CIKHA TODAY

CIKHA TODAY Thucinh Thutang tuamtuam…. NEWS OF CIKHA

31/10/2024
Dean Graziosi မှ သန်းကြွယ်သူဌေးများ၏ အောင်မြင်မှုဆိုင်ရာ သင်ခန်းစာ ၈ ခု စည်းစိမ်ဥစ္စာနှင့် စည်းစိမ်ချမ်းသာဆီသို့ တံခါးပေ...
24/10/2024

Dean Graziosi မှ သန်းကြွယ်သူဌေးများ၏ အောင်မြင်မှုဆိုင်ရာ သင်ခန်းစာ ၈ ခု စည်းစိမ်ဥစ္စာနှင့် စည်းစိမ်ချမ်းသာဆီသို့ တံခါးပေါက်။

1. Mindset Matters: Graziosi သည် အောင်မြင်သော အတွေးအမြင်သည် ကြွယ်ဝချမ်းသာမှုကို ရရှိရန်အတွက် အခြေခံကျကြောင်း အလေးပေးဖော်ပြသည်။ အပြုသဘောဆောင်ပြီး တိုးတက်မှုကို ဦးတည်သော စိတ်ဓာတ်မွေးမြူခြင်းသည် လူတစ်ဦးချင်းစီ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်စေပါသည်။

2. အချိန်ဆွဲခြင်းကို ဖယ်ရှားပါ- ဆွေးနွေးထားသော အဓိက အလေ့အထများထဲမှ တစ်ခုသည် ချက်ချင်းလုပ်ဆောင်ရန် အရေးကြီးပါသည်။ Graziosi သည် အချိန်ဆွဲခြင်းကို တိုက်ဖျက်ရန် ဗျူဟာများကို ပံ့ပိုးပေးကာ အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်သော ခြေလှမ်းများအဖြစ် စာဖတ်သူများအား အလုပ်များကို စီမံခန့်ခွဲနိုင်သော ခြေလှမ်းများအဖြစ် ခွဲထုတ်ရန် အားပေးသည်။

3. ရှင်းလင်းသောပန်းတိုင်များသတ်မှတ်ပါ- စာအုပ်တွင် တိကျသော၊ တိုင်းတာနိုင်သောပန်းတိုင်များချမှတ်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။ Graziosi သည် ပန်းတိုင်များကိုချရေးပြီး အောင်မြင်မှုလမ်းကြောင်းပေါ်၌ အာရုံစိုက်နေရန်နှင့် လှုံ့ဆော်မှုများရှိနေစေရန် ၎င်းတို့ကို ပုံမှန်ပြန်လည်သုံးသပ်ခြင်းအတွက် ထောက်ခံအားပေးသူများဖြစ်သည်။

4. လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြုစုပါ- နေ့စဉ်အလေ့အကျင့်နှင့် လုပ်ရိုးလုပ်စဉ်များကို ထူထောင်ခြင်းသည် အောင်မြင်မှုအတွက် အရေးကြီးပါသည်။ Graziosi သည် ထိရောက်မှုနှင့် ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေရန် ကူညီပေးသည့် အကျိုးဖြစ်ထွန်းသည့်လုပ်ဆောင်ချက်များကို ဦးစားပေးသည့် ဖွဲ့စည်းတည်ဆောက်ပုံအချိန်ဇယားကို ဖန်တီးရန် အကြံပြုထားသည်။

5. သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံပါ- စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် မိမိကိုယ်ကို မြှင့်တင်ခြင်းသည် အောင်မြင်မှု၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။ Graziosi သည် စာဖတ်သူများအား ပညာရေး၊ လမ်းညွှန်မှု သို့မဟုတ် အတွေ့အကြုံသစ်များမှတစ်ဆင့် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုတွင် အချိန်နှင့် အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံရန် အားပေးသည်။

