Myanmar Voice News

  • Home
  • Myanmar Voice News

Myanmar Voice News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Voice News, Media/News Company, .

26/01/2024
21/11/2022
အမြင်မတူသူနှစ်ဦး- - -​အောက်ပါ မျှ​ဝေသူနှစ်ဦးရဲ့ အယူအဆမတူကြတာကို ​ပြောချင်တာပါ-တစ်ဦးက အကြမ်းဖက်မှုကို အား​ပေးတာကို​တွေ...
05/07/2022

အမြင်မတူသူနှစ်ဦး- - -
​အောက်ပါ မျှ​ဝေသူနှစ်ဦးရဲ့ အယူအဆမတူကြတာကို ​ပြောချင်တာပါ-တစ်ဦးက အကြမ်းဖက်မှုကို အား​ပေးတာကို​တွေ့ရပြီး တစ်ဦး​ကတော့ ငြိမ်းချမ်း​ရေးအတွက် အား​ပေးထားတာကို​တွေ့ရတယ်။ ဘယ်သူမှားတယ် မှန်တယ် မ​ဝေဖန်လိုပါ-သို့​သော် နှစ်ဦးလုံး ဗုဒ္ဓဘာသာ ဗမာလူမျိုး အညာသားစစ်စစ်​တွေပါ။NUG-PDF ကို ​ထောက်ခံအား​ပေး​နေတာဟာ ဒီ​နေ့ ရဟန်းသံဃာ​တော်​တွေ အပြစ်မဲ့ ပြည်သူ​တွေ ဆရာ ဆရာမ​တွေ ဝန်ထမ်း​တွေကို သတ်ဖြတ်​နေတာကို မိမိကိုယ်တိုင် ကြူးလွန်သကဲ့သို့ အပြစ်ရှိပါတယ်။မိမိကိုယ်တိုင်
အပြစ်မကျူးလွန်လို့ မိမိနဲ့ ဘာမှမဆိုင်ဘူး မယူဆပါနဲ့။ဗုဒ္ဓဘာသာရဲ့ အသက်ဖြစ်တဲ့ ငါးပါးသီလမှာ ပါဏာတိပါတာသိက္ခာပုဒ်က မည်သည့်သတ္တဝါရဲ့ အသက်ကို သတ်သတ် အပြစ်ရှိပါတယ်။
သီလသမာဓိရှိ လူပုဂ္ဂိုလ်များ သီလစင်ကြယ်ကြတဲ့ ရဟန်းသံဃာ​တော်များကို မိမိကိုယ်တိုင် သတ်ဖြတ်ခြင်း၊သူတပါးအား သတ်ဖြတ်​စေရန် တိုက်တွန်းခြင်း၊နှိုး​ဆော်ခြင်း​တွေဟာ အလွန့်အလွန်အပြစ်ကြီးပါတယ်။ယခုဘဝမှာ ဖြစ်ဖြစ်​နောင်တမလွန်မှာ ဖြစ်ဖြစ် တ​နေ့ တန်ပြန်အကျိုးသက်​ရောက်မှု ရှိလာမှာပါ။
ဗုဒ္ဓဘာသာဟာ အဓိက ကိုယ်တိုင်ကျင့်ရမဲ့ ကိုယ်ကျင့်သီလဟာ အသက်ပါဘဲ။

05/07/2022

ကောလင်းမြို့နယ်တွင် ကျောင်းဆရာ၊ဆရာမ မောင်နှမနှစ်ဦးအား လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ရှိ အ.မ.က ကျောင်းများ၌စာသင်ကြားပေးနေသည့် ကျောင်း ဆရာ၊ဆရာမ မောင်နှမ ၂ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဇူလိုင် ၃ ရက်နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က သရက်ခုံကျေးရွာနေသူများဖြစ်ကာ မောင်းကော်ကျေးရွာရှိ အ.မ.က ကျောင်း၌ စာသင်ကြားနေသည့် ကျောင်းဆရာဦးဇော်ဝင်းသိန်း(၄၃)နှစ်နှင့်သရက်ခုံကျေးရွာရှိ အ.မ.က ကျောင်း၌စာသင်ကြားနေသည့် ၎င်း၏ညီမဖြစ်သူ ကျောင်းဆရာမ မဥမ္မာဝင်း(၂၇)နှစ်တို့ နေအိမ်တွင်ရှိနေစဉ် လက်နက် ကိုင်အဖွဲ့ဝင် ၂၀ ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းတို့ ၂ ဦးအားဖမ်းဆီး၍ သရက်ခုံကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ အင်ကြောဇင်ကျေးရွာအနီး(မောင်းသွန်းကုန်း)တံတားအနီးအရောက် သေနတ်များပစ်သတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းဆရာ၊ဆရာမ မောင်နှမ ၂ ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Website တွင်ဖတ်ရှုရန် >> https://wp.me/paRxJm-kuB

