K2N Editor

K2N Editor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K2N Editor, Video Creator, .

25/06/2024
02/11/2023
02/11/2023

နွေဦးတော်လှန်ရေး ရက် (၁၀၀၀) ပြည့်ပြီ။

မေ့လျော့သူ၊ စိတ်ပျက်အားငယ်သူတွေ ကို ဒီရက်ပိုင်းအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တော်လှန်တိုက်ပွဲတွေ၊ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေက လှုပ်နှိုးအားပေးလိုက်ပြီ။

“တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်”

ငါတို့ပန်းတိုင်ကို ငါတို့အတူတူ အရောက်သွားကြမယ်

#တော်လှန်ရက်၁၀၀၀

16/09/2023

ငါတို့ လုပ်နိုင်သမျှ ရိုးသားစွာ ကြိုးစားနေကြပါတယ်...

NUG ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲ
2023
Sep 16 and Oct 7✊✊✊

14/09/2023

NUG ဝန်ကြီးချုပ် ဖလားဘောလုံးပြိုင်ပွဲ
Sep 16 and Oct 7

10/09/2023

စက်တင်ဘါ ၁၆ ရက်နေ့ sacramento မှာ စတင် ကျင်းပ မဲ့ NUG ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် ဘောလုံးသမားများ နဲ့ လာရောက်အားပေးကြသူများ ကျွေးမွေးဧည့်ခံရေးအတွက် အစားအသောက်များ လှူဒါန်းကြဖို့ နိုးဆော်ပါတယ် ။
====================================

ဘောလုံးသမားလေးတွေက အမေရိကမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရင်း ၊ အားတဲ့အချိန်လေးတွေ လုပြီး ရံပုံငွေပွဲအတွက် ပါဝင်ယှဉ်ပြိုင်ကြဖို့ လေ့ကျင့်နေကြပါပြီ။

ဒါတင်မက လေးစားစရာ အလွန်ကောင်းတာက ဘောလုံးသမားလေးတွေကိုယ်တိုင် တဦးချင်း ရံပုံငွေ အလှူငွေတွေပါ ထည့်ဝင်ပြီး ယှဉ်ပြိုင်ပေးကြတာပါ။

ဒါကြောင့်မိဘ ပြည်သူများကလဲ တတ်အားသရွေ့လှူဒါန်းကြပြီး အမိမြန်မာပြည်အတွက် ကူညီကြရအောင်ပါ။

Sacramento မှာ တော့ စက်တင်ဘာ ၁၆ ရက် (River City High School- 1 Raider Ln , West Sacramento, CA 95691 ကွင်း) မှာ နေ့လည် ၁၂ မှ ည နေ ၇ နာရီထိ ပတ်လည် ၆ ပွဲ ကန်မှာဖြစ်ပါတယ် ။ လာရောက် အားပေးကြပါ။ အစားအသောက်များလည်း လာရောက်ကျွေးမွေးလှူဒါန်းလို့ ရပါတယ် ။ လောလောဆယ် ဆီထမင်း နဲ့ ကြာဇံကြော် အလှူရှင်ရပါပြီ ။
===================================

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ၂၀၂၃ ခု ကို ကျွန်တော်တို့ မြောက်ပိုင်းကယ်လီဖိုးနီးယားမှာ မကြာခင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြောက်ပိုင်းကယ်လီဖိုးနီးယား မြို့ကြီးတွေမှာ ရှိတဲ့ ဘောလုံးအသင်းတွေဖြစ်တဲ့
1.DC United ( Daly City)
2. Oakland Karen Youth ( Oakland)
3. Bay Area Mi Pamilia FC ( San Francisco and Bay Area)
4. Central Valley FC ( Stockton and Modesto)
5. Sacramento King FC ( Sacramento)
6. Sacramento Best FC ( Sacramento)
စတဲ့ အသင်း ( ၆) သင်းပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး
ပွဲစဉ်များကို Sacramento မြို့ (River City High School- 1 Raider Ln , West Sacramento, CA 95691 ) မှာ စက်တင်ဘာလ (၁၆ ) ရက်နေ့ နဲ့ San Francisco မြို့ ( West sunset field 2100 39th Ave
San Francisco, CA 94122) မှာ အောက်တိုဘာလ (၇ ) ရက်နေ့တွေမှာ ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်များ မကျင်းပမှီနှင့် ကျင်းပစဉ်များ မှာ အလှူငွေများကောက်ခံသွားမှာ ဖြစ်ပြီး၊ ရရှိသောအလှူငွေများကို အမျိုးသားညီညွတ်ရေး အစိုးရသို့ ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အလှူငွေများကို ကိုကျော်ခိုင်/ ကိုဇော်သိန်းဦး/ မမြတ်မိုး /ကိုဝင်းကျော်ဦး / ကိုစောထူး / ကိုအောင်သူစတဲ့ပုဂ္ဂိုလ်များထံ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါပြီ ။ ဘောလုံးပွဲစဉ်များကို လာရောက်အားပေးကြဖို့ နှိုးဆော်ပါ

အားလုံးလာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

12/08/2022

ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်အသီးသီး နဲ့ ဒီနွေဦးတော်လှန်ရေးကြီးမှာပါဝင်နေတဲ့ အထဲမှာ ထင်ရှားတဲ့ မိတ်ကပ်ပညာရှင် မေဦး လဲပါ ပါတယ်။

သူကျွမ်းကျင်တဲ့ မိတ်ကပ်ပညာကို Sacramento မြို့မှာ ဩဂုတ် ၁၃ ရက်နေ့ နဲ့ San Francisco မြို့မှာ ဩဂုတ်လ ၁၄ ရက်နေ့တွေမှာ FBAC- Northern California မှ စီစဉ်မှုဖြင့် သင်တန်းပို့ချရံပုံငွေ ရှာမှာ ဖြစ်ပြီး ရတဲ့ ငွေတွေနဲ့ မြန်မာပြည်ဖယ်ဒရယ်ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အတွက် ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Sacramento မှာ လာရောက် သင်တန်းတက်လိုသူများ ကိုဇော် ( 916-367-1435) နဲ့ မသူ( 415-269-4176) တို့ထံ စာရင်းပေးနိုင်ပါတယ်။

​အချက်အလက် အပြည့်အစုံ အောက်ပါ flyer များတွင် ဖော်ပြထားပြီး flyer တွင် မပါရှိသော အချက်အလက်များ အသေးစိပ်သိလိုပါက အထက်ပါဖုံးနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

သင်တန်းကျင်းပနေချိန်မှာ အခြားသော နွေဦးတော်လှန်ရေး celebrities များ နဲ့ FBAC-Sacramento အဖွဲ့သားများ လာရောက်အားပေးဝိုင်းရံပေးကြမှာဖြစ်ပြီးအစားအသောက်များနှင့် ဧည့်ခံမှာဖြစ် လို့ သင်တန်းမတက်လဲ လာရောက် အားပေးနိုင်ပါတယ်။

20/07/2022

August 14th ( Sunday )
📌A: ပထမပိုင်း သင်တန်း အစီစဉ်
အချိန်: 9:30am-13:30pm ကို သာ စာရင်းအမြန်ပေး နိုင်ကြဘို့ပါ ( သင်တန်း သား ၄၀ ဦး မို့ - အမြန်စာရင်းပေးမှ သေချာ မှာပါ )
✅ တောင်းဆိုသူ များ လို့ စနေ့နေ့ ကို Sacremento မှာ တရက် ထပ် ဖွင့်ပေး ရပါတယ်
📌 B:ဒုတိယ ပိုင်း အစီစဉ်
အချိန် : 1:30-4:30pm ထိ
FBAC နဲ့ ပွဲ တိုင်း ကူကြ လှူကြ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မိသားစု များ နဲ့ မေဦးနဲ့ အတူ တော်လှန်ရေး သီချင်းများ .. စကားဝိုင်းများ ..
စျေးရောင်းပွဲ များ
👉ထောက်ပို့ အလှူရှင် များ ကလည်း
Pre- Order အစား အသောက်များ ကို ပူးတွဲ ရောင်းချ ပေး သွားမှာမို့ …
👉Flyer တွင်ပါဝင်သော Contact ☎️☎️☎️
👉Free Burma Action Committee Nor Cal - Pre-Order page မှ လည်း မှာယူနိုင်ပါတယ်

မေဦး ရဲ့ ချစ်စရာ ကောင်းတဲ့ တော်လှန်ရေး စိတ်အပြည့် မို့.. ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ မိသားစု များ လည်း အထူးလာရောက်ကြဘို့ ဖိတ်ခေါ် ပါရစေ ။
အရေးတော်ပုံမုချအောင်ရမည်!!

