𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲

  • Home
  • 𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲

𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲 စာပို့ရင်းလှူ🕊💕
(1)

10/08/2023

ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်ကလေးရယ်💌

မင်းရဲ့ပျော်ရွှင်ခြင်းတွေကို ဘယ်တွေမှာသွားရှာနေရတာလဲ‌ကလေးရယ်~~~

တစ်ခြားသူ‌တွေဆီမှာရှာတွေ့လာတဲ့ပျော်ရွှင်ခြင်းတွေက မင်းကို ကြာကြာပျော်အောင်ဖန်တီးပေးနိုင်ပါ့မလား~~~

ပျော်ရွှင်မှုအတုအယောင်တွေအတွက်နဲ့ သူတစ်ပါးကြိုက်တဲ့ပုံစံလိုက်ပြောင်းနေစရာမလိုပါဘူးကလေးရယ်~~~

တစ်ခါတစ်လေ မင်းရဲ့ပျော်ရွှင်ခြင်းကို မင်းအနားမှာရှိတဲ့ ပန်းကလေးတွေ မင်းရဲ့ဖုန်းထဲမှာရှိတဲ့ သီချင်းသံလေးတွေ ကောင်းကင်ပေါ်မှာရှိတဲ့ အဖြူရောင်တိမ်စိုင်လေးတွေကနေရှာဖွေကြည့်ပါကလေးရယ်~~~

သူတို့လေးတွေက မင်းရဲ့ပုံစံကိုသဘောမကျဘူးလို့ပြောမှာလည်းမဟုတ်သလို မင်းရဲ့စိတ်လေးကိုလည်း ကြည်လင်လာအောင် စွမ်းဆောင်ပေးလိမ့်မယ် ~~~

မင်းကိုယ်တိုင်က ပျော်ရွှင်ရဖို့ ထိုက်တန်တာမလို့ မင်းရဲ့ပျော်ရွှင်ခြင်းကိုတစ်ခြားသူတွေဆီမှာ သွားမရှာပါနဲ့တော့ကလေးရယ်~~~

နေ့ရက်တိုင်း ကြည့်လင်အေးမြပါစေ ကလေးငယ်✨💌

🕊️
#မိုခီ
#စာပို့ရင်းလှူ

ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ Tulipပန်းလေးတွေရဲ့အဓိပ္ပာယ်က ပြီးပြည့်စုံခြင်းနှင့် နက်ရှိုင်းသောခ...
09/08/2023

ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ Tulipပန်းလေးတွေရဲ့အဓိပ္ပာယ်က ပြီးပြည့်စုံခြင်းနှင့် နက်ရှိုင်းသောချစ်ခြင်းပါတဲ့ရှင့်💌

🕊️
#မိုခီ

Lilyပန်းလေးတွေက ဘာကိုကိုယ်စားပြုသလဲအရောင်ကွဲလေးတွေအများကြီးရှိတဲ့ Lilyပန်းလေးတွေထဲကမှ White Lilyလေးနဲ့ Yellow Lilyလေးကို...
08/08/2023

Lilyပန်းလေးတွေက ဘာကိုကိုယ်စားပြုသလဲ

အရောင်ကွဲလေးတွေအများကြီးရှိတဲ့ Lilyပန်းလေးတွေထဲကမှ White Lilyလေးနဲ့ Yellow Lilyလေးကို မျှဝေလိုက်ပါတယ်ရှင့်💓

🕊️
#မိုခီ

စာလာတယ်ဗျို့...💌'' Happy birthday ပါ ချစ်ဖို့ကောင်းတဲ့ ညီမလေးရေ🎂❤ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်နိ...
07/08/2023

စာလာတယ်ဗျို့...💌

'' Happy birthday ပါ ချစ်ဖို့ကောင်းတဲ့ ညီမလေးရေ🎂❤
ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော် ''
ဆိုပြီး စာလေးပို့သွားပါတယ်..

________________________♡

𝐻𝑎𝑝𝑝𝑦 𝐵𝑖𝑟𝑡ℎ𝑑𝑎𝑦 𝑇𝑜 𝑌𝑜𝑢
𝑊ℎ𝑖𝑠ℎ 𝑌𝑜𝑢 𝐴𝑙𝑙 𝑇ℎ𝑒 𝐵𝑒𝑠𝑡...🌹

#ဒိုင်း

ဒေစီပန်းလေးတွေက ပြောတယ်...'' သိပ်ချစ်ရင်တောင် ဖွင့်ပြောမှာ မဟုတ်ပါဘူး '' တဲ့ 🌼🤍.. #ဒိုင်း
07/08/2023

ဒေစီပန်းလေးတွေက ပြောတယ်...

