Myanmar Public News
  • Home
  • Myanmar Public News
Myanmar Public News သတင်းများကို တဆင့်စုစည်းတင်ပြထားသည
18/07/2022
May Mother Suu be freed from captivity as soon as possible. May you live a long, healthy and happy life with the people ...
19/06/2022
May Mother Suu be freed from captivity as soon as possible. May you live a long, healthy and happy life with the people of Myanmar who love "Mother Suu" for the next 100 years.
02/03/2022
28/02/2022
28/02/2022
28/02/2022
Update news:(28.2.2022)
ယင်းမာပင်မြို့နယ် ချင်းပုန်းရွာမှာ တပ်စွဲထားသော
စခများကို နမခမှ MI-35 ၂စီးနှင့် ပြန်လာခေါ်ပြီး
ချင်းပုန်းရွာမှာ ရှိနေတဲ့ စခလေယာဉ်၂စီးရော စုစုပေါင်း
စခလေယာဉ် ၄စီးစလုံးဟာ ချင်းပုန်းရွာမှ (11:33AM)မှာ ထွက်ခွာသွားပါတယ်။စစ်ခွေးများဟာ အပြစ်မဲ့ ပြည်သူများအားအမျိုးမျိုး ညှင်းပန်းနှိပ်စက်ခဲ့ပြီး လတ်တလော အနေအထားအရ ပြည်သူအလောင်း9
လောင်းတွေ့ရပါတယ်။ဆိုင်ကယ်59စီး ကား4စီး ဆုံးရှုံးသွားပါတယ်။ မူကြို ကလေးအချို့  ပျောက်နေပြီး
ရှာဖွေနေဆဲဖြစ်ပါတယ်။စစ်ခွေးများဟာ ဓားစာခံပြည်သူ ၄ယောက်ဖမ်းသွားတယ် လို့လည်း သတင်းရပါတယ်။
ချင်းပုန်းရွာမှ ထွက်ခွာသွားတဲ့ လေယာဉ်၎စီး ထဲက
၂စီးဟာ ယင်းမာပင်မြို့နယ် သပြေအေးရွာကိုလည်း
ပစ်ခတ်နေပြီး ထိုသပြေအေးရွာမှာ စစ်ခွေးများတပ်စွဲထားတယ်လို့ လတ်တလော အနေအထားအရ
သိရပါတယ်။
ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု
28/02/2022
ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် အင်အား(၆၀)ဝန်းကျင့်ဖြင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင်ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်စီးနေ
28.2.2022
1:49PM
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ၊ကျောက်ပြုတ်ကျေးရွာနှင့်ဝါးစိမ်းတောင်ဒေသ ကိုယနေ့28.2.2022နံနက်တွင် စစ်အကြမ်းဖက်အုပ်စုက mi35၂စီး ရိုးရိုးရဟက်ယာဉ်၂စီးစုစုပေါင်း၎စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုအခါသပြေအေးကျေးရွာကို အင်အား(၆၀)ဝန်းကျင်ဖြင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်း သိရှိရပါတယ်ခင်ဗျာ။
လက်တလောမြေပြင်အခြေအနေအရ သပြေအေးရွာသားတစ်ဦး ကျဆုံးကြောင်းသတင်းရရှိထားပြီး ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအနေနဲ့ အတည်မပြုနိုင်သေးပါဘူးခင်ဗျာ။
#ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး
24/02/2022
မုံရွာတွင် အကြမ်းဖက်စစ်တပ်ကအရပ်ဝတ်များဖြင့်ဝင်ရောက်စီးနင်းပြီး ပြည်သူ၃၂ဦးဖမ်းဆီးဖေဖော်ဝါရီ၂၂၊ချင်းတွင်းရိုးမ၊မုံရွာစစ်ကိ...
22/02/2022
မုံရွာတွင် အကြမ်းဖက်စစ်တပ်ကအရပ်ဝတ်များဖြင့်ဝင်ရောက်စီးနင်းပြီး ပြည်သူ၃၂ဦးဖမ်းဆီး
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ယနေ့ဖေဖော်ဝါရီ၂၂ရက်နေ့ တစ်နေ့လုံး အကြမ်းဖက်စစ်ကောင်စီတပ်များမှ အရပ်ဝတ်များဖြင့် ပြည်သူ၃၂ဦးကိုဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရမှုများတွင် လုပ်ငန်းရှင်များပါဝင်နေပြီး ယနေ့ညပိုင်းစာရင်းများအရ ပြည်သူ၃၂ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။
မုံရွာမြို့တွင် ပြည်သူ၁၆ဦးထက်မနည်းဖမ်းဆီးခံရပြီး အကြမ်းဖက်စစ်တပ်မှ PDFဟုစွပ်စွဲ၍ ထိုးကြိတ်ရိုက်နှိပ်ကာ သတင်းလွှင့် ဖေဖော...