6. သင့်ကိုယ်သင် အောင်မြင်မှုဖြင့် ဝန်းရံပါ- စာရေးသူသည် အပြုသဘောဆောင်သော၊ အောင်မြင်သောသူများနှင့် သင့်ကိုယ်သင် ဝန်းရံထားရန် အရေးကြီးကြောင်း အလေးပေးဖော်ပြပါသည်။ စိတ်တူကိုယ်တူရှိသူများ၏ ကွန်ရက်ကိုတည်ဆောက်ခြင်းသည် ပံ့ပိုးမှု၊ လှုံ့ဆော်မှုနှင့် တန်ဖိုးရှိသော ထိုးထွင်းအမြင်များကို ပေးစွမ်းနိုင်သည်။

7. တွက်ချက်ထားသော အန္တရာယ်များကို ယူပါ- Graziosi သည် သင်၏ သက်တောင့်သက်သာ ဇုန်အပြင်သို့ ထွက်ခွာရန်နှင့် စွန့်စားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ တွက်ချက်ထားသော စွန့်စားရမှုများသည် သိသာထင်ရှားသော ဆုလာဘ်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုးတက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

8. ပြန်ပေးသည်- နောက်ဆုံးတွင်၊ စာအုပ်သည် ရက်ရောမှုနှင့် လူမှုအသိုင်းအဝိုင်းကို ပြန်လည်ပေးအပ်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြသည်။ Graziosi သည် အခြားသူများကို ပံ့ပိုးပေးခြင်းသည် ၎င်းတို့၏ဘဝများကို ကြွယ်ဝစေရုံသာမက သင့်ကိုယ်ပိုင် ပြည့်စုံမှုနှင့် ရည်ရွယ်ချက်ကို မြှင့်တင်ပေးသည်ဟု ယုံကြည်သည်။

Millionaire Success Habits မှ ဤသင်ခန်းစာများသည် ချမ်းသာကြွယ်ဝမှုနှင့် ကြီးပွားချမ်းသာမှုဆီသို့ ဦးတည်သော အလေ့အကျင့်များကို ပြုစုပျိုးထောင်ရန် ရှာဖွေနေသူများအတွက် လက်တွေ့ကျသော ထိုးထွင်းသိမြင်မှုနှင့် လုပ်ဆောင်နိုင်သော ဗျူဟာများကို ပေးပါသည်။

စာအုပ်- https://amzn.to/3Uc53Q1

တူညီသောလင့်ခ်ကိုအသုံးပြု၍ အသံစာအုပ်ကို အခမဲ့ရယူနိုင်ပါသည်။ Audible ရှိ အသံစာအုပ်အတွက် စာရင်းသွင်းပြီး ၎င်းကို စတင်ခံစားရန် လင့်ခ်ကို အသုံးပြုပါ။

Millionaire Success Habits: The Gateway to Wealth & Prosperity

📍မြန်မာခရီးသွားတွေမှာ လွဲမှားနေတဲ့ စေတနာအမှားလေးတစ်ခုရှိပါတယ်။ အဲဒါက ခရီးသွားတဲ့အခါမှာ လည်စရာနေရာတွေနားက ကလေးတွေကို မုန်...
20/10/2024

📍မြန်မာခရီးသွားတွေမှာ လွဲမှားနေတဲ့ စေတနာအမှားလေးတစ်ခုရှိပါတယ်။ အဲဒါက ခရီးသွားတဲ့အခါမှာ လည်စရာနေရာတွေနားက ကလေးတွေကို မုန့်ပေးတာ ၊ မုန့်ဖိုးပေးတာတွေလုပ်တာပါ။ တချို့ဆိုရင် ကလေးတွေကို ကျွေးဖို့ ၊ မုန့်ဖိုးပေးဖို့ဆိုပြီး မုန့်နဲ့အကြွေတွေတကူးတကယူလာတာမျိုးတောင်ရှိပါတယ်။ တကယ်တော့ ဒါတွေက လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်ထဲမှာပါပါတယ်။

ဒီစာက ငြင်းခုံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရေးဖို့လိုအပ်တယ်လို့ယူဆလို့ ဒီစာလေးကိုရေးလိုက်တာပါ။

