရုံးပေါက်ကွဲမှု
တွင် ကလေးတစ်ဦးအပါအဝင် လူနှစ်ဆယ်ကျော်
ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းအရေးပေါ်ကယ်
ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ကာကွတ်မြို့ လူနေရပ်ကွက်များနှင့်အုပ်ချုပ်ရေးဒေသ
များကို ဖေဖော်ဝါရီလ ၂၈ ရက် ည နှင့် မတ်လ ၁ ရက်
မနက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စီအန်အန်သ
တင်းဌာနက သတင်းပေးပို့သည်။

Source: CNN News

ရုရှားကို နိုင်ငံတကာ ရာဇဝတ်မှု စွဲချက်တွေနဲ့ အရေးယူနိုင်ရေး စိုင်းပြင်းနေယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ အတ...
01/03/2022

ရုရှားကို နိုင်ငံတကာ ရာဇဝတ်မှု စွဲချက်တွေနဲ့ အရေးယူနိုင်ရေး စိုင်းပြင်းနေ

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ အတွက် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ အရေးပေါ် ခေါ်ယူတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း ရုရှားအပေါ် အများက ပြစ်တင် ရှုတ်ချ ဝေဖန် ပြောဆိုနေကြပါတယ်။

ရုရှားရဲ့ လက်ချက်နဲ့ ယူကရိန်းထဲက လူနေ အိမ်ရာတွေ အပါအဝင် အရပ်ဘက် အခြေခံ အဆောက်အဦးတွေ အကြီးအကျယ် ထိခိုက် ပျက်စီးနေရတဲ့ အကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိနေတယ်လို့ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အထွေထွေညီလာခံကို ပြောကြားခဲ့ပါတယ်။

တခါ၊ ကုလဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဆာခီ ကစ်လစ်ယာကလည်း ရုရှားတပ်တွေ ယူကရိန်းထဲမှာ ကျူးလွန်နေတာတွေဟာ စစ်ရာဇဝတ်နဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြောက်ကြောင်း သံသယဖြစ်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။

ကုလဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်ဆလီ နယ်ဘင်ဇီယာက ကတော့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကတည်းက သူ့တိုင်းပြည်ဟာ အလိမ်အညာ စွပ်စွဲမှုတွေရဲ့ ပစ်မှတ် ဖြစ်နေရတယ်လို့ ပြောထားပါတယ်။

စစ်ရေးမဟုတ်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာမရှိသလို၊ အရပ်သား ထိခိုက် သေဆုံးရတယ် ဆိုတဲ့ ဘယ်လို သက်သေ အထောက်အထားမှလည်း ရှိမနေဘူး ဆိုပြီး ရုရှားသံအမတ်က ငြင်းဆန် ထားပါတယ်။

ဒီအချိန်မှာပဲ သဟေ့ဂ်မြို့ အခြေစိုက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ တရားစွဲ ရှေ့နေ ကရင်မ် ခန်းဟာ ယူကရိန်း ကျူးလွန်ခံနေရတဲ့ စစ်ရာဇဝတ်မှုတွေ အပေါ် အမြန်ဆုံး အမှုဖွင့် စုံစမ်းစစ်ဆေး နိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုတစ်ကြိမ်မှာတင်မက၊ ၂၀၁၄ မှာကတည်းက ကြုံတွေ့ခဲ့ရတဲ့ ရုရှားတို့ရဲ့ ကျူးကျော် ဝင်ရောက်မှု အတွင်း စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပေါ်ပေါက်ခဲ့တယ် ဆိုတဲ့ ယုံကြည်ရဖွယ် အခြေခံ အချက်အလက်တွေ ရှိနေတယ်လို့လည်း ICC တရားစွဲရှေ့နေ ကရင်မ်ခန်းက ပြောပါတယ်။

၂၀၁၄ ရုရှားကျူးကျော် ဝင်ရောက်မှု ဆိုတာ ယူကရိန်းထဲက ခရိုင်းမီးယား ဒေသကို စစ်ရေးနည်းနဲ့ သိမ်းပိုက်ပြီး ရုရှားထဲ ဆွဲသွင်းလိုက်တဲ့ အဖြစ်အပျက်ကို ရည်ညွှန်း ဆိုလိုတာ ဖြစ်ပါတယ်။