22/02/2022
မုံရွာမြို့တွင် ပြည်သူ၁၆ဦးထက်မနည်းဖမ်းဆီးခံရပြီး အကြမ်းဖက်စစ်တပ်မှ PDFဟုစွပ်စွဲ၍ ထိုးကြိတ်ရိုက်နှိပ်ကာ သတင်းလွှင့်
ဖေဖော်ဝါရီ၂၂၊ချင်းတွင်းရိုးမ၊မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ယနေ့တစ်နေ့လုံး ပြည်သူ၁၆ဦးထက်မနည်းဖမ်းဆီးကာ PDFဟုစွပ်စွဲ၍ ထိုးကြိတ်ရိုက်နှက်ကာ အကြမ်းဖက်စစ်တပ်မှ ယနေ့ညပိုင်းတွင်း သတင်းများလွှင့်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းကစလို့ အကြမ်းဖက်စစ်တပ်မှ အရပ်ဝတ်အိမ်စီးကားများဖြင့် လိုက်လံဖမ်းဆီး၍ ပြည်သူ၁၆ဦးထက်မနည်း ဖမ်းဆီးခံရကာ ယနေ့ညနေပိုင်းတွင်လည်း ဖမ်းဆီးခံရသူများရှိကြောင်းသိရသည်။
ဖမ်းဆီးခံရသူများမှာ မျက်နှာတပြင်လုံးဖူးယောင်နေ၍ သွေးများထွက်ကာ ပုံတွင်ပါရှိသူများမှာ နံနက်၈နာရီကနေ ၉နာရီအထိ ဖမ်းဆီးခံရသူများဖြစ်ကြောင်း စစ်တပ်လော်ဘီတယ်လီဂရမ်ချဲနယ်များတွင် ဖော်ပြထားကြသည်။
ပုလဲမြို့နယ်၊ချောင်းဦးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျသွားပါပြီ😥Photo - ဗန့်ကျီ မောင်ေ...
18/02/2022
ပုလဲမြို့နယ်၊ချောင်းဦးရွာကို
စစ်တပ်က ဝင်ရောက် မီးရှို့
ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျသွားပါပြီ😥
Photo - ဗန့်ကျီ မောင်မောင်
ရေသတ္တဝါများဘေးကင်းကြပါစေ😆
16/02/2022
ရေသတ္တဝါများဘေးကင်းကြပါစေ😆
ကြေကွဲရပြန်ပီ💔
11/02/2022
ကြေကွဲရပြန်ပီ💔
မြိုင်မြို့နယ် တိုက်ပွဲ PDF လေးဦး ကျဆုံး
~~~~~~
■ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက တောင်ယမားဆည်ဘောင်အောက်မှာ ဖေဖော်ဝါရီလ ၁၀ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က အသက် ၁၅ နှစ်အရွယ်တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိခဲ့တယ်လို့ ကျားသစ်နက်ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာခဲ့တယ်လို့ ကျားသစ်နက်အဖွဲ့က ကိုဖိုးသား က ပြောပါတယ်။
“လက်နက်ခြင်းမမျှခဲ့ဘူး။ မိုင်းဆွဲခဲ့တယ်၊ မအောင်မြင်ခဲ့ဘူး။ လက်လုပ်ကျည်တွေနဲ့ ပစ်ခဲ့ရတယ်။ အပြန်အလှန်ပစ်ခဲ့တယ်။ ထိုးစစ်နဲ့ လက်နက်ကွာခြားမှုကြောင့် ပြန်ဆုတ်ခဲ့ရချိန် ကျဆုံးခဲ့ရတယ်။ အားလုံးပူးပေါင်းတိုက်ဖို့လိုတယ်။ ပံ့ပိုးမှုတွေလိုနေပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေကို လေးစားပါတယ်။ တစ်နိုင်ငံလုံးအတွက် အလုပ်လုပ်နေကြတာဖြစ်လို့ လက်နက်အစစ်ရှိသူတွေအနေနဲ့ ငှားရမ်းဖို့လိုပါတယ်”
သေဆုံးသူတွေကို သုသာန်တစ်ခုမှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးခဲ့သူတွေက အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့ ကိုထက်မင်းလွင်နဲ့ ကိုချစ်မိုးနိုင်၊ အသက် ၁၅ နှစ်အရွယ် ကိုချစ်စမ်းမောင်၊ အသက် ၁၈ နှစ်အရွယ် ကိုစိုင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ကျားသစ်နက်အဖွဲ့က ပြောပါတယ်။
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း လေးဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အင်အား ၁၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ်နဲ့ မကွေးတိုင်းကြားက ဒေသတွေမှာ လှုပ်ရှားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
- Unicode
---------------
~~~~~~
- Zawgyi
---------------
Photo: CJ
(မြိုင်မြို့နယ် တောင်ယမားဆည်ဘောင်အောက်မှာ ၂၀၂၂ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးရဲ့ ရုပ်အလောင်းကို တွေ့ရစဥ်)
05/02/2022
မုံရွာမြို့ ထနောင်းဝင်းဘက် လက်ရှိအခြေအနေ
ဖေဖော်ဝါရီ၅၊မုံရွာ၊ချင်းတွင်းရိုးမ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ ကျောက္ကာလမ်းနှင့်ဗောဓိတထောင်လမ်းခွဲ ထနောင်းဝင်းဘက်မှာ အကြမ်းဖက်စစ်ကောင်စီအင်အား၄၀ ဝန်းကျင် ယနေ့နံနက်၈နာရီဝန်းကျင်ခန့်က ဝင်ရောက်ရှာဖွေစီးနင်းမှုတွေပြုလုပ်နေတယ်လို့ ကနဦးသတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းနေပြီး လူမရှိတဲ့နေအိမ်များကို မီးတင်ရှို့မယ်ဟု ကြိမ်းဝါးပြောဆိုလျက်ရှိသည်ဟု သိရသည်။
လတ်တလောရရှိထားသည့်သတင်းအချက်အလက်အရ လောင်စာပုံကိုစတင်မီးရှို့နေပြီး ထနောင်းဝင်းဘက်မှာ ဒေသခံအယောက်၃၀ကို ဖမ်းဆီးထားကြောင်း၊လက်နက်ကြီးများပါရှိကြောင်း၊ဗုံးထောင်ထားတာလာရှာတာဟုပြောကြားကြောင်း ကနဦးသိရှိရသည်။
ဒီအကြောင်းအရာတွေနဲ့ပက်သက်ပြီး မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ ဒေသခံများကို ဆက်သွယ်ဖိူ့ကြိုးစားနေပေမယ့် မရရှိသေးချေ။
