Myanmar News Page

  • Home
  • Myanmar News Page

Myanmar News Page ALL NEW YOU SEE

လက်ယက်ကုန်းရွာဖြစ်စဥ်က ဒဏ်ရာရထိန်းသိမ်းခံကလေးအချို့ပြန်လည်လွတ်မြောက်လာစစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ ...
23/10/2022

လက်ယက်ကုန်းရွာဖြစ်စဥ်က ဒဏ်ရာရထိန်းသိမ်းခံကလေးအချို့ပြန်လည်လွတ်မြောက်လာ
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာဖြစ်စဥ်က ဒဏ်ရာရကလေးငယ်အချို့ နဲ့ ဆရာ၊ဆရာမအချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံတွေကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ကလေးငယ် ၄ဦး ရှိပြီး ကျန်တဲ့ ကလေးငယ် ၂ယောက်ကတေ့ဆေးကုသမှုခံယူနေရတုန်းလို့ လက်ယက်ကုန်းဒေသခံတွေကပြောပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ကလေးငယ်တွေဟာ ဒဏ်ရာတွေအရှင်းမ‌ပျောက်သေးလို့ ဆေးကုသမှုတွေကို ဆက်လက်ခံယူနေရ သလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိနေတယ်လို့ ‌အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
''ကလေးတွေက လက်နက်ကြီးစမှန်တယ်ပြောရမယ်။ပေါင်တွေ ကျောကုန်းတွေ မှာဒဏ်ရာတွေရတယ်။ အခု‌ရွာကိုပြန်ရောက်ပေမဲ့ ဓါတ်မှန်ရိုက်တာတွေဘာတွေဆက်လုပ်နေကြတယ်။ အသံကျယ်ကျယ်ကြားရင် လန့်နေကြတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီက လေယာဉ်နဲ့ လက်ယက်ကုန်းကျေးရွာကို တစ်နာရီနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှု ဖြစ်စဉ်မှာဒဏ်ရာရ ကလေးငယ်တွေ ၊ဆရာ၊ ဆရာမတွေနဲ့ဒေသခံ အပါအဝင် စုစုပေါင်း ၁၇ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
ယာဥ်မောင်းဖို့ခေါ်ဆောင်သွားခံရတဲ့ အမျိုးသား၂ဦးနဲ့ ကလေး ၁ဦး တို့အောက်တိုဘာပထပတ်ကပြန်လွတ်မြောက်ပြီးနောက် နောက်ထပ် ကလေး ၄ဦးနဲ့ဆရာ၊ဆရာမ ၃ဦး စုစုပေါင်း ၇ ဦးထပ်မံလွတ်မြောက်လာတာပါ။ လက်ရှိမှာတော့ ကျန်နေတဲ့ ကလေး ၂ဦးက မေမြို့ စစ်ဆေး‌ရုံနဲ့ ရန်ကုန်တို့မှာဆေးကုမှုခံယူနေရင်းထိန်းသိမ်းခံထားရတာပါ။
လက်ရှိမှာတော့ ဆရာတစ်ဦးကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ယူဆချက်နဲ့ဆက်လက်ဖမ်းဆီးထားသလိုနောက်ထပ်ပြည်သူတစ်ဦးလည်းမလွတ်သေးဘူးလို့ ဆိုပါတယ်။ဒေသခံတွေကတော့ ဆက်လက်ဖမ်းဆီးခံထားရသူတွေဟာ ကျောင်းဆရာနဲ့သာမန်ပြည်သူတွေသာဖြစ်ပြီးလက်ယက်ကုန်းမှာ ဒေသကာကွယ်ရေးတပ်တွေမရှိဘူးလို့ပြောကြပါတယ်။
စက်တင်ဘာ ၁၆ရက်မှာဖြစ်ခဲ့တဲ့ လက်ယက်ကုန်းရွာကိုလေကြောင်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာမြေပြင်မှာတင် ကလေးငယ် ၇ ဦးအထိ သေဆုံးခဲ့တယ်လို့ ကနဦးသိထားရသလို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာကပါ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒါဟာ ကာကွယ်ရေးအဖွဲ့တွေရှိတယ်လို့ သတင်းရတာကြောင့်တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ကာကွယ်ရေးအဖွဲ့တွေက ကလေးငယ်တွေကိုလူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာလို့ စွပ်စွဲထားတာပါ။
ပုံစာ - ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က လေယာဉ်နဲ့ ပစ်ခတ်ခံရပြီးနောက် လက်ယက်ကုန်းကျေးရွာဘုန်းကြီးကျောင်းတွင်း အခြေအနေ