မစ္စတာခန်း အနေနဲ့ အမှုဖွင့် စစ်ဆေးနိုင်ဖို့ ဆိုရင် ICC တရားသူကြီးတွေရဲ့ ခွင့်ပြုချက် ထွက်လာဖို့ လိုပါတယ်။ အခုဆိုရင် ယူကရိန်းထဲ ကျူးလွန်ခံခဲ့ရတဲ့ သက်သေ အထောက်အထားတွေကို စတင် စုထားဖို့ သူ့ရဲ့ အဖွဲ့ကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း မစ္စတာခန်းက ပြောပါတယ်။

ရုရှားရော ယူကရိန်းပါ ICC အဖွဲ့ဝင်တွေ မဟုတ်ကြပေမယ့်၊ ယူကရိန်း အစိုးရက ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ စီရင်ပိုင်ခွင့်တွေကို လက်ခံထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ယူကရိန်း #ရုရှား

ထင်တိုင်း မပေါက် ဖြစ်လာနေသော ရုရှား***********************ရုရှားတို့၏ ယူကရိန်း ကျုးကျော်စစ်သည် ကြာသပတေးနေ့ အာရုံတက်ချိန်...
01/03/2022

ထင်တိုင်း မပေါက် ဖြစ်လာနေသော ရုရှား
***********************

ရုရှားတို့၏ ယူကရိန်း ကျုးကျော်စစ်သည် ကြာသပတေးနေ့ အာရုံတက်ချိန်တွင် စတင်လာခဲ့သည့် အချိန်က လျပ်တပြက်ထိုးစစ်ပုံစံမျိုး ဆင်နွှဲလာနိုင်သည်ဟု အားလုံးက မျှော်လင့်ထားခဲ့ကြသည်။

သို့‌ သော် ရုရှားတို့ဖက်က အင်အားအလုံးအရင်း နှင့် ကြိုတင်တပ်ဖြန့် ချ စီမံထားခဲ့သော် ငြားလည်း နှစ်ရက် ကြာလာသည့်တိုင် အားလုံး မျှော်လင့်ထားသလို ထင်တိုင်း မပေါက် ဖြစ်လာခဲ့သည်။

ဆက်လက် ဖတ်ရှုရန်....

http://www.yawnathan.com/mm/news/details/558

♦️ကုလသမဂ္ဂအခြေခံမူ(၇) ချက်မှ♦️အပုဒ် (၂) အပုဒ်ခွဲ (၇) အရအဖွဲ့ဝင်နိုင်ငံတို့၏ ပြည်တွင်းရေး(Domestic jurisdiction) တွင် မစွ...
01/03/2022

♦️ကုလသမဂ္ဂအခြေခံမူ(၇) ချက်မှ

♦️အပုဒ် (၂) အပုဒ်ခွဲ (၇) အရ

အဖွဲ့ဝင်နိုင်ငံတို့၏ ပြည်တွင်းရေး(Domestic jurisdiction) တွင် မစွက်ဖက်ရေးမူမှာ ယနေ့ကမ္ဘာတွင် ကျူးကျော်စစ်ကိုဆင်နွဲသူ (တရားခံ)နိုင်ငံကလည်း ကုလသမဂ္ဂစာချုပ် ပြဌာန်းချက်တို့ကို ကိုးကား၊ ကျူးကျော်တိုက်ခိုက်ခံရသူ(တရားလို)နိုင်ငံကလည်း ကိုးကားခုခံပြောဆိုနေကြတာ စာချုပ်သည် ဆီသည်မလက်နှီးစုတ်လိုဖြစ်နေပေသည်။
ဆိုလိုတာက--ဒုတိယကမ္ဘာစစ်ကြိုကာလကိုပြန်ကြည့်ရပါ့မယ်။

