Myanmar New Channel

  • Home
  • Myanmar New Channel

Myanmar New Channel အရေးတော်ပုံအောင်ရမည်

 #ညဘက် ၁-၉ နာရီ အင်တာနက်ဖြတ်တောက်မူကို ဒီနေ့ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ မိုဘိုင်းအင်တာနက်တွေ၊ Broadband အင်တာနက်တွေကိုတော့...
27/04/2021

#ညဘက် ၁-၉ နာရီ အင်တာနက်ဖြတ်တောက်မူကို ဒီနေ့ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ မိုဘိုင်းအင်တာနက်တွေ၊ Broadband အင်တာနက်တွေကိုတော့ ဆက်လက်ပိတ်ထားအုံးမှာဘဲ ဖြစ်ပါတယ်။

(မိတ်ဆွေများနှင့်အတူ မျှဝေနိုင်ပါတယ်။)

27/04/2021

ဘယ်လောက်ထိ ရင့်နာဖိုးကောင်းလဲ ဒီထက်မိုက်ရိုင်းတာ မရှိတော့ဘူး လူမဆန်းတဲ့ လုဏ်ရပ်တွေ မင်းတိုလဲ တနေ့ကျရင့် ကိုအလဲ့ရောက်မာပါ မရှယ်ဘဲမနေကြနဲ့ ငါကြည်နေရင့် ငါဘဲမြင့်မာ လက်ကလေးတိုးလိုက်ရင့် တကမ္ဘာလုံး ကသိရဖိုးလိုတယ် နော် # # #

27/04/2021

27.4.2021/MDY မြို့တော်ဝန်
နေအိမ်ခြံဝန်းအပါအဝင် နေရာတစ်ချို့၌ ပေါက်ကွဲမှုဖြစ်ပွား

CDM ဆက်လုပ်မည်ဟု မော်လမြိုင်က ကျောင်းဆရာ/ဆရာမများ ဆန္ဒထုတ်ဖော်မော်လမြိုင်၊ ဧပြီ ၂၇ မော်လမြိုင်မြို့မှ CDM ပြုလုပ်ထားသော ...
27/04/2021

CDM ဆက်လုပ်မည်ဟု မော်လမြိုင်က ကျောင်းဆရာ/ဆရာမများ ဆန္ဒထုတ်ဖော်

မော်လမြိုင်၊ ဧပြီ ၂၇

မော်လမြိုင်မြို့မှ CDM ပြုလုပ်ထားသော ဆရာ/ဆရာမများက ဘယ်လိုပဲအခက်ခဲရှိနေပါစေ၊ ဘယ်လိုပဲ ဖိအားပေးပါစေ ဆက်လက်ပြီးCDM ပြုလုပ်သွားမည်ဟု ဒီမနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓါတ်ပုံ - CJ

 #ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသော KNU မှ ဗိုလ်လေး ၊ ဇနီးနှင့် ကလေးသုံးယောက်ကျန်ခဲ့ကြောင်းသိရ။
27/04/2021

#ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသော KNU မှ ဗိုလ်လေး ၊ ဇနီးနှင့် ကလေးသုံးယောက်ကျန်ခဲ့ကြောင်းသိရ။

 #သော်လဲထာအပါအဝင်သံလွင်မြစ်ကမ်းရှိ အကြမ်းဖက်စစ်အုပ်စုစခန်း ၃ခု KNU/KNLA တိုက်ခိုက်သိမ်းပိုက်****************************...
27/04/2021

#သော်လဲထာအပါအဝင်သံလွင်မြစ်ကမ်းရှိ အကြမ်းဖက်စစ်အုပ်စုစခန်း ၃ခု KNU/KNLA တိုက်ခိုက်သိမ်းပိုက်
***********************************************
ဧပြီ၊ ၂၇၊ ၂၀၂၁

ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ နံနက် ၄း၃၀ နာရီ ခန့်အချိန်တွင် ကရင်ပြည်နယ်၊ သော်လဲထာရရှိအကြမ်း ဖက် စစ်အုပ်စု၏ တပ်စခန်းအပါအဝင်၊ သံလွှင်မြစ်ကမ်းတစ်လျှောက်ရှိ အာဏာသိမ်းအကြမ်းဖက်တပ်စခန်း ၃ခုကို KNU/KNLA မှ ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း KNU/KNLA သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။

ထို့အတူ "မိဘပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေသော၊ မိဘပြည်သူများကိုခြောက်လှန့်ပစ်ခတ်နေသော တပ်စခန်းများကိုလည်း ထပ်မံတိုက်ခိုက်သိမ်းယူမည် ဖြစ်​ပါသည်" ဟု ရေးသားဖော်ပြထားသည်။

တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

Photo : ယနေ့မနက် KNU/KNLA မှသိမ်းပိုက်ရရှိထားသော အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ။




27/04/2021

ဒီနေ့ရန်ကုန်

 #မိုးကောင်းမှာစစ်ကောင်စီကား မိုင်းခွဲ ခံရ ပြီး ၃၀ ကျော်သေဆုံးကြောင်းသိရ၊မိုးကောင်း မြို့မှ နေ၍ ဖားကန့် မြို့ သို့ အင်အာ...
27/04/2021

#မိုးကောင်းမှာစစ်ကောင်စီကား မိုင်းခွဲ ခံရ ပြီး ၃၀ ကျော်သေဆုံးကြောင်းသိရ၊

မိုးကောင်း မြို့မှ နေ၍ ဖားကန့် မြို့ သို့ အင်အား ဖြည့်တင်းရန် သွားမည့် အာဏာသိမ်း စစ်ကောင်စီ ၏ ယာဉ်တန်း အား သုံးမိုင်ကွေ . ဟု ခေါ်သည့် ဖားကန့် အထွက် တွင် ယမန်နေ့ ညက မိုင်းဆွဲ တိုက်ခိုက် ခံရသည် ဟု မိုးကောင်း မြို့မှ ဒေသခံတစ် ဦးက အတည်ပြု သည်။

စစ်သား အပြည့် နှင့် စစ်ကား နှစ်စီး အပါအဝင် တင့်ကား သုံးစီး အား မိုင်းခွဲ တိုက်ခိုက် ခဲ့ရာ အားပြင်း လှသော ကြောင့် တင့်ကား ချိန်း များပင် ပြတ်တောက်သွား သည်ဟု သိရသည်။

ကားပေါ် တွင် စစ်သား ၆၀ ခန့် လိုက်ပါလာပြီး အနည်းဆုံး ၃၀ ခန့် သေဆုံး သည် ဟု မိုးကောင်း မြို့ခံ များက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ လက်လွှတ် ခဲ့ရသည့် တောမှော် လုံးခင် ရှိ စစ်စခန်း များကို ပြန်လည် သိမ်းပိုက် နိုင်ရန် အတွက် စနေ နေ့ မှ စတင်ကာ စစ်ကူ များပေး လွှတ် နေရာတွင် တင့်ကား နှင့် အမြှောက် လက်နက် ကြီးများပါ ပို့ဆောင် နေသည်။

မြန်မာ စစ်တပ် က ကျောက်စိမ်း ထွက်သည့် ဖားကန့် ကို ပြန်လည် သိမ်းပိုက် နိုင်ရန် အတွက် စစ်ကူ တစ်ချို့ကို မိုးကောင်း သို့ လေ ကြောင်း မှ ပို့ဆောင် လက်ရှိသည်။

ကချင် ပြည်နယ် တွင် မိုးမောက်၊ ဗန်းမော်၊ အာလောဘွမ်၊ မံစီ၊ ဖားကန့် နှင့် ကာမိုင်း တို့တွင် ကချင် လွတ် မြောကိရေး တပ်မတော် က မြန်မာ စစ်တပ် ၏ စခန်း များကို ရယူ သိမ်းပိုက် လက်ရှိသည်။

27/04/2021

Breaking News 🚨🚨
KIA က ဗန်းမော်တက္ကသိုလ်ကို
သိမ်းနိုင်ပီး တပ်စွဲ လိုက်ပါပြီ

 #ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှု စစ်ကောင်စီ တာဝန်ယူရမည်ဟု  PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် သတိပေးရန်ကုန်၊ ဧပြီ ၂၆ ...
27/04/2021

#ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှု စစ်ကောင်စီ တာဝန်ယူရမည်ဟု PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် သတိပေး

ရန်ကုန်၊ ဧပြီ ၂၆

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သော ပြည်သူ ၇၀၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ယူရမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၁၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် စတင်ကျင်းပစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အစည်းအဝေးကို ဧပြီလ (၂၇) ရက်နေ့အထိ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

" နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးသွားကြတဲ့ အပြစ်မဲ့ပြည်သူလူထု ၇၀၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာဝန်ယူတာဝန်ခံရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးသဘောတူညီချက်များဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်အတွင်းသို့ဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ရရေး တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ကြသည်။