ကလေးမြို့ပင်မသပိတ်အင်အားစုရဲ့ " ထကြွတော်လှန် ကျောင်းသားထု အားမာန် "ကလေးမြို့ပင်မသပိတ်အင်အားစုက ကလေးဒေသအတွင်းရှိ တော်လှန်...
23/10/2022

ကလေးမြို့ပင်မသပိတ်အင်အားစုရဲ့ " ထကြွတော်လှန် ကျောင်းသားထု အားမာန် "

ကလေးမြို့ပင်မသပိတ်အင်အားစုက ကလေးဒေသအတွင်းရှိ တော်လှန်သော ကျောင်းသားလူငယ်များနှင့်အတူ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ပညာရေးသပိတ်တိုက်ပွဲအား ဆက်လက်ကောင်းလာစေရန် တော်လှန်ရေးသပိတ်အဖြစ် ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့တွင် လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။
လှည့်လည်ဆန္ဒပြရာတွင် အာဏာသိမ်းစစ်တပ်၏ ရန်ကို ကာကွယ်ရန်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအဖြင့် လိုက်ပါဝန်းရံပေးခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ ​ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့ တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် ကလေးမြို့ပင်မသပိတ်အင်အားစုက အလေးအနက်တိုက်တွန်းထားသည်။
ကလေးမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိသည့် ဒေသခံပြည်သူများက အရရသည့်ကြားက နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း (၆၂၄)ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကံဆီးဒေသအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲနေကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကံ...
23/10/2022

ကချင်ပြည်နယ် ကံဆီးဒေသအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကံဆီးကျေးရွာအနီးကို အာဏာသိမ်း စစ်ကောင်စီတပ်၏ လေတပ်က ယနေ့ အောက်တိုဘာလ (၂၃)ရက်၊ ည (၈)နာရီခွဲကျော်တွင် ဗုံးကြဲနေကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၉)လက်အောက် အမှတ်(၆)တပ်ရင်းထိန်းချုပ်နယ်မြေဖြစ်သည့် ယင်းဒေသကို စစ်ကောင်စီတပ်၏ တံတားဦး လေတပ်စခန်းက တိုက်လေယာဥ် (၃)စီးဖြင့် လာရောက် ဗုံးကြဲသွားခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လာရောက်ဗုံးကြဲခြင်းဖြစ်ကာ ပြည်သူထိခိုက် သေဆုံးမှုကို မသိရသေးပေ။
ဒါ့အပြင် ယနေ့တွင်ပင် ချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၉)လက်အောက် အမှတ်(၆)တပ်ရင်းထံ စစ်ကောင်စီ လက်အောက်ခံ ရဲ၀န်ထမ်း(၂၀)ဦး လက်နက်ချ အဖမ်းခံခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။

နယူးယောက်မြို့ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ပြပွဲ ဦးကျော်မိုးထွန်း တက်ရောက်ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၂အမေရိကန်နိုင်င...
23/10/2022