26/01/2022
25/01/2022
14/01/2022
12/01/2022

ပန်းတိုင်မရောက်မချင်း ကြိုးစားနေတဲ့ FBAC
ဇန္နာဝါရီ ၁၅ရက်၊၂၂ရက် ၊၂၃ရက် Newark Pavilion မှာ
ကျမတို့ ဘောလုံးသမားလေးတွေကို ကူညီရင်း မြန်မာပြည်ကိုကူညီကြပါစို့
အလှူရှင်များ စျေးရောင်းရင်း ကူညီကြပါ
ရှေတန်းPDFတွေကိုကူညီဘို့ ချွေးနဲ့ရင်းပြီ ကြိုးစားနေတဲ့ မြောက်ပိုင်းသားတွေပါ
မိတ်ဆွေတို့ လာရောက်အားပေး ကြရအောင်
လူငယ်အဆိုတော် ကျော်ဇင်မင်းကလဲ ပရိသတ်ကြီးကို ဖျော်ဖြေရင်းဝိုင်းရံမယ်တဲ့။
အလှူရှင်များဆက်သွယ်ရန်
ခင်တင့်တင့် ၈၀၅ ၇၀၄ ၆၈၇၈
ရပ်စမင် ၄၀၈ ၂၅၀ ၆၂၂၇
ယုယုသိန်း ၄၁၅ ၆၀၂ ၉၉၀၁
မြတ်မြတ်မိုး ၄၁၅ ၅၃၉ ၅၈၄၄
ဂျိန်းမြတ် ၄၁၅ ၂၄၀ ၅၆၄၁

11/01/2022

⚽️🏐အားလုံးကိုဖိတ်ခေါ်ပါတယ်။ ❤️✊👍
🙏 လူကြီးလူငယ် များစုပေါင်းပြီး တတ်နိုင်တဲ့ဘက် ကြိုးစားအားထုတ်ထားတဲ့ ရန်ပုံငွေပွဲ ဖြစ်ပါတယ် ။
ကိုယ်တိုင်ကိုကျလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်။ မအားလို့ မလာရောက်နိုင်လဲ အလှူငွေထည့်၀င်ပြီး အားပေးလို့ရပါတယ်။
အရေးတော်ပုံအောင်ရမည်။✊✊✊
်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲ

11/01/2022

မြောက်ပိုင်းကယ်လီဖိုးနီးယား‌ ဘောလုံးချစ်သူလူငယ်များရဲ့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ဖလား ဖွင့်ပွဲ နှင့် ပတ်လည်ပွဲစဉ်များကို Sacramento Bartholomew Sports Park တွင် Jan 15th 2022 မှာ ကျင်းပ ပါမည်၊၊
မြန်မာပြည်အတွက် လှူကြမယ် ကူကြမယ် အစီအစဉ်ဖြစ်၍ အားပေးကြရန် နိုးဆော်အပ်ပါသည်။
ဘောလုံးပြိုင်ပွဲ....ဘောလုံးသမားတစ်ဉီးကို $100 ဖြင့်စပွန်ဆာ
ပေးနိုင်သလိုပြိုင်ပွဲကြီးတစ်ခုလုံးအတွက်လည်းစပွန်ဆာပေးနိုင်ပါပြီ၊၊
သွေးကြွေးဆပ်နေကြသူများအတွက်ရံပုံငွေပွဲဖြစ်ပါသဖြင့်စပွန်ဆာရှင်များကို
အထူး(အထူး)ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
Paypal Account: [email protected] သို့ပေးပို့လှူဒါန်းနိုင်ပါသည်။
်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲ

26/11/2021
25/11/2021
05/11/2021

အာဏာရှင်စနစ် အဆုံးသတ်ဖို့ အပြီးသတ်တိုက်ပွဲအတွက် နိုင်နေလို့ စိတ်တက်ကြွနေပေမဲ့ ၊
တခါတရံ မောပန်သွားတဲ့အခါ အားအင်တွေပြန်ရလာအောင် နားထောင်တဲ့ သီချင်း။

(အိပ်ယာနိုးတဲ့အချိန်က စပြီး၊ ပြန်အိပ်သွားတဲ့ အချိန်အတွင်း ၂၄/၇ စက္ကန့်မလပ် အာဏာရှင်ကျဆုံးဖို့ပဲ စိတ်ထဲရှိတယ်။)

12/10/2021

စက်တင်ဘာလ ၁၉ ရက် CRPH Support Group နှင့် မြန်မာသံဝန်ထမ်းများအား ထောက်ပံ့ကူညီရေးအဖွဲ့ ရန်ပုံငွေ စျေးရောင်းပွဲ
part (1)

USA,California ,San Francisco
Sep 19,2021

ကျေးဇူးတင်ထိုက်သော အနုပညာရှင်၊အတတ်ပညာရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။
အရေးတော်ပုံ ✊✊✊အောင်ရမည်✊✊✊






#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်

Address


Website

Alerts

Be the first to know and let us send you an email when K2N Editor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K2N Editor:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share