ယူကရိန်းနဲ့ မှားပြီး​ရေးထားတာလား
25/02/2022

ယူကရိန်းနဲ့ မှားပြီး​ရေးထားတာလား

ရန်ကုန်တိုင်း မြို့နယ်အများအပြားတွင် ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ထွက်ပေါ်

ဂန္ဒမာ

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် အများအပြား၌ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ပေါက်ကွဲသံများ ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ယင်းမြို့နယ်များတွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။

တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာနှင့် ခရမ်းမြို့နယ်တို့တွင် ယင်းပေါက်ကွဲ ပစ်ခတ်သံများ ထွက်ပါ်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ် အသီးသီး၌ ပေါက်ကွဲသံများ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ထွက်ပေါ်ခဲ့ပြီး ည ၁၀ နာရီကျော် ဝန်းကျင်တွင် ပစ်ခတ်သံများ ကြားရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီည ရန်ကုန်မှာ နေရာတိုင်းလိုလို ပေါက်ကွဲသံတွေ ကြားနေရတယ်။ ကိုယ်တွေလည်း ကြားရတယ်။ အသံကလည်း အရမ်းကျယ်တယ်။ ပေါက်သံတွေ ကြားရပြီး နှစ်နာရီလောက်ကြာတော့ ပစ်သံတွေပါ ကြားရတော့တာဘဲ။ အချိန်ကလည်း အပြင်ထွက်လို့ရတဲ့ အချိန် မဟုတ်တော့ ဘာတွေဖြစ်နေလဲ မမြင်ရပေမယ့် ရန်ကုန်မှာ တော်တော်ကြမ်းနေပြီ ဆိုတော့ အားရတယ်" ဟု တောင်ဥက္ကလာပ ဒေသခံ တစ်ဦးက ပြောသည်။

ယခုညပိုင်း ထွက်ပေါ်ခဲ့သော ပေါက်ကွဲသံများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့များက လုပ်ဆောင်ကြောင်း အတိအကျ မသိရသေးရာ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

#ရန်ကုန်
#ပေါက်ကွဲသံများ

25/02/2022

ယူကရိန်းတစ်နိုင်ငံတည်း ကာကွယ်ခုခံနေရ၊ အင်အားကြီးတပ်တွေ အဝေးကနေသာစောင့်ကြည့်နေတယ်လို့ ယူကရိန်းသမ္မတ ပြော

ယူကရိန်းသမ္မတ ဗလော့ဒီမာ ဇလန်းစကီးက ယူကရိန်းကို ကူညီပေးဖို့နဲ့ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အနောက်မဟာမိတ်တွေထံ ထပ်မံမေတ္တာရပ်ခံလိုက်ပါတယ်။

“ဒီမနက်မှာ ကျွန်တော်တို့ တစ်နိုင်ငံတည်း ခုခံကာကွယ်နေရပါတယ်။ မနေ့ကလိုပဲ ကမ္ဘာ့အင်အားကြီးတပ်ဖွဲ့တွေက ကျွန်တော်တို့ကို အဝေးကနေပဲ စောင့်ကြည့်နေပါတယ်”လို့ သမ္မတ ဇလန်းစကီးက ဒီမနက်မှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားကို နားချစည်းရုံးနိုင်ခဲ့လားလို့ သူက မေးခွန်းထုတ်ခဲ့ပြီး ဒါဟာ လုံလောက်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။

မြို့တော် ကိယက်ဗ်မှာ ဒီနေ့မနက် အရုဏ်မတက်ခင်တည်းက ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်ဆိုတာကို သမ္မတ ဇလန်းစကီးက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းစံတော်ချိန် မနက် လေးနာရီမှာ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ရှရှားဟာ အရပ်သားတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အရင်က ပြောထားပေမယ့် ရုရှားရဲ့ တိုက်ခိုက်မှုတွေမှာ စစ်ဘက်ရော အရပ်ဘက် နေရာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ-UKRAINE PRESIDENT/FACEBOOK

25/02/2022
25/02/2022

ယူကရိန်းကို ရုရှားကဝင်တိုက်တဲ့ဒုတိယမြောက်နေ့ ဒီနေ့မှာ Kyiv မြို့ပြင်မှာ တိုက်ပွဲတွေဖြစ်နေပြီး သံတမန်ရေးလည်.....

