Putao Channel

  • Home
  • Putao Channel

Putao Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Putao Channel, News & Media Website, .

22/01/2024
အရွယ်မလွန်ခင် ကြိုးစားပါ...PDF PUTAO များမှ ကြိုဆိုပါတယ်😍😍😍😍😍
13/11/2023

အရွယ်မလွန်ခင် ကြိုးစားပါ...
PDF PUTAO များမှ ကြိုဆိုပါတယ်😍😍😍😍😍

လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စ ရပ်နားလိုကြောင်း ဒေသခံဦးဆောင်သူက စစ်ကောင်စီတပ်ထံစာပို့2 November 2023 - Kachi...
02/11/2023

လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စ ရပ်နားလိုကြောင်း ဒေသခံဦးဆောင်သူက စစ်ကောင်စီတပ်ထံစာပို့

2 November 2023 - Kachinwaves

ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စတွင် ဆက်လက်ပါဝင်လိုခြင်း မရှိကြောင်း ဒေသခံမှ ဦးဆောင်သူက သက်ဆိုင်ရာ စစ်ဗျူဟာရုံးကို စာဖြင့်တင်ပြထားကြောင်း ပူတာအိုဒေသခံတစ်ဦး ပေးပို့သည့် စာအရ သိရှိရသည်။

အဆိုပါတင်ပြစာကို ပူတာအိုအခြေစိုက် ခလရ (၄၆) စစ်ကောင်စီတပ်ရင်းသို့ ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် တင်ပြထားသည်ကို တွေ့ရှိရသည်။

“ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းအား ရပ်နားရန်ကိစ္စ အကြောင်းကြားခြင်း”ဟု အဆိုပါတင်ပြစာ၏ အကြောင်းအရာ၌ ဖော်ပြထားသည်

ဒေသခံများလည်း လက်မခံကြောင်း လုံရှာယန်ဒေသခံတစ်ဦးက Kachinwaves ကို ပြောသည်။

စာတင်ထားသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ အကြောင်းပြန်မှုကိုတော့ မသိရသေးကြောင်း ပြောပါသည်။

“ပြီးခဲ့တဲ့ မေလလောက်က စည်းရုံးမှုတွေ စလုပ်ခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံက ပြောသည်။

စက်တင်ဘာတွင် စစ်ကောင်စီဥက္ကဌက ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထို့အပြင် လွန်ခဲ့သော ၂၀၂၁ ခုနှစ်ကလည်း KIA ကို တိုက်ခိုက်ရန်ဟုဆိုကာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့မှ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအို စသည့်မြို့များမှ ပြည်သူများကို လိုက်လံ စည်းရုံးနေသည့် သတင်းများလည်းရှိခဲ့သည်။

သူရဲ့ အရိပ်ကသူရဲ့ အတိတ်နိမိတ်သူရဲ့အနာဂတ်
02/11/2023

သူရဲ့ အရိပ်က
သူရဲ့ အတိတ်နိမိတ်
သူရဲ့အနာဂတ်

ပြည်သူ့စစ် ၁၅ ဦး ညီနောင်မဟာမိတ်ထံ ထပ်ပြီးအလင်းဝင်November 1,2023/ Kachin News groupရှမ်းမြောက် ကိုးကန့်ဒေသမှာ စစ်တပ်လက်...
01/11/2023

ပြည်သူ့စစ် ၁၅ ဦး ညီနောင်မဟာမိတ်ထံ ထပ်ပြီးအလင်းဝင်
November 1,2023/ Kachin News group

ရှမ်းမြောက် ကိုးကန့်ဒေသမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၁၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ထံ လက်နက်ချကာ ထပ်ပြီးအလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်ထားပါတယ်။

ခုလိုလက်နက်ချအလင်းဝင်လာသူတွေကို ညီနောင်မဟာမိတ်အဖွဲ့က တစ်ဦးကို ခရီးစရိတ် ၁၅ သိန်း ပေးပြီးဘေးကင်းရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ထံ အောက်တိုဘာ ၃၀ ရက် နေ့ကလည်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာ အခြေချ တပ်ထိုင်တဲ့ ရမခ လက်အောက်ခံ ခလရ (၁၄၃)တပ်ရင်းမှ စစ်သား ၄၁ ဦးကလည်း လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။

Photo- The Kokang

နိဂုံး ၏ အစ လော*****************မြောက်ပိုင်း ညီနောင် သုံးဖေါ် အဖွဲ့ မှ ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆ...
29/10/2023