Photo Credit-Reuters

27/04/2021

- မန္တလေး စိန်ပန်းရပ် ထမင်းကြော်ဆိုင်က အမျိုးသား စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် သေဆုံး
- ပြည်တွင်းတည်ငြိမ်မှုပေါ်မူတည်ပြီး အာစီယံခရီးစဉ်တွေလက်ခံမယ်လို့ စစ်ကောင်စီ ဥက္ကဌ လေသံပြောင်း
- ယူကေနဲ့ အိုင်ယာလန် ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ အစာငတ်ခံ ဆန္ဒပြမှု အချိန် တိုးမြှင့်
- ကတိဖျက်လို့ မင်းတပ်မှာ သေနတ်ဖောက်သံ ထွက်ပေါ်ခဲ့ရတဲ့ အတွက် သွေးကို သွေးနဲ့ ပြန်ဆေးမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြော

27/04/2021

၂၇-၄-၂၀၂၁

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ပညာရေးမှူးရုံး ဗုံး၃လုံးပေါက်
အနီးတဝိုက်လမ်းတွေပိတ်ထား

 #ကရင် ပြည်နယ်ထိုင်းနယ်ဆက် သောလေထာစခန်းအားမိမိတို့KNU KNLAဒီမနက်မအလတပ်စခန်းကို15မိနစ်နဲ့ဝင်ရောက်သိမ်းပိုက်နိူင်ခဲ့ပါတယ်2...
27/04/2021

#ကရင် ပြည်နယ်ထိုင်းနယ်ဆက် သောလေထာစခန်းအားမိမိတို့KNU KNLAဒီမနက်မအလတပ်စခန်းကို15မိနစ်နဲ့ဝင်ရောက်သိမ်းပိုက်နိူင်ခဲ့ပါတယ်
2021 4လပိုင်း 27ရက်

 #မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး~~~~~■ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် ဒီကနေ့...
27/04/2021

#မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
~~~~~
■ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် ဒီကနေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ‌‌‌ဒေသခံတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မင်းတပ်မြို့အရှေ့ဘက် ကျောက်ထုနဲ့၊ အနောက်ဘက် မတူပီမြို့ကို သွားရာလမ်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက… “လောလောဆယ် ကျနော်တို့ ပြည်သူ့လုံခြုံရေးဘက်ကတော့ အကျအဆုံး မရှိသေးဘူး။ သူတို့ဘက်ကပဲ သေတယ်၊ လက်ရှိအချိန်မှာတော့ ပစ်တာခတ်တာတွေ ရပ်သွားပြီ” လို့ RFA ကို ဒီနေ့ည ၇ နာရီကျော်က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကလည်း ဒီကနေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒီနေ့ပစ်ခတ်မှုအပြီးမှာ ပခုက္ကူဘက်ကနေ မင်းတပ်မြို့ကို စစ်ကောင်စီတပ်သားတွေ အင်အားဖြည့် စေလွှတ်နေတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့က ဆန္ဒပြလူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးနှိပ်စက်ပြီး ပခုက္ကူမြို့ကို ပို့ဆောင်ဖို့ ကြိုးစားတာကြောင့် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ မင်းတပ်မြို့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူကိုအကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ခုခံ တိုက်ခိုက်သွားမယ်လို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ (Chinland Defense Force) က မနေ့က ကြေညာထားပါတယ်။
-----

မင်းတပ်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
~~~~~
■ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၆ ရက် ဒီကနေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ‌‌‌ဒေသခံတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မင်းတပ်မြို့အရှေ့ဘက် ကျောက်ထုနဲ့၊ အနောက်ဘက် မတူပီမြို့ကို သွားရာလမ်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက… “လောလောဆယ် ကျနော်တို့ ပြည်သူ့လုံခြုံရေးဘက်ကတော့ အကျအဆုံး မရှိသေးဘူး။ သူတို့ဘက်ကပဲ သေတယ်၊ လက်ရှိအချိန်မှာတော့ ပစ်တာခတ်တာတွေ ရပ်သွားပြီ” လို့ RFA ကို ဒီနေ့ည ၇ နာရီကျော်က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကလည်း ဒီကနေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒီနေ့ပစ်ခတ်မှုအပြီးမှာ ပခုက္ကူဘက်ကနေ မင်းတပ်မြို့ကို စစ်ကောင်စီတပ်သားတွေ အင်အားဖြည့် စေလွှတ်နေတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့က ဆန္ဒပြလူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးနှိပ်စက်ပြီး ပခုက္ကူမြို့ကို ပို့ဆောင်ဖို့ ကြိုးစားတာကြောင့် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ မင်းတပ်မြို့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူကိုအကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ခုခံ တိုက်ခိုက်သွားမယ်လို့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ (Chinland Defense Force) က မနေ့က ကြေညာထားပါတယ်။

(Zawgyi/Unicode) #လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားက  ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကြေညာခ...
27/04/2021

(Zawgyi/Unicode)

#လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားက ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ဝမ်းနည်းဖွယ် ရက်စက်တဲ့အကြမ်းဖက်မှုတွေကြောင့် စိတ်မကောင်းဖြစ်နေရပြီး ပြည်သူ လူထုတွေရဲ့ အသံကိုထင်ဟပ်တဲ့ နိုင်ငံတဝှမ်း လှုပ်ရှားမှုတွေကြောင့် စိတ်အားတက်ကြွရပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပြီး အာရုံစူးစိုက်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ လွတ်လပ်မှုကြီးကြီးမားမား ရခဲ့ပြီးတဲ့နောက် စစ်တပ်က သူ့ဆန္ဒအတိုင်း လုပ်ကိုင်ဖို့ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် ပြုလုပ်လာတာကို လူထုက ဘယ်တော့မှာ လက်ခံမှာ မဟုတ်သလို ကမ္ဘာကြီးတခုလုံးကလည်း လက်မခံသင့်ပါဘူး။

သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရေး အားထုတ်တဲ့ လုပ်ရပ်တွေကို ကျနော့် အနေနဲ့ ထောက်ခံပါတယ်။

မြန်မာလူထု ပြည်သူလူထု လက်မခံတဲ့ လူသတ်သမားအုပ်ချုပ်ရေးဟာ ပိုမိုဆိုးဝါးတဲ့ မတည်ငြိမ်မှု၊ လူချင်းစာနာမှုပြဿနာတွေ အပြင် ကျရှုံး နိုင်ငံတခု ဖြစ်ဖို့ အန္တရာယ်ရှိနေတယ် ဆိုတာကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုသင့်ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ မူဝါဒကို မျှော်မှန်းတဲ့ သူတွေ အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးအဖွဲ့အစည်း အသီးသီး ကိုလွှမ်းခြုံတဲ့ သွေးစည်းညီညွတ်မှုကို ဆက်လက်တည်ဆောက်သင့်ပါတယ်။

အခုအချိန်ဟာ အမှောင်လွှမ်းတဲ့ အချိန်ဖြစ်နေပေမယ့် မြန်မာပြည်သူအများအပြားက ပြသနေကြတဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဖေါ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာတွေ့ရတဲ့အတွက် ကျနော် စိတ်အားတက်ကြွရပါတယ်။ ဒီလုပ်ရပ်ကနေပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ ခေါင်းဆောင်တွေကနေ ပေးနိုင်တဲ့ အနာဂတ်မျိုး ရနိုင်မှာ ဖြစ်ကြောငး သမ္မတဟောင်း အိုဘားမားရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

.S former President # Obama # Support # Sanction # Burma # Coup # မြန်မာစစ်အာဏာသိမ်းယူမူ # အိုဗားမား # .................................................................
မြန်မာစစ်အုပ်စု အပေါ် ဒဏ်ခတ်အရေးယူမှု သမ္မတဟောင်း အိုဘားမားထောက်ခံ

လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားက ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ဝမ်းနည်းဖွယ် ရက်စက်တဲ့အကြမ်းဖက်မှုတွေကြောင့် စိတ်မကောင်းဖြစ်နေရပြီး ပြည်သူ လူထုတွေရဲ့ အသံကိုထင်ဟပ်တဲ့ နိုင်ငံတဝှမ်း လှုပ်ရှားမှုတွေကြောင့် စိတ်အားတက်ကြွရပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပြီး အာရုံစူးစိုက်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ လွတ်လပ်မှုကြီးကြီးမားမား ရခဲ့ပြီးတဲ့နောက် စစ်တပ်က သူ့ဆန္ဒအတိုင်း လုပ်ကိုင်ဖို့ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် ပြုလုပ်လာတာကို လူထုက ဘယ်တော့မှာ လက်ခံမှာ မဟုတ်သလို ကမ္ဘာကြီးတခုလုံးကလည်း လက်မခံသင့်ပါဘူး။

သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရေး အားထုတ်တဲ့ လုပ်ရပ်တွေကို ကျနော့် အနေနဲ့ ထောက်ခံပါတယ်။

မြန်မာလူထု ပြည်သူလူထု လက်မခံတဲ့ လူသတ်သမားအုပ်ချုပ်ရေးဟာ ပိုမိုဆိုးဝါးတဲ့ မတည်ငြိမ်မှု၊ လူချင်းစာနာမှုပြဿနာတွေ အပြင် ကျရှုံး နိုင်ငံတခု ဖြစ်ဖို့ အန္တရာယ်ရှိနေတယ် ဆိုတာကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုသင့်ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ မူဝါဒကို မျှော်မှန်းတဲ့ သူတွေ အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးအဖွဲ့အစည်း အသီးသီး ကိုလွှမ်းခြုံတဲ့ သွေးစည်းညီညွတ်မှုကို ဆက်လက်တည်ဆောက်သင့်ပါတယ်။