25/02/2022
25/02/2022
25/02/2022
24/02/2022
24/02/2022
တပ်မတော်က မလုပ်ရဲတာ မရှိဘူး
24/02/2022

တပ်မတော်က မလုပ်ရဲတာ မရှိဘူး

ပေလည်ရွာက pdf ​တွေ ​မွေးထုတ်​ပေးတဲ့ရွာ
23/02/2022

ပေလည်ရွာက pdf ​တွေ ​မွေးထုတ်​ပေးတဲ့ရွာ

ကန့်ဘလူမြို့ ပေလည်ရွာသား လေးယောက် လက်နက်ကြီးကြောင့် သေဆုံး
~~~~~~
■ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေလည်ရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနေ့က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား လေးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးနဲ့ အချက် သုံးဆယ်လောက်ပစ်ခတ်ခဲ့ရာ မိသားစု လေးယောက်ရှိနေတဲ့ အိမ်တစ်လုံးပေါ်ကျပြီး လေးယောက်လုံး သေသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“အပြန်အလှန်တိုက်ပွဲလည်း မရှိဘူး၊ ရွာက PDF လည်း မရှိဘူး၊ ဘာလို့လုပ်လဲကို မသိဘူး၊ လက်နက်ကြီး တွေနဲ့ထု ရွာအပြင်ထွက်ပြေးတဲ့သူတွေကိုလည်း ပစ်တယ်။ တကယ် ရက်ရက်စက်စက်ကို လုပ်တာပါ၊ တချို့လည်း ထွက်ပြေးတာလွတ်တယ်။ တချို့လည်း မလွတ်ကြဘူး၊ အခုထိရွာကို ပြန်မကပ်ရဲကြသေးဘူး၊ ပျောက်နေတဲ့သူတွေလည်း အများကြီးပဲ၊ ရွာထဲက ထွန်စက်တွေ၊ ဆိုင်ကယ်တွေကစ သူတို့သယ် သွားကြတယ်“

အသက် (၅၀) အရွယ် ဒေါ်သန်းနွယ်၊ (၂၃) နှစ်ရှိ မသက်ဖူးဝေ၊ (၂၈) နှစ်အရွယ် ကိုချမ်းငြိမ်းအောင်နဲ့ ကိုဟိန်းကိုဦး (၁၈) နှစ်တို့ သေဆုံးခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၀၀ ခန့်နဲ့ ပျူစောထီး ၁၀၀ လောက်ဟာ အဲဒီရွာထဲဝင်ပြီး တပ်စွဲထားကြတယ်လို့ ဆိုပါတယ်။ ပေလည်ရွာဟာ အိမ်ခြေ ၉၀ လောက်ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင်ရှိကာ ထွက်မပြေးနိုင်သူတချို့ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲက အိမ်တချို့လည်း လက်နက်ကြီးထိမှန်လို့ ပျက်စီးတာတွေရှိတယ်ဆိုပေမယ့် ရွာသားတွေထွက် ပြေးနေကြရလို့ အိမ်ဘယ်လောက် ပျက်စီးခဲ့တယ်ဆိုတာ မသိနိုင်သေးဘူးလို့လည်း ပြောပါတယ်။

ပေလည်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
- Unicode
---------------

~~~~~~






- Zawgyi
---------------

Photo: CJ

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ဧပြီ ၅ ရက်နေ့က တွေ့ရစဉ်)

13/02/2022

[𝐙𝐚𝐰𝐠𝐲𝐢]
ခေတ်သစ်သတင်းဌာန အယ်ဒီတာချုပ် သာလွန်ဇောင်းထက် နေအိမ်ချိတ်ပိတ်ခံရ
------------------------------------------------------------------------------------------
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟏𝟑 , 𝟮𝟬𝟮𝟮 { ရန်ကုန်သတင်းပုံရိပ် }