နယူးယောက်မြို့ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ပြပွဲ ဦးကျော်မိုးထွန်း တက်ရောက်
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၂
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ The Zukor Theatre ရှိ Kaufman Astoria Studios ၌ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် "မသောက်မိသော မိုးခါးရေ" ရုပ်ရှင် ဇာတ် လမ်းတိုအား အောက်တိုဘာ ၂၂ ရက် မနက်မှ ည ၉ နာရီအထိ ပွဲစဉ် ၆ ပွဲ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့သလို နယူးယောက်မြို့ရောက် မြန်မာနိုင်ငံသား ၅၀၀ ကျော် ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းပွဲ၌ ရန်ပုံငွေရှာဖွေရေးအတွက် ကိုပေါက်၏ ဒစ်ဂျစ်တယ် လက်ရေးပန်းချီများ လေလံတင် ရောင်းချပေးခြင်း၊ မိုးခါးရေ အမှတ်တရ တီရှပ်နှင့် ဆွယ်တာများကို ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့ကာ အမေရိကန်ဒေါ်လာ ၄ သောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တနေရာတွင် Iphone 11 ကင်မရာဖြင့် ရိုက် ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။
Helping Hands for Burma (H2B) နှင့် Spring Myanmar Society (SMS) ပူးပေါင်း စီစဉ်သည့် "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ဆွီဒင်နိုင်ငံတွင်လည်း ပြသခဲ့ပြီး ဆက်လက် ပြသသွားမည့် နိုင်ငံများလည်း ကျန်နေသေးကြောင်း သိရသည်။

အိုက်စ်စလန်တွင် ငလျင်လှုပ်ခတ်ပြီး‌နောက် မီးတောင် ပေါက်ကွဲDVBခရီးသွားတွေနဲ့ ဒေသခံတွေအနေနဲ့ မီးတောင်ပေါက်ကွဲပြီးနောက် ထွက်...
04/08/2022

အိုက်စ်စလန်တွင် ငလျင်လှုပ်ခတ်ပြီး‌နောက် မီးတောင် ပေါက်ကွဲ
DVB
ခရီးသွားတွေနဲ့ ဒေသခံတွေအနေနဲ့ မီးတောင်ပေါက်ကွဲပြီးနောက် ထွက်လာတဲ့ အဆိပ်ပြင်း ဓာတ်ငွေ့တွေကြောင့် အဲဒီဧရိယာကို ရှောင်ရှားသင့်ပေမဲ့လည်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ချက်ချင်းပျက်စီးနိုင်တဲ့အန္တရာယ် မရှိကြောင်း မြို့ပြကာကွယ်ရေးနဲ့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
http://burmese.dvb.no/archives/546953

သြစတြေးလျ၏ အင်အားကြီးပါတီတစ်ခုက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုhttps://t.me/TachileikNewsAgency/28139* * * * *အမျ...
04/08/2022

သြစတြေးလျ၏ အင်အားကြီးပါတီတစ်ခုက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု
https://t.me/TachileikNewsAgency/28139
* * * * *
အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး သြစတြေးလျ၏ အင်အားကြီးပါတီတစ်ခုက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါရုံးဖွင့်ပွဲကို တက်ရောက်လာသည့် သြစတြေးလျ၏ အင်အားကြီးပါတီတစ်ခုဖြစ်သော The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့‌သည်ဟု သိရသည်။
အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မုံရွာတွင် "လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ" ပြုလုပ်စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်ပိုင်းက "လူထ...
31/07/2022

မုံရွာတွင် "လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ" ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်ပိုင်းက "လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ" ပြုလုပ်ခဲ့ကြသည်။
"တရားတဲ့သူသာနိုင်ကြေးဟေ့" ဟူသော စာတန်းကိုကိုင်ဆောင်ကာ မုံရွာလူငယ်အစည်းအရုံး၊ မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂမှ တော်လှန်လူငယ်များဦးဆောင်ပြီး မုံရွာမြို့မှ ဆန္ဒပြပြည်သူများက အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာရှင်တစ်ရပ်လုံး အမြစ်ဖြတ်ဖြုတ်ချနိုင်သည်အထိ တော်လှန်ရေးကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မီးတုတ်များရှို့ကာ ယနေ့နံနံက်ပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

"ပြည်သူလူထု၏ ပြင်းပြသောသစ္စာအဓိဋ္ဌာန်” ပြုပွဲ တနင်္သာရီတွင် ကျင်းပတနင်္သာရီတွင် "ပြည်သူလူထု၏ ပြင်းပြသောသစ္စာအဓိဋ္ဌာန်” ပ...
31/07/2022