ဂျာမနီမှာ နာဇီဝါဒ၊အီတလီတွင် ဖက်ဆစ်ဝါဒ၊ဂျပန်တွင် ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ကဲ့သို့အန္တရာယ်ပြုဝါဒနှင့် စနစ်ဆိုးမျိုးနိုင်ငံတစ်ခုခုကခေါင်းထောင်လာပြီ ကမ္ဘာ့ကို မီးလောင်တိုက်သွင်းမည့်အခြေအနေမျိုး ဖြစ်လာပြီဆိုလျှင် ပြည်တွင်းရေးဟုဆိုကာ မစွက်ဖက်ရေးမူကို လေးစားသောအားဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက လျစ်လျူရှုရတော့မည်လား။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့ရပါသည်။
ယ္ခုလည်းထိုအတူအတိုင်းပင်ဖြစ်ပေသည်။
ထို့ကြောင့်
#ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုချိုးဖေါက်ရာရောက်သော ကိစ္စတရပ်ဖြစ်နေမူကား ပြည်တွင်းရေးဖြစ်လင့်ကစား ကုလသမဂ္ဂက အရေးယူဆောင်ရွက်နိုင်မှသာ ကမ္ဘာ့ကြီးငြိမ်းချမ်းပါပေမည်။

ရန်လာမစနဲ့လို့ တရုတ်ကဂျပန်ကိုသတိပေး

🔻 ထိုင်ဝမ်ကိစ္စဟာ ငါတို့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။ ဂျပန်နိုင်ငံအနေနဲ့ ဝင်ပါစရာအကြောင်းမရှိပါဘူး။

🔻 ဂျပန်အနေနဲ့ ထိုင်ဝမ်ကိစ္စကို စဉ်းစားဆင်ခြင်ဉာဏ်ရှိစွာ ပြုမူပြောဆိုပါ။ ရန်စသည့်လုပ်ရပ်များကို ရပ်တံ့လိုက်ပါ။

🔻 တရုတ်နိုင်ငံကို ရန်စောင်ကျူးကျော်ခဲ့ပြီး ရာစုနှစ်တစ်ဝက်လောက် ထိုင်ဝမ်ကို လက်အောက်ခံလုပ်ခဲ့တဲ့ အချိန်ကာလအတွင်းမှာ ဂျပန်နိုင်ငံဘက်က မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တယ် မဟုတ်ဘူးလား။ ဒါကို ငါတို့ တရုတ်ပြည်သူတွေ သမိုင်းပေးတာဝန်အနေနဲ့ကို လက်ခံနိုင်စရာမရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ်သတ်မှတ်ထားတယ်။

🔻 ဂျပန်ဟာ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားလက်နက်မျှဝေသုံးစွဲရေးလှုံ့ဆော်နေမှုဟာ ဂျပန်မှာ စစ်ဘုရင်ဝါဒ ဆက်လက်ကြီးစိုးနေတယ်ဆိုတာကို ပြနေတာလေ။

တရုတ်နိုင်ငံ၊ ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း၏ ထိုင်ဝမ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံဝန်ကြီးချုပ်(ဟောင်း) ရှင်ဇိုအာဘေးမှတ်ချက်စကားအပေါ် တုန့်ပြန်ချက်

AKS.

 #မတ် ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ထိ နောက်ဆုံးရ ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ ..._________________၁) ယမန်နေ့က ပြုလုပ်ခဲ့တ...
01/03/2022

#မတ် ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ထိ နောက်ဆုံးရ ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ ...
_________________

၁) ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ရုရှား နဲ့ ယူကရိန်း အကြားတွေ့ဆုံဆွေးနွေးမှုဟာ ဆက်လက်ဆွေးနွေးမှုတွေပြု လုပ်မယ် ဆိုတာကလွဲလို့ မည်သည့်သဘောတူညီမှုမျှ မရရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

၂) ယူကရိန်းနိုင်ငံသား ၅၂၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရပါတယ်။

၃) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) တို့က ရုရှားဘောလူံအသင်းကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားပါတယ်။

၄) နိုင်ငံတကာ ပြစ်မှုဆိုင်ရာရာဇဝတ်တရားရုံးတော်က (ICC - International Court of Justice) က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှုများနဲ့ ရုရှားကို တရားစွဲဆိုနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