နိဂုံး ၏ အစ လော
*****************

မြောက်ပိုင်း ညီနောင် သုံးဖေါ် အဖွဲ့ မှ ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ နမ်းခမ်း၊ နောင်ချို၊ ချင်းရွှေဟော် နှင့် မန္တလေး တိုင်း မိုးကုတ်မြို့များသို့ သောကြာနေ့ မနက်လင်းအားကြီး ၄ နာရီခန့် တွင် တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည် ဆိုသော သတင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် ပါရှိလာပြီ ဖြစ်သည်။

ထိုသို့ ဟာမားစ် စတိုင် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကို အောက်တိုဘာ ၂၇ ရက်နေ့ အား အစွဲပြု၍ ၁၀၂၇ စစ်ဆင်ရေး ဟု အမည်ပေးထားပြီး ကချင် ပြည်နယ် မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် ပြီးနောက် နှစ်ပတ် အကြာတွင် ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

AA, TNLA, နှင့် MNDAA တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ ထုတ်ပြန်သော ကျေညာချက်တွင် ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ပြည်သူများအား စိတ်ရှိတိုင်း လက်နက်ကြီးများ၊ လေကြောင်းမှ အကြမ်းဖက်နေမှု များ မှ အကာအကွယ်ပေးရန် ဆင်နွှဲခြင်း ဖြစ်သည်ဟု ပါရှိသည်။

ကျေညာချက်၏ အဆုံးသတ်တွင် ရှမ်းပြည် အထူး အုပ်ချုပ်ရေး ဒေသ ကိုးကန့်တွင် အခြေစိုက်ပြီး အွန်လိုင်း မှ လိမ်လည်သည့် ဂိုဏ်းများ ပပျောက်သွားရန်လည်း ရည်ရွယ်သည်ဟု ပါရှိသည်။

ထိုစစ်ဆင်ရေး တွင် လာရှိုး မြို့ဝင် စစ်ကြောရေး ဂိတ် အပါအဝင် စစ်ကောင်စီ အထိုင်ချ စခန်းများကို တိုက်ခိုက်ခဲ့ကြပြီး လာရှိုး-မူဆယ် အဝေးပြေးလမ်းမကြီး၊ လားရှိုး-ချင်းရွှေဟော် လမ်းများကို ပိတ်ဆို့ လိုက်ပြီ ဖြစ်သည်ဟု MNDAA ၏ သီးခြား ကျေညာချက်တွင် ပါရှိသည်။ ချင်းရွှေ ဟော်အား လည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသည်။ ချင်းရွှေဟော် တံတား၊ ဟိုပန်၊ ကွမ်းလုံ နှင့် မိုင်းကိုးရှိ စစ်ကောင်စီ စခန်းများအားလည်း သိမ်းပိုက်နိုင်ခဲ့သည်။ အွန်လိုင်းတွင်လည်း ချင်းရွှေဟော် စစ်ကြောရေး ဂိတ်အနီး ရဲ နှင့် ပျုစောထီးများ လမ်းများ ပေါ်တွင် တုံးလုံး ပက်လက် ဖြစ်နေသည့်ပုံများလည်း ပျံ့နှံ့လာသည်။

အာဏာသိမ်း အဖွဲ့ မှ ထုံးစံအတိုင်း လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ များ နှင့် လာရှိုးအား နံနက် ရှစ်နာရီခန့်တွင် ပြန်လည် တိုက်ခိုက်လာသည်ဟု ဒေသခံများက ဆိုသည်။ စစ်တပ် ၏ တယ်လီဂရမ် ချန်နယ်များ မှ လည်း မြောက်ပိုင်း ညီနောင်များ အဖွဲ့သည် မြို့ပေါင်း ၁၂ မြို့ကို တပြိုင်တည်း တိုက်ခိုက်လာသည်ဟု ရေးသားထားကြောင်း AFP သတင်းတွင် ပါရှိလာခဲ့သည်။ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှလည်း အဆိုပါ တိုက်ခိုက်ခံခဲ့ရမှု ကို စစ်တပ် လိုလားသော NP မီဒီယာ အား အတည်ပြု ခဲ့ပြီး ချင်းရွှေဟော် မြို့ရှိ ဟိုတယ် ကို တိုက်ခိုက်ပြီး ဝန်ထမ်းများကို ဖမ်းဆီးသွားသည်ဟု လည်း ပြောကြောင်း AP သတင်းတွင် ပါရှိလာသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ မော် နင်း မှ အပစ်အခတ် အမြန်ဆုံး ရပ်စဲကြပြီး ငြိမ်းချမ်းသော နည်း ဖြင့် ဆွေးနွေး အဖြေရှာကြပါရန် တိုက်တွန်းကြောင်း သတင်းထောက်များ၏ အမေးကို တုန့်ပြန် ဖြေ ကြားသွားသည်။