အခုအချိန်ဟာ အမှောင်လွှမ်းတဲ့ အချိန်ဖြစ်နေပေမယ့် မြန်မာပြည်သူအများအပြားက ပြသနေကြတဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဖေါ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာတွေ့ရတဲ့အတွက် ကျနော် စိတ်အားတက်ကြွရပါတယ်။ ဒီလုပ်ရပ်ကနေပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ ခေါင်းဆောင်တွေကနေ ပေးနိုင်တဲ့ အနာဂတ်မျိုး ရနိုင်မှာ ဖြစ်ကြောငး သမ္မတဟောင်း အိုဘားမားရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

.S former President # Obama # Support # Sanction # Burma # Coup # မြန်မာစစ်အာဏာသိမ်းယူမူ # အိုဗားမား #

27/04/2021

အရေးတော်ပုံအောင်ကိုအောင်ရမည်...

 #မီတာမဆောင်ဘူးဧည့်စာရင်းမတိုင်ဘူးကျောင်းမတက်ဘူး...မပူးပေါင်းဘူးအခွန်မပေးဘူးမနာခံဘူး...အုပ်ချုပ်ခွင့် လုံးဝမပေးဘူး...   ...
26/04/2021

#မီတာမဆောင်ဘူး
ဧည့်စာရင်းမတိုင်ဘူး
ကျောင်းမတက်ဘူး...

မပူးပေါင်းဘူး
အခွန်မပေးဘူး
မနာခံဘူး...

အုပ်ချုပ်ခွင့်
လုံးဝမပေးဘူး...




#အရေးတော်ပုံအောင်ရမည်
#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်တော့မည်

26/04/2021

မိတ္ထီလာတွင်
ဗိုလ်မှူးနှင့်ဗိုလ်ကြီး
စကားများရာမှ
အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား.ဗိုလ်ကြီးနပတဆေးရုံတွင်သေဆုံး

26/04/2021

#ရန်ကုန်သပိတ်စစ်ကြောင်း လမ်း​ပေါ်ထွက် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်ပြည်သူများ၏ရန်ကုန်သပိတ်စစ်ကြောင်းသည် မင်္ဂလာစျေး၊ ယုဇနပလာဇာကြား၊ ဗညားဒလလမ်းပေါ်တွင် ဧပြီ ၂၆ရက် နေ့လယ် ၁၂နာရီခွဲက ချီတက် သပိတ်​မှောက်ကြသည်။

 #ရန်ကိုကုန်အောင်ရှင်းမယ့်ရန်ကုန်သပိတ်စစ်ကြောင်း အားကောင်းစွာ ရုန်းထလာ 26.4.2021Photo credit Khit Thit Media
26/04/2021

#ရန်ကိုကုန်အောင်ရှင်းမယ့်ရန်ကုန်သပိတ်စစ်ကြောင်း အားကောင်းစွာ ရုန်းထလာ
26.4.2021
Photo credit Khit Thit Media

 #မော်လမြိုင်မြို့ဗဟိုလမ်းဆုံထိပ်နား ထူးမွန်ဓါတ်မှန်ဘေးနေအိမ် (၁)လုံးတွင်မီးလောင်းကျွမ်းမှုဖြစ်ပွားတဲ့အရှိန်ကြောင့်ဘေးက ...
26/04/2021

#မော်လမြိုင်မြို့ဗဟိုလမ်းဆုံထိပ်နား ထူးမွန်ဓါတ်မှန်ဘေး
နေအိမ် (၁)လုံးတွင်မီးလောင်းကျွမ်းမှုဖြစ်ပွားတဲ့အရှိန်ကြောင့်
ဘေးက နေအိမ်(၂)လုံး ပုံပါအတိုင်း ယနေ့မနက်ပိုင်းတွင်
မီးကူးစက်မှုဒဏ်ခံခဲ့ရသည်‌ကို တွေ့မြင်ရပါတယ်

မီးဘာကြောင့်လောင်ရလဲဆိုတာကိုတော့
သက်ဆိုင်ရာ မီးသတ်ဌာနက
သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း။

Myint Soe (26.4.2021)

 #မော်လမြိုင်ကကျောင်းသားတဦးအကြောင်းမပြပဲ နေအိမ်တွင် ဖမ်းဆီးခံရဧရာဝတီတိုင်းမ်ယနေ့ညတွင် မော်မြိုင်မြို့ပေါ်နေထိုင်သူ မော်...
26/04/2021

#မော်လမြိုင်ကကျောင်းသားတဦးအကြောင်းမပြပဲ နေအိမ်တွင် ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်