05/02/2022
မင်းကင်းတိုက်ပွဲတွင် တပ်ရင်း(၁၀၁)သုံးပွင့်ဗိုလ်အဆင့်ရှိသူသေဆုံး၊ဖြစ်သလိုအလောင်းကိုစောင်နှင့်ပတ်၍ မြေမြှုပ်သဂြိုလ်၊စစ်ကောင်စီတပ်သားများ၏အလောင်း ဆက်လက်ရှိနိုင်ဟုဆိူ
ဖေဖော်ဝါရီ၅၊ချင်းတွင်းရိုးမ၊မုံရွာ
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-မြစ်ရိုးအောက်ဒေသ(ပကဖ)နှင့်စစ်ကောင်စီတပ်တို့ ဇန်နဝါရီ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးပွင်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံး၍ အလောင်းကိုစောင်နှင့်ပတ်၍ ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာ​ကွယ်ရေးတပ်ဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုများပြားရာ တပ်ရင်း(၁၀၁)မှ သုံးပွင့်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးကြောင်း၊အလောင်းကိုစောင်နှင့်ပတ်၍ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း၊နောက်ထပ်စစ်ကောင်စီတပ်သားများ၏အလောင်းများရှိနေနိုင်သေးကြောင်း၊အချိန်လင့်နေ၍ စစ်ကောင်စီတပ်သားများ၏အလောင်းများကို မရှာတော့ပဲ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
05/02/2022
ပုလဲမင်းတိုင်ပင်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများပူးပေါင်း၍ ဝင်ရောက်ဖျက်ဆီး၊ပြည်သူများဖမ်းဆီးခံရကာ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုကျူးလွန်ရန်ကြံစည်၍ အမျိုးသား၃ဦးကိုသ တ်ဖြတ်မီးရှို့
ဖေဖော်ဝါရီ၅၊ချင်းတွင်းရိုးမ၊မုံရွာ
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မင်းတိုင်ပင်စံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများပူးပေါင်း၍ နေအိမ်များကိုဖျက်ဆီးကာ ပြည်သူများအား ဖမ်းဆီး၍ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုကျူးလွန်ရန်ကြံစည်ကြောင်း ပုလဲအခြေစိုက် ပုလဲအင်တာတိန်းမန့်ကပြောသည်။
မင်းတိုင်ပင်စံပြကျေးရွာကို အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ခဲ့ပြီး ဈေးဆိုင်များ နေအိမ်များကိုဖျက်ဆီးကာ ပြည်သူများကိုဖမ်းဆီး၍ ဖမ်းဆီးခံထားရသည့်ထဲမှာ အမျိုးသားနှင့်အမျိုးသမီးများကို ခွဲထားကြောင်း၊အမျိုးသမီးများကို နှုတ်ဖြင့်စော်ကား၍ လိင်အကြမ်းဖက်မှုကျူးလွန်ရန်ကြံစည်ကြောင်း ပုလဲအင်တာတိန်းမန့်က မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။
"အင်အားအများအပြားဖြင့် ဝင်လာတယ်ပေါ့နော်၊ဝင်လာပြီးတော့ ပြည်သူတွေကိုဓားစာခံလုပ်ကာ ကျောင်းဝန်းထဲမှာ ဖမ်းထားတယ်၊စာသင်ကျောင်းထဲမှာတစ်ဖွဲ့၊နောက်တစ်ဖွဲ့က အိမ်တွေဆိုင်တွေဖောက်တယ်၊ပျူစောထီးတွေကအိမ်တွေဆိုင်တွေဖောက်ပြီး သယ်တယ်၊ဘာမှကိုရစရာမရှိပါဘူးဗျာ၊လိင်အကြမ်းဖက်မှုတော့မရှိပါဘူး၊ဒါပေမယ့် ကြံစည်တဲ့အထိရှိတယ်တဲ့၊အဲ့တာပြီးတော့ နှုတ်ဖြင့်စော်ကားတာတွေရှိတယ်"ဟု ပြောသည်။
စစ်အင်အား၂၀၀ဖြင့် ပျူစောထီးများပူးပေါင်း၍ မင်းတိုင်ပင်ကျေးရွာရှိနေအိမ်များထဲမှ ပစ္စည်းများယူဆောင်သွားကာ မင်းတိုင်ပင်တစ်ရွာလုံး ခန့်မှန်းတန်ဖို့ သိန်း၁သောင်း၆ထောင် ပါရှိသွားပြီး အနီးအနားရှိဒေသခံပြည်သူ၃ဦးကို သ တ်ဖြတ်ကာ မီးရှို့သွားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
"ကျနော်တို့ခန့်မှန်းတွက်ချက်တာကတော့ တစ်ရွာလုံးသိန်းပေါင်း၁သောင်း၆ထောင်လောက်ပါသွားတယ်၊ရွှေငွေအကုန်ပါပဲ၊ပြီးတော့ ဘေးနားက ရွာသား၃ဦးကိုလည်း စစ်တပ်က ပစ်သ တ်ပြီး အရင်တုန်းကရွာမှာတစ်ကယ်နာမည်ကြီး ကြံ့ဖွတိပါတီဝင် ဒ လန်အိမ်ရှေ့မှာ မီးရှို့ထားတဲ့အလောင်းကိုပြန်တွေ့ရတယ်"ဟု ဆိုပါသည်။
ပုလဲနယ်ဘက်မှာ တိုက်ပွဲတွေမရှိပေမယ့် စစ်တပ်နှင့်ပျူစောထီးများပူးပေါင်း၍ နေအိမ်များနှင့်ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှုတွေကို ဆက်လက်လူပ်ဆောင်လာပါသည်။
နွေဦးကိုကို
မုံရွာချင်းတွင်းရိုးမသတင်းဌာန
ပုလဲမြို့နယ် ကိုင်းတွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲပီး ​နေအိမ်များကိုမီးရှူိ့ဖျက်ဆီး​နေ
04/02/2022
ပုလဲမြို့နယ် ကိုင်းတွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲပီး ​နေအိမ်များကိုမီးရှူိ့ဖျက်ဆီး​နေ
ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း G နေ့စဉ်စားသုံးနေသော ဆန် ဆီ ဆား နှင့် ရိက္ခာခြောက်များလိုအပ်နေ           စစ်ကောင်စီ...