ကျွန်တော်တခြားနိုင်ငံရဲ့နာမည်ကြီးနေရာတွေကိုသွားတဲ့အခါ ဥပမာ - ကမ္ဘောဒီးယားက အန်ကောဝပ်ဆိုပါတော့ ၊ ခရီးသွားများလိုက်နာရန် (Traveler code of conduct) ဆိုပြီး ကလေးတွေကို မုန့်နဲ့ပိုက်ဆံမပေးဖို့ကို အဝင်မှာကတည်းက တားမြစ်ထားတာပါ။ တခြားနာမည်ကြီး နေရာတွေမှာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ အဲလိုမျိုးတားမြစ်သတိပေးတာတွေမရှိတဲ့အပြင် ၊ ပေးကမ်းစွန့်ကြဲတာကောင်းတယ်လို့ယုံကြည်ကြတဲ့အတွက် ကလေးတွေကို မုန့်ဖိုးပေးလိုက် မုန့်ကျွေးလိုက်လုပ်လေ့ရှိကြပါတယ်။

ကိုယ်ကစေတနာရှိလို့ပေးလိုက်တာ ၊ ကျွေးလိုက်တာဆိုပေမယ့် နောက်ကွယ်မှာ အကျိုးဆက်တွေရှိလာနိုင်တာကိုတော့ သတိမာထားမိကြပါဘူး။ အဲဒါတွေကတော့ . . .

ကလေးတွေကိုတောင်းတတ်အောင်သင်ပေးလိုက်တာနဲ့တူပါတယ်။ ကိုယ်ကနေရာတစ်ခုသွားတယ် သူ့ဘာသူနေတဲ့ကလေးတွေကို ခေါ်ပြီးမုန့်ဖိုးလေးပေးလိုက်တယ်။ ပြီးတော့ ပြန်သွားတယ်။ ဒီလိုနဲ့ကိုယ်လိုလူနောက်တစ်ယောက်ထပ်လာတယ် ပြီးနောက်တစ်ယောက်ထပ်လာတယ်။ ဒါမျိုးခဏခဏဖြစ်လာတဲ့အခါ အဲဒီနေရာနားက ကလေးတွေစိတ်ထဲမှာ ဧည့်သည်လာရင် ပိုက်ဆံရတယ်ဆိုတဲ့အတွေးမျိုးဝင်လာပြီး မျှော်ကိုးတဲ့စိတ်ဝင်လာပါတယ်။ အဲဒီကနေ စပြီး စမ်းတောင်းကြည့်တာမျိုးဖြစ်လာပါတယ်။

ကလေးတွေဆိုတာအတုမြင်ရင် အတတ်သင်ကိုသင်ပါတယ်။ ကလေးတစ်ယောက်က ဧည့်သည်ဆီကပိုက်ဆံတောင်းတာရလိုက်တယ်ဆိုတာသိရင် တခြားကလေးတွေလည်းလိုက်တောင်းပါတော့တယ်။ ဒီလိုနဲ့ အမှိုက်ကစ ပြဿဒ်မီးလောင်ပြီး အနီးနားက ကလေးတွေအကုန်လုံး နည်းလမ်းအမျိုမျိုးနဲ့ လိုက်တောင်းပါတော့တယ်။ ဒါမျိုးကို ကျွန်တော်ကျိုက်ထီးရိုးမှာတွေ့ခဲ့ပါတယ်။ ကျိုက်ထီးရိုးတောင်တက်လမ်းမှာ ရွာတွေကိုဖြတ်တော့ ရွာက ကလေးတချို့က တံမြက်စည်းလှဲပြီး ၊ သားတို့ သမီးတို့ လမ်းပြင်ပေးထားပါတယ် မုန့်ဖိုးလေးပေးပါဆိုပြီး လိုက်တောင်းတာပါ ၊ တစ်ရွာမကအဲလိုမျိုး ပုံစံတူတောင်းကြပါတယ်။ သူတို့သတိမထားမိတာက အားလုံးက တောင်းစားတဲ့အဖွဲ့ငယ်လေးတစ်ခုဖြစ်မှန်းမသိ ဖြစ်နေတာပါ။