'' သိပ်ချစ်ရင်တောင် ဖွင့်ပြောမှာ မဟုတ်ပါဘူး '' တဲ့ 🌼🤍..

#ဒိုင်း

နေကြာပန်းလေးတွေရဲ့ အဓိပ္ပါယ်က ခြွင်းချက်မရှိချစ်ခြင်း (uncondional love) တဲ့... 🌻< 3 #ဒိုင်း
07/08/2023

နေကြာပန်းလေးတွေရဲ့ အဓိပ္ပါယ်က ခြွင်းချက်မရှိချစ်ခြင်း (uncondional love) တဲ့... 🌻< 3

#ဒိုင်း

''တရားသောစစ် အမြန်ဆုံးအောင်နိုင်ပါစေနောက်နှစ် နောက်နှစ် သင်္ကြန်‌တွေမှာ ဒီမိုကရေစီနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစ...
18/04/2023

''တရားသောစစ် အမြန်ဆုံးအောင်နိုင်ပါစေ

နောက်နှစ် နောက်နှစ် သင်္ကြန်‌တွေမှာ ဒီမိုကရေစီနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ'' လို့ စာလွှာလေးပါးသွားပါတယ်ဗျ

11/04/2023

ဝမ်းနည်းနေတာက အဖြေမဟုတ်ဘူး
တတ်နိုင်တဲ့ဘက်က ကန့်ဘလူအတွက် ကူကြ လှူကြရအောင်
နည်းသည် များသည်ရယ်မဟုတ်ပါဘူး
ရေစက်လေးတွေ ပေါင်းရင် ပင်လယ်ကြီးဖြစ်နိုင်သေးတာပဲ
တစ်ယောက်တစ်လက်နဲ့ တတ်နိုင်သလောက် ကူကြ လှူကြရအောင်

*လှူချင်တဲ့သူများ page cb မှာ တတ်နိုင်သလောက် လာရောက် လှူဒါန်းနိုင်ပါတယ်*


#ကန့်ဘလူ

25/03/2023

တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းကြားကရပ်ဝန်းငယ်~~~💌

ကျနော်တို့သိပ်ချစ်ခဲ့ကြတယ်
ကျနော်တို့ချစ်နေစဉ်အတောတွင်းမှာ သူမစိတ်ကောက်တိုင်းကျနော်က ဂစ်တာတီးပြီးပြန်ချော့လေ့ရှိတယ် ~~~

သူမက ကျနော်ဂစ်တာတီးသီချင်းဆိုပြတဲ့အချိန်ဆို အပျော်ဆုံးပါပဲတဲ့ ~~~

သူမနဲ့ကျနော်ဟာ ကမ္ဘာကြီးမှာကျနော်တို့နှစ်ယောက်တည်းရှိတယ်လို့ ထင်ရလောက်အောင်ကို ချစ်ခဲ့ကြ ကြင်နာခဲ့ကြပါတယ် ~~~

တွေ့ဆုံခြင်းနဲ့ခွဲခွာခြင်းဆိုတဲ့ကြားကရပ်ဝန်းလေး‌တစ်ခုမှာပေါ့ ~~~

သူမအမြဲပြောတဲ့စကားလေးတစ်ခွန်းက "အရာအားလုံးက တွေ့ဆုံပြီးရင်ခွဲခွာရတယ်" တဲ့ ~~~

သူမပြောသလိုပဲ ကျနော်တို့နှစ်ယောက် ဝေးခဲ့ရတယ် ~~~

လိုက်ရှာရင်တောင် မတွေ့နိုင်တော့တဲ့နေရာတစ်ခုကိုသူမထွက်သွားတယ် ~~~

ဒါပေမယ့် ကျနော်သူမကို ညတိုင်းဂစ်တာတီးသီချင်းဆိုပြဆဲပါပဲ ~~~

သူမအိပ်စက်နေတဲ့ အုတ်ဂူလေးဘေးမှာပေါ့ ~~~

#မိုခီ
#စာပို့ရင်းလှူ

ဒီနေ့ဟာ ဆိုရင်တော့ Lovey Dovey ရဲ့ Admin တစ်ယောက်ဖစ်တဲ့ ဒိုင်းရဲ့ မွေးနေ့လေးပါနော်ဒါကြောင့်မို့ မင်တို့က ခုကစပီး ဒီနေ့ စ...
23/03/2023