သို့သော် စစ်ဆင်ရေး ၁၀၂၇ ၏ ကျေညာချက်တွင် ပါရှိသော ရည်ရွယ်ချက်များ အကောင်အထည် ဖေါ်ရေးသည် စစ်အာဏာသိမ်း အဖွဲ့၏ လမ်းစဉ် နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေ၍ မည်သို့များ အဖြေရှာ၍ ရပေမည်နည်း။

စစ်ကောင်စီ နှင့် ၎င်းတို့ အား ထောက်ခံနေသူများသည် လေကြောင်းပစ်ကူ နှင့် လက်နက်ကြီး များ အားကိုးပြီး ရပ်တည် နေကြရခြင်း ဖြစ်၍ ထိုအတိုင်း နှင့် ပြီးသွားမည် မဟုတ်ပဲ ယင်း အား တန်ပြန် နိုင်မည့် လက်နက်များ၊ နည်းလမ်း များသည် မည်သည့် အချိန်ဟုသာ မပြောနိုင်သော်လည်း အနှေး နှင့် အမြန် ထွက်ပေါ်လာတော့မည် ဆိုသည်ကို သတိချပ်ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းနေသူများ မိမိတို့ အန္တရာယ်ကို မိမိတို့ ကြိုတင် ကြည့်ရှောင်ကြမှသာ ဖြစ်ပေတော့မည်။

၁၉၇၅ တွင် ဆိုင်းဂုံတွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်မည့် ဆိုလျှင် တောင်ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီးများက ရွှေ နှင့် ဒေါ်လာများ ထည့်ထားသော အိတ်ကြီး အိတ်ငယ်များ သယ်ကာ လေယာဉ်၊ ရဟတ်ယာဉ် များ နှင့် အမေရိကန် စစ်စခန်း များ ရှိရာ ထွက်ပြေးသွားကြသော်လည်း တောင်ဗီယက်နမ် အစိုးရ အပေါ် သစ္စာ ခံခဲ့ကြသူများ အဖို့က နိုင်ငံမှ ထွက်ခွာခွင့်ရရန် အမေရိကန် သံရုံး အပြင်ဖက်တွင် အလုအယက် တိုးဝှေ့နေကြသည့် မြင်ကွင်းကို ပုံတွင် တွေ့နိုင်ပေသည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ် KNLA နှင့် တော်လှန်ရေး တပ်များ ပူးပေါင်းပြီး ကော့ကရိတ်၊ သရက်ချောင်း နှင့် ကျောက်ကြီး မြို့များအားလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ကြပြန်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။"ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။"အောင်မြင်နေတဲ့ "  အချိန်မှာ တည်ငြိမ...
27/10/2023

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား....
•••••••••••••••••••••

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။.
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။.
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။.
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။.
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။.
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။.
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။.
သင် ကျရူံးနေလား...
•••••••••••••••

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ.....
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။.
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။.
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။.
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။.
ကျရူံးချိန်တွေ ပြီးရင် ....
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။.
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။.
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။.
သင် အောင်မြင်နေပြီလား
•••••••••••••••••••••

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။.
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။.
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။.
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။.
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။.
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။.
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ.
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။.
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။.
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။.
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။

ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။.
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။.
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။.
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။.
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။.
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ ....
သင်ဘယ်တော့မှ မမေ့ပါနဲ့။

29/09/2023

အရှိန်မြှင့်လာမဲ့
ပူတာအို PDFမှ
ကနောင် စစ်ဆင်ရေး

29/09/2023

တူမီးကိုင်ပြီး စည်းလုံးခဲ့ကြပြီးမှ
မောင်းပြန်နဲ့ကြမှ
မဖောက်ပြန်ပါနဲ့
ပူတာအို ရယ်

စစ်ခွေးများနှင့် U အတန်၊ ခေါင်လန်ဖူးဌာနယ် ပြည်သူ့စစ်သားများ ရှေ့တန်းသို့သွားရန် ယနေ့ ၂၇.၉.၂၀၂၃ နေ့ရက်တွင် ပြင်ဆင်နေကြောင...
27/09/2023

စစ်ခွေးများနှင့် U အတန်၊ ခေါင်လန်ဖူးဌာနယ် ပြည်သူ့စစ်သားများ ရှေ့တန်းသို့သွားရန် ယနေ့ ၂၇.၉.၂၀၂၃ နေ့ရက်တွင် ပြင်ဆင်နေကြောင်း သတင်း။
hot ပူတာအိုမြို.