တောင်းစားရင် ကျောင်းမသွားကြတော့ပါဘူး။ ဒီစကားက ကြားရတာလက်မခံချင်စရာဖြစ်ပေမယ့် အမှန်ပါပဲ။ တောင်းစားတဲ့ကလေးဆီကနေ ဝင်ငွေလေးတစ်ခုရလာတဲ့အခါ မိဘတွေကနေပြီး ကလေးကို ကျောင်းမပို့ပဲ တောင်းပဲတောင်းစားခိုင်းပါတော့တယ်​။ တချို့ဆိုရင် မိဘကအလုပ်ရှိတယ် ၊ အပိုဝင်ငွေရအောင်ဆိုပြီးကို ကလေးကိုတမင်တောင်းစားခိုင်းတာပါ။ အဲဒါဆိုရင်တော့ အဲဒီကလေးရဲ့ ဘဝက တောင်းစားသူအဖြစ်နဲ့လမ်းဆုံးသွားမှာအတော်စိုးရိမ်ရပါတယ်။

တောင်းစားတာကနေမှတဆင့် ရဲတင်းပြီး လုတာ ၊ အတင်းအဓ္ဓမလုပ်တာတွေထိပါဖြစ်လာပါတယ်။ ကျွန်တော်အရင် တစ်ခါ မေမြို့ကိုသူငယ်ချင်းတွေနဲ့သွားတုန်းက သူငယ်ချင်းတစ်ယောက်က တောင်းစားတဲ့ကလေးတစ်ယောက်ကို မုန့်ဖိုးပေးဖို့လုပ်နေတုန်း သူ့ပိုက်ဆံအိတ်ထဲက တစ်သောင်းတန်ကို ကလေးကလုပြေးသွားတာ၊ နောက်တစ်ယောက်က ဗိုက်ဆာတယ်ဆိုပြီးလာတောင်းတော့ တခြားသူငယ်ချင်းက မုန့်ပေးလိုက်တာ ၊ အဲဒီမုန့်ကို ဘာလုပ်ရမှာလည်းဆိုပြီး ကားထဲကိုပြန်ပစ်ထည့်ပေးပါတယ်။ ခုနောက်ပိုင်းမှာဆို ရန်ကုန်ရဲ့အင်းယားကန်ဘောင်လိုနေရာမှာတောင် မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ခြေထောက်ကိုအတင်းဖက်ပြီး ပိုက်ဆံအတန်ကြီးတွေကို အတင်းတောင်းတာမျိုးတွေတောင်ရှိလာပါတယ်။

ဒီတော့ ခရီးသွားတဲ့ဘက်ကိုပဲဆက်ပြောရရင် ကိုယ်ပေးလိုက်တဲ့ပိုက်ဆံတွေက ကလေးတွေဆီကို မရောက်ပဲ ၊ သူတို့မိဘတွေ နဲ့ သူတို့ကိုခိုင်းနေတဲ့ ဂိုဏ်းတွေဆီပဲနောက်ဆုံးရောက်တာပါ။ ကလေးကတော့ တိုးတက်ဖို့လမ်းလည်းမရှိ ၊ ပညာလည်းမသင်ရပဲနဲ့ ဘဝကပျက်စီးရာလမ်းကြောင်းပေါ်ကို တွန်းပို့ပေးသလိုဖြစ်သွားပါတယ်။ တောင်းစားတဲ့ကလေးတွေရှိလာတဲ့အခါ အနားက ပစ္စည်းလေးတွေရောင်းပြီး သမာအာဇီဝကျကျ အလုပ်လုပ်တဲ့ကလေးတွေကိုပါ အဲဒီအကျင့်တွေက မသိမသာကူးစက်ပါတယ်။ ကျွန်တော်အင်းဝသွားတုန်းက ဘုရားဆင်းတုငယ်လေးတွေလာရောင်းတာကို မယူသေးဘူးလို့ပြောတော့ အဲဒါဆို မုန့်ဖိုးပေးသွားလေဆိုပြီး အတင်းလိုက်တောင်းတာ ကြုံဖူးပါတယ်။