၅) ယူကရိန်း သမ္မတ ဇလန်စကီး က ယူကရိန်းကို လေယာဉ်မပျံသန်းရ ဇုံအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဒီအချက်က အမေရိကန်ကို စစ်ထဲဝင်ရောက်စေသလို ဖြစ်မယ်ဆိုသော အကြောင်းပြချက်နဲ့ အိမ်ဖြူတော်က ငြင်းလိုက်ပါတယ်။

၆) ယူကရိန်း လေယာဉ်မှူးတွေဟာ အီးယူ နိုင်ငံတွေက ပေးတဲ့ ‌တိုက်လေယာဉ် အစင်း ၇၀ ကို သယ်ဆောင်ဖို့ ပိုလန် နိုင်ငံကို ရောက်နေပါတယ်။

ယင်းတိုက်လေယာဉ်များမှာ ပိုလန်က ၂၈ စင်း၊ ဆလိုဗက်ကီးယား က ၁၂ စင်း၊ ဘူဂေးလ်ရီးယားက အစင်း ၃၀ တို့ဖြစ်တယ်လို့ ယူကရိန်းပါလီမန်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

၇) အီးယူအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အက်စတိုနီးယား၊ ဘူဂေးလ်ရီးယား၊ ချက် သမ္မတနိုင်ငံ လတ်ဗီးယား၊ လီသူရေးနီးယား၊ ပိုလန်၊ ဆလိုဗက်ကီးယား နဲ့ ဆလိုဗန်းနီးယား ၈ နိုင်ငံစုပေါင်းပြီး ယူကရိန်း ကို အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံပေးဖို့ အီးယူထံ အိတ်ဖွင့်‌ ပေးစာပေးပို့ခဲ့ပါတယ်။

မွန်းလွဲ ၁:၄၅။

၈) မြို့တော် ကိယက်ဗ် နဲ့ တခြမြို့ကြီးတွေမှာ လေကြောင်ူတိုက်ခိုက်မှုအတွက် တပ်လှန့်ထားပါတယ်။

မွန်းလွဲ ၁ နာရီ။

၉) ယူကရိန်း တောင်ပိုင်းရှိ Kherson မြို့လေးကို ရုရှားစစ်တပ်တွေ ဝိုင်းထားပါတယ်။

"ရုရှား စစ်တပ်တွေဟာ Kherson မြို့ရဲ့ အဝင်ဂိတ်တိုင်းမှာ ရှိနေပါတယ်" လို့ Kherson မြို့တော်ဝန် Igor Kolykhayev က ၎င်းရဲ့ fb စာမျက်နှာမှာ ဆိုခဲ့ပါတယ်။

ရုရှားက ၂၀၁၄ မှာ သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ရဲ့ မြောက်အရပ်မှာ ရှိတဲ့ Kherson မြို့မှာ လူဦးရေ ၂၈၀,၀၀၀ ခန့်ရှိပါတယ်။

၁၀) ဂျပန် က ရုရုား ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရုရှား အစိုးရပိုင် ဘဏ်တွေဖြစ်တဲ့ Promsvyazbank နဲ့ Vnesheconombank တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ပင် (Freeze) လိုက်ပါတယ်။

နံနက် ၁၁ နာရီ။

၁၁) ယူကရိန်း နိုင်ငံ Okhtyrka မြို့မှာရှိတဲ့ စစ်စခန်းတစ်ခုကို ရှရုားရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ယူကရိန်းစစ်သား အနည်းဆုံး ၇၀ ဦး ကျဆုံးခဲ့တယ်လို့ ယူကရိန်းအရာရ်ှတစ်ဦးက ပြောခဲ့ပါတယ်။

နံနက် ၁၁ ခွဲ။

၁၂) ဝါနာ ဘရားသား (Warner Bros) နဲ့ ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေးတို့ဟာ ဝေါ့ ဒစ္စနေး (Walt Disney) လမ်းစဉ်ကိုလိုက်ကာ ၎င်းတို့ရဲ့ ရုပ်ရှင်ကကားတွေကို ရုရှားမှာ ရုံတင်ပြသမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