04/02/2022
ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း G နေ့စဉ်စားသုံးနေသော ဆန် ဆီ ဆား နှင့် ရိက္ခာခြောက်များလိုအပ်နေ
စစ်ကောင်စီ၏မတရားအာဏာသိမ်းမှုကိုမလိုလားဘဲ ပြည်သူဘက် ကနေရပ်တည်ကာ တိုင်းပြည်အတွက် နေ့စဉ်တိုက်ပွဲဝင်နေရသော ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် တိုက်ပွဲဝင်ရသည့်နေ့ရက်များကြာမြင့်လာပြီဖြစ်သောကြောင့် စားနပ်ရိက္ခာများ ပြတ်လုနီးပါးဖြစ်နေပါသည်။
ထိုသို့သော အခြေခံလိုအပ်ချက်များကို အချိန်မီဖြည့်ဆီးနိုင်ရန်အတွက် တပ်ရင်း G ၏ဘဏ္ဍာရေးအခြေအနေမှာ အခက်ခဲများစွာကြုံတွေ့နေရပါသည်။ ပြည်သူများနှင့်ကျွန်တော်တို့တော်လှန်ရေးသမားများ အချင်းချင်း ကူညီဖေးမကြမှသာ စစ်ကောင်စီ ကိုတွန်းလှန်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပ မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့၏ အခြေခံလိုအပ်ချက်များ ကိုကူညီ​ထောက်ပံပေး ပါရန်အလှူခံအပ်ပါသည်။
အများပြည်သူ+သားမီးလင်းပါစေ၂၀၀၁+၂၀၀၂ပြန်မသွားကိုအောင်အောင်
03/02/2022
အများပြည်သူ+သား
မီးလင်းပါစေ
၂၀၀၁+၂၀၀၂ပြန်မသွား
ကိုအောင်အောင်
ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ခဲ့သောကြောင့် ယာဉ်မောင်းပြင်းထန်စွာဒဏ်ရာရမုံရွာ - ဖေဖော်ဝါရီ ၁ ၊ ၂၀၂၂ ။စစ်ကိုင်းတိုင်း၊ ကျ...
02/02/2022
ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ခဲ့သောကြောင့် ယာဉ်မောင်းပြင်းထန်စွာဒဏ်ရာရ
မုံရွာ - ဖေဖော်ဝါရီ ၁ ၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်း၊ ကျောက္ကာ - မုံရွာ ကားလမ်းမကြီးပေါ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံအနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်က ခရီးသည်မော်တော်ယာဉ်တစ်စီး မိုင်းထိမှန်ခဲ့သောကြောင့် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကားသည် ရွှေဘို- မုံရွာ ခရီးစဉ် ပြေးဆွဲနေသော ခရီးသည်ယာဉ်ဖြစ်ပြီး ယာဉ်မောင်းသူက ဒဏ်ရာပြင်းထန်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“မုံရွာဝင်ခါနီးမှာ ဖြစ်သွားတာ။ ယာဉ်မောင်းတစ်ဦးရယ်၊ စပါယ်ယာတစ်ဦးရယ် ခရီးသည်နှစ်ဦး စုစုပေါင်း လေးဦးဟုတ်တယ်။ ယာဉ်မောင်းတစ်ဦးကပဲ ဒဏ်ရာကြီးကြီးမားမားရတယ်။ ကားကတော့ တစ်စီးလုံး တော်တော် ထိမိသွားတယ်” ဟုပြောသည်။
ဒဏ်ရာရရှိသူ လေးဦးသည် အမျိုးသားများဖြစ်ပြီး မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ကြောင်း သူကပြောသည်။
မုံရွာမြို့နယ်သို့ ချီတက်လာသော စစ်ကောစီယာဉ်တန်းတစ်ခုသည်လည်း အောက်တို့ဘာ ၂၇ ရက်နေ့က အဆိုပါလမ်းပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။
==============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e
မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးFeb...