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဦးဆောင်သူ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်ရှိ နေအိမ်ကို ယနေ့ နံနက် ၉ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့တွေလာရောက် ချိတ်ပိတ်သွားကြောင်း ၎င်းပိုင်သတင်းဌာနကထုတ်ပြန်ချက်အရသိရသည်။

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ မင်း
လမ်း၊ အိမ်အမှတ် ၆၅ ၊ ၅ လွှာတွင် တည်ရှိနေသော ကိုသာလွန်ဇောင်ထက်၏ နေအိမ်ကို ယနေ့ နံနက်ပိုင်းတွင်လာရောက်ချိတ်ပိတ်ခဲ့ပြီး အိမ်တွင်းရှိပစ္စည်းများသိမ်းဆည်သွားကြောင်းသိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာအဖွဲ့ဝင်များကို စမ်းချောင်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) (ခ) ၊ ပုဒ်မ ၁၇ (၁) ဖြင့်လည်းကောင်း၊ အနောက်ပိုင်းခရိုင်တရားရုံးတွင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) ၊ ပုဒ်မ ၅၂ (က) ၊ ပုဒ်မ ၁၂၄ (က) များဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

#𝐘𝐍𝐈 ရန်ကုန်သတင်းပုံရိပ်

Telegram တွင်လည်းရန်ကုန်သတင်းပုံရိပ်သတင်းများဖတ်ရှုနိုင်ပါပြီ
https://t.me/yangonnewsimage/57

[𝐔𝐧𝐢𝐜𝐨𝐝𝐞]
------------------------------------------------------------------------------------------
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }





https://t.me/yangonnewsimage/57

13/02/2022

ဗမာအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီညွတ်ကြဖို့ NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
----------------------------------
KNA| February 13,2022.

ဗမာအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီညွတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြားလိုက်ပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ၁၂ရက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ (၇၅)နှစ်မြောက် နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်​ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကနေ့ ပင်လုံစာချုပ် ၇၅နှစ်မြောက်နေ့မှာ ပြောချင်တာ၊ တောင်းဆိုချင်တာကတော့ ပြည်သူတွေက ညီပြီးသားပါ။လူငယ်တွေက ညီပြီးသားပါ။ဗမာ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ ညီညွတ်ကြပါတော့။စစ်အာဏာရှင်အမြစ်ပြတ် ဖယ်ရှားရေးနဲ့ လူမျိုးကြီးဝါဒမရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးအတွက် ကျွန်တော်တို့ရဲ့ အသက်တွေ၊ အသွေးအသားတွေ၊ ပိုင်ဆိုင်မှုတွေ၊ဘဝတွေနှင့်အတူ ဒီတော်လှန်ရေးကို ညီညွတ်စွာပါဝင်ပြီး အောင်မြင်အောင် တိုက်ပွဲဝင်ကြပါစို့"လို့ဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ NUGအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်တွေ ရှိနေပါတယ်။

09/02/2022
09/02/2022
09/02/2022

ဒါရိုက်တာဝိုင်း ဖမ်းဆီးခံရ

ဒါရိုက်တာဝိုင်းကို ဒီကနေ့ မနက်ပိုင်းက သက်ဆိုင်ရာက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရန်ကုန် ပုဇွန်တောင်မြို့နယ်ထဲက တိုက်ခန်းတစ်ခုမှာရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားမှုကို ရဲက အတည်ပြုခဲ့ပြီး အသေးစိတ်ကိုတော့ မပြောသေးပါဘူး။

ဒါရိုက်တာဝိုင်းကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတာရှိတယ်လို့ သိရပါတယ်။

ဒါရိုက်တာဝိုင်းဟာ "ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်" ဆိုသည့် NLD အောင်နိုင်ရေးဇာတ်လမ်းရိုက်ကူးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal

09/02/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးဖို့ရှိတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၈ ရက်မှာ ပြောလာပါတယ်။