ယနေ့ညတွင် မော်မြိုင်မြို့ပေါ်နေထိုင်သူ မော်လမြိုင်တကသိုလ်မှ အရှေ့တိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသား ကိုသီဟကို နေအိမ်ထဲမှ စစ်တပ်အကြမ်းဖက်များ လာရောက်ဖမ်းဆီးသွားသည်။

အဖမ်းခံရသူ ကျောင်းသားနှင့် နီးစပ်သူတဦးက "အိမ်မှာ လာဖမ်းတာပါ။ အခုည ဇေယျာသီရိ အမှတ် ၁ မှာ ည ၉ နာရီ ခွဲလောက်က လာဖမ်းသွားတာ။ ရဲရော စစ်တပ်ရော ပါတယ်။ ဘာအကြောင်းကြောင့်ဖမ်းတာ အိမ်ကလူတွေတောင်မသိဘူး။ ဘယ်ခေါ်သွားမှန်းလဲ မသိသေးဘူး" ဟု ဆိုသည်။

ထို့နည်းအတူ ပေါင်မြို့နယ်မှ လူငယ် ၂ ဦး ပြီးခဲ့သည့် အပတ်တွင်းက သထုံမြို့တွင် ဆနပြမှု ပူးပေါင်းခဲ့သူ လူငယ် ၂ ဦးကိုလည်း ပြန်လာစဥ် ပေါင်မြို့နယ်ရှိ လမ်းတွင် ဖမ်းဆီးကား ၅၀၅ က ဖြင့် အမှု့ဖွင့်ခဲ့သည်။

အာဏာရှင်အလိုမရှိကြောင်း ပြသနေလျက်ရှိသည်။

အဖမ်းခံရမှုနှင့် စစ်တပ်မှ ပစ်ခတ်မှုကြောင့် မွန်ပြည်နယ်အတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိနေကြောင်း အများစုက လူငယ်များပင်ဖြစ်သည်ဟု သိရသည်။

 #ကံပေါက်လူထုရဲ့၇၈ ရက်မြောက် ဆန္ဒဖော်ထုတ်ပွဲရေဖြူ၊ ဧပြီ ၂၆ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ပြည်သူလူထုများက(၇၈)ရက်မြောက်နေ့အဖ...
26/04/2021

#ကံပေါက်လူထုရဲ့၇၈ ရက်မြောက် ဆန္ဒဖော်ထုတ်ပွဲ

ရေဖြူ၊ ဧပြီ ၂၆

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ပြည်သူလူထုများက(၇၈)ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖြစ် ဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနှင့် ဖမ်းဆီးခံထားရသူများ အမြန်ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဓါတ်ပုံ - CJ

4 KAMERAD KAMI YANG DITANGKAP KEMARIN DI AKSI PENOLAKAN JUNTA MILITER MYANMAR SUDAH DIBEBASKAN.Terimakasih kawan-kawan L...
25/04/2021

4 KAMERAD KAMI YANG DITANGKAP KEMARIN DI AKSI PENOLAKAN JUNTA MILITER MYANMAR SUDAH DIBEBASKAN.

Terimakasih kawan-kawan LBH yang telah mendampingi.
Terimakasih untuk semua kawan-kawan yang telah bersolidaritas.

Tidak ada tempat bagi junta di Indonesia.
Lawan Junta.
Tumbangkan Kapitalisme.
Wujudkan Sosialisme di Myanmar, Indonesia, Asia Tenggara, Asia dan Dunia.




25/04/2021

နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှားစစ်တပ်အကြီးအကဲထုတ်ပြန်
Ref : CNA

 #မော်လမြိုင်ဗဟိုလမ်းသိပ္ပံလမ်းထိပ်ထောင့် မီးလောင်နေ7:45 pmPhoto Credit
25/04/2021

#မော်လမြိုင်ဗဟိုလမ်းသိပ္ပံလမ်းထိပ်ထောင့် မီးလောင်နေ
7:45 pm
Photo Credit

25/04/2021

မော်လမြိုင် ဗဟိုလမ်း သိပ္ပံလမ်းထိပ်ထောင့် မီးလောင်နေ
7:45 pmအခုထိကနဦး

25.4.202111:20 AM -  #တောင်ဝိုင်းကုန်းထိပ်ကမြမန္တလာလက်ဖက်ရည်ဆိုင်ထဲဝင်ဖုန်းစစ်ပီး ပြည်သူ့ ဆိုင်ကယ် သိမ်းသွား , လူ 7 ယောက...
25/04/2021