02/02/2022
မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး
February 1, 2022/ Kachin News Group
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းစခန်းတွင် ယနေ့ နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဘက်က ပြန်လည်ပစ်ခတ်ရာ ဘေးနားအိမ်ရှိ ၇နှစ်သားအရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော ကလေးငယ်မှာ အဆိုပါ ရဲတပ်ရင်းစခန်းဘေးရှိ လယ်ကုန်း ကျွန်းပင်သာရပ်ကွက်အစပ်တွင်ရှိသော နေအိမ်ဖြစ်ကာ သေနတ်ကျည်ဆံသည် နေအိမ်တွင်ရှိနေသော ကလေးငယ်ကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
"ကလေးက အခန်းထဲမှ လဲနေတယ်တာတဲ့။ သေနတ်ကျည်က နံရံကို ဖောက်ဝင်ပြီး ကလေးရဲ့ ရင်ဘတ်ထဲကို ထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားတယ်လို့သိရတယ်"ဟု ပြောဆိုသည်။
သေနတ်ထိမှန်သေဆုံးသွားသည့် ကလေးကို အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များက ဆေးရုံဘက်ကို ကားဖြင့် သယ်ဆောင်သွားသည်ဟုလည်း သူက ဆက်ဆိုထားသည်။
စစ်တပ်က အာဏာသိမ်းပြီး ၁နှစ်ပြည့်သည့်နေ့တွင် မြစ်ကြီးနားတွင် အသက်မပြည့်သည့် ကလေးငယ် တစ်ဦး ထပ်မံ သေဆုံးရခြင်း ဖြစ်သည်။
ဆွမ်ပီယန် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်February 1, 2022/ Kachin News Groupပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေး...
01/02/2022
ဆွမ်ပီယန် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
February 1, 2022/ Kachin News Group
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားပြီဟု သိရသည်။
ဆွမ်ပီယန်ကျေးရွာ ကုန်းထိပ်တွင်ရှိသော ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် စုပေါင်းနေထိုင်လေ့ရှိသော စခန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ့်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။
"၁၀ နာရီလောက်မှာ စဖြစ်တာ။ KIA က စခန်းဝင်သိမ်းတဲ့တိုက်ပွဲဖြစ်တယ်။ ပထမက လက်နက်ကြီးသံတွေ အရင်ကြားရတယ်။ နောက်တော့ လက်နက်ငယ်တွေပြန်ကြားတယ်။ KIA က စခန်းကို ဝင်သိမ်းထားပြီ။ ဘယ်လိုဖြစ်လာမယ်ကို မသိရသေးဘူး။ ထိခိုက်မှုတွေလည်း မသိရသေးဘူး"ဟု ပြောဆိုသည်။
လက်ရှိတွင် KIA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို မီးရှို့ဖျက်ဆီးနေသည်ကို တွေ့မြင်ရပြီဟု ဒေသခံများထံမှ သိရသည်။
အဆိုပါတပ်စခန်းသည် ယခင်ကတည်းကတည်ရှိသော စခန်းဖြစ်ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်အင်အား ၄၀ ဝန်းကျင်ခန့် ပုံမှန်ရှိသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆွမ်ပီယန်ဒေသခံ ပြည်သူများအားလုံးက ကျေးရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဆက်လက် သိရသည်။
ပန်းဆက်၊တောင်ဖြူ၊ကျောက်ခဲတက် သုံးရွာပေါင်း ပျူခွေးများသည် ၎င်းတို့၏ ပထွေး စစ်ခွေးများ ကနီမြို့နယ် ကင်းစံပြရွာ၌ တပ်စွဲထား...
01/02/2022
ပန်းဆက်၊တောင်ဖြူ၊ကျောက်ခဲတက် သုံးရွာပေါင်း ပျူခွေးများသည် ၎င်းတို့၏ ပထွေး စစ်ခွေးများ ကနီမြို့နယ် ကင်းစံပြရွာ၌ တပ်စွဲထားစဉ် ဇန်နဝါရီ ၃၀ရက်နေ့၌ မင်းကင်းမြို့နယ် တောင်လက်ဒေသများသို့ ဓားပြတိုက်ရန်နှင့် ခိုးရန် ရောက်ရှိလာခဲ့ပြီး
ညနေ ၅နာရီ ခန့်တွင် အနောက်တောရွာသို့ စီးနင်းခဲ့ပါသည်။ လာရာလမ်းတွင် သင်တော တောတိုက်နှင့် ဘင်တောတိုက်ကြားရှိ ဆိုင်ကယ်နှစ်စီးနှင့် တဲတစ်လုံး မီးရှို့ခဲ့သည်။ ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၃:၀၀ နာရီခန့်တွင် အနောက်တောရွာ၊ဘင်ရွာနှင့် အုန္နဲဘုတ်ရွာတို့ကို မီးရှို့ဖျက်စီးခဲ့ရာ
အနောက်တောရွာအား ကနီနယ်၊မင်းကင်းနယ် နယ်စပ်မှ ကျေးရွာပအဖ,ပကဖ အဖွဲ့များနှင့် Chindwin people's defence force (CDDF)
တို့ စုပေါင်းမီးငြိမ်းသတ်ပေးခဲ့ခြင်းကြောင့် အိမ်တစ်လုံး၊နွားစာတိုက်နှစ်လုံး၊ဆိုင်ကယ်တစ်စီးနှင့် ဆသုံးဘီးဆိုင်ကယ် နှစ်စီးသာ ပျက်စီးခဲ့သော်လည်း
ဘင်ရွာနှင့် အုန္နဲဘုတ်ရွာနှစ်ရွာသည်ကား ရွာလုံးကျွတ် တက်တက်ပြောင် ပြာကျခဲ့သည်ဟု ကနဦး သတင်းရရှိပါသည်။
⚠️Edit - ဘင်ရွာ အိမ်ခြေ ၂၀၀ ခန့်ဟု သိရပါသည်။
အုန္နဘုတ်ရွာကတော့ ၅ အိမ်လောက်ဘဲဟု ဒေသခံများ၏ အပြောအရ သိရပါသည်။
ဇန်နဝါရီ ၃၁
#ကျနော်တို့ပိုရုန်းကြရမှာပါ
#ပြည်တော်ဝင်ဖို့ရုန်းကြစို့
#ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု
ရန်ကုန်မြို့လယ်ခေါင်၊ ၃၂ လမ်းတွင် လက်ခုပ်တီးမှုဖြင့် ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်တပ်က လာဖမ်းရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရန်ကုန်...