ဒီနေ့ဟာ ဆိုရင်တော့ Lovey Dovey ရဲ့ Admin တစ်ယောက်ဖစ်တဲ့ ဒိုင်းရဲ့ မွေးနေ့လေးပါနော်

ဒါကြောင့်မို့ မင်တို့က ခုကစပီး ဒီနေ့ စာလာပို့တဲ့ 5ယောက်ကို free ပို့ခွင့်ပေးမှာ ဖြစ်ပါရှင့်💗

"မွေးနေ့မှာ ပျော်ရွှင်ပါစေဒိုင်း
ကျန်းမာရေးကောင်းမွန်ပီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ
တော်လှန်ရေးလဲ အောင်နေပီမို့ အားတင်းကြရအောင်"

ခက်ရယ် မိုခီရယ်က ဆုတောင်းလက်ဆောင်ပေးလိုက်ပါတယ်🥳

တခြား pgက တင်တာ စောင့်နေတာမို့ bd wish လေးနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်

#စာပို့ရင်းလှူ .
#ခက်
#မိုခီ
#ဒိုင်း

ဘာဆို ဘာမှ မသိတော့တဲ့နေ့တွေရှိတယ်ညရောက်လို့ ဒီနေ့ အဖြစ်အပျက်တေ‌ွ ပြန်တွေးမိတဲ့အခါ ငါဘာလို့ရယ်ခဲ့တာလဲ တကယ်ပျော်ခဲ့ရဲ့လားင...
22/03/2023

ဘာဆို ဘာမှ မသိတော့တဲ့နေ့တွေရှိတယ်
ညရောက်လို့ ဒီနေ့ အဖြစ်အပျက်တေ‌ွ ပြန်တွေးမိတဲ့အခါ
ငါဘာလို့ရယ်ခဲ့တာလဲ တကယ်ပျော်ခဲ့ရဲ့လား
ငါဘာလို့ ငိုမိတာလဲ ဝမ်းနည်းလို့လား
အဖြေမရှိခဲ့ဘူး အရာရာဟာ အကြောင်းပြချက်မဲ့ပဲ

တစ်ခါတလေမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် ဘာမှန်းမသိတော့တဲ့အထိ အရာရာဟာ ရှုပ်ထွေးနေခဲ့တယ်
အကြောင်းပြချက်မဲ့ပဲ

#ခက်
#စာပို့ရင်းလှူ

မဖြစ်မနေဆိုရင်တောင်ကိုယ့်လက်ကိုလွှတ်ချမသွားမယ့် လူမျိုးနဲ့ဆုံဖူးချင်တယ် ။တချို့လူတွေကအရမ်းချစ်တယ်ဆိုတဲ့ စကားကိုတဖွဖွပြော...
22/03/2023

မဖြစ်မနေဆိုရင်တောင်
ကိုယ့်လက်ကို
လွှတ်ချမသွားမယ့် လူမျိုးနဲ့
ဆုံဖူးချင်တယ် ။

တချို့လူတွေက
အရမ်းချစ်တယ်ဆိုတဲ့ စကားကို
တဖွဖွပြောတတ်ပေမယ့်
တကယ့် တကယ်တမ်း
ရွေးချယ်စရာတွေရှိလာပြီဆိုရင်
ကိုယ့်လက်ကို လွှတ်လိုက်ဖို့ကိုပဲ
ပထမဆုံးတွေးကြတာ ။

ချန်ထားလိုက်ဖို့
ပြီးတော့ ...
ပြန်လှည့်မကြည့်ကြဖို့ကိုပဲ
ရွေးကြတယ် ။

ကျန်မနေခဲ့ချင်တော့ဘူး
ပြီးတော့ ...
အချစ်ခံရဖို့ အများကြီး မကြိုးစားချင်တော့ဘူး
ကိုယ်ဖြစ်နေလို့ ချစ်တာပါဆိုတဲ့
ကြည်နူးမှုမျိုး

ကတိတွေ တောင်းစရာမလိုပဲ
သေချာပေါက်
ဒီလူက ခွဲမသွားဘူးဆိုပြီး
ယုံကြည်လို့ ရတာမျိုး

မဖြစ်မနေဆိုရင်တောင်
လွှတ်ချမသွားမယ့် လက်မျိုးပေါ့

ရေစက်သာ ရှိမယ်ဆိုရင်
ဆုံချင်တယ်
ပြီးတော့ ကံသာ ပါမယ်ဆိုရင်
ပိုင်ချင်တယ် ။

#ကျေးကို

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ် ၊အသိပေးချင်တယ် ။မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲမင်းရှိနေရင် ပင်ပန...
21/03/2023