နွေဦးတော်လှန်ရေး အမည်ခံ၍ ကိုယ်ကျိုုးအတွက် လုပ်စားနေသောအဖွဲ့အစည်းများ Malaysia နိုင်ငံအတွင်း ရောက်ရှိနေကြောင်းသိရှိရပါသဖ...
12/09/2023

နွေဦးတော်လှန်ရေး အမည်ခံ၍ ကိုယ်ကျိုုးအတွက် လုပ်စားနေသောအဖွဲ့အစည်းများ Malaysia နိုင်ငံအတွင်း ရောက်ရှိနေကြောင်းသိရှိရပါသဖြင့်
စစ် မြေပြင်ရှိ PDFလူငယ်များ အလွန်ဝမ်းနည်းလျှက်
မလေးရှားနိုင်ငံရှိ ကချင်ပြည်နယ်သူ/သားများ သတိပြုရန်အတွက် ဖော်ပြအပ်ပါသည်။

06/09/2023
“ အမိအဖကို ထားခဲ့တယ်၊ ချစ်သူရည်းစားကို ထားခဲ့တယ်၊အပူအပင်မဲ့ ရယ်ရယ်သွမ်းသွမ်းပျိုမျစ်ချိန်တွေနဲ့ မြစ်ကမ်းနံဘေးက ရှုမျှော်...
23/08/2023

“ အမိအဖကို ထားခဲ့တယ်၊ ချစ်သူရည်းစားကို ထားခဲ့တယ်၊
အပူအပင်မဲ့ ရယ်ရယ်သွမ်းသွမ်းပျိုမျစ်ချိန်တွေနဲ့ မြစ်ကမ်းနံဘေးက ရှုမျှော်ခင်းများ ထားခဲ့တယ်။

ချစ်ခြင်းမေတ္တာသာ လူဖြစ်မှုရဲ့ အသရေပါပဲ၊
လွတ်လပ်ခွင့်နဲ့ တရားမျှတမှုသာ ယုံကြည်လေးမြတ်သမျှ နိုင်ငံတော်ပါပဲ။

တရားက မှန်ပေမယ့်
လူသားကတော့ မှားယွင်းခဲ့လေသလားပေါ့
လူရွယ်က တိုးတိုးတိတ်တိတ် ငိုတယ် … “

လီဆူ ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် ကျေးရွာအချို့တွင် စည်းရုံးရေးလုပ်ရှား
18/08/2023

လီဆူ ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက် ကျေးရွာအချို့တွင် စည်းရုံးရေးလုပ်ရှား

19/07/2023

ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDFကို မထောက်ခံဘူးလို့ပြောပါတယ်ဆိုတဲ့ လိမ်လည်ရေးသားထားတဲ့စာတွေကို ပရင့်ထုတ်ပြီး တစ်ပြည်လုံးမှာ လိုက်ဝေနေသတဲ့။

ကိုယ်ကြားသိထားရသလောက်က စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဲ့မေးခွန်းကို ပုံစံမျိုးစုံနဲ့ လှည့်ပတ်မေးမြန်းနေတာ ကြာလှပြီ။ ထောက်ခံပါတယ် ပြောရင် နိုင်ငံတော် ပုန်ကန်မှုဆိုပြီး သေဒဏ်ထိပေးလို့ရတဲ့ အမှုနောက်တစ်မှုတိုးမယ်။ မထောက်ခံဘူးပြောရင်. ဘယ်တော့မှ ပြောမှာ မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လေ။

အမေက အမြဲ အဖြေတစ်ခုပဲ ပေးလေ့ရှိတယ်တဲ့။ သူဖမ်းဆီးခံရပြီးနောက်မှ ပေါ်ပေါက်လာတဲ့အရာတွေကို မှတ်ချက်ပေးစရာ မရှိပါဘူးဆိုတဲ့ အဖြေကိုပဲ အမြဲဖြေလေ့ရှိတယ်လို့ ကြားသိထားတယ်။

