Yuzana Revolution News

  • Home
  • Yuzana Revolution News

Yuzana Revolution News Page cb သို့ သတင်းများလုံခြုံစိတ်ချစွာ လ

ည ၇:၃၀ ၀န်းကျင် ဒဂုံဆိပ်ကမ်း၊ ယုဇနကွန်တင်နာကွင်း အနီး bm ဂိတ် ကျူးကျော်ဓာတ်ဆီ ရောင်တဲ့ဆိုင်မီးလောင်မှုဖြစ်ပွားတယ်လို့သိရ...
17/05/2024

ည ၇:၃၀ ၀န်းကျင် ဒဂုံဆိပ်ကမ်း၊ ယုဇန
ကွန်တင်နာကွင်း အနီး bm ဂိတ် ကျူးကျော်ဓာတ်ဆီ ရောင်တဲ့ဆိုင်မီးလောင်မှုဖြစ်ပွားတယ်လို့သိရပါတယ်။

17/5/24
Photo crd



#မီးလောင်ခြင်း

07/05/2024

နွေအပူရေချိုအေးလေး၊
ဒဂုံဆိပ်ကမ်း ရဲစခန်း‌အနား ဗုံးပေါက်...

7/5/24 11:00AM
ဒဂုံဆိပ်ကမ်း ရဲစခန်းအနီးနား တွင် ဗုံးပေါက်ကွဲ
မှုဖြစ်ပွားခဲ့ပြီး ၊ ခွေးတွေ အထိအခိုက်ရှိတယ်လို့
သိရပါတယ်ခင်ဗျာ။ အိုးအိမ်ကနေ မုဒ်ဦးအထိ လမ်းများ ပိတ်ထားကြောင်းလဲသိရပါတယ်။




#ဗုံးပေါက်

12/04/2024

သင်္ကြန်ပိတ်ရက်အတွင်း ယုဇနဥယျဉ်ရှိ
YBS ၁၃၃,၁၄၄ ယာဉ်လိုင်းများ ပြေးဆွဲမယ်လို့သိရပါတယ်။




12/04/2024

မီးအပျက်ဆုံး မြို့နယ် ဆု
ဒဂုံဆိပ်ကမ်းမှ ရရှိ...🤡


10/04/2024

ရန်ကုန် တစ်မြို့လုံးနီးပါ မိုးတွေ‌ရွာနေပါပြီ၊
ရေနွေးကြမ်းသောက်ရင်း ခံစားလိုက်ကြတာပေါ့။


#စိုး၀င်း_လက်ဖက်ခြောက်

05/04/2024

5/4/24
7:50 PM
တောင်ဒဂုံ ဆောက်လုပ်ရေးမှတ်တိုင်၊ ဧရာ၀ဏ်လမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းထောင့် မှာ စခ တွေ ကားအကုန်လုံးကို တားစစ်နေပါတယ်၊ လိုင်းကားတွေပါရပ်ခိုင်းပြီး လွယ်အိတ်တွေပါဖွင့်စစ်နေတယ်လို့သိရပါတယ်ခင်ဗျာ။


17/03/2024

Edit - ယောင်္ကျားလေး၊မိန်းကလေး ဦးရေး စစ်မေးတယ်လို့သိရပါတယ်။

10:20 pm
ဒဂုံဆိပ်ကိမ်း၊၉၄ရပ်ကွက်၊ ၂လမ်း B ထဲတွင် စခ များရောက်ရှိနေပြီး ဧည့်စာရင်းစစ်နေတယ်လို့သိရပါတယ်ခင်ဗျာ။



#ဧည့်စာရင်း
#ဒဂုံဆိပ်ကမ်း

09/03/2024

စခများ စစ်မှုထမ်းရန် နေအိမ်များမှ ယောင်္ကျားလေး စာရင်းများ ကောက် ၍ ခြိမ်းခြောက်ခြင်းများပြုလုပ်။

ယမန်နေ့ မတ်လ ၈ရက်နေ့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် အတွင်းရှိ တစ်လမ်း၀င် တစ်လမ်းထွက် နေအိမ် အများစုထံမှ ယောင်္ကျားလေး ဦးရေ စာရင်းကို ရာအိမ်မှူးများ လိုက်လံ ကောက်ခံကြောင်းသိရပါတယ်၊ ကောက်ခံတဲ့အချိန်မှာ သားသမီးများ ပြည်ပရောက်နေရင်ပြန်ခေါ်ထားဖို့၊ ဘယ်ကိုမှမလွှတ်ဖို့၊စာရင်းကောက်ခံတဲ့ရက်မှစ၍ ပြည်ပထွက်ခွင့်မရှိတော့ဘူးလို ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်သွားပါတယ်။

မအလ ကြေညာချက်တွေအတိုင်းလိုက်ယုံမနေပါနဲ့ လုပ်ချင်တာကို လုပ်ချင်တဲ့အချိန် လုပ်နေမှာပါပဲ။


#စစ်မှုထမ်း
#ဒဂုံဆိပ်ကမ်း

15/02/2024

ကိုယ့်ဘဝကိုယ် ပိုက်ဆံနဲ့ ဝယ်ခဲ့ရမယ်မှန်း သိခဲ့ရင် ပိုက်ဆံဆိုတာကို ‌ောက်အထင်မသေးခဲ့ပါဘူး။

အရင်တုန်းကတော့ ပိုက်ဆံရဲ့ အတိမ်အနက်ကို အများကြီး မ‌တွေးဖြစ်ခဲ့ဘူး၊ စိတ်ချမ်းသာစရာ‌လေးတွေ ရှိရင်ပဲ ကျေနပ်နေခဲ့တာ...