ဒီလိုနေရာမှာ တောင်းစားတဲ့ကလေးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လိင်အမြတ်ထုတ်သူတွေပါပေါ်လာပါတယ်။ အထူးသဖြင့် Toursit တချို့လုပ်လေ့ရှိပါတယ်။ ကလေးတွေကို မုန့်ဖိုးပေးမယ် ၊ မုန့်ကျွေးမယ် ကားထဲလိုက်ခဲ့မလား ၊ ဟိုတယ်ခန်းလိုက်ခဲ့မလားဆိုပြီး ခေါ်သွားတာပါ။ ပြီးရင် ဘာမှနားမလည်တဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာမျိုးရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာက လိင်ပညာပေးတာမရှိသလောက်ဖြစ်တဲ့အတွက် ကလေးတွေက သူတို့ကိုဘာလုပ်လို့လုပ်သွားမှန်းတောင်မသိလိုက်ပဲ ၊ ကျူးလွန်ခံကြရတာပါ။ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။

နောက်ဆုံးပြောရရင်တော့ ကူညီတာကောင်းပါတယ် ဒါပေမယ့် သေချာစဥ်းစားပြီးမှ နည်းလမ်းတစ်ခုနဲ့ထိထိရောက်ရောက်ကူညီစေချင်တာပါ။ ကလေးတွေရဲ့စိတ်ထဲမှာ ဉာဏအားနဲ့ဖြစ်စေ ၊ ကာယအားနဲ့ဖြစ်စေ ရိုးသားစွာရှင်သန်နေထိုင် ငွေရှာလို့ရတယ်ဆိုတဲ့အတွေးတွေရှိနေဖို့လိုပါတယ်။ လူတွေရဲ့ စေတနာ နဲ့ သနားတဲ့စိတ်က အသုံးချဖို့အကောင်းဆုံးပါ ဒါကြောင့်မို့ စေတနာအမှားနဲ့ ကလေးတွေကို အညွန့်ချိုးမိပြီး လမ်းမှားမပို့မိစေဖို့ ဒီစာလေးကို အမုန်းခံရေးလိုက်ပါတယ် . . . .

Responsible Traveler တွေအဖြစ်နဲ့ ကျွန်တော်တို့ခရီးသွားကြရအောင်ပါ။

Yours in Adventure
Saw Ko Oo (Backpacker’s Notes)




UI BANGIN TAI KEI IN LA, BILPI BANGIN TAI INKhatvei lai in uisiam khat in bilpi a muh ciangin khuliangin delh pah hi… Bi...
05/10/2024

UI BANGIN TAI KEI IN LA, BILPI BANGIN TAI IN

Khatvei lai in uisiam khat in bilpi a muh ciangin khuliangin delh pah hi… Bilpi in zong ui in adelh lam atheih ciangin a tha neihzah sitlo in kawi tai zel suk tai to tai zel cih bangin khuliang mah in tai hi.
Tua bangin bilpi zong suahtakna mun khat a tun ciangin, “Hey, Uisiam aw, nang kei nong delhdelh hangin hong pha zo neilo ding hiteh” ci in gen hi.
Uisiam in zong, “Bang hangin maw” ci in a dot ciangin
Bilpi in bangci dawn hiam cih leh,
“Nang an nek khat ai dingin nong delh bek hi aa, kei ka hih leh ka nuntakna dingin tai ka hihi. Ngaihsutna a kibatloh zah khatin i taizia zong kibang lo hi”
Tua bang mahin… mi khempeuh gilpi ading na kisem ciat aa… ahih hangin a kibang lo pawlkhat bang hiam cih leh…mi pawlkhat in an nek khat ngah pak nading bekin nasem uh aa…
Mi pawlkhat in nuntakna dingin nasem uh hi.
Bilpi nangawn a nuntakna dingin tai zo buang ahih leh ei zong bang hangin nuntakna dingin na sem lo ding i hiam!

Credit မူရင်း

Cikha ah mipi thunget khopna ki nei
04/10/2024

Cikha ah mipi thunget khopna ki nei

04/10/2024

Tuni date 3rd October 2024 in ZSF-GHQ in Eastern Zogam ah Educational Tour va kinei hi.