အခု ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ အမေစုက NUG, PDFကို မထောက်ခံဘူးပြောပါတယ်ဆိုပြီး အကြီးအကျယ်ဖွနေတာက တော်လှန်ရေးဘက်သားတွေကို ရည်ရွယ်တာ မဟုတ်ဘူး။ တော်လှန်ရေးထဲမှာ ပါဝင်နေကြသူတွေက မင်းအောင်လှိုင်က သူတော်ကောင်းကြီးပါဆိုတဲ့ အလိမ်စကားမျိုးကိုသာ ယုံချင်ယုံဦးမယ်။ NUG, PDFကို မထောက်ခံဘူးဆိုတဲ့စကားကိုတော့ မယုံဘူးလေ။ စကစရဲ့ Target က သတင်းတွေနဲ့ဝေးသူ၊ တော်လှန်ရေးနဲ့ကင်းကွာနေသူတွေကို မှိုင်းတိုက်ဖို့ ကြံစည်တာပဲ။

စကစဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာကို Out of Record အတွေ့ခံမတဲ့လား။ သူခိုးကျင့် သူခိုးကြံနဲ့ ပိစိညှောင့်တောင့်ကိစ္စတောင် Record ယူနေတဲ့ကောင်တွေက ဒီကိစ္စမျိုးကို Record မယူဘဲ ထားမတဲ့လား။ ဒေါ်အောင်ဆန်းစုကြည်သာ ဒီလိုပြောရိုးမှန်ရင် Video File အစုံအလင်နဲ့ MRTV, MWD မှာ ပလူပျံနေရောပေါ့။

အဲ့တော့ကွာ ဒေါ်အောင်ဆန်းစုကြည်က နင်တို့လက်ထဲမှာပဲ။ ဒီလိုသဘောထားရှိတယ်ဆိုရင် MRTV, MWD ကနေ တိုက်ရိုက်လွှင့်ပြီး NUG, PDFကို ကျွန်မအောင်ဆန်းစုကြည်က လက်မခံပါဘူးလို့ မိန့်ခွန်းပြောခိုင်းလိုက်လေ။

တို့အမေသာ ဒီလိုပြောမယ်ဆို ရွှေဝေါနဲ့ပင့်ထုတ်လာမယ့်ကောင်စားတွေကများ။

လည်တော့လည်တယ်တစ်ပတ်မပြည့်တဲ့ ခြင်ဆေးခွေလိုကောင်တွေ။
😂

19/07/2023

နမ့်ဖတ်ကာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ကို KIA မှ တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အ မြောက်အမြား သိမ်းဆည်းရမိ July.18

တံတားယိုင်နဲ့လို့မှ မပြင်ရင် ပြိုကျဖို့ပဲ ရှိတယ်ဘ၀မှားမှန်းသိလျက်နဲ့ မဆင်ခြင်ရင်ပျက်စီးဖို့ ပဲရှိတယ်
18/07/2023

တံတား
ယိုင်နဲ့လို့မှ မပြင်ရင် ပြိုကျဖို့ပဲ ရှိတယ်

ဘ၀
မှားမှန်းသိလျက်နဲ့ မဆင်ခြင်ရင်
ပျက်စီးဖို့ ပဲရှိတယ်

ဉာဏ်ကောင်းချက်________________(အဖေက ရဲဆိုတာ မင်းမေ့နေလား အကို)ရဲသားကြီးဟာ သားနှစ်ယောက်ရဲ့ အိမ်စာတွေကို စစ်ဆေးနေပါတယ်။သား...
18/07/2023

ဉာဏ်ကောင်းချက်
________________
(အဖေက ရဲဆိုတာ မင်းမေ့နေလား အကို)

ရဲသားကြီးဟာ သားနှစ်ယောက်ရဲ့
အိမ်စာတွေကို စစ်ဆေးနေပါတယ်။

သားအကြီးကောင် ရဲ့ အိမ်စာတွေကို
စစ်လိုက်တဲ့အခါ ၁၀၀ မှာ ၅၅ မှတ် ပဲရတော့
သားကြီးကို ဆော်ပလော်တီးလိုက်တယ်။

၁၀၀ ပေးတာ ၁၄ မှတ် ပဲ ရတဲ့
သားအငယ်ကောင်ရဲ့ စာအုပ်ကို စစ်ဖို့လှန်ကြည့်
ပြီးတဲ့ အခါမှာတော့ ဘာတစ်ခွန်းမှ မပြောပဲ
အပြင်ကိုထွက်သွားတယ်။

သားအကြီးကောင်က အငယ်ကောင်ကို
အံ့သြပြီး မေးတာပေါ့.........