ခေတ်ပျက်တော့မှ စချစ်မိခဲ့ရတာနဲ့၊ အသိတရား၀င်ပြီး ကြိုးစားမိခဲ့ရတာနဲ့ က ဒီအချိန်မှာ အိတ်သွန်
ဖာမှောက်ပါပဲ ၊ ကျွန်တော် ဟာ မလိမ္မာခဲ့ပါဘူး...

သူများအတွက် ကြိုးစားနေရင်းနဲ့ ကိုယ့်အတွက်ကိုယ် တောင် ပြန်ပြီး မကြည့်နိုင်တော့တဲ့ အခြေခံလူတန်းစားတွေ ဟာလဲ ဘယ်တကွေ့မှာ သေနတ်ပြောင်း၀ ခေါင်းပေါ်ရောက်လာမလဲ တွေးပူနေကြ တာနားလည်ပေမဲ့၊ ကျွန်တော်တို့ဟာ တကယ်တော့ မလိမ္မာခဲ့ကြပါဘူး။

#အတွေးအပိုင်းအစများ

10/02/2024

စစ်မူမထမ်းရခင် မင်းနဲ့အတူ
နေချင်‌ သေးတယ်တို့ ဘာတို့

တက်လာရင် ျင်ယားပြီး share တာ react ပေးတာတွေ မလုပ်ကြပါနဲ့ဦး နော်၊ page ပြန်ရောင်းစားမဲ့ click bait ဟာတွေအများကြီးတက်လာမှာကို
ကြိုမြင်လို့ပြောနေတာပါ၊ ပြီးတော့ စစ်မှုထမ်းရရင် လက်နက်ရပြီတို့ အဆင်သင့်တော်လှန်ရုံပဲတွေ လျှောက်မတွေးနေပါနဲ့ မအလ က အဲ့လောက်ထိ မတုံးပါဘူး၊ မထင်လိုက်ပဲဖြစ်သွားမဲ့အရာတွေ အများကြီးပါ။ နောက်ဆုံး ကုန်ကုန် ပြောရရင် ဒီအ‌ခြေအနေကြီးမှာ စစ်မှုထမ်းဖို့ ခေါ်တယ်ဆိုတာ 6သ ဖို့ချည်းပါပဲ၊ နောက်ဆုံးတစ်ခုကတော့ တရား၀င်ပေါ်တာဆွဲမယ်ဆိုတာကို တဖက်လှည့်နဲ့ ကြေညာလိုက်တာဖြစ်လို့ အသွားအလာကို ပိုပြီးဂရုစိုက်ကြပါ၊ သန်ခေါင်စာရင်းတွေ အသစ်ပြန်ကောက်ထားတာ ‌ောက်ကြောင်းကိုရှိလို့ ပြန်ကောက်ထားတာပါ
ဒီလောက် တော့နည်းနည်း သဘောပေါက်စေချင်ပါတယ်။

အားလုံးပဲ ဂရုစိုက်ကြပါခင်ဗျာ။

04/02/2024

Meanwhile မြန်မာ အကယ်ဒမီပွဲ:

ခွေးပေးခွေးယူ 🗝️

ဘယ်လမ်းမှာလွဲပြီး ဘယ်လမ်းမှာ အဆုံးသတ်ကြမလဲ....တကယ်လို့သာ လွန်ခဲ့တဲ့ ၃နှစ်က အာဏာမရူးခဲ့ဘူးဆိုရင် အခု ကျွန်တော်တို့ တစ်ယော...
30/01/2024

ဘယ်လမ်းမှာလွဲပြီး ဘယ်လမ်းမှာ
အဆုံးသတ်ကြမလဲ....

တကယ်လို့သာ လွန်ခဲ့တဲ့ ၃နှစ်က အာဏာမရူးခဲ့ဘူး
ဆိုရင် အခု ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့
အခြေအနေတွေ ဘယ်လို ဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ဖူးလား?

၃ နှစ်ပြည့်တော့မယ်‌ ကျွန်တော်တို့ ကိုယ်တိုင်
မဖန်တီးပဲနဲ့ ဖြစ်နေတဲ့ ဆုတ်ယုတ်မူတွေတိုင်းက စစ်အာဏာရှင်ကြောင့်ချည်းပဲဆိုတာ သိထားစေချင်ပါတယ်။



Address


Website

Alerts

Be the first to know and let us send you an email when Yuzana Revolution News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share