"ပြည်သူလူထု၏ ပြင်းပြသောသစ္စာအဓိဋ္ဌာန်” ပြုပွဲ တနင်္သာရီတွင် ကျင်းပ
တနင်္သာရီတွင် "ပြည်သူလူထု၏ ပြင်းပြသောသစ္စာအဓိဋ္ဌာန်” ပြုပွဲကို ပြည်သူ့ကာကွယ်ရေးတပ်များက ပြည်သူလူထုနှင့်အတူ ယနေ့ဇူလိုင်လ(၃၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ ဖမ်းထားသည့် ဂျပန်ဒါရိုက်တာကို အမြန်ဆုံး ပြန်လွှတ်ရန် တိုကျိုတွင် ဆန္ဒပြဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၂၂ရန်ကုန်မြို့တွ...
31/07/2022

စစ်ကောင်စီ ဖမ်းထားသည့် ဂျပန်ဒါရိုက်တာကို အမြန်ဆုံး ပြန်လွှတ်ရန် တိုကျိုတွင် ဆန္ဒပြ
ဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၂၂
ရန်ကုန်မြို့တွင် ယမန်နေ့ ဆန္ဒပြပွဲ၌ စစ်ကောင်စီက ဖမ်း ဆီးလိုက်သည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်ဒါ ရိုက်တာ တဦးဖြစ်သည့် မစ္စတာ တိုရု ကူဘိုတာ အပါအဝင် ဖမ်းဆီးခံ လူငယ် ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ယနေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့ တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြ တောင်းဆိုခြင်းကို ဂျပန်ရောက် မြန်မာများနှင့်ဒီမိုကရေစီအရေး လိုလားသူ ဂျပန်နိုင်ငံသားများက ပြု လုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်သည့် “အမှန်တရားကို အမှားတရာ ဖမ်းထားသည်” ဆန္ဒပြပွဲအပြီး လူစုခွဲပြီးနောက် အငှားကားပေါ်သို့တက်ရန် ပြင်နေစဉ်မှာပင် စစ်ကောင်စီတပ်သားများက Probox ကားနှင့် ရောက်ရှိလာပြီး လူငယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အတူ ဂျပန်နိုင်ငံသား မစ္စတာ တိုရု ကူဘိုတာ တို့အား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျပန်နိုင်ငံသားမှာToru Kubota ဆိုသူဖြစ်ပြီး ၎င်း၏ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူ (Documentary Flimmaker) တဦး ဖြစ်ကြောင်း ဂျပန်သတင်းဌာန TBS News က ဖော်ပြထားသည်။
လက်ရှိတွင် မစ္စတာ တိုရု ကူဘိုတာအား ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှအချက် အလက်များ စိစစ်ရန် အလျင်အမြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သတင်း ယူနေသည့် ဂျပန်လူမျိုး အလွတ်တန်း သတင်း ထောက် Yuki Kitazumi မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရပြီး တလခန့်အကြာ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ပုံစာ - ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် ဂျပန်လူငယ်ကို ပြန်လွှတ်ပေးရန် ဆန္ဒပြနေကြစဉ်

သေဒဏ်စီရင်ခဲ့မှု နောက်ဆက်တွဲမေးခွန်းများ - BBC News မြန်မာ ဒီတစ်ပတ်မှာတော့ ထိပ်တန်းရောက်သတင်းတွေထဲ မြန်မာနိုင်ငံက ဒီမိုက...
31/07/2022