၁၄မှတ်ပဲရတာ "မင်းကိုကျ ဘာလို့ မရိုက်တာလဲ
မသိဘူး"

အဲဒီတော့ အငယ်ကောင်က ပြန်ပြောတယ်။

"အဖေက ရဲဆိုတာ မင်းမေ့နေလား
စာအုပ်ထဲမှာ ငါးထောင်တန်တစ်ရွက်
ညှပ်ပေးထားလိုက်တယ်လေ"

"တိန်"

ကချင်ပြည်နယ် လိုင်ဇာဘက်သို့ စကစ၏ တပ်ရင်း စုစုပေါင်း ၁၁ ရင်းအထိ ပို့ဆောင် ထားပြီး  စကစတပ်ကို KIA,PDF နှင့် အတူ AA ပူးပေါင...
18/07/2023

ကချင်ပြည်နယ် လိုင်ဇာဘက်သို့ စကစ၏ တပ်ရင်း စုစုပေါင်း ၁၁ ရင်းအထိ ပို့ဆောင် ထားပြီး စကစတပ်ကို KIA,PDF နှင့် အတူ AA ပူးပေါင်း၍ တိုက်ခိုက်နေ
July .17-18

happy father's dayအဖေများအားလုံး ကျန်းမာကြပါစေ
18/06/2023

happy father's day
အဖေများအားလုံး ကျန်းမာကြပါစေ

PDFများတော်လှန်ရေး ပြီးသောအခါ😁😁
02/06/2023

PDFများ
တော်လှန်ရေး ပြီးသောအခါ😁😁

" ကြာကြာပေါင်းမှအကြောင်းသိမယ် " - ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အ...
19/04/2023

" ကြာကြာပေါင်းမှအကြောင်းသိမယ် "

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
အတင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။

- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။

-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့်
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။

- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ
အကြောင်းသိ လာပါလိမ့်မယ်။

#မူးရင်းရေးသားသူကိုခရစ်ဒစ်ပေးပါသည်

08/04/2023

လုံရှာယန်နဲ့ တန်ဂျာကျေးရွာကြား KIA/PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်
-----------------------------
ဧပြီ၊၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ တန်ဂျာကျေးရွာကြား KIA/PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရင်း၁၃၇၊နဲ့ ၁၃၈ ပူးပေါင်းတပ်တွေဟာ မနေ့ည ၉ နာရီအချိန်လောက်က လုံရှာယန်ကျေးရွာကနေ မြစ်ကြီးနားမြို့ဘက် ဆင်းလာချိန် တန်ဂျာကျေးရွာအနီးက လုံဂါချောင်းအရောက်မှာKIA/PDFပူးပေါင်းတပ်တွေနဲ့ ဆုံတွေ့ပြီး မိနစ်(၃၀) လောက် နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေနဲ့ နီးစပ်တဲ့ ဒေသခံအရပ်သားတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီး သံတွေရော အရမ်းကြားတယ်။ ဆက်တိုက် ကြောက်စရာကြီးကို မြည်တာ။ ၆၀ မမက ၁၀ ချက်ကျော် ၁၅ ချက်လောက်ပစ်တယ်"လို့ ဒေသခံက ပြောပါတယ်။

တန်ဂျာကျေးရွာနဲ့ တိုက်ပွဲ ဖြစ်ပွားရာနေရာဟာ (၆)ဖာလုံလောက် ဝေးတာကြောင့် ရွာအတွင်း ထိခိုက်မှုမရှိဘူးလို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မတ်လအတွင်းက လုံရှာယန်ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကြာင်းဖြစ်ပြီး အင်အား ၆၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာမှာ သွေးရာတွေ ရှိနေတဲ့အတွက် ထိခိုက်မှုတွေရှိနိုင််ပြီး အသေးစိတ်အခြေအနေတော့ မသိရှိရဘူးလို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီခဲ့တဲ့ မတ်လ(၁၈)ရက်နေ့ကလည်း ဖွန်ကျန်းကျေးရွာကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA/PDFပူးပေါင်းတပ်တွေ လုံရှာယန်ကျေးရွာအနီး နှစ်ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မကန - ပူတာအို လမ်း လူသတ်မူဖြစ်ခဲ့အသေးစိတ်ကို မသိရ KIAအစုိးရ စစ်ဆေးနေဆဲပါ
31/03/2023

မကန - ပူတာအို လမ်း လူသတ်မူဖြစ်ခဲ့
အသေးစိတ်ကို မသိရ
KIAအစုိးရ စစ်ဆေးနေဆဲပါ

Address


Website

Alerts

Be the first to know and let us send you an email when Putao Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share