01/02/2022
ရန်ကုန်မြို့လယ်ခေါင်၊ ၃၂ လမ်းတွင် လက်ခုပ်တီးမှုဖြင့် ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်တပ်က လာဖမ်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်မြို့လယ်ခေါင် ၃၂ လမ်းတွင် ယနေ့ ညနေ ၄ နာရီ လက်ခုပ်တီးမှုဖြင့် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်နှင့်ရဲက ဝင်ရောက် ဖမ်းဆီးသွားကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ညနေ ၄ နာရီ မှာ လက်ခုပ်တီးတယ်ဆိုပြီး အိမ်စီးကားနဲ့ လမ်းထဲဝင်လာပြီး ဝင်ဖမ်းတာပဲ။ ၁၀ ယောက်ကျော် ပါသွားပါတယ်။ မပြန်သေးဖူးအခု။စစ်ကားနှစ်စီး၊ ရဲကားတစ်စီးနဲ့ပါ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် အသံတိတ် သပိတ်မအောင်မြင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ပြည်သူများက တက်ကြွစွာ ပါဝင် သဖြင့် တစ်နိုင်ငံလုံး တိတ်ဆိတ်ငြိမ်သက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်မှုကို ယနေ့ ပြသနိုင်ခဲ့ကြောင်း ပြည်သူများက ပြောဆိုသည်။
ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒ...
01/02/2022
ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားဟုဆိုကာ ဒေသခံ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ ကိုအောင်အောင်သည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ သူ့ဟာသူ မီးရှို့တယ်။ စာရွက်ထဲမှာလည်း စစ်အာဏာရှင်ခေတ်ကို ပြန်မသွားဘူးဆိုပြီး ပြောတယ်။ အခုတော့ ဆေးရုံတင်ထားပြီ။ အရေးပေါ် အခြေအနေပါ။ အသက်ရှင်ဖို့တော့ နည်းမယ်ထင်တယ်" ဟု ကျောက်ပန်းတောင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မီးရှို့ ဆန္ဒပြသော အမျိုးသား ၏ အခြေအနေမှာ အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း သိရှိရသည်။
ကျောက်ပန်းတောင်း ဒေသ မီဒီယာ ဖြစ်သော K-Media ၏ သတင်းဖော်ပြချက်အရ မိမိကိုယ်ကို မီးရှို့သော သူမှာ ကျောက်ပန်းတောင်းမြို့ပေါ်၊ပြည်တော်သာ၊ ရွှေတန်ဆာလမ်းတွင် နေထိုင်သည့် သံပန်းလုပ်ကိုင်သူ ကိုအောင်အောင် ဖြစ်ကြောင်း သိရှိရသည်။
အသံတိတ်သပိတ်အား ခြိမ်းခြောက်သည့် တီးတိန်ရဲစခန်းကို PDF ဝင်ပစ်မဲခေါင်၊ ဖေဖော်ဝါရီ ၁အသံတိတ်သပိတ် (Silent Strike) တွင် မပါဝ...
01/02/2022
အသံတိတ်သပိတ်အား ခြိမ်းခြောက်သည့် တီးတိန်ရဲစခန်းကို PDF ဝင်ပစ်
မဲခေါင်၊ ဖေဖော်ဝါရီ ၁
အသံတိတ်သပိတ် (Silent Strike) တွင် မပါဝင်စေရန် ခြိမ်းခြောက်ကြေညာနေသည့် ချင်းပြည်နယ်၊ တီးတိန်ရဲစခန်းအား PDF Zoland နှင့် CDM (Siyin) ပူးပေါင်းအဖွဲ့က ယမန်နေ့က ပစ်ခတ်ခဲ့သည်။
တီးတိန်မြို့အတွင်း အသံတိတိသပိတ်တွင် မပါဝင်စေရန် ရဲများက မြို့တွင်းပြည်သူများအား ခြိမ်းခြောက်နေသောကြောင့် ပစ်ခတ်ခြင်းဖြစ်ပြီး စခန်းအတွင်းမှရဲများ အသေအပျောက်ရှိကြောင်း သိရသည်။
ရဲစခန်းသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပူးပေါင်းအဖွဲ့များမှာ ဘေးကင်းကြောင်း CDM (Siyin) က ထုတ်ပြန်ထားသည်။
သာမန်မဟုတ်သည့် လက်နက်များ ကရင်နီပြည်တွင်း အသုံးပြုလာခြင်းKnICဖေဖော်ဝါရီ ၁ ရက်ကရင်နီပြည်၊ ဒီ​မော့ဆိုမြို့နယ်၊ ဒီ​/ကျေးအုပ...