သေဒဏ်စီရင်ခဲ့မှု နောက်ဆက်တွဲမေးခွန်းများ - BBC News မြန်မာ
ဒီတစ်ပတ်မှာတော့ ထိပ်တန်းရောက်သတင်းတွေထဲ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားနှစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၀င် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအ၀င် လေးဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့မှုသတင်းပါဝင်ပါတယ်။
အခုလို စစ်ကောင်စီလက်ထက် တစ်ကျော့ပြန် သေဒဏ်စီရင်မှုမှာ အယူခံအဆင့်နဲ့ စီရင်ခဲ့မှုအဆင့်တွေ၊​ နောက်ပြီး ရုပ်အလောင်း ထုတ်ပေးမပေး ဆုံးဖြတ်ခဲ့မှု၊ စတဲ့အဆင့်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲသက်ဆိုင်ရာဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်းပေါ်ပေါက်မှုရှိမရှိကို ဥပဒေ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်နဲ့ ဥပဒေရေးရာရှုထောင့်ကနေ ဆွေးနွေးသွားမှာဖြစ်ပြီး တစ်ဖက်မှာတော့ သေဒဏ်စီရင်မှုပြန်လည်ကျင့်သုံးလိုက်တာကြောင့် စစ်ကောင်စီမှာ နောက်ထပ်နိုင်ငံရေးအရ ဘယ်လို ဖိအားတွေ ဆက်ကြုံလာနိုင်ပါသလဲ။
တစ်ခါအာဆီယံကုလသမဂ္ဂနဲ့ ပြည်တွင်းအင်အားစုတချို့ကပါ ထောက်ခံတိုက်တွန်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ် ဘယ်အခြေဆိုက်သွားနိုင်ပါသလဲ စတာတွေကိုတော့ နိုင်ငံရေးလ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးကြည်စင်တို့နဲ့ ဆွေးနွေးသွားဖို့ရှိသလို စစ်ကောင်စီဘက်ကတုံ့ပြန်ချက်တွေကိုလည်း ကြားရဖို့ရှိပါတယ်။ တစ်ပတ်အတွင်းသတင်းမြင်ကွင်းအစီအစဥ်မှာ ကြည့်ရှုနိုင်ပါတယ်။

ရန်ကုန် မှာ စစ်ဆေးတင်းကျပ်မှုတွေကြားက  “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ခေါင်းစဉ်နဲ့  YBS ယာဉ်ပေါ်မှာပြုလုပ်ရန်ကုန်မြို့မှာ ဒီကန...
31/07/2022

ရန်ကုန် မှာ စစ်ဆေးတင်းကျပ်မှုတွေကြားက “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ခေါင်းစဉ်နဲ့ YBS ယာဉ်ပေါ်မှာပြုလုပ်
ရန်ကုန်မြို့မှာ ဒီကနေ့ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတင်းကျပ်မှုတွေကြားကနေ တကသကျောင်းသားဟောင်းများအင်အားစုက ကျောင်းသားလူငယ်တွေက အများပြည်သူလိုက်ပါစီးနင်းကြတဲ့ YBS ယာဥ်လိုင်းတွေမှာ “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ အတွက်နှိုးဆော်မှုတွေလုပ်ခဲ့ကြတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းတာကိုဆန့်ကျင်ရင်း ကျဆုံးသွားသူတွေကို ဦးညွတ်အလေးပြုကြောင်းနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးကို အောင်မြင်တဲ့အထိပါဝင်ကြဖို့ ကြွေးကြော်သံတွေကိုလည်း လူထုကြားမှာလုပ်ခဲ့တာပါ။
ဒီလှုပ်ရှားမှုတွေမလုပ်ခင် လူထုကို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင်းပန်တယ်ဆိုပြီး တောင်းပန်ဝန်ချတာကိုလည်း တော်လှန်‌ရေးအင်အားစုကလူငယ်တွေကလုပ်ခဲ့ကြတာတွေ့ရပါတယ်။

31/07/2022

မန္တလေးတိုင်း၊ ပြည်ဦးလွင်မြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ဇူလိုင် ၃၁ ရက် မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးရွာသွန်းမှုများတာကြောင့် မြို့အနီးက ချောင်းတွေမှာလည်း ရေကြီးရေလျှံမှုဖြစ်ပြီး မြို့တွင်းအနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ရေမြုပ်တဲ့အထိဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ဇူလိုင် ၃၁ ရက်မနက်ပိုင်းအထိမိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာလည်း နေအိမ်နဲ့ဆိုင်ခန်းတွေအားလုံးရေလျှံမှုကြောင့် ပိတ်ထားရတယ်လို့မြို့ခံတွေကပြောပါတယ်။
မြို့ပေါ်မှာတော့ အခုလိုရေကြီးရေလျှံမှုဖြစ်တာဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။

မြစ်ကြီးနားမှာ USDP ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း အပစ်ခံရ~~~~~~■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရ...
31/07/2022