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ် ၊
အသိပေးချင်တယ် ။
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ပစ်ထားလို့ရတယ်
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။
အဲ့ဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။

🌻🤍
#ခက်နှောင်

16/03/2023

ချစ်လားလို့မေးရင် ချစ်တယ်
ဒါပေမယ့်
ဖွင့်ပြောမှာလဲ မဟုတ်သလို
မင်းသိအောင်လဲ ကြိုးစားမှာမဟုတ်ဘူး
ဒီအတိုင်း.... ဒီအတိုင်းလေးပဲ
မင်းမသိနိုင်တဲ့ အဝေးတစ်နေရာကနေ ထာဝရချစ်သွားမယ်

နောင်ဘဝဆိုတာများရှိခဲ့ရင်
ကိုယ်ချစ်တဲ့မင်းနဲ့
အဆင့်အတန်းတူ
အသိုင်းဝိုင်းတူမှာမွေးဖွားခွင့်ရပြီး
ထာဝရလက်တွဲသွားရပါစေ....

#စာပို့ရင်းလှူ

မနက်ဖြန်ဆိုတာ မသေချာတာမို့အခုပဲ ချစ်ရတဲ့သူဆီ ဖွင့်ပြောလိုက်ကြရအောင်"ချစ်တယ်"💗 #စာပို့ရင်းလှူ
11/03/2023

မနက်ဖြန်ဆိုတာ မသေချာတာမို့

အခုပဲ ချစ်ရတဲ့သူဆီ

ဖွင့်ပြောလိုက်ကြရအောင်

"ချစ်တယ်"💗

#စာပို့ရင်းလှူ

စာလာတယ်‌ဗျို့📬"Happy Valentine's day ပါပျိုတို့ရေChocolate မစားရတဲ့ ပျို့တို့ မင်တို့ F For Fashion ကနေ ဒီည GA ပေးမှာမို...
14/02/2023

စာလာတယ်‌ဗျို့📬

"Happy Valentine's day ပါပျိုတို့ရေ

Chocolate မစားရတဲ့ ပျို့တို့ မင်တို့ F For Fashion ကနေ ဒီည GA ပေးမှာမို့ လာကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်နော်

ဒီ‌နှစ် Valentineမှာ မင်တို့ GAလေး‌ပေါက် ပီး နောက်နှစ် Chocolate စားရပါစေလို့ မင်တို့ F for fashion က ဆုတောင်းပေးလိုက်ပါတယ်🥰"

GA Link ပါရှင့်
⬇️⬇️⬇️⬇️⬇️⬇️
https://m.facebook.com/story.php?story_fbid=129045886743545&id=100089144025723&sfnsn=mo&mibextid=RUbZ1f


#စာပို့ရင်းလှူ

04/02/2023

သူမ မြတ်နိုးသော အဝါရောင်ပန်းလေး

-သူမဟာတောရိုင်းပန်းကလေးတွေကိုချစ်မြတ်နိုးပါသတဲ့~~~

-သူမဟာ မိန်းကလေးမဆန်ပေမယ့် ပန်းကလေးတွေကိုတော့အရမ်းချစ်တယ်တဲ့လေ~~~

-စာအုပ်ကလေးတွေ ပန်းကလေးတွေသာရှိရင် သူမဘဝဟာ အရာရာပြည့်စုံပါတယ်တဲ့~~~

-သူမဟာအဝါရောင်ပန်းလေးတွေကို အသက်တမျှမြတ်နိုးပါတယ်တဲ့~~~

-အဝါရောင်ပန်းလေးတွေဟာ သူမဘဝရဲ့ စိတ်ဖြေဖျောက်ရာ သူမဘဝရဲ့ ဒဏ်ရာတွေကိုအကုစားပေးနိုင်ဆုံးပါပဲတဲ့~~~

-ကျနော်သာ ဆုတောင်းလေးတစ်ခု တောင်းဆုခြွေခွင့်ရမယ်ဆိုရင် သူမမြတ်နိုးတဲ့ အဝါရောင်ပန်းကလေးတစ်ပွင့်ဖြစ်ချင်ပါရဲ့~~~