Hunsot kuamtak Gam sung buaina hang in Siamsinna Sang Innte hong thei lo in na om uh hi. Tua bang a haksatna tampi tawh Siamsin Momnote leh i Zogam maban ding Khualna in Cikha Township sung ah Mipil Misiam, Gam le Nam a it ngiat mibang zah hiamte kipawl khawm in Sang Inn hong kik theih na’ng in Project na pankhia uh a, Committee Member ding zong na kiguang pah uh in, sep theih bangbang tawh ma napan uh hi.
Tulian in Cikha Sang-inn aa Naupang 500 val bang ki admit uh hi.
Hibang aa haksatna a tuahte uh ZSF-GHQ in a kizak ciangin ki-awlmoh in Educational Tour va kinei in, Cikha Public School ading hih anuai a bang teng tawh va kiphung vuh hi.
* *Inverter*
* *Battery*
* *Colour printer*
* *A4 size paper 10 reams*
* *sweets packet 4*

Zogam leh Zomi ading in na Seppih uh
*Zomi Students' Federation General Headquarters,Lamka*
❤️💛💚

30/09/2024

Tutung Census leh Zomi
Zingciang October 1, 2024 a kipan October 15 ni d**g Kawlgam ah misimna (Census) hong om leuleu ding ahi hi.
2014 k*m lai in anunung kibawl hi a, k*m 10 khit ciang in hong omkik ahi hi. 2014 k*m lai dan in tutung Zomi sung ah hih vai tawh kisai buailuatna omlo hi.

2014 k*m tawh akilamdanna
2014 k*m lai in dotna 21 om a, tutung in dotna 25 om ding hi. 2014 k*m a ih buaina lianpi pen ahi "Minam" tawh kisai dotna pen tutung om nawnlo ding hi.

Ahih hang:
Tutung in "Innsung a zatpi kampau" (အိမ်တွင်အဓိကပြောဆိုသောဘာသာစကား) cih dotna om hi.

Bangci dawn ding?
Inn sung a ihzat kampau pen gen ding hiziau hi. Sen pau, Hindhi, Portugees, Tamil, Telugu, English, Myanmar, Shan, Mizo, cih dan innsung a ih zatpi kampau pen genziau ding ahi hi.

Chin kampau azang te'n zong Chin cihpah lel ding ahi hi. US bang ah Chin kampau akicih nak leh Khalkha pau hipah hi.

Ko bel ka inn sung vuah Zopau mah zang ka hih man un "Zomi" kacih ding uh hilel hi. Kuama' heh theihna ding leh nial theihna ding thu om zenzen lo hi.

Tua ahih man in Zomi hi'ng akici teng in
အိမ်တွင်အဓိကပြောဆိုသောဘာသာစကား cih dotna ah Zomi (ဇိုမီး) naci phiauphiau lel un.

Census ih cih pen Record gina tak in na om veve ahih man in mailam saupi a ding in ih hihna mantak mah ih gelh ding athupi ahi hi.

Tutung Census pen Zomi te tam ih omna pen ahi Kawlpi (Kalay Myo) leh Tedim gam huam sung teng ah zong hong om ding ahih man in Zomi te'n Zomi mah ih cih tek ngiat ding thupi mahmah hi.

Kihilhsawn ngeingai tek ni ei Zomite

Shalom Zomi !!!

Mung Laan Thang
Yangon

Kali lusawpna tui a deih te  ki vai khak thei ei mwww သဘာဝစစ် tawh a ki bawl ngiat hi... A vai khak nuam te ki ngah cb o...
30/09/2024

Kali lusawpna tui a deih te ki vai khak thei ei mwww
သဘာဝစစ် tawh a ki bawl ngiat hi...
A vai khak nuam te ki ngah
cb or phone 09444042619(Luai ciang)

25/09/2024
18/09/2024

၁၉၅ဝ ကနေ ၂ဝ၁ဝအတွင်းကမ္ဘာပေါ်မှာအာဏာသိမ်းမှုအကြိမ် ၄၅ဝ ကျော် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၄၈ခုနှစ် ....