25.4.2021

11:20 AM -
#တောင်ဝိုင်းကုန်းထိပ်ကမြမန္တလာလက်ဖက်ရည်ဆိုင်ထဲဝင်ဖုန်းစစ်ပီး ပြည်သူ့ ဆိုင်ကယ် သိမ်းသွား , လူ 7 ယောက်ဖမ်းခံထိ ( Htet Ko အပါအဝင် ) ရိုက်နှက်ပြီးခေါ်သွားတယ်ဟုသိရ

25/04/2021

Telenor sim internet ဖြင့် kpay. Wave. CB pay. KBZ AYA CB MAB Mobile banking အသုံးပြုလို့ရ
VPN ဖြုတ်သုံးကြပါ။

 #ပြင်ဦးလွင်မှာလူအင်အားသောင်းချီဆန္ဒပြဧပြီ ၂၅-၂၀၂၁Voice Of Myanmarဒီနေ့ ဧပြီ ၂၅ ရက် မနက် ၉နာရီက စတင်ပြီး ပြင်ဦးလွင်မြို့...
25/04/2021

#ပြင်ဦးလွင်မှာလူအင်အားသောင်းချီဆန္ဒပြ

ဧပြီ ၂၅-၂၀၂၁
Voice Of Myanmar

ဒီနေ့ ဧပြီ ၂၅ ရက် မနက် ၉နာရီက စတင်ပြီး ပြင်ဦးလွင်မြို့မှာ လူအင်အား သောင်းဂဏန်းနဲ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဆန္ဒပြရာမှာ ရဟန်းသံဃာတော်တွေ၊ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးဝါသုတေသန ဝန်ထမ်းတွေ၊ Epcဝန်ထမ်းတွေ၊ သစ်တောဦးစီးဌာန ဝန်ထမ်းတွေ၊ ဥပဒေပညာရှင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ မြန်မာ့မီးရထား ဝန်ထမ်းတွေ၊ လီဆူးတိုင်းရင်းသားတွေ၊ မြန်မာမွတ်ဆလင်အသင်းတွေ၊ ကျောင်းသားလူငယ်တွေ၊ စက်ဘီး၊ ဆိုင်ကယ်အဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေ CDM မှာ ပါဝင်ပေး၊ ရုံးမတက်နဲ့ရုံးထွက်၊ စစ်အာဏာရှင်အလိုမရှိ၊ အာဏာရှင်စနစ်ကျရှုံးပါစေ၊ အမေစုကိုအမြန်လွှတ်ပေး၊ သမ္မတကြီးကိုပြန်လွှတ်ပေး စတဲ့ ကြွေးကြော်သံလက်ကိုင်ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

#ပြင်ဦးလွင်

 #ပြည်သူ့လစာကိုယူကာမတရားအာဏာသိမ်းလူမျိုးတုန်းသတ်ဖြတ်နေသည့်စစ်ကောင်စီသစ္စာခံနေသောဘီးလင်းမြို့နယ်ရှိပညာရေးဝန်ထမ်းများသိရှိ...
25/04/2021

#ပြည်သူ့လစာကိုယူကာမတရားအာဏာသိမ်းလူမျိုး
တုန်းသတ်ဖြတ်နေသည့်စစ်ကောင်စီသစ္စာခံနေသောဘီးလင်းမြို့နယ်ရှိပညာရေးဝန်ထမ်းများသိရှိစေရန်

 #လူတယောက်သတ်ရင် ထောင်ကျတယ် #လူဆယ်‌ယောက်သတ်ရင် စိတ္တဇဆေးရုံပို့တယ် #လူရာချီသတ်တော့စာပွဲဝိုင်းမှာဆွေးနွေးကြတယ်။ #ဘယ်လောက်...
25/04/2021

#လူတယောက်သတ်ရင်
ထောင်ကျတယ်

#လူဆယ်‌ယောက်သတ်ရင်
စိတ္တဇဆေးရုံပို့တယ်

#လူရာချီသတ်တော့
စာပွဲဝိုင်းမှာဆွေးနွေးကြတယ်။

#ဘယ်လောက်သာယာအံ့ဩဖွယ်
ကောင်းတဲ့ ကမ္ဘာကြီးပါလိမ့်။

If you kill someone,
go to jail.

If you kill tens,
send to mental hospital.

If you kill hundreds,
invite you to discuss at the round-table.

what a wonderful world!