🕊️
#မိုခီ

04/02/2023

ချစ်ခြင်းတွေ လွှမ်းခြုံတဲ့ 𝐹𝑒𝑏𝑟𝑢𝑎𝑟𝑦♥ မှာ သံယောဇဥ်ထားရတဲ့သူတွေဆီ စာလေးတွေပို့ကြဖို့ 𝐿𝑜𝑣𝑒𝑦 𝐷𝑜𝑣𝑒𝑦 က ဖိတ်ခေါ်ပါတယ်နော်🌹

✨ အနေဝေးနေတဲ့ ချစ်ရတဲ့သူတွေဆီကို သတိတရ စာလွှာ​လေးတွေပို့ရင်းနဲ့ ဒီ 𝑃𝑎𝑔𝑒 လေးမှာ စာပို့ရင်းလှူကြမယ်လေ✨

နီးနီး ဝေးဝေးက ချစ်ရတဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ ၊ မိသားစုတွေနဲ့ ချစ်သူဆီကို စာလွှာလေးပါးဖို့အတွက်ဆိုရင် 𝐿𝑜𝑣𝑒𝑦 𝐷𝑜𝑣𝑒𝑦 က အမြဲရှိနေပါတယ်နော်💌💕

ဒါနဲ့ 14🍫 ရက်နေ့မှာ ချစ်ရတဲ့သူ (တိတ်ခိုးချစ်ရတဲ့သူ) ကို 𝑆𝑢𝑝𝑟𝑖𝑠𝑒 ဖြစ်အာင် စာလေးတစ်စောင်တောင် မပို့တော့ဘူးလား 🙈 ?

🕊💕
#စာပို့ရင်းလှူ📬

မနက်ဖြန် ဖေဖော်ဝါရီလ (၁)ရက်နေ့ဟာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံ အာဏာသိမ်းခံခဲ့ရတာ ၂ နှစ်ပြည့်သွားပါပြီ ကျနော်တို့အားလုံး...
31/01/2023

မနက်ဖြန် ဖေဖော်ဝါရီလ (၁)ရက်နေ့ဟာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံ အာဏာသိမ်းခံခဲ့ရတာ ၂ နှစ်ပြည့်သွားပါပြီ

ကျနော်တို့အားလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာကို လုံးဝမမေ့လိုက်ကြပါနဲ့
ကျနော်တို့တွေ တော်လှန်ရပါမယ်
ပုန်ကန်ရပါမယ်
မရရတဲ့နည်းနဲ့လုပ်ရပါမယ်
မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ကျနော်တို့ ပန်းတိုင်က နီးသထက်နီးလာပါပြီ
သွေးမအေးပါနဲ့ ရင်းခဲ့ရတာတွေ မမေ့ပါနဲ့
ကျနော်တို့ ခင်ဗျားတို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ဘယ်သူကမှ ယူလာပေးမှာ မဟုတ်ပါဘူး ကိုယ့်လက်နဲ့ ကိုယ်တိုင်ယူမှ ရမှာပါ အဲဒီလို ယူမယ့်လက်တွေထဲမှာ တစ်ပြည်လုံးရဲ့လက်တွေ ပါကြပါစေ...

#အရေးတော်ပုံအောင်ရမည် #စစ်ခွေးနိဂုံး23

💕 အခု 𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲  ဟာဆိုရင် ချစ်ရတဲ့သူတွေဆီ စာတွေပို့ရင်းနဲ့ တော်လှန်ရေးထဲက တစ်ထောင့်တစ်နေရာဆီကို လှူနိုင်ခဲ့ပါပြီ 💕တတိယ...
29/01/2023

💕 အခု 𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲 ဟာဆိုရင် ချစ်ရတဲ့သူတွေဆီ
စာတွေပို့ရင်းနဲ့ တော်လှန်ရေးထဲက တစ်ထောင့်တစ်နေရာဆီကို လှူနိုင်ခဲ့ပါပြီ 💕

တတိယအကြိမ်မြောက်ရှိခဲ့ပါပြီ ခင်ဗျာ🌹

ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင် တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ် 🤍

Page မှာ စာလေးတွေ ပို့ရင်း ဆက်လက် ကူညီသွားကြရအောင်လား ခင်ဗျာ >💌<

#အရေးတော်ပုံအောင်ရမည်
🕊💕
#စာပို့ရင်းလှူ📬

ချစ်သော တောင်သမန်💗
12/01/2023

ချစ်သော တောင်သမန်💗

စာလာတယ်ဗျို့......📬နှစ်သစ်ကနေစပြီး ပျော်ရွှင်ခြင်းတွေပဲ ပိုင်ဆိုင်နိုင်ပါစေ ညီမလေးရေ...🎀လိုချင်တာမှန်သမျှ အကုန်ရတဲ့ Luck...
30/12/2022