ဂျက်မား တစ်ခါက ပြောခဲ့ဖူးသည်။"မင်းရဲ့ကုန်ပစ္စည်းတွေကို ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ကိုယ့်မိသားစုဝင်တွေကိုရောင်းတဲ့အခါမှာ...
18/09/2024

ဂျက်မား တစ်ခါက ပြောခဲ့ဖူးသည်။

"မင်းရဲ့ကုန်ပစ္စည်းတွေကို ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ကိုယ့်မိသားစုဝင်တွေကိုရောင်းတဲ့အခါမှာ မင်းက သူတို့ကို ဘယ်စျေးနဲ့ပဲရောင်းရောင်း သူတို့စိတ်ထဲမှာ မင်းက သူတို့ဆီက ပိုက်ဆံယူတယ်လို့ပဲတွေးမှာပဲ... မင်း ဘယ်လောက်ပဲ စျေးလျှော့ရောင်းပေးပေး သူတို့ကတော့ မင်းကို လုံးဝကို ကျေးဇူးတင်ကြမှာမဟုတ်ဘူး...

မင်းရဲ့ကုန်ကျစရိတ်၊ အချိန်၊ ကြိုးစားအားထုတ်မှုတွေကိုတော့ လုံးဝထည့်မတွက်ဘဲ တခြားလူတွေ သူတို့ဆီက ပိုက်ဆံယူသွားတာ၊ သူတို့ကို လိမ်ညာသွားတာကို လက်ခံပြီး အဲဒီလူတွေကိုမှ ထောက်ခံ အားပေးတတ်တဲ့လူမျိုးတွေ မင်းပတ်ဝန်းကျင်မှာ အမြဲတမ်း ရှိကိုရှိနေလိမ့်မယ်...

အဲဒါဘာကြောင့်လဲဆိုတော့ အဲဒီလူတွေရဲ့နှလုံးသားထဲမှာ "သူ ငါ့အတွက် ဘယ်လောက်လုပ်ပေးသလဲ... ငါ့ကို ဘယ်လောက်လျှော့ပေးသလဲ..." ဆိုတာကိုမတွေးဘဲ "သူ ငါ့ဆီက ဘယ်လောက်ယူသွားသလဲ..." ဆိုတာကိုပဲ အမြဲတမ်း တွေးနေကြလို့ပဲ...

အေး ဒါဟာ ဆင်းရဲသားတွေရဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့ အခိုင်မာဆုံးဥပမာပေါ့..."

အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်ပြီး ဂျက်မားပြောခဲ့သည်မှာ။

"ကုန်ပစ္စည်းတစ်ခုခုကိုရောင်းတဲ့အခါမှာ မင်းကို ယုံကြည်ပြီး ပထမဆုံး အားပေးတဲ့သူဟာ မင်းနဲ့မရင်းနှီးတဲ့ လူစိမ်းတွေပဲဖြစ်လိမ့်မယ်... မင်းရဲ့သူငယ်ချင်းတွေကတော့ မင်းပစ္စည်းတွေ သူတို့ကို လာမရောင်းအောင် ကာကွယ်ကြလိမ့်မယ်... သာပေါင်းညာစားသူငယ်ချင်းတွေကတော့ မင်းကို ခပ်လှမ်းလှမ်းကနေ ရှောင်သွားကြလိမ့်မယ်... မင်းမိသားစုဝင်တွေကတော့ မင်းကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်ကြလိမ့်မယ်...

ဒါပေမယ့်... မင်း အောင်မြင်လာတဲ့ နောက်ဆုံးတစ်နေ့ရောက်တဲ့အခါ မင်းတည်ခင်းဧည့်ခံတဲ့ မိတ်ဆုံ ညစာစားပွဲတွေ၊ ဖျော်ဖြေရေးအခမ်းအနားတွေအားလုံးရဲ့ ကုန်ကျစရိတ်တွေကို ရှင်းပေးနေရင်း မင်း တစ်ခုကို သတိထားမိလာလိမ့်မယ်...