01/02/2022
သာမန်မဟုတ်သည့် လက်နက်များ ကရင်နီပြည်တွင်း အသုံးပြုလာခြင်း
KnIC
ဖေဖော်ဝါရီ ၁ ရက်
ကရင်နီပြည်၊ ဒီ​မော့ဆိုမြို့နယ်၊ ဒီ​/ကျေးအုပ်စု၊ ဒေါငံခါးရပ်ကွက်ထဲတွင် တိုက်ပွဲဖြစ်ပွားမူမရှိဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်​နေ့ ည​နေ(၉း၀၀)နာရီအချိန်တွင်လက်နက်ကြီး(၃)လုံးထက် မနည်း ပစ်ခတ်ခဲ့ကြောင်း၊
ယ​​​နေ့​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့တွင်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ဒီးမောဆိုမှ သွား​ရောက်တူး​ဖော်ခဲ့ရာ သာမာန်လက်နက်ကြီးများဖြစ်​သော ၆၀မမ၊ ၁၂၀မမများ မဟုတ်ဘဲ မီးစုန်းလက်နက်ကြီးဟု
ထင်ရ​လောက်​သော လက်နက်ကြီးများ
တူး​ဖော်​တွေ့ရှိခဲ့ကြောင်းနှင့်
တူး​ဖော်လျက်ရှိ​သောလက်နက်ကြီးများမှာ
လောင်ကျွမ်း​နေဆဲဖြစ်ပြီး ထွက်ရှိလာ​သော အ​ငွေ့​​ကြောင့် ရှုမိခဲ့​သော ရဲ​ဘော်အချို့​သည် ​​​​ချောင်းဆိုးယားယံမှုတို့ ဖြစ်​စေခဲ့သည်ဟု
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ဒီးမော့ဆို၏ page တွင် ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ယင်းဖြစ်စဉ်အား အသေးစိတ်ပိုမိုသိရှိနိုင်ရန် KnIC မှ
ဆက်လက်ဆောင်ရွက်နေပါသည်။
Photo- CJ
တစ်နှစ်ပြည့်တဲ့ အထိ သွေးမအေးတဲ့ ပြည်သူတွေတကယ်လေးစားပါတယ်။Silent Strike (1.2.2022)✨
01/02/2022
တစ်နှစ်ပြည့်တဲ့ အထိ သွေးမအေးတဲ့ ပြည်သူတွေ
တကယ်လေးစားပါတယ်။
Silent Strike (1.2.2022)✨
14/12/2021
မုံရွာ.ယာကြီး.ကလေးဝကားလမ်းပိုင်းတွင်ပြည်သူ့ပိုင်နေအိမ်နှင့်ဆိုင်ခန်းများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဖျက်ဆီးမီးရှူိ့
ဒီပဲယင်း၊ ဘုတ်ကျေးရွာမှ  ဦးညွှန့်လှိုင်ကို စစ်တပ်က အရှင် လတ် လတ် မီးရှို့ သတ်ဖြတ်ရန်ကုန်၊ ဒီဇင်ဘာ ၁၄ စစ်ကိုင်းတိုင်း၊ ဒီပ...
14/12/2021
ဒီပဲယင်း၊ ဘုတ်ကျေးရွာမှ ဦးညွှန့်လှိုင်ကို စစ်တပ်က အရှင် လတ် လတ် မီးရှို့ သတ်ဖြတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်း၊ ဘုတ်ရွာကျေးရွာ ဘုန်းကြီး ကျောင်းအတွင်းတွင် ၂ ရက်တာ တပ်စွဲခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အဆိုပါကျေးရွာမှ သက်ကြီးရွယ်အို တစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီပဲယင်းအနောက်ပိုင်းရှိ ဘုတ်ရွာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စတင်ကာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဘုတ်ရွာကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာ တို့ကို ဝင်ရောက် လုယက်ကြောင်း၊ ဘုတ်ရွာကျေးရွာသား သက်ကြီးရွယ်အို ဦးကျော်သိန်းဝင်းကို အကြောင်း မဲ့ ရိုက်နှက်ခဲ့ပြီး သက်ကြီးရွယ်အို ဦးညွှန့်လှိုင်ကိုမူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရသည်။
"စစ်ခွေးတွေ ထွက်ခွာသွားအပြီး ပျောက်နေတဲ့ ဦးညွှန့်လှိုင်ကို ခါးမှ ဆီးခုံ ကျည်ဖောက်ဒဏ်ရာနဲ့ အသက်မသေခင်လေးအချိန်မှာ လူမဆန်စွာ မီးရှို့ သတ်ဖြတ်ထားခဲ့တာကိုတွေ့ရပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဘုတ်ကျေးရွာ အရှေ့ဘက်လယ်တောစပ်မှာ အလောင်းကို ပြန်တွေ့ရပါတယ်" ဟု ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အဆိုပါ ကျေးရွာများအတွင်းရှိ နေ အိမ်များက ပြည်သူပိုင် ပစ္စည်းများ ငွေကြေးများ လက်ဝတ်ရတနာများ၊ အစား အသောက်များနှင့် ဖုန်းဆိုင်များ အတွင်းရှိ ဟန်းဖုန်းအသစ်များကို ဖောက်ထွင်း လုယက် ယူဆောင်သွားကြောင်း ဒေသခံများကပြောဆိုသည်။
အရာတော်မြို့နယ် ကဲဘာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက်မြင်ကွင်း (ဓာတ်ပုံ)DVBစစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်...