စာလာတယ်ဗျို့......📬

နှစ်သစ်ကနေစပြီး ပျော်ရွှင်ခြင်းတွေပဲ ပိုင်ဆိုင်နိုင်ပါစေ ညီမလေးရေ...🎀
လိုချင်တာမှန်သမျှ အကုန်ရတဲ့ Lucky girl လေးလည်းဖြစ်ပါစေနော် ✨
တောင့်တတိုင်းလည်းပြည့်ပါစေ ✨
မိဘကို လုပ်ကျွေးနိုင်တဲ့ သမီးလေးဖြစ်ပါစေ✨ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အမြဲပြုံးထားပါ အမွှေစိန်လေးရေ... 👑
Wish you all the best❤

----------------------------------------------------------

နှစ်သစ်အတွက်ဆုတောင်းစာလေးပို့သွားပါတယ်🥰

🕊️
#မိုခီ🕊️

စာလာတယ်ဗျို့...📬💌ညီမ​လေး​ရေ... ဘယ်သူ့အတွက် ဘာအတွက်မှ ဝမ်းမနည်းပါနဲ့....ကိုယ့်ကို ချစ်တဲ့သူ ခင်တဲ့သူ​တွေအများကြီးရှိပါတယ်...
29/12/2022

စာလာတယ်ဗျို့...📬💌

ညီမ​လေး​ရေ... ဘယ်သူ့အတွက် ဘာအတွက်မှ ဝမ်းမနည်းပါနဲ့....

ကိုယ့်ကို ချစ်တဲ့သူ ခင်တဲ့သူ​တွေအများကြီးရှိပါတယ်။

ညီမ​လေးရဲ့ ကိုရီး

__________________________
ဘာအတွက်မှ ဝမ်းမနည်းဖို့ မှာသွားပါတယ်✨

🕊💕
#ဒိုင်း

always watching you 👀
29/12/2022

always watching you 👀

တနေ့ကျရင် ကိုယ်နဲ့ ထိုက်တန်သူဆိုတာ ရောက်လာမှာပါ . . .။
24/12/2022

တနေ့ကျရင် ကိုယ်နဲ့ ထိုက်တန်သူဆိုတာ ရောက်လာမှာပါ . . .။

24/12/2022

မနက်ဖြန် ❄Christmas နေ့လေးမှာ

တစ်ယောက်ယောက်ဆီကို✏💌

စာလေးတစ်စောင်တောင် မရေးတော့ဘူးလား 📬

📬 အနေဝေးနေတဲ့သူတွေဆီကို စာလေးတွေ ပို့ရအောင်📬📬 စာပို့တာ အပိုတွေပါလို့ ပြောပေမယ့် တန်ဖိုးထားတဲ့အကြောင်းလေးတွေရေးတာ တန်ဖိုး...
22/12/2022

📬 အနေဝေးနေတဲ့သူတွေဆီကို စာလေးတွေ ပို့ရအောင်📬

📬 စာပို့တာ အပိုတွေပါလို့ ပြောပေမယ့် တန်ဖိုးထားတဲ့အကြောင်းလေးတွေရေးတာ တန်ဖိုးထားရတဲ့ကြောင်းပြတာက အပိုတွေမဟုတ်ပါဘူးနော် လိုတောင်လိုနေပါသေးတယ်...📬

📬 အခုပဲ ချစ်ရတဲ့ မိသားစုတွေ... သူငယ်ချင်းတွေ... နဲ့ ချစ်သူဆီ သဝဏ်လွှာလေးတွေ ပါးလိုက်တော့နော် 📬

📬 ဘယ်လောက်တောင် တန်ဖိုးထားရပါသည်ပေါ့...📬

📬အရင်ဆုံးအနေနဲ့ ဒီ page လေးကို Like & Follow လုပ်ဖို့အတွက် ကိုယ့်တန်ဖိုးထားရသူလေးတွေကို invite ထားဖို့တော့ မမေ့နဲ့နော် 📬


#စာပို့ရင်းလှူ

မေးခွန်းကလဲနော်...
19/12/2022

မေးခွန်းကလဲနော်...

Address


Website

Alerts

Be the first to know and let us send you an email when 𝐋𝐨𝐯𝐞𝐲 𝐃𝐨𝐯𝐞𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share