မြစ်ကြီးနားမှာ USDP ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း အပစ်ခံရ
~~~~~~
■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးအားဆီ ဇူလိုင်လ ၃၀ ရက်မနေ့ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် ဦးအားဆီဟာ အပြင်ကပြန်လာစဉ် နေအိမ်တံခါးအနား အရောက်မှာပဲ ဆိုင်ကယ်နဲ့ လူနှစ်ဦးက သေနတ်နဲ့ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ငါးချက် ဆက်တိုက်ပစ်တာ တစ်ချက်ပဲထိတယ်။ ကျန်တာတွေက ကားနဲ့ ခြံစည်းရိုးကိုထိတာ။ အိမ်ရှေ့မှာပဲ ခြံတံခါးဖွင့်ပေးဖို့ စောင့်နေတုန်း ပစ်ခံရတာ။ USDP အဖွဲ့ဝင်လည်း ဟုတ်တယ်။ အခုလည်း စကစအဖွဲ့ ဝန်ကြီးတွေနဲ့ ခြေရှုပ်နေတာလို့ သတင်းကြားတယ်။ အဲဒါကြောင့် အပစ်ခံရတာလို့ ထင်ပါတယ်"
အခုလို အပစ်ခံရတာကြောင့် ဘယ်ဘက်ကျောကုန်း ကျည်ဆန်ထိမှန်ခဲ့ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဦးအားဆီကို ဘယ်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
သေနတ်နဲ့လာပစ်တာ လူငယ်နှစ်ဦးဖြစ်ပြီး မျက်နှာတွေကို နှာခေါင်းစည်း Mask တပ်ထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမမြင်လိုက်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဦးအားဆီဟာ ဦးသိန်းစိန်အစိုးရလက်ထက် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သလို လီဆူတိုင်းရင်းသား ယဉ်ကျေးမှုဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
- Unicode
---------------
~~~~~~
- Zawgyi
---------------

ကမာရွတ်မြို့နယ်က လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်သံပုံးတီးသူသုံးဦး အဖမ်းခံရ~~~~~■ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဇူလိုင်...
31/07/2022

ကမာရွတ်မြို့နယ်က လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်သံပုံးတီးသူသုံးဦး အဖမ်းခံရ
~~~~~
■ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြည်သူသုံးဦးကို သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ကမာရွတ်ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲမှာ ပါဝင်ပြီး သံပုံးတီးခဲ့တဲ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေ (၅၀) လမ်းက ပြည်သူ သုံးဦးကို မနက် ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖြစ်စဉ်က အမျိုးသားတစ်ယောက်က သံပုံးတီးတာမှာ မူးနေလို့ပါ။ သူ့ကိုတွေ့တော့ လက်ထိပ်ခတ်ပြီး ဖမ်းသွားတာပါ။ နောက်နှစ်ယောက်က ငါးရောင်းတဲ့ ဈေးသည်လင်မယားပါ ခင်ဗျ"
အဲဒီအထဲက အသက် ၄၀ အရွယ် အမျိုးသားကတော့ အိမ်ရှေ့ဝရန်တာမှာ သံပုံးတီးနေချိန် စစ်ကောင်စီ တပ်သားတွေနဲ့ တိုးပြီး အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
မနက်ပိုင်းက လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ လှုပ်ရှားမှုပြုလုပ်ကြချိန် စစ်ကောင်စီတပ်သားတွေဟာ စစ်ကားအကြီး တစ်စီး၊ Double Cab ကား တစ်စီး၊ ရဲကားတစ်စီးနဲ့ လမ်းထဲကိုဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာလည်း မနေ့ညနေကစပြီး လူထုသစ္စာအဓိဋ္ဌာန် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ စာတွေ ရေးသားဖြန့်ဝေသူတွေကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားထားကြပါတယ်။
- Unicode
---------------
~~~~~
- Zawgyi
---------------
Photo: Black Ko
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ပြုလုပ်သည့် လက်ပံတောင်းတောင်ဒေသပြည်သူများ၏ "လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ" စစ်အာဏာရှင်ဆန့်ကျင်‌ရေးသပိတ်စစ်ကြောင်းမှ ပြည်သူတစ်ဦး သံပုံးတီးနေစဉ်)

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share