13/12/2021
အရာတော်မြို့နယ် ကဲဘာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက်မြင်ကွင်း (ဓာတ်ပုံ)
DVB
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာရွာနဲ့ ကျောက်ကုန်းရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒီဇင်ဘာ ၁၃ ရက် ဒီမနက်ပိုင်းကစလို့ ဝင်ရောက်မီးရှို့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးရှို့ခံရတာကြောင့် ကဲဘာရွာမှာအိမ်ခြေ ၁၀၀ လောက် မီးလောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
PhotoCredit -အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
#အရာတော်
ယနေ့မနက်မြင်ရသည့်ရန်ကုန်မြို့❤
10/12/2021
ယနေ့မနက်မြင်ရသည့်ရန်ကုန်မြို့❤
08/12/2021
Mytel pageကြီးကိုဇူကာဘတ်ကfbက​လေဖယ်ရှားလိုက်ပါပီတဲ့ဗျို့👏
08/12/2021
တန့်ဆည်တွင် ယနေ့ နံနက် မိုင်းခွဲတိုက်ခိုက်မှု ဗိုလ်မှူးတစ်ဦး အပါအဝင် စစ် သား ၆ ဦးသေဆုံး၊ မန္တလေးတွင် စစ်ကောင်စီတပ်သား ၂ ဦး ဗုံးထိသေဆုံး၊ ပုလဲတွင် အရက်လာသောက်သည့် ရဲတစ်ဦး အသတ္ခံရ
Breaking News- ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် အရပ်သား ၁၁ ဦးကို ကြိုးတုပ်ပြီး စစ်တပ်က မီးရှို့သတ်ဖြတ်၊ အရှင်လတ်...
07/12/2021
Breaking News- ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် အရပ်သား ၁၁ ဦးကို ကြိုးတုပ်ပြီး စစ်တပ်က မီးရှို့သတ်ဖြတ်၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်သဖြင့် အော်သံနှင့်ရုန်းကန်သံများ ကြားရ
ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်တွင် ကြိုးတုပ်ပြီး ကိုင်းတောတွင် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ ညပိုင်းမှစတင်ပြီး မုံရွာ-ပုသိမ်လမ်းတွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲခံရမှုကို အစာမကျေသဖြင့် လမ်းမဘေးရှိ ရွာများကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် ထပ်မံ မိုင်းဆွဲခံရသဖြင့် ဒုန်းတောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာသား ၁၁ ဦးကို ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
"စစ်တပ်က မနက် ၈ နာရီကျော်ကျော်လောက်ကို ရွှေတောင်ကုန်းကနေ ဆင်းလာတာ။ ဆင်းလာပြီးတော့ ရွာတွေကို မွှေတာ၊ တစ်ရွာချင်းစီမွှေတယ်။ အဲဒီမှာ ပင်းတယရွာထိပ်မှာရှိတဲ့ ရွာသားတစ်ယောက်ကို ပစ်သတ်သွားတယ်။ အဲဒီမှာ တစ်ခြားရွာတွေ သွားဖို့ စပါးတံတားပေါ်ရောက်တော့ မိုင်းကွဲတယ်။ အဲဒီမှာ စစ်တပ်က လက် နက်ကြီးတွေနဲ့ ရွာတွေကို စထုတယ်။ ဒုန်းတောရွာကို ဝင်စီးတယ်။ အပြစ်မဲ့ အရပ်သား ၁၁ ဦးကို ကြိုးနဲ့တုပ်ပြီး ကိုင်းတောထဲမှာ မီးရှို့သွားတယ်။ ရွာသားတွေက ဒုန်းတောရွာခံတွေဖြစ်ဖို့များတယ်။ ရွာကထွက်သွားပြီးတော့ လေညှင်းတောင်မှာ တပ်စွဲထားတယ်။ ရွာသားတွေက အကုန်ပြေးကုန်ကြပြီ" ဟုဒေသခံတစ်ဦးကပြောဆိုသည်။
ဆားလင်းကြီးမြို့နယ်မှ ဒေသခံတစ်ဦးကလည်း စစ်တပ်က ကျေးရွာသား ၁၁ ဦးကို အရှင်လတ်လတ် ကြိုးတုပ်၍ မီးရှို့သတ်ဖြတ်သဖြင့် အော်သံနှင့် ရုန်းကန်သံများ ကြားရသော်လည်း မကူညီနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
(ရန်ကုန်ခေတ်သစ်သတင်းဌာနသည် RiSE News ၏ မိတ်ဖက်သတင်းဌာနတစ်ခုဖြစ်သည်။)
ယနေ့ဒီဇင်ဘာ(၇)ရက် Confirmအရ မီးရို့သတ်ခံရတဲ့ ပြည်သူက(11)ဦးကျဆုံးအာဇာနည်PDF-(4)ဦးဒီပဲယင်းPDF-(3)ဦးကလေးPdfကအမျိုးသမီးတစ်ဉီ...
07/12/2021
ယနေ့ဒီဇင်ဘာ(၇)ရက် Confirmအရ
မီးရို့သတ်ခံရတဲ့ ပြည်သူက(11)ဦး
ကျဆုံးအာဇာနည်PDF-(4)ဦး
ဒီပဲယင်းPDF-(3)ဦး
ကလေးPdfကအမျိုးသမီးတစ်ဉီးဖမ်းခံရ
ကော့သူးလေးနယ်မှ ရဲဘော်တစ်ဉီးကျည်ပေါက်သေဆုံး..
# crd
Address
Website
Alerts
Be the first to know and let us send you an email when Myanmar Public News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share