NLD ပါတီအပါအဝင် ရန်ကုန်တိုင်းအခြေစိုက်တဲ့ တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း စစ်ဆေးမယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်သစ်က ပါတီတွေကို ဘာ့ကြောင့် စစ်ဆေးနေတာပါလဲ။
ပုံစာ - အာဏာသိမ်းမှုဖြစ်ပြီး သီတင်း ၂ ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်ရှိရာ ရွှေဂုံတိုင်လမ်းပေါ်မှာ လုံခြုံရေးရယူထားတဲ့အခြေအနေဖြစ်ပါတယ်။
ဓာတ်ပုံ - Getty Images
ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59951679
#ဘီဘီစီမြန်မာပိုင်း #ရွေးကောက်ပွဲကော်မရှင် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #တစည #စစ်ဆေးမှု #စစ်ကောင်စီ #ပါတီ #နိုင်ငံရေး

08/02/2022
08/02/2022

မနက်ဖြန် မြို့တော်ခန်းမကနေ လေဆိပ် အထိကို အလံသယ် လမ်းကြောင်းရှိသောကြောင့် အချို့လမ်းတွေ ပိတ်နိုင်တယ်လို့ သ....

08/02/2022

YBS ယာဉ်စီးခ (၄၀၀) ထက်မကျော်ဘဲ ကောက်ခံဖို့ ပြင်

ယာဉ်လိုင်းနံပါတ်အသစ်ထပ်တိုးပြီး ပြည်ထောင်စုနေ့မှာစတင်ပြေးဆွဲမယ်

YBS ယာဉ်လိုင်းတွေကို ခရီးအကွာအဝေးအလိုက် ယာဉ်စီးခ ကျပ်(၄၀၀) ထက် မကျော်စေဘဲ ကောက်ခံဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဘယ်အချိန်စတင်ပြောင်းလဲကောက်ခံမလဲဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။

အခုလက်ရှိခရီးသည်တွေကြုံနေရတဲ့ ယာဉ်စီးခတိုးကောက်တာ၊ ယာဉ်အကူ စပယ်ယာလိုက်ပါတာတွေကို ဒဏ်ကြေးကောက်တာတွေလုပ်ပေမယ့်လည်း လက်တွေ့မှာ ထိရောက်မှုမရှိနေတာကြောင့် ငွေသားအသုံးမပြုရတဲ့ ကတ်စနစ်ကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီစနစ်ကို (၁) နှစ်အတွင်းအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTCရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန့်မန်က ပြောပါတယ်။

ဒါ့အပြင်YBS ယာဉ်လိုင်းတွေကိုလည်းလိုင်း (၁၂၀)ကျော်အထိ ထပ်တိုးသွားဖို့ရှိနေပြီး ဒါဟာ အများပြည်သူသွားလာရ ပိုမိုအဆင်ပြေစေဖို့ ယာဉ်လိုင်းနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရတာလို့ ဆိုပါတယ်။ ဒီနံပါတ်အသစ်နဲ့ ထပ်တိုးယာဉ်လိုင်းတွေကိုတော့ ဖေဖော်ဝါရီ (၁၂)ရက်၊ စိန်ရတု ပြည်ထောင်စုနေ့မှာ စပြေးဆွဲမှာပါ။

တဖက်မှာလည်း အရင် မထသယာဉ်လိုင်းတွေတုန်းကလို ယာဉ်လိုင်းနံပါတ်တွေဖောင်းပွနေပြီး ခရီးသည်တွေအဆင်မပြေတဲ့အနေအထားတခုပြန်ဖြစ်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

“ဒီလိုတော့မဖြစ်ပါဘူး။ ယာဉ်လိုင်းတွေဖောင်းပွအောင်လုပ်တာမဟုတ်ပါဘူး၊ နောက်ဒီလိုမျိုး နံပါတ်တွေမသွားဘူး၊ ယာဉ်အစီးရေမရှိဘူးဆိုရင် ဒီနံပါတ်တွေကိုဖျက်သိမ်းပြီးတော့ အစားထိုးပေးသွားမှာပါ။”လို့ ဦးလျန့်ကျန့်မန်က ဆက်ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ မထသစနစ်ကိုဖြတ်သိမ်းခဲ့ပြီး ယာဉ်လိုင်းနံပါတ်တွေနည်းအောင် လုပ်ခဲ့သလို ကတ်စနစ်ပြောင်းလဲဖို့လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းစုစည်းချက်
https://www.bbc.com/burmese/live/burma-59951679

08/02/2022
08/02/2022

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အမှတ် ၅ ရပ်ကွက် ကောင်းနောင် မွန်ရပ် နမ့်ခမ်းမူဆယ် ပြည်ထ...