အဲဒါကတော့ မင်းရဲ့ အခမ်းအနားတွေကို သူစိမ်းတွေကလွဲပြီး မင်းရဲ့သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေအကုန် တစ်ယောက်မကျန် လာတက်ကြတယ်ဆိုတာပဲ... "

(Translated by )

Jack Ma once said, 'When Selling to close friends and family, no matter how much you're selling to them, they will always feel you're earning their money, no matter how cheap you sell to them, they still wouldn't appreciate it.'

There will always be people who do not care about your Costs, Time, Effort, they rather let other people cheat them, allowing others to earn, then supporting someone they know. Cause in their heart, they will always be thinking, 'How much did he earn from me?' instead of "How much did he SAVE/MAKE for me?"
This is a classic example of a poor person's mentality!

Jack Ma on Sales: 'When doing Sales, the first people who will trust you will be Strangers, Friends will be shielding against you, fair-weather friends will distance from you. Family will look down upon you.'

The day you finally succeed, paying the bill for every get-together dinner, entertainment, you will realised: Everyone else is present except the Strangers.

၂ + ၂ = ဘယ်လောက်လဲ?**************************ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တစ်ခုမေးတယ် ။"၂ + ၂ = ၅...
18/09/2024

၂ + ၂ = ဘယ်လောက်လဲ?
**************************

ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တစ်ခုမေးတယ် ။

"၂ + ၂ = ၅ မှန်သလား?"

ပထမ မန်နေဂျာက "လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ပါတယ် ဥက္ကဌကြီး"

ဒုတိယ မန်နေဂျာက "၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ်" လို့ ဖြေတယ် ။

တတိယ မန်နေဂျာက "လုံးဝ မှားပါတယ် ၂ + ၂ = ၄ ရပါတယ်"

နောက်တနေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို ရုံးမှာ နောက်ထပ် မတွေ့ရတော့ပေ ။
တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာ လဲ ဆိုပြီး ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။

ဥက္ကဌကြီးက ရှင်းပြတယ် ။

"ပထမ မန်နေဂျာ က လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း ငါသိတယ်။( ဒါပေမယ့် သူနဲ့ အလုပ် ဖြစ်နိုင်တယ် )"

"ဒုတိယ မန်နေဂျာ က ဥာဏ်ပညာ ရှိတယ်။ သူ ဥာဏ်ပညာ ရှိတာလည်း ငါသိတယ် ( သူလည်း အလုပ်ဖြစ်တယ် )"

"တတိယ မန်နေဂျာက လူမှန် သူ လူမှန် ဆိုတာ ငါသိတယ် (သူကျတော့ လူ့ဂွစာ အရမ်း လက်ပေါက်ကပ် ပြီး ပေါင်းသင်းရခက်မယ် ) ဒါကြောင့် သူ့ကို မလိုအပ်တာ ။

ရှင်းပြပြီးတာ နဲ့ သူ့လက်ထောက်ကို ပါ မေးခွန်း ထုတ်လိုက်တယ် ။

"မင်းရော ဖြေပါအုံး ၂ + ၂ = ၅ မှန်သလား?"

လက်ထောက်က ပျာပျာသလဲနဲ့ "ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတယ်.. ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ်။
ဆရာ့ လို ပညာရှိ စကားကို တပည့် လို ဘာမဟုတ်တဲ့ ကောင်က ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး" ဆိုတော့

ဥက္ကဌ ကြီးက "မင်းက လူလည် လူပါး.. ဘယ်ဘက်က သာလဲကြည့်မယ်..
သာတဲ့ဘက်ကို ပြေးကပ်တတ်တယ်..
( ဒါကြောင့် မင်းလိုလူလဲ ငါ့အတွက် လိုအပ်တယ်.)

ဝမ်းနည်းစရာပဲ ဒါ ဒီခေတ်ရဲ့ လက်ရှိ အခြေအနေပါ ပဲ ။

Address

Tiddim Road

Website

Alerts

Be the first to know and let us send you an email when CIKHA TODAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CIKHA TODAY:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share