ဝါနာ ဘရားသား ထုတ် The Batman ရုပ်ရှင်ကို ရုရှားမှာ ယခု မတ်လ ၃ ရင်နေ့ မှာ ရုံတင်ဖို့ရှိတာကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ဆိုနီကလည်း ၎င်းတို့ရဲ့ Moribus ရုပ်ရှင်အပါအဝင် ရုရှား မှာရုံတင်ဖို့ရှိတဲ့ရုပ်ရှင်တွေကို ဆိုင်းငံ့သွားမှာ ဖြစ်မယ်လို့ ကြေညာခဲ့ပါတယ်။

၁၃) ရုရှား ဟာ ကိယက်ဗ်ကို သိမ်းပိုက်နိုင်ဖို့ ၎င်းတို့ထင်ထာထက် ပိုခက်ခဲပြီး အချိန်ကြာမြင့်နေကြောင်း၊ ဒါဟာ ယူကရိန်းရဲ့ ရွံ့ရွံ့ချွံချွံ ခုခံတိုက်လိုက်မှုကြောင့်ဖြစ်ပြီး၊ မြို့တော်သိမ်း တိုက်ပွဲဟာ ပိုကြာမြင့်ပြီး အထိအခိုက်လည်း ပိုများနိုင်ကြောင်း အမေရိကန် လွှတ်တော်အမတ် ခရစ် မာဖီ (Chris Murphy) က ဆိုခဲ့ပါတယ်။

၁၄) ယူကရိန်း ကို ကျူးကျော်ရာမှာ ရုရှား က ဘီလာရု စစ်တပ်ရဲ့ အကျွမ်းကျင်ဆုံးတပ်ဖွဲ့ကို အသုံးပြုဖို့ရန်စီစဉ်နေတယ်ကြောင်း ယူကရိန်းစစ်တပ်က ဆိုခဲ့ပါတယ်။

ဘီလာရုကတော့ ယင်းသို့ပြောဆိုမှုကို အစောပိုင်းက ငြင်းပယ်ထားပါတယ်။

၁၅) Mastercard က ရုရုား ငွေကြေးအဖွဲ့အစည်းတချို့ရဲ့ ငွေပေးချေမှုကို ပိတ်ဆို့လိုက်ပါပြီ။

ယူကရိန်းနိုင်ငံကို လူသားခြင်းစာနာထောက်‌ထားမှုအရ အလှူငွေ ကန် ဒေါ်လာ ၂ သန်း လှူမည်ဖြစ်ကြောင်းလည်း Mastercard က ကတိခံခဲ့ပါတယ်။

၁၆) ဩစတြေးလျရဲ့ မော်ရစ်ဆန် အစိုးရ က ယူကရိန်းနိုင်ငံကို လူသားခြင်းစာနာထောက်‌ထားမှုအရ အလှူငွေ ကန် ဒေါ်လာ သန်း ၅၀ လှူမယ်လို့ ပြောခဲ့ပါတယ်။

၁၇) ကမ္ဘာ့ ရပ်ဘီ အဖွဲ့ချုပ် (World Rugby) က ရုရှား နဲ့ ဘီလာရု ကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။

နံနက် ၈ နာရီ။

၁၈) ဂြိုဟ်တု ဓာတ်ပုံများအရ မိုင် ၄၀ (၆၄ ကီလိုမီတာ) ခန့်ရှိတဲ့ လက်နက်ကိက္ခာအပြည့်အစုံနဲ့ ရုရှား စစ်ယာဉ်တန်းက ယူကရိန်း မြို့တော် ကိယက်ဗ်ကို ဦးတည်သွားနေတာကို သိရပါတယ်။

ယင်းဓာတ်ပုံများကို အမေရိကန် Maxar Technologies က ထုတ်ပြန်ခဲ့တာပါ။

ပုံ - ဖေဖေါ်ဝါရီ ၁၆ ရက် (စစ်မဖြစ်မီ တစ်ပတ်) က စစ်ရေးလေ့ကျင့်မှုတစ်ခုသို့ တက်ရောက်လာသော ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီး ..

Burma Associated Press.

.

Address


Alerts

Be the first to know and let us send you an email when Nawarat Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share