❗️(25.4.21) ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနောက်ဘက်တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွါး❗️(၁၀:၄၀)တွင် ထိခိုက်ဒဏ်ရာရသူမရှိပဲအချိန်မှ...
25/04/2021

❗️(25.4.21) ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနောက်ဘက်
တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွါး

❗️(၁၀:၄၀)တွင် ထိခိုက်ဒဏ်ရာရသူမရှိပဲ
အချိန်မှီ မီးငြိမ်းသတ်နိုင်

Bahan Information

24/04/2021

ဘုရားသုံးဆူ အလံနက်ပြ
တိုက်ပဲဲပြင်းထန်
လက်နက်ကြီးတွေပါ

 #သံပုံးတီးခိုင်းပြီးမိန်းခလေးတွေကို #ကခိုင်းနေပါတယ် #သမိုင်းမြို့သစ်၄လမ်း၁ရပ်ကွက် #မရမ်းကုန်းပါ၈ နာရီထဲက မွှေနေတာပါကားအ...
24/04/2021

#သံပုံးတီးခိုင်းပြီးမိန်းခလေးတွေကို
#ကခိုင်းနေပါတယ်

#သမိုင်းမြို့သစ်၄လမ်း၁ရပ်ကွက်
#မရမ်းကုန်းပါ

၈ နာရီထဲက မွှေနေတာပါ

ကားအပြည့် ဖမ်းထားပါတယ်










24.4.20218:25 PM -  #ဒိုက်ဝန်ကွင်း စျေးဘေးမှာ စစ်ကားများရှိ ဦးလှမြင့်စတိုး နားမှာ ဗုံးလို့ ယူဆရတဲ့အရာတွေ့လိုဟုသိရ ဘိန်း...
24/04/2021

24.4.2021

8:25 PM -
#ဒိုက်ဝန်ကွင်း စျေးဘေးမှာ စစ်ကားများရှိ ဦးလှမြင့်စတိုး နားမှာ ဗုံးလို့ ယူဆရတဲ့အရာတွေ့လိုဟုသိရ ဘိန်းမုန့်ဆိုင်နား

အင်အားအများကြီးဘဲ အိမ်တွေထဲဓါတ်မီးတွေထိုးသွားပြီးလိုက်ချောင်းနေပါတယ်

 #ဘုရားသုံးဆူမြို့ ဆိုင်ကယ်သပိတ် စစ်ကောင်စီတပ်မှ ကားဖြင့်လိုက်တိုက်၍ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိ ဧပြီ ၂၄ ရက်၊ ...
24/04/2021

#ဘုရားသုံးဆူမြို့ ဆိုင်ကယ်သပိတ် စစ်ကောင်စီတပ်မှ ကားဖြင့်လိုက်တိုက်၍ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိ

ဧပြီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် ယနေ့ (ဧပြီ ၂၄ ) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ကားဖြင့် လိုက်တိုက်ရာ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိပြီး လူငယ်အချို့ဖမ်းဆီးခံရသည်ဟု သိရသည်။

ယနေ့ နေ့လည် ၁၀နာရီခွဲဝန်းကျင်တွင် ဘုရားသုံးဆူ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီမှ အရပ်သားစီးကားဖြင့် လိုက်တိုက်သည့်အတွက် အမျိုးသမီးတစ်ဦးမှာ ဆိုးရွားစွာထိခိုက်ဒဏ်ရာရရှိပြီး ကျန်အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြို့ခံ မျက်မြင်သက်သေတစ်ဦးက “သူတို့က ဆိုင်ကယ်ကို ကားနဲ့လိုက်တိုက်တယ်။ တစ်ယောက်က ကားအောက်ဝင်သွားတယ်။ မျက်နှာတွေစုတ်ပြတ်သွားတယ်။ ရစရာကိုမရှိတော့ဘူး။ သူတို့က ခေါင်းတွေဘာတွေလည်း ရိုက်ထားတယ်။ ဆေးရုံကိုခေါ်သွားလည်း ဆရာဝန်က မကုပေးဘူး။ လက်လွန်နေပြီးလို့ ပြောတယ်။ ကျန်တဲ့သူကို ရဲစခန်းကိုခေါ်သွားတယ်။ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးကို ဘုရားသုံးဆူ ဆေးရုံတွင် ဆေးကုသခွင့်ရယူသော်လည်းရရှိသည့်ဒဏ်ရာနှင့် ရိုက်နှက်ထားသည့် ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် ဆရာဝန်မှ ဆေးကုသပေးရန်ငြင်းဆန်ထားသည့်အတွက် လက်ရှိတွင် နေအိမ်သို့ပြန်လည် ခေါ်ဆောင်ထားသည်ဟု သိရသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ပိတ်ပင်တားဆီးမှု အမျိုးမျိုးကြားမှ စစ််အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပုံမှန်ချီတက်နေဆဲဖြစ်ပြီး လက်ရှိ ဘုရားသုံးဆူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိပြီဟု သိရသည်။

-----------------------------------------------------------------
ပုံစာ # ဆိုင်ကယ်သပိတ်ကို လိုက်တိုက်သည့် စစ်ကောင်စီတပ်ကားကို တွေ့မြင်ရစဉ်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar New Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share