08/02/2022

[𝐙𝐚𝐰𝐠𝐲𝐢]
တန်ဆည်မှာ ကြံ့ခိုင်ရေးပါတီဝင်မိသားစု(၃)ဦးလုပ်ကြံသတ်ဖြတ်ခံရကာ နေအိမ်မီးရှို့ခံရ ၊ (၂)ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရရှိ
------------------------------------------------------------------------------------------
စစ်ကိုင်းတိုင်းတွင်ပြည်ခိုင်ဖြိုးပါတီဝင်အသတ်ခံရသူ
(၇၂၀)ဦးရှိပြီး ၊ ယင်းအနက် တန်ဆည်မြို့နယ်မှ ပါတီဝင်အသတ်ခံရသူ(၁၀၀)ဦးပါဝင်
------------------------------------------------------------------------------------------
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟓 , 𝟮𝟬𝟮𝟮 { ရန်ကုန်သတင်းပုံရိပ် }

စစ်ကိုင်းတိုင်းဒေသကြီး၊တန်ဆည်မြို့နယ် ဖလံချိုင်ရွာတွင် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံလို့ဟုဆိုကာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ညက သားမိ(၃)ယောက်ကို ဒေသခံအကြမ်းဖက်
PDF အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း
ယင်းမြို့နယ်ကြံ့ခိုင်ရေးပါတီရုံးမှသိရသည်။

တန်ဆည်မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးမှတာဝန်ရှိသူတစ်ဦးက

"" သားအမိ(၂)ယောက်ကသေသွားတယ်၊ သမီးဖြစ်သူတစ်ယောက်က ဒဏ်ရာရပြီး အခုတပ်မတော်ဆေးရုံမှာ ၊ သူတို့ကအမြင်မတူတာတွေဘဲအဓိကထားနေသလိုဖြစ်နေတယ် ၊ တန်ဆည်မှာတော့ပါတီဝင် (၁၀၀)နီးပါးလောက်ရှိပြီ ၊ အသတ်ခံရတာ"" ဟု ရန်ကုန်သတင်းပုံရိပ်မီဒီယာကို အ
တည်ပြုပြောသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၃ ရက်နေ့ည ၁၀ နာရီကျော်အချိန်ခန့်က ၊ တန်ဆည်မြို့နယ် ၊ဖလံချိုင်ရွာသို့ ဒေ
သခံအကြမ်းဖက်PDF များဝင်ရောက်ကာ ၊ ပြည်ခိုင်ဖြိုးပါ
တီလူငယ်ရေးရာအဖွဲ့ဝင် မအေးချမ်းမြ တို့မိသားစုအားလုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အားမီးရှို့ဖျက်စီးခဲ့သည်။

ယင်းဖြစ်စဥ်ကြောင့် မအေးချမ်းမြ (၃၄)နှစ် နှင့်မိခင်ဖြစ်သူ
ဒေါ်ယဉ်ယဉ် (၅၇)နှစ်တို့ သေဆုံးခဲ့ပြီး၊ ညီမဖြစ်သူ မခင်စိုးပိုင်(၂၈)နှစ်မှာညာဘက်နားထင်တွင်ဒဏ်ရာရရှိခဲ့၍တပ်
မတော်ဆေးရုံတွင်ဆေးကုခံယူလျှက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တပ်မတော်မှအာဏာထိမ်းပြီး
တစ်နှစ်ကျော်အတွင်းကြံ့ခိုင်ရေးပါတီဝင်များအသတ်ခံရသူဦးရေမှာ (၇၂၀)ဦးရှိပြီဖြစ်ကြောင်း ယင်းတိုင်းကြံ့ခိုင်ရေးပါတီရုံးမှသိရသည်။

#𝐘𝐍𝐈 ရန်ကုန်သတင်းပုံရိပ် #စစ်ကိုင်း
#တန်ဆည် #ဖလံချိုင် # ကြံ့ခိုင်ရေးပါတီဝင်
#မိသားစုအသတ်ခံရ #နေအိမ်မီးရှို့ဖျက်စီးခံရ

[𝐔𝐧𝐢𝐜𝐨𝐝𝐞]
------------------------------------------------------------------------------------------
------------------------------------------------------------------------------------------
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }








08/02/2022

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Voice News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share